Wednesday, October 7, 2009

Story of J>D




ပုလင်းတစ်လုံးရဲ့ story


ရန်ကုန်သွားတဲ့နေ့က ပုလင်းတစ်လုံ့းဝယ်သွားတယ်။ ဘာပုလင်းလဲ မေးမနေနဲ့။ အရက်ပုလင်းပါ။ လေဆိပ်မှာ ဂျုတီဖရီးဆိုင်ထဲဝင်သွားပြီး ဟိုကြည့်ဒီကြည့်။ ပုလင်းတစ်လုံ့း လောက်ဝယ်သွား ရင်ကောင်းမယ် လို့စဉ်းစားပြီး ရန်ကုန် ရောက်ရင် ချစ်သူ ခင်သူတွေ ကိုပေးရတာပေါ့ ဆိုပြီး ပုလင်း တွေ ကိုသွားလေ့လာတယ်။

အရင်တုံးကတော့ ဘလက်လေဘယ်တို့ချီးစ်ဗားစ် တို့ ဝယ်တတ်တယ်။ အဆင်ပြေသလို ပက်သက်ရာပက်သက်ကြောင်းကို ကန်တော့ ဘို့ဝယ်တယ်။ ဒီတစ်ခါကတော့ တစ်ခြား reason နဲ့ဝယ်တယ်။ jack Daniel ခေတ်စားနေတယ် ထင်တယ်ဆိုပြီး ကြားဘူးနားဝရှိတာ နဲ့ အဲဒါသွားလေ့လာတယ်။

အင်း ပုလင်းက နစ်မျိုးဖြစ်နေပြန်ပြီ။ one liter ရယ် ပုလင်းအသေးရယ်။ ဘာကွာသလဲ လို့ဆိုင်ကို ရှင်းပြခိုင်းတော့ ပုလင်းအသေးက အရက်ပြင်းအားပိုတယ်။ လိမိတက် အက်ဒီရှင်လဲဖြစ်တယ။် ပုလင်းကလေးကလည်းလှတယ်။ သောက်ပြီးရင်လည်း အမှတ်တရသိမ်းထားချင်စရာလေး။ အင်း ဟိုပုလင်းကြီးကတော့ ကြီးတော့ကြီးပါရဲ့။ အရက်ပြင်းအားက ပျော့နေတယ။် ဘာဝယ်ရမလဲ ခေါင်းခြောက်သွားပြန်ရော။ ကိုယ်မကျွမ်းကျင်တဲ့ အလုပ်များ တယ်ခက်တာဘဲ။

အဲဒါနဲ့ ခေါင်းကုတ်ပြီး အကြံထုတ.်. အဲဒီမှာတော့ အရက် သောက်တတ်တဲ့ သူတစ်ယောက်ကို သတိရပြီး ဖုံးဆက်မေးလိုက်တယ။် အကြံ့ပုချက် ကတော့ အရက်ကို သောက်တာ ပုလင်းကိုသောက်တာ မဟုတ်ဘူးဆိုတာနဲ့ အမြင်မှန်ရပြီး ပုလင်းကြီးဘဲ ဝယ်လိုက်တော့တယ်။ ဝါသနာရှင်များက သောက်ဘဲသောက်ချင်တယ်. ပုလင်းလွတ်ကိုတော့ သိမ်းချင်ပုံမရဘူးလို့ဘဲ ကိုယ့်ဘာသာကိုယ် ကောက်ချက် ချလိုက်တော့တယ်။ ကိုယ်တို့ကတော့ ရေမွေးပုလင်းလေး ကုန်ုသွားတာတောင် အလွတ်ပုလင်း ကလေးကို အလှကြည့်ချင်တတ်သေးတာကိုး...

အဲဒါနဲ့ပုလင်းက ဝယ်ရော. စလုံး ၄၀ ကျော်ပါဘဲ ။စတန်းဒတ်ပေါ့။ ပလက်စတစ်အိတ်နဲ့ ဆိုတော့လေဆိပ်ထဲ ဆွဲရတာတော့သိတ်မဆင်မပြေဘူး။ ပုလင်းကြီးဘဲ အောက်ပြုတ် ကျပြီးကွဲတော့ မလိုနဲ့အသည်းယားမိတယ။် အဲဒါနဲ့ အဲဒီပုလင်းကြီးက ရန်ကုန်ပါလာရော။ စီတီမက်မှာမြင်ခဲ့တာ သုံးသောင်း။ ပုလင်းက တစ်ပုလင်း.. ပေးချင်တဲ့သူက များနေတယ။် တစ်ယောက်ကို တီးခေါက်ကြည့်တော့ သောက်တတ်ဘူးတဲ့။ တစ်ယောက် ကို တီးခေါက်က်ြည့တော့ဘီယာဘဲသောက်သတဲ့။ အင်း .. နားခိုရာဆိုရင် ဘယ်လိုနေမလဲ..သောက်တတ်မဲ့ပုံဘဲလို့စဉ်းစားတယ။် ဒါပေမဲ့ သူ့ကြည့်ရတာမိန်းမ ကို မလွန်ဆန်ရဲလို့ သောက်ရဲပုံမပေါ်ဘူး ။ ဒါဆိုရင်..ကိုနဗနရော.. ဟင်း.. ဖုံးနံပါတ်မရှိပါလား။။။။။။။။။ ဒီလိုဆို နန်းညီတို့ ပြည့်ုကို ဘလော့ဂါတွေ သွားကြမယ်ဆိုဘဲ။ ညီလင်းဆက်ကော ပါမလားမသိ. ..ပေးလိုက်ရင်ကောင်းမယ်ထင်တယ်။ ဟိုတစ်ခါက ကိုခင်မောင်အေးက သူ့ကိုဘာကြီးလဲမသိ ပေးဘူးတယ်။ ကိုယ်က မဖြစ်စလောက်နဲ့သွားနောက်နေသလိုဖြစ်နေဦးမယ်။ . နန်းညီတို့ ဖိုးဂျယ်တို့ အုပ်စု…မဖြစ်သေးပါဘူးလေ. ခလေးတွေ ပျော်ချင်လို့သွားတာ တော်ကြာနေ ညဘက် မူးနေကြရင် မပျော်နိုင်ရင်ခက်မယ်။ စိုးဇေယျကော..သူက လဲ ကိုယ့်ကို သိတ်ခင်ပုံမရဘူး။ တစ်နစ်မှ နစ်ခါတောင် မမြင်ရဘူး။ ဘာလာဂေါက်.. ကိုယ့်ကိုရှိတယ် ဆိုတာတောင် သိပါ့မလားမသိ. .။ ရန်ကုန်က ဘလော့ဂါတွေ များ သွေးကြီး လိုက် ကြတာ.....ကဲပါလေ………့ရှိပါစေတော့ …ထားခဲ့လိုက်တော့..museum ထဲမှာ.. . ဘာလုပ်ရမှန်းမသိတဲ့အတူတူ......

31 comments:

  1. မကွန်
    ကျွန်တော်သောက်တတ်တယ် အရမ်းကြိုက်

    ReplyDelete
  2. ပြတိုက်ထဲဆို မှိုတက်သွားမှာပေါ့ နှမြောစရာဘဲ

    ReplyDelete
  3. I do like JD flavour than scotch.

    ReplyDelete
  4. ဒီမိုကရေစီအရေး လှုပ်ရှားသူ အမျိုးသမီးများ ထိန်းသိမ်းခံရ

    ရန်ကုန်မြို့မှ ဒီမိုကရေစီအရေး လှုပ်ရှားဆောင်ရွက်သူ အမျိုးသမီး ၄ ဦးကို အာဏာပိုင်တို့က စနေနေ့တွင် ဖမ်းဆီးလိုက်ကြောင်း သိရသည်။

    ဒဂုံမြို့သစ်ရှိ မကွေးစာသင်တိုက်သို့ သွားရောက် ဆွမ်းကပ်ရာမှ အပြန်တွင် ထိုသို့ ဖမ်းဆီးခံလိုက်ရသူ အမျိုးသမီး ၄ ဦးမှာ ဒေါ်နော်အုန်းလှ၊ ဒလ မြို့နယ်မှ မစန်းစန်းမြင့်၊ ဒဂုံ မြို့သစ် တောင်ပိုင်းမှ မချို၊ သင်္ဃန်းကျွန်းမြို့နယ်မှ မချိုဝေလွင် တို့ ဖြစ်သည်ဟု ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက်များက ပြောသည်။

    ၄ ဦးစလုံးမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များ ဖြစ်သည့်အပြင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အပတ်စဉ် အင်္ဂါနေ့တိုင်း ရွှေတိဂုံဘုရားသို့ သွားရောက်ပြီး ဝတ်ပြု ဆုတောင်းကြသူများ ဖြစ်သည်။ ထိုအဖွဲ့အား ဦးဆောင်သူများထဲတွင် ဒေါ်နော်အုန်းလှက အထင်ရှားဆုံး ဖြစ်သည်။

    သောကြာနေ့က ဒေါ်နော်အုန်းလှ အပါအ၀င် ဒီမိုကရေစီအရေး လှုပ်ရှားသူ တချို့က ရန်ကုန်တိုင်း တရားရုံး အနီးသို့ သွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ အယူခံလွှာနှင့် ပတ်သက်ပြီး မည်သို့ မည်ပုံ စီရင်ချက် ချမည်ကို လေ့လာခဲ့ကြသည်။

    “ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယူခံလွှာကို အမိန့်ချမယ့် နေ့က ဒေါ်နော်အုန်းလှက ရင်ဘတ်မှာ ထိုးဖို့ ပန်းတွေ လိုက်ဝေခဲ့သေးတယ်၊ အဲဒီတုန်းက မဖမ်းဘဲနဲ့ နောက်ရက်မှ ဖမ်းလိုက်တာ” ဟု ဒေါ်နော်အုန်းလှနှင့် နီးစပ်သူ တဦးက ပြောသည်။

    ဒေါ်နော်အုန်းလှသည် တက်ကြွသည့် နိုင်ငံရေးသမားတဦး ဖြစ်ပြီး မကြာခဏ ထိန်းသိမ်းခံရသူတဦး ဖြစ်သည်။

    ReplyDelete
  5. I thought whisky comes as 40% only. Now new knowledge! "Limited edition has higher concentration"

    Box is missing?

    ReplyDelete
  6. ဘယ်နားက ပြတိုက်လဲ ဂျီးတော်ရေ...
    ကြည့်ယုံသက်သက်ပါ...
    ခု...သီတင်းသီလ ဆောက်တည်နေတာ..
    ကြာပါပြီ...း)

    ReplyDelete
  7. စလုံးဘဲ ပြန်သယ်လာခဲ့တော့ မမရာ

    ReplyDelete
  8. ဒီပဲပြန်သယ်လာခဲ့လိုက်တော့ပေါ့လို့... :)

    ReplyDelete
  9. မမရယ်
    ဒီပြန်ယူလာပြီး ရန်ကုန်ပြန်လက်ဆောင်လုပ်ပလိုက် ပြီးရော...
    နောက်ခဏခဏပြန်ပါစေလို့တောင် ဆုတောင်းဦးမယ် ဒီကလူတွေ...
း)))))

    ReplyDelete
  10. J D ဆိုလို့ ပြေးလာတာ....ဟီး

    ReplyDelete
  11. အလှကြည့်ထားလိုက်တာ မမမှန်တယ် စလုံးပြန်လာရင် သယ်လာဖို့လေ ဟုတ်တယ်ဟုတ်

    ReplyDelete
  12. ရော် .. ခက်ထှာ.. ဆုံးဖြတ်ချက်ကို ရဲရဲတင်းတင်း ပြတ်ပြတ်သားသား ချတာမဟုတ်ဘူး.. ပြည်သွားတုန်း အဲ့ဒါကြီးပါရင် အားလုံးပျော်မယ့်ဟာကို.. ခုတော့.. ခုတော့.. အဟင့် ..

    ReplyDelete
  13. ဟွန့်...ပုလင်းကလည်း ပန်းသီးစွပ်တဲ့ ဇကာနဲ့ စွပ်ထားတယ်...။

    ReplyDelete
  14. ဘယ်လိုလဲ အချစ် ရယ်၊ တို့က တွေ့ ဖို့တောင်းဆိုထားတာ
    ခင့် အိမ်က ငတ ကြီး yangon ပြန်တဲ့ အထိမစောင့်နိုင်တော့ဘူးကွာ
    ဒီည ငတကြီး လစ်တာနဲ့ ထွက်ခဲ့ နော်
    စောင့်နေ ကြ MRT station နားမှာပဲ
    လွမ်းနေတဲ့
    မောင်

    ReplyDelete
  15. အပေါ်က Blue ဆိုတဲ့ နှမလိုး
    မင်းမေ မင်းလိုးပါလား
    ကြောင် တောင်တောင်နဲ့ ငါတို့အုတ်စုထဲဝင်ရောဖို့မကြံနဲ့
    ဖင်ခေါင်းအသ နီလန် သွားမယ်မှတ်

    ဇင်မေ

    ReplyDelete
  16. မမ ဒီပုလင်းနဲ့ ထီးနဲ့ ရတဲ့ ပုလင်းက ဘယ်လို ကွာပါသလဲ?

    ညီလေး စိတ်ပိန်သွားပြီ.. သနားပါတယ်

    ReplyDelete
  17. မြန်မာပြည်က ဘလော့ဂါတွေအတွက်ပဲ သတိရတယ်။ စင်ကာပူက ဘလော့ဂါတွေအတွက်တော့ သတိမရဘူး။
    :(((

    ReplyDelete
  18. တိန် ... ပုံလေးကြည့်ပြီးပဲ မူးရတော့မလို ပြည်သွားတုန်းကသာရရင် ဘာပြောကောင်းမလဲ ...
    ရွှေဆံတော်ဘုရားပေါ် အမအတွက်ပါ ဆုတောင်းပေးကြလိမ့်မယ်ဖြစ်ခြင်း ...

    ReplyDelete
  19. အစ်မက အဝေးကြီးတွေ စဉ်းစားနေတာကိုး....

    ReplyDelete
  20. လက်ဆောင်ပေးဖို့ နဲ့  ကိုယ်သောက်ဖို့ ဆိုရင် sg dutyfree က၀ယ်ရင် စိတ်ချ၇တယ်. ရန်ကုန်မှာဝယ်ရင်တော့ အတုတွေများတယ် အတုထဲက အစစ်ရွေးနိုင်ရင်တမျိုးပေါ့ ဗမာပြည်မှာတော့ jack သိတ်မသောက်ကြဘူးနဲ့တူတယ် ပြောရင်းသောက်ချင်လာပြီ

    ReplyDelete
  21. ဟော်ဗျာ စောစောကပြောရောပေါ့။ သောက်ပေးပါတယ် ဟဲဟဲ။

    ReplyDelete
  22. သောက်တတ်ဘူး
    လူလိမ္မာလေးပါ... ဟီး

    ReplyDelete
  23. သိသလို တတ်သလိုနဲ့ မဆီမဆိုင် ဆရာကြီး ၀င်လုပ်လိုက်ဦးမှ။ ဟဲဟဲ။

    ဒီလိုပါ။ ဂျက်အင်ဒယ်နီယယ်က အမေရိကန်ဝီစကီပါ။ သူ့ကိုသောက်ရင် မီးသင်းနံ့ရတယ်ဆိုလားပဲ။

    ကောင်းမကောင်းထက် ဟောဒီ့က သားသားလေးတို့ မြန်မာပြည်မှာ ဘလက်ခ်နဲ့ ချီးဗာ့စ်တို့လို စကော့ရှ်ဝီစကီတွေကို လူကြိုက်များခြင်းသကာလ အတုပေါတယ်။ ဂျက်အင်ဒယ်နီယယ်ကျတော့ လူတိုင်းမသိလို့ အတုဖြစ်မှာ ပူစရာမလိုဘူး။ စိတ်ချလက်ချ သောက်လို့ရတယ်။ ဒါပါပဲ။

    ReplyDelete
  24. ဒီမှာ ဒီမှာ လက်ညိုးထောင်နေတယ်

    ReplyDelete
  25. This comment has been removed by the author.

    ReplyDelete
  26. မမ ခု အဲ့ပုလင်း လေး ရှိသေးလားးးးဟင်...း)

    ReplyDelete
  27. ဟယ်...နှမြောစရာ... ကိုယ့်ဟာကိုယ် သောက်လိုက်တာမဟုတ်ဘူး

    ReplyDelete
  28. အဲလောက် ဦးနှောက်စားရတယ်ဆိုကတည်းက မမရဲ့ အသိလေးတွေက ငါးပါးသီလလုံသူလေးတွေများနေတာပေါ့… ၀မ်းသာစရာနော်…

    ReplyDelete
  29. အစ်မရေ..ပြန်တော့ယူမသွားပါနဲ့....
    ရန်ကုန်မှာရှိသေးရင်...လိပ်စာပြော...ဟီး

    ReplyDelete
  30. ပုလင်းလေး နှမြောစရာ။ ပြန်သယ်သွားလိုက်ပေါ့။

    ReplyDelete