Monday, June 20, 2011
ဆိုင်ဆိုင် မဆိုင်ဆိုင်
၁.။ ကင်မရွန်အိုင်လန်းကပြန်လာတယ် ကီးချိန်းယူမလားဆိုလို့တစ်ခုယူလိုက်တယ်။ မျှားထိုးထားတဲ့ဟာ . စလုံးကီးချိန်းပြန်ပေးမလယ်လို့ ဂတိခံလိုက်တယ်။ ဈေးကြီးတာတွေ မဟုတ်ပေမဲ့ အမှတ်တရတွေ ဟာ အမှတ်တရတွေဘဲ.
အမှန်တော့အမှတ်တရတွေ ကို သိမ်းထားဘို့မကောင်းဘူး လွတ်ပစ်လိုက်ဘို့ဘဲကောင်းတယ်။ သိမ်းထားလေ. ခံစားရလေဘဲ။ လှည့်မကြည့်စတန်း လွတ်ပစ်လိုက်ရင်အကောင်းဆုံးဘဲ။ ဒုံးဆိုပစ်ထည့်လိုက် အေးရော. အိမ်အောက်ထပ်ကို မပစ်ဘို့တော့လိုမယ်။ အမှိုက်ပုံထဲထည့်လိုက်တာ အကောင်းဆုံး အနွတ်ရယ်ကင်းဘေးရှင်း..
၂။ စားပါဦးဆိုတဲ့ တစ်ခု.
၃။
၎။ ချွာချူကန် မှာ ထိုင်စားတဲ့ KFC . မကုန်ဘူး တစ်ခုကျန်တယ်။
၅။ မသောက်တာကြာပြီဖြစ်တဲ့ blog. ချန်းဒေါ်မှာလိုက်တာ ခေါင်းတွေ မူးသွားတယ်။
၆။ အကျီတွေ ကတော့များကြီးဘဲဝယ်တာဘဲ ပြလို့တော့မဖြစ်ဘူး လက်တိြု့ပီး. ဒီကိုလာလား မေးရင် ဟုတ်ဘူး ဟိုဘက်ကိုလာတာ လို့ဖြေလိုက်ရဘို့ဘဲ.
ရ။ ဘောင်းဘီကတော့စွပ်လို့ရမယ်ထင်လို့ဝယ်လိုကတ်တာ အပေါ်ဆွဲတင်လို့မရတော့ဘူး. ဝမ်နးည်းစရာဘဲ။ ထင်တာပေါ့လေ. ကိုယ့်ကိုကိုယ်ထင်တာပေါ့။
မှတ်ချက်
ခြင်နားမခံဖြစ်နေသည်။
21 comments:
  1. ခြင်ယင် မနား ပူပူစား . . .
    ရောဂါ ကင်းဝေး ကျန်းမာရေး . . .
    ReplyDelete
  2. ပုံ ၁။ သိပ်နားမလည်ပါ။ "မျှားထိုးထားတဲ့ဟာ . စလုံးကီးချိန်းပြန်ပေးမလယ်လို့ ဂတိခံလိုက်တယ်။" ဘာကိုဆိုလိုတာလဲ မသိ။ အရင်ပို့စ်အဟောင်းတွေနဲ့ ဆက်စပ်သလား ဘာလား ညာလား ခေါင်းကုတ်ရင်း စဉ်းစားမိသည်။
    ပုံ ၂။ အသီးအိတ်ထဲ ဆပ်ပြာတတုံး ရောက်နေသလားလို့ သေချာ မျက်စိပွတ်ကြည့် သွား၏။ မျက်မှန်ပါဝါတိုးရန် လိုအပ်နေပြီလားမသိ။
    ပုံ ၃။ စာထိုးမထား၍ အထက်အောက် စုန်ဆန် လိုက်ရှာသည်။ မတွေ့။ မြေမှာပေါက်သော ပန်းတပွင့်ဟု မိမိဘာသာ အမည်ပေးလိုက်၏။
    ပုံ ၄။ ပုံ ၅။ ချွာချူကန် ... blog ချန်းဒေါ် ဘာတွေပါလိမ့် ... တခါမှ မကြားဖူး မသွားဖူး မစားဖူးသော အရာများပါတကားဟု ဗဟုဿုတ နည်းပါးလှသော မိမိကိုယ်ကိုယ် သနားမိ။
    ပုံ ၆။ ပုံ ၇။ ငယ်စဉ်က ကြည့်ခဲ့ဖူးသော ဖတ်စပ်ကလပ် ဆိုသည့် ရုပ်ရှင်ကို သတိရမိ။
    မှတ်ချက်။ ခြင်နားမခံဖြစ်နေသည် ဆိုသည်မှာ ...
    ခြင်က နားမခံနိုင်အောင် ဖြစ်နေတာလား ...
    ခြင်လာနားတာ မခံတာလား ...
    စဉ်းစားရင်း ခေါင်းရှုပ်ပြီ အိပ်တော့မည်။
    ReplyDelete
  3. Let me think ဆိုတဲ့
    ဒီပိုစ့်ကတော့ ၈၀% လောက် စဉ်းစားရတယ်။
    ဒါပေမယ့် ပျော်ရပါတယ်၊
    ပြုံးမိတယ်ပေါ့လေ။
    ReplyDelete
  4. သာမီး ဆလူးJune 20, 2011 at 7:56 AM
    မမေဓာဝီကွန်မန့်ဖတ်ပြီးသကာလ ပိုမူးသွားသည်။
    ဂနေ့ ရေချိန်ကိုက်ပါသည်.. မသောက်ဘဲ မူးသွားသည့်အတွက် ဟာားးဟားးးးးးးးးးး
    ReplyDelete
  5. ဒီ ပို့  နဲ နဲ မြင့် တယ် နားမလည် လိုက်လို့ မမှီဘူး
    ReplyDelete
  6. Readers should read the title first:)
    GD
    ReplyDelete
  7. မောင်ဝေးJune 20, 2011 at 9:56 AM
    ဝီ..ဝီ..ဝီ.. ဟင်! ဝါနင်ဆိုင်းဘုဒ်ကြီးထောင်ပြီး လက်ဖဝါးတရွယ်ရွယ် လက်စောင်းတပြင်ပြင်နဲ့ပါလား? အင်း.. (ဘာမှမပြောခင် နှစ်ခါပြန် Think hard. ) ဟဲဟဲဟီး.. ကီးချိန်းလေးတွေလှတယ်နော် အရောင်စိုနေလိုက်တာ Like. ပန်းပွင့်လေးက ပွင့်ချပ်နှစ်ထပ်နဲ့ထင်တယ် Like. ကြွပ်ကြွပ်ကလေးစားချင်စာလေးနော် Like. သောက်ချင်စာလေး Like. ဝတ်ပြီးဓာ့ပုံရိုက်ပြရင်ဂီတာရှိတ်လေးနဲ့ သိပ်လိုက်မှာ Like like. ဟဲဟဲဟီး..ရှိတ်မရှိုးပါနဲ့နော်.. ပျံလိုက်ပါအုံးမယ်နော်..ဝီး..ရွှစ်။
    ReplyDelete
  8. ဂျင်းဘောင်းဘီကြည့်လိုက်တာ မမရဲ့ ခါး size ၃၈လက်မကို သိသွားပြီ၊
    မမက ၀တုတ်ကြီးလား၊
    ReplyDelete
  9. တစ်နေ့ တာ ဈေးဝယ် မှတ်တမ်း၊ သဘောပေါက်တယ်
    ဈေးဝယ်ရင်း မနက်စာကို အပြင်မှာ စားလိုက်တာ။
    လက်ဆောင်ပေးတာတွေက ဈေးပေါလို့  လွှင်ပစ်ခြင်တာ။
    :D
    ReplyDelete
  10. ဘောင်းဘီကို ဇစ်မတပ်ဘဲ ၀တ်နေ သလားဟင်
    ReplyDelete
  11. မမကွန်
    ကန်မရွန်းဟိုင်းလင်း ကိုဘယ်သူလာတာလဲ
    ဖုန်းဆက်ဖေါ်တောင်မရဘူး
    သံယောဇဉ် ဆိုတာမထားတာကောင်းတယ်
    ဘယ်သူကိုမှသံယောဇဉ်မထားနဲ့ (ကိုမဆလာ နှင့် ကျနော်မပါ)
    အသီးဝယ်စားရင် နာနတ်သီးများများစား (ကျွေးတိုင်းမစားရ)
    ကေအက်ဖ်စီ ၂ ခုတောင်မကုန်ဘူးလား ကျနော်ဆို ၃ခုမှ ၀တာ(Dinner Plate)
    နံပါတ် ၅ ကသောက်ချင်လိုက်တာ(အခုတလော ဘာတွေ့တွေ့စားချင်နေတယ်)
    ဘောင်းဘီစွတ်လို့မရလို့ စိတ်မကောင်းမဖြစ်နဲ့ သိမ်းထားလိုက် တနေ့ဝတ်လို့ရမှာပါလို့ နှလုံးသွင်း (ပုံစံကြည့်ရတာ ခါး ၃၀ ကျော်လောက်ရှိမယ်ထင်တယ်)
    ဆိုင်ဆိုင်မဆိုင်ဆိုင် တို့လည်း ကြောင်သန်းကိုက်လို့ ၀ွဲစွဲနေပြီ
    ReplyDelete
  12. မခင်ဦးမေ.....
    ကိုယ်ေ၇ာစိတ်ပါ
    ကျန်းမာချမ်းသာပါစေ။
    ReplyDelete
  13. ကြမ်းမာ ခြန်းသာ ပါဆေ တော်...... :PPPPPPPPPP
    ReplyDelete
  14. Make me think
    လို့ လာပြင်ပါတယ်။
    ReplyDelete
  15. ၁.၁-ဘယ်သူကကင်မရွန်းဟိုင်းလန်းကိုသွာလို့ လက်ဆောင်ပေးတာတုန်းဗျ...။ဘာကြောင့် အစ်မကွန်က
    စလုံးကဟာ လက်ဆောင်ပြန်ပေးရမှာတုန်း...၊(ကြည့်ရတာ
    အဲ့သူက စလုံးကလဲမဟုတ်၊မလေးကလည်းမဟုတ်ဘူးနဲ့
    တူရဲ့...)
    ၁.၂ -ဘာကြောင့်များ အိမ်အောက်ထပ်ကို ပစ်လို့မရတာ
    လဲဟင်....။
    ၂- အဟုတ်ပဲ...မမေဓာဝီပြောတာ ဘာသီးလဲလို့စဉ်းစားနေ
    တာ...:)
    ၃-မြောက်ပေပန်းလေးကလှထှာ...:D
    ၄-ဟင်....တခုကျန်တယ်ဆို...၊ဒါ့ပုံထဲမှာတော့ ၃ခု
    တောင်...:)
    ၅-အဲ့ဟာကိုတိဝူး...နာမည်ကလည်းအဆန်း...blog.ချန်းဒေါ်....ဟုတ်လား
    ၆-အဲ့ဟာလည်း နားမလည်ဝူး.....:)
    ၇-ဝတ်မရရင် အမျိုးတွေကိုပေးပေါ့။
    မှတ်ချက်-အင်မတန်မြင့်သည် လိုက်မမှီ...၊ခေါင်းစား
    သွားသည်.....:D
    ReplyDelete
  16. ဖျား ဖျား ဓါတ်ပုံတွေကောင်းလှချေလား
    ReplyDelete
  17. ဖျားဖျား.. ရိုးရိုးအရီးမှသည် အဆင့်မြင့်အရီးဆီသို့ ချီတက်နေတာပါလား။ လိုက်လို့ကယ်တဲ့ လုံးဝမမှီပါပဲ။
    ReplyDelete
  18. ကွန်မမကို ဘောင်းဘီဝတ်တဲ့ပုံစံနဲ့ မြင်ယောင်သွားတယ်... ဘယ်လိုပုံပါလိမ့်... :P
    ReplyDelete
  19. မမကို ဘယ်လိုလူမျိုး ဆိုတာမှန်း လို့မရဘူး။ တို့တွေနိုင်ငံက လက်ရွေးစင်spy ကြီးလားမသိဘူး။
    ReplyDelete
  20. အလုပ်ပါးတုန်း မုန့်စားရင်း ဘလော့လည်ပါတယ်..
    နားလည်လည်မလည်လည် ဝင်မန့်သွားပါတယ်...
    ဆိုင်ဆိုင်မဆိုင်ဆိုင် ကို ကြိုက်ပါတယ်...
    ReplyDelete