Monday, November 22, 2010

unstoppable






















ဒီတစ်ခါတော့ ထွေလာ (Trailer) တွေကိုပါ ကြည့်ချင်လို့ အချိန်စောင့်ပြီးကြည့်တယ။် ရှော့ (shop ) ရတာလဲ မောနေပြီ ဆိုတော့.. ထိုင်ဘဲစောင့်တော့မယ်စိတ်ကူးတယ် ထိုင်စောင့်တော့ဘာလုပ်ရမလဲ ........... မုန့်စားပြီးစောင့်ရမှာပေါ့.

မုန့်သွားမှာတယ်။ ပုံတွေ ကိုကြည့်တယ်။ လွယ်ပါတယ်။ မလေးစကား အင်္ဂလိပ်စကားမတတ်လဲ. ရောင်းသူကို ကြည့်တယ်။ သူက ကိုယ့်ကိုကြည့်တယ။် စားချင်တဲ့ပုံကို လက်ညိုးထိုးတယ်. ကိုယ့်ကိုယ်ကို လက်ညိုးပြန်ထိုးတယ်။ သူနားလည်သွားတယ။် . ဒါပါဘဲ.

စောင့်တယ် အတော်စောင့်ရတယ်။ မှာသူလဲများတယ်။ ပိုက်ဆံသာကြိုမပေးထားရရင် လစ်သွားတော့မှာဘဲ ဆိုင်ပြောင်းမှာမိတော့မယ်။ သည်းမခံနိုင်အောင်ကြာတယ်။ြ့ပီးမှ ရတယ။် အမြင်ကတော့ looks good ဘဲ . စားကြည့်တော့ကိုယ့်လက်ရာလောက်ဘဲရှိတယ။် ပေါ့တယ်။ အားလုံးပေါ့တယ် အငန်ပေါ့တယ် အရသာမရှီဘူး. ခေါက်ဆွဲ့လည်းအပျော့လွန်သွားတယ်။ မြူစွမ်လိုဖြစ်နေတယ်။ စားရင်းနဲ့ စိတ်တိုင်းမကျတော့ဘူး. မလေးခြောက်ကျပ်ဝန်းကျင်.




























စားရတာ အရသာမရှိရင် စိတ်ညစ်တယ် မပျော်ဘူး စိတ်မချမ်းသာဘူး ကိုယ့်ကိုယ်ကိုယ်ပျော်အောင် ထားရမယ်။ ဘာထပ်စားရမလဲစဉ်းစားတယ် အုန်းစိမ်းရည်တွေ့သွားတယ် မလေး သုံးကျပ် ပြားခုနစ်ဆယ်။ ထိပ်ဖြတ်ပေးလိုက်တယ။် သွားထိုင်သောက်တယ်။ အုန်းရည်က ပူနေတယ်။ အဲသာနဲ့ ရေခဲခွက်ပြန် သွားတောင်းတယ် အချိုပေါ့သွားပေမဲ့ အေးသွားလို့ကျေနပ်သွားတယ်။ အဖတ်ကလေးတွေ ကို ကုန်အအောင်စိတ်ရှည်လက်ရှည်ခြစ်တယ။်
































လူတွေ ကိုထိုင်ကြည့်တယ် အုန်းသီးလဲ ဒီဘက်မှာခေတ်စားတာဘဲ တစ်ချို့ သေချာရိုက်နေကြတာတွေ့တယ။် စားကြတယ်။ အတော်စားနိင်ကြတယ။် ပြီးတော့ လူအတော်များလာတယ။်


















အဲဒါနဲ့ဘဲ ရုပ်ရှင်စသွားတယ။် တန်အောင်လို့ rest room (အိမ်သာ ) ဝင်ပြီး ခေါင်းဖြီး မှန်ကြည့် ဟိုဘက်လှည့်ဒီဘက်လှည့်လုပ်တယ။် ရုပ်ရှင်ရုံထဲ့ အိမ်သာက ကြည့်မှ ဝင်ရတာ မကြည့်ရင်ဝင်လို့မရဘူး.။ တန်သွားတယ်။

ထွေလာတွေ ကြည့်တယ။် သိုင်းကားတစ်ကား ကားကြီးဝင်ဘို့ရှိတယ။် စိတ်ဝင်စားစရာဘဲ. ကိုယ့်အတွက်တော့အရာရာဟာ စိတ်ဝင်စားစရာပါဘဲလေ. Zt ထက်မသာရင်သာရှိမယ်။မလျော့ပါဘူး။

ဇတ်လမ်းကလေးက စိတ်ဝင်စားစရာ အတိုခြုံးပြောရရင်တော့ ရထားကြီးတစီး အမှတ်တမဲ့နဲ့ လူမပါဘဲ လွတ်ထွက်သွားရာကနေ အဲဒီရထားကို ပြန်ဖမ်းမိဘို့ကြိုးစားကြတာ. ပြောတော့သာ နစ်ကြောင်းရယ။် သူတို့မှာ လိုက်..လိုက်ရတာ. မော လိုက်တာ. တို့ကတော်သေး .. ကြည့်ပြီး သူတစ်ယောက်ကတော့ သူ့မှာအသက်တောင်မရှူနိုင်ဘူးတဲ့ ဒါကတော့ပိုတာပါ. ကလေးစိတ် မကုန်သေးလို့ ဖြစ်ရမယ။် ကလေးဆိုတော့ညာလို့ရတာပေါ့. ။ speed နဲ့တူတယ်ဆိုလဲ ဘယ်က အဟောင်းအမြင်းတွေ လာပြောနေတာလဲ လို့အပြောခံရမယ။် ခေတ်မှီအောင်လဲ လုပ်မပြောတတ်ပါဘူး အဟောင်းကြီးဘဲ အဟောင်းလိုဘဲ ပြောမှာပေါ့ ခေတ်ဆွေးကြီးဘဲ ခေတ်ဆွေးလိုဘဲပြောမှာပေါ့.။ ကြည့်လို့ကောင်းပါတယ်။ .

နေရာကတော့ထုံးစံအတိုင်းဘဲ ကိုယ်ကြိုက်တဲ့နေရာ အနောက်ဘက် လူချောင်တဲ့ နေရာပြောင်းကြည့်တာဘဲ။ နောက်ဆုံးတန်းကိုတော့မသွားပါဘူး. . သူများတွေ (ကိုဘ.. ခမမ ) ကို နှောက်ယှက်မိ သလိုဖြစ်မှာစိုးလို့..



















အပြန်မှာ နောက်တစ်ခေါက်ဘာရွေးကြည့်ရမလဲလိ့စဉ်းစားတယ် ဒီကားနစ်ကားစဉ်းစားထားတယ်။ု
























ဘာလိုလိုနဲ့ ဟယ်ရီပေါ်တာတောင်လူပျိုဖြစ်လာပြီဆိုဘဲ. အရင်က ခလေးဆိုပြီးပြစ်ထားတာ. ........... အခုတော့ ပြန်လှည့်ကြည့်နေရဘီ. မတတ်နိုင်ဘူးလေ. သဘောကျတာက ကျတာဘဲ။ ဘယ်တတ်နိင်မလဲ...










































































































































17 comments:

  1. "စိတ်ညစ်တယ် မပျော်ဘူး စိတ်မချမ်းသာဘူး ကိုယ့်ကိုယ်ကိုယ်ပျော်အောင် ထားရမယ်။" သိပ်သဘောကျတယ် မိုက်လကွာ

    ReplyDelete
  2. မမ ရုပ်ရှင် အမြဲ ကြည့်တယ် နော်..း)

    ReplyDelete
  3. ကောက်ညှင်းခြေထောက်ကို အပိုင်းပိုင်းလှီးထားသလိုဟာလေး စားချင်တယ် သကြားနဲ့ ရှလွတ်

    ReplyDelete
  4. ဒီမှာလည်း ကြော်ငြာဝင်တာပဲ။ :)

    ReplyDelete
  5. စီးတီး စကွဲ မှာသွားကြည်တာလား။ အနော်တို့ ဝုလန်းက ကော့စ်ဝေးမှာ ကြည့်လိုက်တယ်။ ဟိုမှာဆို ဈေးကတန်လိုက်တာဗျာ။

    ReplyDelete
  6. ထင်တိုင်းကြဲမမကြီး...ကမဆလက ဘယ်မှမလွှတ်လို့ ဘယ်မှ မသွားရဘူးဆို....
    အိမ်စောင့်နတ်နဲ့များ ရန်ဖြစ်ထားသလား...
    တင်လိုက်တဲ့ ပိုစ့်တွေတိုင်းက လမ်းပေါ်မှာကြီးပဲ၊

    နေနှင့်ဦးပေါ့ကွာ အမိဖမ်းဦးမယ် ဖမ်းကိုဆွဲထားမှာ... သတိနဲ့သွားလာ....ဒါဘဲ

    ReplyDelete
  7. ဟယ်ရီပေါ်တာ ဒီနေ့ ကြည့်ပြစ်မယ်... ပြန်လာမှ ပိုစ့်တင်မယ်...ဟွန်း...

    မKOM .... အဲ့ဒီ ရထားကြီးကား ရေးပြပါလား... ဖတ်ချင်ဒယ်

    ReplyDelete
  8. မိုက်သကွာ.. ရုပ်ရှင်ကြည့်ရင်း လည်ရင်းပတ်ရင်း စားရင်းသောက်ရင်း.. :)

    ReplyDelete
  9. မမ ရေးထားတဲ့စာတွေက ဟန်ဆောင်မှုမပါဘူး
    သဘောကျလို့ ဖတ်ရင်းပြုံးမိတယ်.. ဒီလိုအရေးအသားတွေက တမင်လုပ်ရေးရင်တောင် တူနိုင်မယ် မထင်ဘူး.. မမရဲ့ မူပိုင်အရေးအသားလေးတွေပေါ့။
    ရုပ်ရှင်တော့ အတော်ကြိုက်ပုံရတယ်..
    အဲ ပြီးတော့ လည်စည်းလေးတွေ အသုံးနည်းတယ် လို့ မမပြောသွားတယ်နော်..
    ဒါပေမဲ့ မမကို လည်စည်းပုဝါလေးတွေနဲ့ အမြဲတွေ့သလိုဘဲ..
    ဘယ်လိုတွေ့လဲ မမေးပါနဲ့ ချောင်းကြည့်လို့တွေ့တယ်ဘဲ မှတ်ပါနော်း)

    ReplyDelete
  10. 'ဘာလိုလိုနဲ့ ဟယ်ရီပေါ်တာတောင်လူပျိုဖြစ်လာပြီဆိုဘဲ. အရင်က ခလေးဆိုပြီးပြစ်ထားတာ. ........... အခုတော့ ပြန်လှည့်ကြည့်နေရဘီ. မတတ်နိုင်ဘူးလေ. သဘောကျတာက ကျတာဘဲ။ ဘယ်တတ်နိင်မလဲ...'
    ဖတ်ပြီး သဘောကျလို့ တပြုံးပြုံးဖြစ်သွားတယ်။

    ဇွန်က သူကလေးဘဝထဲက နှစ်သက်ခဲ့တာ ခုချိန်ထိပဲ။ သူတို့တွေနဲ့အတူ ကြည့်သူဖတ်သူ ပရိသတ်တွေလည်း အတူတူလိုက်ကြီးပြင်းလာတာကို တွေးမိရင် ပျော်နေတာ။ အပိုင်း -၂ ကို အရမ်းကြည့်ချင်နေပြီ။ နောက် ၆၊၇ လလောက် စောင့်ရဦးမယ်။း(

    ReplyDelete
  11. မမ.. ကောက်ညှင်းဆိုင်းလေး တွေ စားချင်စရာ..
    မမ ကြည့်တဲ ရုပ်ရှင်ကြီးတွေ တော့ မကြည့်ချင်ပါ..
    အက်ရှင်း မကြိုက်..
    ဟိုးနေ့ က..ရှော လေး တထည် ၂ ထည်လောက် ခွဲပေးပါအုံး..သူချည်းပဲ..စွတ်ဝယ်နေတော့တာပဲ..

း)

    ReplyDelete
  12. ကြည့်လည်းကြည့်နိုင်တဲ့ တို့ အမ ... မကွန်တို့လို လူမျိုးတွေ ရှိနေလို့ ဟောလီးဝုဒ် က လူတွေ ချမ်းသာနေတာဖြစ်မယ် ... ကျမတို့လို လူမျိုး တွေ များရင်တော့ သူတို့ ငတ်မှာ သေချာတယ်း)
    ကောင်းတယ် တယောက်တည်း လုပ်ချင်တာ လုပ်နိုင်တဲ့ ဘ၀ ... အားကျလိုက်ပါဘိ ။

    mie nge

    ReplyDelete
  13. အွန်...ရုပ်ရှင်အကြောင်းက ၂ကြောင်းတည်း..။ပြန်ရေးပြ
    ပါအစ်မကွန်...အဲ့ကားကို..။

    ReplyDelete
  14. ဂျေဘီမှာ ကြည့်တာလား၊

    လွတ်လပ်လိုက်တာ အမရယ်၊
    တခါတလေ သွားချင်လိုက်တာ၊

    နောက်တစ်ခါ တစ်ယောက်တည်း ဆိုခေါ်ပါလား၊

    ReplyDelete
  15. အစ်မကတော့ စားလိုက်၊ သွားလိုက်၊ ရုပ်ရှင်ကြည့်လိုက်နဲ့ အားကျတယ်ဗျို့ ...

    ReplyDelete
  16. ဟုတ်ပဗျာ... စားချင်တာကို စားတဲ့ အချိန်မှာ အရသာ မရှိရင် စိတ်လေတာပဲ။
    ကျနော့်ရုပ်ရှင်ရုံမှာ ဆိုရင် အိမ်မှာမှန် မှန်သေးသေးပဲ တပ်ထားတော့မယ်။ ဟိုလှည့်ဒီလှည့် ဟိုကြည့်ဒီကြည့် လုပ်မှာ စိုးလို့..
    ရုပ်ရှင်ရုံဆိုရင် နောက်မှပဲ ထိုင်ချင်တယ်..အဟီး..သူနဲ့ ဆိုရင် ပြောပါဒယ်လေ။

    ReplyDelete
  17. သူက ဟယ်ရီပေါ်တာကို ကလေးတုန်းက ပစ်ထားပြီး ခုမှ ဒီက အီမာဝပ်ဆင်ကို ကလေး အရွယ် ကတည်းက

    ဂြီ

    ReplyDelete