Friday, July 15, 2011

လေ




ဒီနေ့သောကြာ . ………စနေတနင်္ဂနွေအားမယ်။. ခရီးသွားချင်လိုက်တာ ။. တစ်ခုခု ကို အရမ်းခရီးသွားချင်တယ် နေ့စဥင်္်ရက်ဆက် အလုပ်သွားအလုပ်ပြန်.....ကြာပြီ. အပြောင်းအလဲ မြင်ကွင်းတစ်ခုကိုတောင့်တတယ်။ အလုပ်ရှိတာဝမ်းသာစရာပေမဲ့ နေ့တိုင်းလုပ်ရတာတော့လဲ မကောင်းဘူး.။။။။။။


သွားချင်တယ် စိတ်ကူးနဲ့သွားမယ်။ မနက်ဖြန် ညနေ မိုးချုပ်ပိုင်းမှ အလုပ်ပြီးမယ်။ ပြီးရင် တက္ကစီနဲ့ Larkin သွားမယ်။ အဲသည်မှာ အဝေးပြေးကားဂိတ်တွေရှိတယ်။ ရထားနဲ့ကတော့ နေရာ နဲ့ အချိန်နဲ့ မရေရာဘူး. ရထားဘယ်အချိန်ထွက်မယ်ဆိုတာ မသိတာရယ် နေရာရမရ မသေချာတာရယ် အတွေါ့အကြဲုံမရှိတာရယ။် စီးတော့စီးဘူးကြည့်ချင်သာ..း

ညမိုးချုပ်မှ ကားစီးလေတော့ဘယ်နားထိုင်ရမလဲ တစ်ယောက်ထိုင်ခုံထိုင်ရမလား နစ်ယောက်ခုံထိုင်ရမလား.. နစ်ယောက်ခုံက ပိုကြိုက်တယ် ဒါပေမဲ ဘေးလူကို အားနာရမလား . ဉ္စစာကလေးခြောက်ပြီး ရှိတဲ့အိတ်ကလေးကြပ်ကြပ်ပိုက်ပြီးအိပ်ရမလား. နေ့လည်ဆိုရင်တော့ အိပ်ကလေးကို ပါ ကြမ်းပြင်ပေါ်ချထားလိုက်တော့တာဘဲ။ ကားပေါ်တက်ခါနီးရင် ရေဘူးကလေးနဲ့ မုန့်ကလေးနဲ့ ပြေးဝယ်ထားရဦးမယ် တစ်ခါတစ်လေ မမျှော်လင့်တဲ့ကားပျက်ရင် ဘိုက်မဆာရလေအောင်။ ကားပေါ်မတက်ခင် ပြားနစ်ဆယ်ပေးပြီး တော့လဲ tandas ဝင်ရဦးမယ် ဝင်ရင်းနဲ့ ခေါင်းဖြီး ရုံမက မြန်မာလုံချည်လေးကိုပါ လဲလိုက်ရဦးမယ် ခရီးသွားရင် မြန်မာလုံချည်နဲ့ဆိုရင် အန်မတန်မှ သက်တောင့်သက်သာ ရှိတယ်လို့ခံစားရတယ်. ကားက လေးနာရီနဲ့ငါးနာရီကြားစီးရမယ။် ကြားထဲမှာ တစ်နေရာ နစ်နေရာတော့ရပ်တာဘဲ စားစရာရှိတာလဲ မစားချင်ပေမဲ့လဲကြံဖန်စားရမယ။် ဒေသနရ ခရီးဆိုတော့မြင်တာတွေ လဲကြည့်ရမှာဘဲ ဝယ်လို့တော့မဖြစ်ဘူး မသယ်နိုင်ဘူး။

KL သွားရမလား Klung သွားရမလား Mua သွားရမလား. သယ်ချင်းတွေ ဆီသွားရမလား. ဟော်တယ်ဘဲသွားရမလား. ။ မလက်ကာ သွားရမလား သွာားစရာတွေ ရွေးချယ်နေတယ်။ သွားချငတာကတော့ Genting ကိုသွားချင်တာဘဲ အကြိုက်ဆုံးထဲမှာပါတယ် တောင်ပေါ်တက်တဲ့မြွေလိမ်မြွေကောက် လမ်းကလေးတွေ ကိုကြိုက်တယ် ခင်းထားတဲ့ လမ်းတွေ ကိုကြိုက်တယ် တောင်တွေ ကိုကြိုက်တယ။် ကေဘယ်ကားလဲ စီးချင်သေးတယ် နစ်ခေါက်စီးမယ် တစ်ခါထည်းလက်မှတ်ဝေယ်. တောင်ပေါ်တက် တစ်ခါစီး တစ်ခါ အောက်ပြန်ဆင်း. .. ကားထဲက မတဆင်းဘဲ နောက်တစ်ခေါက်ပြန်တက်သွား. အဲသလိုစီးမယ်။ ဒါမှ မဟုတ်လဲ တောင်ပေါ်ရောက်ခါမှ တောင်အောင်ကိုဆင်း တစ်ခါစီး တစ်ါပြန်တက် နောက်တစ်ခါစီး နဲသ့အဲသလိုမျိုး နစ်ကျော့စီးမယ်. တောင်တွေပေါ်ကနေပျံသန်းမယ်။

ညဘက်ကြီးရောက်သွားတော့ ကေအယ်သွားရမလား ၈ျန်တင်းသွားရမလား ညဘက်တော့၈ျင်တင်းကား ရှိမယ်မထင်ဘူး ကေအယ်ကားဘဲ စီးရမယ် ဒါဆို ညသန်းကောင်ရောက်သွားမှာပေါ့ ဘယ်သူလာကြိုနိင်ပါ့မလဲ သူငယ်ချင်းေ ရာက်ရင်ဖုံးဆက်လိုက်. လာကြိုမယ်ဆိုတဲ့သူတွေ ကို ဖုံ့းဆက်လို့ကတော့သတ်ကြမှဘဲ ဒီအချိန် ဆက်စရာလားဆိုပြီး. လိုတာပြောပါဆိုတဲ့သူကလဲ ဖုံးကိုင်မှာ မဟုတ်ဘူး။

ဟော်တယ်ဘဲသွားတာ ကောင်းပါတယ် ဒီကနေတော့ကြိုပြီး ဘွတ်လုပ်သွားမှ စိတ်ချရမှာပေါ့ မဟုတ်လို့ကတော့ညသန်းကောင်ဝင်လာပြီးအခန်းလိုချင်ပါတယ်ဆိုရငတော့ ဒီရု့ပ်ဒီရည်ကြည့်ပြီး အခန်းပေးပါ့မလား. Book လုပ်မယ်ဆိုောတ့ကော ဘယ်ဟော်တယ် ဘွတ် လုပ်ရမလဲ. ခါတိုင်း လုပ်နေကျ china town နားမှာ. အရင်က ဘတ်စကားဂိတ်ပူဒူး နားလေးတင်ဘဲ ညသန်းကောင်ရောက်သွားဘူးတယ် ခရီးသွားတွေ နဲ့ ဘဲ မယောင်မလည်လုပ် အဲသည်ဘက်သွားမဲ့သူကို မိတ်ဖွဲ့ ခဏအဲသည်ဘက် လိုက်ခဲ့မယ်နော်ဆိုပြီး သူနဲ့ လိုက်သွားအဲဒီနားရောက်မှ လမ်းခွဲ.

အခုက အဝေးပြေးကားဂိတ်က ပူဒူးနေရာ မဟုတ်တော့ဘူးဆိုတော့ဘယ်နားရောက်သွားပလဲ မမေးမိသေးဘူး . အခုမေးပြီးတော့သိသွားပြီး. မြို့ထဲနဲ့ နဲနဲလှမ်းသွားတာဘဲ ဘယ်မှာတည်းရမလဲ မြေပုံတောင်မကြည့်ရသေး. .။ အဲသည်နားမှာတည်း ခက်တာက အရင်လို နေရာမသိတော့ခက်တယ် နေရာသိတော့ငါဘယ်သွားလို့ ငါဘယ်သွားနေတယ်ဆိုတာ အသိတယ် အခုက အဲသည်နေရာကို ညဘက်ကြီးရောက်သွားရင် ဘယ်လိုဆက်သွားရမလဲ ကားစီးမယ်ဆိုရင်ကော သန်းကောင်သန်းလွဲညဘက် တစ်ခါမှ မရောက်ဘူးတဲကနေရာ စီးရဲပါ့မလား..

တစ်လမ်းလုံးကောငးပေါ်မှာတောိ့အိပ်လိုက်လာမှာဘဲ အဲကွန်းကလဲ စိမ့်နေအောင်အေးမှာ။ တစ်ခါက ကိုယ့်ဘေးက လူတစ်ယောက်က နောက်ဆုံးသူ့ပုဆိုးလိုမျိုးလေး ထုတ်ပြီးခြုံပြီးကွေးနေရတယ် စောင်ပါးလေးသယ်ရမယ် လေးနေဦးမလား လမ်းမှာချမ်မးယ် အနွေထးထည်ယူရမယ်။

သွားမယ်. သွားမယ် ကေအယ်သွားမယ်။

24 comments:

  1. မြန်မာပြည်က သူငယ်ချင်းမိသားစု အရင် အပတ်က ဟောင်ကောင်သွားလည်တယ် ကလေးတွေတော့ ပျော်တယ် ပြောတယ်

    ReplyDelete
  2. ha ha , Ma KOM You better buy GPS Navicator for your easy.

    ReplyDelete
  3. This comment has been removed by the author.

    ReplyDelete
  4. မမရေ သွားတာသွား
    ခရီးတခုသွားဖို့ ဆိုတာ ကျန်းမာရေး အချိန် ပိုက်ဆံ အဆင်ပြေမှလေ
    သွားနိုင်တုန်း သွားတာသွား
    စိတ်လဲအပြောင်းအလဲလေးဖြစ်တယ်
    ခရီးသွားရတာကို ကြိုက်တယ်
    အဖော်လိုရင်ခေါ်လိုက်နော် လိုက်ခဲ့ ပေးမယ်
    ကိုယ့်စရိတ်နဲ့ ကိုယ် ပါ ..:p

    qq

    ReplyDelete
  5. ဂျပန်ကိုလာခဲ့ပါ။
    ဆစ်အဲလ် ဒစ်စကောင့် တိကက်ဆို အရမ်းသက်သာပါတယ်။
    အိမ်မှာတည်းပါ။
    အစားအသောက်အတွက်လည်း မပူပါနဲ့။
    ဈေးဝယ်ဘို့နဲ့ ခရီးစရိတ်ပါရင်ရပါပြီ။

    အသေးစိတ်ကို မေးလ်ကနေ စာပြန်ပါ မကွန်။

    ဟိုဘက်ပို့စ်မှာ မှားမန့်မိတယ်။ ဖျက်ပေးပါဦးနော်။

    ReplyDelete
  6. ဟင်..
    သူကလည်း ထွက်တော့မယ်တဲ့..။
    လိုက်ချင်တယ်..။


    Xထုံ

    ReplyDelete
  7. KL မှာ ဆန္ဒပြနေတယ်မို့ လား
    သတင်းကြည့်ပါဦး
    အေးချမ်းမှသွား

    ReplyDelete
  8. ဖုန်းမဆက်လို့ကတော့ ဒီတသက်အပြတ်ဘဲ...
    ဖုန်းမကိုင်ဘူးလို့ မပြောနဲ့..အခုချိန်ကစပြီး ဖုန်းကိုဘဲကြည့်နေတယ် ...

    ReplyDelete
  9. ညအချိန်မတော်ဆို ၂၀ နဲ့ရမှာမဟုတ်ဘူးနော်... တက္ကစီ ကို တရုတ်မောင်းတာရှာပါ ... ကုလားမောင်းတာ မစီးရ အန္တာရယ်ရှိ...ဘယ်အချိန်လောက်ရောက်မလဲ ခန့်မှန်းပြီး ဖုန်းအရင်ဆက်ထားရန်

    ReplyDelete
  10. စင်ကာပူကနေ ဂျပန်ကို လေယာဉ်လက်မှတ်ခအသွားအပြန်၊ဟိုတယ်ခအပါအ၀င် ၅ရက်စာ ခရီးအတွက် SGD1087.10 ဘဲပေးရပါတယ်။
    အမ ဂျပန်ခရီးကိုစိတ်ဝင်စားမယ်ဆိုရင် customercare@zuji.com.sg မှာစုံစမ်းကြည်.ပါ။

    ReplyDelete
  11. ခရီးထွက်တာ စိတ်အပြောင်းလဲ ဖြစ်စေသလို ကျန်မာရေးအတွက်လည်း အထောက်အကူ ဖြစ်စေတယ်တဲ့မမ ပျော်ရွင်ဖွယ် ခရီးစဉ်လေး ဖြစ်ပါစေလို့..

    ReplyDelete
  12. ဆောင်းJuly 15, 2011 at 3:09 PM

    အပေါ်က ပြောတဲ့ ဂျပန်ခရီးက သက်သာလိုက်တား-)

    ReplyDelete
  13. လာပါ လာပါ ကေအယ်လ်လာပါ :)

    ReplyDelete
  14. အနော်လည်း ခရီးထွက်ချင်တာ နန့်နေတာပဲဗျာ....
    ထွက်နိုင်သေးဘူး...ဟူး...။
    လေနဲ့ပဲသွားသွား...၊ဂယ်ပဲသွားသွား...အားပေးတယ်...
    ချဗျာ....။ဒါနဲ့စကားစပ်လို့ အပေါ်ကပြောတဲ့ ဂျပန်ခရီးက
    တန်ထှာဗျာ....။

    ReplyDelete
  15. မခင်ဦမေ..ကိုယ်ေ၇ာစိတ်ပါ
    ကျန်းမာချမ်းသာပါစေ....။

    ReplyDelete
  16. မမ
    ကျမကတော့အမျိုးသားဆီကို.သောကြာညတိုင်းသွားတယ်
    ကေအယ်ကို..
    ကားဂိတ်ကတီဘီအက်စ်ဆိုတာဖြစ်သွားပြီ..
    ပူဒူးရိုင်ရယ်မဟုတ်တော့ဘူးလေ
    တက္ကဆီကစိတ်တော့ချရပါတယ်
    အထူးကားအပြာဆိုရင် 100 ကျော်တယ်
    ည ၂ နာရီကျော်လောက်ဆိုလေ..
    အောက်ကတက္ကဆီတွေကတော့..၆၀ လောက်တောင်းတယ်..
    ကားနာပတ်မှတ်ပြီး
    ကိုယ်လူတွေဆီမက်စေ့သာပို့လိုက်လေ
    ကျမတော့ဘယ်သူမှလဲလာမကြိုဘူး
    စကားလဲမတတ်ဘူး
    ဒီတိုင်းပဲသွားဖြစ်လိုက်တယ်..
    မမသွားချင်ရင်ခေါ်လေ
    အားရင်အတူတူသွားတာပေါ့

    ခင်မင်လေးစားစွာဖြင့်
    မဒမ်ကိုး

    ReplyDelete
  17. မမရေ... ခရီးသွားချင်ရင် deal.com.sg က package deal တွေနဲ့ သွားရင် သိပ်တန်တယ်။ ၃ညအိပ် ၄ရက် ဂျပန်ခရီးကို $498 ပဲ ပေးရတယ်။ အခြားခရီးတွေလည်း တန်တယ်။ :)

    Have a nice weekend!

    ReplyDelete
  18. ဟာ .. ဒေါ်ကွန် ၊

    အရင်ပို့စ်မှာ “စိတ်ကူးပေါက်ရာ တစ်ခုခု ရွေးလုပ်ကြည့်ပါလား” လို့ ပြောခဲ့ပေမယ့် ၊ အကန့်အသတ်တွေ ရှိတယ်နော ။

    “အမှတ်တရ နေ့စွဲများ” ပြောတာကိုလဲ ခေါင်းထဲထည့်ထားပေးပါ ။ လုပ်ချင်ရာကို ချိန်ဆပြီးလုပ်ပါ ။ ကျနော်တို့က “လေ” နဲ့ပဲကူလို့ ရမှာပါ ။ လက်တွေ့ရင်ဆိုင်ရမှာက ဒေါ်ကွန်ပါ ။

    အကောင်းဆုံးတွေ တွေ့ကြုံစေချင်သလို ၊ အဆိုးတွေကိုလည်း ကြိုတင်ပြင်ဆင်တွက်ဆ ရှောင်လွဲနိုင်ပါစေလို့ ဆန္ဒပြုပါတယ် ။

    ReplyDelete
  19. ပို့စ်ခေါင်းစဉ်က ‘လေ’ ဆိုလို့ မမကွန် က ‘လေ’ နဲ့ဘဲ ခရီးသွားတာပေမဲ့ …ကွန်မန့်တွေက သိလိုက်ရတဲ့ tour information တွေအတွက် ကျေးဇူး ဝင်တင်လိုက်ပါတယ်…

    ခရီးသွားရန် စီစဉ်နေသူတဦး

    ReplyDelete
  20. Time to learn and earn another degree!

    ReplyDelete
  21. genting သွားပါမမ ကောင်းကင်ရထားကြီးခေါက်တုန့်ခေါက်ပြန်စီးခဲ့...။ ပီဇာဟတ်မှာ ကော်ဖီသောက်ရင်း မျက်နှာကျက်မှာ သွားနေတဲ့ မမချစ်တဲ့ တိမ်တွေကို တစ်ဝကြီးကြည့်ခဲ့...။


    ခင်တဲ့
    မိုးငွေ့

    ReplyDelete
  22. မလေးရှာမှာတော်တော်ကျွမ်းနေပီထင်တယ် မလေးရှာဂျင်ပေါ့း)))))x-

    ReplyDelete
  23. မမရေ.. ဘယ်လို ကယ်မရာမျူိး နဲ့ ဓါတ်ပုံတွေ ရိုက်ပါသလဲ. မောင်လေး အဲဒီ ကယ်မရာမျိုးဝယ်ချင်လို့ပါ. အခုခေတ် အော်တို point & shoot ကယ်မရာ တွေက အရမ်း ပြတ်သား ကြည်လင်နေတော့ ရှေးဟောင်း ဓါတ်ပုံ မျိုးလိုချင်ရင် photoshop မှာ ပြင် နေရတာ ကြာလို့။ မမ ကယ်မရာ နဲ့ ဆို ဘာမှ ပြင်စရာ မလိုတော့ဘူ။

    ReplyDelete