Wednesday, October 12, 2011

စိတ်ကူးယဉ်ဇာတ်လမ်း

သူမသတိရနေပါသည်.။ ထိုကောင်လေးကို ပြင်းပြင်းထန်ထန်သတိရပါသည်. မက်ဆေ့ရောက်သောအခါ လှိုက်ကနဲဝမ်းသာသွားသောစိတ်မှာ
ဖွင့်လိုက်သော မက်ဆေ့ခ်ျသည်. မားကက်တင်းမက်ဆေခ်ျဖြစ်နေသောအခါ ဝမ်းနည်းရသည်ကို သူမသာလျှင်သိပါသည်။

ဖုံးကို ခဏခဏထုတ်ကြည့်ရင်းဝမ်းနည်းလာသူ
မှာ သူမဖြစ်ပါသည်. မက်ဆေ့ခ်ျများကို ဆက်တိုက်ပို့ရင်း အီးမေလ်ကို ဆက်တိုက်ပို့ရင်း ဝမ်းနည်းလာသူမှာ သူမဖြစ်ပါသည်. ဖုံးခေါ်သောအခါ ဘိုမကြီးအသံဖြင့်ကြားလိုက်ရုံနှင့် ချလိုက်သောသူမမှာ သူ၏ ဖုံး ပိတ်ထာလား. ပြန်မဖြေတာလား ဖုံးနံပါတ်ပြောင်းသွားပြီလား စဉ်းစားရင်းနှင့် အောင့်လာသော ရင်ကို စိတ်ဆင်းရဲရင်း စကားလုံးများပြောစရာမရှိပါ. အီးမေလ်များ ဆက်တိုက်ပို့ရင်း သူမ၏. မေလ်သည်သူ ဖတ်ဖြစ်မည် မဖြစ်မည်ကို သူမ မသိပါ။ သူ၏ အီးမေလ်က bounce ပြန်မလာလျှင် ထိုအီးမေလ်ရှိသေးသည်ဟုတော့သူမထင်ပါသည် သို့သော်ပြားလည်း မသေချာပါ. သူဖွင့်မည် မသေချာသော သူဖတ်မည် မသေချာသော သူဖျက်လိုက်သလားမသိသော အီးမေလ်ကို သူမပို့ရင်းငိုချင်လာသော စိတ်ကိုမနည်းထိန်းထားရသော သူမသည် အရူးတစ်ယောက်ဖြစ်နေသည် ကို သူမကိုသူမထင်မြင်လာမိသည်.

စိတ်နင့်လူနင့်မကပ် ဘတ်စကားကပ်ကို ဘတ်စကားပေါ်ရောက်မှ သေပြေးရှင်ပြေှးရှာရသလို ဘတ်စကားပေါ်တက်ခါနီးမှ ကဒ်ရှာမတွေ့သောကြေင့်မတက် ရခြင်း ထမင်းမစား ဟင်းမစားဘဲ ဖြစ်သလိုနေခြင်း။ ထမင်းဝယ်လာပြီး မစားမိသောကြောင့် လွတ်ပလိုက်ရခြင်း .အကျီမလဲဘဲ ကွန်ပြူတာရှေ့ထိုင်နေပြီးခြေကု
န်လက်ပန်းကျကာမှ အိပ်ရာထဲဝင်ကာ မိုးလင်းမှ အကျီမလဲ ဘဲ အိပ်ပျော်သွားသည်ကို ဖြတ်သန်းခဲ့သောညများ ဘာမှ လုပ်ချင်စိတ်မရှိသော အရူးတစ်ယောက်ကဲ့သို့ရှူပ်ပွနေသောအိမ်တွင် ကွေ့ပတ်ရှောက်ရင်း အရောင်းဈေးသည် အိမ်လာရောင်းရင်း ဒါ နင့်အခန်းလားဟု စိတ်ပျပ်ခြင်း ရယ်မောလိုခြင်း မျက်လုံးများကို့ ဂရုမစိုက်ဘဲဟုတ်တယ် ဒါဘာဖြစ်သေးလဲ ဆိုသော မိုက်ကန်းခြင်းများကို သူမသည် ရူးသွပ်စွာပြုမူနေသည်မှာ မထူးဆန်းသောကာလဖြစ်ပါသည်။

သူမ ထိုကောင်လေးကို အတော်ချစ်ခဲ့ပါသည် ယခုလည်းချစ်နေဆဲဖြစ်ပါသည်။ ယခင်ကတည်းက ချစ်ခဲ့ပါသည်။ . ချစ်စရာကောင်းအောင်ပြောတတ်သော ကောင်လေး၏ စကားလုံးမျာနင့်ကင်းဝေးရာတွင်မေ
နပျော်သော သူမသည် သူ့ကို ရှုံးနိမ့်ခဲ့ပါသည်.

ထိုနေ့ကို သူမဘဝမှ ထုတ်ပစ်ခဲ့ရွေ့ရလျှင်သော်လည်းေ
ကာင်း. အစမှ ပြန်စရွေ့ရလျှင်သော်လည်းကောင်းပြင်ဆင်ခွင့ှ်ရိလှငှသူမသည် ကမာကြီးကို နောက်ပြနှ်လှည့်လိုက်ချင်ပါသ်ည။

မက်ဆေ့ခ်ျဖုံးနင့်တောင်းပန်ခဲ့ေ
သာ သူမသည်လည်းသူထံမှ ဖုံးကို အရူးအမူး စောင့်ခဲ့ပါသည်. သူမထံအချိန်မရွေး ဆက်နိုင်ပါသည်ဟု လမ်းဖွင့်ပေးခဲ့သော သူမဘက်ကအစွမ်းကုန် လိုက်လျောခဲ့သော လမ်းကို မနင်းလိုသော ဖုံးမဆက်လာခဲ့သော သူ့ကို သူမစိတ်နာခဲ့ပါသည် .

စိတ်နာရင်း မျှော်နေမိသော သူမကို ဖဘမှ tag သော မက်ဆေ့သည် အွန်လိုင်းတွင်ရှိနေသော သူမအတွက် ခြောက်ခြားဖွယ်ရာ ဖြစ်ခဲ့ပါသည်. သွားဖတ်ရင်းနင့်ကြေကွဲစိတ်ကို သူမထိန်းမရပါ. သူမသည် အဆိပ်ရှိသော ရေပြင်ဖြစ်ခဲ့ပါသလား. သူမဝမ်းနည်းသောစိတ်ကိုဖြေမရပါ. သူမသည် သူ့အတွက် အဆိပ်မရှိသော သူတစ်ယောက်ဖြစ်ပါသည် အမြဲချစ်ခင်ခဲ့သောသူတစ်ယောက်ြ
ဖစ်ပါသည် သူနစ်နာအောင်မည်သည့်အခါမှ ကြံစည်တွေးတော ခဲ့ခြင်းမရှိပါ. ယခုအဖြစ်အပျက်သည် သူမ၏ ရုတ်တရက် အမှားဖြစ်စ်ပါသည် တစ်သက်လုံးက ချစ်ခဲ့သောအစ်မ၏ အချစ်များကို ချက်ခြင်းလှစ်ရူရှုနိုင်သော ချက်ခြင်းအသေသတ်ရက်သော သူ့ကိုသူမဝမ်းနည်းလှပါသည်။

ဖတ်ပြီးပြီးချင်းခံစားလိုက်ရသော ခံစားချက်မှာ အမေသေသော ခံစားချက်မျှ ခံစားရသည်ကို ခံစားရသောသူသာသိပါသည်.။ အမေ ရုတ်တရက် အသက်ရှူရပ်သွာေးသာအခါ လွန်ခဲ့သောသုံးနာရီက အကောင်းပတိ၇ှိသော အမေကို သူမရုတ်တရက် လက်မခံနိုင်ပါ. ဟာ သွားပြီ ဆိုသောခံစားချက်နင့်အမေရှိရာကု
တင်ပေါ်သို့ ဝုန်းကနဲခုန်တက်ကာ အမေ့ကို ဆွဲ လှုပ်ကာ နှီုးနေသော သူမကို ဆရာဝန်မလေးနင့် သူနာပြူဆရာမများက မနည်းနစ်သိမ့်ခဲ့ရပါသည်။ မျက်နာကို လက်ဝါးနင့်အုပ်ကာ သွားပါပြီ ဟုဆိုက ကုတင်ကိုခေါင်းစိုက်ကာ အသံမထွက်ဘဲကြိတ်ရှိုက်ခဲ့ရသောသူမသည် ရင်ထဲက အနာကိုယခုထက်ထိမေ့မရပါ. ကြိုးစားမေ့ထားရခြင်းဖြစ်ပါသည်.

ယခု သူ့စာသားကိုမြင်လိုက်ရသောသူမသည်
လည်း ဟာ သွားပြီ ဆိုသောစိတ်နင့် အသက်ရှူရပ်မတံ့ယောက်ယာက်ခတ်သွားသောစိတ်နင့်ငြိမ်ကျသွားသည်မှာ ကျောက်ရုပ်ဖြစ်ပါသည် အသက်ဝင်လာသောအခါသူမသည် ထို page ကို မပိတ်ဝန့်ပါ. သူမသိပါသည် ထို page ကို ပိတ်လိုက်ပြီးလျှင်မည်သည့်အခါမျှ ပြန်မြင်ရတော့မည်မဟုတ်သည်ကို သူမသိပါသည် screen shoot မရိုက်တတ်သော သူမသည် ကင်မရာနင့်သာ ရိုက်ကာ ထို page ကိုဝမ်းနည်းပန်းနည်းထိုင်ကြည့်ရင် မကိုင်မည်မှာ သေချာနေသော ဖုံးတစ်လုံးကို အဆက်ပြတ် နိပ်ရင်း မျက်ရည်ကျလာသော သူမသည် ကွန်ပြူတာကို ပိတ်ကာ သဲကြီးမဲကြီးငိုပါသည်. အဆက်မပြတ်ငိုပါသည် တွေးရင်းတွေးရင်းငိုပါသည်။

သူမချစ်သည် ကို သိရက်နင့်သော မသိရက်နင့်သော သူကိုအဆိပ်ရှိသေည်ဟုတွေးတောကာဖြတ်ချ
သွားသော သူ့ကို သတိရရင်း သဲကြီးမဲကြီးငိုပါသည်. ဖြတ်ပြီးလျှင်ပြန်လှည့်မကြည့်တတ်သော သူ့အကြောင်းကို သိသောကြောင့်ငိုပါသည်. သူမချစ်သောကြောင့်ငိုပါသည် လုပ်ရက်သောသူ့ကြောင့်ငိုပါသည်. ဘယ်ဘက်ကမှ လိုက်လို့မရအောင်ပိတ်တတ်သော သူ့အကြောင်းကို သိသောကြောင့်ငိုပါသည်။ ဘာသတင်းမျှျှ နောက်ထပ်ကြားရတော့ မည်မဟုတ်သော သူ့ကြောင့်ငိုပါသည်. သူမ၏ တစ်ချက်မှားသော အမှားသည် တစ်သက်စာ ခွင့်မလွတ်နိုင်အောင်နာတတ်သော သူ့ကြောင့်သူမငိုပါသည်. ဘာသတင်းမျှ မ ကြားရတော့သည်မှာ သူမအတွက် သူမ၏ အမှားအတွက် ပေးဆပ်ရသောအမှားအတွက် punishment ဖြစ်သောကြောင့်သူ့အကြောင်းကိုကြားသိလိုသောစိတ် ချစ်သောစိတ် အဆက်ဖြတ်နိုင်သည် ကို ရအောင်ဖြတ်သွားသော သူ့ကြောင့်သူမငိုပါသည် တစ်ညလုံးငိုပါသည် နာခေါင်းမျှားနာကျင်သည်အထိမျက်လုံးမျှားနာကျင်သည်အထိ သူမငိုပါသည်.။ စိတ်ငြိမ်ဆေးသောက်ပြီးငိုပါသည်.

သူမ၏ ဆက်သွယ်မှုများ အားလုံးသည် တုံ့ပြန်မှုမရှီခဲ့ပါ. သူသည်လည်းဝေး ရာတွင်ကြေကွဲနေမည်လား. တိတ်ဆိတ်စွာ ဝမ်းနည်းနေမလား ဟုသူမထင်မြင်သောကြောင့်အသည်းအသန် ဆက်သွယ်မှု ရန်ကြိုးစားသော်လည်း သူမသည် တိတ်ဆိတ်ခြင်းကိုသာရရှိခဲ့ပါသည်.

သူမသူ့ကိုချစ်ပါသည်.
သူမထံဆက်သွယ်ပါရန် အတန်တန် ပို့ထားသော မက်ဆေ့များသည် အလုပ်မလုပ်ပါ. သေချာတာကောတ့သူမသည် သူ့ထံက ဆက်သွယ်မှူကို သွေးရူးသွေးတန်းစောင့်မျှော်နေဆဲဖြစ်ပသါည် သူမ၏ သူ့အပေါ်ချစ်ခြင်းသည် ကမ္ဘာ တည်သရွေ့ဖြစ်ပါသည်..

သူမ သူ့ကိုချစ်ပါသည်.။

သူမငိုနေဆဲဖြစ်ပါသည်။

28 comments:

  1. ခရစ္စတလ်October 12, 2011 at 6:54 PM

    ချစ်ခြင်းရဲ့ သိမ်မွေ့တဲ့ လှည့်ကွက်လေး တစ်ခုပဲ ဖြစ်ပါစေတော့ ...

    ReplyDelete
  2. ဘုရားရေ...ဒီလိုတွေ ဖြစ်နေတာလား။

    ReplyDelete
  3. ဂျီးဒေါ်KOM ကျနော်လည်းထပ်တူခံစားပြီးငိုချင်တယ်
    ဒါပေမယ့် ဂျီးဒေါ်မျက်ရေ၊ကျနော့်မျက်ရေနှင့်နေ့တိုင်းရွာနေတဲ့မိုးရေတွေပေါင်းမိရင်
    စလုံး ကနေ ပြေးပေါက်မရှိတော့ဘူး နောက်မှအတိုးချပြီးငိုပေးမယ်
    တစ်ရာနဲ့ဖြေပါဂျီးဒေါ်........
    ပုံ
    အီး...အီး....ဟင့်....ဟင့်.....
    ကြိတ်ပြီးငိုသွားသူ

    ReplyDelete
  4. ဟုတ်ရဲ့လားအမရယ် ....
    စိတ်ကူးယဉ်ဇာတ်လမ်းဆိုတော့ မယုံရဲဘူး ....


    ပုံ .... ကောင်လေး

    ReplyDelete
  5. This comment has been removed by the author.

    ReplyDelete
  6. အင်း မည်သို့ပင်ဖြစ်စေ... ဖတ်ပြီးတော့ ခေါင်းနည်းနည်း နောက်သွားပါတယ် :(

    ReplyDelete
  7. ဟာ...မမKOM လည်း ၀တ္တုတွေ ရေးနေပြီ...။

    ReplyDelete
  8. အစ်မကွန်...စိတ်ကူးယဉ်ဇာတ်လမ်းလား...၊ထင်စရာပဲ...၊
    ဒါပေမယ့် ဖတ်ပြီး တစ်မျိုးပဲ...ဘာခံစားချက်မှန်းမသိ...။
    အစ်မပို့စ်ကိုဖတ်ပြီးချိန်မှာ သတိရလိုက်တာက မျိုးကြီးရဲ့
    သီချင်း...." ငါဟာလေမင်းအတွက်...တစ်ခွက် အစိတ်....
    အဲ.....အဆိတ်တစ်ခွက်ပါပဲ....." :)))

    ReplyDelete
  9. ဒီတစ်ခုတော့ . . . ထိတယ်။ :)

    ReplyDelete
  10. အားလုံးကို ပြတ်သွားအောင်
    မင်းဖြတ်ရင်ဖြတ်..။
    ဒါမှ မဟုတ်ရင် မင်းငါ့ကို
    (တော့)
    မဖြတ်လိုက်ပါနဲ့..။
    ဟီးးဟီးး..


    ချစ်သော..
    ပေါက်

    ReplyDelete
  11. I just wish that he could read and reply her messages, emails, calls, forgive her (if he thinks she is guilty), keep in touch with her, take care of her, and finally adore her for who she is. All in all, I am deeply touched by the whole story. Take care, Ma Ma!

    ReplyDelete
  12. သူ ဘာဖြစ်သွားတာလဲ... မခဥမ ဘလော့ပေါ်မှ ကြွေကွဲဖွယ်ရာ ဖြစ်ရပ် တစ်ခုပါတကား :|

    ReplyDelete
  13. 'မ' အတွက်နဲ့ ကောင်လေးတစ်ယောက်
    အရမ်းခံစားနေရတာ 'မ' သိရင်ရော........

    'မ' ရဲ့
    .............

    ReplyDelete
  14. အဲ အဲ တို့မမကွန်တော့ လုပ်ချလိုက်ပြန်ပြီ
    မဖြစ်နိုင်ဘူး စိတ်ကူးယဉ် ..
    ဟဲဟဲး)

    ReplyDelete
  15. စိတ်ချိုးတွားတာကိုး မချော့ နဲ့  .. အဲလေမှားလို့ ။
    မေတ္တာသုတ်များများရွတ် .. သူစိတ်ဆိုးပြေအောင်။

    ReplyDelete
  16. မောင်ဝေးOctober 13, 2011 at 11:49 AM

    မကွမ်ရဲ့ဇာတ်လမ်းကို ဖတ်အပြီးမှာ ဇာတ်ညွှန်းရေး ဘိုင်စကုတ်လုပ်ရိုက်ချင်စိတ်တွေ ပေါ်လာတယ်ဗျာ။ သူမရဲ့မျက်ဝန်းထောင့်မှာ မထိန်းသိမ်းနိုင်တော့တဲ့မျက်ရည်စက်ပွင့်သီးလာပြီး လိမ့်ကျအလာမှာ... (အဲငှဲ..အဲငှဲ..အဲငှဲ..ဒုန်!!) ဒါကတော့ ဇာတ်ပွဲထဲကလို နောက်ခံတီးလုံးနဲ့ ငိုချင်းရှည်နှဲမှုတ်သံနဲ့ ဒုန်... ဆိုတာကတော့ စည်တော်ရွမ်းလိုက်တဲ့အသံနဲ့။ အသဲနှလုံးတွေ ရှိုက်ကြီးတငင် လွမ်းဆွေးသွားကုန်မှာ၊ အော်ဇကာအကယ်ဒမီရမှာသေချာတယ်ဗျ။

    ReplyDelete
  17. ရိုက်ခံရတော့မယ်၊ကဲနေတယ်၊အမှန်တော့
    အနော်လည်းအတူတူဘဲ၊ဦးအောင်ဆူကြည့် တာ... :)

    ReplyDelete
  18. သူမ ငိုပါသည်။ နှပ်တွေထွက်လာအောင် ငိုပါသည်။
    :respect:

    pifpif

    ReplyDelete
  19. သူမ၏ သူ့အပေါ်ချစ်ခြင်းသည် ကမ္ဘာ တည်သရွေ့ဖြစ်ပါသည်..

    ဒါဖြင့် သူမရဲ့ချစ်ခြင်းက 2012 ထိပဲပေါ့နော် (ဟိုရုပ်ရှင်အရပြောပါဒယ်...ဟိဟိ)


    pifpif

    ReplyDelete
  20. It's very touched short novel. Please write more short novels, sis KOM.

    ReplyDelete
  21. အချိန်ကုန်ခံပြီးရေးသူကရေး.ဒီထက်တန်ဖိုးရှိတာတွေရေး
    ပါလား.ဖတ်တဲ့ သူတွေကလဲ.ဖတ်
    ကြောင်တောင်တောင်နိုင်လှပါတယ်..လုပ်စရာမရှိအိမ်မှာဘုရားထိုင်ရှစ်ခိုးခုနှစ်ရက်သားသမီးမေတ္တာပို့ နေ..
    နောင်ဘဝ.ခုလိုမကြောင်တော့အောင်ပေါ့

    ReplyDelete
  22. ကြောင်ချင်တိုင်း ကြောင်လို့ရမလားအေ့ 
    ညည်းကြောင်ကြည့်ပါဦင်္း
    အကုတ်ခံရမှာပေါ့ ... ခွင်္ီးခွီင်္းးးးးးး

    ပုံ ... သဟဇလဥ

    ReplyDelete
  23. တစ်ခါတလေတော့ တွေးမိတယ် သံသရာစက်ဝန်းကြီး အကြောင်းပေါ့.. သူကိုကိုယ်က ဖြတ်တယ် သူက တခြားတစ်ယောက်ကို အဆက်အသွယ်ဖြတ်တယ်.. နောက်တစ်ယောက်က ...etc..
    စိတ်ကူးယဉ် ခံစားချက်တွေ သိပ်မရေးပါနဲ အမရေ.. တစ်ချို့ချို့ ဟင်ဆို လှည့်မကြည့်တက်ဘူး ပြောတာပဲ.. ပြောတာပဲ ဒီလိုမျိုးတွေလဲ ဖြစ်တတ်ပါတယ်... သူကော မခံစားဘူးလို့ထင်သလား.. ဘာပဲပြောပြော ချစ်သူသူများနဲ့ ကွေကွင်းရသော ဒုက္ခ လူတိုင်း လွတ်ကင်းနိုင်ကြပါစေဗျာ
    ခင်တဲ့
    မောင်ငယ်(ပလက)

    ReplyDelete
  24. 'မ' အတွက် ကောင်လေးရဲ့သီချင်းလက်ဆောင်
    http://myanmarmp3album.com/2011/07/28/32864/

    'မ'ကိုအမြဲတမ်းပျော်စေချင်သူ

    ReplyDelete
  25. 'မ'အတွက် ကျနော်အရမ်းစိတ်မကောင်းဖြစ်မိတယ်
    'မ' ရဲ့ကောင်လေးကိုချစ်တဲ့အချစ်ရဲ့
    မြူမှုံတစ်မှုံလောက်ပဲဖြစ်ဖြစ်
    ကျနော်ချစ်တဲ့'မ'ကပြန်ချစ်ရင်........

    'မ'ကြောင့်ရူးသွပ်နေသူ

    ReplyDelete
  26. ငိုချင်တယ်.. တူတူပဲ

    ReplyDelete
  27. ငင်...!!!
    စိတ်ကူးယဉ်လား...?
    ဂယ် လားဟင်...?
    သို့ လော... သို့ လော...???
    ဒွိဟ...

    ReplyDelete