Monday, September 27, 2010

current Yangon

အနိပ်ခန်း တစ်နာရီ ၃၅၀၀ တစ်ကယ်တန်းက ၄၅ မိနစ်ဘဲနိပ်တယ် နစ်ဆက်ရှင်စာ ခုနစ်ထောင် ကောင်မလေးကို မုန့်ဘိုးနစ်ထောင်......စုစုပေါင်းကိုးထောင် just တစ်နာရီခွဲ

ကာရာအိုကေ တစ်နာရီ ၅၀၀၀ နဲ့ ၁၀၀၀၀ ကြားရှိတယ် ။ တစ်နာရီ ၁၀၀၀၀ သုံးနာရီ သုံးသောင်း. အအေးလေးမှာသောက် အသီးလေးမှာသောက်အအေးလေးမှာသောက် ညီမလေးဘာမသောက် မလဲ တိုက်ရဥိးမယ် မုန့်ဘိုး က ၅၀၀၀ လောက်ပေးရမယ် ၂၀၀၀ ပေးရင် စားပွဲထိုးကို ခေါ်ပေးလိုက်တယ်ဆိုဘဲ where got cheap..

အဲပြီးရင် ကောင်မလေးတွေ က ဆိုင် ဈေးရောင်းရအောင် ပွဲကြီးတွေ မှာ ဟိုဟာတေါ မှာ ဒီဟာတွေ မှာ ပြီးရင် အများကြီးရှင်းရတော့ ကောင်မလေးတွေ ကို မှာထားရတယ် ဟဲ့ နင်တို့ ဘာမှ မမှာကြနဲ ရေဘဲသောက် နင်တို့ကို ငါတို့ တစ် tip ကောင်းကောင်းပေးမယ်ဆိုမှ သက်သာရရသတဲ့.

တစ်ယောက် ကတစ်လ ကို အစိမ်း လေးရာ ဝန်းကျင် အသုံးစရိတ်ရှိသတဲ့။ တစ်ချို့တွေ ဆို သိတ်တောင် မသွားနိုင်ကြတော့ဘူးတဲ့။

လွန်ခဲ့တဲ့ဆယ်နစ်က ဟိုတုံးက ဟော်တယ် တစ်နေ့ကို စလုံး ၁၂ ကျပ်ဘဲရှိတယ် အခု အဲဒီဟော်တယ် စလုံး ၅၀ ကျပ်ဖြစ်သွားပြီ.။

ဟော်တယ် ကအကြမ်းဖျင်း တစ်နေ့ကို နစ်သောင်း နစ်သောင်းခွဲ. ရှိတယ်. ဒရိုင်ဘာ က ဘောက် ငှားရင် တစ်နေ့ကို ခုနစ်ထောင်. ဆီဈေးက တစ်ဂါလံ နစ်ထောင့်ငါးရာ ခြောက်ဂါလံထည့် တစ်သောင်းခွဲ. တစ်ခါထည့် တစ်သောင်းခွဲ နစ်ရက် ဘဲမောင်းရတယ်။ အော့တိန်းကားဆိုရင် တစ်ဂါလံ သုံးထောင်.

Living cost အရမ်းတက်လာတယ်။
နိုင်ငံခြားက ပြန်ပြီးလည်တဲ့သူချွေးပြန်ရတယ်။

24 comments:

  1. ဟိုက် !
    သိလှချည်လားဂျ ..

    ReplyDelete
  2. အားပါးပါး...

    ကိုယ်တွေ တောင်ဒါမျိုးမတွက်မိသေးးး ဟေးဟေး

    ReplyDelete
  3. အစ်မကွန်...ဘယ့်နှယ်လုပ်သိသတုန်းဗျ...။
    တော်ပြီဗျာ..ပြန်တော့ဘူး...။

    ReplyDelete
  4. ကိုမဆလာ အတော် အသုံးကြီးတာပဲ..။
    ဟင်းးးး.............ခက်လိုက်တာ။
    မမ နေကောင်းအောင်နေပါ..။
    အာဘွား...မွ..မွ..။


    qif qif မမှန်းရ..။

    ReplyDelete
  5. ဘုန်းကြီးကျောင်း မှာတည်း။ ဘုန်းကြီးကျွေးတာ စား။ ခြေလျှင်လျှောက်။ ဘတ်စ ကားစီး။ အဆင်ကို ပြေလို့....

    ReplyDelete
  6. မမကွန် ဒါတွေက သတင်းထဲမှာ ရှာဖတ်လို့ရတာ ဟုတ်ဝူး
    သိလှချည်လား။
    သတင်းထောက်လုပ်စား ပါလားဂျာ။ ညမာ ပီ များပြန်လည်ပြီး ဟိုနိုင်ငံ ဒီနိုင်ငံနဲ့ မတိုင်းပါနဲ့ဂျာ
    အနော်တို့ နိုင်ငံက ဘယ်သူမှ လိုက်မမှီဘူး
    တစ်ကမ္ဘာလုံးမှာ မြန်မာဆိုတာ တစ်နိုင်ငံတည်းချိဒယ်
    ဂြီ

    ReplyDelete
  7. မိုးယံရဲ့ စပါယ်ရှယ်လစ် တော်ဂီကို
    ငှားသုံးလိုက်တယ်..။
    ဂွိ..။

    ReplyDelete
  8. ဖတ်သွား၊မှတ်သွားပါတယ်။

    ReplyDelete
  9. လ'ကဒ် လုပ်ထားရင် ဈေးလျှော့ပေးလား အမကြီး ...း)

    ReplyDelete
  10. Discount ချမှပဲပြန်တော့မယ်...

    ReplyDelete
  11. အို . . အဲဒီလောက် မဟုတ်ပါဘူး။
    အင်း . . အဲဒီထက် ဆိုးတယ် လို့ ပြောမို့။
    အဲ . . ပြောရဲဘူးလို့ ဆို။
    အု . . ပြောလိုက်မိပြီ။

    ReplyDelete
  12. အမကလည်းဗျာ ..... ဒီထက်ဈေးသက်သာတဲ့ နေရာတွေ ရှိပါတယ် နောက်တခါ လာလည်ရင် အကြောင်းကြားလိုက်လေ ပို့ပေးမှာပေါ့ တခြားနေရာမှာသာ သားထူးတို့က မလည်မ၀ယ်ဖြစ်တာ ဒီနေရာဆို စကျွမ်းပဲ ( ဟိ ဟိ )

    ReplyDelete
  13. ကိုမဆလာ့ အတွေ့အကြုံများ၊
    မခင်ဦးမေ ဦးနှောက် ဖောက်စားသည်။
    :D

    ReplyDelete
  14. ကိုမဆလာ လျှိုထားတာတွေ ရှိသေးတယ်။ ငွှားငွှား။

    :D

    ReplyDelete
  15. ဟုတိပ...အဲ့ဒါတွေမပါပဲတောင်Living cost ကဒီကနဲ့နင်လားငါလားပဲ..

    ReplyDelete
  16. မမစိတ်ဝင်စားဖို့ ကောင်းတယ်... ဘာတွေသိသေးလဲ... ပြောပြဦး ... မသိလဲ သိအောင်လုပ်ပြီး ထပ်ပြောပြ...

    ခင်တဲ့
    ပူးတေ

    ReplyDelete
  17. မကွန်

    အင်ဖေါ်မေးရှင်းက လတ်ဆတ်တယ်။
    သူငယ်ချင်းတွေနဲ့ မေမေတို့ပြောတဲ့ အိမ်သုံးစရိတ်က
    များတယ်လို့ထင်ရပေမယ့် အဲဒါပုံမှန်တဲ့ မကွန်ရေ။
    သူဌေးတွေဆို ဘယ်လောက်တောင်ရှိမလဲမသိဘူး။
    စကားအဖြစ်ပြောတာပါ၊ သိတော့ မသိချင်ပါဘူး။
    သိချင်တာ က မကွန်လျှောက်လည်၊ ၀ယ်စား၊ ရိုက်ထားတဲ့ ဓါတ်ပုံတွေပါ။
    ခင်မင်စွာဖြင့်

    ReplyDelete
  18. အင်း ... အခုမှပဲ သိရပါ၏ ...
    ကျွန်တော် တို့ နယ် နဲ့ သိတ်မကွာပါ ...
    သုံးနိုင်ပါတယ် ။ ကျွေးတွေယူလို့ ရနေတာပဲ ။
    ငြိမ်းစိုးဦး

    ReplyDelete
  19. အနှိပ်ခန်းကတော့ တန်တယ်နော်..... ၊
    ဟီး...................

    ReplyDelete
  20. အာ မဟုတ်ဘူး လွန်ခဲ့တဲ့ ၁၀နစ်ကျော်က ဂေလန်းဟော်တယ် မှာ တလကျော် နေမှ တည၂၅ ဒေါ်လာ နဲ့ ရတာ
    ဘာလို့သိလဲမမေးနဲ့.. သိရင် တိတ်တိတ်နေ

    ReplyDelete
  21. အမရေ.. တစ်ချို့ကိစ္စတွေ စာမျက်နှာပေါ်မတင်နဲ့လေဂျာ.. လူကြီးတွေ သိကုန်တော့ ကျတော်တို့ လှိမ့်လို့မရတော့ဘူးလေဗျာ.. (သားတို့ကို သနားပါ... ရွာပြန်ရင် အပန်းဖြေစရာဆိုလို့ ဒါလေးတွေပဲ ရှိတာကို)
    ဘရား ဘရား လူကြီးတွေ မဖတ်မိပါစေနဲ့..


    ပေတူး

    ReplyDelete
  22. ရန်ကုန်မှာ ရိုးရိုး အနှိပ်ခန်းက တစ်ခန်းထဲမှာ ၂ယောက် ၃ ယောက် ပေါင်းနှိပ်တယ်။ ပုံမှန်တော့ တစ်ဆက်ရှင်ကို တသောင်း မကျော်ဘူး။

    နောက်ပြီး ဆီနဲ့ နှိပ်တဲ့ အနှိပ်ခန်း ရှိတယ်။ Oil Massage ပေါ့။ အဲဒါက ၁၈၀၀၀ က ၂၅၀၀၀။ သူတို့ ဆီမှာ အထူးရှယ်ဆိုတာ ရှိသေးတယ်။ ရန်ကုန်မှာတော့ ရေမီးအစုံ ခေါ်ကြတာပေါ့။ အဲဒါက ၁၅၀၀၀ ကနေ ၃၀၀၀၀ အထိ ထပ်ပေးရတယ်။ ယူအက်စ် ၂၅ ဒေါ်လာနဲ့ ကောင်မလေးက အကုန်ချွတ်ပြီး နှိပ်ပေးတဲ့ အနှိပ်ခန်းလည်း ရှိတယ်။

    ကာရာအိုကေကတော့ ဇာတ်လမ်းဆက်တွေ ရှိတယ်။ ကောင်မလေးနဲ့ အတူတူ ထိုင်ပြီးရင် နောက်နေ့ မုန့်အတူတူ သွားစားကြ ပြီးရင်တော့ ဒန်တန့်ဒန်ပေါ့။ တစ်ချို့လည်း သီချင်းဆိုရုံ အတူတူ ထိုင်ရုံတင်မက ကာရာအိုကေခန်းထဲမှာ ကွိစိကွစတွေ လုပ်ကြတယ်။ ကိုမဆလာ မသိသေးရင်လည်း ပြောပြ လိုက်ပါဦး။ ဟီးဟီး။

    အားလုံး ကိုယ်တွေ့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ခိုင်လုံတဲ့ သတင်းရပ်ကွက်က ရတဲ့ သတင်းတွေပါ။

    အမည်မဖော်လိုသူ :D

    ReplyDelete
  23. living cot တအားတက်လာတာအမှန်ဘဲ အမရေ... ဘယ်လောက်သယ်သွားသွား ပြောင်တာဘဲ

    ReplyDelete
  24. အဲဒီနေရာကို မသွားနဲ့ပေါ့။ မရမ်းခြံက မျက်မမြင်ကျောင်းမှာ 1နာရီ 1500လောက်ဘဲကျတယ်။ လိုက်ပို့မယ်။ လာရင်ပြော။

    ReplyDelete