Thursday, August 26, 2010

ရှေးသရောအခါက

Anonymous has left a new comment on your post "Woodlands/Sunday":

ရှေးသရောအခါက ရာမညတိုင်း မာလာယုပြည်အနီး၊ ချင်ကြာပူရ ဟုအမည်ရသော လွန်စွာစည်ကားသည့် တိုင်းနိုင်ငံငယ်လေး တခုရှိလေသည်။ ..နေမပူ၍ လေပူမတိုက်သော နေ့တနေ့~~ ချင်ကြာပူရတိုင်း၏ အထင်ကရမြို့လယ်.. ဥယျာဉ်ခြံလမ်းမကြီး ကား အမျိုးအစားများပြားစုံလင်လှသော.
. ရှော့ပင်းစင်တာများသို့ လာရောက်ဈေးဝယ်ကြသော ..သူငယ်မ၊ လုံမပျိုကြီးငယ် များဖြင့် ရှုပ်ထွေးစည်ကားနေလေတော့သည်.. ထိုအခိုက် တစုံတခုကိုမြင်လိုက်ရလေသည်.. ကျွနုပ်တို့ ချာရာဏသီတိုင်း ရွှေမရာမာပူရမှ လာဟန်တူသော လုလင်ပျိုသုံးယောက်... တယောက်ကား မော်မော်ကြွားကြွား တောသူဌေးသားဂိုက်အပြည့်နှင့် တယောက်မှာကား ဂန္ဓာလရာဇ်နွယ်ဖွားမျက်နှာပေါက်နှင့်ဖြစ်၏၊ နောက်ဆုံးတယောက်ကား မာလာယုပြည်သားနှင့်ခပ်ဆင်ဆင်ဖြစ်၏၊ အနှီသုံးယောက်ကား တယောက်နှင့်တယောက် အော်ကျယ်ဟစ်ကျယ် စကားပြောလျက် ဈေးဝယ်လာကြသော သူငယ်မ၊ လုံမပျိုကြီးငယ်တို့၏ စကပ်တိုတို ဘောင်းဘီတိုကပ်ချက်ပြုတ်တင်ပေါ်၊ အင်္ကျီခါးပြတ် ကျောဖော်ရင်ပေါ် ကြိုးတချောင်းအင်္ကျီ တို့မှ ထွက်ပ်ါလာသော ပေါင်သားဝင်းဝင်း ဗိုက်သားဝင်းဝင်း..အဝတ်စလွတ်သောနေရာမှ ဝင်းဝင်း၊ ဝင်းဝင်းနှင့်ထွက်ပေါ်လာသော၊ အရာမှန်သမျှကို ထူးဆန်းအံ့သြစွာ..ကြည့်ရှုလျက် ..ယင်ကောင်နားလောက်သော ပါးစပ်များဖြင့် ရွှေမရမာပူရစကားကို အားပါးတရပြောဆိုနေကြလေသည်.... ကောင်းကင်ကား ကြည်လင်၍ နေသာနေပေသည်.. ထို လုလင်ပျို သုံးယောက်တို့၏ ပြောစကားများအရ သူတို့ကား သင်္ဘောသီးများတည်း.. မကြာခင် တရုတ်တန်းရှိရာအရပ်သို့ အလုပ်ကိစ္စ အလို့ငှာ သွားရောက်ရန် တိုင်ပင်နေကြလေသည်... ဘတ်စ်ကားမကြပ်သေးသော နေ့လည်အချိန်တချိန်သာ ဖြစ်တော့သည်..။ ချင်ကြာပူရတိုင်း၊ တရုတ်တန်းအရပ်။ ... တောသူဌေးသား ဦးဆောင်လျက် အနှီရွှေမရမာပူရသား သုံးယောက် တရုတ်တန်းတခုလုံးအားသိမ်းပိုက်တော့မည့် ဟန်နှင့်ဘတ်စ်ကားပေါ်မှ ဆင်းလာကြသည်.. သူတို့နှင့် ရှေ့မလှမ်းမကမ်းမှာတော့ ဂန္ဓာလရာဇ်နွယ်ဖွား ဖြစ်ဟန်တူသော အမိုက်စားလုံမပျိုနှစ်ယောက် အန္တရာယ်ကိုမသိသည့်အလား အမိုက်စားဝတ်စားပြင်ဆင်လျက်.. ဦးသောင်းစိန်လမ်းမကြီးအားဖြတ်ကူးရန် မီးပွိုင့်ရှိရာ အရပ်သို့လမ်းလျှောက်သွားနေကြ၏။ ကျွန်ုပ်၏ လုလင်ပျိုသုံးယောက်ကား ထိုအမိုက်စားလေးနှစ်ယောက်နောက်မှကပ်လျက် တယောက်နှင့်တယောက်..
အမျိုးမျိုးမှတ်ချက်ပေး၍ လိုက်လာလေသည်.. မိုးတိမ်များကား ရုတ်တရက် အုပ်မှောင်လာ၏.. တောသူဌေးသား ပါးစပ်မှ မစားရအညှော်ခံ ပျစ်ပျစ်နှစ်နှစ် ရွှေမရမာပူရစကားများကား တရစပ်ထွက်ကျနေ၏.. အမိုက်စားလေးနှစ်ယောက် ဦးသောင်စိန်လမ်းတဖက်သို့ကူးရန် မီးပွိုင့်၌လူရုပ်ကလေးက အနီေ၇ာင်ပြနေ၍ ရပ်လိုက်လေသည်..တောသူဌေးသား ပါးစပ်ကား ပျစ်ပျစ်နှစ်နှစ် ရွှေမရမာပူရစကားများထွက်ကျလျက်ရှိဆဲ... ကောင်းကင်၌ မိုးကားမှောင်မဲ၍သည်းကြီးမည်းကြီးရွာမည့်ဟန်ရှိ၏.... ရုတ်တရက်.... အမိုက်စားလေးနှစ်ယောက် အနက်မှ ချာရဏသီတိုင်းမှရုပ်ရှင်မင်းသမီး ပုလဲဝင်း..၏
မျက်နှာပေါက်နှင့်ဆင်သော အမိုက်စားလေးတယောက်.. ချာကနဲလှည့်၍ တောသူဌေးသားအား ခပ်တည်တည် မျက်နှာထားဖြင့် မျက်နှာချင်းဆိုင်လိုက်လေသည်... ထို့နောက် တချက်ပြုံးလျက်.... လွန်စွာမှပီသသော..ချိုမြသောေ၇ွှမရာမာပူရစကားဖြင့် တောသူဌေးသားအား ယခုလို ပြောဆိုလိုက်လေသည်.... " မောင်လေးမှာနှမတွေ ရှိမှာဘဲ.. မောင်လေးရဲ့နှမတွေကို မောင်လေးပြောသလို အပြောခံရရင် မောင်လေးဘယ်လိုနေမလဲ.. နှမချင်းကိုယ်ချင်းစာပါ... ချင်ကြာပူရမှာေ၇ွှမရမာပုရ စကားပြောရင်ဆင်ခြင်ပါ.. မောင်လေးမသိတဲပေ၇ွှမရာမာပူ၇တိုင်းသားတွေ ဒီမှာအများကြီးရှိတယ်.. နောက်နောင်.. ဆင်ခြင်ပါ.. ဒီတခါတော့ ခွင့်လွှတ်လိုက်မယ်.. သဘောပေါက်တယ်နော်.. ဆို၍.. လူရုပ်ကလေးအစိမ်းေ၇ာင်ပြပြီုဖြစ်သဖြင့် လမ်းတဘက်သို့ ဖြတ်ကူးသွားကြလေသည်.. တောသူဌေးသားကား ခွေးအကြီးလှည်းနင်းသကဲ့သို့.. အအာအိအီ..နှင့် ဖင်ကုတ်ခေါင်းကုတ် ပါးစပ်အဟောင်းသား... ကျန်..လုလင်ပျိုအဖော်နှစ်ယောက်နှင့်အတူ မီးပွိုင့်မှာ ကြောင်၍ကျန်ရစ်ခဲ့လေသည်... မိုးကားသည်းကြီးမဲကြီး ချိမ်း၍ ရွာလေပြီ။ ..မိုးနှင့်အတူ ပါလာသော ဒေဝေါက အသံနက်ကြီဖြင့် ကိပတ်သဂွတ်ဝေါ့ဟုဆိုကာ …... ဤတွင်ပြီး၏။



Posted by Anonymous to khin oo may at August 26, 2010 11:55 AM

29 comments:

  1. လုပ်စားဒယ်...... ကျန်း....

    ReplyDelete
  2. ဒါမျိုးလဲ၇သဟ..ဟဟ

    ReplyDelete
  3.ွှအဲဒီ Anonymous က ဘူလဲဟင်! မောင်ရေခဲလား...

    green fingers..

    ReplyDelete
  4. အဲသလောက်ထိ မဆိုးပေမဲ့ ကြုံဖူးတယ်

    ReplyDelete
  5. လက်ညှိုးစိမ်း>>>
    အဲ့ဒါ ဘုရားသခင် အရမ်းအချစ်ခံခဲ့ရတဲ့လူတယောက်ရေးတာလေ။။။။

    ReplyDelete
  6. မေလမှာ ပို.စ် ၁၈ ခု
    ဇွန်လမှာ ပို.စ် ၁၆ ခု
    ဇူလိုင်မှာ ပို.စ် ၁၄ ခု

    ဒီနေ့ မှ ၂၆-၀၈-၁၀ ၊ ပို့ စ်က ၂၁ ခုတောင်ရှိပြီ ၊

    ဒေါ်ခင်မေဦး ကို တစ်ခုတော့ ပြောချင်ပါတယ်

    အဲဒါကတော့ .....

    နောက်နောင်ကို ပို့ စ်မီတာ မဖတ်တော့ပါဖူးဗျို့  မပြောရဲတော့ပါဖူးဗျို့  မဝေဖန်ရဲတော့ပါဖူး ၊ တကယ့်ကို ကြောက်ပါပြီ ....

    ပြေးပြီဗျို့  ......

    ဒခဥမ ကျန်းမာ ရွှင်လန်းပါစေဗျာ


    ခင်တဲ့

    Z

    ReplyDelete
  7. ဖြစ်ရလေ..ကိုရွေမရာပူရ သင်္ဘောသီး သုံးယောက်ရယ်...။
    တယ်သရမ်းသကိုး..ပါးစပ်က...။ဒါနဲ့ အစ်မကွန်..ဦးသောင်း
    စိန်လမ်းဆိုတာ ဘယ်လမ်းကို ဆိုသတုန်း အစ်မတော်ရဲ့...

    ReplyDelete
  8. သာမီးလေးAugust 26, 2010 at 8:39 PM

    ခြင်ကြားပုရက သဘောင်္သီးတွေက အဲဂလိုပဲ ပြောသလား အိမ်းးး အိမ်းးးး ဆင်ခြင်မှ တော်ကျမယ်

    ဟက်ဟက်

    ReplyDelete
  9. ရယ်ရတယ်..။
    ဒီတခါ မစဉ်းစားခိုင်းတော့ဘူး။




    Xထုံ

    ReplyDelete
  10. ဒီလိုလူတွေမှ............အများကြီးးးးးးးးးးးးး

    ReplyDelete
  11. Eu Tong Sen Street...

    ReplyDelete
  12. မှတ်ကရော .. ပို့ စ်မီတာ တပ်လိုက်တာ.. တက္ကစီမီတာ တပ်ထားတာကျနေတာပဲ.. မရောက်နိုင်အောင် ပတ်မောင်း ပြစ် လိုက်တယ်.. မီတာတွေ ကတော့ တက်မှတက်ပဲ.. မီတာ သမားတော့ ပြေးပြီ တဲ့ .. မမကွန်ကတော့ စံပဲ... အနော် တင်ပါမယ်လို့  တောင်းထားတာတောင် မရ၀ူးးး.. ဆိုးပါ့..... သူအရင်တင်ပြစ်တယ်...

    ReplyDelete
  13. ဦးထောင်စိန်လမ်းပါမမ

    ReplyDelete
  14. အမှားပြင်ဆင်ချက် ၁။

    ဒေါ်ခင်မေဦး အား ဒေါ်ခင်ဦးမေ လို့ ဖတ်ပေး ပါရန်

    အမည်ပြောင်းပြန်ဖြစ်တာ တော်တော်ကိုရုပ်ဆိုးလွန်းတဲ့ ကိုယ့်အဖြစ်ကို စိတ်ညစ်မိပါတယ်

    မှားတော့မမှားဖူး ၊ ဒါပေမဲ့ ဖတ်ရတာ ထောက်နေလို့  ပြင်ဆင်ချက် ၂။

    ဒခဥမ လို့  ခေါ်တာ သိပ်မနှိပ်လှပါဖူး

    ဒခဥမ အစား ဒေါ်ခင်ဦးမေလို့ ဖတ်ပေးပါရန်

    တောင်းပန်ပါတယ်

    ဒီတစ်ခါတော့ တကယ့်ကိုပြေးပြီးဗျို့ 

    ဒေါ်ခင်ဦးမေကြီး တစ်ယောက်ကျန်းမာရွှင်လန်းပါစေဗျာ ...


    ခင်ပြီး နာမည်မှားရေးတဲ့

    Z

    ReplyDelete
  15. စောက်ပေါမကြီး၊ ပေါရဲလိုက်တာ အသက်အရွယ်နဲ့မလိုက်အောင်

    ReplyDelete
  16. အရင်ပို့မှာကထဲက ဖတ်ပြီးသားး ... ကြိုက်စ်စ်

    ReplyDelete
  17. သြော.. ချာရာဏသီက ဒီအထိနယ်ချဲ့လာသကိုး..

    ReplyDelete
  18. ဒီစာလေးကို ပိုစ့်တစ်ခုအဖြစ်တင်တာ ထောက်ခံမိတယ်..
    ဒီလိုမှ ကျန်တဲ့သူတွေ ဆင်ခြင်နိုင်လိမ့်မယ်လို့ ယူဆပါတယ်... လူတိုင်းမှာ နှမသားချင်း စာနာတဲ့စိတ်မျိုးထားနိုင်ဖို့ သိပ်ကို အရေးကြီးပါတယ်.. သူများနှမတွေကို မှိုချိုးမျှစ်ချိုး ပြောနိုင်ပေမဲ့ ၊ ပြောထွက်ပေမဲ့ ကိုယ့်နှမကို လာပြောရင် ခံနိုင်ရည်ရှိပါ့မလားဆိုတာ မပြောခင် အရင်တစ်ချက်လောက် စဉ်းစားကြည့်သင့်ပါတယ်..
    Bravo မမ

    ReplyDelete
  19. ဘုရားသခင်အချစ်တုံးကြီးရေးတဲ့ ကိုယ်တွေ့ စာတမ်း ဟိဟိ

    ReplyDelete
  20. ရှေးသရောအခါ ပြည်ဗာရာဝယ် ကုဋေကြွယ်သား သူငှေးအားလျှင်......အဲဒါရေးမယ်မှတ်လို့ :D

    ReplyDelete
  21. အပြောခံရလောက်အောင်လဲ မိန်းကလေး၊မိန်းမပျိုလေးတွေက အ၀တ်ရဲ၊အဖော်ရဲ၊ အပြရဲကြတာကိုး။
    မိန်းကလေးဆိုတာ ဘယ်လောက်ဘဲခေတ်မှီတယ်ဆိုဆို ကိုယ်.ရဲ. မမြင်အပ်တဲ. အရာတွေကို ဖော်ပြနေတယ်ဆိုမှတော. ယောင်္ကျားတွေကကြည်.ကြတော.မှာဘဲပေါ.။ အဲ.လို အပြောမခံချင်ရင်၊အကြည်.မခံချင်ရင် အပြောမခံရအောင်၊ အကြည်.မခံရအောင် ခေတ်မှီလှပစွာနဲ. နည်းမျိုးစုံဝတ်ဆင်လို.ရပါတယ်။
    မိန်းမတွေမှာလောက် အ၀တ်အစားပုံစံမျိုးစုံ၊ အလှပြင်စရာ အကူကိရိယာပစည်းမျိုးစုံတာရှိဦးမလား။
    ဖော်မှလှမှာမှမဟုတ်တာ။
    အခုပြောနေတာ ယောင်္ကျားတယောက်လဲမဟုတ်ရပါဘူး၊ မိန်းမတယောက်ကိုယ်တိုင်ကပြောနေတာပါ။
    အခုခေတ်မှာ မိန်းမပျိုလေးတွေကိုယ်တိုင်က တော်တော်လွန်လွန်ကျုးကျုးဝတ်ဆင်လာကြတာကိုး။
    ကိုယ်. အနရယ် ကို ကိုယ်ဖိတ်ခေါ်နေသလိုဘဲ။
    လုံလုံခြုံခြုံနဲ. တင်.တင်.တယ်တယ် လှနေတဲ. မိန်းမပျိုတယောက်ကို ၊ဖော်ထားတဲ.မိန်းမတယောက်ကိုပြောသလိုတော. ဘယ်ယောင်္ကျားမှ ပျစ်ပျစ်နှစ်နှစ်ပြောလို.ရမှာမဟုတ်ဘူး

    ReplyDelete
  22. လုံလုံခြုံခြုံ ဝတ်စားထားလည်း ပြောချင်တဲ့ယောက်ျားလေးတွေက ပြောကြတာပဲ..
    မြန်မာပြည်မှာတုန်းကဆိုအများကြီးတွေ့ရတယ်.. မိန်းကလေးမြင်တာနဲ့ကိုပြောချင်/ ပါးစပ်သရမ်းချင်နေကြတာတွေ လည်းရှိတယ်

    (အပေါ်ကအနောနိမတ်ကိုပြောတာ)

    ReplyDelete
  23. အစ်မရေးပုံကမိုက်တယ်ဗျာ...တကယ်ပါပဲ...

    ခင်တဲ့
    မိုးငွေ့

    ReplyDelete
  24. Some seamen were wild and impolite due to lack of communication with opposite sex.
    Most seamen had lost many rights.
    such as....
    Cannot read update news...
    Lost sexual relationship...
    Face with peril at sea...
    Meet again and again everyday with same crew who they don't want....
    Missed the family...
    Above consideration is not be limited to...

    The important thing is lost of having sex for long time...( 6 to 12 months)..

    How you think?

    BINO

    ReplyDelete
  25. ရန်မဖြစ်ကြနဲ့လေ....မိုက်တဲ့သူတစ်ယောက်နားရွက်တစ်ယောက်တံတွေးဆွတ်....ဟဟ

    ReplyDelete
  26. ဒီပို့စ်က ပုံတွေ မပါလား အမကြီး ...း)

    ReplyDelete
  27. ကြုံဘူးပါသည်

    ReplyDelete
  28. အားပေးသွားသည် ပျော်ရွှင်ပါစေ ခင်မင်စွာဖြင့်

    ReplyDelete
  29. 29 Aug 10, 10:25 AM
    s: ဝပ် လို့ ရေးသင့်တယ်...ဟင်း... အဲ့တစ်လုံး စဉ်းစားလိုက်ရတာ
    29 Aug 10, 10:25 AM
    မောင်ရေခဲ: မင်းလုပ်တာတွေ သိပ်လန်းတယ် အဲ့တိုင်းသာ ဆက်လုပ်လို့ အဓိပ္ပာယ်ရတယ်
    29 Aug 10, 10:25 AM
    Pauk: ဓညှင်းသီး စားချင်တယ်..
    29 Aug 10, 10:25 AM
    s: word လား.. work ထင်တယ်
    29 Aug 10, 10:25 AM
    မောင်ရေခဲ: work
    29 Aug 10, 10:25 AM
    s: keep up the good w.... ဘာလဲ အင်
    29 Aug 10, 10:25 AM
    kom: အဲဒါဘာပြောတာလဲ ရှင်းပြပါ။
    29 Aug 10, 10:24 AM
    မပုကြွယ်: ကိပတ်သဂွတ်ဝေါ့ ဟားဟား

    ReplyDelete