Monday, October 5, 2009

FAR CRY

















အားတယ်မအားဘူးဆိုတာ စိတ်ထဲကဖြစ်တာပါဘဲ။ မအားပါဘူးဆိုတဲ့ကြားကတည်းက ကို လစ်တာနဲ့ ရု့ပ်ရှင်ရုံရောက်သွားတတ်တယ်။ ဘာကြည့်ရမလဲ လိုက်ရှာတယ် .ထုံးစံအတိုင်း ကြော်ငြာဘုတ်ကိုသာကြည့် လိုက်ပါ။ ရုံထဲရောက်သွားတယ်။ လူတော့ သိတ်မများဘူး။ မများဘူးဆို စောတာကိုး။ နောက်ဘက်နားက ခုံကို ယူပြီး ဘေးမှာ လူမလာတာနဲ့ couple seat ကို ပြောင်းပြီး ထိုင်လိုက်တယ်။ ပိုတန်သွားတာပေါ့။ ရုံ့ပ်ရှင်ကြည့်ရင်ခြေထောက်ကို ကုလားထိုင်ပေါ် မကြာခဏတင်ရတယ်။ အရပ်က ပုတော့ ခြေထောက်နဲ့ မြေကြါ်ီနဲ့က ထိလိုက် မထိုလိုက်နဲ့ ခြေထောက် အပေါ် တင်ထားတော့အေးရော။ ကာပယ်ဆိ ကတော့ပိုမိုက်တာပေါ့။ ခြေထောက်ကလေး အပေါ် တင်ထိုင်။ ဇိမ္ဘဲ။ လက်ကတော့ချမ်းတာနဲ့ လက်ပိုက်ထားရတယ်။ ချစရာမရှိ တာနဲ့လဲ အတော်ဘဲ။ အတော်ချမ်းတယ်။ ခိုက်ခိုက်တောင်တုန်တယ်။ ဒါတောင် well planed နဲ့ အနွေးထည်အထူယူလာတယ်။

ဇာတ်လမ်းလေးလား.ကောင်းပါတယ။် မင်းသားလဲကိုယ့်အကြိုက် မင်းသမီးလေးလဲ လှ တယ။် လှလို့လဲမင်းသမီးဖြစ်တာဘဲ။ အရ့ပ်ရှည်ရှည် ။ ပါးပါးလှပ်လှပ်. ဆံပင်ကလေးက လေး အခွေ အလိပ်က လေးတွေ နဲ့ ကိုမဆလာအကြိုက်ဘဲ။ နောက်မိန်းမများယူခဲ့မိရင် နောက် တစ်ယောက်က တော့အရပ်ရှည်ရမယ်ဟေ့ ဆိုတဲ့သူ့စံနဲ့ ကိုက်တယ်။ ပြောပြမိရင် သူ့ ဘာသာ သူလာကြည့် နေမယ်နဲ့ တူတယ်ဆိုပြီး မင်းသမီးလှ ကြောင်းမပြောပြ ဘို့လို့ ဆုံးဖြတ် လိုက်တယ်။

25 comments:

  1. ရုပ်ရှင်ကြည့်တာလဲ ကောင်းပါတယ်။
    စိတ်အပန်းပြေသွားတာပေါ့။

    ပျော်ရွှင်ပါစေ။

    ReplyDelete
  2. ကြည့်ဖို့အချိန်မရျိဘူး ကြည့်နိုင်တဲ့သူကိုဘဲ အားကျတယ်

    ReplyDelete
  3. Til Schweiger ဆိုတော့ ဂျာမန် ဒါမှမဟုတ် ဩစတြီးယား origin ဖြစ်မယ် ထင်တယ်။ Arnold Schwarzenegger ကသိတဲ့အတိုင်း ဩစတြီးယား မှာမွေးတာ။ မင်းသားက ယောက်ကျားပီသပေမဲ့ သိတ်တော့မမိုက်ဘူးနော်။ ကိုယ်က Matt Damon တို့ Mark Wahlberg တို့ကို ပိုကြည့်လေ့ရှိတယ်။ ဒီကားက action ဖြစ်မယ်ထင်တယ်။

    ReplyDelete
  4. ဓါတ်ရှင် ကြည့်လိုက် မုန့်တွေစားလိုက် နဲ့...
    ဂျီတော်တို့ ကတော့ဟန်ကိုကျနေတာပဲ...
    အလုပ်တွေပိနေချိန်...ဂျီးတော် post လေးဖတ်ရတော့
    ကိုယ်ကြည့်ရသလို..အပန်းပြေတာပါပဲ....းD

    ReplyDelete
  5. မမ .. တော်တော် ရုပိရှင်ကြည့်နိုင်တာပဲ

    အရပ်ပုတဲ့သူချင်းချင်း ကိုယ်ချင်းစာပါတယ် -_-

    ReplyDelete
  6. ကျွတ်စ်...ကျွတ်စ်.... သနားပါတယ်..

    ကိုမဆလာ မပါမှ ကာပယ်ဆိမှာ ထိုင်ရရှာတယ်.... ကွိကွိ

    ReplyDelete
  7. မင်းသမီးက တကယ်ကိုလှပါပေ့...

    ReplyDelete
  8. weekend ဆိုတော့ ဈေးကြီးတာပေါ့... :)

    ReplyDelete
  9. မင်းသမီးကို လှတယ် ပြောမလို့ဟာ မမကို အားနာတာနဲ့ပဲ... ခစ်..

    ReplyDelete
  10. ကြည့်ချင်လာပြီ..မင်းသား အဲလေ မင်းသမီးလှတယ်ဆိုလို့ပါ။ တို့က လှတဲ့သူတွေဆို ချစ်ပြီးသား။

    ReplyDelete
  11. ဒို့လည်း ကြည့်ခဲ့ပါ၏ .. ဒါမယ့် G-force.. :DD

    ReplyDelete
  12. အင်း ကျွန်မလည်း အရပ် ၅ပေ ၈လက်မလောက် သိပ်ဖြစ်ချင်တာပဲ။

    ReplyDelete
  13. အပေါ်ကလူရိုင်း လှချေလား
    မြန်မာလူမျိုး မဟုတ်ဘူးလား

    အစ်မရေ ကျမလဲကြည့်ပြီးပြီ
    မဆိုး ပါဘူး


    ဝင့်သီရိကျော်

    ReplyDelete
  14. မမ
    တခေါက် ပြန်လာရေးတယ်။
    အရပ်ပုလို့ အားမငယ်ပါနဲ့၊ အဖော်ရှိပါတယ်။

    ချိုသင်း ဘောင်းဘီရှည်ဝယ်ရင် အိမ်က မောင်ကြီးက “သူများ ကွာတား၊ ချိုသင်း ကွက်တိ” လို့ အမြဲပြောတယ်။ သူများ ကွာတား ဘောင်းဘီလေးတွေမှ ချိုသင်းနဲ့ ကွက်တိ အတော်ပဲ ဖြစ်နေလို့ပါ။
    ရေစက်ပါပဲလေ.. :)

    ReplyDelete
  15. မ၀င့်သီရိကျော်
    craton ပြောတဲ့ G-force ဆိုတာ ရုပ်ရှင်ကားလေ...
    ခင်ဗျားကဘာတွေရှောက်စဉ်းစားနေတာလဲ..
    သြော်...အံ့ဖွယ်သုတ..ပါလားနော်..

    ReplyDelete
  16. စုစည်းထားသော kom စီဘောက်ရဲ့အတင်းလိုလိုသတင်းတွေပါ


    Boyz ဆိုတာ ကောင်မလေးတွေအကုန်လုံးကို သမာဓိပိုးပိုး နေသူ
    kom က နောက်မီးလင်းချင်သူ၊ ယောက်ကျားင်္ အိပ်ချိန်မနက်လင်းအားကြီးချိန်မှ blog posts တင် မောင်လေးတွေနှင့် chat room ပြော အီစီကလီရိုက်လေ့ရှိသူ
    myo ဆိုတာ ရုပ်ကလေးလေးချစ်စရာ နဲ့ ဟိုလိုလဒီို လိုလိုနဲ့ ပဲများသူ

    pauk ဆိုတာ ခလေးအမေ သို့ပေသိ ကြင်ယာလိုချင်သူ
    mae က စေ့စပ်ထား သူ ရှိပြီး နောက်မီးလင်းချင်သူ အီစီကလီများသူ၊ တစ်လောက steve နှင့် အီနေစဉ် သူ့ဘဲမိ၍ steve ကို email နှင့်လှမ်းဆဲ၍ steve က သူ့blog မှာတင်ရေး သောကြောင့် အရှတ်ကွဲခဲ့သူ
    အခုလဲ boyz နဲ့ July Dream ကိုလိုက်အီနေသူ


    sdl (ဆင်ဆင် လို့ခေါ်ကြတယ်) က တော့ အီစီကလီမဟုတ်ပဲ
    အိမ်ထောင်သည် ခင်စရာကောင်းသူ

    n n ဆိုတာ ရူးပေါပေါ နဲ့ ဘဲတွေလိုက် ရောနေသူ
    ရွာသားလေးဝိုင်တီယူ ဆိုတာ ဖွန်သိတ်မကြောင် စာရေးကောင်းသူ ဒါပေသိ Boyz လို သမာဓိ လိုင်းလိုက် နေသူ
    Mr DBA ဆိုတာလဲ သိတ်မဆိုးပါ sdl ကို ညီမလေး ညီမလေး နှင့် အတင်းလိုက်ကပ်ရုံကလွဲပြီး

    wwkm ဆိုတဲ့Japan ကမမ ကလဲ ချောချောလေး နဲ့ စိတ်ထား ကောင်း သူပါ တစ်ခါတစ်လေအကြွား သံရုံလေးကလွဲ ပြီး (တစ်ခါတစ်လေမှစီဘောက်လာသူ)

    ဝတ်ဝံလေးဆိုတာ ပဲမကြွေး တကြွေး တတ် နှင့် ရီးစားရှာနေသူ အပျိုမ ငယ်လေး

    vista ဆိုတာ ကျားလား မလား မသေချာ ပေမဲ့ အချစ်လို့kom ကအမြဲ ခေါ်လေ့ရှိသူ

    သစ်သစ်က တော့ နန့်နန့် တက် အိနြေ္ဒမဆည် နိုင်လောက်အောင် ဘဲလိုချင်နေသူ
    Rita ကတော့ စာကြီး ပေကြီး တွေဖတ် ပြီး တည်ကြည်သူ

    Steve နဲ့ Boyz က တော့ KOM ရဲ့ favourite အမြှောင်နှစ်ကောင်

    kkmg ဆိတဲ့ ငနဲ ကတော့ အရည် အချင်းမရှိ ဘယ်ကောင်မလေး မှ မကပ် နိုင် တော့ ပြိုင်ဘက်ယောက်ကျားသားတွေကို ထိုင်ဆဲဖို့စီဘောက် မှာစောင့်နေလေရဲ့... ကျွတ...်ကျွတ်...ကျွတ်

    Myo နဲ့ Thit Thit က လဲ အပျို မလေး တွေ ဆို တော့ အအို တွေ လောက် ပညာမ စုံ လေ တော့ ဘဲလိုချင် ပေမဲ့ နောက်ကောက်ကျနေ လေရဲ့

    မမိုးချိုသင်းကတော့ လေးစား စရာ ကောင်းတဲ့ စာရေးကောင်းသူတစ်ယောက်ပါ၊ ပဲလဲမဟုတ် အီစီကလီလဲလုံးဝမဟုတ်သော အမှန်ကန်စာရေးသူတစ်ယောက်ပါ

    July Dream ဆိုတဲ့ ရဲ့ လခ မရ KOM ရဲ့ စီဘောက်စောင့်တဲ့ ကောင်ကလဲ KOM ကို ကြာကူလီ ခိုဖို့ စောင့်နေတာ အခွင့်အရေး မရသေးဘူးဖြစ်နေလေရဲ့၊ အဆဲကလဲ အတော်ပုတ်ဆိုပဲ

    ReplyDelete
  17. ခင်မင်းဇော် ဆိုတဲ့အသက်ကြီးပြီးအချိန်မစီးသူ အကြောင်းသိချင်ကြ သေးလား
    ထိုင်းနယ်စပ်မှာနေ တိုင်းပြည်ချစ်သလိုနဲ့ နိုင်ငံရေး ယောင်ယောင် တွေလုပ်
    သူ့သားအရွယ် bloggers လေး တွေနဲ့ ဖက်ရန်ဖြစ် နဲ့
    သူနဲ့ယှဉ် တော့ မမ kom လိုပေါတောတောတွေရေးပြီး ကောင်လေးတွေ ဖန်နေတဲ့သူကမှသာသေးတယ်

    "mae ရေဓတ်ပုံတွေကိုဘာလို့ အတင်း လိုက်ပိတ်တာလဲ
    ကိုယ် ကရိုးသား ရင် ဗြောင်ပဲပေါ့
    တို့ဆီမှာက copies တွေ အများကြီးရှိသေး တယ်
    ဘယ်သူ့မှမပြပါဘူး
    ခလေးရှိရှိ စေ့စပ် ထားသူရှိရှိ မိန်းမတွေ အီခွင့်ရှိပါတယ်
    နှစ်ဆယ့် တစ်ရာစု လေ၊ "

    ဆောင်းဆိုတဲ့ England ကမမ ဝဝ (အဲ ဝဝ လှလှ) ကလဲကြင်ယာရှာနေသူဟုတ်ပုံမ ရပါ၊ စာရေးတော့မကောင်း၊ myanmar blogger society ထဲမှာ ဓတ်ပုံကြည့်လို့ရပါတယ်
    နီညမ်း ဆိုတမနန်းညီ ကလဲ July Dream ကို လိုက်ပိုးနေပေမဲ့ မအောင်မြင်သေးပါ

    ညီလင်းဆက် နာမည်ကြီးလွန်းတယ်၊ လူတွေပြောကြတယ်
    မိန်းမယူတော့မယ်ကြားတော့
    တစ်ချို့ကောင်မလေး တွေ ငိုကြတယ်ဆိုပဲ
    ဒါနဲ့ သူ့ Blog သွားကြည့်ဖြစ်တယ်
    သမိုင်းရူး ယောင်ယောင် technology ရူး ယောင်ယောင်
    ကဗျာရူးယောင်ယောင် စာရေးဆရာရူးယောင်ယောင် နဲ့
    comment တစ်ခုမှ မရ တာကြာပြီ ဖြစ်သော ကိုယ့် computer တောင် ကိုယ်မပြင်တတ်တဲ့
    ယောင်ခြောတ်ဆယ် ဖြစ်နေတာကိုး

    ရွှန်းမီ ဆိုတဲ့ကောင်မလေး လဲ ဘဲလိုချင်နေရှာတယ်၊ ဒါပေမဲ့ ဂေါက်တောက်တောက် တွေရေးပြီး ကြောင်နေတော့ ဘဲမရဘူးဖြစ်နေရှာတယ်

    မနိုင်းနိုင်း စနေ ကတော့ လေးစားစရာ ကောင်းတဲ့ ဘာသာပြန်ပုံပြောသူပဲ။ မနိုင်းရဲ့ စီဘောက်အုပ်စု လဲစာရေးကောင်းသူတွေပဲ kom ရဲ့ဖွန်အုပ်နဲ့တော့ တစ်ခြားစီ


    ခပ်မြင့်မြင့် လို့သူ့ကိုယ် သူ ဆောင့်ကြွားကြွား နာမည်ပေးထားတဲ့ကောင်ပေါက်စ လေးကတော့
    မမြင့်တဲ့ခပ် ညံ့ညံ့ posts တွေကြိုးစားပမ်းစားတင်ထားတယ်၊ yangon အကြောင်းကိုပဲ kom ဆီက copy ကူးပြီး ထပ်တစ်ရာရိုက်နေလေရဲ့
    တစ်ကယ်ဆိုရေးပါလား သက်တန့်ချိုတို့လို မြန်မာပြည်တွင်း အကြောင်းရောတစ်ခြား ထူးဆန်းစရာ လေးတွေရော ဖွဲ့နွဲ့ပြီးတော့

    နုသွဲ့ ဆိုတဲ့စိတ်ရောဂါ ကုဆရာဝန်ဖြစ်ပုံရတဲ့ အမျိုးသမီးကတော့ စာရေး ကောင်းပါတယ်
    ဒါပေမဲ့ post အများစုက အလွန်ပဲငြီးငွေ့ စရာကောင်းတယ်
    အထူးသဖြင့် ကား ဍီကာ ချဲ့လွန်းတယ်၊ ကားမောင်းပြီးသူများ (သူ့ရဲ့ Boss နဲ့ အီစီကလီ) ကို လိုက်ပို့ရတာ ခဏခဏ နဲ့ နောက်ဆုံးကားဝယ်တာနဲ့အဆုံးသတ်ထားတယ်။
    ကားမောင်းခြင်း အကြောင်းရေးတဲ့ Mr DBA နဲ့ဆိုရှေ့သွား နောက်လိုက် ညီလိုက်မဲ့ဖြစ်ခြင်း


    Top 50 myanmar blogger ထဲမှာ ranking ၂၆ ရှိတဲ့ TZA ကတော့ အတော်လေး ကောင်းပါတယ်၊အရေးသား နဲ့ တင်ပြချက်တွေက တစ်မူထူးပါတယ်၊ ဒါပေမဲ့ စကား အတော်များပုံပဲ၊ အတွေးခေါင်တာလား ဂေါက်တာလားမသိ၊ language သုံးမျိုးနဲ့ရေးတော့ Browser တွေပြောင်းဖတ်နေရ တာ တစ်လုပ်

    Ranking 22 ကိုပေါ ဆိုတဲ့ လူကတော့ နာမည်နဲ့လိုက်အောင်ချာပုံရပါ တယ်၊ဘာမှမဟုတ်တဲ့ ယောင်ခြောက်ဆယ် ညီလင်းဆက်ကိုကြည်ညိုလိုက် ရတာအမော

    ReplyDelete
  18. ညီမမြတ်နိုးခင်ရေ..

    ညီမလေးတစ်ယောက်လို ခင်မင်စွာနဲ့ စကားနည်းနည်း
    ပြောချင်ပါတယ်နော်.
    ဘာဖြစ်လို့ အကုသိုလ်တွေကို ကိုယ်တိုင်ယူနေရတာလဲ
    ညီမ။တစ်ခါတလေ ကုသိုလ်လုပ်ရင်းတောင်မှ စိတ်မထားတတ်ရင် အကုသိုလ်စိတ်တွေဖြစ်သွားတတ်
    တယ်လေ။ ညီမက ဘာမှ မဟုတ်တဲ့ကိစ္စတွေအတွက်
    အကုသိုလ်တွေ မယူပါနဲ့လား ညီမရယ်။အစ်မ စေတနာနဲ့
    ပြောပြတာပါနော်။
    ညီမပြောလို့ လူတွေ စိတ်ဆင်းရဲကြမယ် ၊ ပူလောင်ကြ
    မယ် ၊ အကုသိုလ်တွေ ဖြစ်ကြရင် အဲဒီဝဋ်ကြွေးတွေကို
    ညီမ ပြန်ခံစားရလိမ့်မယ် ညီမရေ။
    တခါတလေ ၀ဋ်ဆိုတာ နောင်ဘ၀တောင်မကူးပါဘူး။
    ဒီဘ၀မှာတင် ပြန်လည်တတ်ပါတယ် ညီမ။
    ညီမက လူတွေအများကြီးကို လက်ညှိုးထိုးပြီး ဘယ်သူကဘယ်လို ဖြစ်နေတယ်ဆိုတာကို ပြောရတာ
    ညီမပျော်ရွှင်နေသလား။ညီမစိတ်ထဲမှာ ပျော်ရွှင်နေလို့
    မဟုတ်ပဲ သူတစ်ပါးကိုပြောချင်တဲ့စိတ်ဟာ ပူလောင်နေ
    မှာပါ ညီမ။ ညီမက အခု လူတွေအများကြီးကို ကောင်း
    တာပြောသလို ၊ မကောင်းတာတွေပြောနေတယ်.
    နောင်တချိန် ညီမ၀ဋ်ပြန်လည်ရင် ညီမကတစ်ယောက်
    ညီမကို ၀ိုင်းပြောခံရမယ့်သူတွေက အများကြီးပါ ညီမရေ။
    စိတ်ကူးနဲ့ပဲတွေးကြည့်လိုက်ပါဦးနော်. တကယ်ကြောက်စရာကြီးပါ။

    အစ်မတို့ဟာ နိုင်ငံခြားမှာ ရောက်နေကြလို့ စိတ်ထွက်ပေါက်အနေနဲ့ စာရေးကြတာပါ။ဖြစ်နိုင်ရင် ကွန်ပြူတာ ရှိနေမှ အသက်ရှင်ပျော်ရွှင်နေရတဲ့ ဘ၀ကြီး
    ကိုငြီးငွေ့နေပါပြီ။ ဒီလိုပဲ ခင်ခင်မင်မင် မောင်နှမစိတ်တွေနဲ့ စကားပြော စနောက်ဖြစ်ကြတာ
    ဖြစ်ပါလိမ့်မယ် ညီမရေ။

    အားလုံးကို နားလည်ပေးလိုက်ပါနော်.
    ညီမကို အကုသိုလ်တွေ ဒီထက် ထပ်မရစေချင်ပါဘူး။
    ဆရာကြီး မလုပ်ချင်ပေမယ့် ဆရာကြီးလုပ်သွားပါတယ်
    ညီမရေ။ညီမကို အကုသိုလ်တွေ ထပ်မရစေချင်လို့ပါ။

    အားလုံးအပေါ် မေတ္တာထားနိုင်ပါစေ ညီမ။

    ညီမမြတ်နိုးခင် နှလုံးစိတ်ဝမ်းချမ်းမြေ့ပျော်ရွှင်နိုင်ပါစေ။

    ReplyDelete
  19. ကိုရင်လက်ဆင်းက.. ကောမန့် တစ်ခုမှ မရဘူး ?????? ( တီkom.. စီပုံးထဲက ကြမ်းပြင်မှာ လှိမ့်လှိမ့်ရယ်နေတဲ့ အရုပ်လေး ငှားပါဗျာ.. )

    ReplyDelete
  20. ဘလောဂ့်ဂါနာမည်ကြီးတွေနဲ့ တစ်တန်းထဲ ရောပြီး အဝေဖန်ခံလိုက်ရပါလား။
    ဂုဏ်ယူရမယ်။
    ဒီလိုဝေဖန်နိုင်ဖို့ အားလုံးရဲ့စာတွေကို ဖတ်ရ၊သုံးသပ်ရနဲ့ အချိန်အတော်လေးပေးရမှာလေ။

    ReplyDelete
  21. မြတ်နိုးခင်အတွက်မြန်မာဘလော့ဂါတွေကို၇ှာရလွယ်အောင်
    တစ်စုတစည်းထဲဖော်ပြထားတယ်

    http://mm.iblogger.org/
    ဒီမှာ သွားကြည့်ပါ။သိပ်တော့ အပ်ဒိပ်မဖြစ်တော့ဘူး၊ဒါပေမယ့်မြတ်နိုးခင်အတွက် အသုံးတည့်မှာပါ

    ReplyDelete
  22. This comment has been removed by the author.

    ReplyDelete
  23. This comment has been removed by the author.

    ReplyDelete
  24. မြတ်နိုးခင်သို့

    ဍီကာမဟုတ်ပါ
    ဋီကာ လို့ရေးရပါတယ်

    ReplyDelete