Sunday, December 16, 2012

16 December































ဟုတ်သည် မွေးနေ့ဖြစ်သည် အသက်ကတော့တွက်ကြည့်ရာ တွက်လို့ပင်မရ. များလွန်းသောကြောင့်ဘေးလူကို မေးယူရသည်။ ဖယောင်းတိုင်ထွန်းလျင် အများကြီးထွန်းရမည်စိုးသောကြောင့်မထွန်းတော့.မွေးနေ့တွင် အလုပ်တက်ရမည်မှာ မမိုက်ချေ။ ကြိုပြောထားသော် ရက်လွဲပေးမည်ဖြစ်သော်လည်း ခပ်ပေါ့ပေါ့နေလိုက်ရာ တည့်တည့်ကြီးပင်တိုးလေသည်။ ကိုယ့်မိုက်ပစ်နင့်ကိုယ်ပင်. လူအားလုံးကျမ်းမာချမ်းသာကြပါစေရန်သာ ဆုတောင်းရပေတော့မည်။



































လမ်းမထွက်ချင်သော်လည်း အိမ်တွင်ငြီးနေမည် စိုေးသာကြောင့်ထွက်ရသည် သွားစရာထွေထွေထူးထူးမရှိပါ။ bugis နင့် city hall ပင်ဖြစ်သည် bugis ရောက်သော်လည်းဘာမှ မလုပ်ဖြစ်. ယောင်လည်လည်ဖြင့် ဘာဂါဝယ်ကာပြန်လာ သည်ဝယ်ချင် ချမ်းချင်စိတ်မရှိ. အသုံးအဖြုန်းလိုစိတ်မရှိ အလုပ်၏ စိတ်ဖိစီးမှူရှိနေလေ ရာသိတ်မရွင်ချေ.

































မော်တော်ကားကြီးသိတ်လှသည်. အမှီလိုက်ရိုက်ရာ မမှီချေ။ ဘာလို့ရိုက်သနည်းဆိုသော်ကိုယ်ကြိုက်တာလေးကို အများသူငှါကို ပြချင်သောကြောင့်ဖြစ်သည် ဖဘ တွင် share သည်နင့်တူလှသည်။ ကိုယ်က ကြိုက်တိုင်း share နေလေရာအများသူငှာစိတ်အနောက့်အယှက်ဖြစ်ရသည်။ သူငယ်ချင်းတစ်ယောက်သည် share လွန်းလှသည် wall တစ်ခုလုံးသူ ရှယ်သည်နင့်ပြည့်နေသည် မှာ စိတ်နောက်သောကြောင့် not show in my feed လုပ်ရန်စိတ်ကူးနေသည်။
































ထိုနေရသည် ဒီဇိုင်းတစ်မျိုးမျိုးတော့အမျိုးမျိုးရှိသည် ယနေ့မှာ လှူပ်လျင် ခေါင်းလောင်းသံမြည်သော ကြေးချောင်းများ ဖြစ်သည် . ဖြတ်သွားဖြတ်လာတို့ဝင်လှုပ်ကြသည်. ဒတ့်ပိုံရိုက်ကြသည်။






















































































သောက်ချင်သည်။














































bugis မှ ပင်နီစူလာ city  hall သို့ပြန်လာသည်။ အနားရှိ ဟော်တယ်ကို မြင်သောအမေရိကားမှ သူငယ်ချင်းဆက်သွယ်သည် ကို သတိရသည် ၂၄ ရက်နေ့သူ့ကို လိုက်ပို့လည်ရန် တောင်းဆိုသည်ကို ငြင်းလိုက်သော သူသည်အတော်ဆိုးသည်။ နစ်ပေါ်င်းများစွာ ကွဲကွာနေသောသူငယ်ချင်းကို by right အရ လေဆိပ်မှာကတည်းက မော်တော်ကားကြီးဖြင့်သွားကြို့ကာ သွားလိုရာ လိုက်ပို့သင့်သည်. by left သူသည် လာမကြို ကားလည်းမရှိ ခွင့်လည်းယူလို့မရ ဟု ငြင်းဆိုလိုက်ရာသူငယ်ချင်းစိတ်ဆိုးသွားလေသည်။ သူရို့သည် ၂၄ . ၂၅ ရက်တွင် ခွင့်များလှိမ့်ယူ ထားကြသော အလုပ်မှ လူများကိုသာ စိတ်ဆိုးသင့်သည်၊ သူ့ကိုစိတ်မဆိုးသင့်ချေ. 










































အင်းလေး ဆိုင်မှလူများ ပြုံးပြလေရာ ခဥမမှန်းသိလို့လားမလုံမလဲဖြစ်မိသေးသည် သူရို့ဆိုင်ကို ကြော်ငြာပေးရွေ့ကျေးဇူးတင်ဟန်ရှိသည် သို့သော်အလကားမကျွေးသောကြောင့်သိသေးပုံမရ.










































ဖလူဒါလည်းကုန်သည်. ဘာဂါလည်းဝယ်ထားသေးသည် အတော် စားနိုင်သော သူပင်ဖြစ်သည်. မွေးနေ့ရှင်မဟုတ်လား ကိုယ့်ကိုယ်ကို ဒီလောက်တော့ပြုစုသင့်သည်ပေါ့ ဘာဂါသည် စလုံးခုနစ်ကျပ် မမငွေ ခြောက်ထောင်ကျပ်ခန့်...... ကြေးအိုးနင့်ဖာလူဒါသည် မြန်မာငွေ တစ်သောင်းကျပ်ခန့်ကျသင့်သည်။










































စားပွဲပေါါ်တွေ့သည်ကို ရိုက်သည်။








































































ယနေ့အတွက်ဝယ်လာသောအ ရာမှာ ဤမျှသာ ဖြစ်သည်။ လက်နိပ်ဒါတ်မီး . ထဲထည့်ရန်. တီဗွီ ရီမွုတ် ထဲထည့်ရန်. နာရီထည်းထည့်ရန်များဖြစသ်ည် ဟိုင်းလိုက်ပန်မှာ စာဖတ်လျင် လိုင်းတားရန်ဖြစ်သည် ။တဆင့်နီးလေလေဘီ။ အိုင်ဖုံး ကားချာချာလည်း ထပ်ဝယ်သည်. ချာချာတွေ များနေဘီ. မလေးသွားတုံးကတစ်ခါ. နိုကီရာဝယ်တုံးက တစ်ခါ အခုတစ်ခါ ကားလည်းမရှိဘဲ ကားချာချာသုံးခုပိုင်ရျင်သည် လည်းခပ်ချာချာဖြစ်၏။ ဂေါက်သည်ကတော့ပြောစရာမရှိ. Line ကြီးဖွင့်ထားပြီးသူငယ်ချင်းမရှိ. လာအက်မည်စိုးလို့တောငိပိတ်ထားလိုက်သေးသည်. တပင်ထဲ ရင်ထဲကနွယ်ဖြစ်၏။



18 comments:

  1. မမ.....ပျော်ရွှင်စရာ မွေးနေ့ ဖြစ်ပါစေ
    စိတ်ချမ်းသာခြင်း ၊ ကိုယ်ကျန်းမာခြင်းနဲ့ အမြဲ ပြည့်စုံပါစေ

    လွတ်ငြိမ်းလေပြေ

    ReplyDelete
  2. ပျော်ရွှင်ဖွယ်မွေးနေ.ဖြစ်ပါစေ မမခင်ဦးမေ။
    ကျန်းမာခြင်း ချမ်းသာခြင်းများနဲ.ပြည်.စုံပီး ဆက်လက်ပီး ပို.စ်များများရေးနိုင်ပါစေ ကြောင်း ဆုမွန်ကောင်းတောင်းပါတယ် မမ။

    ReplyDelete
  3. အာ.. မမကွန်မွေးနေ့ဗျာ.. ။ သိဝူးပျော်ရွှင်ပါစေ အစ်မ.။

    ReplyDelete
  4. ပျော်ရွှင်စရာ ကောင်းသော မွေးနေ့မင်္ဂလာ ဖြစ်ပါစေ အစ်မခင်ဦးမေ..။

    ရှေ့ဆက်လျှောက်ရမယ့် လမ်းတွေထက်မှာ ကျန်းမာချမ်းသာပြီး ခင်မင်နှစ်လိုဖွယ်ရာ မိတ်ဆွေသူငယ်ချင်းတွေ အများကြီးနဲ့အတူ ချစ်စရာကောင်းသော အရုပ်ကလေးများ၊ ပိုက်ဆံအိတ်များ၊ တယ်လီဖုန်းများ၊ အိုင်းလိုင်နာများ၊ ဓါတ်မီးနှင့် ဓါတ်ခဲများစွာတို့ကိုလည်း အလိုရှိတိုင်း ဆက်လက် တွေ့နိုင်ပါစေလို့ ချစ်ခင်လေးစားစွာနဲ့ ဆုမွန်ချွေ ခဲ့ပါတယ်ဗျာ...။း)

    ReplyDelete
  5. မွေးနေ့၁ရက်ထဲတင်မကဘူး မမ အမြဲတမ်းပျော်ရွှင်ပါစေ ဆန္ဒတွေအားလုံးပြည့်ပါစေ

    ReplyDelete
  6. Happy Birthday ပါမမ။
    အသူမောင်လေးနဲ.မွေးနေ့တူတူပဲ။
    ပျော်ရွှင်ပါစေနော်။

    ReplyDelete
  7. ပျော်ရွှင်ဖွယ်မွေးနေ့မင်္ဂလာရက်မြတ်လေးပါ ခဥမရေ။
    ဖေ့ဘုတ်မှာ မွေးနေ့ထည့်ထားပုံမရဘူး မမြင်လို့း)
    ဆန္ဒနဲ့ဘဝ ကိုက်ညီဘို့ခဲယဉ်းပေမယ့် အနီးစပ်ဆုံး ကိုက်ညီသူလို့ ယူဆထားတယ်။ ပို့စ်ကိုဖတ်တိုင်း စိတ်ထဲရှိတာ စားချင်တာ စား လိုချင်တာဝယ်နေတာတွေမြင်လို့ :P
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  8. ဟက်ပီဘတ်ဒေးပါမမ။ မမမွေးနေ့က ဇွန့်သူငယ်ချင်းနဲ့တစ်ရက်တည်းပဲ။ လက်ကီးဆဲဗင်းဆိုတော့ အမြဲကံကောင်းတတ်တယ် ဟုတ်...း)

    ReplyDelete
  9. မွေးနေ့မင်္ဂလာရက်မြတ်မှသည်....
    (လိုရာဆုတောင်းပါ..း))

    ReplyDelete
  10. Happy Birthday, မမကွမ်။ လွတ်လပ်ပြီး အေးချမ်းပျော်ရွှင်ဖွယ်ဘ၀လေး ရနေတဲ့ မမမို့ ဘယ်လို့ဆုတောင်းပေးရမှန်းကို မသိဘူး။ ခရီးတွေ အမြဲတမ်းထွက်နိုင်ပါစေ။ ရှော့ပင်းလည်း နေ့တိုင်းထွက်နိုင်ပါစေ။ ကားကြီးလည်း အမြန်ဝယ်နိုင်ပါစေ။ အများကြီးဆုမွန်ကောင်းတွေတောင်းလိုက်ပါတယ် မမရေ။
    (လီယို)

    ReplyDelete
  11. Happy Birthday KOM
    Moe

    ReplyDelete
  12. ဘာပဲဖြစ်ဖြစ်...

    ပျော်အောင်နေ

    ပျော်ပါစေ

    ReplyDelete
  13. မမကွန် ဟက်ပီးဘာ့ဒ်ဒေးပါ မမရေ....။ သူများတို့ဆို ချစ်ကြည်အေးပါ ဆိုပြီး မျက်နှာပြထားလိုက်တာပဲ၊ အလကားစားရတာပေါ့ သိလား ဟိဟိး)

    (နောက်တာနော် တကယ်တော့ ဒီက အားနာတတ်တယ် သိပ်အားနာတတ်တယ်...)

    ReplyDelete
  14. မကြီးကွန်
    ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေအမ
    ကြေးအိုးမြင်တော့စားချင်ထှာ..

    ReplyDelete
  15. အသက်ခြောက်ဆယ်မှသည် ခြောက်ရာခုနစ်ဆယ့်သုံးနှစ်တိုင်အောင် ...

    ReplyDelete