Thursday, August 5, 2010

block

face book မှာ လာ အက်သမျှလက်ခံထားတာ လေးရာကျော်လောက်ရှိပါတယ။် ကိုယ်သွားအက်တာတော့နည်းပါတယ်။ ကိုယ့်ဓါတ်ပုံမတင်ထားတော့ သွားအက်ရမှာ အန်မတန်မှ အားနာပါတယ်။ မတရားသလိုခံစားရသလို လက်ခံပါလို့မတောင်းဆိုချင်ပါ။ လက်အက်ရင်တော့အားရဝမ်းသာလက်ခံပါတယ်။

ဖဘထဲတော့သိတ်မဝင်ပါဘူးလို့ကိုယ့်ကိုယ်ကိုထင်တာပါဘဲ။ဘလော့ ကော ဖဘကော ဆိုရင် အသက် ထွက်သွားမှာစိုးလို့ပါ. ဒါတောင် အတော်ဝင်တယ်လို့ဆိုကြပါသေးတယ။် တယ်လီဖုံးဘီလ်လိုပေါ့ ကိုယ်က ပြောလိုက်တယ်လို့မထင်မိပါဘူး လကုန်တော့မှ ဘီလ်လက ရာကျော်လာလို့အံ့သြရသလိုဘဲ ။

လာအက်သမျလူကို ဓါတ်ပုံလိုက်မကြည့်ဖြစ်ပါဘူး ရံဖန်ရံခါမှ ဘဲလိုက်ကြည့်ဖြစ်ပါတယ်။ ကြည့်ဖြစ်ရင်တော့လဲ ပေါက်တတ်ကရကွန်မက်လေးတွေ ပေးမိလေ့ရှိပါတယ်။ ကိုယ်သည် အစကတည်းက အတည်ပေါက်နဲ့အန်မတန်နောက်တတ်ပါတယ်။ မထင်ရပါဘူး။ အတည်ရေးတာနည်းပါတယ်။ တည်ရလွန်းလို့ ပေါက်တတ်ကရလုပ်တာပါ။ စိတ်ပြေလက်ပျောက်ပေါ့ နဂုကတည်းကလည်းဘရုတ်ပါ။ အပြင်မှာ ဘရုတ်မလုပ်ရလို့အွန်လိုင်းမှာ ဘရုတ်ကျနေတာမျိုးလဲဖြစ်နိုင်ပါတယ။်

မနေ့ကတော့ အမျိုးသား တစ်ယောက်ကိုသွားကြည့်မိပါတယ်။ နာမည်ကိုတော့သိနေတာကြာပါပြီ. သွားမကြည့်မိပါဘူး။ အဲ မနေ့ကတော့ကြည့်မိပြီး ထုံးစံအတိုင်းပေါက်တတ်ကရ ရေးမိပါတယ်။ သူကလည်းအွန်လိုင်းရှိနေပါတယ်။ ချက်ခြင်းဘဲအကြောင်းပြန်ပါတယ်။ အဲဒီောတာ့ကိုယ်လဲအားတတ်သရောဖြစ်ပြီး ဆက်ရေးပါတယ။် သူ့ဓါတ်ပုံကို သွားကြည့်ပြီး (အနီးကပ်ကြည့်တာ အတော်ခြောက်ခြားသွားတယ်) လို့ရေးတယ်။ အမှန်က သူ အဲသလလောက်ရုပ်မဆိုးပါဘူုးကိုယ်က တမင်နောက်တာပါ။ ကျန်တာတွေ လဲအားတက်သရောပေါက်တတ်ကရေးမိပါသေးတယ် ခဏနေတော့အဲဒီမက်ဆေ့ခ်ျရပါတယ။်

……
Subject: Just for your informationI just care about what i am doing, but not my personality.
Thanks for co-operating last time, but i dont need you any more for your nonsense comments and i just want to let you know that i block you from my facebook, thx so much.

Best Regards,
………….

မမျှော်လင့်မိဘူး သွေးကြောတွေ ရှိန်းကနည်းဖြစ်သွားအောင်ထူပူသွားမိတယ။် ရှက်တာလား.ဝမ်းနည်းတာလား ဒေါသဖြစ်တာလား ခံစားမှူပေါင်းစုံပါ။

ကိုယ်ရေးတာ သဘောမကျရင်ဖျက်နိုင်ပါတယ်။ အစ်မ အဲသလိုမရေးပါနဲ့ မကြိုက်ဘူးလို့မက်ဆေ့ချပို့နိုင်ပါတယ် အခုက တော့အခုမှ သွားရေးမိပြီး ချက်ခြင်းဘဲ အဲသလုစာပြန်ရတော့အတော်လေးစိတ်မကောင်းဖြစ်ပါတယ်။ ခဥမ ကို လာအက်တဲ့သူဟာ ခဥမ အကြောင်းမသိဘူးလား ခဥမ သည် အာပလာနဲ့ပေါက်တတ်ကရသာရေးတတ်သူဆိုတာ မသိဘူးလား. ဒါမှ မဟုတ် ကိုယ်ဘယ်သူမှန်းမသိဘဲနဲ့ အက်ရပြီးရော လူဦးရေတိုးရော အက်နေတဲ့လူမျိုးလား ကိုယ်တစ်ကယ်မသိပါ. ကိုယ့်ဘက်ကတော့တစ်ခါမှ မသိတဲ့သူကိုမအက်ပါ. သိပြီးသားလူကိုတောင် အားနာလို့မအက်ပါ။

ဖဘ. ဘလော့ အင်တာနက် ဆိုတာလဲ ဇတ်ခုံတစ်ခုလိုပါဘဲ .ကိုယ်လုပ်သမျှ ကိုယ့်လှုပ်ရှားမှူဆိုသမျှ ကို ကြည့်သောသူမြင်နိုင်ပါတယ်။ စင်မြင့်တစ်ခုလိုပါဘဲ။ ကိုယ်သည် ပိရတ်သတ် တစ်စုံတစ်ယောက်သော် လည်းကောင်းပရိတ်သတ်များသော်လည်းကောင်းရှိနေနိုင်ပါတယ်။ ကြိုက်သူရှိသလို မကြိုက်သလိုရှိနိုင်ပါတယ်။ ချစ်ခင်သူရှိသလိုမုန်းသူလည်းရှိနိုင်ပါတ။် ဝမ်းစမိုးလို့ပြောမဲ့သူရှိသလို. တော်ပါတော့ဗျို့ဆိုပြီး ပြောင်းဖူးရိုးနဲ့ပေါက်သူ လည်းရှိနိုင်ပါတယ်။ ဒါတွေ ကိုခံနိုင်ရည်ရှိဘို့ လိုပါတယ်။ မခံနိုင်ရင်တော့အစကတည်းက မသိတဲ့သူကို မအက်ဘို့မေတ္တာရပ်ခံလိုပါတယ်။ လာအက့်ပြီးသကာလ ကိုယ်ရေးသမျကို like လုပ်ပြီး. ကောင်းပါတယ်ခင်ဗျာ. သိတ်ကော်းပါတယ် အရမ်းကိုမှတ်သားရပါတယ်။ လေ့လာသွားပါတယ်ခင်ဗျာ.နောက်လဲ အမြဲလာပါ့မယ်။ အမြဲလာဖတ်နေပါတယ်ခင်ဗျာ. ကြိုက်လွန်းလို့ လင့်လုပ်ထားပါတယ်ခင်ဗျ ဆိုတာကိုဘဲ မျော်လင့်နေမယ်ဆိုရင်တော့ ခက်တယ်။

ပိရသသိတ်ထဲမှာအတည်ရေးတဲ့သူလဲရှိမယ်။နောက်ရေးတဲ့သူလဲရှိမယ။် ဖဘဆိုတာ စိတ်ပြေလက်ပျောက်ကိုယ့်လိုဝင်ကညော့နေတဲသူလဲရှိမယ်။ စော်ကားတဲ့သူလဲရှိမယ်။ ချစ်ခင်တဲ့သူလဲရှိမယ်။ ကိုယ်လို အမှိုက်တွေဲ ရှိနိုင်ပါတယ် သည်းခံနိုင်ရင် သည်းခံ မသည်းခံနိုင်ရင် ဖျက်ပစ်. အမျိုးမျိုးရှိနိုင်ပါတယ။် ဒါတွေကို မခံစားနိုင်ရင်. ဘဲ တစ်ခါတည်းဘလော့လုပ်ပလိုက်တယ်ဆိုတော့ကာ ကိုယ်ဟာ အန်မတန်ဆိုးသွမ်းနေသလားလို့တောင်ကိုယ့်ကိုယ်ကိုထင်မိပါတယ် မနစ်သိမ့်ကြပါန့ အစ်မ မှန်တယ်တို့သူမှားတယ်တို့ အစ်မကိုက ရှည်တာကိုးတို့ .မပြောကြပါနဲ့ဆိုလဲ အစ်မကဘာကိစ္စ ရေးသေးလဲဆိုရင်လဲ ရေးချင်လို့ရေးတယ်လို့ဘဲမှတ်ပါ။

အခုလာအက်သမျှကိုလည်းလက်ခံဆဲပါ။ ဓါတ်ပုံတွေ ကိုလည်းကြုံ..ကြဲုသလိုကြည့်နေဆဲပါ။ စတေတပ်တွေ လဲကြုံ..ကြုံသလိုဖတ်နေဆဲပါ.ဘလော့တွေလဲဖတ်နေတာပါဘဲ ။ဒါပေမဲ့ရေးဘို့ကိုကြောက်နေမိတယ်။ အဆဲခံရမှာမကြေက်ပါဘူး ဆဲတာကို မမှူပါဘူး.ကိုယ်က နောက်ရေးတာကို တစ်ကယ်ကြီးကိုခံစားသွားမှာကို မလိုလားလို့ပါ. ကိုယ်လဲ အတော်ကြီးကိုခံစားသွားရပါတယ်။ ခဥမ အတော်အီသွားခြင်းလို့စဉ်းစားမိတယ်။ အတော်ကြီးကိုငြိမ်သွားမိတယ်။ ဒါ ဘဝမှာ ပထမဆုံး block လုပ်ခံရခြင်းပါဘဲ။ နောင်လဲရှိနိုင်တာဘဲလေ. ဒီအချိုးအတိုင်းရေးနေခဲ့ရင်.။ ရေးခဲ့မိတဲ့တစ်ယောက်ကိုလည်းအခုတောငးပန်ပါတယ်။ block လိုက်လို့တောင်းပန်ခွင့်မရတော့လို့ပါ။ ကိုယ်နောက်တာပါ. အတည်မဟုတ်ပါဘူး ဆိုတာရယ်။ ပေါက်တတ်ကရတွေ ရေးမိတာကိုလည်းတောင်းပန်ပါတယ်။

21 comments:

မောင်မျိုး said...

သူလည်း စိတ်မကြည်တဲ့ အခါနဲ့ တိုးလို့နေမှာပါ ဂျီင်္းတော်အကြောင်း သိတဲ့ ကျနော်တောင် ကော့မန့်ရရင် အဲ့ ငါက စိတ်ညစ်လို့ရေးထားတဲ့ ပို့စ်ပါဆို သူကလာနောက်သွားပြန်ပြီး အဲ့လိုဖြစ်ဖြစ်တတ်တယ် နောက်ဆုံးတော့ ခလေးဆိုးကြီးကို ခွင့်လွှတ်ရစမြဲ ဟဟား ဟုတ်တယ်ဟုတ် ။

ဖတ်သွားတ.်
ကောင်းပါ၏
ကြိုးစားပါအုံး
စာလုံးပေါင်းတွေ မှားနေတယ် မောင်မျိုး
ဒါမျိုး နောက်မဖြစ်အောင် ဆင်ခြင်ပေါ့

ထိုသို့သော ကော့မန့်များအား အလွတ်ရနေပါကြောင်းး)

Anonymous said...

အမပေါက်တတ်ကရရေးတာတွေကကောင်းကောင်းနဲ့ထိထိမိမိရှိလှတယ်.....

kaungkinpyar said...

မမ နောက်တတ်တယ် ဆိုတာ သိပါတယ်...း)

ရေးလို့ ရတဲ့ သူတွေဆီ လာရေးပါ မမ...

Anonymous said...

အော်။ ဂလိုကိုး။ စိတ်အခန့် မသင့်တဲ့ အခါနဲ့ တိုးသွားလို့ နေမှာပါ။ သူကိုယ်တိုင် လည်း အတော်လေး နောက်တတ်ပြောင်တတ်ပါတယ်။ အခုတလောတော့ သူလည်း အတော်လေး ညစ်နေတယ် ထင်ရတယ်။ သူ့စာတွေ ဖတ်ကြည့်ရင် သိသာပါတယ်။

:D

sy said...

စိတ်မညစ်ပါနဲ့ အန်တီခင်ဦးမေရဲ့။
facebook မှာ add လိုက်တော့ kom ကော်မန့်လာရေးတာမှတ်မိသေးတယ်။
ချစ်စရာလေးဘယ်သူလေးလဲတဲ့။
blog ဖတ်နေကျ Blog friend လို့ပြန်ပြောလိုက်တာ မှတ်မိနေသေးတယ်။
နောက်တော့ ဘာမှလာပြန်မဖြေလို့တွေးနေသေးတာ။
sy လဲ ဓာတ်ပုံမတင်တဲ့လူဆိုလက်မခံဖြစ်ဘူး။ အမကိုတော့ တမင်ကို invite လုပ်တာ။ blog reader သက်သက်ဆိုတော့ အမ မသိနိုင်ဘူးဆိုတာ သိသိနဲ့ invite လုပ်ခဲ့တာ။
တခါတခါ ကိုညီလင်းဆက် ဓာတ်ပုံတွေအောက်မှာ အမ comment လာပေးထားတာတွေလိုက်ဖတ်ရင်း ရီ၇သေးတယ်။ အပေါ်က anynomous comment လိုပဲ အမခုတလောစိတ်ညစ် နေတယ်ထင်တယ်။ စာတွေကြည့်ရုံနဲ့သိတယ်။
ဘာဖြစ်ဖြစ် စိတ်ထဲမထားနေနဲ့။ ပျော်ပျော်နေပါအမရယ်။

sy

Mon Petit Avatar said...

May be he is out of humor due to stress. I believe he now know your actual sentiment and the reason why you gave those comments, Ma Ma KOM.

sy said...

အဲ့ နှစ်ခါ ထပ်သွားပီ ဖျက်လိုက်အုံး။
ဟီး ဒီကော်မန့်နဲ့ဆို ၃ခါရှိပီ။ :P
sy

မောင်သီဟ said...

အခုမှရောက်ဖြစ်တယ်ဗျို့း) နောက်ကျသွား တယ် ဟိုဒင်းဒီဒင်းအလုပ်နည်းနည်းရှုပ်သလိုလို မရှုပ်သလိုလိုဖြစ်နေလို့ပါ
block လုပ်တာကတော့ ကျွန်တော်လည်း ဂျီ တော့ဖြစ်ဖြစ် ကိုယ့်လာဆဲနေတာတောင်လွတ် ထားလိုက်တယ်း)
အွန်လိုင်းသုံးပြီဆိုတာနဲ့ အကောင်းအဆိုးမျိုးစုံကြုံ နေမှာလေ သူစိတ် မကြည်တဲ့အချိန်နဲ့တိုးလို့ဖြစ်မှာပါ စိတ်ထဲ မထား ပါနဲ့

JulyDream said...

မာမီအရှေ့မှာ ဆင်ရယ် ခြင်ရယ် အရုပ်ကြီး ထုပြထားလည်း အရာထင်မှာမှ မဟုတ်တာ။ အချိုးကတော့ ပြောင်းမယ့်ပုံ မမြင်ပါဘူး။ ဒါပေမယ့် အခုလိုမျိုး ဖတ်ရတာ ဝမ်းသာလိုက်တာနော်။ အသိတရားတစ်ခု တိုးသွားမယ်လို့ မျှော်လင့်မိပါတယ်။ အရူးရင့်ဖို့ နေမမြင့်ပါစေနဲ့လို့ တောင်းဆုချွေပါတယ်။

SBR said...

နဲနဲတော့ရိုင်းတယ်အမရဲ့ ကိုယ့်အသက်အရွယ် ကိုယ့်ရပ်တည်မှူပေါ်မူတည်ပြီးစဉ်းစားပါ အမကိုနေရာတိုင်းမှာ( blog/ FB) တွေ့တွေ့နေရတတ် လူကိုမသိပေမဲ့ သူကဘာကိုဆိုလိုတာလဲ ဘာတွေရေးနေတာလဲ သူ့အသက်အရွယ်နဲ့ဘာလို့ဒါမျိုးတွေရေးနေတာလဲလို့တော့ထင်မိတယ်..မှတ်2ရရ ကိုအန်ဒီ ကိုတခါ မန့်ထားတာမှတ်မိတယ် Reader Digest ကိုပို့တဲ့ ဟာသတခုမှာ ပေါ့..အဲတုန်းကလဲ ဘုမသိဘမသိ ၀င်မန့်ပြီးမှ တယောက်က ဒီလောက်တောင် E ကိုနားမလည်ဘူးလားလို့ဝင်ပြောတာတွေ့မိသေးတယ် အမ မရှက်ဘူးလား နောက်ပြီး ပန်ဒိုရာရဲ့ ဖဘ မှာလဲ အဲလိုပဲ ပုံနဲနဲပဲတင်ထားတာတောင်တခုချင်းလိုလို နာလိုခံခက်တွေမန့်ထားတာတွေ့ရတယ်.. ဘာပဲဖြစ်2 လူဆိုတာ ဟာသရှိတာကောင်းပါတယ်.. အပေါက်အပြဲစကားလုံးတွေ ပြောချင်ရုံနဲ့ကတော့ သူများတွေ တန်ဖိုးထားတဲ့/ခံစားမှူ စာစုတွေမှာ... ဓါတ်ပုံတွေပါ ၀င်မရေးသင့်ဘူးထင်ပါတယ်... ကောင်းပါသည် မှန်ပါသည်ထောက်ခံခိုင်းတာလဲ မဟုတ်ပါဘူး ကြည့်ရုံကြည့်/ဖတ်ပြီး ကိုယ်ဖီလ်းမလာရင် ဘာမှအသိမပေးပဲထားလဲရတာပါပဲ ...တချို့ခင်နေပြီး သား blogger တွေမှာလဲ အောင့်သီးအောင့်သက် အားနာမှုတွေကြောင့်သာဖြစ်မှာပါ...ဥပမာ / မောင်မျိုး said......
ဖတ်သွားတ.်
ကောင်းပါ၏
ကြိုးစားပါအုံး
စာလုံးပေါင်းတွေ မှားနေတယ် မောင်မျိုး
ဒါမျိုး နောက်မဖြစ်အောင် ဆင်ခြင်ပေါ့

ထိုသို့သော ကော့မန့်များအား အလွတ်ရနေပါကြောင်းး)
ဘရုတ်ကျချင်ရင်လဲ တယောက်ထဲပဲကျ သူများကိုစိတ်ဓါတ်ရေးရာ / လူမူရေးရာမထိခိုက်လို့ကတော့ ကျချင်သလောက်ကျ ဘယ်သူမှဘာမှပြောမှာမဟုတ်ဘူး.. လူတယောက် ယောက်ကို အသုံးချပြီးမှ ဘာလို့ပျော်ရွှင်ချင်ရတာလဲဆိုတာ မစဉ်းစားတတ်ဘူး....
( သည်းခံနိုင်ရင် သည်းခံ မသည်းခံနိုင်ရင် ဖျက်ပစ်. အမျိုးမျိုးရှိနိုင်ပါတယ။် ဒါတွေကို မခံစားနိုင်ရင်. ဘဲ တစ်ခါတည်းဘလော့လုပ်ပလိုက်တယ်ဆိုတော့ကာ ကိုယ်ဟာ အန်မတန်ဆိုးသွမ်းနေသလား လို့တောင်ကိုယ့်ကိုယ်ကိုထင်မိပါတယ် မနစ်သိမ့်ကြပါန့ အစ်မ မှန်တယ်တို့သူမှားတယ်တို့ အစ်မကိုက ရှည်တာကိုးတို့ .မပြောကြပါနဲ့ဆိုလဲ အစ်မကဘာကိစ္စ ရေးသေးလဲဆိုရင်လဲ ရေးချင်လို့ရေး တယ်လို့ဘဲမှတ်ပါ။).
သေချာတာကတော့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုလို့ထင်တယ်.. အမ ဆီမှာ ငယ်စဉ်ကပဲဖြစ်ဖြစ် ခုပဲဖြစ်ဖြစ် သူများကိုစသလိုလိုနဲ့ဖဲ့တတ်တဲ့အကျင့်တခုဟာ မိဘဆီကဖြစ်2 တခုခု အဆင်မပြေမှုတွေကပဲဖြစ်ဖြစ် စီးမျောလာပုံရပါတယ်... ဒီအရွယ်ကြီးမှာတော့အရိုးလဲစွဲနေလောက်ပါပြီ... အဲတော့လဲအားလုံက နောက်ပိုင်းခွင့်လွှတ်ထားလိုက်တာဖြစ်မှာပါ... ခွင့်မလွှတ်နိုင်တဲ့သူကတော့ blog လုပ်လိုက်မှာပေါ့လေ....တခုခုဆို ကညော့တတ်တဲ့အကျင့်ဟာ နောက်ဆုံးတောင်းပန်ရတယ်ဆိုထဲက ဘယ်လာပြီးတော့ အကျိုးရှိလုပ်ရပ်ဖြစ်နိုင်ပါတော့မလဲ

madam said...

နဲနဲတော့ရိုင်းတယ်အမရဲ့ ကိုယ့်အသက်အရွယ် ကိုယ့်ရပ်တည်မှူပေါ်မူတည်ပြီးစဉ်းစားပါ အမကိုနေရာတိုင်းမှာ( blog/ FB) တွေ့တွေ့နေရတတ် လူကိုမသိပေမဲ့ သူကဘာကိုဆိုလိုတာလဲ ဘာတွေရေးနေတာလဲ သူ့အသက်အရွယ်နဲ့ဘာလို့ဒါမျိုးတွေရေးနေတာလဲလို့တော့ထင်မိတယ်..မှတ်2ရရ ကိုအန်ဒီ ကိုတခါ မန့်ထားတာမှတ်မိတယ် Reader Digest ကိုပို့တဲ့ ဟာသတခုမှာ ပေါ့..အဲတုန်းကလဲ ဘုမသိဘမသိ ၀င်မန့်ပြီးမှ တယောက်က ဒီလောက်တောင် E ကိုနားမလည်ဘူးလားလို့ဝင်ပြောတာတွေ့မိသေးတယ် အမ မရှက်ဘူးလား နောက်ပြီး ပန်ဒိုရာရဲ့ ဖဘ မှာလဲ အဲလိုပဲ ပုံနဲနဲပဲတင်ထားတာတောင်တခုချင်းလိုလို နာလိုခံခက်တွေမန့်ထားတာတွေ့ရတယ်.. ဘာပဲဖြစ်2 လူဆိုတာ ဟာသရှိတာကောင်းပါတယ်.. အပေါက်အပြဲစကားလုံးတွေ ပြောချင်ရုံနဲ့ကတော့ သူများတွေ တန်ဖိုးထားတဲ့/ခံစားမှူ စာစုတွေမှာ... ဓါတ်ပုံတွေပါ ၀င်မရေးသင့်ဘူးထင်ပါတယ်... ကောင်းပါသည် မှန်ပါသည်ထောက်ခံခိုင်းတာလဲ မဟုတ်ပါဘူး ကြည့်ရုံကြည့်/ဖတ်ပြီး ကိုယ်ဖီလ်းမလာရင် ဘာမှအသိမပေးပဲထားလဲရတာပါပဲ ...တချို့ခင်နေပြီး သား blogger တွေမှာလဲ အောင့်သီးအောင့်သက် အားနာမှုတွေကြောင့်သာဖြစ်မှာပါ...ဥပမာ / မောင်မျိုး said......
ဖတ်သွားတ.်
ကောင်းပါ၏
ကြိုးစားပါအုံး
စာလုံးပေါင်းတွေ မှားနေတယ် မောင်မျိုး
ဒါမျိုး နောက်မဖြစ်အောင် ဆင်ခြင်ပေါ့

ထိုသို့သော ကော့မန့်များအား အလွတ်ရနေပါကြောင်းး)
ဘရုတ်ကျချင်ရင်လဲ တယောက်ထဲပဲကျ သူများကိုစိတ်ဓါတ်ရေးရာ / လူမူရေးရာမထိခိုက်လို့ကတော့ ကျချင်သလောက်ကျ ဘယ်သူမှဘာမှပြောမှာမဟုတ်ဘူး.. လူတယောက် ယောက်ကို အသုံးချပြီးမှ ဘာလို့ပျော်ရွှင်ချင်ရတာလဲဆိုတာ မစဉ်းစားတတ်ဘူး....

madam said...

( သည်းခံနိုင်ရင် သည်းခံ မသည်းခံနိုင်ရင် ဖျက်ပစ်. အမျိုးမျိုးရှိနိုင်ပါတယ။် ဒါတွေကို မခံစားနိုင်ရင်. ဘဲ တစ်ခါတည်းဘလော့လုပ်ပလိုက်တယ်ဆိုတော့ကာ ကိုယ်ဟာ အန်မတန်ဆိုးသွမ်းနေသလား လို့တောင်ကိုယ့်ကိုယ်ကိုထင်မိပါတယ် မနစ်သိမ့်ကြပါန့ အစ်မ မှန်တယ်တို့သူမှားတယ်တို့ အစ်မကိုက ရှည်တာကိုးတို့ .မပြောကြပါနဲ့ဆိုလဲ အစ်မကဘာကိစ္စ ရေးသေးလဲဆိုရင်လဲ ရေးချင်လို့ရေး တယ်လို့ဘဲမှတ်ပါ။).အမရေးထားတာနော်
သေချာတာကတော့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုလို့ထင်တယ်.. အမ ဆီမှာ ငယ်စဉ်ကပဲဖြစ်ဖြစ် ခုပဲဖြစ်ဖြစ် သူများကိုစသလိုလိုနဲ့ဖဲ့တတ်တဲ့အကျင့်တခုဟာ မိဘဆီကဖြစ်2 တခုခု အဆင်မပြေမှုတွေကပဲဖြစ်ဖြစ် စီးမျောလာပုံရပါတယ်... ဒီအရွယ်ကြီးမှာတော့အရိုးလဲစွဲနေလောက်ပါပြီ... အဲတော့လဲအားလုံက နောက်ပိုင်းခွင့်လွှတ်ထားလိုက်တာဖြစ်မှာပါ... ခွင့်မလွှတ်နိုင်တဲ့သူကတော့ blog လုပ်လိုက်မှာပေါ့လေ....တခုခုဆို ကညော့တတ်တဲ့အကျင့်ဟာ နောက်ဆုံးတောင်းပန်ရတယ်ဆိုထဲက ဘယ်လာပြီးတော့ အကျိုးရှိလုပ်ရပ်ဖြစ်နိုင်ပါတော့မလဲ

သူကြီးမင်း (တုံးဖလား) said...

မမကွန်.. ခလုပ်တိုက်ခံရပြီ ထင်တယ်။ :D

Anonymous said...

ကျနော်ကတော့ ရယ်ချင်နေတာပဲ..။
တခါတလေတော့လည်း စိတ်ညစ်သွားမလားလို့
စိတ်ပူမိသေးတယ်..။
ဒါပေမယ့် အိမ်ကြီးရှင်ရဲ့ EQ ကို ယုံကြည်ပါတယ်လေ..။

Xထုံ

TZA said...

သိပါဘူး.. HDB block နံပါတ်များ ရေးတာလားလို့ လာဖတ်မိပါတယ်၊ ဟင်း..

ဒေါင်းမင်း said...

စိတ်မဆိုးနဲ့အမ..တစ်ခါတလေဖြစ်တက်ပါတယ်..
ခွင့်လွတ်လိုက်..

ကိုဇော် said...

လာ. . .ကျနော့်ပုံတွေမှာ လာရေး. . .
ဘာမှ မဖြစ်ဘူး..ခင်လို့ နောက်ရေးတာပဲ။

အရမ်းကောင်းတယ် ၊ ခံစားရပါတယ် ၊ တော်လိုက်တာနော် ဆိုပြီး ပို့စ်က စာတွေကို သေချာ မဖတ်ပဲ ရေးနေတာထက် စာရင် ဒါကို သဘောကျတယ်။ နောက်တာပဲဗျာ။ အတည်ရေးရင်လည်း ဘာဖြစ်လဲ။ အောက်က ကိုယ်က ပြန်ရေးပေါ့။

အခု သူက Block တော့လည်း ကိုယ်က ဘာဖြစ်လဲ ၊ အနေသာကြီး သွားလည်စရာ တစ်ယောက် လျော့တာပေါ့။

အေးဆေး ကလေးမွေး ၊ မွေးပြီး ကလေး သူပေး ၊ ယောက်ျားလေး .... ဆိုသလို ငယ်ငယ်က နောက်ပြောသလိုပဲ ပြောရတော့မှာပဲ။

T T Sweet said...

အစ်မ .... လာဖတ်သွားပါတယ်။ fb မှာတော့ သိပ် active မဖြစ်ဘူး။

ဒီလိုမျိုး တစ်ခါတစ်လေ ဖြစ်တတ်ပါတယ်။ ဟိုဘက်က တစ်ခုခု တလွဲထင်သွားတဲ့အခါ၊ စိတ်မကြည်တဲ့အခါ။
ကိုယ်လဲ အဲဒီလို အနောက်သန်လို့ ကွန့်မန့်ပေးရင် အတော် ထိမ်းထိမ်း သိမ်းသိမ်း ပေးရတယ်။ ကိုယ်က စိတ်ထဲဘာမှမရှိ ... ပျော်လို့ နောက်ရုံ စရုံ သက်သက်ကို တစ်မျိုးထင်သွားမှာ ကြောက်လို့။ အစ်မကိုလဲ ကိုယ့်လိုပဲ ပျော်တတ် နောက်တတ်သူလို့ပဲ မြင်ပါတယ်။

Steve Evergreen said...

post title should be "blocked"

Yoe said...

(ပို့စ် နဲ့ ကွန်မန့်တွေ မြင်တော့အတော်ခြောက်ခြားသွားတယ်)