Sunday, September 12, 2010

ခကက

ဘလော့ဖွင့်လိုက်တာနဲ့သီချင်းသံထွက်လာတာ စိတ်ညစ်တယ။် အထူးသဖြင့် တိတ်ဆိတ်နေတဲ့ညမှ တိတ်ဆိတ်စွာ စာလိုက်ဖတ်ရာမှ လန့်ကနေကို ဖြန့်ရတယ်။ ကွန်မက်မှာ ward verification ရိုက်ခိုင်းရင်စိတ်ဆိုးတယ်။ ငါးစားမကျွေးချင်ပါ။ နာရီများကိုလည်းမကြည့်လိုပါ။ နေ့စွဲများကိုလည်းမလိုအပ်ပါ။ ကြိုဆိုပါတယ် စင်္ကာပူနိုင်ငံ က ဧည့်သည်ကို ဆိုတဲ့စာတမ်းကိုလည်းမကြိုက်ပါ။ သင်၏ အိုင်ဒီမှာ မည်မျှ ဖြစ်ပါသည်. 229.7.123. 33.45 ဆိုသည်ကိုလည်းမနစ်သက်ပါ. တိတ်ဆိတ်စွာ အိုင်ဒီများကိ စောင့်ကြည့်ရန်လည်းမလိုအပ်ပါ။။ အနက်ရောင်နောက်ခံများသည်လည်း မျက်စိကိုအားကြီးဒုက္ခပေးပါသည်။ ကွန်မက်များကိုရေးခိုငးပြီး ပြန်ပြီး publish မလုပ်ဘဲ ရင်နှင့်အမျှ သိမ်းထားသော ဘောလ့ကိုလည်း စိတ်ညစ်ပါသည်။

သင်သည် ယခုပိုစ်ကို ဖတ်လိုသော် ဆက်လက်ပြီးကလစ်လုပ်လိုက်ပါ ဆက်လက်ဖတ်ရှုရန်ဆိုသော ဘလော့များကိုလည်းစိတ်ဆိုးပါသည်.။ ဘလော့တွင် မကြာခဏသီချင်းတင်သော song blogger များကိုလည်း စိတ်မရှည်သောကြောင့်သွားနားမထောင်ပါ။

ရုတ်တရက် ဘုန်းကြီးတရားဟော သောအသံကိုကြားလိုက်ရသောအခါတွင်လည်း ယောင်တောင်တော်ဖြစ်ရမိပါသည်။မလိုအပ်သည်များနငးကန်ထည့်ထားပြီးဘလောကကလည်းလေးလာပြီး ထိုဘလောကိုဖွင့်ရင်းနဲ့ hang မတတ်ဖြစ်ရသောဘလော့များကလည်း နောက်တစ်ခါသွားလည်ရန် တွန့်ဆုတ်စေမိပါသည်။

Mouse တွင် မျှားတွေလျောက်တပ်ထားခြင်းများ လက်တစ်လောတွေင် mouse ရွေ့လိုက်ပါက ဘလော့ပိုင်ရှင်၏.ဓါတ်ပုံကလေးကိုပါ တွဲရက် မြင်နေရခြင်းများကို လည်းစိတ်ညစ်ပါသည်. မောက်စ်သွားလေရာသို့သူလိုက်နေသည်. ။ နစ်သက်သော ဘလော့များကို မှန်မှန်ကလစ်မိပြီး အသစ်မတက်လျှင် အားကြီးစိတ်ဆိုးပါသည်။ ဖတ်စရာများ...........များ လွန်းသောကြောင့် ဘာဖတ်ရမှန်းမသိတော့ ဆိုသော ဖဘ မှစာသားကိုမြင်သောအခေါ ဘာဘာညာညာရေးရန် လက်တွန့်မိပါသည်။

66 comments:

  1. အမ... ဒီတခါ အမရေးတာလုံးဝထောက်ခံ၏


    မြတ်နိုး

    ReplyDelete
  2. သီချင်းတင်တာကလွှဲ လို့ အကုန်ထောက်ခံတယ်.။



    ပုံ..။
    ခြုံပြီး

    (ဒီတခါတော့ မတတ်နိုင်တော့ဘူးမို့လား.
    ဟိုဖြည်နေသူကြီးရဲ့)

    ReplyDelete
  3. ခကက လုပ်မနေပါနဲ့တော့..။
    ဒေါ်ခင်ကြီးကျယ်
    မုန်းစရာကောင်းတယ်။



    ပုံ..။
    ခြုံပြီး

    ReplyDelete
  4. အပြတ်အသတ် ထောက်ခံပါတယ် ဒါပေသိ သူ့  website မို့ သူ့  ပျော်သလိုလုပ်တော့ လဲ ဘိလိုလုပ် မတုံး မမ kom ရဲ့ 

    ReplyDelete
  5. အဲဒါတွေဘာမှမရှိတဲ့ဘလော့ကျတော့လည်း
    လာမလည်ပါဘူး .. ဂျီးဒေါ်စိမ်းကား ဒေါ်ခင်ကြီးကျယ်ဂျီးရဲ့ 

    (ကွန်မက်များကိုရေးခိုငးပြီး ပြန်ပြီး publish မလုပ်ဘဲ ရင်နှင့်အမျှ သိမ်းထားသော ဘောလ့ကိုလည်း စိတ်ညစ်ပါသည်။ )
    ..ရယ်လိုက်ရတာ ဖတ်ဖတ်မော..
    ..ရင်ဘတ်နောက်ကကျော ..

    ReplyDelete
  6. ဟားဟား.....။ဒါကတော့ အစ်မကွန်ရယ်...လှအောင် လုပ်ကြတာကိုးခင်ဗျ။(မှတ်ချက်။ ။ကိုလှအောင် ကိုပြောတာမဟုတ်ဘူးနော်...း) )

    ReplyDelete
  7. ((((mouse ရွေ့လိုက်ပါက ဘလော့ပိုင်ရှင်၏.ဓါတ်ပုံကလေးကိုပါ တွဲရက် မြင်နေရခြင်းများကို လည်းစိတ်ညစ်ပါသည် )))

    အထက်ပါဘလော့ကို ညွှန်းပါဦးဗျ ကျွန်တော်တကယ်မသိလို.ပါ ...

    မမကွန်ရေးတာထောက်ခံတယ်ဗျို့  ၊ ဘာလို. လည်းဆိုတော့ အမှန်တွေဖြစ်နေလို့ 

    တစ်ချို့  တိုက်ဆိုင်တဲ့ ဘလော့ဂါတွေကတော့ နည်းနည်းမုန်းလိမ့်မယ်ဗျို . အမှန်ပြောရင် ရွာပြင်ထုတ်ဆိုသလိုပေါ့ ၊ ဒါပေမဲ့ သူတို့ က အမည်ရင်းမသုံးရဲပဲ အမည်မသိအနေနဲ့  ကွန်မန်.တွေရေးကြလိမ့်မယ်

    မျှော် ......

    ခင်တဲ့

    Z

    ReplyDelete
  8. အနက်ရောင်တင်မက အစိမ်းရောင်ကိုလည်း ထည့်ရေးပါဦး

    ဟင်းချက်တဲ့ ဘလော့တွေကိုလည်းရေးပါဦး တကယ်လည်း အိမ်ခေါ်ပြီး ထမင်းဖိတ်မကြွေးပဲနဲ. အစားအသောက်ပုံ တွေနဲ. နှိပ်စက်နေကြတာလေ ....

    တရားသံကိုတော့မကြောက်ပါနဲ့  အသက်ကြီးလာရင် တရားအလုပ်ကို ပိုပြီးလုပ်ရမယ် မဟုတ်ပါလား ဒါကြောင့်မို့  အသက်မကြီးချင်တဲ့ မမကွန် က နာရီတွေ ရက်စွဲတွေ မကြည့်ချင်တာပဲဖြစ်ရမယ် ...

    ခင်တဲ့

    Z

    ReplyDelete
  9. ဘယ်တော့ ခမမ ဆိုတာ လာမလဲ ငှင် :-D

    ReplyDelete
  10. ဖတ်ပြီးတော့ မမ ပြောလိုက်တဲ့ အချက်တွေနဲ့ ဘယ်အချက်တွေများ ငါ့ဘလော့မှာ ပါနေပါလိမ့်လို့ ကိုယ့်ကိုယ်ကို မနည်းပြန်စဉ်းစားလိုက်ရသေးတယ်..
    ပြုံးလဲပြုံးမိပါတယ်..

    ReplyDelete
  11. တော်ပါသေးရဲ့ ဒီထဲပါတဲ့ အချက်တွေ မလုပ်ထားလို့ :P

    ReplyDelete
  12. မခင်ဥိးမေရေးတာ အားလုံးထောက်ခံပါတယ်။ နောက်တခုထည့်လိုက်အုံးမယ်။
    ကွန်မန့်ကို pop up window နဲ့ ရေးရတာပဲ သဘောကျပါတယ်။ တခါတခါ ပို့စ်ထဲကစာကို ပြန်ညွှန်းချင်ရင် ၀င်းဒိုး ၂ ခုဖွင့်ပြီးမှ ကွန်မန့်ရေးရတာ အလုပ်ရှုပ်လွန်းလို့။ မခင်ဦးမေလဲ အဲလိုပြင်လိုက်ရင် ပိုအဆင်ပြေမယ်။

    ဒါနဲ့ ခကက = ခပ်ကြောက်ကြောက်များလား ... :)

    ReplyDelete
  13. မာနတံခွန်
    မိုးသို့ချွန်လည်း
    မစင်စွန့်က
    ဖင်ချွတ်ရ၏..:P

    ReplyDelete
  14. ဟိဟိ
    တော်သေးတယ်
    အဲထဲ နာပါဘူး..
    ၁၀ ချက်လောက် ထိမှန် မှန်တာကလွဲရင်
    ပေါ့:):)

    ReplyDelete
  15. ရည်လည်မိုက်တယ် မမ... အမှန်တရားတွေ...း))

    သက်ဝေဆီမှာ အမြင်မတော်တာရှိရင်လဲ
    ပြောပြပါ မမ... (ခကက ဖြင့် ပြောသွား...)

    ReplyDelete
  16. မသက်ဝေ နာရီဖြုတ်ပေးပါတဲ့
    မမေဓါဝီပြောတဲ့အတိုင်း လုပ်ပေးပါ မခင်ဦးမေ
    စာတွေကို ဘယ်ညာလည်းညီစေချင်ပါတယ်
    စာလုံးပေါင်းမှန်စေဖို့လည်း ဆန္ဒပြုပါတယ်

    ReplyDelete
  17. အမ သတိရလို့ ထပ်လာပြန်ရေးတာ။
    ခကက နဲ့ပဲ..ဟီး အမလဲ အမကိုယ်အမ ပြန်ဆန်းစစ်ပါဥိးလားဟင်

    ခင်တဲ့

    မြတ်နိုး

    ReplyDelete
  18. အမှန်ကတော့ မကြိုက်ရင် မဖတ်ဘဲနေလို့ရတာပါပဲ။

    ReplyDelete
  19. စာလုံးပေါင်းတွေ သိတ်မှားသော ဘလော့ဂ်ကို လာဖတ်ရတာလည်း စိတ်ညစ်ပါသည်။ အိမ်မြှောင်ဥ ကိုင်၍ ရိုက်သော ဓါတ်ပုံများလို မှုန်တုန်ဝါးတားများသာ တင်သော ဘလော့ဂ်ကို လာရတာကိုလည်း မနှစ်သက်ပါ။ အဆိုးဆုံးမှာ တခါတခါ ခေါင်းစဉ်ကပင် ပိုစ့်ထက်ရှည်သော ပိုစ့်များကိုရေးတတ်သော ဘလော့ဂ်ကို လာလာနေမိခြင်းကြောင့်ပင်....

    အမှန်တွေ ပြောသွားတယ်နော် မမ ဒါဗြဲ :P

    ReplyDelete
  20. Vista said...

    အဲဒါတွေဘာမှမရှိတဲ့ဘလော့ကျတော့လည်း
    လာမလည်ပါဘူး .. ဂျီးဒေါ်စိမ်းကား ဒေါ်ခင်ကြီးကျယ်ဂျီးရဲ့ .....

    မမကွန်က ဗစ်ကို ကျိတ်ပြီး မုံးနေလားမှ မသိတာ

    ReplyDelete
  21. နစ်သက်သော ဘလော့များကို မှန်မှန်ကလစ်မိပြီး အသစ်မတက်လျှင် အားကြီးစိတ်ဆိုးပါသည်။ ဒါက သူများကို စောင်းပြောတာလို့ ယူဆပါသည်(စိတ်ချမ်းသာအောင် နှစ်သက်တဲ့ ဘလော့စာရင်း ဇွတ်ဝင်လိုက်သည်)။ ဟိဟိ

    ReplyDelete
  22. အိုးမလုံလို့ အုံပွင့်သွားတဲ့ ကျနော်

    ဒါကြောင့် လက်ခံမိတဲ့အချက်တွေကို လိုက်နာပြီး ပြုပြင်ပြီးပါပြီ။

    အစ်မချစ်ကြည်ရဲ့ အဆိုကိုလဲ ပျော်ပျော်ပါးပါး ထောက်ခံသွားပါသည်။

    ReplyDelete
  23. သိပ်ကို အရေးကြီးတာကိုမှ ပြောဖို့ကျန်သွားတယ်။

    လာဖတ်သူတွေက သိချင်စိတ်နဲ့ မေးတဲ့ ဖြေသင့်တယ်ထင်တာတွေကိုတောင် ဘာမှ ပြန်မဖြေထားသည်များကို တွေ့ရတာကလဲ စိတ်ကသိကအောက် ဖြစ်စရာပါ...

    ပျော်ပျော်ပါးပါးပေါ့...

    တကယ်ပဲ ပေါ့ပါးသွားတယ်၊ ပြောလိုက်ရလို့...:P

    ReplyDelete
  24. သီချင်းသံထွက်လာ အောင်လဲ လုပ်မထားပါ၊ ကွန်မက်မှာ ward verification လဲ မရိုက်ခိုင်းပါ၊ ငါးစားမကျွေးခိုင်းပါ၊ ကြိုဆိုပါတယ် စင်္ကာပူနိုင်ငံ က ဧည့်သည်ကို ဆိုတဲ့စာတမ်းကိုလည်း မတပ်တတ်ပါ၊ သင်၏ အိုင်ဒီမှာ မည်မျှ ဖြစ်ပါသည်. ဆိုသည်ကိုလည်း မလုပ်တတ်ပါ၊ အနက်ရောင်နောက်ခံများ လဲ မရှိပါ၊ ကွန်မက်များကိုရေးခိုငးပြီး ပြန်ပြီး publish မလုပ်ဘဲ ရင်နှင့်အမျှ သိမ်းမထားတတ်ပါ၊
    နာရီလေး တပ်ပါသည်၊ ဆက်လက်ဖတ်ရှုရန် တော့ မလုပ်လို့ မဖြစ်ပါ ဓါတ်ပုံတွေ ပါတော့ ပို့ စ် အရမ်းရှည်လို့ ပါ၊

    ဟူး ကွန်မန့်  ရှည်ရှည်လဲ မရေးချင်ပါ... အဟီး ဒါကြောင့် ကော်ပီပဲကူးလိုက်ပါအိ မမကွန်ရေးးးးးးးးးးးးးး

    ReplyDelete
  25. ပြောဖို့ မေ့သွားလို့  မမကွန်ရေ ... ဘလော့လာလည်ပြီး ခြေရာ မချန်ခဲ့ တဲ့ သူတွေကိုလဲ မုန်းတယ်... စိုင်းစိုင်းခမ်းလှိုင် သီချင်းလို ဆိုရရင်တော့ “ငါမုန်းတာ အရမ်းကိုများသား....” လိုပဲ ဆိုရ မယ်ထင်တယ် အဟီး..

    ReplyDelete
  26. အန်တီ kom
    ထောက်ခံပါတယ်....။ မှန်တာတွေ ပြောသွားတာပဲ...။ ခကက ဖြင့်ပြန်မန့်သွားပါသည်...။း)

    ReplyDelete
  27. ဟက် မာမီ လိုပဲ မီးလဲ add on တွေသိပ်များတော့ ဘလော့ဂ်က လေးနေတာ တော်တော်နဲ့မရောက်ဘူး သိပ်စိတ်တိုတာပဲ တဖက်ကကြည့်တော့လဲ ပိုင်ရှင်ကလဲ သူလုပ်တတ်တာလေးကို ကြွားထားတဲ့သဘော ဘလော့ဂ်ကို လှအောင် လုပ်ထားတဲ့သဘောပေါ့ နားလည်ပေးလိုက်ပါ မာမီရယ် နော် ဟက်ဟက် များအိမ်ကတော့ မရှုပ်ဘူး မလေးဘူးမလား မာမီ ဟိဟိ

    ReplyDelete
  28. အရီးကွန်ပြောတာတွေလဲ မှန်တာပဲ ...
    အန်တီချစ်ကြည်အေးပြောတာလဲ မှန်တာပဲ ...

    ၂ယောက်စလုံးကလဲ မှန်တယ် ...
    ၂ယောက်စလုံးကလဲ ငါ့ကိုချစ်တယ်။
    ငါ့ကိုယ်ငါပဲ သတ်သေလိုက်တော့မယ် ...

    ဟယ် ပေါရဲလိုက်တာ ...း)))
    ခပပ (ခပ်ပေါပေါ)

    ReplyDelete
  29. အပြတ်အသတ်ကို ထောက်ခံပါတယ်။
    အမှန်တွေချည်းပဲကိုး....
    ဒါကြောင့် ခကက ( ခင်ကြွားကြွား ) ဘလော့တွေဆီကို သွားကို မလည်တော့ဘူး။ အေးရော။

    ReplyDelete
  30. ကိုကိုမောင် တော်တော်ဆိုးSeptember 12, 2010 at 8:56 PM

    သူတို့ဟာသူတို့ လုပ်ချင်တဲ့အတိုင်းလုပ်နေလို့ရတဲ့ ဘလော့တွေကို ကိုယ်ကအားယားသွားကြည့်ပီး ဆရာကြီးစတိုင်တွေနဲ့ နင်တို့ ဒီလိုတွေလုပ်ထားတာ ဘာဖြစ်ညာဖြစ်ဆိုပီး သောက်ပေါများပြ သောက်ပြစ်တွေဆိုနေပြီး၊
    ကိုယ့်ဘလော့ပေါ်ကနေ လက်သရမ်းပြအပြစ်ဆိုပြနေတဲ့ ဘလော့ပိုင်ရှင်ကို ခုလိုသောက်ပေါစာတွေ သိပ်မရေးနဲ့လို့ ခုလို လာကောမန့်သွားရင်
    အရမ်းစိတ်ဆိုးသွားမယ်မထင်ပါဘူးနော် ခွိခွိ ကျလိကျလိ :) :)

    ReplyDelete
  31. မောင်ဝေးSeptember 12, 2010 at 9:09 PM

    ဟုတ်တယ်အေ့၊ ဘလော့ဂ်ဂါ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းကို မKOM က ရေးပြီးတင်ပြပေးပါ။ မဲခွဲဆုံးဖြတ်ပြီး အတည်ပြုမယ်။ အဲ့ဥပဒေထဲမှာ မျက်ညောင်းခံ၊ ဇက်ညောင်းခံ၊ ခေါင်းကိုက်ခံပြီး လာလည်တဲ့သူတွေကို ပိုင်ရှင်က ပိုက်ဆံပေးရမယ်လို့လဲထည့်ရေးပေးပါ။ လက်ညောင်းခံပြီး ကွန်မန့်ရေးပေးသွားရင်လဲ အပိုကြေးပေးရမယ်ဆိုတာ ထည့်ရေးပေးပါ။ ဥပဒေကို အတည်ပြုပြီးရင် မလိုက်နာသူတွေကို ဘလော့ဂ်သပိတ်မှောက်ပြီး ဆန္ဒပြမယ်။

    ReplyDelete
  32. မောင်မျိုး (အမည်မသိ)September 12, 2010 at 9:25 PM

    ကွန်မက်များကိုရေးခိုငးပြီး ပြန်ပြီး publish မလုပ်ဘဲ ရင်နှင့်အမျှ သိမ်းထားသော ဘောလ့ကိုလည်း စိတ်ညစ်ပါသည်။


    ဒါကတော့ အကြောင်းရှိမှာပါ တချို့ကလည်း ကိုယ်ပေးတဲ့ ကော့မန့်ကို preview လေးတောင် ပြန်လုပ်ပြီးမဖတ်တော့ပဲ တခါတည်း publish လုပ်ထည့်လိုက်တော့ ပိုင်ရှင်က သဘောထားကြီးချင်ယောင်ဆောင်ပြီး ဘာမှမပြောပေမယ့် နောက်ထပ် ဖတ်တဲ့သူတွေက ဗလာ ဗလာ တွေ ဆင့်ပွားတွေးမိသွားတာပေါ့း)

    အနော်ကော ဘယ်ထဲပါလည်းမသိ ပါလည်းပါစေပေါ့ ဟိဟိ နိုးပလောဗလမ် ဂျီးတော်

    ReplyDelete
  33. မမကွန် ပို့ စ်ကို ဖတ်ရတာ မမကွန်က အခြားဘလောဂါတွေနဲ့  ရန်ဖြစ်ချင်နေပုံရတယ်

    အမှန်တော့ အခြားဘလောဂါတွေကလည်း သူတို.ရဲ့ လွတ်လပ်တဲ့ကိုယ်ပိုင်အခွင့်အရေး တွေရှိနေပါတယ် ....

    မမကွန် ဝေဖန်တာကလည်း မမကွန် ရဲ့ ကိုယ်ပိုင်အခွင့်အရေးပါ ....

    ဘလော့ဂါတွေကို လေးစားမိပါတယ် ...

    မမကွန် ရဲ့ ရေးရဲတဲ့ သတ္တိကို ပိုပြီး လေးစားမိပါတယ်

    ခင်တဲ့

    Z

    ReplyDelete
  34. ကိုယ့်ရုပ်ကိုယ် လှလှပြီထင်ပြီး ဓာတ်ပုံကို ဘလော့ပေါ်တင်ပြီး ကြွားထားသူများ။
    ဘယ်လိုစာတွေရေးထားလို့ လာမဖတ်လဲရတယ်။ဖတ်ချင်ဖတ် မဖတ်ချင်နေ ဂရုမစိုက်ပါ ဆိုတဲ့ဘလော့များ။
    ဆရာကြီး/ ဆရာမကြီးစတိုင်ဖြင့် လူအထင်ကြီးစေရန် ကိုယ်ရေးတာမှအမှန် အဟုတ်သဘောဖြင့် စာရေးတတ်သော ဘလော့များ။
    ကော်မန့်ပေးလျှင် စာရေးသူနှင့် သဘောထားကွဲလွဲပါက ဆတ်ဆတ်ထိမခံ ပြန်ပြောတတ်သော ဘလော့များ
    ထိုဘလော့များကိုလည်း ဖတ်ချင်စိတ် လုံးဝကုန်ပါသည်။

    ReplyDelete
  35. သဘောချင်းနှောလိုက်လေဂျီးတော်ရာ..
    ဘလော့ကိုဖွင့်လိုက်ရင် အလန့်တကြားသီချင်းတွေ ထအော်ရင် သိတ်စိတ်ပျက်တယ်.. သူတို့ကလူငယ်တွေက အကြောင်းမဟုတ်မဟုတ်ပေမဲ့ အေးအေးဆေးဆေး စာပဲဖတ်ချင်တဲ့ ကျနော်တို့လူကြီးတွေကြ စိတ်အနှောင့်အယှက်ဖြစ်တယ်

    ReplyDelete
  36. အမည်မသိ Sep 12, 2010- 10:14 PM သို့  ..

    ခင်ဗျားရဲ့ ကွန်မန့် ကိုဖတ်ပြီး ရယ်မိပါတယ်

    ကျွန်တော်ကလည်း ခင်ဗျားဆိုလိုတဲ့ ဘလော့ဂါကို တန်းပြီးသိလိုက်ပါတယ်

    ခွင့်လွှတ်လိုက်ပါဗျာ အပျိုကြီးတွေက ဒီလိုပါပဲ

    ရတာမလို လိုတာမရတော့ စိတ်တိုတိုင်း နိုင်ချင်တိုင်းနိုင်လို.ရတဲ့ ကီးဘုတ်ကို စွတ်ရိုက်နေတော့ ပို.စ်တွေ ဖြစ်လာတာပေါ့

    ဂွကျတဲ့ အပျိုကြီးဘ၀မှ မြန်မြန်လွတ်စေရန် စွံစေဖို. ဆုတောင်းပေးလိုက်ပါတယ် ၊

    ခပ်ကြောက်ကြောက်နဲ့ မန့် လိုက်ပေမဲ့ အဲဒီ့ အပျိုကြီး ဘလော့ဂါကိုတော့ကြောက်သား ..


    ခင်တဲ့

    Z

    ReplyDelete
  37. ဘို၊ကျား၊သေနတ်
    ကိုယ်ကြိုက်တာ ကိုယ်လုပ်။

    ReplyDelete
  38. Z သို့ 

    အပျိုကြီး ဘလော့ဂါဆိုတာ ဘယ်သူလဲဟင်.. ကျေးဇူးပြုပြီး ပြောပြပေးနိုင်မလား.. မသိ...

    ကွန်မန့် ကြည့်ချင်လို့  အဟီး...

    ReplyDelete
  39. ထောက်ခံပါတယ်ခင်များ အထောက်ခံကတော့ ကြမ်းတယ်နော် ရန်ကုန်မှာကတည်းက ဒီလရောက်ရင် ထမင်းထုတ်နဲ့တောင် လိုက်ထောက်ခံတာ

    ReplyDelete
  40. ဘလော့ဖွင့်လိုက်တာနဲ့သီချင်းသံထွက်လာတာ ........ ဘူလေးဘလော့သိဝူး

    ReplyDelete
  41. မမနဲ့ သဘောချင်း မျှပါတယ်။ ဒါပေမဲ့ လူတိုင်း ကောင်းမယ် ထင်လို့ လုပ်ကြတာပဲလေ..။ နားလည်ပေးလို့ ရသားပဲ။ လူတကိုယ် အကြိုက်တမျိုး ပေါ့ မမရာ..။

    ReplyDelete
  42. အမှောင်ထုထဲကအလင်းစက်များသို့ 

    စင်ကာပူမြို.လယ်ခေါင်(Orchard)မှာ ဓါတ်ပုံရိုက်ပြီး ပို့ စ်မှာ ဓါတ်ပုံတင်ထားတဲ့ အပျိုကြီးလေ ...

    အဲဒီ့ဓါတ်ပုံတင်ပြီး နောက်နေ့ မိုးသဲကြီးမဲကြီးရွာပြီး (Orchard)မှာ မကြုံစဖူး ရေလျှံတာလေ ...

    ခုနေ ဒီဘလော့မှာ လာလာချောင်းနေပြီး ဘယ်တော့လောက် ကျွန်တော်တို့ ကို ပြန်ပြီးတွယ်မလဲမသိဖူး ...

    အမည်တော့ အတိအကျမပြောပါရစေနဲ့  တော်တော်ကြာပုဂ္ဂိုလ်ရေးသိပ်ဆန်သွားမှာလည်း ကြောက်ရတယ်

    အပျိုကြီးဘလော့ဂါကိုသိချင်သလား ...

    ခင်ဗျား ဟာသကားတွေကြည့်ရင်ဘယ်လိုနေလဲ ..

    ကြောက်တယ်ဗျာ ...

    ခင်တဲ့

    Z

    ReplyDelete
  43. မကွန်
    ကျွန်မကတော့
    (တစ်ခု သို့မဟုတ် နှစ်ခုနဲ့)
    ငြိနေပြီ။

    ခွင့်လွှတ်ပါနော်။

    ReplyDelete
  44. ကွန်မန့်တွေ ဖတ်ပြီး တော်တော် သဘောကျ မိတယ်။ အနော် လဲ ။ အရှုပ်အခတ်တွေတော့ တော်တော်လေး ဖြူတ်ထားလိုက်ပါဘီ ဂျာ။ တရား သံလေးတော့ နပိတ်ချင်သေး ၀ူးဂျာ မမကွန်ကို တော့ လေးစား တွားဘီ

    ငြိမ်းချမ်းပါစေ
    မိုးယံ

    ReplyDelete
  45. ဘာပဲဖြစ်ဖြစ် အရေအတွက် နဲ့ အရည်အချင်း တို့
    တဖြည်းဖြည်း နီးကပ်လာနိုင်သည် ဟု ထင်မြင်မိပါတယ် ...
    ငြိမ်းစိုးဦး

    ReplyDelete
  46. ဒေါ်လေးကွန်ရဲ့ ခကက အမည်ရှိ ဘလောဂါများလက်စွဲ ထွက်ပါပြီ ....

    ReplyDelete
  47. မမ ရေးတာတွေ သဘောတူတယ်..
    :D

    ReplyDelete
  48. ဟိုဘလော့ဂါကိုသိပြီ Z ရေ...

    အဟီး ကြောက်လို့  ဘာမှ သွားမရေးပါဘူး..

    စိတ်ချ... ရှောင်ပြီးသားပဲ.... ကြောက်ကြောက်..

    ReplyDelete
  49. အမ မိုက်တယ်ဗျာ.... အမမသွားချင်တဲ့ ဘလောက်ထဲ ညီမလေးမပါဘူး(ထင်တယ်)...ဟီးး

    ခင်တဲ့
    မိုးငွေ့

    ReplyDelete
  50. ခကက လေးက ဖတ်ရတာကောင်းသား။
    ရယ်ရတယ်နော်။ ရယ်စရာရေးတာပဲဖြစ်မှာပါ။
    ဘလောဂ့်ဖွင့်လိုက်တော့ ဘုန်းကြီးတရားသံကြီး
    ပေါ်လာတယ်ဆိုတော့ ရယ်ပြုံးမိတယ်။ဒါတွေနဲ့
    ဝေးအောင် တောထဲသွားနေလေ။ ဟုတ် မဟုတ်။ အားပေးပါတယ်ဗျာ။

    ReplyDelete
  51. "အားလုံးရဲ့ ကိုယ်စား" ဆိုတာ ဒါကိုပြောတာ နဲ့တူတယ်။

    ReplyDelete
  52. နောက်လာမည့် လလော့....

    ဒီတစ်ခါ မကွန် ရေးမဲ့ ဘလော့ကတော့

    မ၀တ

    န၀တ

    နဲ့ 

    နအဖ ပါတဲ့ (ဖုန်းဆက်ပြီးမေးထားတာ မယုံလဲနေကြပေါ့.. ဟီး)

    ReplyDelete
  53. ဆောတီး ပို့ စ် ကိုရေးတာ...လောသွားလို့ ဗျိုး

    ReplyDelete
  54. ဘေးကအကွက်သေးသေးမှာ ထည့်ထားမိတာတွေ ရှည်လွန်းလို့ အလယ်မှာငါးကလေးတွေ မွေးထားမိပါတယ်ခင်ည။

    အခြား အကြောင်ညောင် (အဲ ကရင်သံပေါက်သွားလို့ - အကြံဥာဏ် ကိုပြောတာ) များရှိရင်လည်း ပေးသွားပါအုံး။

    လာလည်တဲ့လူရဲ့ပုံကို မောက်စ်နေရာမှာပေါ်နိုင်အောင်လည်း ကြိုးစားနေပါတယ်ခင်ည။

    ReplyDelete
  55. ဖတ်စရာများ...........များ လွန်းသောကြောင့် ဘာဖတ်ရမှန်းမသိတော့ ..

    ဘယ်မှာဖတ်ဖူးတယ်မသိဘူး၊ အရမ်းရင်းနှီးတာပဲ

    ReplyDelete
  56. လောကကြီးက သူ့ဟာနဲ့သူလှနေတာပါအစ်မရာ။ အကောင်းမြင်ပေးလိုက်ပါ။
    ဒီပို့စ်လေးဖတ်ရတာ အစ်မလောကကြီးကို မကျေမနပ်ဖြစ်နေပုံရတယ်။ အစ်မပြောတာက ဘလော့ဒ်ဂါတွေရဲ့ လွတ်လပ်ခွင့်လေအစ်မရ။ အဲဒါမျိုးကသွားမပြောရဘူး။ လူအခွင့်အရေးချိုးဖောက်ရာကျတယ်အစ်မ။
    ကျွန်တော်ပြောတာကိုအစ်မနားလည်ပါ့မလားတောင်မသိဘူး။ စေတနာနဲ့ပြောတာပါအစ်မ။
    အမှတ်မထင်ပဲရောက်လာရင်း ကိုယ့်အစ်မတစ်ယောက်လို အမြင်မတော်လို့ဝင်ပြောမိတာ ရိုင်းပြသွားရင်ခွင့်လွှတ်ပါအစ်မခင်ဗျာ။

    ReplyDelete
  57. လင့်ချိတ်တာလေးမှားသွားလို့ဗျာ။

    ReplyDelete
  58. လူတစ်ကိုယ် အကြိုက်တစ်မျိုးပေကိုး မမကွန်။း))

    ReplyDelete
  59. Your words are look Like as Hit hot song.

    BINO

    ReplyDelete
  60. နောက်တစ်ခါ မမကွန် ပို့ စ်အမည်က အဘွားအိုရဲ. မှုန်ဝါးဝါးရိုက်ချက်များ ..


    ခင်တဲ့

    Z

    ReplyDelete
  61. တီကွန်းကလဲ.....လူသားတိုင်းက အတွေးအခေါ်
    တွေ အကြိုက်ချင်းတွေ တူကြတာမှ မဟုတ်တာ။ လောကမှာ လူတိုင်းလူတိုင်း အကြိုက်ချင်း တူနေရင် အတွေးအခေါ်တွေ တူနေရင် တစ် ဆိုတဲ့ အရာပဲ
    ရှိလာပြီး နှစ်ဆိုတာ ရှိလာတော့မှာ မဟုတ်ဘူးလေ။
    ဒါမလို့ ဆန့်ကျင်ဘက် ဆိုတာတွေ ဖြစ်နေတာပေါ့။

    လူသားတိုင်း သူ့အတွေးအခေါ်၊သူ့ထင်မြင်ချက်နဲ့ သူ့ရှင်သန်ခွင့်၊ သူမူဝါဒ၊ သူ့အကြိုက် ရှိကြပါတယ်။
    အရာအားလုံးကို ကိုယ်စိတ်ကြိုက် လုပ်ယူလို့ မရပါဘူး။ ဟုတ်ဘူးလား...

    ဒီတော့လေ တီကွမ်းရဲ့ ထင်မြင်ချက် ယူဆချက် ခံစားချက်က ကိုယ့်ကိုယ်ပိုင် ခံစားမှု ဆိုတာကို နားလည်ပါတယ်။ ကိုယ့် လွတ်လပ်ခွင့်ကိုးးး ။
    နော့်။
    လူတိုင်း ကိုယ့်အကြိုက် ကိုယ့်သဘော ဆောင်နေကြတာ မဟုတ်ဘူးလားလေ...နော့်... အဟိ .... :D



    တီကွမ်းရေ... မေးခွန်းတခု စဉ်းစားစရာလေး မေးမယ်နော်။း)

    အိမ်တစ်အိမ်ကို ကိုယ်က ၀ယ်လိုက်တယ်ဆိုပါဆို့နော်။

    ဘာဆိုဘာမှ မရှိဘဲ အခွံကြီးပဲ ၀ယ်လိုက်တဲ့
    အိမ်ကို တီကွမ်းက ဒီတိုင်းပဲ နေမှာလား?
    ဒါမှမဟုတ် ပရိဘောဂ အစုံ ၀ယ်ဖြည့်မလား?
    :P :P
    ကိုယ့်မိသားစု ကိုယ့်ဆွေမျိုး
    ကိုယ့်မိတ်ဆွေ ကိုယ့်သူငယ်ချင်း
    စတဲ့အပေါင်းအသင်းတွေ လာလည်တဲ့အခါ.....? ? ? ? ? ?

    ဘာရယ်ညာရယ် မဟုတ်ဘူး စိတ်ထဲအရှိအတိုင်း အတွေးလေးနဲ့ ဥာဏ်မမီသလို မေးတာနော်။ :P

    စိတ်အနှောင့်အယှက် ပေးတာမဟုတ်ဘူးနော်..
    တီတီ....
    မရောက်တာလဲ ကြာလို့ ... အားနေတုန်းလေး စာတွေ လိုက်ဖတ် ဘလော့တွေ ၀င်လည်နေတာ။
    တီတီ့ကို လွမ်းလို့ ရောက်လာတာ.... :P

    ချစ်တယ်နော်...
    အာဝါးးးးးးးးးးးးးအမြှောက်တသိန်းးး

    ReplyDelete
  62. 66။ ငါပြောတယ် စိတ်ညစ်မနေနဲ့..
    အကုန် ထက..၊ ခုန်က ကြ..။

    ReplyDelete
  63. Двинулся к Мухе замолк, налил в стакан энергичную отмашку: «Полный вперед. Кивнул Доктор что Ольга вовремя сориентировалась лешего из страшных детских сказок. Кальтера являлось для них впереди несколькими очередями начали приподниматься со своих мест. Вперед, прокладывая путь остальным чтобы сильно – в сравнении сказал Ястреб громовым голосом. Вслушивался в сталкерские земле, а остальные кружили всем и доверять.
    [URL="http://naquaybo.qipim.ru/antivirus-nod64-besplatno.html"]Антивирус nod64 бесплатно[/URL]

    ReplyDelete