Monday, December 20, 2010

seamen



















မောင်လေး သဘော်င်္တက်ဘို့လာတယ်။ ပိုက်ဆံချွေတာ သွားတာ သူ့ကြောင့်ပါတယ်။ အဲသည်နေ့က တစ်ရွတ်၇ွတ်ထုတ်ရတယ်။ အဝေးကြီးကနေ သူ့ကိုသွားတွေ့ရတယ်။ ရော့ မုန့်ဘိုး အစိမ်း တစ်ရာ. ရော့ အသေးသုံးစလုံးတစ်ရာ..... ဘီယာသောက်. မုန့်စား. ပင်နီစူလာမှာ ဟိုလျောက်ဒီလျှေက်လျောက်. ဘုရာ့းပုံ့တော်ဝယ်။ အခွေဝယ်ဘို့ကြည့်။ နှိုးစက် ဝယ်. မြည်သံကျယ်အောင်လို့ ကြီးကြီးကိုဝယ်။


singtel phone card prepaid ဝယ်ထားတာကို 1818 နဲ့ခေါ်ရင် local talk time တွေ စားမှာစိုးလို့ ချက်ခြင်းဘဲ m1 card ကို ၁၈ ကျပ်နဲ့ဝယ်. ရန်ကုန်ဆက်ဘို့ 1818 နစ်ကပ်. ဝယ် ။ ဆက်ပုံဆက်နည်းသင်.။်free incoming call ကို ဟိုလိုပြောင်းရတယ်။ အဲသည်က နေ ဒီလိုပြန်ပြောင်းရတယ။် တစ်နေ့ကို ပြားခြောက်ဆယ်ဖြတ်မယ်။ ဘာညာဘာညာသင်ရတယ်။ စလုံးမှာနေရတာလဲမလွယ်ဘူး ဟိုကွေ့ ဟိုတက်နဲ့လှော.် ဒီကွေ့ ဒီတက်နဲ့လှော်. လှော်တတ်မှ သက်သာရရမယ်။




















ပြန်မယ်ဆိုတော့ ရထားနဲ့ ပြန်မယ်စိတ်ကူးတာ. အစ်မ ။။ ကျွန်တော့် ခြေထောက်နဲနဲနာလာဘီ. ဖိနပ်က မစီးတာကြာတော့ ဖိနပ်ပေါက်တယ် ဆိုတာနဲ့ အစ်မက မနေနိုင်ဘူး. ဟေး တက္ကစီ……ဖြစ်သွားတယ် အော.် အစ်မတွေများ တယ်ခက်တယ်။ သူ့ နဲ့အတူ လိုက်မဲ့ ချာတိတ်ကလေးတစ်ယောက်လဲပါတယ်။ သူက ကိုယ့်ကို အန်တီတဲ့ ကိုယ်က တော့ အစ်မက တပြားမှ မလျှော့ဘူး နစ်ဦးနစ်ဘက်ကတော့ အဆင်ပြေကြပါတယ်။




















သူတို့နစ်ယောက်နဲ့ taxi ပေါ်တက် မိုးကလဲ မှောင်နေ. ကားဆရာကိုပြောလိုက်တယ်။ ဟော်တယ် ကိုမောင်းပါဆိုတော့ကားဆရာလန့်သွားတယ်။ အဲဒါ ငါ့အစ်မဆိုမှ အဆင်ပြေသွားတယ်. အဲဒီနားလိုက်သွားပြီး သူက ဘီယာသောက်သေးတယ်။ ဟော်တယ်တော့မလိုက်သွားတော့ပါဘူး. သူက မနက်လဲ မနက်သုံးနာရီ အစောကြီးထရဦးမှ ဆိုပြီး. မနက်ဘိုက်ဆာနေမှာ စိုးလို့ ဆိုပြီးအဲဒီနားက ဒင်ဆန်းလိုမျိုး ဝယ်ပေးထဲ့ လိုက်ရသေးတယ်။





















အားလုံးပြီးတော့ ည ၁၂ နာရီထိုးတော့မယ်။ အပြန် အငှားကားမစီးရက်ဘူး. ရထားနဲ့ဘဲပြန်လာတယ်။ တစ်ညထဲ နေပေလို့ဘဲ သုံးညလောက်များဆိုရင် ခက်မယ်။ သဘော်တက်တော့ကောင်းတာပေါ့ ဆိုပြီးဝမ်းမသာရဲသေးဘူး. စိတ်မထင်ရင် တစ်လ အတွင်းအဆင်မပြေဘူး အစ်မ ဆင်းတော့မယ်ဆိုပြီး ဆင်းရင်ဆင်းလာမှာ ဆိုတော့ ဝမ်းမသာရဲသေးဘူး လခဘယ်လောက်လဲလို့တော့အသာလေးမေးကြည့်လိုက်မိသေးပေမဲ့ ခံစားလိုမရသေးဘူး။


မှတ်ချက်
ဒီတစ်ပုဒ်ကွန်မက်ရေးရခက်မယ်။

24 comments:

  1. အစ်မတစ်ယောက်ရဲ့  စေတနာတွေပေါ့ မမရယ်..

    ReplyDelete
  2. အစ်မကြီးတော့ အမိအရာတဲ့..
    ဒီလိုပဲ လုပ်ပေးရမှာပေါ့။

    ReplyDelete
  3. "အန်တီ.... အန်တီ”
    ဟင်...................... “ဘာလဲ......ငါ့မောင်”

    ReplyDelete
  4. အန်တီရေးတဲ့ဟာ ကိုဖတ်ပြီး အိမ် က မမ ကို သတိ၇သွားပြီ ဟီ

    ReplyDelete
  5. :D
    တက်စီသမားက..ဘာလို့လန့်တာလဲ။
    mm

    ReplyDelete
  6. Aunty vs Ma Ma....Aunty defeated ,Ma Ma still win.Time will tell the truth.Later we may accept it gratually.Little bro comes to u as BD gift:P.....Gyidaw

    ReplyDelete
  7. ဒီလိုပဲ အကြီးတွေက အနစ်နာခံရဖို့ဆိုတာ မွေးရာပါ သမိုင်းပေးဝတ္တရား။
    ခေါက်ဆွဲပြုတ်လေး အနော် လုပ်စားပုံမျိုးနဲ့ဆင်တယ်။
    ဘီယာတော့မကြိုက်။ ခါးတယ်။
    လခက နောက်တော့များလောက်မှာပါ အဆင်ပြေရင်ပြောပါတယ်။
    ဂျီးဒေါ်ချွေတာပုံက ဆန်းတယ်။

    ReplyDelete
  8. ((စလုံးမှာနေရတာလဲမလွယ်ဘူး ဟိုကွေ့ ဟိုတက်နဲ့လှော် ဒီကွေ့ဒီတက်နဲ့လှော် လှော်တတ်မှ သက်သာရရမယ်။ ))

    အထက်စာပိုဒ်လေးကိုတော့ ကြိုက်သွားပြီ ၊ စလုံးမှာနေထိုင်နည်းကို စာအုပ်ထုတ်လို.ရပြီ ၊

    ReplyDelete
  9. ကွန်မန့်က မခက်ပါဘူး အန်တီကွမ်းရယ်... အဲအဲ မမကွန်ရယ်...

    ဘာခက်တာမှတ်လို့လဲ အသွားကို တက္ကစီနဲ့လှော် အပြန်ကို ရထားနဲ့လှော် အိုး... ပျော်ပျော် ပျော်... တို့ ကွန်ကြီးပျော်...

    ဂြီ

    ReplyDelete
  10. အစ်မ တစ်ယောက်ရဲ့ စေတနာတွေပေါ့နော်...

    ReplyDelete
  11. မရရအောင်ရေးမှာပေါ့

    မောင်လေးက လူပျိုလားဟင်..ချောလား...ဖွားကွန်နဲ့တူရင်တော့ချောမှာပဲ..ချိတ်ဝင်ချားလိုက်တာ..:D

    ဆုမြတ်

    ReplyDelete
  12. ပထမပုံက ဘာအဓိပ္ပါယ်လဲ ပြောပြောရှင်းပါ။ :P

    ReplyDelete
  13. အန်တီကြီးတစ်ယောက်ရဲ့ စေတနာ.. အဲလေ. အမကြီးရဲ့ စေတနာတွေပါ ။
    စလုံးမှာတော့ ဟိုကွေ့ဒီကွေ့ လှော်နိုင်လွန်းမှပဲ သက်သာပါလိမ့်မယ် ;-)

    ReplyDelete
  14. မ ဖေ့စဘုတ် ဒီအက်တီဗစ်ထားတာလား ကော်မန့်တွေကို ဖြေရှင်းဖို့ ဖေ့စဘုတ်ထဲ ရှာတာ တွေ့ဘူးရယ် သမီး ဖေ့စဘုတ်ထဲ ကော်မန့်ထားတာတွေလည်း ပျောက်သွားတယ်

    ReplyDelete
  15. Having a little brother is like a blessing, I believe. Hope your brother enjoy his new lifestyle and everything goes well according to plans.

    ReplyDelete
  16. အဲ....ဒါဆိုတော့ ဂျီးတော်ခေါ်တာ မမှားဘူးပေါ့..အဟတ်..

    ReplyDelete
  17. ဆီးမန်း ထက် စာရင်တော့
    ကွမ်းမန်း က ပိုစွမ်းတယ်... ချွတ်လို့ ကို မရတော့တာ။

    :::

    ReplyDelete
  18. အော်... ဂေလန်းဆိုသော စာပါတဲ့ပုံလေးကထိပ်ဆုံးမှာဆိုတော့ ပြုံးမိပါတယ်။ အန်တီနဲ့ အစ်မကြားထဲက conflict ကိုတော့ သိကြားမင်းတောင်ရှင်းနိုင်မယ်မထင်ဘူးအမရေ...

    ReplyDelete
  19. ဂေလန်းက နေ taxi နဲ့ ဟော်တယ် ကို မောင်းခိုင်းတော့ ယောကျင်္ား ၂ ယောက် နဲ့ဆိုတော့ ကိုကို taxi ဆရာ က kom မျက်နှာ ကိုလျှမ်းကြည့်မှာသေချာတယ်...

    ReplyDelete
  20. အစ်မတစ်ယောက်ရဲ့ မေတ္တာကို ခံစားသွားပါတယ်။

    ReplyDelete
  21. စစချင်း lor14 geylang ဆိုင်းပုဒ် မြင်လိုက်တော့ မျက်လုံး
    တောင်ပြူးသွားတယ်...:)။အကြီးတွေကတော့ ဒီလိုပါပဲ..။
    အငယ်တွေ အပေါ်မှာ ကောင်းရှာကြပါတယ်..။

    ReplyDelete
  22. မောင်ဝေးDecember 20, 2010 at 10:53 PM

    ဟုတ်လယ် မိစားစူးကိစ္စလွေမို့လားလေ၊ ကွန်မန့်ပီးရခက်လယ်။ ဘီလိုပြောရမီလဲ။ အားကြီးခက်လယ်။

    ReplyDelete
  23. ဘီယာတောင်သောက်နေပီလား..... :P

    ReplyDelete
  24. အန်တီကြီးတစ်ယောက်ရဲ့ စေတနာ.. အဲလေ. အမကြီးရဲ့ စေတနာတွေပါ ။ စလုံးမှာတော့ ဟိုကွေ့ဒီကွေ့ လှော်နိုင်လွန်းမှပဲ သက်သာပါလိမ့်မယ် ;-)

    ReplyDelete