Thursday, June 16, 2011

kom epf

ပျော်လွန်းလှတယ်တော့လဲမဟုတ်ဘူး မချိတဲ့ နလုံး ပြုံးလို့တော့ရပါတယ်။



စားလို့လဲဝင်ပါတယ်။ စားကောင်းတာတွေ ဘဲစားတာကိုး။ ကြိုက်တာတွေ ဘဲစားတာကိုး။ ရှမ်းခေါက်ဆွဲကို ဘာလို့ကြိုက်မှန်းမသိ. အရည်စားလိုက် အသုပ်စားလိုက် စားချင်တာကတော့ ရှမ်းထမင်းချဉ် . ကုန်သွားပီဆိုတော့လဲ ရှိတာဘဲစားရတာဘဲ အုန်းနို့ကျောက်ကျောလဲ ကောင်းတယ် ။ ခက်တာက စားပြီးရင် မူးမှာစိုးလို့မစားရဲတာ။ ဒူးရင်းသီးလဲ ရပ်ထားရတာနဲနဲကြာသွားပီ. ။ စားပြီးရင် ခံစားရတာကများတာနဲ့ ဒါတောင်ဝင်ဝယ်လိုက်သေးတယ် သူံးဘူးတစ်ဆယ် တန်ကုန်သွားပြီး. တစ်ဘူးတစ်ဆယ်တန်ဘဲကျန်လို့ မစားလိုက်ရဘူး တစ်မျိုးလဲကောင်းတာပေါ့ ဝမ်းနည်းဝမ်းသာပေါ့လေ. မိသိန်းကြည်ပေါ့။

ကောင်းကင်ကိုမော့ကြည့်တယ် ခလုပ်တိုက်မှာတော့မစိုးရိမ်ရပါဘူး ရပ်ကြည့်တာဘဲ။ တိမ်တွေ လွင့်နေတယ်။




ကောင်းကင်ကြီးတစ်ခုလုံးကို သိမ်းပိုက်လိုက်တော့မဲ့ပုံနဲ့။




ဘာရယ်မဟုတ်ပါဘူး မူးချင်လို့မော့ကြည့်တာ. ။ လူမှားသွားတယ်။



မူးချင်လို့ ဆိုင်သွားရှာသေးတယ် . မသောက်ဘူးတော့ဘာဝယ်ရမှန်းမသိတာနဲ့ အအေးဘဲဝယ်ခဲ့ရတယ်. စိတ်နာနာနဲ့ တစ်ဘူးလုံးမော့သောက်ပလိုက်တယ်။ မူးချင်တယ်။ စိတ်ညစ်ရင်အရက်သောက်ရတယ်ဆိုလို့ မသောက်ရဲတာနဲ့ အဖော်ကောင်းမှ သောက်ကြည့်ဦးမယ်။



ကြာဇံလဲကြို့်တယ် အားလုံးကြိုက်တာပါဘဲလေ မြန်မာငွေ ငါးရာကျပ်လောက်ပေးရမယ် အဲသည်ကြာဇံ့ကို။



ယူကျူခဏကြည့်ဖြစ်သေးတယ်။ တယ်လီဖုံးနဲ့ကြည့်ရတာ မမိုက်ပါဘူး ကွန်ပြူတာနဲ့ဘဲကောငငးတယ် အပျင်းတော့ပြေတာပေါ့.။ ရင်ထဲမှာ ချန်ထားခဲ့တဲ့စကားတွေ ရှိသေးတယ်။

ဖရဲသီးဝယ်ထားသေးတယ် ခွဲရမှာပျင်းလို့မစားဖြစ်သေးဘူး ဒီအတိုင်း ကိုက်စားလို့ ရရင်ကောင်းမယ်။ အခုလောလောဆယ်တော့ကိတ်မုန့်တစ်ကျပ်တန်နဲ့နွားနို့နဲ့သောက်လိုက်တယ်။




အဲသည်ဆိုင်ကလဲ လျော့တုံးဘဲ ပျင်းတာနဲ့ငါးရာကျပ်x 2 ဘိုးဝယ်လာတယ်။






အိတ် (၁၅၀၀ ကျပ်)




ဟိုတစ်လောတုံးက အောချက်ရောက်တုံးက လေးထည်တစ်ဆယ်နဲ့ဝယ်လာတဲ့ပုဝါ. တစ်ထည်က အမျိုး တစ်ယောက်ကိုပေးလိုကပီ။ နစ်ကျပ်ခွဲပေါ့. တို့လဲ ဝယ်ပါတယ် နစ်ကျပ်ခွဲ.။



25 comments:

  1. စိတ်ညစ်ရင် အရက်သောက်ရတယ်လို့ ဘသူပြော.. မဟုတ်ဘူး ယုံမနေနဲ့

    ReplyDelete
  2. ပထမဆုံးစာကြောင်းလေး အရမ်းကြိုက်တယ်မမ...
    “ပျော်လွန်းလှတယ်တော့လဲမဟုတ်ဘူး မချိတဲ့ နလုံး ပြုံးလို့တော့ရပါတယ်။ ” ဆိုတာကို.......... :)

    ReplyDelete
  3. စိတ်ညစ်ရင် ဂစ်တာတီးပါလား တဲ့
    သီချင်းရှိတယ်၊

    မြန်မာပြည်မှာ ပြန်နေတဲ့အခါ
    ကြုံရင် ရှမ်းခေါက်ဆွဲ အိမ်မှာ ချက်ကျွေးမယ်၊

    ReplyDelete
  4. အင်း...စိတ်ညစ်လို့ အရက်သောက်။ သောက်ပြီး နောက်နေ့မနက် နိုးလာရင် နဂို စိတ်ညစ်တာ မပျောက်တဲ့အပြင် နောက်ထပ် အရက်နာကျလို့ ခေါင်းကိုက်တာက ထပ်တိုး စိတ်ညစ်ရလိမ့်မယ်။ စိတ်ညစ်တာပျောက်ချင်ရင် ခရီးသွားပေါ့။ အနာဂါတ်ပျောက်သွားတဲ့ အထိပျော်အောင် နေပြီးတော့မှ ပြန်လာပေါ့။ စိတ်ဝင်စားတဲ့ နေရာတခုမှာ စိတ်ပြေလက်ပျောက် တလ အနည်းဆုံးနေပြီးမှပြန်လာခဲ့။ ကိုယ့်ကို လူတွေမသိတဲ့နေရာမျိုးပေါ့။ ပိုက်ဆံတော့ ပိုယူသွားလေ။ ပြန်ပိုလာမှာပါ၊ သိပ်မကုန်ပါဘူး။
    မမကွန်ကိုအမြဲအားပေးနေသူ။

    ReplyDelete
  5. အရမ်းကြိုက်တယ် အမ ဒီစာသားကို
    “ပျော်လွန်းလှတယ်တော့လဲမဟုတ်ဘူး မချိတဲ့ နလုံး ပြုံးလို့တော့ရပါတယ်။ ”


    ချစ်တဲ့
    ဗိုလ်

    ReplyDelete
  6. ကြာဇံ ကောင်းမယ့်ပုံပဲ။

    စကားမစပ်.....
    တစ်ခုလောက် တောင်းဆိုပါရစေ။

    ကျွန်းသူချင်းအတူတူ ကျွန်းချင်းဝေးနေတာ ခက်တယ် ။ မကွန်သာ ကျွန်မကို အဖေါ်ကောင်းအဖြစ် လက်ခံရင် အတူသောက်ချင်ပါတယ်။

    ခင်မင်လျှက်

    ReplyDelete
  7. သာမီးတို့ကိုတော့ အဖော်မစပ်နဲ့နော်..။
    အရက်ဆို ဝေးဝေးရှောင်တယ်..။
    သန့်သန့်လေးနေတာ..။

    စကားမစပ်..
    ဖဘပိတ်ထားတာနော်..။
    အဲ့တာ ကျနော် မ၇ှိတော့လို့မို့လား.။
    ဟီးးဟီးး


    Xထုံ
    (စိတ်ဝင်စားမယ်ဆို..ဒီစနေည အိမ်မှာ ဝိုင်းလေး တဝိုင်းလုပ်မယ်..
    လာခဲ့ပါ့လားး..ဟားဟား
    သဘောပေါက်တယ်နော်...)

    ReplyDelete
  8. ဖတ်ပြီး မချိတဲ့နှလုံးနဲ့ ပြုံးမိတယ်....။ ရှမ်းခေါက်ဆွဲသိပ်ကြိုက်တယ်လား...။ ရန်ကုန်ရောက်ရင်ပြောပါ ချက်ကျွေးမယ် မမကို..။

    ReplyDelete
  9. သို့....မမကွန်
    စိတ်ညစ်ရင် အရက်မသောက်နဲ့ ဘီယာ ၁ဗူးလောက်မော့လိုက် ရှောပင်းစင်တာတွေလျှောက်သွား ဘာမှမ၀ယ်နဲ့ လျှော့ရောင်းတာတွေလည်း လျှောက်မ၀ယ်နဲ့ အိမ်မှာ ကိုယ်ကြိုက်တဲ့ သီချင်းတွေဖွင့် အသံကုန်ဟစ်လိုက် ဖရဲသီးခွဲရမှာ ပျင်းရင် အလုံးလိုက်မ၀ယ်နဲ့ အခြမ်းလိုက် ၀ယ်ထား ဇွန်းလေးနဲ့ ကလော်ပြီးစား ( ဖရဲသီး ကို ဇွန်းနဲ့ ကလော်ပြီး ခွက် အလွတ် ၁ ခွက်ထဲကိုထည့်ထား ပြီးရင် နို့ဆီ (သို့) နို့စိမ်း လောင်းထည့် သကြားနဲနဲထည့် ရေခဲ တုံးလေးတွေထည့် ပြီးရင် စားကြည့် လန်းဆန်းသွားမယ်)ပန်းခြံ ထဲသွားထိုင်နေ ကောင်းမွန်းဝင်း နဲ့ အတူတူသောက်ချင်တာကို စဉ်းစားပြီး အဆင်ပြေရင်လိုက်ပါ မမကွန်...

    ReplyDelete
  10. စိတ်ညစ်လို. အရက်သောက်ချင်သတဲ့၊ ပုတီးစိတ်မယ်၊ တရားထိုင်မယ် မရှိဖူး၊ အသက်ကြီးပြီ၊ ကုသိုလ်ကောင်းမူလုပ်၊

    ကောင်းမူ.ကုသိုလ်လုပ်လို. မမကွန်း သေလွန်တဲ့အခါ နောင်ဘ၀မှာ ဘလောဂါ နတ်သမီးလေးဖြစ်ပြီး နတ်သားငါးရာ တစ်ဘက်စီခြံရံလို. မမကွန်း စိတ်ညစ်ချိန်တောင် ရှိမှာမဟုတ်ဖူး ... ခွိခွိ ...

    ခင်တဲ့

    မောင်မောင်ဇီ

    ReplyDelete
  11. အရီး.. သောက်မယ်ဆိုခေါ်လိုက်ပါ၊ အမြည်းကျနော့်တာဝန်ထား။

    ReplyDelete
  12. Kom epf ကဘာပါလိမ့်

    ReplyDelete
  13. မခင်ဦးမေ....
    နေကောင်းကျန်းမာ
    စိတ်ချမ်းသာပါစေ..........

    ReplyDelete
  14. ဂယ်သောက်မှာလား....ဘယ်နေရာနေသလဲပြောလိုက်
    စမ်းဘာ.....၊ဘီဘီကဒ်လိုက်လာပို့ပေးမယ်....:)))
    စကားမစပ်...ရှမ်းခေါက်ဆွဲစားချင်ထှာဗျာ....

    ReplyDelete
  15. May i invite both blog owner and Kawn Kawn.I don't like beer and strong.So wine and other drinks.
    Come on........Cheers!
    GD

    ReplyDelete
  16. မမ
    epf
    eat,photo,food လား ??????

    ReplyDelete
  17. မမ
    epf
    eat,photo,food လား ??????

    ReplyDelete
  18. မမ
    epf
    eat,photo,food လား ??????

    ReplyDelete
  19. မမ
    epf
    eat,photo,food လား ??????

    ReplyDelete
  20. ဒီလောက်စားတာ.. အပြင်မှာဘယ်လိုပုံပါလိမ့်နော်.. :P.. သတိထားလည်းစားဦး.. ညကျ ရှောဘရားသားဖြစ်နေဦးမယ်.... ဟားဟား..


    ခင်မင်လျက်
    နေ၀ဿန်

    ReplyDelete
  21. မောင်ဝေးJune 17, 2011 at 11:53 AM

    သူများဝယ်တဲ့ပစ္စည်းပုံတွေ ကြည့်ရတာပေါ့ပျက်ပျက်နိုင်လို့ တို့ဝယ်ခဲ့တဲ့ဥစ္စာလဲပြောပြချင်လာရော။ ကုန်မာဆိုင်မှာတဝက်ဈေးနဲ့ချရောင်းလို့လေ လေးလဲလေး အသုံးလဲဝင်တာနဲ့ မအောင့်အီးနိုင် သုံးဆယ့်ငါးကျပ်နဲ့ဝယ်လာတာ၊ ပိုက်လုံးတွေဘာတွေနဲ့အလုပ်ရှုပ်ချိန် အကူအကိုင်မလိုတော့ဘူး၊ အောင်မယ်.. စိတ်ညစ်ရင် အရက်သောက်ဖို့မလိုပါဘူး၊ ရေထဲအဲ့ဥစ္စာချည်ပြီးခုန်ချလိုက်ရင် ပန်းတွေနဲ့ဝေဖြစ်သွားမှာ၊ ဆွေမျိုးမိတ်ဆွေတွေနဲ့ ဝိုင်းလည်စည်ဝေသွားမှာ၊ ငှားချင်ရင်စာတိုက်ဖိုးသာပို့လိုက် ဆယ်ပိဿာမကဘူး၊ ဗမာလို ပြုတ်တူလို့ခေါ်မလားပဲ၊ ဘိုလိုတော့ Bench Vise လို့ခေါ်တယ်။

    ReplyDelete
  22. မူးချင်ရင် ရေသောက်ပါလား အဲ မှားလို့  ပတ်ချာလည် လှည့်လိုက် အပတ် ၅၀ ၁၀၀ ပတ်လို့ မှ မမူးရင် ကြိုက်သလိုပြော...

    ReplyDelete
  23. အဖော်ကောင်းမှ သောက်ချင်တာလား.... ဟင်းဟင်း စလုံးမှာ အမူးတွေ အများကြီးပဲဟာကို မောင်လေး (ခ) ညိန်းနိုင်ကို ခေါ်လိုက်ချည်.... ဟီး

    ReplyDelete
  24. ပင်လယ်ကို အော်ပြောလိုက်တယ် ..... ရေငံတွေ ချိုသွားအောင် .....

    တိမ်တွေကို အမိန့်ပေးလိုက်တယ် ..... ရွှေမှုန်တွေ ရွာချအောင် .....



    ပျော်ရွှင် ကျန်းမာ ချမ်းသာပါစေ ဒေါ်ကွန် ... :-)

    ReplyDelete
  25. မမကွန် ဖဘမှာမတွေ့တော့ဘူး ဘယ်ပျောက်...

    ReplyDelete