Showing posts with label general. Show all posts
Showing posts with label general. Show all posts

Saturday, January 18, 2014

unboxing



copy. print, scan ဝယ်လာတယ် ဈေးပေါဘို့ ကအဓိက့ ပစည်းကောင်းဘို့က ဒုတိယ. နာမည်မရှိ မဝယ်ချင်ဘူး. ကင်နွန် ၇၀ ကျော်. ပစည်းမရှိတော့ဘူး ။ စိတ်ညစ်မျက်နာက ငယ်ြ့ပန်ဘီ မျက်နာငယ်သွားတဲ့ လူကို sale person က ခေါ်ပြတယ်. မင်ဘာ member ဆိုရင် ၅၉ ကျပ်. မန်ဘာမ ဟုတ်ရင် ၆၉ ကျပ်. ၇၀ ကျပ်ဘဲ ဆိုကြပါစို့ ဈေးတော့ကြိုက်သွားပြီ. ကန်နွန်လဲကောင်းတာဘဲံHp လဲကောင်းတယ်။ HP ကတော့ပျက်ရင်ပြင်မရတော့ဘူးလို့ပြောရင် တစ်ခါအတွေ့အကြုံဘဲ သုံးနစ်ဝန်ရန်တီပေးထားတာ သုံးနစ်ပြပည့်ပြီးတာနဲ့ပျက်သွားတာ ပြင်ခ ငါးရာကျော်ကုန်တဲအထိမကောင်းတာနဲ့ လွတ်ပစလိုက်ရတယ်။ ကြောက်ကြောက်နဲ့ဘဲ. ဒါ အကောင်ဆုံးဘဲ ဆိုပြိး ဝယ်လာတယ်။ ပေါ့ပါတယ် လက်က ဆွဲသွားလို့ရတယ်။

အိမ်ရောက်ပြီ ရင်ခုန်တယ် ဆင်ရတော့မယ်. တီဗွီ မောင်ဆင်ရင် ဘေးကနေ စကရု screw လေးယူပေးရရင် တောင် ပွစိပွစိ ငါ့ကို သိတ်ခိုင်းတယ် ထင်တဲ့သူ. မောင် မောင်လို့ မျှော်မိတယ်။ မောင်က မလာ ဟာ. ။

မောင်မအားတော့လဲ လုံချည်တိုတိုဝတ်. စိတ်ကို ခိုင်ခန့င်္အောင်ထား. ယောကျားမရှိတဲ့ မိန်းမတွေ ဘယ်နယ့်လုပ်မလဲ ဆင်ပေါ့ကိုယ့်ဘာသာ အားပေး

ပုံးထဲကနေထုတ် ပလကစ်တစ်ခွာ ယူအက်စီဘီကြိုးတပ်. မီးကြိုးတပ်. ဒါကလွယ်ပါတယ်။ မှင်ထည့်တဲ့ဘူး ထည့်တာကတော့ပညာပါတယ် အရင်ံHP printer သုံးဘူးလို့ထည့်ဘူးလို့တော်တော့တယ်။

စီဒီချပ်ထည့်ပြီး install တယ် ရင်တော့ခုန်တာဘဲ error ပြသွားမလား စိတ်ပူတယ်။ အဆဆင်ပြေတယ်။ print alignment လုပ်ခိုင်းတယ် လုပ်လိုက်တယ်။ ကော်ပီကြည့်တယ် ရတယ်။ scan ဖတ်ကြည့်တယ် ရတယ်။ print ကြည့်တယ် ရတယ်။ ယူကျူထဲသွားပြီး unboxing ကို အားလုံးဆင်ပြီးမှ ကြည့်မိတယ်။ အွန်လိုင်း register လုပ်တယ် ပြောလို့ပြောတာ မဟုတ်ဘူ ငါအတော် တော်တာ။

Tuesday, January 14, 2014

medical chek up

medical check up (1)

ရန်ကုန် ရောက်တုံးက HIV, Hepatitis B နဲ့ C နဲ့စစ်ဖြစ်တယ် စစ်ဘို့စိတ်ကူးထားတာ ကြာပြီ သတ္တိမရှိလို့ မသိချင်းဘူး ဖြစ်ခဲ့ရင်တောင် မသိချင်ဘူး. ဆေးကုတာက နောက် ဆေးမကုခင် ကိုယ် အရင် ခုန်ချသွားမလား ဆိုတာ မရေရာဘူး. လူတွေ ကို ဒုတ်ခ ပေးတဲ့ ဝေဒနာနဲ့ တော့ နီးစပ်ရာတွေ ကို ဒုတ်ခမပေးခဲ့ချင်ဘူး ကိုယ့်ဘာသာ တော့ကိုယ်အမြဲ သတိထားတာ ဘဲ သူငယ်ချင်း အရင်းေ ခါက်ခေါက်နဲ့တောင် ရေတစ်ပုလင်း ကို တစ်ယောက်တစ်ငုံမမော့တာ ဟင်းချို တစ်ခွက် ကို တစ်ယောက် တစ်ဇွန်းမသောက်နိုင်ဘဲ တစ်ပန်းကန် ထပ်တောင်းပြီး နစ်ပန်ကန် ခွဲပြီးသောက်တာတွေ. ကိုယ့်ဆီက ကုးမှာကြောက်တာ လား သူ့ဆီက ကူးမှာ ကြောက်တာလား. ယောကျာ်းကို ဆီးချိုရှိမရှိသွေးဖောက်စစ်တာတောငင် သူ့သွေးကို ကိုယ့်ကို မပေအောင် ဂရုစိုက်လို့ ယောကျာ်းကျားက ငြိုငြင်သွားတာ ချစ်တာက ချစ်တာ ဘဲ အလေ့အကျင့်က သံမှိုစွဲနေခဲ့ပြီ။

ရန်ကုန်မှာ ထမင်းဆိုင်တွေ မှာစားရင် တစ်ယောက်တစ်ပန်ကန်ပေးတဲ့ ဟင်းချို မကုန်ရင် ပြန်ထည့်မယ်လို့မထင်ချင်ဘူး လွတ်ပစ်လိုက်လိုက်မယ်လို့မျှော်လင့်တယ် ကလောမျ ထမင်းစားတော့ ဟည်းနေတဲ့ ထမင်းဝိုင်းကြီးက တို့စရာတွေ ကာတော့ထား အရံထည်တွေ ဟာ ထည့်လိုက် ပြန်ချလိုက် လုပ်နေမှာလား. ကလော ထမင်းဆိုင်မှာဟင်း ရံတွေ မှာ ဇွန်းမပါဘူး ဆိုလိုတာက ကိုယ့်ဇွန်နဲ့သော်လည်ေးကာင်း ကိုယ့်လက်နဲ့သော်လည်းကောင်း နှိုက်စားကြပါလို့ဆိုလိုတာ ဘဲ လူပေါင်း စုံ နှိုက်သွားကြတဲ့ ငပိထာင်းပန်းကန်ကို ထပ်နှိုက်ဘို့ စိုးရွံ့နေမိတယ်။ ဟင်းရံပေါင်း စုံထေဲ ကို ဇွန်းသေးသေးလေး တစ်ချောင်း စီထည့်ပေးပါ တောင်းဆိုတော့ ဆိုင်က အံသြတဲ့အကြည့်နဲ့ကြည့်တယ်။





medical check up 2

နိုင်ငံ ခြားမှာလဲ စစ်လို့ရတာဘဲ မတော်လို့များ ဒုတ်ခ ရောက်ခဲ့ရင် လူသိထင်ရှား အရှက်ရတော့မှာဘ ဆိုပြီး ကိုယ့်နယ်မှာတော့လွတ်မယ်ထင်တာပေါ့လေ.

HIV hepatitis B နဲ စီနဲ့ စစ်မယ်ဆိုတော့ ဆေးခန်းေ၇ွးရတယ်။ SSC ရောက်တယ်။ pathologist တွေ ဟာ မကင်းရာ မကောင်းကြောင်းတွေ ဘာလို့ဖြစ်နေရတာလဲ Neagative ဆိုရင် ဒီအတိုင်း လက်မှတ်ထိုးလိုက်ပေမဲ့ postiveဆိုရင် ဆရာဝန်တိုင်းလိုလိုက တော့ဘယ်သူများပါလိမ့်ဆိုတဲ့ စိတ်နဲ့ စိတ်မကောင်းတဲစိတ်နဲ့ နာမည် ဖတ်လိုက်ရင် ငါလိုနာမည်ကြီးလူကြိုက်နည်းတဲ့ သူတစ်ယောက်အတွက် ခက်ရချည်ရဲ့ ဆိုပြီး လှည့်ပြန်လာယတ် ညကြီးမင်းကြီး ဆေးခန်းလှည့်ပတ်ရှာတဲ့ အဖြစ်. နီနီဓါတ်ခွဲခန်း မဖြစ်သေးပါဘူ ရွေ့ဘုံသာလးမ်း အလိုလေး..........ဝေးရာကိုေ ပြးခွာမယ်ဆိုတော့အလုံက်ဘက်က အာရှတော်ဝင်ကို မျက်စေကျတယ်။

ကားကို တစ်နေရမှာရပ်. ဆေးရုံထဲဝင် သက်ဆိုင်ရာမှာမေး. စစ်ချင်တယ်လို့ပြော. ဘယ်သူက စစ်ခိုင်းတာလဲ ကွကို စစ်တာပါ မျက်နာငယ်နဲ့ပြော ငါလိုလူ ရိုးသားပါတယ်လေ. သူတို့ဘာညာ ထင်ကြမှာ မဟုတ်ပါဘူး. B စစ်ချင်တယ်ဆိုတော့အကောင်ရေ ပါထည့်စစ်မှာလားတဲ့ ဟင် ဘာပါလိမ့်အကောင်ရေ ဆိုတာ anitbody ကိုပြောတာ ထင်တာဘဲ. ကိုယ်ခံအားကောင်းတယ်ဆိုရင် ဆေးပြန်မထိုးရဘူးလေ. ကိုယ်ခံအားအကောင်ရေ နည်းနေတယ်ဆိုရင် ဆေးပြန်ထိုးရမယ်မဟုတ်လား ရှင်းပြတာ ကို တစ်ငြိမ့်ငြိမ့်နားထောင်. စစ်မယ်လို့ပြော ..........

တစ်ညလုံးအိပ်ဘို့ခဲ့ယဥင်္းလွန်းတယ်။ ဖြစ်ခဲ့ရင် ဘယ်နဲ့လုပ်မလဲ ဆိုတဲ့စိတ်က ကြီးစိုးလွန်းတယ် ငါ အပ်ဘယ်နစ်ခါ စူးမိပါလိမ့် ရောဂါရှိတဲ့သွေးတွေ နဲ့များထိမိသေးလား. risk ထဲမှာ့ ပါတဲ့ လူတွေ အတွက်. ရင်ပူရလွန်းတယ်။ မနက် မိုးလင်းကတည်းကလတုတ်တုတ်မှ မလှုပ်ဘူး သိတ်ကြောက်တတ်တယ်။ ဖြစ်လိုကရင်တော့သေလိုက်တော့မယ် စိတ်ကူးတာဘဲ။ အန်မတန် မြတ်နိုးတဲ့ အလုပ်ကိုလည်း စွန့်လွတ်ရမယ်။ ဆက်တေါးတာတွေ့တော့ လူတိုင်းကြောက်ြ့သလိုပါဘဲ ငြိမ်လွန်းအားကြီးတော့ မေးယူကြရတယ် နေကောင်းရဲ့လား လာမေးတယ် နေကောင်းပါယတ် ပြောပြီး ငြိမ်သွားပြန်ရော................... ငါသိတ်ကြောက်တတ်တယ်။.






 medical check up 3

နေ့လည် အဖြေရမယ်ဆိုတော့ ခုန်လွန်းတဲ့ ရင်နဲ့ အတူ ရောက်ခဲ့တယ် ပိတ်ထားတဲ့စာအိတ်ကလေးကို မဖွင်ရဲ့ ဖွင့်ရဲနဲ့ဖွင့်တယ် negative ဆိုတဲ့ အဖြေဟာ ချိုမြိန်လွန်းလှတယ် ပီတိဖြစ်လွန်းတဲ့ ရင် ဟာ ငြိမ်းချမ်းလို့မဆုံးနိုင်ဘူးလက်မှတ်ထိုးထားတဲ့ pathologist ကိုလည်း သိနေပြန်တယ် ဒုတ်ခ. လွတ်မယ်ထင်ပြီးလာတာတောင်မလွတ်ဘူး ဒါပေမဲ့ negative negative negative ဆိုတဲ့ ပျော်၇ွင် ခြင်းအသံဟာ နားထဲမှာ ရင်ထဲ မှာ လှိုင်းခတ်နေတယ်။ ရှိသမျှ အမျိုးအဆွေ ယောက်ျား သူငယ်ချင်းတွေ ဆီ ဖုံးဆက်ပြီးကြွားဝါတယ်။ ငါလေ. HIV Heaptiis B, C. neagative သိလား သိလား သိလား.





medical check up 4

သမီးမျက်လုံးလေးတွေ မို့နေတယ် ဆီးကောင်းရဲ့လား တဲ့ ခွဲစိတ်ဆရာဝန်တစ်ယောက်ရဲ့ အမေးက ရင် ကို ထိသွားတယ် ကိုယ့်မျက်လုံးကိုယ်ပြန်ကြည့် လဲသွားတယ်။ အစ်မရေ ငါ့မျာက်လုံးမို့နေလားဟင် မမို့ပါဘူး မို့တယ်ဆို. နင်ဝလာလို့ပါဟာ.

ဆီးကောင်းရဲ့လား ရေတွေ သောက်တယ် သောက်တယ် သောက်တယ် ပေါက်တယ် ပေါက်တယ် ပေါက်တယ် ပေါက်တယ်ဆိုရင် ငါ့ကျောက်ကပ် ကောင်းပါတယ် ဘာလို့မို့တာလဲ အေ. အသက်ပေါ့ဟာ အသက် အသက်.........အဖြေပေးကြတာယ် ဝိတ်လျှော့လေ. အားပေးကြတယ်။

စစ်ဘို့အားယူရပြန်တယ်။ မစစ်ခင်း ရေသောက်ဘို့လဲ သတိထားရသေးတယ် ရေတွေ သောက်သောက်. မနေ့တစ်နေကက ထပ်စစ်တယ်။ FBC် full blood picture နဲ့ urea . cholesterol. Liver function test ထည့်ဘို့မေးသွားလို့ ထပ်လိုကထည့်ရတယ်။ အဖြေကတော့ကောင်းမယ်မျှော်လင့်တာဘဲ မို့ရူးမတတ်တော့မဖြစ်ဘူး ဒါပေမဲ့အငိုက်မိမှာစိုးုလို့ကံကြမာ ကို မယုံရဲပြန်ဘူး

FBC ကောင်းပါတယ်ေ သွားအားကလဲ ကောင်းလိုက်တာမှ ကောင်းတာကို မမ က centrum 50 နဲ့ အမေရိကားက သူ့အမေ့အတွက်ပေးလိုက်တဲ့ ငါးကြီးဆီတွ ကို ကြားကနေ ဘတ်ပြီးသောက်နေတာကို. အားတွေ ရှိသမျှ. သွေားအားကောင်းပါဘိ. ဝါသနာပါရင် သွေားလှူလို့ရတယ်။ သွေးဖြူဥ သွေးနီဥ ဥ သုံးဥ အားလုံးကောင်းတယ်။ သွေးကင်ဆာတွေ နဲ့လဲ ကင်းရှငးပြီပေါ့.

urea, urea. သိတ်ဒုတ်ခပေးတဲ့ urea . ကျောက်ကပ် ဆေးတယ် ဆုတာ လဲ မလွယ်ဘူး တစ်နေ့လေးခါ အိမ်မှာ လုပ်မလဲ ဘိုက်မှာ ပိုက်ြ့ကီးတပ်ထာားရမယ် တစ်ပါတ် သုံးခါ လုပ်မလား ပိုက်ဆံ တေ အများကြီးကုန်မယ် ဘယ်လမ်းရွေးမလဲ အသေခံမလား.

တို့ကျောက်ကပ် ကောင်းတယ်မောင်. ။ မပျက်စီးသေးဘူး. အသည်းတွေ လဲကော်းတယ်။ ကော်လက်စထေရာတေက့ များပုံရတယ်။ Fasting မလုပ်ဘဲ စစ်လိုကတာ error ပြသွားတယ် ငါက ဘဲ fasting မလုပ်တာ စက်က သိသွားလာိးသိတ်မျတားလို့ဘဲ စက်က မဖတ်တတ်တော့တာလဲား သဒကါတာ့ ကိုယ့်အကြောင်းကိုယ်သိတယ်လေ. ဒီလောက် အစားပုတ် ထောပတ်တေါ လျှက်နေတာ ကော်လက်စရောရာတက်မှာဘဲ လျှော့ရမှာပေါ့.

ဝါသနာပါလို့ထပ်စစ်ချင်သေးရင် အဆုတ်ကတောမနစ်က ဓါတ်မှန်ရှိုက်ထားတယ်။ ကောင်းတယ် ဘာလခဏမှာ မရိဘှဘူးဆိုတော့တော်ပါပြီး သားအိမ် အလုံး ultrasoun နောက်ဆုံစစ်တုံးက သေးသွားတယ်တဲ့ သုံနစ်လောက်ရှိပြီထင်တယ။ pap smear စစ်တုံးက လဲကောင်းတယ် အခုမှ ကာကွယ်ဆေးသွားထိုးလို့တော့ မမှီတော့ဘူးထင်တယ်။ အသက်ကြီးရင် ရတော့ဘူးတဲ့ e. စစ်မယ်ဆိုရင်တော့ the whole boday scan ဘဲ. တော်ပါပြီ ကြောက်တယ်။ ငြိမ်ငြိမ်ဘဲ နေတော့မယ်။
 
  

Monday, January 13, 2014

phone




ရန်ကုန်ရောက်တော့ဖုံးပျောက်တယ် အကြောင်းအမျိုးမျိုးနဲ့ နိုကီရာ .ဈေးမကြီးပါဘူး. ဒါပေမဲ အထဲ မှာ ဒါတ်ပုံတွေ တောတော်များများပါတယ်။ ပျောက်သွားတယ်။ စနေနေ့ စနေမှာ တယ်လီဖုံးပျောက်တယ်။ postpaid မပြောင်းထားဘူး။ နိုင်ငံတစ်ကာမှာ prepaid ဆိုတာ ထက် postpaid ဆိုတာကို ပို အခြေခိုင်သလိုဘဲ လူက ကန်ထရိုက်နဲ့မှာဝယ်နိုင်တာ. အရှည်မရှင်းတော့ပါဘူး Prepaid လူတိုင်းဝယ်နိုင်ပေမဲ့ postpaid လူတိုင်းမဝယ်နိုင်ဘူး ဒါကို prepaid ကို ပြောင်းမလားမေးတော့ပျော်ပျော်ကြီး ပြေင်းလိုက်ကြတာလားမပြောင်းချင်း ပြောင်းချင်ပြောင်းလိုက်ကြတာလား။

prepaid ပျောက်ရင် ပျောက်တယ် ဘဲ ပိုက်ဆံတစ်သောင်းကုန် ပြီြး့ပီလို့သတ်မှတ်ရမပေမဲ့ postpaid ပျော်ကတာ တစ်သာင်းမက တသိန်းကုန်သွားနိုင်တယ် နိုင်ငံတစ်ကာ ကို ဖုံးလှည့်ပြီ ပြောလိုက်ရုံဘဲ. အော် သောကတွေ ပွားရတာများ.

ရန်ကုန်ရောက်စ. ဘယ်သူ့ကိုမ မရေလည်နဲ့ အချိန်. စနေနေ့ဖုံးပျောက်တယ် စကာပူမှာဆိုရင်တော့ ဖုံးဆက်ပြီးလိုင်းပိတ်ခိုင်းမယ်။ အခုတော့ဘယ်ကို ဆက်ရမလဲ မသိဘူး သူများကို အကူအညီတောင်းဘို့လဲ အားကြီးဝန်လေးတယ်။ ကိုယ်ကလဲ သူများကို သိတ်မကူညီတတ်ဘူးမဟုတ်လား

ကူမဲ့သူပေါ်လာတယ်. ဒါပေမဲ့ နောက်ဆုံးတော့ တနင်္ဂနွေမှာဘဲ ပိတ်သလား. တနလယကြတော့မှ ဘဲိပိတ်သလား မသိနိုင်ဘူး တစ်ချိန်လုံးဆက်ရင် တော့လူကြီးမင်းခေါ်ဆိုသော ဖုံးသည် ဘဲ ဆိုောတ့ လဲခက်တာဘဲ.

ချိန်းလိုက်ရတာ စာ၇ွက်တွေ သွားပေးရတယ် သွားယူရတယ် မစုံသေးဘူး ထပ်ပေးပါဦး။ ပွဲစားမဟုတ်ဘဲကူညီသူဆိုတာ Professional မဖြစ်ဘူး ကူညီချင်လို့ကူညီတာ ဆိုတော့ အပစ်ဆိုရခက်တယ် တစ်ပါတ်လောက် က သူနဲ့ဘဲ ချိန်းလဲ ပြန်ယူလိုက် ပြန်ပေးလိုက် ကဒ်ပြားပြန်ရတော့ပျော်သွားတယ် ဆက်မရပြဘူး နစ်ဆယ်လေးနာရီစောင့်ရတယ် ဆိုလို့စောင်လိုက် ခ်ါကြည်မလိုက်ရပြန်.

ကူညီသူလဲစိတ်ညစ် နောက်ဆုံးေ ပျာက်တုံးပိတ်မိတာ ကို မေ့သွားပြန်ဖွင့်ဘို့ ထပ်ချိန်းကြပြန်.

ဘာဘဲ ဖြစ်ဖြစ် ခလုပ်နိပ်ရင် အလုပ်ဖြစ်တဲ့ ရန်ကုန်မြို့မှာ မနိပ်တတ်သေးတော့လဲ ယောင်လည်လည်ဘဲ .

မှတ်ချက်
ပျောက်သွားတဲ့ ဖုံး
data တွေ မကူးဘဲနဲ့ပစ်ထားမိတဲ့ ဖုံး.
ဘာရယ်မဟုတ် လက်ထဲ ကျန်ခဲ့တဲ ပုံ။
ဒါဘဲ ကျန်တယ်။

Saturday, January 4, 2014

back up charger




မနက် ခြောက်နာရီခွဲလောက်က အိမ်က ထွက်ပြီး ညမှ အိမ်ပြန်ရောက်တဲ့သူတစ်ယောက်အတွက် လမ်းလျောက်အလုပ်လုပ်ရတဲ့သူတစ်ယောက်အတွက် အိုင်ဖုံးမှာ ဘတ်ထရီက ကုန်ကုန်သွားတယ် . ကုန်သွားတယ်လို့ပြောတာ အရင်တုံးက ဘယ်လိုမှ မနေပေမဲ့အခုနေလာပြီ အခုခေတ်လိုကာလကြီးမှာ ဖုံးတွေ အတွက် Back up battery ဆိုတာ ရှိတယ် ဆိုပေမဲ့သုံနေပေမဲ့ကိုယ်သုံးနေတဲ့တစ်ခါထည်း အိုင်ဖုံးမှာ စွပ်လိုက်ရတဲ့ charger ကဘဲ အားနည်းလာသလား အင်တာနက်ကို တစ်ချိန်လုံးဖွင့်ထားလို့ဘဲ အားကုန်သလား ကလိလို့ဘဲ အားကုန်သလား အင်တာနက် broad band ကြီးရှိပေမဲ ဖုံးကို ပိတ်လိုက်ရတဲ့အချိန်တွေ ရှိလာတယ် 3G ကို off လိုက်ရတဲ့အချိန်တွေ ရှိလာတယ် ဘတ်ထရီကုန်မှာစိုးလို့ ဆိုပြီးအကြောင်းပြတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ဘက်ထရီ back up charger တွေ ကိုလိုက်ကြည့်မိတယ် branded ဈေးတွေ က စလုံး ၅၀ ကနေ ၁၀၀ ကျော်အထိ ဖြစ်တယ် အခုမှ လေ့လာရတယ် လေ့လာစရာတွေ ဟာ မကုန်နိုင်ဘူး. သိတဲ့လူကိုမေးရင် တစ်ခွန်းထဲနဲ့ပြီးပေမဲ့အသိုင်းအဝိုင်းများပြီး မေးစရာ မရှိတဲ့သူတစ်ယောက်အတွက်တော့ကိုယ့်ဘာသာကိုလေ့လာရုံဘဲ.

လေ့လာရင်းနဲ့သိလာရတာ ဟိုတစ်နေ့က scan ဖတ်တာ adobe format နဲ့ jpeg format နစ်မျိုးဘဲ ထုတ်တယ် ဆိုတာ သိလာရတယ် word fomat နဲ့မထွက်ဘူးလို့ ဆိုင်က ပြောမှသိရတယ်. တို့ေ၇းတာ ကို သိတဲ့သူတွေက မဖတ်ကြဘူး. ဖတ်တဲ့သူတွေ လဲ မသိကြဘူးလေ. အဲသာ ကြောင့်ဘာ မှ မပြောကြဘူး တို့ပြောတာကိုဘဲ ခေါင်းတစ်ညိမ့်ငြိမ့်နဲ့ဖတ်ကြတယ်။

အခု လေ့လာပြန်တော့ back up charger တွေ အကြောင်း အတော်သိလိုက်ရတယ်။ တို့ အိုင်ဖုံးမှာ သုံးနေတဲ့တစ်ခါထည်း စွပ်ထားတဲ့ charger က 2350 mAh ဆိုတာ သိလိုက်ရတယ်။ အခု မှသိတာပါ အရင်က မသိဘူး။ Input output ဆိုတာတော့နားမလည်သေးဘူး medical term မှာတော့ input ဆိုတာ တစ်နေ့တာ လုံးရဲ့အဝင် . output ဆိုတာ တစ်နေ့တာလုံးရဲ့ အထွက် ရှူးရူး ဘာညာ အပါအဝင်ပေါ့ နင်တို့ကို ငါဆေးထိုးအပ်ဘဲ ပေးချင်ပြန်တယ်။

အဲသာနဲ့ လေ့လာပြန်တော့ ဝင်တဲ့အပေါက်လေးတွေ ထွက်တဲ့အပေါက်လေးတွေ သိရတယ် ဘာဝယ်ရမလဲ စဥင်္းစားရပြန်တယ်။ အသေးလေးလား အဝိုင်းလေးလား လေးထောင့်လား အကြီးလားအငယ်လား . ငယ်ပြန်တော့ mAh နည်းပြန်တယ် ဝယ်မဲ့ဝယ်တော့လဲ အားအကြီးကြီးဝယ်ချင်တယ် 50000 mAh တောင် နည်းတယ် ထင်မိတယ် 10000 mAh ဝယ်ချင်တယ်။ တစ်ခါထည်းအပြီးပေါ့. တစ်ခါတစ်လေ KL သွားရင်ဘဲ ဖြစ်ဖြစ် မြန်မာပြည်ထဲ လျောက်လည်ရင်ဘဲဖြစ်ဖြစ် ဘက်ထရီကုန်မှာစိုးလို့ခ ဏခဏ ပိတ်ပလိုက်ရတာမျိုး အင်းလေးကန်ထဲ လျောက်လည်ရင်း ကောင်လေးနဲ့ တို့နဲ့ အသည်းအသည် ဘက်ထရီအကုန်ခါနီးမှာ လက်မှူပစ္စည်းရောင်းတဲ့ဆိုင်က ပလက်ပေါက် နဲ့ electricity donate လုပ်ထားတာ မြင်တော့ အသည်းအသန် charge လုပ်ရင်းလည်မဲ့အချိန်ကို လျော့ပြီးဘက်ထရီ ကို အသည်းအသည် အသက်ဆက်ရတာတွေ မုန်းလာတယ် အရင်က ဒါတွေ မသိလို့အ ခုသိပြီ ကျွန်မဝယ်တော့မည်လေ။

ဝယ်တယ်ဆိုတယ်သာ ဆိုတာ ဘာဝယ်ရ့မှန်းကိုတစ်ကယ်မသိသေးတာ သိတဲ့ကိုဘ တို့ ဆိုတာ တို့ အီးမေလ်ပို့ရင် dust bin ထဲ တန်းပို့ထားတာ တို့ ကိုမျိုးအောင်တို့ တိုတာ မသိချင်ယောင်ဆောင်ပြီး အွန်လိုင်းမရှီပါဘူးတို့ ကိုရဲမြတ်သူတို့ဆိုတာ အင် meeting ရောက်နေတယ်တို့နဲ့ ဖြေကြမှာ မဟုတ်ဘူးဆိုတော့ကိုယ့်ဘာသာကိုယ် ဝယ်ဘို့ဘဲ့ကြံစည်နေရတာဘဲ.

....................................................
back up charger မှာ ထွက်ပေါက်က တစ်ပေါက် ပါတာ ရှိတယ် နစ်ပေါက်ပါတာ ရှိတယ် ဖုံး နစ်လုံး ရှိတဲ့သူတစ်ယောက်အတွက် နစ်ပေါက်လိုတယ် တစ်ပေါက်ထဲ လဲ ဖြစ်တာ ဘဲ တစ်ပေါက်ထဲကတော့ နဲနဲသေးမယ် နစ်ပေါက်နဲ့ ၁၀၀၀၀ mAh ကတော့နည်းနည်းကြီးတယ် ဝယ်ချင်တာ ကတော့ အကြီးဘဲ ကိုယ်က လမ်းလျှောက်ရတဲ့သူဆိုတော့ အိတ်ဆန့်ပါ့မလားတွေးပူရတယ် .။ သေးပြန်တာ့လဲ မလုံမလောက်ဖြစ်မှာ စိုးရိမ်မိတယ်။ အိုင်ဖုံး ၅ နဲ့ အိုင်ပက် မီနီ အတွက် သင့်တော်ပါသည် ဆိုတော့ အခု တစ်ချို့ဟာ ဝယ်ထားမိရင် အိုင်ဖုံး 5 ထပ်ဝယ်မိရင် အိုင်ပက် မီနီ ထပ်ဝယ်မိရင် အဲသည် သင့်တော်ပါသည်ဆိုဲ့တဲ့ back up charger ထပ်ဝယ်ရမှာလား စိတ်ပူမိတယ် အခုက အိုင်ဖုံး 4sဆိုတော့ မကြာခင် အိုင်ဖုံး ၅ ကျွန်တော် ရည်မှန်းသည်လေ. တွေးရတာပေါ့ တစ်တွေးထဲ တွေးနေရတယ် .

သုဝနသာမ သားရွေအိုးထမ်းသလို တစ်ခါထည်းလဲ အပြီးဖြစ်ရမယ် ဆိုလိုတာက 10000 mAh လဲ ဖြစ်ရမယ် နစ်ပေါက်လဲဖြစ်ရမှယ် အိုင်ဖုံး 4s , 5s , I pad mini နဲ့လဲ သင့်တော်တာ ဖြစ်ရမယ် ပုံစံလေးက လဲ လေးထောင့်ခပ်သေးသေးဖြစ်ရမယ်။ charging time ကလဲမြန်ရဦးမယ် ရွေးနေတယ် လေ ရွေးနေတယ် စလုံး ၁၀၀ ဆိုတာ နည်းတာ မဟုတ်ဘူး။

e bay သွားကြည့်တော့ပေါလိုက်တာ ၁၀ ဝန်းကျင်လောက်ဆို ပါဝါနည်းနည်းရပြီး ရန်ကုန်ကလည်း အွန်လိုင်း ရောင်းတာ သွားကြည့်တာ ၂၅၀၀ mAh ဆို မမငွေ ၃၀၀၀ ကျပ်တဲ့ ဘုရားဘုရား ဘာလို့ ဓီမှာ ဈေးကြီးနေပါလိမ့် အကော်းစားတွေ မို့လို့နေမယ်။ ဟိုဟာ တွေက ကောင်းဘူး။

မက်စေ့ကနေ note 3 ဝယ်ခိုင်းနေသေးတယ် ကြိုက်ပါဘူး အိုင်ဘဲ အိုင်လေးဘဲကြိုက်တယ် note 3 အလကား ရလို့ သုံးရရင်တော့တစ်မျိုး . အိုင်ဘဲသုံးဘူးတော့ အိုင်ဘဲကြိုက်တယ်။ conservative လေ. လှေထိုးကြီးရိုးရိုးဘဲ။

အိုင်ဝယ်ရင် အိုင် ကြိုက်မှာသေချာတယ် note 3 က ဒီလောက်ပိုက်ဆံဘဲ ပေးပြီး ကိုယ့်ဘာသာ ကိုမကြိုက်ဘူးဆိုရင် သူများကိုလည်းမ ပေးရက် ကိုယ်လဲ မကြိုက်ဘဲနဲ့ဆက်ကိုင်ရမှာ ရတဲ့ဈေးနဲ့ရောင်းပစ်ပါလား ဆိုတော့လဲ ကိုယ့်ပစ္စည်းအကောင်းစားကြီးကို အောက်ဈေးနဲ့ ချမရောင်းနိုင်ပါဘူး။

............................

နောက်ဆုံးနဲ့ ဘိုင်ကျင့်ဘိုင်ကြံကြံီ့ပီးလိုတာ မရသေးချိန်မှာ စလုံး ၃၀ နဲ့ တစ်ခု ဝယ်ခဲ့တယ် အပုံထည်းကပေါ့ ဆိုင်ကြီးဘဲ ငါ့အိုင်ဖုံးလေးတော့ဘာမှ မဖြစ်သွားနိုင်ပါဘူးဆိုတဲ့ ယုံကြည်ချက်နဲ့.

လာမယ်လေ လာမယ် တို့ဝယ်လာပါတယ် POWER BANK တဲ့ 5600 mAh တဲ့ အခု ပလပ်ထိုးတားတယ် တော်တော်ကြပြီ အဲသလို မီးလေးဘဲ လင်းနေတယ်။ ဘာမှ လဲ မဖြစ်ဘူး ပါဝါပြည့်သလား မပြည့်လားလဲ မသိဘူး မီးလုံးလေးလဲ မလင်းဘူး. ပါဝါပြည့်မှ လင်းမှာလား မသိ. အခုထက်ထိတော့အဲသလိုလေးဘဲ အိုင်ဖုံးနဲ့ charge လုပ်ကြည့်တော့လဲ battery charge ဖြစ်တယ် ။ မနေ့က သူများ ကိုတောင် charge လုပ်ပေးလိုက်သေးတယ် ပြသာနာက charge လုပ်ထားရင် အဲသလိုလေးဘဲ ဘယ်တော့ပြည့်မှာလဲ 5600 mAh မို့ကြာတာလား ။ indicator လေးတော့ပါသား. အခုထိ ဘာမှ မလင်းဘူးအဲသာ indicator လား. on off ခလုပ်လေးလဲ ပါတယ် နိပ်ကြည့်တော့လဲ ဘာမှ မဖြစ်ဘူး. အဲသာ ဘာဖြစ်တာရဲဟင်.

..................................
  

Saturday, June 22, 2013

https://www.facebook.com/khin.o.may

ဖဘပေါ်တွင် ဓါတ်ပုံတင်ခြင်းသည်ရောဂါတစ်မျိုးဖြစ်သည် ပထမောတ့ကိုယ့်ကို ချစ်သောခင်သောသူများကို ကြိတ်ပြသော်လည်း ပြမနိုင်သောအခါ ကဲမထူးပါဘူးလေ ပြလိုက်ပါတော့မယ်ဆိုကာ ဖဘတွင် တင်လိုက်ရာ လူအားလုံးဝိုင်း like ကြသည် အားတက်သွားကာကိုယ့်ကိုယ်ကို လှသည်ထင်၏. လှမှာပေါ့ အလှဆုံးပုံများကိုသာ ရွေးချယ်တင်သည်ကို . ပုံတစ်ရာရိုက်လျင် တပုံတော့ကျန်တတ်သည်ပေါ့. အဓိကကကတော့ကိုယ့်ဘာသာ ကိုယ်ကြည့်မဝနေတာ ဖြစ်သည် သူများကြည့်ချင်ကြည့်မကြည့်ချင်နေ ကိုယ့်ဘာသာကို ကြည့်ကာ ပီတိဖြစ်သည် ကိုယ့်ကိုယ်ကို cerebreity သဘွယ်ခံစားရသည် လမ်းထွက်လျင်တော့ ကျီးကြည့်ကြောင်ကြည့်ဖြစ်သည်  မြင်ဘူးသူများပါသလား ဟု မလုံမလဲဖြစ်ကာ လူတွေ ကိုလိုက်ကြည့်ကာ ကိုယ်သိသူဘယ်သူများပါမလဲဟု ရထားအဝင်တွင် အကဲခတ်ရသည် ပြေးမလွတ် အရပ်ဒေသတွင်နေလေ ရာပြေးလွတ်မည်မဟုတ်ချေ. ဘယ်လိုနေနေ လှသူမဟုတ်လေရာ ဟင် အထင်နဲ့အမြင်တစ်မျိုးဟု ထင်မြင်မိမှာစိုးသည်  မြင်ရုံသာ  မြင်ကာ အော် မခဥမပါလား ဟု Peti လိုမျိုး မြင်သည်ဟု သုံးသပ်ကာ သွားလေသော်မည်သို့ခံစားရမည်မသိ. cerebility ဖြစ်ချင်သော်ငြားလည်းကိုယ့်ကို သိပြီး ကိုယ်က မသိသည်ကတော့တစ်ပန်းရှုးလေသည် ကိုယ်ကလည်းသိချင်သည်ပေါ့ လာစကားပြောဘို့တော့မမျှော်လင့်ပါ စလုံးက လူများသည် သောက်ကြီးသောက်ကျယ်သောနေရာတွင် နစ်ယောက်မရှိချေ.

ပုံများပြန်ဖွက်မည်ဆိုသော်လည်း အသစ်အသစ်တွေ့သောသူများက မြင်ဘူးချင်ကြပြန်သည် သူတို့ကိုလည်းပြချင်ပြန်သည် ယခင်က သိခဲ့သူများ အဆက်အသွယ် မရှိကြသူများ ကိုလည်း အော် သူရို့များ သတိရလို့လာကြည့်ခဲ့ရင် up to date လေး မြင်ရတာပေါ့ ဟု စေတနာထားချင်ပြေန်သည်ုကိုယ့်ပုံကိုယ် အုန်းလက်ဆီသို့မသွားချင်သေးချေ. ကိုယ့်ဘာသာကိုယ်ကြည့်မဝ.

နောင်တွင် ပိုဆိုးတော့မည့်ရုပ်ရည်ဖြစ်ရာ ရသေလာက်လေးတွင် ပြချင်သည် ကိုယ်ကပြချင်သော်လည်း ကြည့်ချင်သူများက ကြည့်ချင်မကြည့်ချင်ရှိသေးသည် ထိန်းပြီးပြရသည် သိတ်ပြပြန်တော့လည်း not in show my feed လုပ်ကုန်ကြမှာစိုးရိမ်ရသည်.

ရုပ်ကြီးနဲ့ဆိုတော့လဲ ဟိုဟိုဒီဒီသွားပြီးသိတ်မဆဲဆိုဝံ့. ဒီရုပ်ကြီးမှတ်ထားပြီးဘာလုပ်လိုက်ရမလား ညာလုပ်လိုက်ရမလား လေထဲက ချိန်းခြောက်ကူများကို ကြောက်တတ်သူမို့ ကြောက်မိသည်. အော်ခက်ပါဘိသည်.
https://www.facebook.com/khin.o.may

Saturday, June 8, 2013

8th June 2013

သူသည် သောက်ကြီးကျယ်သူမဟုတ်ပါ. ငြိမ်သက်သယောင်နင့်လှုပ်ရှားနေသလို လှူပ်ရှားသလိုနင့်ငြိမ်သက်သူဖြစ်သည် လာပြောလျှင် ပြန်ပြောသကဲ့သို့ မအားဘူးဟုတွင်တွင်ပြောကာလပြောသူကို စိတ်ပျက်အောင်ပြောလွတ်သူလည်း ဖြစ်သည်. မက်ဆေ့ များကို မြင်သည့်အခါမြင်ရွေ့ မမြင်သည့်အခါ မမြင် မြင်သည့်အခါ ပြနသည့်အခါပြန်ရွေ့မပြန်သည့်အခါ မပြန်.. 

မက်ဆေ့ဘောက်ထဲမှာ Group chat များကို မြင်သည်နင့် မဖတ်ဘဲ ဖတ်ရွေ့လဲမရပါ.ဖုံးနင့် သုံးနေရာ လေးထောင့်တုံးများသာ  မြင်၏. ချက်ချင်း Leave the conversation လုပ်ရာ လူအများစိတ်ဆင်းရဲ့ကြသည် မီးချစ်သလို မချစ်ပါဘူး ဆိုသည် မီးဘာလုပ်သည်ကို ပင် မသိလိုက်ပါ လုပ်ငန်းခွင်တွေင်ဖဘ မက်ဆေ့ တတုံတုံလာနေသူကို ဘယ်အထက်အရာရှိသည် ကြည်ဖြူမည်နည်း. . ။ရှိသမျှ အသံများကို ဖျောက်ထားရန် သူသည် တန်ခိုးရှင်မဟုတ်ပါ။

 သူကွန်မက်သွားရေးပြီး. အသိအမှတ်ပြုချင်းမခံရလျှင် ဝမ်းနည်းတတ်သူဖြစ်သော်လည်း သူထံသို့ကွန်မက် လာရေးသူများကို အဖက်လုပ်ချင်မှ လုပ်သူဖြစ်သည် မှန်မှန်တော့ဖတ်သူဖြစ်သူဖြစ်သည် မည်သူများလာရေးမလဲဟု မျှော်သူဖြစ်သည်။ မသိသောသူများကိုလည်းဝင်ရေးတတ်၏.။ မကြိုက်လျင်လည်းဝင်ငြင်တတ်၏. စိတ်ကုန်လျင်တော့လည်း မသိချင်ယောင်ဆောင်နေသည်။ ဖဘသည် ဇတ်လမးတခွင် စုံလင်ကာသဲကြီးမဲကြီါ်ဖတ်သူအဖို့အားလုံ့းကိုသိနေလေရာအားလုံးသည် သူငယ်ချင်းဖြစ်သည်။။ 

ယနေ့ညအဖို့တှောုဆယ်တန်းအောင်စာရင်းသည် သတင်းထူးကြီါ်ဖြစ်သည်. သူမသည်လည်းပျော်ပါသည် ဟိုယခင်က ကြိုးစားမှူများကို ပြန်လည် တမ်းတမိသည်။ မနက် ငါးနာရီထိုးပါတော့မည်. သူအိပ်သင့်ပြီး မနက် နိုးသူမရှိသော်လည်းအချိန်တန်နိုးလာပါလိမ့်မည် နစ်ရက်ကြီးများတောင်အားသောသူသည် မင်္ဂလာပါပေ. မည်သူ့ကိုမျှ မရည်ရွယ်ပါ တိုက်ဆိုင်မျုရှိလျှင် ခွင့်လွတ်ပါ။ ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်များဆက်လက်သွားကြပါ. မင်းကွန်းကို သူမရောက်ဘူးခဲ့ပါ။ ဖဘအကောင့်တစ်ခုကို နစ်ယောက်သုံးသူများကို သူမုန်းသော်လည်း သူ့အကောင့်သည်လည်းသိတ်စိတ်မချရပါ။ သမီးရည်းစားများဖဘတွင် ချစ်ကြည်ကြလျှင် အလွန်သောက်မြင်ကပ်သူဖြစ်သည်။ အသည်းကွဲသူကိုတော့သူစာနာသည်. 
မြင့်သောသူများကို ရှောင်ခွာသည်.

 မြင်သမျှကို မလိုက်ခ်နိုင်ပါ. wall တွင် Tag သည်ကို တိတ်ဆိတ်စွာဖြုတ်တတ်သည် ။ wall မှ hide လုပ်သည် ဘာဖြစ်လို့လဲမေးလျှင် အဖြေမရှိပါ. simply အဖြေမရှိပါ။ ငြိမ်သက်စွာ နေ၏။ သူ့အကြောင်းပြောလိုစိတ်မရှိပါသို့သော်လည်း မှန်မှန်ရေးသူဖြစ်သည်။ မောင်နေကောင်းပါစေ.။ ဆက်ပြောရန်မရှိတော့.မိုးလည်းလင်းပါပြီ လိုက်ကာချအိပ်ရမည် alarm ပေးစရာမလိုပါ။ ဘက်ထရီတော့သွင်းထားပါ. လမ်းထွက်လ်ျင် အားကုန်မည်။ sentosa ရေပန်း မိုးမရွာလျှင် သူ့ကို ကြိုဆိုပါ. မရောက်ဘူးသေးကြောင်းဝန်ခံပါသည်။ မိုးမချုပ်ခင်လမ်းထွက်ရန်တွန်းအားပေးရမည်. ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်. အမုန်းခွန်အားပေးသနားပါ. နစ်ပေါင်းများစွာ တသမတ်တည်းမရပ်ပါနင့် ဂုဏ်ထူမထွက်လျှင် ရာထူးမထွက်ပါ။ 

ဖဘကြီး နိုင်ငံရေးငြိမ်သက်သွားသော ဆယ်တန်းအောင်စာရင်းညကို အမှတ်ရမည်. မိမိကိုယ်သာ အချစ်ဆုံး။ သမီးလေး ဂုဏ်ထူးအားလုံးပါပါစေ. ဘယ်နစ်ခုရှိလဲ သူမသိပါ. စိတ်ကူးပေါက်ရာဆုတောင်းပေးသည်။ ခင်ကျန်းမာ ချမ်းသာပါစေ.

Tuesday, June 4, 2013

I phone 4s




















































ခင့် အိုင်ဖုံး သုံးထပ်မှ ကျကွဲသည် ရက်ရက်စက်စက်ပင် ခင့်လက်ထဲမှ ခုန်ဆင်းသွားလေသည် ခင်သည် ကာဗာကို အနဲငယ်ချောင်နေသည်ဟု သတိပြုမိသော်လည်း ပျင်းရွေ့သော်လည်ကောင်းဈေးကြီး မှာစိုသောကြောင့်သောလည်းကောင်းရပါတယ်လေ ဟုဆိုသောပျင်းဆသော်ကြောင့်လည်းကောင်းမလဲဖြစ်သေးချေ. ။ ခပ်ချောင်ချောင်လေးပင် လက်နင့်ထိန်းကိုင်ကာပြောသည်. ထိုနေ့ကတော့စိတ်အနည်းငယ် ကယောက်ကယက်ဖြစ်သည်က တစ်ကြောင်း ပင်ပန်းနေသည် ကတစ်ကြောင်းသုံးထပ်အမြင့်ပြုတင်းပေါက်မှ ပြုတ်ကျသွားလေသည် ရိပ်ကနဲ ဆင်းသွားသော ဖုံးကိုအလန့်တစ်ကြားကြည့်ရင် ငါ့ဖုံးလေးသူများ ယူသွားတော့မှာဘဲ ဆိုက အိမ်တံကား ကမန်းကတန်းဆင်းက ပြေးဆင်းသွားောက်သည် မည်သူမှ မယူပါ။ မှန်ကွဲရုံတင်မက လက်ကိုင်အဝိုင်းကလေးလြဲ့ပုတ်ထွက် အဝိုင်းနားမှအသာစလဲ ထိခိုက်သည် ခင်လည်းထိခိုက်သည်. နောက်တစ်လုံးဝယ်ရမည် ဆိုလျှင် မနည်းမနောချေ.

 
























































ကုန်ပဏီသွိုသွားပြသည် ဈေးကြီးမည်ထင်သည် တွက်ချက်ပြီးပြန်အကြောင်းပြန်မည်ဟုဆိုသည် တစ်ခေါက်တစ်ခေါက်သွားရသည်မှဝေးလှသည်။ စိတ်ညစ်ပြီးပြန်လာက လမ်းဘေးဆိုင်ဝင်အပ်လိုက်သည် စလုံးတစ်ရာဖြင့်ဖြစ်သည်။ ကျေနပ်နေသောခင့်ကိ ကုန်မဏီက ဖုံးဆက်လေသည် သုံးရာနစ်ဆယ်ပေးလျင် အလုံးလိုက် ပြန်လဲပေးမည် အသစ်စက်စက်တော့မရ. သုံးလ ဝရန်တီပေးမည်ဆိုသည်. ခင်စိတ်ပြောင်းကာ လမ်းဘေးဆိုင်ကို ဖုံးပြန်သွားတောင်းသည်. ။ လမ်းဘေးဆိုင်ကလည်းပြင်ဆိုင်ပို့ထားပြီးဖြစ်ရာ နောက်တစ်နေ့ပြန်လာယူခိုင်းသည်. ခင်မအားသောကြောင့် အမျိုးက ကူညီရသည်...........

နောက်တစ်ရက်အမျိုးသည် ခင့်ကို ပြန်လာပေးချေသည် ခင်သည် နောက်တထပ်တစ်ရက် ကုန်ပဏီသွို့သွားပြန်သည်. သက်သက်ဒစ်စကောင့်ပေးဦးမလားမေးသည် မပေးချေ. စလုံး သုံးရာ့နစ်ဆယ်ပေးမလား ခေါင်းပူအောင်စဉ်းစာသည် လမ်ေးဘးတွင်ဘဲပြင်ရမလား စဥင်္းစားသည်. အားကိုးရာ ရှာမရချေ. ။သက်ပြင်းကိုချသည်။



















































သုံးရာ မပေးချင်လျင် နောက်နစ်နစ်ကန်ထရိုက်ယူလျင် တွက်ခကျပြီးသကာလ စလုံြးောခကက်ရာခန့်ဆိုလျင် အိုင်ဖုံးဖိုက်ရမည် ဖြစ်သည် နစ်နစ်ကန်ထရိုက်ဖြစ်မည် ခင်သည် အင်တင်တင်ဖြစ်သည် ယခု ယူထားသောဖုံးသည် အိုင်ချင်ေ၇ွ့သာယူထားချင်းဖြစ်သည်။ အသုံးနည်းလှသည် ။ တစ်လ တစ်လ ခြောက်ဆယ် ကျော်တင်သာမက ဟိုသုံးဒီသုံးဖြင်က လစဉ်မှန်မှန် စလုံးကိုးဆယ် လှူနေရသောဖုံးဖြစ်ရာ ခင်လေးသည် သနားစရာ စဉ်းစားလေသည်။



























အိုင်ဖုံးဖိုက်ကိုလည်း ရှည်ရှည်သေးသေး]ဟိုဆိုကာ . ကွန်ဆာဗေးတစ်ခင်သည် သူ့အိုင်ဖုံးဖိုးအက်စကလေးကို သာ ပြန်ယူခင်ျသည် နောက်ဆုံး ကန်ထရိုက်အသစ်မထိုးချင်သေးသောကြောင့် စလုံးသုံးရာ သာပေးလိုက်ရ၏ ဖုံး အလုံးလိုက်ချိန်းသည်ပေါ့ ထိုရက်ပိုင်းအတွင်းက ခင့်ကို ဆက်မရလျင် ခင်သည် သနားစရာခင်ဖြစ်နေသောကြောင့်သနားကြပါရန်ဖြစ်သည် အလှူတော့မခံပါ။ 



































ဖုံးအသစ်ကလေးသည် မျကနာပြင်ကလေးချောမွတ်လှသည် တက်ခ်ျရွေ့ အဲလေ touch ရွေ့ ကောင်းလှသည်။ ဒါကြောင့်လဲ အသစ်ကို လူတွေ မက်မောကြတာဘဲလေ ဟု တရာရ၏. အေိာချက်နားတွင် အဖုံးရှာရာ စိတ်တိုင်းကျမရ. အိုင်ဖုံးဖိုက်သာ များနေ၏. ဖိုးအကစ်သည် မျက်နာငယ်သယောင်ဖြစ်၏. မရှိဘူး မရှိဘူး နဲနဲဘဲရှိတယ်ဆိုကာ ပြသော အဖုံးများကို ခင်သည် မကြို့်သေးချေ. မျက်နာပြင်ကို စလုံး သုံးဆယ်တန် ကာဗာ ကပ်သည် ရှေ့နောက်ဖြစသ်ည် လေးဆယ်တန်တောင်ကပ်ဦးမလို့ဆိုင်ကကောင်မလးက သိတ်မကွာပါဘူး ဟု ဆွဲရွေ့သာ စိတ်လျောရခြင်းဖြစ်သည်.

ခင့်ဖုံးသည် တစ်နစ်မပြည့်သေးရာ ဝရန်တီအတွင်းရှိသောလည်းကျကွဲသောာခင့်ကိုတော့ဝရန်တီထဲအကျိုံးမဝင်ပါ နောက်တစ်နစ် အတွက်ဝရန်တီလိုချင်လျှင်စလု့းတစ်ရာ ထပ်ပေးရမည် ဖြစ်သည် ခင်သည် ထပ်ပေးလိုက်ရန်စဥင်္းစားနေသည် ခဏခဏ အလုံးချိန်းနေရသည် မဟုတ်ပါလား. ။ 

ဘာဘဲဖြစ်ဖြစ်ခင်သည် ခင့်ဖိုးအက်စ်ကို ချစ်လေသည်.။ ချစ်စရာမှ မရှိဘဲကိုး.............

Saturday, May 25, 2013

25 May 2013

မနက်သုံးနာရီကစပြီအခုထက်ထိဘာမှ မစားသေးဘူးဆိုတော့ Fasting လုပ်တာ ဆယ်နာရီဖြစ်သွားဘီ. စိတ်ကူးပေါက်လို့စစ်ကြည့်တာ glucose ၅.၆ ဆိုတော့သိတ်အားမရသေးသလိုဘဲ. 

ပလာတာလဲကုန်လောက်ပြီ ထမင်းအိုးနစ်ဘူးခွဲတည်ပြီးနေ့ဘို့ညစာ စားတာပေါ့. နွားနို့ ဝယ်ရမယ်။ ဒီလောက်နဲ့လဲအောက်မဆင်းချင်သေးဘူး ရေလဲမချိုးရသေးဘူး ညက အကျိလဲမလဲရသေးဘူး ညက အကျိပြန်လာတဲ့အကျီနဲ့ဘဲ အိပ်ပျော်သွားတယ် ပန်ကာ နဲ့မီး ထုံးစံအတိုင်းမပိတ်မိဘူး. 

မနေ့ကသိတ်စိတ်ဆင်းရဲတယ် . ကိုယ့်ကိုယ်ကိုလဲပြင်ရမယ် သူများကို ပြင်ဘို့ကြိုးစားစဘို့တထက်ကိုယ့်ကိုယ်ကိုယ်ပြင်ရမယ်။ LIke လုပ်စရာမလိုဘူး စကားပြောရမဲ့သူမရှိလို့ ဒီမှာပြောတာ။ ။ ကျွန်တော့ကိုခေါ်ပါ ကျွန်မကိုခေါ်ပါတွေ လဲလာမပြောနဲ့အပလာတွေ. ဟုတ်တာလဲမဟုတ်ဘူးအစကတည်းကဝေးဝေးနေ အနားမကပ်နဲ့ တို့ရေမချိုးရသေးဘူး။

 မနေ့က အလုပ်နောက်ကျတယ်။ လူတွေ အားလုံးခရီထွးက်ကြတယ်ထင်တယ်။ အားလုံးလမ်းပေါ်မှာ........ အလုပ်လုပ်တော့ Tension ရှိတယ် 

ဟိုဘက်အိမ်က အခန်းဖော် ထွက်မယ်.ထွက်ရင် ပိုက်ဆံပိုပေးရတာ ငါဆိုတော့ တရားမျှတမှူတော့မ၇ှိဘူး. ။ အတူတူနေတဲ့သူတွေ ဘဲ share ရမှာပေါ့ဘာဖြစ်လို့ငါ့တစ်ယောက်ထဲ့ ကထွက်တဲ့သူအတွက် ပေးရမှာလဲ။ ကိုပိုတောင်းချင်ရတာလဲ.။ မနေချင်ရင်ထွက်ပေါ့ဆိုတော့လဲမထွက်နိုင်ဘူးဒါက ဈေးအသက်သာဆုံးဖြစ်နေတယ်။ ပေးစရာရှိတဲ့အခါကြတော့လဲပေးလိုက်ပေါ့ဘာတတ်နိုင်မလဲ...........

.. ခိုင်းရင်ဘာလို့ငြင်းချင်ကြတာလဲ ငါက လေးစားစရာမကောင်းလို ဘဲနေမယ်။။။။ကိုယ့်ကိုကိုယလေးစားအောင်မှ grade မတင်ထားဘဲ..... .ြေ့ပာမနေနဲ့နားညည်းတယ်။....

... ပြန်ဘို့ဘတ်စကားမရှိတော့ဘူး ဘကစ်စကားကတ်ပျောက်တယ် စိတ်လောနေတော့မနည်းပြန်ရှာရဂတယ် တကကစီစီးဘို့ပိုက်ဆံကြိုမထုတ်ထားမိဘူး ဘယ်လောက်ရှီလဲသနားစရာကောင်းလောက်အောင်ပိုက်ဆံထုတ်ရေတယ်။ ၂၆ ကျပပ်ရှိတယ် တက်ကစီစီးလို့ရကောင်းဲရဲအားတက်သွားတယ်။ တကကစီတွေ မလာဘူးဖုံးဆက်ခေါ်တယ်နောက်ကျမယ်ဆိုော့မစောင့်နိုင်ဘူးတေါ့တဲ့တက်ကစီစီးတယ်

 ရထားမ၇ှိတော့ဘူး ဘတ်စကားသမားက ငါ့ကိုသနားတယ် သနားအောင်လဲနွးမ်းပါးရှာတာကိုး။ နီးစပ်ရာမှ ချပေးပြီးနောက်တစ်စီးစီးဘို့ပြောတယ် နောက်တစီစီးမိနစ်နစ်ဆယ်စောင့်တယ် မလာဘူးမလာဘူးဆို နောက်ဆုံးဘတ်စ်လဲရောက်ရောပေါ့. map ထုတ်ကြည့်တယ်ငါဘယ်ရောက်နေသလဲလို့လမ်းလျောက်မလားတောင်စိတ်ကူးတယ် နမျောလို့ နောက်ဆုံးဖြစ်ညစ်ပြးစီလိုက်တယ် တော်ပါသေးရဲ့ ရှစ်ကျပ်ဘဲကျပေလို့. ။

 မနက် ဆင်းဝယ်ဘို့ပျင်းလို့ဘာမှ မစားလိုက်ရဘူး။ ချက်လဲမချက်ဘူး။ ပျင်းတာကိုး။ မနက်ဖြန်လိမ်လိမ်မာမာ အလုပ်တက်ပါ့မယ်. ငါ့ကို မသနားဘူးလားမေ။

Saturday, March 16, 2013

ခုတစ်လော (ကိုယ့်ဘာသာကိုယ်Tagသည်)

တွေးနေမိတာက
ဘာမှ သိတ်တွေးချိန်မရပါဘူး မိုးလင်းရင်အလုပ်သွားတယ် အလုပ်လုပ်တယ် ပြန်လာတယ် အားရင်ဖဘဖတ်တယ် တွေးတယ်ဆိုတာ အားမှ တွေးနိုင်တာကို အားမှ မအားတာ။

ကိုယ့်ကိုကိုပြန်ဆ်ခြင်မိတာက
ငါ အင်တာနက်နဲ့သိတ်အချိန်ဖြုန်းတယ် ဒါဘဲ

ကျန်းမာရေး
အိပ်ချိန်စားချိန်မမှန်လူပင်ပန်း.stress များတော့ခေါင်းမူးချင်တယ် Life style ပြောင်းရမယ်ဆိုတာကို နားမထောင်ချင်ဘဲ ဆေးသောက်ချင်နေတာက ဆိုးတယ် လေ့ကျင့်ခန်းဆိုတာကို မကြားချင်ဘူး။

ဖတ်ဖြစ်တဲ့စာအုပ်
ဘာမှ မဖတ်ပါဘူး
(ဟာ ငါ တော်တော်ဆိုးတာဘဲ)

ရောက်ဖြစ်နေတာက
ပင်နင်စူလာရယ် ဘူဂစ်ရယ် အိမ်ရယ် အလုပ်ရယ် ဒါဘဲ ရှင်းတယ်နော်။

နားထောင်ဖြစ်တာ
သိတ်မရှိပါဘူး နားညည်းတယ်လို့ခံစားရလို့ တီဗွီတောင်မဖွင့်ဘူး လက်မလေးဆယ် တီဗွီကို ဒိအတိုင်းေ၇ှ့ချထားပြီး ကျန်တဲ့ နစ်လုံးကို ဟိုနားတစ်လုံးဒီနားတစ်လုံး အိမ်ထဲတီဗွီ သုံးလုံးဘာမှမဖွင့်ဘူး ကက်ဆက်မ၇ှိတော့ဘူးနားမထောင်တာကြာလို့ပျက်သွားတယ် အသစ်မပြန်ဝယ်ဖြစ်ဘူး တစ်ခါတစ်လေ ယျူကျုလေးနားထောင်တယ်။ ခံစားလု့မရတော့ဘူး။

ရွတ်မိတဲ့ကဗျာ
ကြံကြံဖန်ဖန် ဘယ်ကဗျာမှ မရွတ်မိပါဘူး

ဖြစ်ချင်နေမိတာက
ဘွဲ့လွန်ထပ်ရချင်တာဘဲ မကြိုးစားတာဘဲခက်တယ်။
အပြောင်းေ၇ွ့လဲ ထပ်မလုပ်ချင်တော့ဘူး နေသားကျတဲ့နေရာတစ်ခုက နေ ထပ်ရွေ့ရမှာကြောက်နေမိတယ်။ နေလာတာလဲ နစ်ပေါင်းမနည်းတော့ဘူး. တစ်က ပြန်စ ပြန်စ ပြောတော့လွယ်တယ်။

စားဖြစ်တာက
ဘာဂါပေါ့ ရှင်းပါတယ် ခေါက်ဆွဲပြုတ်ထမင်းဖြူ ကြက်သားကြော်. ဒီလောက်ပါဘဲ

သနားမိတာက
ကိုယ့်ကိုကိုယဘဲ ငါသိတ်ပင်ပန်းရှာတယ်ဆိုပြီး.

လွမ်းိမိတာက
မလွမ်းတတ်အောင်နေတယ်လွမ်းခဲ့ဘူးပြီ ရင်န့ အမျှလွမ်းဘူးဘီ. တော်လောက်ဘီ.

မေ့လျော့ပစ်နေရတာက
အင်တာနက်မျာအချိန်ကုန်တာများလို့ လယ်ဗယ်တူတွေ တင်မက အနစ်နစ်ဆယ်ငယ်သူတွေ ပါ ကိုယ့်ထက်ကျော််ကုန်ပြီဆိုတာကို.

ခါးသက်နေမိတာက
ဒီမေးခွန်းက နဲနဲခက်တယ် အဖြေမရှိဘူး။

တမ်းတမိနေတာက
အချိန်တွေ ကိုဘဲ ငါ ဘွဲ့လွန်ထပ်ရခင်ျတယ်။

ကြိတ်ပြီးချီးကျူးနေတာက
ကြိုးစားနေတဲ့သူတွေ ကိုဘဲ

ကြိတ်ပြီးအထင်သေးနေမိတာက
မ၇ှိပါဘု လူတွေ ကို အထင်မသေးတတ်ဘူး

ဆန်ဒမရှီတဲ့နေရာ
မသွာချင်တဲ့နေရာပေါ့

ဆန်ဒရှီတာ
သက်သက်သာသာ ပျော်သလိုနေချင်တာ

မုန်းတီးမိတာ
control မရှီတဲ့ကိုယ့်ကိုကို.

ချစ်နေတာက
အားလုံးကိုချစ်တာဘဲ
မချစ်လို့ စိတ်ဆိုးပြီး မချစ်ရတာဘဲ

စိတ်ပျက်မိတာ
ကိုယ့်ကိုယ်ကိုဘဲ မကြိုးစားလို့

စွဲလန်းတာ
အင်တာနက်လေ.

လိုအပ်တာ
ပိုက်ဆံ.
ပညာရေး
အလုပ်အကိုင်
ကျန်းမာရေး

ရောက်နေတဲ့နေရာ
ကောင်းပါတယ် စကာပူမြိဲု့တော်ကြီးမှာစားချင်တာ စားသွာျးချင်တာသွား ကိုယ်နစ်သက်တဲအလုပ်တစ်ခုရှိ

နက်နက်နဲနဲပြန်စဥင်္းစားမိတာ
မစဉ်းစားဘူး ခပ်ပေါ့ပေါ့ဘဲ ကျဉ်ဲးထဲကျပ်ထဲရောက်မှ စဉ်းစားတယ်။

နိဂုံးခု့ပ်လိုက်တော့
ခဥမ ဖြစ်လာတယ်။
မခဖြစ်ဘို့ ပြန်ကြိုးစားရဦးမယ်။

မှတ်ချက်
Chit Kyi Aye ရေးတဲ့ခေါင်းစဥင်္ကူးချြီပီး Manor Hary ကိုအကြောင်းကြားသည် ဖိုးစိန် Sein Lyan Tun ရေးတာဖတ်ပြီးကတည်းက ရေးဘို့စိတ်ကူးနေတာ.
 

Wednesday, February 13, 2013

နားကြပ် Littmann



































ခင် နားကြပ်လေးပျက်သွားသည် အလည်မှာကျိုးသွားခြင်းဖြစ်သည်. နားမှာတက်ရွေ့မရတော့လည်လည်သွားသည်.။ ခင်သည် ကြမ်း၏. ခင့်လက်သည် ကြမ်း၏ မနူးညံ့ မိန်းမ မပီသ.  အရာရာကြမ်း၏. ခင်တို့ခေတ်က နား ကို အပေါက်ကလေးဖောက်ရွေ့ သွေးဖောက်ရာ VIP လူကြီးသည် အော်သွား၏ အမလေး ဒိတစ်ယောက်ဖောက်တာ အကြမ်းဆုံးအနာဆုံးဘဲ ဟု ဆိုသည် သို့သော်ညင်သာသည့်နေရာတွင် ညင်သာ၏. ခင်နဲ့မှ ဆိုသော သူများရှိသည် ခင်သည် အသက်ကြီးပြီး မျက်နာတည်လေရာ ဆရာမကြီးဂိုက်ထွက် ၏. အသက်ကြီးသော်ဆရာကြီးဖြစ်လေရာ ခင်ပြောလျေင် တော်တော်များများက နားထောင်ကြသည်။

နားကြပ်သည်ခင်အတွက် အန်မတန် အရေးပါသည်. အသက်ရှူသံ.မှန်မမှန်. အဆုတ်ကောင်းမကောင်း အသံထွက်မထွက် အသံနည်းမနည်း နလုံးကောင်းမကောင်းအသံများကို ဤနားကြပ်ဖြင့်နားထောင်သည် ကျောင်းသားဘဝက နားကြပ်ထုတ်ပေးသော ခေတ်ရှိခဲ့ဘူးသည် ထိုနားကြပ်ကေးလးဖြင့်သာ ကျောင်းပြီးခဲ့လေသည်။ ကျောင်းပြီးသော် နားကြပ်အသင့်အတင့်ကောင်းတာလေးရသည် သိတ်တောင်မှတ်မမိတော့သုံးလို့တော့ရလေသည်. စလုံးရောက်သော် သူငယ်ချင်း သဇင်က ခေါ်သွားပြီးနားကြပ်လိုက်ဝယ်ပေးသည်  Litaman နားကြပ် cardio III ဖြစ်သည် ဘာဘာညာညာ နားမလည် သဇင်သည် ဆရာမကြီးဖြစ်သည် သဇင် ပြောလျင် မှန်သည်.သို့ဖြစ်ရာ ဆေးရုံကြီးတွင် စုံစမ်းရာ ဈေးအသင့်အတင့်ကြီးသည်. ထိုသို့ဖြစ်ရာ နောက်တစ်နေရာ သို့ချီတက်သည် တက္ကစီဖြင့်သွားသည် သဇင်ဝယ်ပေးသော နားကြပ်ကိုယူသည် စလုံးသုံးရာနီးပါးဖြစ်သည် မနမျော. ဆရာဝန်ုလုပ်ရမှာဘဲ မှန်တာပေါ့ဝယ်ရမှာပေါ့ ဟု သုံးသပ်၏။

ထိုနားကြပ်သည် ပိုကောင်း၏ အသံမျာိးက ဒုံးဒုံးဖြင့်ကြားရသည် အချို့သော သူ ခဏ ငှားနားထောင်သော မကြည်ဖြူ သူ့နားထဲက ချေးတွေ ငါ့နားနဲ့နီးစပ်တော့မှာဘဲဟု ငြူစူသည်.တစ်ခါသော်သိတ်ပင်ပန်းသောအချိန်တွင် ကမူးရှူထိုးဖြင့်တက္ကစီပေါ်မှ ဆင်းရာ မေ့ကျန်ခဲ့၏. တက္ကစီဆရာကို တစ်ပတ်အတါင်းပြန်တွေ့သည် မေးကြည့်ရာမတွေ့ဟု ဆိုသည် စိတ်မကောင်းဖြစ်စွာ နောက်တစ်ခု ဝယ်ရသည် တစ်ခုဆို တစ်ခု နစမျောရ၏ ဈေးကြီးသည် မဟုတ်လား။

လက်ရှိသုံးနေသော နားကြပ်ကလေးသည် ငါးနစ်အောက်သာရှိသေးမည်. ယခုကျိုးချေပြီး ကျိုးမည်ပေါ့ အကိုင်ကြမ်းသည်ကိုး.ဝရန်တီငါးနစ်ရှိသည်ကို ယခုမှ သိသည် ဝယ်ထားသောဘောက်ချာပြလျင်ဝရန်တီထဲများဝင်ဦးမည်ထင်သည် သို့သေည်လည်းဘောက်ချာမသိမ်းမိ.

ထပ်ဝယ်ရပြီပေါ့. အစိမ်း. အနီ. အနက်. နီညိုများထဲတွင် အစိမ်းကို အာရုံ့ကျသည်.. ယခင်က 3M cardiology III ဖြစ်သည် ယခု cardiology III TM ဖြစ်သည် . ဖြစ်ရခြင်းအကြောင်းမှာ ဆိုင်က မရှိဟု ပြောခြင်းကြောင့်ဖြစ်သည်. ဆိုင်တွင် ဘူးများစွာထပ်နေပြီး တစ်ချက်ကြည့်ပြိးမ၇ှိတော့ဆိုသည်ကို မယုံချင်ပေ။ မရှိဆိုသည်ကို ဘာတတ်နိုင်မည်နည်း ငွေ မချေခင်ကသာ ယခုလိုပြောလျေင် ဝယ်ခဲ့မည်မဟုတ် ငွေချေပြီးမှ ပြောလေရာမကျေမချမ်းဖြင့်ယူလာရသည်. ဘာကွာသနည်း လိုက်ရှာဖတ်သော သိတ်တော့မကွာ လုံးပတ်အနည်းငယ်ကြီးသည် နား ear grip ပိုကောင်းသည် ဆိုသည် ။ သုံးနေကျနားကြပ်ကလေးကို စွဲလမ်းသောစိတ်က အရင်အတိုင်း ကွက်တိလိုချင်လေရာ စိတ်မကောင်းချေ.

ဝယ်လာပြီး ထားစရာနေရာမရှိ. အသစ်ကလေးကိုနမျောနေ၏.ခါတိုင်းလိုခေါက်ချိုး အိတ်ထဲမထည့်ရက် ထပ်ကျိုးမှာစိုးရိမ်နေသည်.။

 အဓိက ဆိုလိုသည်မှာ ဝယ်သူကိုစိတ်ချမ်းသာအောင်ဆက်ဆံစေလိုချင်းဖြစ်သည် စလုံးသုံးရာဝန်းကျင်သည် ခင့်အတွက် များသောပမာဏဖြစ်သည် စွန့်စားဝယ်ရသော ပမာဏဖြစ်သည်.။ သို့ဖြစ်လေရာ အနည်းငယ်တော့ customer ကိုစိတ်ချမ်းသာအောင်ဆက်ံဆံစေလိုသည် သို့ဖြစ်လေရာ နောက်နေ့တွင် ခင်သည် လူအများကိုပိုမို ရိုကျိုးလေးစားစွာဆက်ဆံပါမည်ဟုဆုံးဖြတ်သည်.။ တစ်ခုခုလိုချင်လျင် တစ်ခုခု ပေးဆပ်ရမည်ပေါ့့။

Friday, December 7, 2012

7th December


မနက်ခြောက်နာရီ alarm မြည်လျင် ကုတင်ပေါ်မှ ကုန်းရုံးထကာ အလန်းနောက်တစ်ခု မမြည်ခင် ဖုံးကိုဆွဲကာအိမ်ရှေ့ထွက်ကာ ဆက်လက် ငိုက်သည်။ 6:30 am ဆိုလျင်တာ့မရတော့ ဘုရားရေလဲခြင်း သောက်တော်ရေလဲခြင်း. အကျီကို အ့ပုံထဲမှ ဆွှဲထုတ်ကာမီးပူတိုက်ခြင်း များကိုသုတ်သုတ်လုပ်သည် ရေချိုး မျက်နာသစ်လုပ်သည် ရ နာရီမထိုးခင် ဆယ်မိနစ်အိမ်ကထွက်နိုင်လျင်သင့်တော်သည် ဒီထက်နောက်ကျလျင်တော့တက်ကစီ. ၁၅ ကျပ် ထုတ်ထားရန်ဖြစ်သည်။

လမ်းလျောက်သည်ဘတစ်စကားစောင့်သည် ဘတ်စကားစီးသည် လမ်းလျောက်သည် ရထားစောင့်သည် ရထားစီးသည်.ရထားပေါ်မှဆင်းသည် လမ်းလျောက်သည် ပေါက်စီဝင်ဝယ်သည် လမ်းလျောက်သည်ဘ တ်စကားစောင့်သည် ဘတစ်ကားစီးသည် . ဘတ်စကားပေါ်မှ ဆင်းသည် လမ်းလျောက်သည် အပေါ်တက်သည် လမ်းလျောက်သည် အောက်ဆင်းသည် ဘတစ်ကားစောင့်သည် ဘတ်စကားစီးသည် လမ်းလျောက်သည်. ထပ်တစ်ခါက်လျောက်သည်. လျောက်ပြီးရင်လျေက်သည် ခြေလှမ်းတစ်ထောင်ခန့်ထပ်လျောက်သည်. ကာဖီ နစ်ဘူး ရေဘူးတစ်ဘူးဝင်ဝယသ်ည လမ်းဆက်လျောက်သည်။ လျောက်သည် ပြေးဆင်းသည် တတ်ကစီစောင့်သည် တစ်ကစီစီးသည်။ တက္ကစီပေါ်မှဆင်းသည်လမ်းလျောက်သည် ရောက်ပြီ

ဓါတ်လျေခါးထဲတွင် လိုအပ်သည်များကို ထုတ်သည် အသက်မရှူနင်ဘဲပြေးဝင်သည် ရဖန်ရခါပြေးမဝင်ခင် ပြေးဝင်ရန် ဖုံးကော်လရရှိသည် မနက်ရှစ်နာရီမှ နေ့လည်တစ်နာရီထိ မထိုင်္ငရ. က့ကောင်းလျင် ထမင်းစား ရနိုင်သည်. မည်သူမျှ ဖဘ မကြည့်ပါ.  ဘယ်ကဖုံးမှ မလာကြပါ အလုပ်လုပ်ကြသည်.။ ညနေ ငါးနာရီပြန်ရလျင် ကံကောင်းသညယခုတစ်လော ကံမကောာင်းသောကြောင့်ခြောက်နာရီဖြစ်လိုဖြစ် ခုနစ်နာရီဖြစ်လိုဖြစ်. ခေတ်ကောင်းခဲ့သောအချိန်များကိုပေးဆပ်နေရသည်။ တယ်လီဖုံးသည် broadband ဖြစ်သောကြောင့် အမြဲ မီးစိမ်းနေသည်။ သို့သောလည်းဖဘ ၈ျီတတော့မကြည့်ဖြစ်.  အလုပ်အားသောအချိန်နည်းနည်းရှိလျင် နည်းနည်ကြည့်လို့ရသည် ဖုံးမပြောဖြစ်ပါ. သူနင့ိုကိုယ်နင့်များသည် အချိန်များတူကြသူများမဟုတ်.

တယ်လီဖုံးဘိုးကို အတော် အကုန်ခံသူဖြစ်သည်. လစဉ်ကြေးများစွာပေးထားသောကြောင်မိနစ်ဖရီးများရှိသည် မပြောဖြစ်ပါ။ ကိုယ်ပြောချင်သည် ကို နားထောင် နိုင်သောနားများ အချိန်မအားကြသောကြောင့်ဖြစ်သည် ။ ဂျီတော့များစွာကို ဒလိလုပ်ထားသည် ။ဘာကို မျှ မဖတ်ချင်တော့သောကြောင့်ဖြစ်သည် ဘလော့အန်မတန် ဖတ်ချင်သော်လည်းဖတ်နိုင်သော အချိန် ရှားနေသည် ဖဘ မှာသူငယ်ချင်းများလွန်းသောကြောင့် လှည့်ပတ်ရသည်မှာလက်မလည်ပါ။

အားလုံးကိုချစ်ခင်သော်လည်း မဆက်သွယ်ဖြစ်ပါ. မည်သူ့ကိုမျှ မဆက်သွယ်ဖြစ်သလောက်ဖြစ်သည် တစ်ယောက်ထည်းနေသည်များသည်။တွေးသည်များသည်။ မက်ဆေ့များကို ပြန်သည့်အခါပြန်သည် မပြန်သည့်အခါမပြန်. အလုပ်တစ်ခု အနေနင့်မပြန်လိုပါ။ မတူသလို မတန်သလို လုပ်ခံရတဲ့ အတွက် စိတ်မကောင်းပါဘူး။ ဆိုသူကို ရှင်းပြရန်ခက်ခဲသည် ဘယ်သူ့ကိုမှ ဘာမှ မလုပ်သူကို လာပြောသူကိုစိတ်ညစ်သည် မည်သူ့ကိုမျှ အထူးတလည် မလုပ်သ်ည ကို ဆိုလျင်အားလုံးကို မတူမတန်လုပ်သည်ဟုသာ ဆိုရမည်. mone tel . block mel ဆိုသူကို စိတ်မကောင်းပါ. ဘာမှ မလုပ်ဘဲ block သွားလျင်လည်းခံရမည်သာဖြစ်သည် အထွေ အထူးရှင်းြ့ပချင်စိတ်မရှိပါ. စိတ်မကောင်းခြင်းကတော့ဖြစ်ရသည်။

လောကတွင် ခြေနစ်ချောင်းပေါ်ရပ်ကာ မလဲအောင်ကြံကြံခံနေရသူကို ပြောချင်သပဆိုလိုလျင်ဘယ်နားလိုက်ပြောမည်နည်း။။။။။

Saturday, September 15, 2012

15/9/2012






























ရေးမှာဘဲ မတားနဲ့ ငါ့ကိုမတားနဲ့.

လှချင်တာ. မိန်းကလေးသဘာဝ
လှတယ်လို့ထင်တာ ကိုယ့်သာဘာဝ
ယုံကြည်မှူနဲတာက အားငယ်တတ်လို့
အိပ်ရာထဲလဲသွားမှာစိုးလို့
ကျားကန်
သေချာရေရာမှ လုပ်ဘို့
ရှေ့ဆက်တိုးဘို့ နောက်မဆုတ်လဲ
ရေးရေးလေးမြင်ရ.































ဘာတွေရေးနေမှန်းမသိရေးတာ
ခက်တာဘဲ
အမြင်မတော်တောတွေ့ရင်ပါးစပ်ပိတ်ပြန်။
ြေ့ပာရင် block တာယဉ်ကျေးမှူ။

































ဒန်တယ်ဆိုတိုင်းကောင်းတာမဟုတ်ဘူး.
ကြည့်ကျက်ဒန်.
အရူးဆေးရုံရောက်မယ်။
































နွားနို့ကို ရေခဲလိုက်ရင် နှို့မှူန့်ဖြစ်သြွးပြီး
ရေဖျော်လိုက်တာ နွားနို့ပြန်ဖြစ်သြွးတယ် အံသြဘွယ်ဘဲ။ တစ်ကယ်မသိခဲ့ဘူး ဘာလို့ရေခဲမုန့်မဖြစ်လဲထူးဆန်းတယ်။

ဘာလို့ ဖုံးတွေ ပျောက်ကျ တာလဲ ။ မှာသူငယ်ချင်းမရှိတော့ဖြစ်မယ်။ ငါ့Line မှာ တစ်ယောက်မှ မရှိတော့.။
ခုနစ်ယောက်ထဲကတ တစ်ယောက် ငါမဖြစ်ချင်။
































အားရင်ပိုက်ဆံလေးတွေ စိ အသစ်လားအဟောင်းလားခွဲ.
ပိုက်ဆံဟာ အသုံးမခံမင်းလဲအသိ.ငါလဲအသိ.
























အချိန်ပိုမှာ အကြွေလေးတွေ ခွဲ စလုံးငါးမူးမလေးငါးမျူး စလုံးပြားနစ်ဆယ် မလေးပြားနစ်ဆယ် အားလုံးခ့ပ်ဆင်ဆင်.
ငါမသိပေမဲ့ဈေးသည်သိတယ် အင်ထုလို့မရ.မလုပ်ပါဘူး တိုက်ဆိုင်တာပါ။































ဖတ်ပြီးသွားပြီး ပြီးသွားပြီးလားမေးရတာ ရုပ်ရှင်စတိုင်။


Friday, September 14, 2012

writer

ရင်ထဲမှာတော့စကားများစွာ ထုတ်မပြောဖြစ်ခဲ့။ ဖျားနေတယ်လို့ ပြောရမှာတောင်အားနာနေ။ စာလုံးပေါင်းမှားတာ ဖက်ရှင်လား. မမြင်ချင်ရင် နောက်ပို့လိုက် သွားဆဲနေရင် လေကုန်တယ် အူနေတာ အားရှိဘို့ဖြစ်မယယ်။ မင်းဘာသာ အူချင်သလောက်အူ လူတွေ ကိုစော်ကားရင် လူတွေ က နောက်ပို့လိုက်မှာဘဲ တို့သွားဆဲတဲ့အကောင် မင်းကို နောက်ကိုပို့လိုက်တယ်။ အဲသည်မှာဘဲ မင်းတန်တယ်ဆိုတဲကောင်။ လာအက်ပြီးဖြုတ်သွားရင် ဝမ်းနည်းရမှလားဝမ်းသာရမှာလား မိသိန်းကြည့် မခင်သီတာဟာ ငါ မဟုတ်ဘူး. ။ လူတိုင်းကိုရည်ညွန်းတာဖြစ်တယ်။ နာမည်ခဏခဏပြောင်းနေတဲ့သူ မင်းကိုငါမမေ့ပါဘူး။ ရင်သို့တိုးဝှေ့ဆဲပါခိုင်.။ လာလာစကားပြောတဲ့သူ ပြန်မပြောဘူးတဲ့လားအစ်မ မောလိုက်တာ
ခေါ်ရတာတဲ့လား ။ ထားခဲ့တာတွေ ပြန်ပြောင်းမပြောလို။ မြင်ရင် လေးစားတာကောင်းသလား မကောင်းဘူးပေါ့။ ငါက လေးစားတာမလိုချင်။ ရေးလိုက်ပြန်ဖျက်လိုက်လုပ်တာလဲမကောင်းဘူး။ ကြည်ညိုချင်တယ်ဆိုတော့ ကော ထိုင်ကန်တာ့ဘို့ ဖျာခင်းပေးရတော့မလို။ ရင့်ကျက်တည်ငြိမ်ပါတယ်ဆိုတော့ကော ဟင် အိုပြီနော် တဲ့ သူက သွယ်ဝိုက်ပြောတယ်။ အိုး မမလှလှ ဆိုတကိုတော့အချစ်ဆုံး။ အင်တာနက်ထဲပြန့်နေပတဲ့လား သိတ်မရှိပါဘူး။ နဲနဲလေးပါ။ ခေါင်းတွေ ကိုက်တယ် ။ စာလုံးပေါင်းမှန်အောင်ကြိုးစားရေးနေတယ်။ ဆေးသောက်တယ် ဆေးသောက်ရင် သက်သာတယ် .ဆိုတော့ဆရာဝန်က ဝမ်းသာမယ်။မသောက်ရင် မသက်သာဘူးဆရာ။ ကျွန်မလေ ထိုင်ကြည့်ပြီး LIke မလုပ်မိဘူး လုပ်ရရင် လက်အံသေလိမ့်မယ်. အားလုံးကို အားပေးနေတယ်။ ဘောလုံ့းကွင်းထဲမှာလား ။ ကွင်းပြင်ထွက်သွားရင်တော့ မမြင်ရဘူးပေါ့။ မမြင်ရရင်ဝမ်းနည်းမှာလား။ ချစ်တယ်ဆိုတာ လေထဲမှာ။ ဘလော့မရေးတာတောင်ကြာပြီး မရေးတတ်တော့ဘူးထင်တယ်။ ဇီးပြားရေးထားတာ ကြိုက်တယ်။ သူများရေးထားတာတွေ မကြိုက်ဘူးလား ကြိုက်ပါတယ် ဖတ်ခွင့်မကြုံလိုက်လို့။ သူများတွေ အမျိုးတွေ တော့ မနာလိုဘူး။ အမျိုးလာတော်ရင်တော့ဖျက်ပစ်တယ်။ သူ့စကားလုံးတွေ သိတ်ကောင်းနေတယ။် ဘာတဲ့။ တစ်လုံး ဆွမ်းတော်တင် တစ်လုံး ရေထဲချ။ မအမမကမမြင်ခင် ငါယူသုံးလိုက်တယ်။ သူကတော့မနမျောပါဘူး။ : ထမင်းစားမကောင်း၁၀လုပ်ပြည့်အောင်တော့ ထည့်ရမယ် တဲ့။ ဆရာဝန်က စကားများများပြောဘို့မှာထားတယ်တဲ့ဒါနဲ့စကားမစပ် တို့ပစဝချိန်းလိုက်တယ်။ လှို့ဝှက်ချင်သူတွေ များလာပြီး ရန်သူနည်းသွားတယ်။ လူကြိုက်နည်းတာလဲပါတယ်။ နာမည်ကတော့ စာလုံးများများနဲ့ ရေး ကြီးကြီးနဲ့ရေးရင် ကြီးမှာဘဲ။ စနေနေ့က ပုတ်ထားတာကို ပြန်ပုတ်လိုက်တယ် မသီတာ. မခင်သီတာ. ခင်ဗျားတော့ရူးပြီ။ အလုပ်ကြိုးစားပါ မထွက်နဲ့ ကုတ်ကပ်ထားပါ. ခေတ်မကောင်းဘူး စာတောင်ားထားတာကော ဖုံးဆက်မမေးသေးဘူးနဲ့ တူတယ်။ ပျင်းနေလို့မဖြစ်သေးဘူး တွန်းနိုင်မှ ရွေ့မယ်။ နားစရာရှိတာကော နားပေါ့.။ ပျင်းနေရင် အားပေးရမယ်။စကားမပြောတာ ပျင်ုးလို့လား. သူများတွေ ကိုဘဲ ပြောခိုင်းနေတာ မတရားဘူးထင်တယ် ကိုယ်လဲ ပြောပေးဦးမှပေါ့. လူတေါ များတယ်။ ကိုယ်လဲလုပ်ဦး။ မောလာတာ အိပ်ရေျးပျက်လို့လား အသက်ကြောင့်လား အားလုံးပေါ့ ဒါနဲ့  တို့ ခေါင်းလျှော်ပြီးသွားပြီ. အဲဒီနေ့က ရုပ်ဆိုးသွားတယ်ထင်တယ် feedback မရဘူး ။လှလှလေးရိုက်ပြီးပို့လိုက်မယ်နော်။ ရှိတဲ့ထဲကလဲရှာလိုက်ဦးမယ် ဒီလိုနဲ့ညာပေါင်းများပြီ. သာရင်တော့လဲကပ်ရမှာပေါ့ မော်ဒန်တွေ ရေးနေတာလား ဟင် မဟုတ်ပါဘူး။ ပြောချင်ရင်နဲ့ လက်တို့ သူလဲမရှိတော့ ဒီအချိန်မှာရှိချင်သေးလား ဟင့်အင့်ဟင့်အင်း အဲသလိုမဟုတ်ပါဘူး. ၁၂. ၄၁ ဆိုတော့အိပ်ဘို့ကောင်းပြီပေါ့. ponstan နစ်လုံး ပါရာတစ်လုံး အိုမီပါရာဇိုတစ်လံုးး အာတီဖတ်တစ်လုံးဆို ဆူမှာလား ဆရာ.။ ဆရာရေးရင်တော့ Like ရမှာပေါ့ .ဒါပေမဲ့ ဆရာကြီး ကိုတော့ဝိုင်း LIke ကြတော့လဲ တစ်မျိုးဘဲဖဘ ယဉ်ကျေးမှူပါ ဖတ်ရှူပြီးစီးပါကြောင်းကိုဆိုလိုတယ်။ နောက်ပို့လိုက်ရှေ့ပို့လိုက်.။ ရှေ့ပို့လိုက် နောက်ပို့လိုက်။ သွားဖတ်လိုက ပြန်လာလိုက်. နင်အနားမှာ ရှိနေလား။ ငါဘာသံမှ မကြားရဘူး။ ဖဘ ပြန်ဖွင့်တော့လေ။ ငါ့မှာ သူငယ်ချင်းနည်းနေတယ်။ အချိန်တွေ အကုန်မြန်လွန်းတယ် အခုမှတော့ စာအုပ်ကိုင်မနေပဲါနဲ့တော့တယ် ဝမ်းသာရမှာလား ဝမ်းနည်းရမှာလား မိသိန်းကြည်။ Like တာတွေ များမိလို့ follow up ပြန်မလိုက်နိုင်တော့ဘူး ခွင့်လွတ်ဘို့အကြောင်းတောင်းပန်ချင်တယ်။ မနက်မိုးလင်းရင်ထရမယ်။ အားဆေးဘယ်လိုသောက်ရမယ်ဆိုတာ အကြောင်းမပြန်ဘူး. နင့်မှာ စီးကရက်အဖွဲ့ရှိတယ်ဆို. ငါလဲမပါဘူး ဘာဖြစ်လို့လဲ။ သူများဓါတ်ပုံတွေ လျောက်လျောက်မတင်နဲ့လေ။ ညနေ ငါးနာရီဆိုအားတယ်ဆိုတဲ့ ဆရာ ကျွန်မ ကို မှတ်မိပါသေးရဲ့လား။ ခင်လေ ခင်ပါ။ ရင်ဘတ်တော့မပုတ်ပရစေနဲ့ရင်နာတယ်ဆရာ. လွယ်အိတ်လွယ်ပြီး ဆင်းလာတဲ့ ဆရာ။ ရုပ်မပြောင်းဘူးနော်ငယ်ငယ်လေးလိုဘဲ သူဘာတွေ လုပ်လဲငါမသိပေမဲ့ ငါမသိတာတွေ သူလုပ်တယ်။ လိုင်းပေါ်ရောက်ပြီး လိုင်းကြောင်နေတာ ကျွန်မလေ သူများတွေ လိုင်းပေါ်တက်ဘို့ကြိုးစားနေကြတယ်။ လေးရာကျော်တဲ့စားကောင်းမှာပါ စားကောင်းသောက်ဖွယ်တွေ ဘဲ ။ အကြာကြီးဘဲနော် ။ ဒါဘာမှ မဟုတ်ပါဘူးတဲ့လား ဟုတ်တယ် ဟုတ်တယ်ပြန်ဖတ်ရင် နားလည်ပါ့မလားဟင်။ စိုးရိမ်မိတယ် ညီမလေးရယ် ဒါပေမဲ့နဲနဲပျော်သွားသလိုဘဲစကားလုံးတွေ ထွက်ကျလာတယ် လိုက်တောကမကောက်တော့ဘူး ။ လေထဲကိုလွတ်ပစ်လိုကတယ် ဘုရားသခင်စောင့်ရှောက်ပါစေ. အာမင်။
(တော်သေးပြီ
ကျန်းမာချမ်းသာပါစေ
တောက အမေ။)
ဒါနဲ့ စကားမစပ်.ဒေါ်လေးဆိုလို့မခေါ်တော့ဘူး နောက်တစ်ခုက.
ငါ့ကိုမ add တဲ့သူ အနူ။ again again သွားသွားရှုပ်တယ် လက်ငြိမ်ငြိမ်နေ ခဥမ။ ရွာထဲမထွက် လူမသွက်။ ထွက်တဲ့အပေါက် ဂလိုင်နဲ့ခေါက်.psychiatrist မမြေင်အောင်နေ. ကျွန်တော်ဘာလို့ သွားရမှာလဲ ဒီမှာဘဲနေတယ် စာလုံးပေါင်းမှန်တယ်နော် ။ မနက်က လာတာ စကားမပြောလိုက်ရဘူး မသိချင်ယောင်ဆောင်နေလိုက်တယ်။ တစ်ယောက်ကို ချစ်ရင် တစ်ရာက မုန်းတယ် တရာက မုန်းတော့တစ်ယောက်ကိုရှာရတယ် လေထုညစ်ညမ်းလို့မဖြစ်ဘူး။ အသက်ရှင်ခွင့်ပေးပါ. နင်ရှိမှ ဖြစ်မယ် ငါ့ဘဝ။ ဘာတွေ လဲ ဘာမှ တော့မဟုတ်ဘူး အောက်စီဂျင်တွေ များနေလို့ပါ. အောက် ကမထုတ်ချင်ပါ. ရှက်စရာ အပေါ်က ဘဲလွတ်မယ် တစ်ချောင်းငင်လေးထည့်ရခက်တယ်။ ဖုံးဆက်တိုင်း ကိုင်ရအောင် ဒီက အားတယ်ထင်လို့လား ပြန်ဆက်လို်က်မယ်ဆို ဘယ်ရောက်သွားတာလဲ ထွက်သွားတာလေ. အော်အော် ရပါတယ်။ လူမရှားဘူး ကျွန်တော်မအားဘူး။ မြို့တက်လိုက်ဦးမယ်။ ဒါပါဘဲလေ. ရပ်တော့မလား. အင်း. ။ ဒါဆိုလဲ ရပ်. ဒီမှာဘဲ.။ ဟုတ်။ ဟုတ်. သူများဟာတွေယူမလာနဲ့လေ. အင်းပါ။ ဒါမှပေါ့။ အိပ်တော့မယ်နော်.ZZZZzzzZZZZZ

ရင်ထဲမှာ

ရင်ထဲမှာတော့စကားများစွာ ထုတ်မပြောဖြစ်ခဲ့။ ဖျားနေတယ်လို့ ပြောရမှာတောင်အားနာနေ။ စာလုံးပေါင်းမှားတာ ဖက်ရှင်လား. မမြင်ချင်ရင် နောက်ပို့လိုက် သွားဆဲနေရင် လေကုန်တယ် အူနေတာ အားရှိဘို့ဖြစ်မယယ်။ မင်းဘာသာ အူချင်သလောက်အူ လူတွေ ကိုစော်ကားရင် လူတွေ က နောက်ပို့လိုက်မှာဘဲ တို့သွားဆဲတဲ့အကောင် မင်းကို နောက်ကိုပို့လိုက်တယ်။ အဲသည်မှာဘဲ မင်းတန်တယ်ဆိုတဲကောင်။ လာအက်ပြီးဖြုတ်သွားရင် ဝမ်းနည်းရမှလားဝမ်းသာရမှာလား မိသိန်းကြည့် မခင်သီတာဟာ ငါ မဟုတ်ဘူး. ။ လူတိုင်းကိုရည်ညွန်းတာဖြစ်တယ်။ နာမည်ခဏခဏပြောင်းနေတဲ့သူ မင်းကိုငါမမေ့ပါဘူး။ ရင်သို့တိုးဝှေ့ဆဲပါခိုင်.။ လာလာစကားပြောတဲ့သူ ပြန်မပြောဘူးတဲ့လားအစ်မ မောလိုက်တာ
ခေါ်ရတာတဲ့လား ။ ထားခဲ့တာတွေ ပြန်ပြောင်းမပြောလို။ မြင်ရင် လေးစားတာကောင်းသလား မကောင်းဘူးပေါ့။ ငါက လေးစားတာမလိုချင်။ ရေးလိုက်ပြန်ဖျက်လိုက်လုပ်တာလဲမကောင်းဘူး။ ကြည်ညိုချင်တယ်ဆိုတော့ ကော ထိုင်ကန်တာ့ဘို့ ဖျာခင်းပေးရတော့မလို။ ရင့်ကျက်တည်ငြိမ်ပါတယ်ဆိုတော့ကော ဟင် အိုပြီနော် တဲ့ သူက သွယ်ဝိုက်ပြောတယ်။ အိုး မမလှလှ ဆိုတကိုတော့အချစ်ဆုံး။ အင်တာနက်ထဲပြန့်နေပတဲ့လား သိတ်မရှိပါဘူး။ နဲနဲလေးပါ။ ခေါင်းတွေ ကိုက်တယ် ။ စာလုံးပေါင်းမှန်အောင်ကြိုးစားရေးနေတယ်။ ဆေးသောက်တယ် ဆေးသောက်ရင် သက်သာတယ် .ဆိုတော့ဆရာဝန်က ဝမ်းသာမယ်။မသောက်ရင် မသက်သာဘူးဆရာ။ ကျွန်မလေ ထိုင်ကြည့်ပြီး LIke မလုပ်မိဘူး လုပ်ရရင် လက်အံသေလိမ့်မယ်. အားလုံးကို အားပေးနေတယ်။ ဘောလုံ့းကွင်းထဲမှာလား ။ ကွင်းပြင်ထွက်သွားရင်တော့ မမြင်ရဘူးပေါ့။ မမြင်ရရင်ဝမ်းနည်းမှာလား။ ချစ်တယ်ဆိုတာ လေထဲမှာ။ ဘလော့မရေးတာတောင်ကြာပြီး မရေးတတ်တော့ဘူးထင်တယ်။ ဇီးပြားရေးထားတာ ကြိုက်တယ်။ သူများရေးထားတာတွေ မကြိုက်ဘူးလား ကြိုက်ပါတယ် ဖတ်ခွင့်မကြုံလိုက်လို့။ သူများတွေ အမျိုးတွေ တော့ မနာလိုဘူး။ အမျိုးလာတော်ရင်တော့ဖျက်ပစ်တယ်။ သူ့စကားလုံးတွေ သိတ်ကောင်းနေတယ။် ဘာတဲ့။ တစ်လုံး ဆွမ်းတော်တင် တစ်လုံး ရေထဲချ။ မအမမကမမြင်ခင် ငါယူသုံးလိုက်တယ်။ သူကတော့မနမျောပါဘူး။ : ထမင်းစားမကောင်း၁၀လုပ်ပြည့်အောင်တော့ ထည့်ရမယ် တဲ့။ ဆရာဝန်က စကားများများပြောဘို့မှာထားတယ်တဲ့ဒါနဲ့စကားမစပ် တို့ပစဝချိန်းလိုက်တယ်။ လှို့ဝှက်ချင်သူတွေ များလာပြီး ရန်သူနည်းသွားတယ်။ လူကြိုက်နည်းတာလဲပါတယ်။ နာမည်ကတော့ စာလုံးများများနဲ့ ရေး ကြီးကြီးနဲ့ရေးရင် ကြီးမှာဘဲ။ စနေနေ့က ပုတ်ထားတာကို ပြန်ပုတ်လိုက်တယ် မသီတာ. မခင်သီတာ. ခင်ဗျားတော့ရူးပြီ။ အလုပ်ကြိုးစားပါ မထွက်နဲ့ ကုတ်ကပ်ထားပါ. ခေတ်မကောင်းဘူး စာတောင်ားထားတာကော ဖုံးဆက်မမေးသေးဘူးနဲ့ တူတယ်။ ပျင်းနေလို့မဖြစ်သေးဘူး တွန်းနိုင်မှ ရွေ့မယ်။ နားစရာရှိတာကော နားပေါ့.။ ပျင်းနေရင် အားပေးရမယ်။စကားမပြောတာ ပျင်ုးလို့လား. သူများတွေ ကိုဘဲ ပြောခိုင်းနေတာ မတရားဘူးထင်တယ် ကိုယ်လဲ ပြောပေးဦးမှပေါ့. လူတေါ များတယ်။ ကိုယ်လဲလုပ်ဦး။ မောလာတာ အိပ်ရေျးပျက်လို့လား အသက်ကြောင့်လား အားလုံးပေါ့ ဒါနဲ့  တို့ ခေါင်းလျှော်ပြီးသွားပြီ. အဲဒီနေ့က ရုပ်ဆိုးသွားတယ်ထင်တယ် feedback မရဘူး ။လှလှလေးရိုက်ပြီးပို့လိုက်မယ်နော်။ ရှိတဲ့ထဲကလဲရှာလိုက်ဦးမယ် ဒီလိုနဲ့ညာပေါင်းများပြီ. သာရင်တော့လဲကပ်ရမှာပေါ့ မော်ဒန်တွေ ရေးနေတာလား ဟင် မဟုတ်ပါဘူး။ ပြောချင်ရင်နဲ့ လက်တို့ သူလဲမရှိတော့ ဒီအချိန်မှာရှိချင်သေးလား ဟင့်အင့်ဟင့်အင်း အဲသလိုမဟုတ်ပါဘူး. ၁၂. ၄၁ ဆိုတော့အိပ်ဘို့ကောင်းပြီပေါ့. ponstan နစ်လုံး ပါရာတစ်လုံး အိုမီပါရာဇိုတစ်လံုးး အာတီဖတ်တစ်လုံးဆို ဆူမှာလား ဆရာ.။ ဆရာရေးရင်တော့ Like ရမှာပေါ့ .ဒါပေမဲ့ ဆရာကြီး ကိုတော့ဝိုင်း LIke ကြတော့လဲ တစ်မျိုးဘဲဖဘ ယဉ်ကျေးမှူပါ ဖတ်ရှူပြီးစီးပါကြောင်းကိုဆိုလိုတယ်။ နောက်ပို့လိုက်ရှေ့ပို့လိုက်.။ ရှေ့ပို့လိုက် နောက်ပို့လိုက်။ သွားဖတ်လိုက ပြန်လာလိုက်. နင်အနားမှာ ရှိနေလား။ ငါဘာသံမှ မကြားရဘူး။ ဖဘ ပြန်ဖွင့်တော့လေ။ ငါ့မှာ သူငယ်ချင်းနည်းနေတယ်။ အချိန်တွေ အကုန်မြန်လွန်းတယ် အခုမှတော့ စာအုပ်ကိုင်မနေပဲါနဲ့တော့တယ် ဝမ်းသာရမှာလား ဝမ်းနည်းရမှာလား မိသိန်းကြည်။ Like တာတွေ များမိလို့ follow up ပြန်မလိုက်နိုင်တော့ဘူး ခွင့်လွတ်ဘို့အကြောင်းတောင်းပန်ချင်တယ်။ မနက်မိုးလင်းရင်ထရမယ်။ အားဆေးဘယ်လိုသောက်ရမယ်ဆိုတာ အကြောင်းမပြန်ဘူး. နင့်မှာ စီးကရက်အဖွဲ့ရှိတယ်ဆို. ငါလဲမပါဘူး ဘာဖြစ်လို့လဲ။ သူများဓါတ်ပုံတွေ လျောက်လျောက်မတင်နဲ့လေ။ ညနေ ငါးနာရီဆိုအားတယ်ဆိုတဲ့ ဆရာ ကျွန်မ ကို မှတ်မိပါသေးရဲ့လား။ ခင်လေ ခင်ပါ။ ရင်ဘတ်တော့မပုတ်ပရစေနဲ့ရင်နာတယ်ဆရာ. လွယ်အိတ်လွယ်ပြီး ဆင်းလာတဲ့ ဆရာ။ ရုပ်မပြောင်းဘူးနော်ငယ်ငယ်လေးလိုဘဲ သူဘာတွေ လုပ်လဲငါမသိပေမဲ့ ငါမသိတာတွေ သူလုပ်တယ်။ လိုင်းပေါ်ရောက်ပြီး လိုင်းကြောင်နေတာ ကျွန်မလေ သူများတွေ လိုင်းပေါ်တက်ဘို့ကြိုးစားနေကြတယ်။ လေးရာကျော်တဲ့စားကောင်းမှာပါ စားကောင်းသောက်ဖွယ်တွေ ဘဲ ။ အကြာကြီးဘဲနော် ။ ဒါဘာမှ မဟုတ်ပါဘူးတဲ့လား ဟုတ်တယ် ဟုတ်တယ်ပြန်ဖတ်ရင် နားလည်ပါ့မလားဟင်။ စိုးရိမ်မိတယ် ညီမလေးရယ် ဒါပေမဲ့နဲနဲပျော်သွားသလိုဘဲစကားလုံးတွေ ထွက်ကျလာတယ် လိုက်တောကမကောက်တော့ဘူး ။ လေထဲကိုလွတ်ပစ်လိုကတယ် ဘုရားသခင်စောင့်ရှောက်ပါစေ. အာမင်။
(တော်သေးပြီ
ကျန်းမာချမ်းသာပါစေ
တောက အမေ။)
ဒါနဲ့ စကားမစပ်.ဒေါ်လေးဆိုလို့မခေါ်တော့ဘူး နောက်တစ်ခုက.
ငါ့ကိုမ add တဲ့သူ အနူ။ again again သွားသွားရှုပ်တယ် လက်ငြိမ်ငြိမ်နေ ခဥမ။ ရွာထဲမထွက် လူမသွက်။ ထွက်တဲ့အပေါက် ဂလိုင်နဲ့ခေါက်.psychiatrist မမြေင်အောင်နေ. ကျွန်တော်ဘာလို့ သွားရမှာလဲ ဒီမှာဘဲနေတယ် စာလုံးပေါင်းမှန်တယ်နော် ။ မနက်က လာတာ စကားမပြောလိုက်ရဘူး မသိချင်ယောင်ဆောင်နေလိုက်တယ်။ တစ်ယောက်ကို ချစ်ရင် တစ်ရာက မုန်းတယ် တရာက မုန်းတော့တစ်ယောက်ကိုရှာရတယ် လေထုညစ်ညမ်းလို့မဖြစ်ဘူး။ အသက်ရှင်ခွင့်ပေးပါ. နင်ရှိမှ ဖြစ်မယ် ငါ့ဘဝ။ ဘာတွေ လဲ ဘာမှ တော့မဟုတ်ဘူး အောက်စီဂျင်တွေ များနေလို့ပါ. အောက် ကမထုတ်ချင်ပါ. ရှက်စရာ အပေါ်က ဘဲလွတ်မယ် တစ်ချောင်းငင်လေးထည့်ရခက်တယ်။ ဖုံးဆက်တိုင်း ကိုင်ရအောင် ဒီက အားတယ်ထင်လို့လား ပြန်ဆက်လို်က်မယ်ဆို ဘယ်ရောက်သွားတာလဲ ထွက်သွားတာလေ. အော်အော် ရပါတယ်။ လူမရှားဘူး ကျွန်တော်မအားဘူး။ မြို့တက်လိုက်ဦးမယ်။ ဒါပါဘဲလေ. ရပ်တော့မလား. အင်း. ။ ဒါဆိုလဲ ရပ်. ဒီမှာဘဲ.။ ဟုတ်။ ဟုတ်. သူများဟာတွေယူမလာနဲ့လေ. အင်းပါ။ ဒါမှပေါ့။ အိပ်တော့မယ်နော်.ZZZZzzzZZZZZ

Friday, September 7, 2012

မမပန်ကာ

ဖဘသည် အချိန်ကုန်စေသည် သူငယ်ချင်းများလေ အချိန်ကုန်လေဖြစ်သည်။ အရေမရအဖတ်မရ အဲလေ. ရှိသမျ အားလုံးလိုက်ဖတ်.မောသွားလေသည် ရန်လည်းဖြစ်ရသေးသည်။




























အဂ်လန်မှသူငယ်ချင်း (steve မဟုတ်) ကဖုံးဆက်ချင်သည် ပြောသည်။ အမေရိကားမှ (ေေ မဟုတ်) ကဖုံးနာပါတ်ပေးရန်တောင်းသည်။ ငယ်သူငယ်ချင်းများဖြစ်သည် ဖုံးဆက်ရန် အချိန်ကိုမေးသည် ဘယ်အချိန်ဆက်ပါရန်ပြောရခက်နေသည် မနက်မိုးလင်းလျင် အလုပ်ပြေးရသည် မရောက်လျင် အရှက်တကွဲအကျိုးနည်းဖြစ်မည်။ အလုပ်လုပ်ရသည် ခိုလုပ်လျှင် ပြုတ်မည်။ နေ့လည် ထမင်းပြေးစားရသည် စားမကောင်း. အချိန်ရလျှင် ခဏနားရသည် အလုပ်ဆက်လုပ်ရသည် အာရုံတွေ ပငပ်ပန်း stress များသည်ဆိုလျင် ငတို့လည်းများတာပါဘဲပြောကြမည် မှတ်ထားရန်မှာ ခဥမသည် သိတ်တော်သူမဟုတ် လေရာ
RITA ကဲ့သို့လက်တင်မလုပ်နိုင်ရှာ. ပင်ပန်းလေ၏။





























ညနေအိမ်ပြန်ရန် အချိန်ယူရသည် တစ်နာရီခွဲ နစ်နာရီခန့်အိမ်ရောက်ရန်ကြာသည် လမ်းတွင် ခုနစ်ဆင့် ခရီးစဉ်ပြောင်းရသည် ဘတစ်ကား ရထား လမ်းလျောက် စုံအောင် လုပ်ပြီးမှ အိမ်ရောက်သည်ဘတ်စကားမှီရန် ပြေးရသည် အိမြေနနင့်မနေနိုင်. ဖုံးလေးပြောပြီးမနေနိုင် ဆင်းလုကိတက်လိုက်ပြေးလိုက် ကိုယ့်ခြေထောက်ကို ခလုပ်မတိုက် လေရန် ပြေးရသည် အိမ်ရောက်လျှင်မအား. ဖဘဖတ်ရသည် ဘလော့ဘတ်ရသည် စိတ်ကူးယဉ်ရသည်. ဖုံးပြောချင်စိတ်မရှိ.ေေ ဆက်လျှင်တော့ပြောမည်စိတ်ကူးသည် ဖုံးဆက်လျင် အိပ်နေသည် ဟု ညာပြောလေ့ရှိသူများ အားသေးဘူး ဟု ပြောသူများ ပြန်ဆက်မည် ဟု ညာသွားသောသူများ မကိုင်သောသူများ.ဖုံးနာမပါတ်မရှိသောမသူများများစွာထဲ မှ ဆက်ချင်ပါသည်ဆိုသော သူငယ်ချင်းကို မည်သည့်အချိန်ဆက်ပါရန် အချိန်မပေးနိုင်ချေ. ဆက်ချင်တဲ့အချိန်ဆက်.အားရင်ပြောမယ်မအားရင် မပြောဘူးဟု နစ်ပေါင်းများစွာကွဲနေသောသူငယ်ချငးများအားသွားပြောလျင် သောက်ကြီါ်ကြယ်မှူနင့် အဆက်အသွဝ်ပြတ်သွားနိင်လေသည်။























မမ အနေအထားအပြောင်းတယ်ဆိုသူများကို မရှင်းပြလိုတော့. မမသည် လာသမျှလူ ဧည့်ခံလာသည်မှာ နစ်ပေါင်းများစွာကြာပြီး ထားပစ်ထဲ့သူများစွာထဲမှာ နေသားကျနေလေပြီ။





























ကိုဇနိ မဇနိ ကိုစိုးထက် တို့ဆီမှ စ. ယခုထက်တိုင် ခဥမ ကိုချစ်သူများ မုန်းသူများထဲမှာ နေသားကျနေလေပြီ. ကိုဇနိဘယ်မှာလဲ မေးလျင် မသိပါ။ လူမုန်းဘယ်မှာလဲ မမေးလှင် မသိပါ ခရမ်းချဉ်သီး မသိပါ အားလုံးကို စိတ်နာစွာ နေသားကျနေသည်။ မချစ်မမုန်း နေရန် ကြိုးစားသည် မျက်ရေည်ပေါင်းများစွာချောင်းစီးခဲ့ဘူးသည်. ပြီးတာတွေ ပြီးပါစေ.


Wednesday, August 8, 2012

ဟိုတစ ဒီတစ




















ခဥမသည် လှပသော ကောင်မလေးများကို ယခုတစ်လော မကြည့်ချင်ပေ။ လှလှပပကောင်မလေးများပုံ့များတက်လာလျှင် ထိုကောင်မလေး ကို ဖြုတ်ရန်သွားကြည့်သည်. သူငယ်ချင်း ငါးထောင်ကျော်နေသည် ကိုမြင်သောအခါ နစ်မျောသွားသည် ပြန်ဖြုတ်လိုကလျင်ထပ်မစပ်စု ရတော့မည်စိုးသောကြောင့်ဖြစ်သည် .


ဖဘသည် ရန်သူများ လောမိတ်ဆွေ များလော မသိရ. . ရန်သူကလည်းစပ်စုရန်ထောက်လှန်းရန်အပ်ထားသည် ချစ်သူကလည်းအက်ထားသည် နည်းမျိုးစုံ ဘလော့.ဖဘ ကျွမ်းကျင်သော ခဥမသည် twitter . google+ ကို မကျင်လည်အောင်ကြိုးစားနေရသည်။































zinc ပါသည်. generally ကောင်းကွက်များရှိသည် ဆိုကာ သူငယ်ချင်းတစ်ယောက်ကဝယ်ခိုင်းသောကြောင့်ဝယ်ထားခြင်းဖြစ်သည်.ခဥမ မသောက်ပါ. သူများအတွက် ဖြစ်သည်။


















ကြို့က်လျင် ထပ်ဝယ်တတ်သေ ခဥမသည် ထပ်ဝယ်ပြန်သည် ခရမ်းရောင်ဖြစ်သည်. အညိုနင့်ခရမ်းနစ်မျုးသာ တွေ့သည် ယခင်တစ်ခါက် က အနက်ရောင်ဝယ်ပြီးဖြစ်သည်။






























စာရွက်စာတမ်းများရှင်းမည်ဆိုကာ ဖိုင်ထပ်ဝယ်ပြန်သည် ဖိုင်တွေ လည်းပုံ စာရွက်တွေ လည်းပုံကာ မရှင်းရသေး။
































ထိုကွန်ဒိုသို့ ရွေ့နေလျင်ကောင်းမလားဟု စိတ်ကူးနေသည်. နစ်နေရာနေလျင် နစ်ဘီလ်ဖြစ်မည်ပေါ့။ kenny soe bill ကိုမရှင်းနိုင်သေး . ကွကို ရှင်းထားရန်ဖြစ်သည်။ နောက်ပြန်ပေးမှာလားဆိုလျင် မေးစရာလားဆိုကာ ခေါက်ခံရမည်ဖြစ်သည်။
































အတော်ချိုသည် တစ်ခြမ်းနင့်မဝသော်ကြောင့်နစ်ခြမ်း တစ်လုံးနစ်ခါ နစ်လုံးစားသည်။

































အသားမဲပြီးဝခြင်းမှားသူရို့ကြောင့်ဖြစ်သည် ခဥမ အပြစ်မရှိပါ



































ဖြိုးဆီမှ တိုလာခြင်းမဟုတ် သူ့ထံမှာ မမြင်ခင်ကတည်းက ကိုယ့်ဘာသာ ကိုယ်ရိုက်ထားခြင်းဖြစ်သည် ဖျားစူး။






























လှသည် ဟု သူက ပြောသည်။
































စားသည်မှာ တစ်ချိန်တည်းတစ်ထိုင်တည်းဖြစ်သည် ကိုကာကိုလာနင့်သောက်သည် အမြည်းမပါလျင် အာပူမှာစိုးသော့ကြောငက့်ဖြစသ်ည. ( ငိုက်လာပြီထင်သည်)ဒ
































သင်သည်ထိုကဲ့သို့ အသည်းကွဲဘူးပါသား မကြာခဏွကွဲသော ခဥမည်...