Sunday, September 1, 2013

1th september 2013

ခင်ဘဝတွှုင် ချစ်ခင်သူများနင့် မကြာခဏဝေးသွားလေ့ရှိသည်။ စကာပူရောက်တော့အစ်မများကို သိတ်မလွမ်း တူကလေးကို လွမးလှသည်။ ဘလော့ရေးရင်းနင့်သူငယ်ချင်းများရလာသည်။ သူငယ်ချင်းဆိုသည်မှာ နီးသူရှိသည် ဝေးသူရှိသည် ဝေးသူများကတော့ထားပါတော့ဝေးသည်ပေါ့ superficial သည် superficial ဖြစ်သည်။ deeply seated သည် ခင့်သူငယ်ချင်းများဖြစ်သည် လက်ချိုးရေရွေ့ရသည်။ သိတ်ချစ်လှပါသည် ဆိုသော ဘလော့သူငယ်ချင်းသည် ခင်ပို့သောမက်စိများကို မပြန်တော့ချေ. .။ ခင့်ကိုဖြတ်သွားသည်ဆိုပါစို့ ထိုကတည်းခင်သည် ဘလော့သူငယ်ချင်းများကို ခပ်စိမ်းစိမ်းသာနေသည် အရမ်းမခင်ရဲတော့။ ခင်သည် သူ၏ ဖုံးနံပါတ်ကို ဖျက်လိုက်လေသည်။ နောက်တစ်ဖန် ရှိထားသော သူငယ်ချင်းတစ်ယောက်သည် ခင့်ကို ဂျီတော့မှ remove လုပ်ကာ ခင်ပို့သော viber message များကို မပြန်တော့။ ခင်သည် မေ့လိုက်ရပြန်သည်။ နောက်သူငယ်ချင်းမလေးတစ်ယောက်သည် ခင့်ကို block လေသည်။ ခင့်အနီးအနားမှ သူများသာ ဖြစ်သည် အဝေးမှ လူမပါ. ခင်သည် ရင်နာရသည် သူမ၏ နောက်အကောင့်နစ်ခုကို ခင်သည် လက်စားချေသောအနေဖြင့် unfriend လိုက်သည်ခင်သည် နုသည် မမနုဖြစ်သည်. ချစ်သူများကို အရမ်းချစ်သည်။ ချစ်သူများက မချစ်လျှငိစိတ်မကောင်း ခင်မချစ်သူ ကချစ်လျင် လှည့်မကြည့်. ခင်ကိုမချစ်သော သူကို ဂရုမစိုက် ခင်ကလည်းချစ်ပါလျှက် သူတို့ကလည်းချစ်ပါလျှက်နင့်စိမ်းကားသော ဒဏ်ကို ခင်မခံနိုင်။ ခင့်တွင်အာရုံများများမရှိ . သူများတေါ လိုသူငယ်ချင်းများနင့်စားကာ သောက်ကာလည်းမရှိ.။ လည်လည် ထွက်ချင်းလည်းမရှိ။ east cost တွင် စက်ဘီးစီးစရာလည်းမရှိ. ကွန်ပြူတာကို သာ ကြည့်ကာ မျက်ရည်မဝဲသောလည်း စိတ်ထိခိုက်ရသည်။ ခင့်သူငယ်ချင်း အရင်းခေါက်ခေါက်သည် စကာပူတွင်ရှိသည်.။ ခင်နင့်အဆက်အသွယ်မရှိပါ။ ဤမျှ လောက်ဆိုလျင် ခင်ဆိုးသည် ကို သိလောက်ပြီ။ . အမှန်တော့ခင်သည် သနားစရာမကောင်းသော မိန်းမတစ်ယောက်ဖြစ်သည်။ ခင်ငိုမိလေသည်။ ကျသောမျက်ရည်ကို ပြန်သိမ်းသည် ခင်မငိုချင် မငိုချင်ပါ.......................

12 comments:

  1. 1/ သိတ်ချစ်လှပါသည် ဆိုသော ဘလော့သူငယ်ချင်းသည် ခင်ပို့သောမက်စိများကို မပြန်တော့ချေ. .။ ခင့်ကိုဖြတ်သွားသည်ဆိုပါစို့ ထိုကတည်းခင်သည် ဘလော့သူငယ်ချင်းများကို ခပ်စိမ်းစိမ်းသာနေသည် အရမ်းမခင်ရဲတော့

    2/ခင်သည် နုသည် မမနုဖြစ်သည်. ချစ်သူများကို အရမ်းချစ်သည်။ ချစ်သူများက မချစ်လျှငိစိတ်မကောင်း ခင်မချစ်သူ ကချစ်လျင် လှည့်မကြည့်. ခင်ကိုမချစ်သော သူကို ဂရုမစိုက် ခင်ကလည်းချစ်ပါလျှက် သူတို့ကလည်းချစ်ပါလျှက်နင့်စိမ်းကားသော ဒဏ်ကို ခင်မခံနိုင်။

    3/ ဤမျှ လောက်ဆိုလျင် ခင်ဆိုးသည် ကို သိလောက်ပြီ။ . အမှန်တော့ခင်သည် သနားစရာမကောင်းသော မိန်းမတစ်ယောက်ဖြစ်သည်။ ခင်ငိုမိလေသည်။ ကျသောမျက်ရည်ကို ပြန်သိမ်းသည် ခင်မငိုချင် မငိုချင်ပါ.......................

    အနော့်ရင်ကိုဖတ်လို့ စကားလုံးတွေ တလဟော ရေးချလိုက်သလိုပါပဲ.....

    မမနဲ့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ခံစားချက်တွေ စုပြုံ ၀မ်းပန်းတနည်းရေးမိတဲ့ပို့စ်း(

    http://kyiphyupaing.blogspot.sg/2013/08/solo.html

    ReplyDelete
  2. ဘ၀တူတွေ ရှိနေပါတယ်။ ဒီလိုပါပဲ .....၀မ်းနည်း အားငယ်မနေပါနဲ.။

    ReplyDelete
  3. မမချစ်...

    ခင်သည် atn ကို မသိချေ...

    ပုံ-
    atn

    ReplyDelete
  4. ချစ်ရသည်မှာ သက်ထက်ဆုံး ... :)

    ReplyDelete
  5. ဟန်ကြည်September 2, 2013 at 2:45 AM

    မရောက်ဖြစ်တာကြာသွားလို့ ဂျီးတော် ( အဲ ) ခဥမကို နောက်ဖို့ ချီတက်လာမိပါတယ်...ပို့စ်ပိစိလေးဖတ်ပြီး စိတ်ထဲမှာ တစ်မျိုးကြီးပဲ...ကိုယ်လည်း ဒီလိုလူစားဆိုတော့လည်း မနောက်ရက်တော့ဘူးဗျာ...အစစ အဆင်ပြေပါစေ...ပျော်ပျော်ကြီး ဘလော့ဂင်းနိုင်ပါစေ...

    ReplyDelete
  6. ကိုယ်ကဘယ်စာရင်းထဲကလဲ။
    ဂရုမစိုက်တဲ့စာရင်းထဲကလို့ ထင်မိတယ်။
    အအရ

    ReplyDelete
  7. မှားလို့ ...လှည့်မကြည့်တဲ့စာရင်းထဲကလို့ ထင်တယ်လို့ ဆိုချင်တာ။
    အအရ

    ReplyDelete
  8. ဘလော့ပေါ်မှာလူသိအများဆုံး သူငယ်ချင်းအများဆုံးခင့် ဒီပို့ စ်ကိုဖတ်ရတော့အံ့သြမိသည်.

    ReplyDelete
  9. ချစ်တဲ့အခါလည်း ချစ်ပါတယ်..
    မေ့တဲ့အခါလည်း မေ့နေတယ်ပေါ့
    မုန်းတော့ဖြင့် ဘယ်မမုန်း
    တာ့ကို နားလည်ပေးပါ ခင်ရယ်...:)

    ReplyDelete
  10. ခင် စိတ်မညစ်ပါနှင့် ခင့်ကိုချစ်တဲ့သူတွေအများကြီးရှိပါတယ်..

    ချစ်ခင်လျက်
    ဆုမြတ်

    ReplyDelete
  11. ဖတ်ပြီး စိတ်ထဲတစ်မျိုးလေးဖြစ်သွားတယ်..
    ဒါပေမယ့် ခံစားချက်တွေက တချို့နေရာတွေ တူနေတယ်
    သမီး လည်း မမနုပါပဲလေ

    ပျော်ရွှင်ပါစေ မမ

    ReplyDelete