Tuesday, September 14, 2010
ဆင်ဆိုသည်မှာ
စလုံးဆိုတာ ပင်နီစူလာနဲ့ ဘူဂစ်လို့ဘဲလို့ပြောရင် မယုံကြပါနဲ့။ သွားပြန်တယ် တစ်ခေါက်ပြီးတစ်ခေါက်. မော့ပြီးရင်းမော့ ဘာဝယ်လာသလဲ မရွေဖဲ ဆိုရင် ဘာမှ မဝယ်.ဘာဖြစ်လို့လဲဆိုတော့တစ်ထည်မှ မတော်လို့. လူငယ်တွေ ဆိုင်သွားမော့တာကတော့ဝါသနာပါ။ ဝတ်လို့မရတာကတော့ ဆိုဒ်ပါ။
ဘာဂါဆိုင်ရှေ့ကဖြတ်ပေမဲ့ မျက်နာကို အတင်းလွဲ ခေါင်းကို စောင်းပြီး ခပ်စောင်းစေားင်ရှောက်. ဝင်စားမိမှာစိုးလို့ ရှောင်တာ သုံးခါရှိသွားပြီ. ပထမနေ့က မက်ဒေါနယ်ရှေ့ကနေ အားတင်းပြီးထွက်ခဲ့ . ညနေဘက်တစ်ခါ KFC ဆိုင်ရှေ့ကနေ မဖြတ်ဘဲ ဘေးလမ်းကနေ ကွေ့ရှောက်ခဲ့ . ဒီနေ့ကတော့ ဘက်ဂါကင်းေ၇ှ့ကနေ သုတ်သုတ်စောင်းပြီးထွက်ခဲ့။ စားပြီးရင်းစားချင်နေတာ ဘာဂါ. .
အုန်းစိမ်းရည်မသောက်မိအောင်လဲစိတ်ထိန်း. သြော် ဒုက္ခ. ဒုက္ခ. ဝယ်စားစရာပိုက်ဆံရှိရဲ့နဲ့ မစားရတာ လဲ ဒုက္ခ.
နောက်ဆုံးတော့ လက်နိပ်ဓါတ်မီးနစ်လက် ဝယ်ပြီးပြန်တယ်။ တစ်ခု ငါးကျပ်. နစ်ခုတစ်ဆယ်။
ဖူနန်လဲရောက်တယ်။ ဆိုင်တွေတောင်သိမ်းစပြုပေါ့။ ဘာညာသွားဝယ်တာ သုံးဆယ်ကျပ်။ဝါးတယ် ဘဲပြောပြော တုန်တယ် မှုန်တယ်ဘဲပြောပြော. ကိုယ့်လက်ထဲရှိ တာ ဒါဘဲရှိတယ်။ ရှိတာနဲ့ဘဲရိုက်ရတာဘဲ။
လက်နိပ်ဓါတ်မိး. ၁၀
ဘာညာ. ၃၀
အသုပ်စုံ. ၄ ကျပ်
ချဥပေါင်ကျော် ၃ ကျပ်
ဂျာနယ်. သုံးလေးစောင်း. ၆ ကျပ်
ဘရာစီယာ ၄ ကျပ်
ပင်တီး ၆ ကျပ်
တယ်လီဖုံး ကဒ် ၁၈၁၈ ၈ ကျပ်
နိုင်ငံပေါင်းစု ခ်ါဘို့ကဒ် ၁၀ ကျပ်
သဘောင်္သီး ၂ ကျပ်
ပါပလာ ၁ကျပ်
ပန်းသီး ၂ ကျပ်
ထမင်းကြော်စား. ပေါင်မုန့်ကြက်ဥကျော်စား ကြက်ဥဝယ်ထားတာများသွားလို့ ပေါင်မုန့်လဲမကုန်နိုင်လို့.။
အင်း. ဘဝကြီး တယ်ပျင်းစရာကောင်းတာဘဲ။ အဲဒီအပြင် ဘယ် သွား ရဦး မလဲ ....... ....... ....... .........
ပျင်း………………….......၏
35 comments:
  1. မမ .. လက်နှိပ်ဓါတ်မီး ၁၀ ဖိုးက ဘာလုပ်ဖို့လဲဟင် ... ချင်ကာပူ မှာ မီးခဏခဏ ပျက် လို့လား ....း)
    mie nge
    ReplyDelete
  2. ဓာတ်ပုံတွေ ငေးရောက အစားအသောက်အကြောင်းက ပါလာ၊ အစားအသောက်ပုံတွေပါမြင်ရတော့ ဖတ်နေရင်း တဂြီဂြီ ဆာလာ.. ရေထသောက်.။
    ReplyDelete
  3. စာလုံးပေါင်းတွေ သတိထားမကြီး
    ReplyDelete
  4. တုန်ခြင်းမှုန်ခြင်းကို သီးခံ ကြည့်ရှုပြီး...
    ဘူဂစ်တို့ ပင်နင်ဇူလာ ၊ဖူနန်တို့က အရင်လိုပါပဲလားဟု..
    မှတ်ချက်ချသွားပါသည်၊ ဗမာဆိုင်တွေ တိုးလာတာတော့ ချွင်းချက်ပေါ့လေ..စားချင်တာစားပါဂျီးတော်ရာ...မလှမှာ ပူရမဲ့အရွယ်လဲမဟုတ်ပါဘူး
    ReplyDelete
  5. အစ်မရေ ...
    ဘာကာဆိုင်ရှေ့ ၎ ခါလောက်ရောက်ရင်စားပစ်လိုက်နော်
    အဟီး
    ReplyDelete
  6. ဆင်ဆိုသည်မှာ. . .
    ဒုက္ခေါ...ကျနော် နောက်ရေးမဲ့ ပို့စ်နာမည်ကြီး ယူသုံးသွားပါလား။ ကျနော်က အရင် မှတ်ပုံတင်ထားတယ်နော်။
    လက်နှိပ်ဓါတ်မီး = နေရောင်ခြည်သုံးဓါတ်မီး ဖြစ်၏။
    ဒေါ်နယ် မကြိုက်ပါ။ ပေါ့၏။
    KFC အလွန်ကြိုက်။
    ဘာဂါကင်းလည်း မကြိုက်။
    AWB မှ ဘာဂါသာ ကြိုက်သည်။
    ဘာဂါသာ မစားတာ တခြား အစားထိုးစားတာက ပိုဆိုးနေပါလား။ ဆင်ဆိုသည်မှာ ဆိုတာထက် ဂေါ်ဇီလာ ဆိုသည်မှာ ဆိုရင် ပို၍အဆင်ပြေမှာပါ ဟိဟိ။
    ReplyDelete
  7. ကင်မရာ အသစ်ဝယ်ပါဆိုတာ မ၀ယ်ဘူး... တုန်တယ် မှုန်တယ် ခုန်တယ် ပြောတော့ စိတ်ဆိုးတယ်... မမ KOM ကုတ်စီးနဲ ..... ဟင်းးးးးးးးးးးးး
    ReplyDelete
  8. စာရင်းကို ဒီတိုင်းလက်နဲ့ရေး ပြရုံနဲ့ ယုံလိမ့်မယ်မထင်နဲ့ ဘောင်ချာပါ ပြ ၊ ဘာညာဆိုတာ တမင် ၀ါးထားတာ မလား ဟင်းဟင်း သိတယ်နော် စောင့်ကြည့်နေတာ ငွေသိပ်မကွာ လို့ လွတ်ထားတာ..ပျော်ရွင်ပါစေ ခင်ရေ..။
    ReplyDelete
  9. Dear KOM, Eat whatever u want as Ba kyauk said.Then,walk,walk,walk.................for ur health.
    ReplyDelete
  10. ဘာညာဆိုတာဘာလဲ...မမ သိချင်ပါတယ်
    ReplyDelete
  11. တစ်ချို့ ဘလောဂါတွေက ဟင်းချက်နည်း အသုတ်စုံလုပ်နည်းကို ဝေေ၀ဆာဆာတင်ပြပြီး ဒေါ်လေးကွန်ကတော့ မချက်ပဲ ၀ယ်စားလိုက်တယ် ၊ ကောင်းပါ့ ၊ စလုံးစတိုင်ပေါ့ ၊ ဂန္တ၀င်ဒယ်အိုးကြီးလည်း မတွေ.ရတာလည်း ကြာပေါ့ ဘာဂါ၊ ကေအက်ဖ်စီ တို.ကို သိပ်လည်းမရှောင်ပါနဲ့  စားချင်တာစား ကိုလက်စထရော ဆေးသောက် ၊ လေ့ကျင့်ခန်းမှန်မှန်လုပ် ၊ ပုလင်းဘောဒီက စလင်းဘောဒီ ဖြစ်လာစေရမယ် ....
    ခင်တဲ့
    Z
    ReplyDelete
  12. ဘူဂစ်ဂျန်းရှင်းမှာ ကြက်ဆီထမင်း ကောင်းတယ်။
    အခုတော့ ရှိသေးလား မသိ။အဲ့ဆိုင်..။
    ကိုဘွိုင်းဇ် ကတော့ ဟိုတခါ ပို့စ်တင်ထားတာ..
    အကင်ဆိုင်ဆိုလား..။
    ဖုန်းကဒ်ဝယ်ထားတာပဲ။
    ဖုန်းဆက်နော်...ဟားဟား။
    ပုံ /
    Xထုံ
    ReplyDelete
  13. kfc ရယ် ဘာဂါရယ် မကြားချင်၊မမြင်ချင်တော့ဘူး။
    ''တနေ့လာလည်း ကြက်သား တနေ့လာလည်း ဘာဂါ တနေ့လာလည်း ကိုလာ အဆင်တူ အရောင်ကွဲနေ့ရက်များ'' ပါဆိုမှ...
    ReplyDelete
  14. စားစရာတွေအကုန်ကြိုက်တယ်း)
    ReplyDelete
  15. မောင်မျိုးSeptember 14, 2010 at 9:36 AM
    ReplyDelete
  16. "အင်း ဘဝကြီး တယ်ပျင်းစရာကောင်းတာဘဲ။ အဲဒီအပြင် ဘယ် သွား ရဦး မလဲ ....... ....... ......."
    အိမ်လာလည်ပါ မမ...း))
    ReplyDelete
  17. မကွန်
    အပြင်လျှောက်သွားတဲ့ ပို့စ်ကို မကြိုက်ဘူး။
    လမ်းထွက်ပြီး မုန့်စားတဲ့ ပို့စ်ကို မကြိုက်ဘူး။
    မုန့်တွေဟင်းတွေဓါတ်ပုံပါတဲ့ ပို့စ်ကိုမကြိုက်ဘူး။
    ဈေးဝယ်တာတွေရေးတဲ့ ပို့စ်ကို မကြိုက်ဘူး။
    ပျင်းတဲ့ အကြောင်းရေးတဲ့ ပို့စ်ကို မကြိုက်ဘူး။
    ကိုယ့်ကိုကိုယ်လည်း မကြိုက်ဘူး။
    အဲဒါတွေ ဖတ်ပြီး လိုက်လုပ်မိလို့။
    အရှေ့က သွားတဲ့ သူက “ဆင်” လေ။
    “ဆင်သွားရင် လမ်းဖြစ်တယ်” တဲ့။
    မကွန်ရေ ပျင်းတယ်ဆိုပြီး ပျော်နေတဲ့ အစ်မရဲ့ ပို့စ်တွေကို မပျင်းမရိ အမြဲ လာဖတ်လျှက်ပါ။
    ခင်မင်စွာဖြင့်
    ReplyDelete
  18. ဓါတ်မီးက ဘာလုပ်ဖို့တုန်းဗျ.. ရန်ကုန်ပို့မလို့လား ရန်ကုန်မှာက တရုတ်ဓါတ်မီးတွေက ပိုကောင်းသလားလို့..
    ဘာညာ ဆိုတာ ဘာလဲဗျ
    ReplyDelete
  19. ဘရာစီယာ ၄ ကျပ်
    cup size ?
    lovey ma ma KOM
    ReplyDelete
  20. ဆင်ဆိုလို့ ဆင်လိုက်ရှာတာ။ ကွန့်မန့်တွေတွေ့မှ သဘောပေါက်တော်မူတယ်။
    မှုန်မှုန် ... တုန်တုန် ... လာဖတ်မှာပဲ ...
    သင်းဘောသီးက သုတ်စားဖို့လား။ ချဉ်ချဉ်စပ်စပ်လေးသုတ်နော် ... အစ်မ။
    ReplyDelete
  21. ဆင်ဆိုတာ ၅၀၀၀ တန်ကိုပြောတာလား
    ကျောက်ဆည်ကိုစောင်းပြောတာလား ..
    အမှုကကြီးတယ်နော် ..
    မမကွန် က ဘိုးတော်ဘုရားလက်ထက်က ကင်မရာကို သုံးတာလား ??????
    မမကွန်ကြီး ကျန်းမာဝဖြိုးအလှတိုးပါစေဗျာ
    ReplyDelete
  22. World cup lay :D
    နောက် ဆုံး တော့ အား လုံး ကို မ မ ကွန် က ကြော် ပြီး သား သွား စား တာ ဘဲ ။
    လေး စား စွာ ဖြင့် ။
    ReplyDelete
  23. ဝတ်လို့မရတာကတော့ ဆိုဒ်ပါ။
    အဲဒါ သူများနဲ့တူတူပဲ။ကိုယ့်ကို ကို slim ထင်ပြီး ဆိုဒ်သေးတွေ try မိလို့ လေ။အခုတော့ တော်တော် ကိုစိတ်ပျက်နေပြီ အ၀တ်ဝယ်ရမှာ။
    ReplyDelete
  24. ဘာညာ ၃၀ ဆိုတာ တက်စီခ
    ReplyDelete
  25. လင်းပါဦး... ဆင်ဆိုသည်မှာ ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးထားတာနဲ့ ဆက်စပ်ပုံလေး... ဥာဏ်မမီလို့ပါ.. ကွန်မမ....
    ခင်မင်တဲ့
    နေ၀သန်
    ReplyDelete
  26. ပျင်းရင် မလေးရှားဖက် ထပ်လည်ပါအုံး။
    ReplyDelete
  27. တို့လဲ ဘူးဂစ်လမ်းကြားဈေးသွားတာ ရေးဦးမှပါ။ အရီးလို ပုံမှုန်တုန်တုန်လေးတွေ ရအောင် မနဲကြိုးစားရိုက်လာခဲ့တယ်။ ငှဲငှဲ မျှော့
    ReplyDelete
  28. အစ်မကွန်..ဘယ်မှာလဲဆင်...ကျွန်တော်စဉ်းစားလို့မရလို့။
    ဘာညာလည်းမသိဘူး...။
    ReplyDelete
  29. မမဆင် အယ်လေ ယောင်လို့  မမကွန်
    သတိပေးကြေငြာချက် ။
    စလုံးမှ ဘလောဂါ အပျိုကြီးမှအစ အိမ်ထောင်သည် ဘလောဂါများအဆုံး ...
    ပို့စ်အသစ်တင်ပါဗျို့ 
    စာဖတ်သူများမှ ပို့ စ်အသစ်များကို စောင့်မျှော်လျက်ရှိပါကြောင်း ၊
    ပို့ စ်မျှော်ရင်းနဲ့  ပို့ စ်မီတာဖတ်သူ
    Z
    ReplyDelete
  30. ဆင်......
    ချင်......။
    ReplyDelete
  31. ဆင်....ချင်....။
    ဆင်....လိုက်
    ချင်....ရိုက်။
    ReplyDelete
  32. အစားစာတွေထဲမှာတော့ ချည်ပေါင်ကြော်အကြိုက်ဆုံးပဲ
    ReplyDelete
  33. Orchard တလျှောက်တို့....
    Marina Square Raffles City Shopping Centre တို့ Suntec City Mall တို့ မသွားဘဲ တခါလာလဲ ပင်နီစူလာနဲ့ ဘာဂါဆိုင်တွေမှာပဲ လည်နေရတာ စဉ်းစားလို့ကို မရဘူး
    ReplyDelete
  34. ပုံစောင်းစောင်းလေးတွေလိုက်ကြည့်ရင်း အုန်းလွဲသွာကြောင်း :)
    ခင်မင်စွာဖြင့်
    AH
    ReplyDelete