Thursday, November 15, 2012

အမေ့အိမ်ကို ချစ်သမီးလွမ်းပါတယ်။ (credit:သီချင်း)

သူမသည် လုံချည်ခါးပုံစကို မကာ မျက်နာသုတ်လိုက်လေသည်။ တစ်ကယ်ဖြစ်သည် စိတ်ပျက်လက်ပျက်ဖြစ်သည်. သူများမိန်းမတွေ နေ့စဉ်ဘယ်လိုထမင်းချက်ကြသလဲ သူမမသိပါ. သူမသိသည်မှာ ဟင်းချက်ရသည်မှာစိတ်ပျက်စရာဖြစ်သည် ဟင်းချက်ရသောနေ့များကိုသူ မုန်းသည်. ဝယ်စားတော့လည်းစားမကောင်း စားမကောင်းဆို ဈေးကြီးတာကို မှ မစားနိုင်ချေ။ သာမန်ဟင်း ချက်ကောင်းသော ဆိုင်နင့်လဲ မနီးချေ။ နီးသောဆိုင်သည်လည်း renovate အတွက်ပိတ်ထားသည်။ အကောင်းကြီးတွေ ကို ဘာတွေ renovate ကြသည်မသိ. သူမတောမျက်စေ့နင့်ကြည့်လျင်တော့အကောင်းကြီးပင်ရှိသေးသည်။ သက်ပြင်းကုချကာ ဟင်းချက်သည်နေ့ဝက့်ုကုန်ပါပေါ့ လက်သည်လည်း ငရုတ်သီးနယ်မိသောကြောင့်ပူစပ်နေသည်။

ထမင်းကြမ်းများသည် များဆို စားမှ မစားချေ. သို့ဖြစ်ရာ ထမင်းကြော်သည် အိုဗင် အဲလေ အာဗင် ပျက်သွားသည် ထင်သည် ထည့်လိုက်ပြီး မီးခလုပ်နိပ်လျင် အထဲတွင် မီးပွင့်သည် ဆိုတော့ပျက်ပြီထင်သည် သွားမဝယ်ဖြစ်သေးသောကြောင့်ခဲနေသော ပဲံပြုတ်ကို အထုတ်လိုက်ရေစိမ်လိုက်သည် နဲနဲပျော့သွားသည်ထမင်းနင့်နယ်လိုက်လျင် ပိုပျော့သွားမည်ထင်သောကြောင့် ထမင်းသာ ကြော်သည် ပုဇွန်ခြောက်မှာ နဲနဲကြာလာသောကြောင့်အနံကလေးနဲနဲရှိရာ ရေဆေးပြီး ကပ်ကြေးနင့် စိပ်စိပ်ကိုက်ခါ ဖြူးလိုက်သည် အနံ့ပျောက်သွားသည် ပိုပျောက်ရန် ငရုတ်ကောင်းမုန့်ကလေးပါ နဲနဲ ထပ်ဖြုးလိုက်သည် စားသူမရိပ်မိတော့ချေ. သိတ်ကောင်းတယ်ဟု ထင်သွားရှာသည်။

























ဖိုးစိန်အသုပ်ကိုမျက်စေ့ထဲကမထွက်သောကြောင့်အားကျမခံသုပ်သည် ဘာသုပ်လဲဆိုလျင် ခရမ်းချဉ်သီးသုပ် ဟု ခေါ်မည်.ကောင်းသည်ဟု မောင်က ပြောသည်။


























မျှစ်ကြော်ရင် ရေကိုင်တာ များလာသောကြောင့်ဟပ်ချိုးလာသည် သူမတွင် allergic rhinitis ရှိသည် အအေးမခံနိုင်ဆရာဝန်က ဆေးပေးသော်လည်းမှန်မှန်မသောက်. ရှူစရာဆေးရှိသောလည်းမရှူ.။ ဟက်ချိုးလွန်းသောကြောင့်မောင် မျှစ်လာကြော်ပေးသည် ရပလားမေးရာ သိဘူးလေ ကိုက်စားကြည့် နှူးရင် ရပြီပေါ့ ဟူ သူမက instruction ပေးသည်။ နဲနဲချဉ်သလို ဟု မောင်က ဆိုသော် သက်ပြင်းကိုချမိသည် နိုင်ငံခြားတွင် နေသော သူမတို့သည် မြန်မာစာ များကို မည်သို့စာေးနသည် မသိ မျှစ်ချိုသည် ဘာကြောင့်ချဉ်ရသနည်း ဆက်မစဉ်းစားတော့.ပဲပြုတ်ထည့်လိုက်သည် ချိုသွားလေပြီ.။ ချိုချက်မှတော့ချိုပြီပေါ့.။


























ပုဇွန်ဆိတ်ကလေးများကိုငရုတ်သီးစပ်စပ်လေးဖြင့်အခြောက်အစပ်ကြော်ချင်သော်လည်း လက်ကိုမယုံသောကြောင့် ချက်တတ်သော အချိုချက်သာ ချက်လိုက်သည်. ဟင်းဖြစ်သွားလေပြီ.



















အခြောက်ကြိုက်သော သူမအတွက်ဝက်အူချောင်းကြော်ထားသည် ဝက်အူချောင်းကြော်လျင် အခွံချွတ်ရသည် ကိုမောင်ပြောမှသိသည် တစ်သက်လုံးအခွံမချွှတ်ခဲ့စားတဲ့အခါစားမစားတဲ့အခါ ခွာပြစ် ဘယ်လိုစားခဲ့မှန်းတာင်မမှတိမိတော့. မောင်စားပြီးသော်မစားလည်းစားသည် ပန်းကန်ဆေးသိမ်းချင်သောကြောင့်ဖြစ်သည် ရန်ကုန်တွင် သန်းကောင်သန်းလွဲမှ ပြန်လာသော သူမကို အိမ်တွင်ကူသောညီမလေးက ထမင်းခူးကျွေးသည် အမြန်သိမ်းသည်ကို ကိုယ်ချင်းစာမိသည် ယနေ့အတွက်တာဝန်ကြေပေပြီ. မောင်သည်လည်းအချစ်တွေ  တိုးလတ္တံ့။




8 comments:

  1. ချိုချက်သောဟင်းများသည်ချိုမည်မှာသေချာပါသည်.
    မောင်အချစ်တွေတိုးသလို ဒိုးကန်လဲအချစ်တိုးပါသည်.
    ဆက်လက်၍ ချက်နိုင်ပါစေ ချို :P

    ReplyDelete
  2. မောင်သည်လည်းအချစ်တွေ တိုးလတ္တံ့။ ဒန့် ဒန့့်ဒန့် 

    ReplyDelete
  3. လက်စွမ်းပြတာလေးတွေ သဘောကျတယ် ခဥမရေး) သို့ပါသော်လည်း မောင်မပါရင် ဟင်းပုံစံပြောင်းသွားဖွယ်ရာရှိသည်လို့ မြင်မိ၏ :P
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4. ဒီတစ်ခါတော့ မောင်ပါလာပြီ။ ဖတ်လို့ပိုကောင်းတယ်။

    ReplyDelete
  5. အင်း မောင်ကိုလဲ ချက်ခိုင်းလေကွယ်
    ချင်ကာပူမှာ အလုပ်တူတူလုပ်ရတာ
    ချက်လဲတူတူပေါ.
    ကိုယ်ချည်းချက်နိုင်ပါဘူးနော်

    ReplyDelete
  6. သူများတွေ ရင်ခုန်ဘက်အပေါ်ချစ်တတ်လိုက်ပုံက....
    လာအားကျသွားပါ၏...အမ..ဟုတ်ပါ့..
    မောင်မပါလာရင် ဇာတ်လမ်းက တစ်မျိုးဖြစ်သွားမှာ
    သေချာတယ်..မြင်နေဒယ်..မြင်နေဒယ်နော်..

    ReplyDelete
  7. မောင်နဲ့ကျွန်မ သိပ်ချစ်လို့နေတာ... ဒန် တန် တန် သီချင်းဆိုတာပါ ခိခိခိ :D xD

    ReplyDelete
  8. အားပါးပါး တကယ်ချက်နေတာပဲ ... နောက်ဆိုချက်ရင်းပျော်လာမှာသေချာတယ်

    ReplyDelete