Monday, October 29, 2012

သီတင်းကျွတ်. ရေကျော်။

မနက်ဖြန် ဆိုလျင် သီတင်းကျွတ် လပြည့်နေ့ဖြစ်မည်. မနစ်က ရန်ကန်ုမှာ ရှိသည် ဒီနစ်စကာပူမှာရှိသည်ပျော်စရာကြီးပေါ့တစ်နစ်တစ်နေရာနေခွင့်ရတာကံကောင်းသူလေးဖြစ်သသည်. လွမ်းသည် လွမ်းလျင် လ်ွမ်းမည်ပေါ့ ဘာဖြစ်လဲ လွမ်းပါသည် အများကြီးလွမ်းပါသည် မနစ်က ဓါတ်ပုံများကို ပြန်ကြည့်သည်ဒီနစ်လဲ ဒီအတိုင်းဘဲ နေမှာပါလေ. ရှိတဲ့သက်ပြင်း ဆွဲချက ဖြေတွေး ဟော စောစောက မိုးရွာတာတောင်ကြားမိသေး ရန်ကန်ုမိုးများပွဲဖျက်တော့မလား ဖျက်ချင်ဖျက် မဖျက်ချင်နေ. လွမ်းချင်သူကတော့လွမ်းပါမည်. 










































ခဥမသည် လူက စလုံးအိမ်တွင် ထိုင်နေသော်လည်း. ခဥမစိတ်သည် ရေကျော်သို့ရောက်သွားလေ သည်. ပျော်တတ်သူမို့လူကြားထဲတွေင်ပျော်ပါသည်။  ခြားကြီးကြည့်ကာ ပျော်သည်. မစီးရဲသော်လည်းပျော်သည် စီးရဲသူများကို အံသြဘနန်းပျော်သည်။



မောင်အေးဘေးတွင် တစ်ခု ဗိုလ်ချုပ်လမ်းပေါ်တွင်တစ်ခုဖြစ်သည်။ စည်ကားလေသည် မိုးချုပ် ညကိုးနာရီမှ လာသောခဥမသည် လူမတိုးရတော့ချေ. တိုးချင်သော်ငြားလည်းအတော်နောက်ကျနေဘီဖြစ်သည်။





မုန့်ဆိုင်မျာိးကု ကြည့်ရသည်မှာ ပျော်သည် ဘာပျော်စရာရှိလို့ဒုံးဟု မခံစားတတ်သူများက မေးလျှင်တော့အသာနေပါအေ ဟု ဆိုကာ ဆွဲဆိတ်လိုက်မည်ဖြစ်သည်။






ပန်းချီကား ဆွဲ နေသောလူကြီးကု သဘောကျသည် ကမှာတလွားစင်တင်ပြီး ယူကျုတင်လိုက်ရလျင် ငါတို့မြန်မာကွဆိုက ဂုဏ်ယူနိုင်သေးသည်. စကူဖြူတစ်ချပ်သည် ချက်ချင်း ပန်းချီကားတစ်ချပ်ဖြစ်သွားလေသည်။ နန်းခင်ဇေယျာကို ဗုတ်နိုင်ကျသော်လည်း နောက်လူများကို သိတ်ဗုတ်နိုင်ကျတော့ပုံမရချေ. ကောင်မလေးကံကောင်းသည်. မြန်မာတို့သည် အသစ်အဆန်းအချောအလှကလေးတစ်ခုကိုအားရပါးရ ဝိုင်းနိပ်လိုက်ကြသည်မှာပျော်သွားကြပြီး လက်အံကုန်သွားကြပြီထင်သည် မည်သုမည်သို့တို့တို့သိတ်လှူပ်နိုင်ကြပုံမရချေ.။





ကောက်ညှင်းကျည်တောက်ကြီးများကြည့်ရသည်မှာ အားရစရာကောင်းလှသည် စားမည် စားမည် အားလုံးစားမည် ဈေးလည်းသက်သာသည် နစ်ရာကျပ်သုံးရာကျပ်ထင်သည်. အဖြူလည်းစားမည် အမဲလည်းစာမည် သိကြာလဲးထည့်မည် အုန်းသီးခြစ်ကလေးများလည်းထည့်မည်..




မနု့်မျှိုးစုံ အစုံဝယ်မည် စားချင်းသောသူများစားချင်စားမစားချင်နေ တစ်ခုစီတစ်မျိုးစီလျောက်ဝယ်မည်။  အမျိုးများကို ပေးမည် အမျိုးများကလည်းဝမ်းသာကြပေမည်။






သူများတွေ မြင်ကုန်ရင် ရှက်စရာကြီုးဆိုမလား မရှက်ပါဘူးအေ. ငါတို့မဆင်းရဲပါဘု. ဒီလိုမုန့်မျိုးလေးက ဒီလိုစားရတာ အရသာရှိတာ နီတို့မစားဘူးပါဘူးဟု ပြန်ပြောလိုက်မည်. ပုဇွန်ကြော်ကြီးများကို ဆလပ်၇ွက်အများကြီးထည့်ခိုင်းပြီးစားမည် ရေနွေးပူပူသောက်မည်.



လမ်း ၅၀ လား ၄၉ လမ်းလား. ဗိုလ်ချုပ်လမ်း ရေကျော်ဈေးအနီးတွင်  လမ်း ဒေါင့်နားလေးတွ င် အရင်က လေးဆယ့်ခြောက်လမ်း က အမျိုးများေ ရာင်းသော မုန့်ဟင်းခါးဆိုင်ရှိသည် သိမ်းနေသော ဆိုင်ကို မျက်နာပြကာ မှတ်မိတယ်ဟုတ်. စားချင်လို့ ရှိတာလေး ကြံဖန်ပေးပါ ဟုဆိုကာ စားရသော မုန့်ဟင်းခါးတစ်ခွက်သည် လွမ်းသူ့ကို လွမ်းစိတ်ပိုလေသည်.  ခဥမ သည်  Verbery hill သို့မသွားလိုပါ. . မြန်မာပွဲတော်လေးများကို လွမ်းဆွတ်နေသူသာဖြစ်သည်. ပြန်ပါလား ဆိုရင်တော့  .. အဟ. အဟ. တစ်နေ့တော့ခင်ပြန်လာပါမည်။





18 comments:

  1. လွမ်းပါသည်...မနှစ်က အဲ့ဒီမှာ ရှိသည်။
    အမကို မတွေ့တာ နာသည်။

    မိုးမင်းကြီး

    ReplyDelete
  2. စားချင်တယ် အမရဲ.
    ရန်ကုန်ပြန်ရင် ပွဲတော်တခုခုနဲ.တိုးပါစေ
    မုန်.တွေဝယ်စားပစ်မယ်

    ReplyDelete
  3. စားစရာတွေလွမ်းစရာ။ ထောပတ်ဘိန်းမုန့်ဆိုင်ကိုလည်းသတိရ၊ မောင်အေးက မလိုင်နဲ့နံပြားကိုလည်း သတိရ။ Lucky Seven က ဆိတ်မွထမင်းကြော်နဲ့ ပရီးမီးယားနှပ်ကော်ဖီကိုလည်းသတိရ။ ရေမုန့်တွေပါးလာလိုက်တာ။ အင်မတန်အရသာရှိသော ပို့စ်ဖြစ်ချေသည်။

    ReplyDelete
  4. ပွဲဈေးတန်းကို လွမ်းလိုက်တာ... ရေးထားတာဖတ်ပြီး ပိုစားချင်သွားတယ်.. ပုံတွေကလည်း အကြီးကြီးဆိုတော့.... ရှလွတ် :P

    ReplyDelete
  5. အိမ်လည်းလွမ်းတယ်။ စားစရာတွေလည်း လွမ်းတယ်။
    ဒီနှစ်လဲ သီတင်းကျွတ် မလည်ရပြန်ဘူးပေါ့။ ဘယ့်နှစ်နှစ်ရှိပြီလဲ ရေတွက်ချင်စိတ်လဲ မရှိတော့ချေ။
    အုန်းသီးကြော်များပါသောမုန့်နှင့် ရေမုန့်စားချင်စိတ်များသည် ကိုယ့်အားနှိပ်စက်ကြလေပြီ။ :P
    (လီယို)

    ReplyDelete
  6. ဘုရား..ဘုရား... အတော်ရက်စက်သော ဒေါ်ခဥမပါတကား..
    အောက်ဆုံးက မုန့် ဟင်းခါးပန်းကန်အရောက် သွားရေတွေ တကယ်ကို မျိုချမိတာ .... ဟင့်

    ReplyDelete
  7. အဲသာ ရဟတ်ခေါ်တယ်ကွဲ့..ချားဆိုတာ မြေပြင်ညီ လည်တာလေ.. ကလေးတွေ စီးတာ ။
    ၁။ ထမင်းနဲ
    ၂။ ကောက်ညှင်းကျည်တောက် (ရွာမှာ အမဲကြော်၊ တိုဟူးသုပ်တို့နဲ့ တို့စားတာ..။)
    ၃။ မုန့်သိုင်းခြုံ ( ဘလော်ဂါ TZA မမြင်ဖူးသောမုန့်)
    ၄။ ရေမုန့်... (အားးးး စားချင်လိုက်ထှာ )
    ၅။ မုန့်ငှား... (အဟင့် ... သွားအိပ်တော့မယ်။)

    ReplyDelete
  8. အမရယ်
    ပစ်ပစ်လည်း ရန်ကုန်ကိုလွမ်းလိုက်တာလေ
    ဒီမှာနေရတာ..လပြည့်တာတောင်
    လကိုသေသေချာချာမတွေ့ရတဲ့ဘဝ
    ငယ်ငယ်တုန်းကတော့
    သူငယ်ချင်းတွေနဲ့အတူပွဲဈေးလျှောက်ခဲ့တာ
    အခုတော့ တကယ်ကိုလွမ်းစရာဘဲ

    ReplyDelete
  9. လွမ်းပါတယ်ဆို အဟင့်..သူများတို့ မြို့မှာဆို စည်မှစည် အနီးအနားရွာတွေက လာကြတာ. ဘုရားပွဲကို...

    ReplyDelete
  10. ဒီနှစ်လဲစည်ပါသည်.. မိုးရွာပေမဲ့လဲသိတယ်မို့လားတနှစ်မှတစ်ခါကြုံရတာအပျက်မခံနိုင်ပါဘူး.. ဒါနဲ့ပြောရဦးမယ်..မနှစ်ကလိုဘဲဒီနှစ်လည်းလမ်း၅၀မှာကာတွန်းပြပွဲရှိပါတယ်..

    ReplyDelete
  11. သိပ်မလွမ်းတတ်တဲ့သူတောင် လွမ်းချင်သလိုလိုဖြစ်လာတယ်..
    (ပုံ အစားမက်သူတစ်ဦး)

    ReplyDelete
  12. ကောက်ညှင်းကျီတောက် စားချင်လိုက်တာာာာ....

    ဟက်ပီးသီတင်းကျွတ်ပါ မမ။း)

    ReplyDelete
  13. ရက်စက်ခြေပြီတကား..
    ကိစ္စမရှိ..
    နိုဝင်ဘာသုံးရက်နေ့ထိဆိုသောကြောင့်
    တစ်ရက်ရက်တော့ရောက်နိုင်ကောင်း၏
    အဲ့ချိန်ကျမှပြန်နှိပ်စက်မည်

    ReplyDelete
  14. why i cant read comment...
    can read post..


    pon/
    X Hton

    ReplyDelete
  15. ပွဲဈေးတန်းကမုန်.တွေဆိုအရမ်းကြိုက်တယ်။ခုဝါကျွတ်ပြီဆိုရင် မန်းလေးကပွဲတွေဆက်နေပြီ။

    ReplyDelete
  16. အဲလိုပွဲဈေးတန်းလျှောက်ပြီးမုန့်တွေစားချင်လိုက်တာ ...

    ReplyDelete
  17. လွမ်းပါသည် မုန့်ဟင်းခါးကို ဘဲမဥထည့်၍

    ပစ်ပစ်လေး ကို စားချင် ပါသည်

    ReplyDelete