Saturday, August 14, 2010
blocked
block
Thursday, August 5, 2010
face book မှာ လာ အက်သမျှလက်ခံထားတာ လေးရာကျော်လောက်ရှိပါတယ။် ကိုယ်သွားအက်တာ တော့နည်းပါတယ်။ ကိုယ့်ဓါတ်ပုံမတင်ထားတော့ သွားအက်ရမှာ အန်မတန်မှ အားနာပါ တယ်။ မတရားသလိုခံစားရသလို လက်ခံပါလို့မတောင်းဆိုချင်ပါ။ လက် အက်ရင်တော့ အားရဝမ်းသာ လက်ခံပါတယ်။
ဖဘထဲတော့သိတ်မဝင်ပါဘူးလို့ကိုယ့်ကိုယ်ကိုထင်တာပါဘဲ။ဘလော့ ကော ဖဘကော ဆိုရင် အသက် ထွက်သွားမှာစိုးလို့ပါ. ဒါတောင် အတော်ဝင်တယ်လို့ဆိုကြပါသေးတယ။် တယ်လီဖုံးဘီလ်လိုပေါ့ ကိုယ်က ပြောလိုက်တယ်လို့မထင်မိပါဘူး လကုန်တော့မှ ဘီလ်လက ရာကျော်လာလို့အံ့သြရသလိုဘဲ ။
လာအက်သမျလူကို ဓါတ်ပုံလိုက်မကြည့်ဖြစ်ပါဘူး ရံဖန်ရံခါမှ ဘဲလိုက်ကြည့်ဖြစ်ပါတယ်။ ကြည့်ဖြစ်ရင်တော့လဲ ပေါက်တတ်ကရကွန်မက်လေးတွေ ပေးမိလေ့ရှိပါတယ်။ ကိုယ်သည် အစကတည်းက အတည်ပေါက်နဲ့အန်မတန်နောက်တတ်ပါတယ်။ မထင်ရပါဘူး။ အတည်ရေးတာနည်းပါတယ်။ တည်ရလွန်းလို့ ပေါက်တတ်ကရလုပ်တာပါ။ စိတ်ပြေလက်ပျောက်ပေါ့ နဂုကတည်းကလည်းဘရုတ်ပါ။ အပြင်မှာ ဘရုတ်မလုပ်ရလို့အွန်လိုင်းမှာ ဘရုတ်ကျနေတာမျိုးလဲဖြစ်နိုင်ပါတယ။်
မနေ့ကတော့ တစ်ယောက်ကိုသွားကြည့်မိပါတယ်။ နာမည်ကိုတော့သိနေတာကြာပါပြီ. သွားမကြည့်မိပါဘူး။ အဲ မနေ့ကတော့ကြည့်မိပြီး ထုံးစံအတိုင်းပေါက်တတ်ကရ ရေးမိပါတယ်။ သူကလည်းအွန်လိုင်းရှိနေပါတယ်။ ချက်ခြင်းဘဲအကြောင်းပြန်ပါတယ်။ အဲဒီောတာ့ကိုယ်လဲအားတတ်သရောဖြစ်ပြီး ဆက်ရေးပါတယ။် သူ့ဓါတ်ပုံကို သွားကြည့်ပြီး (အနီးကပ်ကြည့်တာ အတော်ခြောက်ခြားသွားတယ်) လို့ရေးတယ်။ အမှန်က သူ အဲသလလောက်ရုပ်မဆိုးပါဘူုးကိုယ်က တမင်နောက်တာပါ။ ကျန်တာတွေ လဲအားတက်သရောပေါက်တတ်ကရေးမိပါသေးတယ် ခဏနေတော့အဲဒီမက်ဆေ့ခ်ျရပါတယ။်
……
Subject: Just for your informationI just care about what i am doing, but not my personality.
Thanks for co-operating last time, but i dont need you any more for your nonsense comments and i just want to let you know that i block you from my facebook, thx so much.
Best Regards,
………….
မမျှော်လင့်မိဘူး သွေးကြောတွေ ရှိန်းကနည်းဖြစ်သွားအောင်ထူပူသွားမိတယ။် ရှက်တာလား.ဝမ်းနည်းတာလား ဒေါသဖြစ်တာလား ခံစားမှူပေါင်းစုံပါ။
ကိုယ်ရေးတာ သဘောမကျရင်ဖျက်နိုင်ပါတယ်။ အစ်မ အဲသလိုမရေးပါနဲ့ မကြိုက်ဘူးလို့မက်ဆေ့ချပို့နိုင်ပါတယ် အခုက တော့အခုမှ သွားရေးမိပြီး ချက်ခြင်းဘဲ အဲသလုစာပြန်ရတော့အတော်လေးစိတ်မကောင်းဖြစ်ပါတယ်။ ခဥမ ကို လာအက်တဲ့သူဟာ ခဥမ အကြောင်းမသိဘူးလား ခဥမ သည် အာပလာနဲ့ပေါက်တတ်ကရသာရေးတတ်သူဆိုတာ မသိဘူးလား. ဒါမှ မဟုတ် ကိုယ်ဘယ်သူမှန်းမသိဘဲနဲ့ အက်ရပြီးရော လူဦးရေတိုးရော အက်နေတဲ့လူမျိုးလား ကိုယ်တစ်ကယ်မသိပါ. ခင်ပြီးလို့အက်ပြီးကာမှ ကိုယ့်အပြူအမှူကို မုန်းသွားတဲ့သူလား. ဝမ်းနည်းမိပါတယ်။ ကိုယ့်ဘက်ကတော့တစ်ခါမှ မသိတဲ့သူကိုမအက်ပါ. သိပြီးသားလူကိုတောင် အားနာလို့မအက်ပါ။
ဖဘ. ဘလော့ အင်တာနက် ဆိုတာလဲ ဇတ်ခုံတစ်ခုလိုပါဘဲ .ကိုယ်လုပ်သမျှ ကိုယ့်လှုပ်ရှားမှူဆိုသမျှ ကို ကြည့်သောသူမြင်နိုင်ပါတယ်။ စင်မြင့်တစ်ခုလိုပါဘဲ။ ကိုယ်သည် ပိရတ်သတ် တစ်စုံတစ်ယောက်သော် လည်းကောင်းပရိတ်သတ်များသော်လည်းကောင်းရှိနေနိုင်ပါတယ်။ ကြိုက်သူရှိသလို မကြိုက်သလိုရှိနိုင်ပါတယ်။ ချစ်ခင်သူရှိသလိုမုန်းသူလည်းရှိနိုင်ပါတ။် ဝမ်းစမိုးလို့ပြောမဲ့သူရှိသလို. တော်ပါတော့ဗျို့ဆိုပြီး ပြောင်းဖူးရိုးနဲ့ပေါက်သူ လည်းရှိနိုင်ပါတယ်။ ဒါတွေ ကိုခံနိုင်ရည်ရှိဘို့ လိုပါတယ်။ မခံနိုင်ရင်တော့အစကတည်းက မသိတဲ့သူကို မအက်ဘို့မေတ္တာရပ်ခံလိုပါတယ်။ လာအက့်ပြီးသကာလ ကိုယ်ရေးသမျကို like လုပ်ပြီး. ကောင်းပါတယ်ခင်ဗျာ. သိတ်ကော်းပါတယ် အရမ်းကိုမှတ်သားရပါတယ်။ လေ့လာသွားပါတယ်ခင်ဗျာ.နောက်လဲ အမြဲလာပါ့မယ်။ အမြဲလာဖတ်နေပါတယ်ခင်ဗျာ. ကြိုက်လွန်းလို့ လင့်လုပ်ထားပါတယ်ခင်ဗျ ဆိုတာကိုဘဲ မျော်လင့်နေမယ်ဆိုရင်တော့ ခက်တယ်။
ပိရသသိတ်ထဲမှာအတည်ရေးတဲ့သူလဲရှိမယ်။နောက်ရေးတဲ့သူလဲရှိမယ။် ဖဘဆိုတာ စိတ်ပြေလက်ပျောက်ကိုယ့်လိုဝင်ကညော့နေတဲသူလဲရှိမယ်။ စော်ကားတဲ့သူလဲရှိမယ်။ ချစ်ခင်တဲ့သူလဲရှိမယ်။ ကိုယ်လို အမှိုက်တွေဲ ရှိနိုင်ပါတယ် သည်းခံနိုင်ရင် သည်းခံ မသည်းခံနိုင်ရင် ဖျက်ပစ်. အမျိုးမျိုးရှိနိုင်ပါတယ။် ဒါတွေကို မခံစားနိုင်ရင်. ဘဲ တစ်ခါတည်းဘလော့လုပ်ပလိုက်တယ်ဆိုတော့ကာ ကိုယ်ဟာ အန်မတန်ဆိုးသွမ်းနေသလားလို့တောင်ကိုယ့်ကိုယ်ကိုထင်မိပါတယ် မနစ်သိမ့်ကြပါန့ အစ်မ မှန်တယ်တို့သူမှားတယ်တို့ အစ်မကိုက ရှည်တာကိုးတို့ .မပြောကြပါနဲ့ဆိုလဲ အစ်မကဘာကိစ္စ ရေးသေးလဲဆိုရင်လဲ ရေးချင်လို့ရေးတယ်လို့ဘဲမှတ်ပါ။
အခုလာအက်သမျှကိုလည်းလက်ခံဆဲပါ။ ဓါတ်ပုံတွေ ကိုလည်းကြုံ..ကြဲုသလိုကြည့်နေဆဲပါ။ စတေတပ်တွေ လဲကြုံ..ကြုံသလိုဖတ်နေဆဲပါ.ဘလော့တွေလဲဖတ်နေတာပါဘဲ ။ဒါပေမဲ့ရေးဘို့ကိုကြောက်နေမိတယ်။ အဆဲခံရမှာမကြေက်ပါဘူး ဆဲတာကို မမှူပါဘူး.ကိုယ်က နောက်ရေးတာကို တစ်ကယ်ကြီးကိုခံစားသွားမှာကို မလိုလားလို့ပါ. ကိုယ်လဲ အတော်ကြီးကိုခံစားသွားရပါတယ်။ ခဥမ အတော်အီသွားခြင်းလို့စဉ်းစားမိတယ်။ အတော်ကြီးကိုငြိမ်သွားမိတယ်။ ဒါ ဘဝမှာ ပထမဆုံး block လုပ်ခံရခြင်းပါဘဲ။ နောင်လဲရှိနိုင်တာဘဲလေ. ဒီအချိုးအတိုင်းရေးနေခဲ့ရင်.။ ရေးခဲ့မိတဲ့တစ်ယောက်ကိုလည်းအခုတောငးပန်ပါတယ်။ block လိုက်လို့တောင်းပန်ခွင့်မရတော့လို့ပါ။ ကိုယ်နောက်တာပါ. အတည်မဟုတ်ပါဘူး ဆိုတာရယ်။ ပေါက်တတ်ကရတွေ ရေးမိတာကိုလည်းတောင်းပန်ပါတယ်။
8 comments:
မောင်မျိုး said...
သူလည်း စိတ်မကြည်တဲ့ အခါနဲ့ တိုးလို့နေမှာပါ ဂျီင်္းတော်အကြောင်း သိတဲ့ ကျနော်တောင် ကော့မန့်ရရင် အဲ့ ငါက စိတ်ညစ်လို့ရေးထားတဲ့ ပို့စ်ပါဆို သူကလာနောက်သွားပြန်ပြီး အဲ့လိုဖြစ်ဖြစ်တတ်တယ် နောက်ဆုံးတော့ ခလေးဆိုးကြီးကို ခွင့်လွှတ်ရစမြဲ ဟဟား ဟုတ်တယ်ဟုတ် ။
ဖတ်သွားတ.်
ကောင်းပါ၏
ကြိုးစားပါအုံး
စာလုံးပေါင်းတွေ မှားနေတယ် မောင်မျိုး
ဒါမျိုး နောက်မဖြစ်အောင် ဆင်ခြင်ပေါ့
ထိုသို့သော ကော့မန့်များအား အလွတ်ရနေပါကြောင်းး)
Anonymous said...
အမပေါက်တတ်ကရရေးတာတွေကကောင်းကောင်းနဲ့ထိထိမိမိရှိလှတယ်.....
kaungkinpyar said...
မမ နောက်တတ်တယ် ဆိုတာ သိပါတယ်...း)
ရေးလို့ ရတဲ့ သူတွေဆီ လာရေးပါ မမ...
Anonymous said...
အော်။ ဂလိုကိုး။ စိတ်အခန့် မသင့်တဲ့ အခါနဲ့ တိုးသွားလို့ နေမှာပါ။ သူကိုယ်တိုင် လည်း အတော်လေး နောက်တတ်ပြောင်တတ်ပါတယ်။ အခုတလောတော့ သူလည်း အတော်လေး ညစ်နေတယ် ထင်ရတယ်။ သူ့စာတွေ ဖတ်ကြည့်ရင် သိသာပါတယ်။
:D
sy said...
စိတ်မညစ်ပါနဲ့ အန်တီခင်ဦးမေရဲ့။
facebook မှာ add လိုက်တော့ kom ကော်မန့်လာရေးတာမှတ်မိသေးတယ်။
ချစ်စရာလေးဘယ်သူလေးလဲတဲ့။
blog ဖတ်နေကျ Blog friend လို့ပြန်ပြောလိုက်တာ မှတ်မိနေသေးတယ်။
နောက်တော့ ဘာမှလာပြန်မဖြေလို့တွေးနေသေးတာ။
sy လဲ ဓာတ်ပုံမတင်တဲ့လူဆိုလက်မခံဖြစ်ဘူး။ အမကိုတော့ တမင်ကို invite လုပ်တာ။ blog reader သက်သက်ဆိုတော့ အမ မသိနိုင်ဘူးဆိုတာ သိသိနဲ့ invite လုပ်ခဲ့တာ။
တခါတခါ ကိုညီလင်းဆက် ဓာတ်ပုံတွေအောက်မှာ အမ comment လာပေးထားတာတွေလိုက်ဖတ်ရင်း ရီ၇သေးတယ်။ အပေါ်က anynomous comment လိုပဲ အမခုတလောစိတ်ညစ် နေတယ်ထင်တယ်။ စာတွေကြည့်ရုံနဲ့သိတယ်။
ဘာဖြစ်ဖြစ် စိတ်ထဲမထားနေနဲ့။ ပျော်ပျော်နေပါအမရယ်။
sy
sy
sy said...
စိတ်မညစ်ပါနဲ့ အန်တီခင်ဦးမေရဲ့။
facebook မှာ add လိုက်တော့ kom ကော်မန့်လာရေးတာမှတ်မိသေးတယ်။
ချစ်စရာလေးဘယ်သူလေးလဲတဲ့။
blog ဖတ်နေကျ Blog friend လို့ပြန်ပြောလိုက်တာ မှတ်မိနေသေးတယ်။
နောက်တော့ ဘာမှလာပြန်မဖြေလို့တွေးနေသေးတာ။
sy လဲ ဓာတ်ပုံမတင်တဲ့လူဆိုလက်မခံဖြစ်ဘူး။ အမကိုတော့ တမင်ကို invite လုပ်တာ။ blog reader သက်သက်ဆိုတော့ အမ မသိနိုင်ဘူးဆိုတာ သိသိနဲ့ invite လုပ်ခဲ့တာ။
တခါတခါ ကိုညီလင်းဆက် ဓာတ်ပုံတွေအောက်မှာ အမ comment လာပေးထားတာတွေလိုက်ဖတ်ရင်း ရီ၇သေးတယ်။ အပေါ်က anynomous comment လိုပဲ အမခုတလောစိတ်ညစ် နေတယ်ထင်တယ်။ စာတွေကြည့်ရုံနဲ့သိတယ်။
ဘာဖြစ်ဖြစ် စိတ်ထဲမထားနေနဲ့။ ပျော်ပျော်နေပါအမရယ်။
sy
sy
Mon Petit Avatar said...
May be he is out of humor due to stress. I believe he now know your actual sentiment and the reason why you gave those comments, Ma Ma KOM.
sy said...
အဲ့ နှစ်ခါ ထပ်သွားပီ ဖျက်လိုက်အုံး။
ဟီး ဒီကော်မန့်နဲ့ဆို ၃ခါရှိပီ။ :P
sy
Post a Comment
မှတ်ချက်
စိတ်မခိုင်လို့ပြန်သိမ်းထားတာ ကို ပြန် publish လုပ်လိုက်တယ်။ အခုတစ်လောဖဘ မှာဝင်ရေးနေမိပြန်ပြီ. ကွန်မက်တွေလဲပေးနေမိပြန်ပြီ. ထပ်ပြီးဘလော့ အလုပ်ခံရမှာလည်းကြောက်မိနေပါသေးတယ်။ လန့်လန့်ဖြန့်ဖြန့်နဲ့ဘဲရေးနေရတာ ရေြး့ပီးခဏ..ခဏစောင့်ကြည့်ရသေးတယ် ငါ့များ block ဘယ်သူများထပ်လုပ်ဦးမလဲလို့ ဘဝကြီးဆိုးပါတယ်။ အော် ဒုက္ဖ ဒုက္ဖ.
27 comments:
  1. ဟဟ....ဖြစ်ရလေမမမေရယ်
    ပျော်ပျော်နေပါ မမရ။။။။။
    be happy....:)
    ReplyDelete
  2. မခင်ဦးမေ အနေနဲ့ အခုတင်တဲ့ပို့စ်မှာ တောင်းပန်ပါတယ်နဲ့ အဆုံးသတ်ထားပေမဲ့ ပို့စ်ရဲ့ ဆိုလိုရင်းက ဖေ့စ်ဘွတ်ခ်မှာ ကွန်မန့်ရေးလာရင် ကောင်းတာလည်းရချင်ရမယ်၊ ဆိုးတာလည်းရချင်ရမယ်။ ဆိုးတာ မလိုချင်ရင် မတင်နဲ့၊ ဖေ့စ်ဘွတ်ခ်မှာ အကောင့်မလုပ်နဲ့ ဆိုသလို ဖြစ်နေဘီ။ လူဆိုတာ ကိုယ်နဲ့ စိတ်သဘောတူတာ ရှိသလို၊ အဆင်မပြေနိုင်တာလည်း ရှိမှာဘဲ။ ကိုယ်က စတတ်နောက်တတ်တယ် ဆိုတိုင်း ကျန်တဲ့လူတွေအားလုံးက သည်းခံရမှာလား၊ အလိုလို understood ဖြစ်ရမှာလား။
    ReplyDelete
  3. အော် လက်စသတ်တော့ မမကွမ်ကလဲ
    တီ့လို အနောက်သန်တာကိုးနော်
    နောက်တာနော် နောက်တာ
    ဘတ်ပြီးရင် ကြိုက်သလို အဓိပ္ပါယ်ဖွင့်ပါ
    မဖြေရှင်းဘူးဟေ့ ဟိဟိ
    ReplyDelete
  4. များသောအားဖြင့် လူ့သဘာဝအရ မကောင်းတဲ့တစ်ခုခုလို့ အရင်တွေးတတ်ကြတယ်
    ကော့မန့်တွေချတတ်တယ်။ ဟုတ်တယ် မခင်ဦးမေ ကော့မန့်တွေ အတော်လေးချတတ်တယ်။
    တခါတလေမှာ လေးနက်တဲ့ ကော့မန့်တွေပါတယ်။ များသောအားဖြင့်တော့ ပေါ့ပေါ့ပါးပါးပါပဲ။ ဒါလည်း မခင်ဦးမေ ပုံစံ။ မခင်ဦးမေ ဘလော့မှာကိုက ပေါ့ပေါ့ပါးပါးတွေချည်းရေးထားတာ။
    ကြိုက်လား မကြိုက်လား လက်ခံသလား လက်မခံဘူးလား။ ဒါကတော့ ထုံးစံအတိုင်း ကုန်လားရေလား ကစားသလို နှစ်ဖက်ရှိနေဦးမှာပါပဲ။
    စိတ်လက်ပေါ့ပါးချင်တယ် လူတွေကို မမြင်ရတဲ့ ဒီ online မှာ ပြောချင်တာတွေ ပြောတယ် ဆိုချင်တာတွေ ဆိုကြတယ်။ ကောင်းတဲ့လူတွေ ရှိသလို ဆိုးတဲ့သူတွေလဲရှိတယ်။ ပြီးတော့ စိတ်အခြေအနေ အခိုက်အတန့်။ အဲ့ဒီအချိန်မှာ ဖြစ်တည်နေတဲ့ စိတ်အခြေအနေ။ လူချင်းရင်းနှီးမှု။ ဒါတွေထည့်တွက် မလား မတွက်ဘူးလား။
    ကိုယ်လည်း လုပ်ချင်တာလုပ်သလို။ သူလည်း လုပ်ချင်တာ လုပ်ပိုင်ခွင့်ရှိမယ်ထင်တယ်။
    ကိုယ်မှားတယ်ဆိုတာ သိလို့ တောင်းပန်တယ်ပြောပေးတာ ကောင်းတဲ့အလုပ်ပဲ။
    ကျန်တာကတော့.....
    ReplyDelete
  5. မေ့သွားလို့
    မှန်လွန်းရင် ရွာပြင်ထုတ်ခံရတယ်တဲ့
    မှန်ကန်ရင် ကွဲတတ်တယ်တဲ့
    ReplyDelete
  6. ကျွန်မလည်း ဖြစ်ဖူးတယ်။ ကိုယ်ပြောလိုက်တဲ့စကားကြောင့် မထင်မှတ်ဘဲ တဘက်သားက ဒီလိုခံစားခဲ့ရတာ တကယ်ပဲ စိတ်မကောင်းဖြစ်ခဲ့ရတယ်။ ကိုယ့်အချင်းချင်းထဲကပဲ။ Block တော့ အလုပ်မခံရဘူး။ ကျွန်မကို နားလည်မှု လွဲလို့ တောင်းပန်တာ အကြိမ်ကြိမ်ပဲ ဒါပေမဲ့ ကျေနပ်ပုံမရဘူး။ စိတ်မကြည်တဲ့ အခါနဲ့တိုးတာ ဖြစ်မယ်လို့ပဲ သတ်မှတ်တယ်။ တခါတလေ အမှတ်တမဲ့ ပြောလိုက်တာတွေက အပြောအခံရသူတွေအတွက် သိပ်အလေးအနက် ဖြစ်နေတတ်တာ သတိထားမိတယ်။ ဒါကို သင်ခန်းစာယူပြီး နောက်ဆို မစနောက်ဖြစ်တော့ဘူး။ အထင်လွဲတာတွေ ပျောက်ပါစေလို့ပဲ ဆုတောင်းပေးခဲ့ပါတယ်။ အခုတော့ အေးချမ်းသွားပါပြီ။ မခင်ဦးမေလည်း ဒီလိုပဲ ဆုတောင်းပေးလိုက်ပါ။ အေးချမ်းပါစေ။
    ReplyDelete
  7. ဖြစ်တတ်ပါတယ်။ စိတ်မကောင်း မဖြစ်ပါနဲ့ ။
    လူအမျိုးမျိုး စိတ်အထွေထွေပါ ။
    ကျွန်တော်ကတော့ စိတ်မဆိုးတတ်ပါ ။ ကိုယ်တိုင်လည်း ပေါက်တတ်ကရ လိုက်ရေးပါ၏ ။
    အချွန်နဲ့လည်း မ ခဲ့ တတ်ပါ၏ :P
    ReplyDelete
  8. ဝမ်းသာလိုက်တာ ရှန်ပိန်တလုံးဝယ်ပြီး celebrate လုပ်လိုက်ဦးမယ်
    ReplyDelete
  9. နဂုကတည်းကလည်းဘရုတ်ပါ။ အပြင်မှာ ဘရုတ်မလုပ်ရလို့အွန်လိုင်းမှာ ဘရုတ်ကျနေတာမျိုးလဲဖြစ်နိုင်ပါတယ။်..
ူတူနေတယ်..အဲဒီစာသားလေး ညက်.။
    ReplyDelete
  10. အေး.. ခါတိုင်းတွေမှာ စတိနဲ့ ကိုယ် အမြင်မတူပေမယ့် ဒီတစ်ခါတော့ တူလိုက်တယ်။
    လာ ကိုယ်လဲ ရှန်ပိန်ဖောက်မယ်...။ :P
    ReplyDelete
  11. ယောကျာ်းဖြစ်ပြီး ဒီလို လုပ်တယ်လား။ အံ့သြစရာပဲ။ တဦးတည်းသော ခပ်တုံးတုံးသား ဒါမှ မဟုတ် လူ့လောကဆိုလို့ ဘလော့ထဲက လူနဲ့လောက်သာ ဆက်ဆံဖူးတာ ဒါမှ မဟုတ် သူ့လက်ရှိဘဝကို မကျေမနပ်နေတဲ့ ခပ်ကြောင်ကြောင် မဟုတ်ရင် ခပ်ခြောက်ခြောက်နေမယ်။ စိတ်ထဲ မထားပါနဲ့
    ReplyDelete
  12. ကြည့်ရတာ သူ ခမမကို သွားမန့်လိုက်တာ နေမှာ...။
    ခမမက နဂိုကတည်းက သူ့ရုပ်နဲ့ ပတ်သက်လာရင် အထိမခံတာကို.... သိသိနဲ့ သွားစတာကိုး.... ခံပေါ့.. ဟိဟိ
    (လောလောဆယ် ခမမ သဉ္ဇာအေးနဲ့ ဘယ် MacRitchie Reservoir Park ဆိုလား သွားနေတယ်။ သူမရှိတုန်း ရေးရတာ... ဟိဟိ)
    လစ်ပြီ ... ဝှစ်စ်စ်စ်စ်စ်စ်စ်စ်စ်စ်စ်စ် Woooooozzzzz
    ReplyDelete
  13. ကောင်းတယ် ...မမက ပြောချင်တာပြောလို့ ရတယ်ဆိုတဲ့ သူတွေဆီကျလာတောင်မလည်ဘူး.ဟွန်း
    ReplyDelete
  14. ဟမ် ငမ် ငမ် ...
    ၁. ဂူဂယ်ဖတ်စာမှာ အရင်ကဟာကို ဖတ်ပြီးသား၊ ကွန်မန့်လာရေးမယ်ဆိုတော့ ဖျက်ပီးသွားဘီ
    ၂. ကိုဘစာနဲ့ အပေါ်က အနော်နိမက်စ်ရဲ့စာနဲ့ တွဲဖတ်လိုက်တော့ ဟုတ်များနေမလား ကိုယ့်ကိုယ်ကို သံသယ ရှိသွားတယ် (ဒို့က အယုံလွယ်သူရယ်ပါ) (တွေဝေတယ် နီးစပ်ရာ ယိမ်းယိုင်တတ်တယ် ) ခစ်ခစ်
    ၃. ချိန်းမလို့လုပ်တဲ့အချိန်မှာ လွဲသွားဘီ ၊ အဲတာကြောင့် မသွားဖြစ်ပါ ။
    14 Aug 10, 04:49 PM
    khet myint myint: တော်သေးတယ်.. မက်ရစ်ချီရေကန်လိုက်သွားရင် နေပူ ချွေးထွက် လူပြိုင်းဦးမှာ.. (စပျစ်သီးချဉ်သည်)
    ၄. အဒေါ်ကြီးနဲ့ ဒို့က ချစ်ခင်မြဲ.. ဘာမှ ဘလော့ထားတာ မရှိဘူး..
    ReplyDelete
  15. မာမီရဲ့သာမီးလေးAugust 14, 2010 at 5:32 PM
    ကောင်းတယ် မာမီ အပေါ်က ပြောသွားသလိုပဲ ဟွင့် အတည်ပေါက်နဲ့သွားသွားနောက်တာကိုးးး ကိုယ်နဲ့ခင်မင်မှုအတိုင်းတာ ဘယ်လောက်ရှိလဲ ကြည့်အူးမှပေါ့
    မပြောချင်ဘူး မပြောချင်ဘူး ခက်တယ် ခက်တယ် ဒါတွေက စ သမီးက လိုက်ပြောနေရမှာလား ဟမ် ပြောပါဦး သမီးမျက်နှာပျက်အောင်တော့မလုပ်နဲ့နော် မာမီ ဟွင့် သိလား ဒါဗြဲ
    နောက် သတိရမှ ထပ်လာဆူမယ် ဟွင့်
    ReplyDelete
  16. အကောင်းဆုံးကတော့ ကိုယ့်လိပ်ပြာ ကိုယ်သန့်ဖို့ပါပဲ...
    ဘယ်သူ့အတွက်ကြောင့်မှ စိတ်မညစ်ပါနဲ့လေ...ကိုယ့်ကိုသူများလွှမ်းမိုးတာ ခံရသလိုဖြစ်တတ်ပါတယ်...ကိုယ်နေတတ်သလိုနေပါ...ဘယ်သူမှတော့ ရန်သူမကင်းပါဘူး...
    ဘာပဲဖြစ်ဖြစ်၊ စိတ်မညစ်နဲ့
    ဖြစ်သမျှအခြေ၊ ပျော်ပျော်နေလိုက်
    ကြိုက်တာမကြိုက်တာသူ့အပိုင်း . . .
    ReplyDelete
  17. နဲနဲတော့ရိုင်းတယ်အမရဲ့ ကိုယ့်အသက်အရွယ် ကိုယ့်ရပ်တည်မှူပေါ်မူတည်ပြီးစဉ်းစားပါ အမကိုနေရာတိုင်းမှာ( blog/ FB) တွေ့တွေ့နေရတတ် လူကိုမသိပေမဲ့ သူကဘာကိုဆိုလိုတာလဲ ဘာတွေရေးနေတာလဲ သူ့အသက်အရွယ်နဲ့ဘာလို့ဒါမျိုးတွေရေးနေတာလဲလို့တော့ထင်မိတယ်..မှတ်2ရရ ကိုအန်ဒီ ကိုတခါ မန့်ထားတာမှတ်မိတယ် Reader Digest ကိုပို့တဲ့ ဟာသတခုမှာ ပေါ့..အဲတုန်းကလဲ ဘုမသိဘမသိ ၀င်မန့်ပြီးမှ တယောက်က ဒီလောက်တောင် E ကိုနားမလည်ဘူးလားလို့ဝင်ပြောတာတွေ့မိသေးတယ် အမ မရှက်ဘူးလား နောက်ပြီး ပန်ဒိုရာရဲ့ ဖဘ မှာလဲ အဲလိုပဲ ပုံနဲနဲပဲတင်ထားတာတောင်တခုချင်းလိုလို နာလိုခံခက်တွေမန့်ထားတာတွေ့ရတယ်.. ဘာပဲဖြစ်2 လူဆိုတာ ဟာသရှိတာကောင်းပါတယ်.. အပေါက်အပြဲစကားလုံးတွေ ပြောချင်ရုံနဲ့ကတော့ သူများတွေ တန်ဖိုးထားတဲ့/ခံစားမှူ စာစုတွေမှာ... ဓါတ်ပုံတွေပါ ၀င်မရေးသင့်ဘူးထင်ပါတယ်... ကောင်းပါသည် မှန်ပါသည်ထောက်ခံခိုင်းတာလဲ မဟုတ်ပါဘူး ကြည့်ရုံကြည့်/ဖတ်ပြီး ကိုယ်ဖီလ်းမလာရင် ဘာမှအသိမပေးပဲထားလဲရတာပါပဲ ...တချို့ခင်နေပြီး သား blogger တွေမှာလဲ အောင့်သီးအောင့်သက် အားနာမှုတွေကြောင့်သာဖြစ်မှာပါ...ဥပမာ / မောင်မျိုး said......
    ဖတ်သွားတ.်
    ကောင်းပါ၏
    ကြိုးစားပါအုံး
    စာလုံးပေါင်းတွေ မှားနေတယ် မောင်မျိုး
    ဒါမျိုး နောက်မဖြစ်အောင် ဆင်ခြင်ပေါ့
    ထိုသို့သော ကော့မန့်များအား အလွတ်ရနေပါကြောင်းး)
    ဘရုတ်ကျချင်ရင်လဲ တယောက်ထဲပဲကျ သူများကိုစိတ်ဓါတ်ရေးရာ / လူမူရေးရာမထိခိုက်လို့ကတော့ ကျချင်သလောက်ကျ ဘယ်သူမှဘာမှပြောမှာမဟုတ်ဘူး.. လူတယောက် ယောက်ကို အသုံးချပြီးမှ ဘာလို့ပျော်ရွှင်ချင်ရတာလဲဆိုတာ မစဉ်းစားတတ်ဘူး....
    ( သည်းခံနိုင်ရင် သည်းခံ မသည်းခံနိုင်ရင် ဖျက်ပစ်. အမျိုးမျိုးရှိနိုင်ပါတယ။် ဒါတွေကို မခံစားနိုင်ရင်. ဘဲ တစ်ခါတည်းဘလော့လုပ်ပလိုက်တယ်ဆိုတော့ကာ ကိုယ်ဟာ အန်မတန်ဆိုးသွမ်းနေသလား လို့တောင်ကိုယ့်ကိုယ်ကိုထင်မိပါတယ် မနစ်သိမ့်ကြပါန့ အစ်မ မှန်တယ်တို့သူမှားတယ်တို့ အစ်မကိုက ရှည်တာကိုးတို့ .မပြောကြပါနဲ့ဆိုလဲ အစ်မကဘာကိစ္စ ရေးသေးလဲဆိုရင်လဲ ရေးချင်လို့ရေး တယ်လို့ဘဲမှတ်ပါ။).အမရေးထားတာနော်
    သေချာတာကတော့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုလို့ထင်တယ်.. အမ ဆီမှာ ငယ်စဉ်ကပဲဖြစ်ဖြစ် ခုပဲဖြစ်ဖြစ် သူများကိုစသလိုလိုနဲ့ဖဲ့တတ်တဲ့အကျင့်တခုဟာ မိဘဆီကဖြစ်2 တခုခု အဆင်မပြေမှုတွေကပဲဖြစ်ဖြစ် စီးမျောလာပုံရပါတယ်... ဒီအရွယ်ကြီးမှာတော့အရိုးလဲစွဲနေလောက်ပါပြီ... အဲတော့လဲအားလုံက နောက်ပိုင်းခွင့်လွှတ်ထားလိုက်တာဖြစ်မှာပါ... ခွင့်မလွှတ်နိုင်တဲ့သူကတော့ blog လုပ်လိုက်မှာပေါ့လေ....တခုခုဆို ကညော့တတ်တဲ့အကျင့်ဟာ နောက်ဆုံးတောင်းပန်ရတယ်ဆိုထဲက ဘယ်လာပြီးတော့ အကျိုးရှိလုပ်ရပ်ဖြစ်နိုင်ပါတော့မလဲ
    ReplyDelete
  18. ****blog ကို block လို့ပြင်ဖတ်ပေးပါ*****
    ReplyDelete
  19. မမကွန်ကြီး
    ဒီလောက်လည်း စိတ်ထိခိုက်မနေပါနဲ. ဘ၀ဆိုတာဒီလိုပါပဲ သိပ်ချစ်ကြတဲ့ သမီးရည်းစားတွေတောင် စိတ်ကောက်ကြ စိတ်ဆိုးကြ ခွာပြဲကြ သိပ်ချစ်ပြီး ယူထားကြတဲ့ လင်မယားတွေလည်း ဘာထူးလို.လဲ တစ်ချို.ဆို ကွာရှင်းတဲ့ အထိတောင်လုပ်ကြသေးတာပဲ အွန်လိုင်းမှာ ဘလော့အလုပ်ခံရတာကတော့ အပျော့ပဲပေါ့ စိတ်ထဲလည်း သိပ်မထားပါနဲ. အမရဲ့ ထုံစံအတိုင်း ပျော်ပျော်နေပါဗျာ
    ကျွန်တော်အမြင်ကတော့ မမကွန်ကို ဟိတ်ကြီးဟန်ကြီးမရှိပဲ ပျော်ပျော် နေတတ်ပြီး စိတ်ထဲရှိတာတွေ ရေးနေတဲ့ အမကြီး အဖြစ်နဲ.ခင်မင်ပါတယ်
    ခင်တဲ့
    Z
    ReplyDelete
  20. တို့လည်းဖေ့ဘုတ်မှာအပ်ထားတာဘဲ
    နာမည်ကြီးမဟုတ်လို့ အရေးမလုပ်ဘူးပေါ့ 
    တို့ ဆီများလာမန့်ပါလား မမရယ်
    ဘယ်လိုရေးရေးကိုယ့်ရုပ်ကိုယုံကြည်မှုရှိရင်
    ဘလော့လုပ်စရာမလိုပါဘုး
    ဟတ်ထိသွားလို့ နေမှာပေါ့ 
    ReplyDelete
  21. နဲ တောင်နဲသေး ဟိုက ရိုင်းရိုင်းစိုင်းစိုင်းပြန်မပြောတာပဲကျေးဇူးတင်ဦး
    နာမည်ကြီးလိုဇောနဲ့ လူတစ်ကာဆီလိုက်ပြီး ကော်မန့်ပေး တဲ့အကျင့်တွေ
    ဘယ်တော့မှစာတွေသေ ချာမဖတ်ပဲ ဖြစ်ကတတ်စမ်း ကော်မန့် ပေး တတ်တဲ့အကျင့် တွေ
    ကြီးကောင်ကြီးမားနဲ့ ရူးပေါပေါလုပ်နေတာတွေ ပြင်သင့်ပြီ။
    ReplyDelete
  22. စိတ်ဓါတ်သိပ်မကျပါနဲ့ ခင်ည၊
    ပြောင်းဖူးရိုးနဲ့ပေါက်မယ့်သူ တစ်ယောက်လျော့တယ်လို့ သဘောထားလိုက်ပါ။
    ပေါက်ချင်းပေါက် ပန်းတွေနဲ့ပေါက်ပါ့မယ်။
    ReplyDelete
  23. တခါတလေဒါမျိုးတွေလဲဖြစ်တတ်ပါတယ်
    မမရာ..စိတ်ထဲမထားပါနဲ့
    သူလဲဘယ်သူဘယ်ဝါဆိုတာသေချာမသိလို့
    နေမှာပါ..
    ReplyDelete
  24. မကွန်
    စိတ်မညစ်ပါနဲ့။
    ဂျပန်ဆိုရိုးစကားလေးတစ်ခုလက်ဆောင်ပေးမယ်နော်။
    “၀မ်းသာတယ်၊ ၀မ်းနည်းတယ်ဆိုတာ မိမိကိုယ်တိုင်ကသတ်မှတ်ယူတာပါ”တဲ့။
    ခင်မင်လျှက်
    ReplyDelete
  25. မကွန်
    ခုနက နံမည်မထည့်ရသေးခင် လွှတ်လိုက်မိတယ်။
    ReplyDelete
  26. ကွန်မန့်လာမပေးလို့ ကြီးကြီး ကို ဘလော့မယ်းP
    ReplyDelete
  27. Me too
    ရေတမာ said...
    ကွန်မန့်လာမပေးလို့ ကြီးကြီး ကို ဘလော့မယ်းP
    August 16, 2010 8:38 AM
    ReplyDelete