Thursday, September 15, 2011

ရိုက်ပေါက်



မြို့ထဲကထွက်လာတော့ အတော်စောသေးတယ် ဘာလုပ်ရမှန်းမသိတာနဲ့ bugis ထဲဝင်သွားတယ် သိတ်စောလွန်းတယ်။ မုန့်ဆိုင်လောက်ဘဲရှိသေးတယ်။ cold storage တော့ဖွင့်ပြီ.အဲဒီမှာ ရေတပုလင်း သုံးဆယ့်ငါးပြားတန်ရှိတယ် ဝယ်သောက်နေကျ. မြန်မာဆိုင်မှာ တစ်ကျပ်ပေးရတယ်။ တစ်ချို့ဆိုင်မျာ ပြားခုနစ်ဆယ်ပေးရတယ်. ရေကတော့ရေဘဲပေါ့ဘာရေကွာလဲဆိုတာတော့ နားလည်သူများသိလိမ့်မယ်။

သိတာတော့ရေဆိုတာရေဘဲ သောက်လို့ရရင်ပြီးတယ်။ ရေဘုံဘိုင်ကရေတောင် ယူသောက်ျချင်တာ လူမလစ်လို့ရယ်။ သုံးဆယ်ငါ့ပြားတော့ရင်းလိုက်ရတယ်။ ပိုက်ရှိပေမဲ့မုန့်မစားရဘူး ငယ်တုံးကတော့ပိုက်မရှိတာရယ် သိတ်နားမလည်သေးလို့ရယ်။မုန့် သိတ်မစားရဘူး. ကြီးလာပြန်တော့ပိုက်ရှိပေမဲ့လဲအစားသေအာက်ဆင်ခြင်ရတယ် ဆီျးချိုဖြစ်မှာစိုးတယ်တို့ ကော်လက်စရောတက်မယ်တို့ ခေါင်မူးမယ်တို့ ဒူးရင်းသီးကြိုက်တာတောင်မစားဖြစ်တာကြာီ့ပီ စားပြီးရင်ခံစားရတာကပိုဆိုးနေလို့ခေါင်းကိုက်တယ် မူးတယ်။ ဘာဆိုင်လဲမေးရင်လူပေါ်မူတည်တာဘဲဆိုမလား. ပေါင်မုန့် တစ်ကျပ်တန်တစ်လုံးဝယ်တယ် ခုံပေါ်တင်စားတယ်။ ရေသောက်တယ်။ ပိုက်ရှိရဲ့နဲ့ဆင်းရဲတာငါ။




ဖုံးလာတယ် ကိုင်လိုက်တယ် ဒီအချိန်မှာ ဘယ်သူဆက်ဆက်ကိုင်မှာဘဲ ဝါယောဓါတွေများနေတယ် ဟိုတစ်လောတုံးက ကောင်မလေးတစ်ယောက်က ဂျီလက်ခံပါဆိုလို့မီးစိမ်းတဲ့အချိန်မှာဝင်လာတဲ့တစ်ယော်က သူ့ကိုမသိပေမဲ့သူနဲ့သိတဲ့သူကိုသိနေတာနဲ့ လက်ခံလိုက်တဲ့တစ်ယောက်. အဲဒီတစ်ယောက်နံမည်နဲ့ဖုံးနံပါတ်မေးတော့အားနာလို့နံပတ်ပေးလိုက်တယ်။




ချက်ခြင်းခေါ်တယ်။ ပြောချင်တယ်တဲ့ပြောပေါ့........အသက်ရယ် အလုပ်အကိုင်ရယ်။ ဘယ်မှာလုပ်သလဲမေးတယ် သိတ်ခက်တယ်။ ပထမဆုံးတွေ့တဲ့သူကိုဒါတွေ မေးစရာလား. ဒါတွေဟာ compulsory ဖြေရမှာလား ဖြေရမှာစိုးလို့အွန်လိုင်းတောင်မတက်ဝံ့သူကို. ဟင်း........ မျက်နာနာစရာလူထောက်ထားလို့ဖြေပါတယ် ဖြေုနိုင်သလောက်. ခင်တယ်တဲ့ ခင်ပါတယ်လေ. ပိုက်ပေးရတာမှ မဟုတ်တာ ပါးစပ်လေးနဲ့ခင်တယ်လို့ပြောရတာဘဲ ဒါပေမဲ့ ဆိုတားက သူတို့က ကိုယ့်နါံပတ်တော့မေးပြီးတော့ သူ့န့ပါတ်နဲ မဆက်ဘဲ unknown နဲ့ ဆက်တာတော့ စိတ်မကောင်းဘူး။ ပြန်ဆက်ဘို့လဲမရည်ရွယ်ပါဘူး။ ဒါပေမဲ့လဲ ခံစားရတယ်တစ်ကယ်ဘဲ. ကဒ်ပြားနဲ့ဆက်တယ်လို့ခွင့်လွတ်နားလည်ပေးလိုက်ပါတယ်။ ကိုယ်က သိတ်ဆက်ချင်တယ်ဆိုပါစို့ ဘယ်ကို ပြန်ဆက်ရမှာလဲ။ အမေရိကားကဘယ်သူရေ. ကျွန်မဆက်ချင်လို့ါပရှင်လို့ပြောရမှာလား။။ သူဆက်ချေင်တဲ့ အချိန်ကိုင်ပြီးဖြေရမှာလး ကိုယ်လိုချင်တဲအချိန် သူဘယ်ရောက်နေမှာလဲ။

ကိုယ်ကိုတိုငက်ဝါယောကဓါတ်များပြီး ပြောချင်နေတဲ့သူမို့လို့ ဘယ်သူလာလာလက်ံခံပြောမဲ့သူမို့လို့ lavender လှေခါးထစ်ကလေးမှာထိုင်ပြီးတော့ကိုပြောပါတယ်။ အပြောကောင်းတယ်တဲ့ ကောင်းပါတယ် ပလီပလာတီတီတာတာလဲပြောတတ်ပါတယ် ယုံတာမယုံတာအပထား လုပ်ကြံလဲပြောတတတတတတတပါတ်ယ်။ အတော်ကြာအောင်ပြောပြီးဖုံးချသွားတယ်။ ဖုံိးကိုကြည့်တယ် ငါပြန်ဆက်ချင်ရင်ဘယ်ကိုဆက်ရမှာလဲ အော်ဒုတ်ခ ဒုတ်ခ.

အခုပြောတာ အော်စိက လူမပါ.။ သူ့ကိုတော့ခွင့်လွတ်ထားပါတယ်ျစ်တဲ့သူမို့လို့ ရှင်းပြတာကို နားလည်ပေုးလိုက်တယ်။ ဒါပေမဲ့လဲ အမေရိက ကလု စလုံးကလူ. အဲသလိုလူမျိုးတွေ များလာတော့လဲဖုံးနံပါတ်မပေးချင်တာ့ဘူး ကိုယ့်ဘကက်ကသိတ်အောက်သလိုဘဲ. ။





အသံလေးကြားဘူးချင်လို့ ရုပ်ကလေးမြင်ဘူးချင်လို့ စကားပြောကြည့်ချင်လို့. ..............နံပတ်တောင်းတယ။် ပြောပြီးရင်ပြီးပြီ. ဒါဘဲပေါ့။ေ ပးလိုက်ရတဲ့သူမှာတော့ ပေးလိုက်ရတာဘဲ.။ နောက်တစ်ခါဆိုတာ ဆက်ချင်မှလဲ ဆက်တော့မယ်။ သူကြားဘူသွားပီ. ပြောဘူးပြီးသွားပီလေ.။ ဘာလုပ်ဘို့ ဆက်ပြောတော့မလဲ ဟုတ်တယ်ဟုတ် ကိုးရီးယားလဲပါတယ်။ သူလဲဆက်ဘူးတယ် တစ်ခေါက်ပါဘဲ။ ထပ်မဆက်တော့ဘူး သူလဲ Unknown နံ့ပါတ်နဲ့လာတာဘဲ. ကြာတော့လဲစိတ်နာလာတယ်။ စလုံးက မမမမမမမမမမမမမမမမမမမမမမမမမမမမမ ကတော့ တစ်သက်လုံး unknown နံပါတ်နဲ့ ဆက်တာဘဲ တတ်နိင်သလောက်တော့သည်းခံပါတယ် ငါလည်းပြန်ဆက်မှာမှ မဟုတ်ဘဲဆိုပြီး. ဒါပေမဲ့လဲ ကြာတော့လဲကိုယ်တိုင်စဉ်းစားလာရတယ် ငါက လှို့ဝှက်သူလား သူတို့က လှို့ဝှက်သူလားဆိုတာ..... ပြောတော့ခဥမက လှိုတယ်တဲ့ ရယ်လိုက်ချင်သေးတယ်သွပ်သွပ်..

22 comments:

  1. မိုးပျံမSeptember 15, 2011 at 3:02 AM

    သွပ် သွပ် သွပ် ခဥမက လျှိုတယ်..

    လေအိုးတို့က မိုးကို ပျံနေတော့တာ။

    ReplyDelete
  2. အသံလေး ကြားဖူးချင်လို့ပါ... အန်နုမ်းဖြင့် မခေါ် အမှန်ဖုန်းဖြင့် ခေါ်ပါမည်...တစ်ရက်ကို နှစ်ဆယ့်လေးနာရီ အတွင်း ကြိုက်တဲ့အချိန်ပြန် ခေါ်ပါက..ကိုင်ပါမည်.။ ကိုယ်လည်း ၀ါယောဓါတ် များသူပေပဲ။

    ReplyDelete
  3. oversea call အဲလို ဘဲ unknow ပေါ်တာ ဘဲလေပြန်ခေါ်ဖို့ စိတ်ဝင်စားရင် စကားပြောတုန်းနံပတ်တောင်းထားပေါ့ မမမမ.......မရဲ့ 

    ReplyDelete
  4. အိုဗားဆီးတွေများ လိုက်တာ...နော်။
    bbq

    ReplyDelete
  5. နံပါတ်ပေးမယ်၊ ယူမလား မမကွမ်

    ReplyDelete
  6. အနော်တို့  ဆက်ချင်တာကြတော့ ဖုန်းနံပတ်လဲ ဘယ်တော့မှလဲ့ လိုပြောတာပဲ ဂျီတော့မှာလဲ ပြန် မအက်ဘူး ဖဘမှာလဲ နံပတ်တောင်းလဲ မပေးဘူး အသက်ကလေး ၃၀ကျော် အိုနေလို့ ပြောတယ် ဒို့ ကတော့ ဒို့ ကတော့ တွေတိုင်း သတိရတိုင်း တောင်းနေမှာဘဲ မမမိမှာကော ဧရာဝတီရောဂါဆန်း၇ှိလားဟင်? ဧရာဝတီနဲ့ ဆိုင်တဲ့  ပို့ လေးတပို့ လောက်တင်ပါအုံး မမမိ ရဲ့  နံပတ်ပေးအုံးလေ တိန်......

    ReplyDelete
  7. မရိုက်ပါနဲ့မမရယ်..။
    ကျနော်က ဒီလောက်ချစ်စရာကောင်းနေတာကို...

    ReplyDelete
  8. ဟုတ်ပ အစ်မရယ် ပြောရဦးမယ် ... အဲဒီအော်ဇီကဆိုတဲ့တူကြီးပေါ့။ ဖုံးနံပါတ်ကိုတောင်း ပြီးတော့အကြာကြီး မဆက်ပဲနေတယ်။ ဆက်ပြန်တော့လဲ ကပ်စီးက နဲတာမှ တူးနေတာပဲး) ရိုးရိုးဖုံးနဲ့ မခေါ်ပဲ ဈေးသက်သာတဲ့ စကိုက်နဲ့ခေါ်တော့ တူ့ဖုံးနံပါတ်ကြီး မပေါ်ဘူးပေါ့ဂျာ။ ပြီးတော့လဲ သူ့ဖုံးနံပတ်ကို မကြောတွားဘူး။ နောက်တူဆက်ရင် အစ်မ မကိုင်နဲ့ တိရား။ အစ်မက တူ့ကို ချစ်လို့ခွင့်လွှတ်ထားတယ်ဆိုတော့ တူက ကျေနပ်နေတေးတယ် တိလားအစ်မ။း)နောက်တစ်ခါဆက်ရင်တော့ တူက ဖုံးနံပတ်ကို အရင်ပေးမယ်တဲ့။ ဟီး ဟီး (ညက်နှာချိုသွေးပြီး ပြောသွားသည်)

    ReplyDelete
  9. Unkown ဆိုတဲ့ ရုပ်ရှင်ကို သတိရသွားတယ် :D

    ReplyDelete
  10. Oversea ကိုတိုက်ရိုက်ဖုန်းနဲ့ ခေါ်နိုင်တဲ့လူတွေ အခုထိ မတွေ့ ဘူးသေးဘူး မမ
    အားလုံးကတ်နဲ့ ပဲ ခေါ်ကြတာပဲ

    ReplyDelete
  11. မမပိုစ့် ခေါင်းစဉ်တွေ့တွေ့ခြင်း ကိုယ့်အမျိုးကိုပဲ သတိရသွားတယ်... :D :D :D

    ReplyDelete
  12. တို့ကိုလည်း အခုတလော ဖုန်းတွေခဏခဏဆက်ကြတယ် ကိုင်တော့လည်း ဘာမှမပြောကြဘူး ... ဖုန်းနံပါတ်ပါတယ်လေ ပြန်မခေါ်ပါဘူး မုန်းတယ် မုန်းတယ် ယောင်္ကျားတွေကိုမုန်းတယ် ....

    ပုံ ... ကေအယ်မှ ဂျီပုန်း ( ဂျီတော့မှာ ပုန်းနေတာ ခွစ်ခွစ် )

    ReplyDelete
  13. @ Anonmous .... အိုဗာဆီးကို တိုက်ရိုက်ဖုန်းခေါ်လို့ရပါတယ်ကွယ် .... အိပ်ပျော်နေတာလား မျက်နှာသစ်ပြီး ထကြည့်ပါဦး ...
    ကြည့်ရတာ မြန်မာပြည်ကနဲ့တူတယ် ... သနားစရာ

    ReplyDelete
  14. အမ ခု စာနဲ့  ရိုက်လိုက်ပီမလား။
    အပြင်မှာ ရိုက်ခြင်ရင် စ လုံးမှာ ကြိမ်တုတ်တွေ ပေါသားပဲဟာ။

    ReplyDelete
  15. စီမိတ်ဆွေများအားလုံးရဲ့နံပါတ် မြန်မာပြည်ကိုရက်ရှည်ပြန်တုံး ပျောက်သွားပါသည်။ ပြန်မဖော်တတ်ပါ...။ ဖုန်းနံပါတ်ထပ်တောင်းမည်ဖြစ်ပါသည်...


    ပုံ
    အန်နုန်း

    ReplyDelete
  16. တော်သေးတာပေါ့၊ဖုံးဘဲဆက်ပြီးနံပတ်မပေးသွားတာ
    .... :)

    ReplyDelete
  17. အန်နုန်း
    အရင်ဖုန်းပဲလား မတ်စိပို့လိုက်တယ်

    ReplyDelete
  18. သနားလိုက်တာ...
    တိုက်ရိုက်ဖုန်းဆက်တာ မမြင်ဖူးသေးသူကို..
    စောကပဲ တိုက်ရိုက်ဖုန်း ဆက်လိုက်ပါကြောင်း
    သတင်းပေးရင်းး..
    ဝင်ကလိသွားပါတယ်..။


    ပုံ။
    BL ဇာတ်ရှုပ်
    (တိုက်ရိုက်ဖုန်း ဆက်လည်းဆက်
    အဆက်လည်းခံသူတဥ)
    မသက်ဝေရဲ့အမျိုးဆိုသူ

    ReplyDelete
  19. တို့လဲ ဒူးရင်းသီးစားပြီး ခေါင်းကိုက်တာ သုံး လေးခါ ရှိပြီ။သွေးတိုး တာလားဟင် မမ။

    အန်းနုန်း

    ပျောက်နေတာကြာပြီ နေကောင်းလား။
    ခလေးလေးကော နေကောင်းလား။

    ReplyDelete
  20. အမှတ်တရ နေ့ စွဲများ သို့
    မြန်မာပြည်က လူများ သနားစရာကောင်းတယ်ထင်ပါသလား?
    အလွန်ရီစရာကောင်းသောဟာသစကားကြားရသလိုပါပဲ

    နိုင်ငံရပ်ခြား မှာ နေသူများ oversea ကို အရေးကြီး သည့် အချိန်မှ လွဲ ကာ ကတ်နှင့်သာခေါ်ကြပါသည် မည်သူမျှ တိုက်ရိုက်ဖုန်းဖြင့်ဈေးကြီးပေးမခေါ်ကြပါ ။
    မှတ်ချက် (လိုင်းဖုန်းဖြင့်တိုက်ရိုက်မခေါ်သည်ကိုဆိုပါသည် Top up phone သုံးသူများကို မဆိုလိုပါ )

    ReplyDelete
  21. ဈေးကြီးသလား ဈေးသက်သာသလား မသိပါ ...
    ကဒ်ဘယ်နားရောင်းလို့ ဘယ်လိုခေါ်ရမှန်းလည်း မသိပါ..
    အရေးကြီးသည် ဖြစ်စေ မကြီးသည်ဖြစ်စေ တိုက်ရိုက်ပြောဆိုသည်ကို မမကွန်အား မေးကြည့်ပါ ...

    ReplyDelete
  22. ကျန်ုပ် ဆိုလိုသည်မှာ

    (((( Oversea ကိုတိုက်ရိုက်ဖုန်းနဲ့ ခေါ်နိုင်တဲ့လူတွေ အခုထိ မတွေ့ ဘူးသေးဘူး မမ ))))

    ကွန်မန့်ပေးသွားတဲ့အထက်ပါအကြောင်းအရာအားရည်ရွယ်သည် ....

    ReplyDelete