Friday, September 2, 2011

rebounding

တစ်ခါကဖြစ်ပါသည်.

ကောက်သောသူဖြေင့်ရွေ့ ဖြောင့်သောသူ ကောက်ချင်သော လူ့သဘောဝကြောင်္င့ခင်ဥမေ သည် အကောက်ကို မုန်းပါသည် အဖြောင့်အစင်းကလေးများကိုကြိုက်ပါသည်။ ဟိုယခင်က ဖလင်ကော်ပြားနစ်ချပ်ထဲတွင် ဆံပင်ကိုညှပ်ရွေ့ဖြောင့်ခဲ့သောခတ်ကာလမှ စကာ နိုင်ငံသုံး နို်င်ငံတွင် လှည့်လည်ဖြောင့်နေသော ခင်ဥမေသည်. ဆေးလျှော့ပေးမည်ဆိုသော ဆိုင်ကြော်ငြာကို ဖတ်ရှူနေရာ. မူရင်းဆန်ဒမှာ treatment ယူရန်ဖြစ်သောလည်း ဆိုင်ရှင်၏ ဖော်ရွေသောစကားသံတွင် မြောပါသွားရာ rebounding လားဟုမေးရာ ဟိုယောင်ယောင်ဒီယောင်ယောင် ခင်ဥမေသည် ခေါင်းညိမ့်က ဆိုင်ထဲသို့လိုက်ပါသွားလေသည်.

ဈေးနှူးံမေးရာ လျှော့ထားသည်မှာ မှန်သော်လေည်း သုံးမျိုးသုံးစားရှိပေါကြောင်းဆိုလေရာ middle one ကိုရွေးရန်စဉ်းစားနေဆဲ ဆိုင်ရှုင်က သုံးခုမြေက်သည် the best ဟုပြောလိုက်ရာ လူကို သရွေ့မရသောကြောင့် ဆံပင်ကို သာသနေရသော ခဥမသည်ခေါင်းငြိမ့်လိုက်ပြန်လေသည်။

မော်တော်ကားစက်ပြင်လျှင် ပြင်သည်အပထားရွေ့ စက်ပြင်ဆရာက ကားဖုံးကိုဖွင့်ကာ ဒေါက်ထောက်ထားလှ်ျင် ဝမ်းသာရသကဲ့သို့  သင့်လျော်ရာတစ်နေရာတွင်ထိုင်ခိုင်းကာ စောင်ကြါ်ီခြုံလိုက်သည်နင့်ပင်ကြည်နူးရလေသည်။ ကောင်လေးတစ်ယောက်က လာရွေ့ ဆံပင်ကို ဟိုကိုင်ဒီကိုင် ကိုင်ရာ ကျေနပ်ရလေသည်. ခဥမသယ်ချင်း spa သွားပြီးပြန်လာက အသည်ယားသောအိုက်တင်ကို လုပ်ပြထားသညိကိုမြင်ယောင်နေသော ခဥမသည်လည်း အိကျိအိကျိဖြစ်လာလေသည်. သမာဓိမကောင်းချေ.. ကံအားလျှော်စွာ လူပြောင်းသွားသောကြောင့်ဝမ်းနည်းဝမ်းသာဖြစ်ရချေသည်။

့ပုံမှန်လူတစ်ယောက်ဝင်လာလျှင် ခေါင်းလျော်ရ၏. အခြောက်လုပ်ရ၏. ပြီးမှ ဆေးသုတ်ရသည်. ယခုမှ တစ်ခါထည်းဆေးပုံဒကြီးဆွဲကာ သုတ်လေသည်. အချို့ ဆိုင်များသည် တစ်လွာချင်းယူကာ ဆေးသုတ်၏. ယခုမှူကာ ယူသည်ဆိုရုံမျယူကာ ဆေးသုတ်သကဲ့သို့သုတ်လေရာအတော်ပင် အခံရခက်လေသည် treatment ထည့်လိုက်မယ်နော်ဟု ဆိုကာ ဘေးနားမှ ပုံးထဲမှ ထရိမန့်များကိုကော်ရွေ့ထပ်သုလေသည် အတော်ပင်စိတ်ပျက်ရလေသည်. အမေ့သားမှားပြီအမေ ဟုသာ ညည်းမိလေ၏. ထိုပုံးထဲမှယူလိုက်သုတ်လိုက်နင့် ဖြစ်သင့်သည်မှာထိုပုံးထဲမှ အနည်ငယ်ကိုခွဲသု့းရမည်ဖြစ်၏. OCDှရှိသော ခဥမသည်အတော်ကြီးစိတ်မချမ်းမသာဖြစ်လေသည်။

ြ့ပီးသော်ပေါင်းခံ၏. မှန်၏. ခေါင်းလှျောာ်၏.မှန်၏. အခြောက်ခံကာ မီးပူတိုက်လေသည်မှန်၏. တစ်ခါ ဆေးပြန်သုတ်လေသည် ဖြောင့်ပြီး ချုပ်ဆေးထပ်သည်ဆို၏. ပြန်လျှော်ပြန်၏. vitamin အားဆေးကိုလိုလျင်ထည့်ပေးမည်ဆို၏. လှမည်ဆိုလျှင် ဝန်မလေးသော ခဥမသည်လည်းခေါင်းညိမ့်ပြီးရင်ညိမ့်၏. ထိုဆေးကို လောင်းကာ နေရာအနံပွတ်၏. ဒရိုင်ယာပုံမှန်မှူတ်၏. ပြီး၏. သူများဆိုင် ငါးနာရီမှ ဆယ်နာရီကြာသော အလုပ်ကိုသူသည် နစ်ခွဲမျှဖြင့်ပြီးလေ၏. ကောင်းမည် မကောင်းမည် ဘယ်နစ်လခံမည်ကိုကာြး မသိချေ.။ ဈေးချင်းတူပြီး facility ချင်းမတူသော်ကြောင့် အမိုက်နင့်ပြင်ရှိသေးလားဆိုသော TZA ရွတ်နေကျလေး ကိုရွတ်ကာ နောက်သော ဈေးလျှော့သောလည်းသာမီးမှားပါပြီအမေ ဟု ဆိုကာ. ပြန်ခဲ့လေ၏. စိတ်ကြီးသော ခင်ဥမေသည် မကြာခင် နောက်တစ်ဆိုင်သို့ပြောင်းကာ new look ထပ်လုပ်မည်ဟု ရည်မှန်းခဲ့လေသည်။

ဤတွင်ပြီး၏


22 comments:

  1. Do whatever makes u happy.

    Two thumbs uppppppppp.

    Chit

    ReplyDelete
  2. စိတ်ကြီးတယ်နော်...းD

    ReplyDelete
  3. ဆံပင်က ခပ်နွယ်နွယ်လေး ကောက်ရင် လှတာ မမရ။ အဖြောင့်ကြီးက မလှပါဘူး။ အဖြောင့်မလိုချင်ဘူး..လဲလို့ရရင်ကောင်းမယ်နော်..mm

    ReplyDelete
  4. တူတူပဲ...။
    ဖြောင့်တာပဲကြိုက်တယ်...
    အရှေ့ကအမ်အမ်နဲ့တော့ မတူနိုင်ပါဘူး။
    စကားမစပ်..အမ်အမ်ဆိုတာ ဘယ်သူပါလဲမမ။
    ၂၀၁၁မှာ အသစ်ထင်တယ်နော်..။


    ပုံ။
    ဆံပင်ဆိုင်က ညဥ့်နက်သန်းကောင်မှ
    ပြန်လာလေ့ရှိသူ

    ReplyDelete
  5. ဟဟဟဟဟဟ
    မမကွန်..
    သူများတော့အဲလိုအော်ရီကိုသွားပီမှတ်
    ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့ ၂ လက
    ထပ်ဖြောင့်ထားတာ အဲလိုထိထားလို့

    ဟဟဟဟဟဟဟဟဟဟဟဟ
    ချစ်တဲ့

    မဒိုးကန်

    ReplyDelete
  6. 'rebonding', is it?

    ReplyDelete
  7. ခင်ဦးမေ လို့ ရေးလိုက် ခဥမ လို့ ရေးလိုက်နဲ့မို့ စာပေစီစစ်ရေးက ဆင်ဆာဖြတ်ပါတယ်။
    လှချင်တိုင်း ခေါင်းညိတ်တတ်တယ်ပေါ့ . . . အင်း . . . ဆရာ နေဝင်းမြင့် စာပေဟောပွဲထဲက ရွတ်သံလေး သွားသတိရ၏။ ကျမ ဓါတ်ပုံကို ပြရန် မလို . . . . . . ကြည့်ပါ အစ်ကို ဆိုတာ ဖြစ်၏။ ( မကျေနပ်ပါက ဓါတ်ပုံ တင်လိုက်ပါလေ )

    ReplyDelete
  8. ဆံပင်သစ်လေးနဲ့ ပိုလှနေမှာပေါ့နော်။
    ကျေးဇူးပါကွန်။
    အအရ

    ReplyDelete
  9. ခရစ္စတလ်September 2, 2011 at 10:50 AM

    အလုပ်ပင်ပန်းရင် တစ်လတစ်ခါလောက်တော့ spa သွားသင့်တယ်၊ စလုံးမှာ ထိုင်းspaတွေ ရှိရင် ဆေးနဲ့ နှိပ်ပေးပါလို့ပြော၊ အရမ်းကောင်းပါ၏။
    တစ်ကိုယ်လုံးမနှိပ်တာတောင် foot massage ကို ရွေးသင့်တယ် :)

    ReplyDelete
  10. မောင်ဝေးSeptember 2, 2011 at 10:52 AM

    တခါကဖြစ်ပါသည်ဆိုတော့ အခုဖြစ်တာမဟုတ်ဘူးပေါ့နော်၊ ဂလိုပြောနည်းတွေနဲ့ မယုံနိုင်ပါဘူးကွာ.. မ--င့် မက့င်္ မရုံ မယုန် မရုမ် မရုန်နိုင်ပါဘူးအေ.. ဆံပင်ဓာတ်ပုံရိုက်ပြမှပေါ့အေ့။

    ReplyDelete
  11. ဒီတစ်ခါ ပြန်ကောက်ကြည့်လိုက်ပေါ့ ..
    စိတ်တိုင်းမကျတော့မှ
    ပြန်ပြီး ဖြောင့်လိုက်ပေါ့ ..
    ကောက်လိုက် .. ဖြောင့်လိုက် ..
    ဖြောင့်လိုက် .. ကောက်လိုက် ..
    ဆိုတာ မိန်းကလေး တွေရဲ့
    သဘာဝ လို့ ခေါ်တယ် အမ ..
    အားပေးတယ် .. ပြန်လုပ်လိုက် .. :D
    နောက်ဆုံး မသာက new look က
    ကတုံးလေး ဆိုလည်း မိုက်တာပဲ .. ခွိခွိ .. :D

    ခင်မင်လျှက်
    ဆောင်းနှင်းရွက်

    ReplyDelete
  12. အဖြောင့်က ဘယ်သူနဲ့ဖြစ်ဖြစ်လှတယ်။ အကောက်လေးက အလှပြင်နိုင်မှ လှတယ်လို့ ထင်မိတယ် ။ ဘယ်ဆိုင်မှာ လုပ်လာတာလဲ မ

    ReplyDelete
  13. ယားတယ် မလုပ်နဲ့ ဟိဟိ....

    ReplyDelete
  14. အမကလည်းလေ..

    ပုံလေးပါတင်ပေးရမှာ..


    ပုံနှင့်တကွထပ်မံဖော်ပြပါရန်တောင်းဆိုပါသည်ရှင်

    ReplyDelete
  15. ဆံပင်ဖြူကို ဆေးဆိုးတာကို ဘာလို.ချန်ထားတာလဲ

    အန်တီအရွယ်က ဆံပင်ဖြူလောက်ပါပြီ

    ReplyDelete
  16. ( မော်တော်ကားစက်ပြင်လျှင် ပြင်သည်အပထားရွေ့ စက်ပြင်ဆရာက ကားဖုံးကိုဖွင့်ကာ ဒေါက်ထောက်ထားလှ်ျင် ဝမ်းသာရသကဲ့သို့ )
    မမကွန် သိပ်ရေးတတ်တာပဲ တကယ်မှန်တဲ့ ခံစားချက်ပဲ။

    ReplyDelete
  17. အရက်ပတ်တနင်္လာက သူငယ်ချင်းမြှောက်ပေးလို့ သွားပြီး rebond လုပ်လာတယ်.. treatment တော့မလုပ်ခဲ့ဘူး...
    rebond တစ်ခုနဲ့တင် $$$ များနေပီ.. မတတ်နိုင်တော့ဘူး..း(((

    ReplyDelete
  18. http://www.facebook.com/photo.php?fbid=275043755840461&set=a.211540618857442.58871.100000045168681&type=1&theater

    ReplyDelete
  19. နောက်တစ်ခါ ရေစိုကောက်လေးကောက်လိုက်အစ်မကွန်..
    (အဆင်းဘီ;တပ်ခြင်း.....:)))

    ReplyDelete
  20. အားးးး တော်တော်ဒုက္ခ များမယ်နော် အစ်မ။ ဘာဖြစ်ဖြစ် ကိုယ်က လှချင်တော့ သီးခံရမှာပေါ့...
    တော်သေးတယ် မိန်းကလေး မဖြစ်လို့ ...
    နို့ မို့ မလွယ်ဘူး...

    ReplyDelete
  21. အိကျိအိကျိဖြစ်လာလေသည်. သမာဓိမကောင်းချေ.. ကံအားလျှော်စွာ လူပြောင်းသွားသောကြောင့်ဝမ်းနည်းဝမ်းသာဖြစ်ရချေသည်။ ...းD

    ReplyDelete
  22. အားးးး တော်တော်ဒုက္ခ များမယ်နော် အစ်မ။ ဘာဖြစ်ဖြစ် ကိုယ်က လှချင်တော့ သီးခံရမှာပေါ့... တော်သေးတယ် မိန်းကလေး မဖြစ်လို့ ... နို့ မို့ မလွယ်ဘူး...

    ReplyDelete