Friday, December 23, 2011

ပြည်ကျောင်းတိုက် မန္တလေး (8)





















အမရပူရ/ တံခွန်တိုင်..... ပြည်ကျောင်းတိုက် ဘယ်လိုသွားရမလဲဆိုလျှင် .....................ခြာလည်ရိုက်သွားပြန်သည်
စစ်ကိုင်းကားကို ဘုရားကြီးအနားအထိစီးပြီကာမှ နောက်ပြန်လှည့်ကာ ဆိုင်ကယ်တစ်စီးပေါ်တက်သွားပြန်သည်.

သည်ဆိုင်ကယ်ကတော့ ထိုင်ရသည်မှာသိတ်အဆင်မပြေချေ. အားနာတတ်သူမို့ ကျိတ်မှိတ်ကာစီးသည်.





















အမျိုးကမှာလိုက်သောကြောင့်ဝထ္ထုသွားကပ်ရခြင်းဖြစ်သည်. မများသော amount ဖြစ်သော်လည်းစိတ်ချမ်းသာစေချင်သောကြောင့်သွားပေးခြင်းဖြစ်သည်.။






















ထိုကျောင်းတိုက်မှာဇတ်ကြောင်းသိတ်မသိသောကြောင့် သိတ်တော့မပြောပြနိုင်.. အမျိုးကိုပြန်မေးပြီးလျှင်တော့ update ထည့်မည်။ ယခုညတော့မိုးချုပ်သွားပီဖြစ်သည်


အကြမ်းအားဖြင့်ဆိုလျှင်တော့နစ်ပေါင်း ရာကျော်ပြီဖြစ်သည်. ရုပ်တုများမှာ သစ်ကို အလုံးလိုက်ထွှုင်းက ပန်းပုထုထားခြင်းဖြစ်သည်ဟုဆိုသည်။ ကြည့်ရသည်မှာအသက်ဝင်လွန်းသည်. တစ်ကျောင်းလုံး ကျွန်းဖြင့်ဆောက်ထားခြင်းဖြစ်သည်. သံမသုံးသလောက်ဘဲ အဆက်များကို သပ်ရိုက်ရွေ့ ဆောက်ထားခြင်းဖြစ်သည်။
ဟိုယခင်က ကျောုင်းအောက်ကိုသံပန်းများမကာထားချေ.





















နစ်ပေါင်းများစွာက တစ်ခေါက်ရောက်ဘူးသည်. မောင်နင့်လာခြင်းဖြစ်သည်. မောင်သည်လည်း ထိုကျောင်းကို မန္တလေးရောက်လျှင်ဝင်လေ့ရှိသည်.



















မောင် ငယ်စဉ်က ထိုကျောင်းတွင် မောင်ကျောင်းသားလုပ်သည်ဟုဆိုသည်.သို့မို့ကြောင့်ဘုန်းကြီးများနင့် အချိုးကျသည်. ခင်သည် ဘုန်းကြီးများနင့် အခက်တွေ့သည်. စကားပြောလျင်မည်သို့ပြောရမည်မသိ တပည့်တော် . ဦးဇင်း.....ချာလပတ်လည်က ဘုရားစူး ဗုဒဘာသာဖြစ်လေသည်။
ဘုန်းကြီးကိုကပ်ရာ မည်သို့ကပ်ရမည်ကိုမသိချေ. ဘုန်းကြီးက သင်ပေးရလေသည်. ဘဝတွင်ပထမဆုံးအကြီမ် ကိုယ်တိုင်ကပ်ဘုးခြင်းဖြစ်သည်. ဘုန်းကြီးစာချပေးကာ လိုက်ဆိုရသည်ကိုလည်း မဆိုတတ်ချေ.ဝါးချလိုက်လေသည် အနည်းငယ်တော့စိတ်မကောင်ဖြစ်ရသည် ဒီလောက်ကြီးတော့မဖြစ်သင့်ဘူးဟုလို့တော့ အနည်းငယ်နောင်တရလေသည်.

အိမ်တွင်နေစဉ်က မိဘများက သာ ကပ်လေသည် အစ်မများကသာ တရားနာကြလေသည်. ။




































များသောအားဖြင့်အာရုံဆွမ်းဖြစ်ကာ ခင်ဦးမေသည် မည်သည့်အခါမျှ အိပ်ရာမှ မထချေ. တရားနာရမည်ဆိုလျင်ယောင်လည်ယေယင်လည်နင့် ရှောင်နေ၏. ပြီးလောက်မှပြန်လာသည်။
ရိုက်တုံးကတော့အမျိုးကိုပြရန်ရိုက်ခြင်းဖြစ်သည်. ကိုယ်တိုင်မလာနိုင်သူမို့ အလွမ်းပြေစေရန် ရိုက်ပေးခြင်း ဖြစ်သည်.မပြခဲ့ရ....





















...ရိုက်ပြီးကွန်ပြူတာထဲသို့ဒေါင်းလုပ်လုပ်ခြင်း.ယြူ့ပခြင်းတို့ကိုမလုပ်ဖြစ်ချေ. ကိုယ့်ဘာသာကိုယ်သာ ကိုယ်ပျော်ရွင်မှုကိုဦးစားပေးနေသောကြောင့်မပြရသေးချေ.ဘလော့လည်းဖတ်မည်မဟုတ်ရာ နောက်တစ်ခေါက်မှ ပြရချေတော့မည်.

ဘုရားများမှာသပ္ပွါယ်လှသည် . သရုပ်မဖော်တတ်.ကြည်ညိုစရာတော့ကောင်းလှသည် ဘုရားတရားနင့်မနီးစပ်သော ခင်ဥမေသည်ပင် ဘုန်းကြီးကိုကြည့်ပြီးကြည်ညိုသည်က တစ်ကြောင်း ရိုးသားသောကျောင်းတိုက်ကိုကြည့်ပြီး သဘောကျသောကြောင့်လည်းကောင်း အမိုး.မိုး.ယိုနေသည်တစ်ကြောင်း. မိမိကိုယ်တိုင်ထပ်လှူဖြစ်လေသည်.တတ်နိုင်သမျဖြစ်ပါသည်.။


သမိုင်းနင့်လည်းဝေးသောသူသည်.သရုပ်မဖော်တတ်ပါ သဘောကျသည်သာရှီလေသည် မြန်မာအမွေအနစ်များကို ဂုဏ်ယူမိလေသည်။
ထို့ကြောင့်လည်းအမျိုးက အတင်းလွတ်လိုက်ပုံရသည်. မောင်ကျောင်းသားများကိုလည်းမြင်ရလေသည်. . .



15 comments:

  1. Amazing monastery!Valuable sculptures and curvings.You are lucky to see them.Tks for sharing.
    Still one:D
    Gyidaw

    ReplyDelete
  2. ဟိုးနှစ်ပေါင်းများစွာက တူတူသွားခဲ့ဖူးတဲ့
    မောင် က အခုဘယ်မတုန်း
    မမကွန်..

    ReplyDelete
  3. :( ကျောင်းတိုက်ကြီး ထိန်းသိမ်းဖို့ လိုပြီနော်... ကြည့်ရတာ သာမန် ဘုန်းကြီးကျောင်းလို ထားထားသလိုပဲ... အမေ့စင်း ဓါတ်ပုံတွေပါပဲ မမခဥမ
    Btw three :|

    ReplyDelete
  4. နှစ်ပေါင်းရာကျော်က ကျောင်းတိုက်အကြောင်းဖတ်ရင်း
    KOM ရဲ့မောင်အကြောင်းပါဖတ်သွားတယ်း) စတာနော်။
    ပုံတွေကြည့်သွားတယ်။ ကျေးဇူးပါ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  5. မမကွန်သည် တိုးဂိုက်လုပ်စားလျှင်ပိုကောင်းမည် ။
    ခုအကုန်သိခွင့်ရသည် ။
    မွ မွ မွး)

    ReplyDelete
  6. ဘုသုတတွေ တိုးပါတယ်
    ကျောင်းကြီးကို သေချာထိန်းသိမ်းသင့်နေပီ

    ReplyDelete
  7. အဖိုးတန် အမွေအနှစ်တွေပါလား။

    ReplyDelete
  8. သမိုင်းများနောက်သို့ လိုက်နေသော ခရစ္စတလ်သည် အဖိုးတန်မြန်မာ့ယဉ်ကျေးမှုတွေအတွက် မန္တလေးက ဘုန်းဘုန်းများကို မေးအုံးမည်။

    ဓာတ်ပုံလေးများ လိုချင်တယ် မမကွမ် :)

    ReplyDelete
  9. တန်ဘိုးရှိသော ဓါတ်ပုံတွေပါပဲ
    အလှုအတွက် သာဓုပါ

    ReplyDelete
  10. စိတ်ဝင်စားစရာကောင်းတယ် လှေကားထိပ် တံခါးပေါက်တို့မှာ Security နတ်တွေ တင်းပုတ် သံလျက် လှံသွား ကြာပွတ်အသင့်ကိုင်လို့နော်၊ ဒါမျိုးမြင်လို့ သူခိုးဓါးပြတွေ လန့်ပြေးကုန်ပါ့မလား ဇဝေဇဝါတော့ဖြစ်မိတယ်။ ဓာတ်ပုံပညာတွေ တိုးတက်လာတယ်၊ Subject သိပ်ကောင်းတယ်။ အလင်းအမှောင်ကို နဲနဲပိုဂရုစိုက်ပေးလိုက်ရင် ချန်ပီယံဖြစ်လာမှာ။ တကယ်ပြောတာနော်။

    ReplyDelete
  11. ဓါတ်ပုံတွေ ကောင်းလာတယ်နော် မမကွန်
    မောင့် ကိုလည်း ဘလော့ဖတ်ဖို့စည်းရုံးဦးလေ
    ကိုယ့်လူကိုယ် နိုင်မှ ရမယ်....။ :D

    ReplyDelete
  12. သိပ်ကောင်းတဲ့ယဉ်ကျေးမှု အမွေအနှစ်တွေ။ တကူးတကသွားပြီး အခုလိုပြောပြပေးတာ ကျေးဇူးတင်ပါတယ်..မကွန်။
    မောင့်အကြောင်းလေးပါထည့်ပေးထားတာလည်း စိတ်ဝင်စားစရာ........

    ReplyDelete
  13. ကိုယ်လည်းရောက်ဘူးတယ်။ သိပ်သဘောကျခဲ့မိတယ်။ စိတ်ထဲမှာ ကျောင်းဘေးဘက်မှာ ထူးခြားတဲ့အပင်တစ်ပင်ရှိသလားလို့ ။ ဒီကျောင်းမှာလား တခြားကျောင်းမှလားတော့မသေချာဘူး။

    ReplyDelete
  14. ပန်းပုလက်ရာတွေက အတော်လက်ရာမြောက်တယ်

    ReplyDelete
  15. D ပိုစ့်က ခံစားချက်တွေ လျှံထွက်နေတယ်။ အံ့ရော... မခဥမ အစစ်မှ ဟုတ်ပါလေစဗျာ။

    ဘိုင်သဝေး

    မောင်နင့် လာတယ် ဆိုလို့  နည်းနည်း အံ့အောသွားတယ်။ တော်သေးတာပေါ့ မောင်နင် လာတယ် ဆို ဒုက်ခ။ :D

    ReplyDelete