Wednesday, August 31, 2011

thinking about you..



ထိုအချိန်က သူမသည် သူ့ကို ပြင်းပြင်းထန်ထန်သတိရခဲ့ပါသည်။ လွင့်မျောနေသော အတွေးများ နင့်အတူ ငေးမောရင်း. ငြိမ်သက်စွာရပ်နားထားသော ကားများကို ကြည့်ရင်း..သူ့ကိုသတိရခဲ့ပါသည်. ..သူ............သူမချစ်သောသူသည် မည်သည်ကို ရောက်နေမည်လဲ ဆိုသည်ကို သူမမတွေးလိုပါ. တစ်နေရာတွင်ရှိနေပါလိမ့်မည်.. သူမကို မေ့နိုင်မည်ဟုလည်း သူမယုံကြည်ပါသည်။ ချစ်သူများသောူ သူ တစ်ယောက်အဖို့သူမကို မေ့နိုင်ရန်ခဲယဉ်းမည်မဟုတ်ပါ။




မလေးရှား ကြက်ကြော်ဖြစ်ပါသည်.။




သူမနစ်သက်သော စားစရာများဖြစ်ပါသည်. ဘိုက်ဆာလျှင်အအေးကို မော့သောက်ရွေ့ ခေါက်ဆွဲကို ပြုတ်စားသော.. နွားနို့်နင့်ပေါင်မုန့်ကို စားတတ်သော သူမသည် မချက်ရလျင်ပြီးရောလူမျိုးဖြစ်ပါသည်. ဆာသည် မှာ ဖြည့်စွက်ရန်သာ ဖြစ်ရွေ့ ခံစားမှူမရှိပါ။ ဆီကိုတော့မော့သောက်ရွေ့မရပါ.။




အိတ်များကို မြင်လျှင်ဝယ်ချင်သည်မှာ သူမ၏ေ ရာဂါဖြစ်သည် အိတ်ပေါင်းစုံ ဆိုက်ပေါင်းစုံ သုံးနိုင်သည်က နည်းနည်း ပေးသည်ကများများဖြစ်ပါသည် .တန်ဘိုးမရှိသောလလည်းသူမ နစ်သက်ပါသည်.။ LV တော့မဝယ်နိုင်သေးပါ. အိုမီဂါ/ tissot/ ..etc.. သည်လည်းသူ မစိတ်ကူးယဉ်ထားသောအထဲတွင်ပါသော်ငြား. မပြောရက်ပါ. လောလောဆယ်တွင် နစ်ဆယ်တန်နာရီသာ သူမပတ်ပါသည်. အချိန်သည်သူမနင့်ကွဲကွာရွေ့မဖြစ်ပါ. သူမအတွက် အချိန်သည် လိုအပ်သည်။



တီလုပ်မုန်ံဟု သူမ အလွယ်ခေါ်သော နစ်ကျပ်ကျော်ခန့်မုန့်သည်လည်း မကြာခဏဝယ်သော အမျိုးထဲတွင်ပါပါသည်ဘရီတ်ဖတ်ကို ထိုင်စားခွင့်မရသော သူမသည် လမ်းသွားရင် ထိုမုန့်ကို ဘိုက်ထဲထည့်ကာ ရေပုလင်းထုတ်ကာ မော့သောက်ခြင်းဖြင့်ဘရိတ်ဖတ်သည် ပြီး၏. ကော်ဖီ ဘူးကိုလက်က မော့သောက်ရာ စက္ကန့်နစ်ဆယ်ခန့်သာကြာသည်. . ဝမ်းနည်းခြင်းမရှိပါယ သူမရွေးချယ်သော လမ်းဖြစ်ပါသည်။



စလုံးလာခကာစ ဘီးတစ်ချောင်းနင့်လာသော သူမသည်ယခုအခါ ဘီးအတော်များနေပြီဖြစ်သည်. ဟိုလိုဘီး ဒီလိုဘီး ဘီးပေါင်းစုံ ဘီးကျဲ ဘီးစိတ်. ဘီးသေး ဘီးကြီး. တစ်ကျယ်တန်ဘီး နစ်ကျပ်တန်ဘီး သုံးကျပ်ခွဲတန်ဘီးများဖြင့်ရှုပ်ထွေးနေခြဲီ့ပီဖြစ်သည်.




လက်သည်းဆိုးလေ့မရှိသော လက်သည်းမရှိသော လက်ကြမ်းကြီးဖြစ်သော လေးထောင့်လက်ဖြစ်သော သူမသည်. ဤဘူးကို ဝယ်သည်မှာ အကြောင်းထူးမရှိပါ. . မျက်တောင်တုကတော့သူမ လုပ်ချင်နေသော အလုပ်ဖြစ်သည်. ယခင်ကဝယ်ဖြစ်သော်လည်းမသုံးလိုက်ရ. ဟိုထိုးဒီထိုးဖြင့်ပျောက်သွားပြန်သည်. ဤတစ်ခါတော့သုံးကြည့်ချင်ပါသေးသည်. ဖလက် ဖလက်လုပ်ခါ ဟိုကြည့်ဒီကြည့် ကြည့်ချင်ပါသေးသည်.



လည်ဆွဲများဖြစ်ပါသည် နစ်ခုဖြစ်သည် . သေချာရိုက်သော်ငြားလည်း တမင် ရုပ်ဖျက်ရိုက်သလားထင်မှားရအောင်ပင် သူမ၏ လက်ရာများသည် သေသပ်လှပါသည်။ ယုံနိင်ဘွယ်ရာပင်မရှိပါ. သူမ၏ လက်ရာကို စာမှီအောင်ဖွဲ့သွားသော။ သူငယ်ချင်း ဘလော့ဂါများ ကို နာမည်ကျော်ပိုစ်များ သူတို့၏ ထင်ရှားသော ဂုဏ်ပုဒ်များကို မြင်ခဲ့သမျှ ကို စာဖတ်အားကောင်းရုံမက မှတ်ညဏ်ပါကောင်းလှသော မြစ်ကျိုးအင်း ( ဘလော့ဂါပွဲဈေးတန်း (၂) ကို ကျေးဇူးတင်ပါသည်။ မြစ်ကျိုးအင်းတင်မက ညီလင်းသစ်. theingara. နင့်တစ်ကွ သူငယ်ချင်းများ အားလုံး sc မသီတာ စုစည်းထားသည် နင့် အတူ ကို ဘလော့ဒေး အမှတ်တရရေးရာတွင် ထည့်ရေးသောသူများ မရေးသောသူများအားလုံးကို လည်းကျေးဇူးတင်ပါသည်.။ အားလုံးကို ချစ်ပါသည်။ ဘယ်သူ့ကိုပိုချစ်သည်ဆိုသည်မှာတော့ သိမည်ထင်သည်။ သို့အတွက်ကြောင့်..................

မှတ်ချက်
မချစ်တတ်တတ်သောသူ .ကိုယ်လိုလူဖြစ်ချင်ပါသည်.

26 comments:

  1. ဆီကို မော့သောက်၍ ရပါသည်။ မည်သူကမှ တရားမစွဲပါ။ မယုံလျှင် လက်တွေ့ စမ်းသပ်ကြည့်စေလိုပါသည်။

    ReplyDelete
  2. အထက်မှ ပထမနေရာကို ရေးသွားသူသည် အလွန်ချစ်တတ်သောသူ ကိုဇော်သာ ဖြစ်ပါသည်။

    ReplyDelete
  3. မလေးရှာကြက်ကြော်စားချင်တယ်..။
    လက်သည်းနီမဆိုးပဲ ဘာလို့ဝယ်ထားတယ်လဲ.။
    မချစ်တဲ့တဲ့သူကို မချစ်သလိုသာ မချစ်နေလိုက်ပါ..။
    စက္ကန့်၂၀နဲ့ ကော်ဖီမော့တယ်ဆို...
    ကောင်းပါတယ်..။
    ကျနော်က ဘာမဆိုမြန်ပေမဲ့ ကော်ဖီသောက်ရင်
    မိနစ်၂၀မက ကြာတတ်ပါတယ်.။
    မျှင်းသောက်လေ့ရှိပါတယ်..။


    ပုံ။
    အွန်လိုင်းကိုယ်ဝန်ရှိနေပြီဟု
    သံသယဖြစ်ပြီး..အန်ချင်နေသူ
    man တယောက်။

    ReplyDelete
  4. သူမ ချစ်သောသူမှာ...ကျနော်ဖြစ်သည်ဟုတ်..
    သံသယ ဖြစ်သွားသည်.။

    ပုံ။

    အပေါ်ကတစ်ယောက်
    Anonymous

    ReplyDelete
  5. စာလာဖတ်ပါတယ်။
    စိတ်ကူးထဲမှာ ပိုက်ဆံအိပ်လေးကိုင်ပြီး
    မျက်တောင်အတုကိုတပ်
    မျက်လုံးပေကလပ်ပေကလပ်နဲ့ ဟိုကြည့်ဒီကြည့်လုပ်ကာ
    သူ့ အကြောင်းလေးစဉ်းစားသွားပါတယ်။

    ပျော်၇ွှင်ပါစေ ;D

    ReplyDelete
  6. မျက်တောင်တုကို အရင်ကမကြိုက်ပါ။ အခုတော့ မျက်တောင်အတုတတ်ထားသော အလှကိုခံစားတတ်နေပါပြီ။ အဲဒါကြောင့် မျက်တောင်တုတတ်ခြင်းကို အားပေးပါသည်။ ပုံတွေကို အရှိအတိုင်းတင်နိုင်တဲ့ စိတ်ဓာတ်အင်အားကို လေးစားပါသည်။

    ReplyDelete
  7. မမ KOM ဆီက ဘီးတခုလောက်ရရင်ကောင်းမှာ အိမ်ကတစ်ချောင်းထဲသော ဘီးဘယ်နားမှာမသိပျောက်နေတာနဲ့ လက်ကိုဘီးအမှတ်နဲ့ ဖီးလိုက်ရတယ်မနက်က။မမ ပျော်ရွှင်ပါစေနော်။

    ReplyDelete
  8. သူမနဲ့ ပတ်သက်လာရင် ဟိုငါးပိရည်ခွက်လေးက အစ ချစ်တယ်...

    ref - http://khinoomay77.blogspot.com/2008/12/malay-side-dish.html

    မှ
    လက်သည်းဆိုးလေ့မရှိသော လက်သည်းမရှိသော လက်ကြမ်းကြီးဖြစ်သော လေးထောင့်လက်ဖြစ်သော သူမ

    ReplyDelete
  9. ကိုလာပုလင်းကို မြင်တာနဲ့ ကိုလာသောက်ချင်စိတ်က ပြန်ပေါက်လာတယ်။ ဖြတ်မယ်လုပ်လိုက်.. ပြန်သောက်လိုက်နဲ့ လူလည်း လုံးချာလည်လိုက်နေတာပဲ။

    ဘွင်းဘွင်းရှင်းရှင်း ရေးတဲ့ အစ်မစာတွေဖတ်ရတာ စိတ်ကို ပေါ့ပါးသွားစေတယ်။

    ချွင်းချက်။ ။ အီမိုစာများ မပါပါ။ :)

    ReplyDelete
  10. လက်သည်းဆိုးလေ့မရှိသော၊ လက်ကြမ်းကြီးဖြစ်သော၊ လေးထောင့်လက်
    ပိုင်ရှင်ဖြစ်သော သူမသည် အရှိအတိုင်းခံစားရသော စာများကို ရေးလေ့ရှိသည်။

    ရွှင်လန်းချမ်းမြေ့ပါစေ မမ

    ReplyDelete
  11. ကိုမြစ်ရေးသလိုပဲ မျက်စိစစ်ခန်း အတွက် နောက်ဆုံးက ဓာတ်ပုံကို လိုခြင်နေပါတယ်တဲ့။
    အမ အချစ်ဆုံးကတော့ ကိုယ့်ကိုယ်ကိုပဲ ဖြစ်မှာပေါ့လေ သိပါတယ်။ :P

    ReplyDelete
  12. ..သူ............သူမချစ်သောသူသည် မည်သည်ကို ရောက်နေမည်လဲ ဆိုသည်ကို သူမမတွေးလိုပါ. တစ်နေရာတွင်ရှိနေပါလိမ့်မည်.. သူမကို မေ့နိုင်မည်ဟုလည်း သူမယုံကြည်ပါသည်။ ချစ်သူများသောူ သူ တစ်ယောက်အဖို့သူမကို မေ့နိုင်ရန်ခဲယဉ်းမည်မဟုတ်ပါ။
    မလေးရှား ကြက်ကြော်ဖြစ်ပါသည်.။

    ဒို့ ဘယ်လိုနားလည်ရမှာလည်း။
    အအရ

    ReplyDelete
  13. အားပေးသွားပါတယ်အစ်မကွန်ရေ ပုံတွေငမ်းသွားတယ် :P

    ReplyDelete
  14. ...........(^_^).......
    GD

    ReplyDelete
  15. This comment has been removed by the author.

    ReplyDelete
  16. မမရေ... မျက်တောင်တုလေးတပ်ပြီး ဖလက်ဖလက်လုပ်မဲ့ပုံလေး မျက်စိထဲမြင်ယောင်ကြည့်မိတယ်....

    ReplyDelete
  17. This comment has been removed by the author.

    ReplyDelete
  18. ဇွန်မိုးစက်ကတော့
    ဖုန်းဆက်ရင် အသံချိုချိုနဲ့ မခင်ဦးမေ တဲ့။

    အဲဒီလို အိတ်လေး ၀ယ်ထားသေးတယ်၊ အပန်းရောင်။
    စာအုပ်ထည့်ဖို့ပါ၊ လမ်းခရီး ကြည့်စရာ မရှိရင် ဖတ်ဖို့လို့။

    ReplyDelete
  19. ဆွေလေးမွန်August 31, 2011 at 10:14 PM

    မကွန် ဘလော့ ဂါဒေး အမှတ်တရ အနေနဲ့
    အထက်ကဆိုပြီးသည့် အတိုင်း
    မျက်တောင်တုတပ် ဖလက်ဖလက် လုပ်ခါ ဟိုကြည့်
    သည်ကြည့်
    ကြည့်ပြပါလားဟင်..
    :) :) :)


    အမြဲတမ်း အရှိကို အရှိတိုင်း ဘွင်းဘွင်းရှင်းရှင်း ဆက်ပြီး ဘလော့ နိုင်ပါစေနော်. မကွန်

    ReplyDelete
  20. မမရေ... သတိတရ လာနှုတ်ဆက်ပါတယ်။ မနက်က မန့်သွားလို့ ကျေးဇူးနော်။ မမ မအိပ်သေးတာလား၊ အစောကြီးနိုးနေတာလားလို့ တွေးနေမိတာ။

    မမပျော်ရွှင်ပါစေ...

    ချစ်တဲ့
    ဇွန်

    ReplyDelete
  21. လုပ်ကြည့်ပါလားအစ်မရ..တစ်ခါတစ်လေ...၊မျက်တောင်
    တုလေးတပ်၊လည်ဆွဲလေးဆွဲ၊အိပ်ကလေးလွယ်...၊
    လက်ကလည်းမလေးရှားကြက်ကြော်တစ်ဘက်၊အအေး
    ဘူးတစ်ဘက်....:)))

    ReplyDelete
  22. မောင်ဝေးSeptember 1, 2011 at 3:11 PM

    မျက်တောင်တုတပ်တယ်ဆိုလို့ စိတ်ကူးနဲ့ပုံဖော်ကြည့်နေတာ.. ဒေါ်နယ်ဒပ်ရဲ့ရည်းစား ဒေစီဒပ်ပုံတို့ မစ်ကီမောက်စ်ရဲ့ရည်းစား မီနီမောက်စ်ပုံတို့ပဲ စိတ်ကူးထဲ ပေါ်ပေါ်နေတယ်.. ဘယ်လိုမှပြင်မြင်လို့မရနိုင်တာ.. အဲ့ဒါ ဒုက္ခပါပဲ..။ အဲ့လိုမဖြစ်ရအောင် ကိုယ့်ကိုယ်ကိုလဲအသိအမြင်မခံချင်ရင်တောင်မှ မျက်တောင်တုတပ်ထားတဲ့ မျက်လုံးအစုံကိုပဲ ဓာတ်ပုံကွက်ရိုက်ပြီးတင်ပေးပါ။

    ReplyDelete
  23. မျက်တောင်တုတပ်နည်းသင်ပေးစေချင်ပါတယ်
    လက်သည်းနီလဲသဘောကျပါတယ်
    ဘီကိုလဲလိုချင်ပါတယ်
    မယုံရင်ဆီကိုမော့သောက်ကြည့်ပါ
    မဒိုးကန်တောင်
    အချိုမှုန့်ကိုစားကြည့်ဖူးပါသည်း)

    ReplyDelete
  24. မမ ဘူ့ကိုသတိရနေလည်းလို့ လာချောင်းသွားတယ်နော်

    ReplyDelete