Sunday, December 19, 2010

အချပ်ပို


















Birthday wish များစွာအတွက် အားလုံးကိုကျေးဇူးပါ။ အဲသလောက်မမျှော်လင့်ထားပါဘူး. ။ အခုလိုဆိုတော့လဲ ဆက်ရေးဘို့အားရှိသွားတယ်ဆိုရင် ညာပြောသလိုဖြစ်တော့မှာပါဘဲ။ အခုလိုမရှိလဲ ဆက်ရေးမှာဘဲဖြစ်လို့ပါ။




















စဉ်းစားကြည့်တယ။် ဘာလို့ အားပေးတာလဲ ကောင်းလို့လား. လူတိုင်းလဲ ကောင်းကြပါတယ်။ အကျိုးရှိစာပေလဲ မရေး.တတ်. ပညာဘက်ဆိုင်ရာလဲ မပါ. / စိတ်ကူးပေါက်ရာရေးတာ စိတ်ကူးပေါက်သလိုလာဖတ်ပေးကြတယ်ဆိုတော့လဲ တစ်ကယ် ကျေးဇူးပါ။ zt ပြောသလိုဘဲ သူအကျိုးရှိတောတွေ ရေးတာ လာဖတ်တဲ့သူ လက်ချိုးရေ လို့ရတယ်ဆိုသလိုဖြစ်နေပြီ. ဘာဘဲဖြစ်ဖြစ်ပါလေ. သမုဒရာထဲက ရေစက်ကလေးတစ်ခုပါ. ဆက်လက် ရေးနေဦးမှာပါဘဲ။


















လူထုဒေါ်အမာ. ရွေဥဒေါင်း သော်တာဆွေ……သိပံမောင်ဝ. သန္တာစမ်းက အလွမ်းစာ ကို သဘောကျတယ်။ အဲသာကြောင့်အခုလိုရေးဖြစ်တာထင်တယ်။

အတွေးတွေ များနေတယ်။ ရှင်းထုတ်ဦးမှ။


အလုပ်များတယ် ဒီတစ်ပါတ်။ သူများရပ်ကွက်သွားလုပ်ရတယ။် ကိုယ့်ရပ်ကွက်မှ ကြက်ဖ သူများရပ်ကွက်ရောက်တော့ကြက်မ. အခြေအနေကြည့်နေရတယ်။ လောလောဆယ် အနေအ ထားအရ ဒီလိုဘဲဖြစ်နေဦးမယ်။


လမ်းထိပ်ထွက်တယ်။ ဒီသေိ့တ်မဝယ်ဖြစ်ဘူး မဆိုးဘူး နဲနဲချွှေတာနေတယ်။ ဒီလောက်အကြာကြီးသွားတာ မျက်နာသုတ်ပုဝါတထည် တစ်ဆယ်။























အကျီ လေးကျပ်။
























အကျီုက ကိုယ်ဝတ်မယ်စိတ်ကူးပေမဲ့ မတော်တာနဲ့ တူမဆီဘဲရောက်မဲ့သဘောရှိတယ်။
ဘာဂါ ၆ ကျပ် ပြား ရ၀ နဲ့ရပ်သွားတယ်။



















ရှော့ပင်ထွက်ရင်းနဲ့ အပေါ့်ဝတ်အကျီအတိုလေးတွေ တွေ့တော့ဝါဝါကို သတိရတယ်။ သူသာဆိုရင်ကြိုက်မှာ လို့စဉ်းစားတယ။် အကျီရှည်ရှည်လေးတွေ လှလှလေးတွေ တွေ့ပြန်တော့သူက ပိန်ပိန် ရှည်ရှည် .သူနဲ့ဆိုရင်လိုက်မှာလို့စဉ်းစားတာဘဲ။ မနောဟရီကိုလဲသတိရတယ်။ လှတယ်နော်. ကောင်မလေးချစ်စရာဆိုပြီးသတိရတာဘဲ. ခင်လေးငယ်ကိုလဲသတိရတယ။် နာမည်ကလဲ အဲသည်မှာသာ ရိုးတာ ဖဘထဲမှာတော့ ခေတ်ဆန်ထှာ. နာမည်ကလဲ လှ. လူကလဲ လန်း…..လန်းလန်းလို့တောင် နာမည်ပြောင်းပေးရမယ်။


















မုန့်လုံးရေပေါ် ခြောက်လုံးကို မြန်မာငွေ. ငါးရာ ကျော်။ နမျောမျောနဲ့ဘဲစားလိုက်ရတယ်။

မိတ်ကပ်တွေ မြင်တော့လဲ ချစ်ကြည်အေးကိုသတိရရတာဘဲ။ သူသာဆိုရင်လိမ်းဦးမှာဆိုပြီး.... အဲလေ. ငါ့ကိုလိမ်းခိုင်းဦးမှာ ဆိုပြီး. ……….. ဘာဂါစားပြန်တော့လဲ ဘာဂါမုန်းတဲ့ နောမန် ကို သတိရရတာဘဲ. မျိုးနဲ့ပေါက် ။ (ဗစ်.။) ဆီ ဖုံးဆက်ဖြစ်တယ်။ အပြန်လမ်းမှာ Steve ဆီ ဖုံးဆက်တယ်။ မကိုင်ဘူး။။ မက်စိပို့တယ် ပြန်မလာဘူး ။ အီးမေလ်ပို့တယ် ပြန်မလာဘူး။ ဖဘမှာတော့ချစ်ရတဲ့မမကွန်အတွက် မွေးနေ့ဆုတောင်းနေတယ။် ကိုယ်ရူးတော့မယ်။























ခမမ ဆီ မက်စိပို့တယ် ချစ်ကြည်အေးနဲ့သက်ဝေဆီ မက်စိပို့တယ်။ ပြန်လာတယ်။ မမကွန်ကို မွေးနေ့ မို့လို့စောင့်တယ်ဆိုတဲ့ 8 user ကိုသတိရတယ်။ အဲဒီညက သူ ..စီဘုံးမှာရေးထာတာမြင်ပြီး ကြွေကျသွားပြီး ဖုံးဆက်မယ်ဆိုပြီး ဖုံးထုတ်ပြီး နံပါတ်ခေါ်လိုက်တော့မလို့ဘဲ ပြီးောတ့မှာ စိတ်နာပလိုက်တယ။် သူပြောချင်ရင်ဆက်ပေါ့. သူဆက်လို့ ငါမကိုင်ရင် ငါ့အပြစ်. သူမဆက်ဘဲ ငါက ဟယ် နင်ပြောချင်လို့လားဆိုရင် အမှတ်မရှိ.. အဟားခံရဦးမယ။်























ဘလော့လောကကို တိတ်ဆိတ်စွာ နောက်ဆုတ်သွားနေတဲ့ သူတစ်ယောက်နဲ့တော့ အဆက်အသွယ်ရှိပါ သေးတယ်။ ချစ်ခဲ့ပါတယ်ဆိုတဲ့ JD ကတော့ တို့ဘယ်သူလဲ သွားမေးရင်တောင် ဘယ်သူလဲ လို့ပြန်မေးဦးမဲ့အခြေအနေ.။ ချစ်ခဲ့တယ်ဆိုတာတွေကို. မေ့ပစ်ခဲ့ကြတဲ့သူတွေနဲ့တွေ့ရတဲ့ ဘလော့လောကကြီးကလည်း သိုင်းလောကလိုပါဘဲ. ရက်စက်ကြတယ်။ ကိုယ့်မှာလဲ နာမည်ကြီးချင်လွန်းလို့ သာ လှည့်ပတ်ပြီးရေးရတာ မောလှပြီ။



















Birthday မှာ ဘာလုပ်သလဲမေးရင်တော့အတော်အဖြေရခက်တယ။် မနက် မိုးလင်း ဘုရားရှိခိုး.းအလုပ်သွားတယ်။ ညနေပြန်လာတယ်။ ကြော်ထားတဲ့ငါးဖယ..်သုပ်စားတယ်။ ပြီးတော့ မီးပူတိုက်တယ်။ သူ short trip ရှိတယ်။ ပင်ပန်းတယ။် အဲဒါနဲ့ဘဲ birthdayဲပြီးသွားတယ်။ ဝမ်းနည်းရမလား ဝမ်းသာရမလား တောင်မသိဘူး. ငယ်ငယ်တုံးက ရည်းစားတွေ ထားခဲ့တုံးကတော့သတိရတယ်။ အဲသလိုနေ့မျိုးဆိုရင် ဘယ်သူနဲ့သွားရပါ့မလဲစဉ်းစားရတာ အတော်ခေါင်းခြောက်တယ်။ ဟိုလိုလို ဒီလိုလိုရဲ့ မွေးနေ့ဆိုရင်လဲ ကိုယ့်ကို အချိန်ပေးရင်သိတ်ပျော်တာ. ……..သူ့ရဲ့ အရေးပါတဲ့နေ့မှာ အတူရှိခွင့်ရခြင်းကလဲ သူကိုယ့်ကို ဦးစားပေးအရေးထားတာကိုသိရတာဘဲမဟုတ်လား.။ ဟင်း……….လွမ်းစရာလေးတွေ ပေါ့လေ. အခုတော့လဲလွမ်းရုံဘဲတတ်နိင်တော့တယ်။


မှတ်ချက်
တို့ဖျားနေတယ်။

25 comments:

  1. ဒေါ် KOM

    အပေါ်ဆုံးက ဓါတ်ပုံနှစ်ပုံ အတော်ရှင်းတယ်ဗျ၊
    ဘယ်သူများရိုက်ပေးတာတုံး :-)

    မန်းကိုကို

    ReplyDelete
  2. မမခင်ဦးမေ.. မြန်မြန်နေကောင်းပါစေ.. စာတွေ အများကြီးဆက်ရေးနိုင်အောင်လို့.. မမအပြင်ထွက်ရင် မုန့်တွေ အများကြီးစားဖြစ်တယ်နော်.. တစ်ခါလောက် မမနဲ့ အပြင်လိုက်လည်ချင်တယ်.. မုန့်ဝယ်ကျွေးမလားဟင်.. :P

    ReplyDelete
  3. ယောင်ရမ်းပြီး ကိုဇော် ကြိုက်တဲ့ ကြေးအိုးလေး ဆိုပြီး မသောက်ခဲ့ဘူး မဟုတ်လား။ သတိရထှာ မမကွန်ရာ ဆိုပြီး ဖုန်းထခေါ်လိုက်ရ ကောင်းမလား . . ဟွန်း မကောင်းဘဲ ဖြစ်တော့မယ်။

    မှတ်ချက်... နေကောင်းအောင် နေလေ။ အစားလျော့။ ဒါပေမဲ့ များများလျှောက်။

    ReplyDelete
  4. မာမီ့ကို မုန်းသူDecember 19, 2010 at 7:58 AM

    မမန့်ဘူး သွား...... မချစ်ဘူး ဘာ ကွန်မန့်မှ မပေးဘူး သူ့လူတွေ အကြောင်းပဲ ရေးသွားတယ် ဒီက သမီးလေး ကျ မပါဘူး နေပေါ့ ၂ ပတ်လောက် ပျောက်နေမှ လွမ်းမနေနဲ့ မရှိဘူး အန်တီ့အိမ်ပြန်မယ် ဒါဗြဲ


    လုံးးးးးးးးးးးးဝ အခါ တရာ အခါတသိန်း ကောက်နေသည် ဒါဗြဲ ဒါဗြ......

    ReplyDelete
  5. သာမီးလေးDecember 19, 2010 at 7:59 AM

    မခေါ်ဘူးနော် စိတ်လဲ မပူဘူး ဖျားတာ မမေးဘူးနော် နေကောင်းလားလို့ မပြောဘူးနော် ဂရုစိုက်လို့ အမြင်ကတ်တယ်နော် မချစ်ဘူး ကောက်တယ်နော် ပြန်မချော့နဲ့ ဟွင့်

    ReplyDelete
  6. ဘလော့ ဖွင့်ဖွင့်ချင်း ပထမဆုံး ဓာတ်ပုံ ၂ပုံတွေ့တော့ ဟာ.. ငါ ဘလော့ မှားဖွင့်မိပြီ ထင်မိသေးး။ ။ အောက်က ကျန်တဲ့ ပုံတွေ ဆက်ကြည့်မှ မမှားသေးဘူး ဖြစ်ရတယ်။
    လက်ရာ အံ့မခန်း တိုးတက်နေပါလား မမ။
    (ထိပ်ဆုံး ၂ပုံကိုသာ ဆိုလိုသည်)

    ReplyDelete
  7. မြန်မြန် နေကောင်းပါစေ မမkom

    ReplyDelete
  8. ဘာဂါပဲ စားနေပါတော့ အန်တီကွန်းရယ်....စားလဲစားနိုင်တယ်..


    နံမည်ကြီးချင်တာကတော့.. ဗီနိုင် ကြီးကြီးအပ်လိုက်ပေါ့..

    ဖျားနေတာကိုတော့ ဘယ်လိုပြောရမလဲ မသိဘူး... ဘူလူက ဆရာဝန်လဲ...

    ReplyDelete
  9. သူများတို့ woodlands ပဲ ခဏခဏလာနေတယ်... သူများကိုကျတော့ မခေါ်ဘူး... ချိတ်ဆိုးတယ်.... နောက်တခါ ဝုလန်းရောက်ရင် မက်စိပို့ပါ... တခုခုတွေ့တိုင်း တယောက်ယောက်ကို သတိရသလို နောက်တခေါက် ဝုလန်းကိုတွေ့တိုင်း ပူးတေကို သတိရပါ... မူးစိရော မက်စိရော ဆယ်ပြားစိပါမကျန် အားလုံးပို့ပါ...:)

    လေဆိပ်မဆင်းခင် ဘလော့ကို သံယောဇဉ်မပြတ်နိုင် အိမ်တကာလည်နေသူ

    ReplyDelete
  10. တိတ်ကဲ...အစ်မကွန်....။ရေးချင်တာရေး...အားပေးပြီး
    သား...။အပေါ်က ဒါ့ပုံနှစ်ပုံကိုတော့...ထင်ဘူး..အစ်မ
    ရိုက်တာလို့...:)။နောက်ပုံတွေကမှ အစ်မလက်ရာအစစ်...။

    ReplyDelete
  11. ကျွန်တော်အရင်က မန်.ခဲ့ဖူးသလို မမကွန်းရေးတဲ့ပို.စ်တွေက unique style ဖြစ်ပါတယ် ၊ စာရေးသူရဲ့ ဘာမှမသွယ်ဝိုက်ပဲ စိတ်ထဲရှိတဲ့အတိုင်းရေးတာကို စာဖတ်ရင်း သိနိုင်ပါတယ် ၊

    အမှန်တော့ မမကွန်းရေးတဲ့ပို.စ်တိုင်းကို ကြိုက်လှတယ်မဟုတ်ပါ ၊ ဒါကလဲသဘာဝ ပါပဲ ၊ ပို.စ်တိုင်းတော့ မကောင်းနိုင်ပါဖူး ၊ အခြားဘလော့ဂါတွေလည်း ထိုနည်း အတူပါပဲ ၊ တစ်ခါတစ်လေ ကျွန်တော် မမကွန်းပို.စ်ကိုဖတ်ပြီး ဒီအမကြီး ဘာတွေ ရေးနေတာလဲ ဆိုပြီး ထင်မိပါတယ် ၊ တစ်ခါတစ်လေ စိတ်ပျက်မိတယ်ဆိုတာ ကလည်း ကိုယ် ကြိုက်နှစ်သက်တဲ့ ဘလော့ဂါကြီးရဲ့ ရေးဟန်တွေကို အမုန်း မပါတဲ့ ဂရုဏာ ဒေါသော ဖြစ်တယ်ဆိုတာ ပါပဲ ၊ အဲ့ဒီ့ unique style ကပဲ စာဖတ်သူ တွေကို စွဲဆောင်စေပါတယ် ၊ ဒါပေမဲ့လည်း မမကွန်းရဲ့ ဘလော့ကို တစ်နေ. တစ်ခေါက်လောက် အလည်လာ လိုက်ရမှ ၊ ဆေးစွဲသလိုဖြစ်နေသလားမသိပါဖူး ၊

    မမကွန်းကို ချစ်တဲ့သူများရှိသလို မုန်းတဲ့သူကတော့ အနည်းငယ်ရှိမှာပါ ၊ အဲ့ဒါကိုတော့ လစ်လျူရူလိုက်ပါ ၊ ရုပ်ရှင်ထဲမှာလို ဗီလိန်ဆိုတာလည်းရှိရစမြဲပါ ၊ အဲ့ဒီ့လို ဝေဖန်မူတွေ အတိုက်ခံတွေက ဘ၀ရဲ့သင်ခန်းစာတွေဖြစ်ပြီး ရှေ.ဆက် လျောက်လှမ်းရမဲ့ အင်အားသစ်တွေ ဖြစ်ပါလိမ့်မယ် ၊

    Take care & have a wonderful weekend

    ခင်တဲ့

    Z

    ReplyDelete
  12. အပေါ်က ဓာတ်ပုံနှစ်ပုံ ကြိုက်တယ်
    အဲလိုလုပ်ပါ စိတ်ရှည်ရှည်ထားပြီး ကွာလတီလေး ဆက်ထိန်းထားပါ အစ်မဂျီးရယ် :D

    ReplyDelete
  13. အကျီ ၄ကျပ်ကဘယ်နားကဝယ်လဲ လှတယ်နော်

    ReplyDelete
  14. zt ပြောသလိုဘဲ သူအကျိုးရှိတောတွေ ရေးတာ လက်ချိုးရေ လို့ရတယ်

    ဘယ်တုန်းကများ ပြောမိပါလိမ့်။ @-@

    ReplyDelete
  15. Happy Birth day....Happy Birthday...
    Happy Birthday to KOM :)

    ReplyDelete
  16. ဖတ်ပြီး..ထိုင်ရယ်နေတယ်..။
    အပေါ်ဆုံးပုံ လှတယ်..။ မလှထုံ..နဲ့ ပန်ပန်တို့ပြောသလို
    ဆက်ထိန်းထားပါ..။
    ဖျားတာ ကျနော်ဆီက ကူးတာနေမှာ..။
    ကျနော် ကောင်းသလောက် ရှိနေပြီ..။


    Xထုံ

    ReplyDelete
  17. သများနဲ့ ဖုန်းပြောတာကျမပါဘူး ဟွင့်
    သူ့ အချစ်တော်တွေပဲ တ နေတယ် မမလူဆိုးဂျီး
    သူများနဲ့ ဖုန်းပြောတာတောင် သူ့ အချစ်ဆုံးကြီးကို တ သေးတာ .. ဟွန်း

    ReplyDelete
  18. “ကိုယ့်မှာလဲ နာမည်ကြီးချင်လွန်းလို့ သာ လှည့်ပတ်ပြီးရေးရတာ မောလှပြီ။” ဆိုတဲ့နေရာလည်းရောက်ရော အသံထွက်ပြီးကို ရယ်မိတယ်.. အောက်က အပိုဒ်တွေထိ ဆက်ရယ်နေတုန်းဘဲ..
    သူများတွေ ဘာများပြောမလဲလို့ တွေးကြောက်နေတာမျိုး မရှိဘဲ မမရဲ့ အဲဒီလို ကိုယ့်စိတ်ထဲရှိရာကို ပွင့်ပွင့်လင်းလင်း ချရေးပြတတ်တာကိုက ဆွဲဆောင်မှုတစ်မျိုးပါဘဲ။။ ဒါတွေကို သဘောကျတဲ့သူတွေ ရှိနေလို့လည်း မမဘလော့လေး လူတွေ စည်ကားနေတာပေါ့။
    ZZZ ရဲ့ ကော်မန့်လေး အတိုင်းပါဘဲ.. သဘောကျသူနဲ့ မကျသူရှိနိုင်ပေမဲ့ ညီမထင်ပါတယ်.. သဘောကျသူက များပါလိမ့်မယ်.. ကြယ်များစွာတွေထဲက အများနဲ့မတူတဲ့ အလင်းရောင်လေးနဲ့ကြယ်လေးတစ်ပွင့်အဖြစ် ဆက်လက်ပြီး လင်းလက်နိုင်ပါစေ မမရေ..

    ReplyDelete
  19. နောက်ဆုံးစာပိုဒ်ကိုဖတ်ပြီး သဘောကျသွားတယ်...
    မိုက်တယ်...း))

    ReplyDelete
  20. လာဒယ်........ ပြန်တယ်....... ဒါဘဲ.... (မွေးနေ့ ကိတ်စ လုံးဝ မကျေနပ်ကြောင်းပြ)

    ပုံ/
    ကြောင်ဖြူများရှင်

    ReplyDelete
  21. လွမ်းဖျား ဖျားနေတာလားဒေါ်ခင်ဦးမေ..
    စာရေးတာကောင်းကောင်း၊မကောင်းကောင်းခင်မင်ကြလို့လေ.။ကျနော်ကတော့
    ဒေါ်ခင်ဖုန်းကြည်ဆိုတဲ့ နာမည်ကိုပိုကြိုက်တယ်...အဖျုားပျောက်ကင်းကျန်းမာခြင်းနဲ့ပြည်စုံပြီး အလွမ်းဝေဒနာဘေးမှကင်းဝေးပါစေ.....

    ReplyDelete
  22. လွမ်းဖျား ဖျားနေတာလားဒေါ်ခင်ဦးမေ..
    စာရေးတာကောင်းကောင်း၊မကောင်းကောင်းခင်မင်ကြလို့လေ.။ကျနော်ကတော့
    ဒေါ်ခင်ဖုန်းကြည်ဆိုတဲ့ နာမည်ကိုပိုကြိုက်တယ်...အဖျုားပျောက်ကင်းကျန်းမာခြင်းနဲ့ပြည်စုံပြီး အလွမ်းဝေဒနာဘေးမှကင်းဝေးပါစေ.....

    ReplyDelete
  23. စားနိုင်မှ ဝ နိုင်မတဲ့နော်...
    စားသာစား..ဂျီးတော်ရေ့

    ReplyDelete
  24. အလွမ်း နဲ့ စ
    တဲ့ ဘဝ အလွမ်း နဲ့ မ ဆုံး စေ ချင် ပါ မမkom.
    နေကောင်းပါစေ.

    ReplyDelete