Wednesday, December 21, 2011

သနပ်ခါး























အများသူငါအိပ်ချိန်တွင် တစ်ကုပ်ကုပ်နင့် ရေးနေသူမှာခင်ဦးမေဖြစ်သည် စိုင်းထီးဆိုင်၏ ရေဒီယိုကမာရွတ်ကို favorite ထဲထည့်ထားသောလည်းနားထောင်နိုင်သော အသည်းနလုံးမရှီသောကြောင့် ကျော်ကျော်ချသွားရသည်. /akon ၏ angel ကိုသာ လှည့်ပါတ်နားထောငနေသည်. သီချင်းများနင့်လည်းဝေးလှသည် မခံစားတတ်တတ်နားမထောင်တတ်. မကြို့်က်တတ်ချေ. သီချင်းလဲမဆိုတတ်ပေ။
























ယခုအခါဘလော့များတွင် ဘလော့ဂါဓတ်ပုံများတင်လာသည်ကိုတွေ့ရသည်. ခင်ဦးမေသည်လည်းမိန်းကလေးဖြစ်သောကြောင့်တင်ချင်သည်. သို့သော်ညားလည်း သို့သော်လညားပင်. ကိုယ့်ဒေါသနင့်ကိုယ်သာဖြစ်သည်. ပြောလို့ပြောသည် မဟုတ်. ချစ်စရာကောင်းပါသည.် ။ကိုယ့ိုကိုကိုယ်တော့အမြဲလှသည်ထင်သည်. မလှတာတော့မတတ်နိုင်ချေ။





























ဘာတွေညာတွေ မဝယ်ခဲ့ဘူးလား ဆိုလျှင်တော့လည်းနိုင်သေလာက်တော့ဝယ်လာပါသည် ဆွမ်းဦးပုညရှင် စေတီနင့် ဥမင်သုံဆယ်မှ အဝေရာပုတီးစေ့ကလေးများနင့့်( တောင်ငူသားကတော့ ဘောစကိုင်းစေ့ဟုဆိုသည် ခင်ဥမေလည်းမသေချာပါ. ဆိုင်မှ ရှင်းပြသော်လည်းမမှတ်မိသောကြောင့်ရမ်းတုတ်လိုက်ခြင်း.ဖြစ်သည်) . )့လုပ်ထားသောလည်ဆွဲကလေးများ သော့ချိတ်ကလေးများ ပိုက်ဆံအိတ်ကလေးများဝယ်လာပြီးဘယ်သူ့မှ မပေးရက်ပေ ရန်ကုန်တွင်လည်းမထားရက်ခဲ့ချေ.



































ကိုယ်နစ်သက်သော့ပစ္စည်းကလေးများကို ကိုယ့်နားတွင်သာရှိစေလိုသည်. လွယ်ကူစွာဝယ်နိုင်သည်မဟုတ်.ရွေ့ ဂျန်တင်းမှ ဝယ်ထာသောအိတ်ကို အမျိုးပေးပြီးနမျောနေသလိုဖြစ်မှာဆိုသောကြောင့်ယခုဘယ်သူ့မှ မပေးချင်. ကိုယ့်ဘာသာကျေနပ်လေသည်။






















အန်မတန်ချစ်စရာကောင်းသည် သုံးသည်လည်းမဟုတ် ကြည့်ပီးကျေနပ်နေသည်လည်းမဟုတ်. ချောင်တစ်ချောင်ထဲတွင်ထိုးထည့်ထားပြီးငါ့မှာရှိသည်ဆိုကာ ကျေနပ်နေခြင်းဖြစ်သသည်။ အိတ်ကလေးများမှာလည်းချစ်စရာကောင်းလှသည် ဆွမ်းဦးပုညရှင်ဘက်တွင် ဈေးအနည်းကြီးေ၇ွ့ ဥမင်သု့းဆယ်ဘက်တွင် အနည်းငယ်သက်သာသည် သိတ်လည်းမဆစ်တော့ .. များလှသည်လည်းမဟုတ်ချေ. တစ်ထောင်နစ်ထောင်သုံ့းထောင်ကျပ်မျှသာဖြစ်လေသည်။























စစ်ကိုင်းကောင်းမှုတော်ဘုရားတွင်ဘုရားစောင်းတန်းတွင် သနပ်ခါး ဆိုင်တွင် အတော်ကြာသွားသည်. မိန်းကလေးဖြစ်ရာ သနပ်ခါးတုံးများကို မျက်စေ့မလွဲနိုင်ချေ. အနားတွင်ရစ်သီ ရစ်သီနင့်ဝယ်ရန်စဥင်္းစားသည်. သနပ်ခါးမှာ ထိုအစည်းတစ်စည်းလုံးကို မြန်မာငွေငါးထောင်ကျပ်ခန့်ဖြစ်ရာ တန်၏. ခက်သည်မှာ ရန်ကုန်ကို စစ်ကိုင်းမှ နေရွေ့မည်သို့သယ်ရမည်ကိုစဉ်းစားနေခြင်းဖြစ်သည်. နောက်ဆုံးဝယ်ချင်စိတ်ကပြင်းထန်လေရာ ဝယ်မမည်ဟုဆုံးဖြတ်၏.




























မန္တလေးသူတစ်ဦးက ကူညီသည်သူသည်လည်းဝယ်ချင်သည် နစ်စည်းယူလှင်ဈေးလျှော့ပေးသညဖင့်ချက်ချင်းအမျိုးစပ်လိုက်ကာ အတူတူယဝ်၏. သနပ်ခါးမှ အဖြူတုံး အဝါတုံးရှိသည်ကို သူပြောမှ သိရသည်. ခင်ဦးမေမှာ ညိုချောလေးဖြစ်ရာ အဝါတုံးနင့်သင့်လျော်သည်. အဖြူတုံးမှာအသားဖြူသူများအတွက်ဖြစ်သည်. သနပ်ခါးသည်ကကျောက်ပြင်တွင်သွေးပြသည်ဈ စိတ်ဝင်စားစရောကာ်းသည် ရပ်ကြည့်သူက ကြည့်ကာ Testing လုပ်သူကလုပ်သည်




























အခဲတုံးကလေးများလေးဝယ်သည် အမြစ်တုံးလေည်းဝယ်သည် ဘာမှ နားလည်သူည်မဟုတ် မန္တလေးသူဝယ်သည်ကို လိုက်ဝယ်ချင်းဖြစ်၏။






























အမြစ်တုံးဘာလုပ်ရမဆုံးဆိုလျင် ခြေလက်ကို လိမ်းလျှင် အညောင်းအညာပြေသည်ဆိုသည်. ယခင်က အမြစ်တုံးကလေးများမှာ လက်ဆောင်ပေးသည်ဆို၏. ယခုသော်ဝယ်ရသည် ဝယ်ရသော်လည်းတန်သေးသည် ငါးရာဘိုး သုံးခုလားမသိ. ဝယ်ချင်သည်မှာ အားကြီးဖြစ်သည်. မသယ်နိုင်မည်ကို စဉ်းစာရသေောကြာင်က နအနည်းငယ်သာဝဝ်ရသည် မိမိသဘောအရဆိုလျှင် အားရပါးရဝယ်လာကာ အားရပါးရဝေလိုက်မည်ဖြစ်သည်

























.

ယခုစိတ်ကူးပေါက်လျှင် ညဘက်တွက် ခါးခါးလိမ်းသည် . ရေချိုးခခါးမလိမ်းပြီး မောင့်ကိုပါးသွားထိုးပေး၏. မင်းအရင်က အဲသလိုမဟုတ်ပါဘူးဆိုလျှင်မကြားသယောင်နေ၏.


























ပုံများဘာပြုလို့ဝါးဝါးသွားသလဲမသိ ယမ်းလွန်းလို့ဖြစ်မည်.ယခုညစာလုံေးပါင်းများပိုမြှးသည် ပြင်ရန်စိတ်ကူးမရှိပါ. ဖောင့်စဉ်းစားပေမးည် ဆိုသောသူလည်းဘလာ့မေ၇းတော့ချေ. .လွမ်းရ၏။



























မမြင်ရသောသူများကို အလွမ်းတွေ သည်ရင်နင့်အမျှဖြစ်သည် မြင်ရသူကိုလည်းပျောက်သွားမှာ သစိုးကာ လွမ်းရပြန်သည်. လွမ်း.လွမ်းတတ်လွန်းသူဖြစ်၏.




























ထိုသနပ်ခါးတုံးမျာထည်းမှ တစ်တုံးကိုယူလာသည် . မသွေးရသေး. ပျင်းသောကြောင့်ဖြစ်သည် အခဲကို ရေဖျော်သွေးနေခြင်းဖြစ်သည်. ပျော်ပါသည်။ သနပ်ခါးသည်က သနပ်ခါးမျာိးကို အလင်းရောင်တွင် ဒိအတိုင်းထောင်ထားရန်ပြောပြီးသုံးခါနိးမှ ရေဆေးသုံးရန်သင်သော်လည်းဥစ္စာခြောက်တတ်သောခင်ဦးမေသည် အဝတ်ထုတ်ထဲတွင်ထည့်ထားခဲ့၏. မည်သို့နေမည်မသိချေ.။ နံသာဖြူလည်းပါသေးသည်. ကောက်ရိုးမီး again သည် သိမ်းထားဆဲဖြစ်သည် .ရန်ကုန်တွင်ဖြစ်၏. တစ်ခဲယူလာသည်. မေ့နေပြန်သည် လိမ်းရဦးမည်. အာဘွားလိုသော်အနားကပ်ပါ..............

33 comments:

  1. No.11111111 :))))

    GD
    I'll read the post later

    ReplyDelete
  2. :::(((((((((((( no one. threeeeeeeee

    ReplyDelete
  3. Arrrrrrrrrrrrr Bwarrrrrrrrrrrrrr:D
    Nothing left for kmsl......
    GD

    ReplyDelete
  4. ကိုအောင်(ပျူနိုင်ငံ)December 21, 2011 at 1:38 AM

    သြော် သူချစ်တာ သနပ်ခါးကိုး ...း)

    ReplyDelete
  5. သနပ်ခါးနဲ့ ဝေးနေတာတောင် ကြာပေါ့မမရယ်..

    ReplyDelete
  6. ပုတီးကုံးလေးတွေ အသည်းယားတာ...
    ခါးခါးလိမ်းပြီး မောင့်ကို ပါးထိုးပေးသည်...
    ဖြတ်ဖြတ် အဲဒီအခန်းကို ဖြတ်...
    အစက ဒီလိုမဟုတ်ပါဘူး :P

    ReplyDelete
  7. http://www.youtube.com/watch?v=qWYThgUAX-Y
    ဒီလိုလေးပေါ့လေ...


    စင်

    ReplyDelete
  8. http://www.youtube.com/watch?v=YBPZ8BhPHsk&feature=related

    ဒါမှ မဟုတ်.. ဂဠုန်လေးလား မမ.....


    ဆင်

    ReplyDelete
  9. ကောင်းမှုတော်ကိုရောက်တိုင်း တီတင့်လည်း
    ထောင့်ကဆိုင်မှာ လက်ဆောင်ပေးဖို့
    သနပ်ခါးအမြဲဝယ်တယ် KOM ရေ။
    ပုတီးစေ့လေးတွေလုပ်ထားတာကလည်း
    လက်ရာမြောက်တယ်နော်။ ဓာတ်ပုံတွေကောင်းတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  10. သနပ်ခါး အဝါမှာ ရွှေဘိုသနပ်ခါးဖြစ်ပါသည်။
    အဖြူမှာ ရှင်မတောင်ဖြစ်ပါသည်။ ရှင်မတောင်က ပိုမွှေးပါသည်။ သနပ်ခါးအတုများလည်း ရောရောင်းပါသည်။ အတုမှာ အခေါက်အပြားလိုက်ကွာကြသည်။ သွေးကြည့်တုန်း မွှေးအောင် အမွှေးရည်များစိမ်ထားလေသည်။
    သနပ်ခါး အမြစ်တုံးများလိမ်းပါက အသားလှ၏။ ညဘက် လိမ်းအိပ်လျှင် ပိုကောင်း၏။ ကလေးငယ်များကို လူကြီးက သနပ်ခါး ပါးစပ်ထဲသို့ ခွံ့ကြ၏။ အသားလှစေလိုသောကြောင့်ဖြစ်သည်။

    သနပ်ခါးတုံးကို စက္ကူဖြင့် လိပ်ပတ်ကာ သိမ်းထားလျှင် ဘယ်လောက် ကြာကြာမှိုမတက်ပါ။

    သူများသည် မန္တလေးနှင့် စစ်ကိုင်းကောင်းမှုတော်ရောက်တိုင်း သနပ်ခါးတုံးများ များများဝယ်၏။ ကိုယ်တိုင်လိမ်း သူများလည်း ပေး၏။

    သနပ်ခါး စပါယ်ရှယ်လစ်-ခရစ္စတလ် :P

    ReplyDelete
  11. အဲဒီအိတ်ကလေးတွေ လုပ်ထားတာ ဘောစကိုင်းပင်က ဘောစကိုင်းစေ့လေးတွေနဲ့ပါ။ ကျွန်တော်တို့ဖက်တော့ အဲလိုခေါ်တာပဲ။ အဝေရာပုတီးစေ့ဆိုတော့ အဝေရာပင်လို့ ခေါ်ကြသေးတာလား။

    ReplyDelete
  12. သနပ်ခါးတုံးလိုချင်ပါသည်
    ဘယ်ကိုဆက်သွယ်ရပါမည်လဲ?

    ReplyDelete
  13. မမကွန်းကြီး ... အခြားဘလော့ဂါချောချောတွေလို ဓါတ်ပုံတင်လေ၊ စာဖတ်ပရိတ်သတ်ကြီးက မမကွန်းဓါတ်ပုံကြည့်ပြီး ဟာကနဲ ဟင်ကနဲ ဖြစ်သွားအောင်လို.

    ReplyDelete
  14. သနပ်ခါးမလိမ်းမိတာ အတော်ကြာပြီ.။
    ပြန်ရင်လဲ မလိမ်းဖြစ်..။
    ဆောင်းတွင်းချည်းပြန်တာဆိုတော့ လိမ်းရင်အသားပတ်တယ်..။
    မျက်နှာ တင်းတယ်..။

    Xထုံ

    ReplyDelete
  15. သနပ်ခါး ဆိုရင် ဟိုး ငယ်ငယ် တုန်း က ဟင်းချက်နေရင်းတန်းလန်းက နေထလာ ပြီး ဟင်းစော်နံနေတဲ့ လက်နဲ့ မေမေ လိမ်းပေး တာကိုသတိရမိသည်။

    ReplyDelete
  16. သနပ်ခါးတွေ သဘောကျတယ်...အစ်မ ခဥမ။
    ဒါပေမယ့် အခုလို ဒီဇင်ဘာဆို အသားပတ်လို့ ရှောင်ရပြန်တယ်...။

    ReplyDelete
  17. မောင့်ကိုပါးထိုးပေးတော့မွှေးတယ်မပြောလားမမကွန်ရဲ့
    အဝေရာစိဆိုတာ ဘယ်လိုဟာပါလိမ့်
    မမကလဲရိုက်တာဝေးနေတယ်း(

    ReplyDelete
  18. ဣတ္ထိယနွယ်ဝင် အမျိုးသမီးတိုင်းတို့တွင် အလွန်နားလည်ရခက်သော ဗီဇပါအလေ့အကျင့်များရှိကြသည်ဟု ယူဆရ၏။ ၎င်းတို့မှာ ဘယ်သွားသွားဘယ်လာလာ အသုံးဝင်သော်ရှိ မဝင်သော်ရှိ တွေ့မြင်သမျှသော ပုတီးဆွဲကြိုးလက်ကောက် ဆံစည်းခေါင်းဖီးနားကပ် လက်စွပ်သော့ချိပ် တိုလီမုတ်စအကုန် “ဟယ်..ဟိုဥစ္စာလေး..ဟင်..ဒီဟာလေး” စသဖြင့် အာမေဋိတ်သံများပင်ထွက်မတတ် စိတ်မရှည်စရာကောင်းလောက်အောင် အကုန်သိမ်းကျုံးဝယ်တတ်ကြလေ၏။ တခြားသူတဦးတယောက်က ကြုံ၍ သူတို့ကိုအထူးအဆန်းဥစ္စာလေးများ လာရှိုးပြမိလျှင် “ဟင်းဟင်း.. ငါ့မှာ ဒါမျိုးတွေအပုံလိုက်အထုပ်လိုက် ဝယ်သိမ်းထားတာ သူ့ဟာထက်တောင်ပိုဆန်းသေး ထုတ်မသုံးချင်သေးလို့” ဟု ကြိတ်တွေးကြည်နူးပီတိရနိုင်ဖို့ ဤသို့ ပုရွက်ဆိတ်များ ဆောင်းတွင်းစာစုသလို ပြုမူကြသည်ဟု ကိုယ့်စိတ်ထဲ ကောက်ချက်ချမိဖူးသည်၊ အလွန်အန္တရာယ်ကြီးမားသော ဒိန်းဂျားဒိန်းဂျားအတွေးအခေါ်ဟု ခေါင်းတွင်းအသံမြည်သလိုရှိသောကြောင့် တခါမှတော့ ဖွင့်မပြောခဲ့ဘူးပါ။ ခုလိုဖွင့်ပြောနိုင်ခြင်းကြောင့် အွန်လိုင်းလောကကြီးမှာ ကျေးဇူးကြီးမားလှပေတကား။

    ReplyDelete
  19. သူတို့၏အိတ်တွေအကြောင်းပြောရမည်ဆိုလျှင် ဗာရာဏသီချီပေလိမ့်မည်၊ သူတို့၏ ကလို့ဇက် အဝတ်ဘီရိုထဲတို့တွင် အိတ်ပင်အိတ်ကိုင်း အိတ်ခရစ်စမတ်ပဒေသာတိုင် အိတ်ဥစ္စာစောင့်သိုက်ကဲ့သို့ အိတ်တကာအိတ်တွေနှင့် ပြည့်ကြပ်ညှပ်နေပြီးဖြစ်သော်လည်း အိတ်ဆိုသောအရာကိုမြင်လေတိုင်း အိနြေ္ဒမထိန်းနိုင် ထပ်ဝယ်ချင်ကြလေ၏။ အဲ့ဂလောက် အိတ်ပေါင်းစုံပေါများလှသည်ကြောင့် အမြဲတစေ အရေးပေါ်တိုင်း အိမ်သော့၊ ကားသော့ ရှာမရ လုံးချာပတ်နေသည်မှာ အံ့စရာမဟုတ်ဟု တခါက သူ့တို့ရှေ့တွင်ငြီးတွားမိသည်ကြောင့် နောက်ဆက်တွဲဖြစ်ပေါ်ရသည့်အကြောင်းများကိုကား ပြန်ဖော်မပြောလိုတော့ပြီ။ တခါတရံ သူတို့အချင်းချင်း စုံညီတွေ့ဆုံကြပြီး အိတ်ဒီပလိုမက်တစ်ကွန်ဗန်းရှင်းညီလာခံတောင် ကျင်းပတတ်ကြသေးသည်။ အလွန်ပညာသားပါ၍ သံခင်းတမန်ခင်းဆန်သော တွေ့ဆုံစည်းဝေးဖလှယ်ပွဲကြီးဖြစ်၏ ဆိုသည်ကိုကား ဘေးမှထိုင်ကြည့်ရုံနှင့် သဘောမပေါက်နိုင်၊ “အဲ့ဒီအိတ်က ဘယ်သွားရင်းဘယ်မှာတွေ့တုန်း ဝယ်လာရတာ အခု သူ့ကိုပေးချင်လွန်းလို့ လက်ဆောင်ပေးလိုက်တာ” (လျှော့ဈေးနဲ့ရ၊ ကိုယ်တိုင်သိပ်မကြိုက်) ဘေးမှကြိတ်၍ကြားသိသတိထားမိမှသာ အနည်းငယ်နားလည်နိုင်ပေ၏။

    ReplyDelete
  20. သင်သည် “မိန်းမတွေများ ဒီလောက်အိတ်တွေ မက်လှတာ၊ ငါလည်းအိတ်ကောင်းကောင်းတလုံးလောက် သူတို့ကိုဝယ်ပေးပြီးမျက်နှာရအောင်လုပ်အံ့” ဟူသည့် အလွန်မှားချော်သောအတွေး မဝင်မိပါလင့်၊ နဖူးတွေ့ကိုယ်တွေ့မို့ ယင်းသို့အကြံပေးရခြင်းဖြစ်၏။ ဟဲဟဲဟီး.. ဒို့ဝယ်လာတဲ့အိတ်၊ ဘယ်လိုလဲ သဘောကျရဲ့လား? အင်း.. အိတ်ကတော့လှပါရဲ့ သိုင်းကြိုးကို သိပ်သဘောမကျလှဘူး။ ကြိုးကိုမကြိုက်ရင် ကတ်ကျေးနဲ့ညှပ်ထုတ်လိုက်ပေါ့။ အဲ့ဒါဆို အင်္ဂါမစုံအိတ်ဖြစ်သွားမှာပေါ့။ ဟင်.. မင်းဝယ်လေ့ရှိတဲ့အိတ်တွေထဲမှာ တဝက်ကျော်လောက်က သိုင်းကြိုးတောင်ပါတာမဟုတ်ဘူး။ အိတ်မှာသိုင်းကြိုးပါရတဲ့အမျိုးအစား မပါရတဲ့အမျိုးအစားရှိတယ်ရှင့်။ (ချေပပြောရန်စကားရှာမရနိုင်တော့ပြီ သင့် IQ တွေအလွန်နိမ့်ကျသွားသလို ခံစားမိပေလိမ့်မည်) နောင်ခါ အိတ်မြင်တိုင်း &*(^#@ ဖြစ်နေလိမ့်မည်မလွဲ၊ ဤသို့ဤပုံရှိလေသတည်း။ ကွန်မန့်လည်းရှည်လှပြီ။ သူတို့၏ မိတ်ကပ်အလှကုန်အဝတ်အထည် လက်ချုပ်အပ်ချုပ် နေရောင်မကာသောလိုက်ကာပါတိတ်တွေ ဇာထိုးပန်းထိုး အိမ်တွင်းအသုံးမကျပစ္စည်းတွေအကြောင်းတော့ ဖွင့်ပြောမိလျှင် မိုးမီးလောင်ကုန်မည်စိုးသောကြောင့် တော်လောက်ပါပြီ။ ကျေးဇူးပါမကွမ်ရယ်။

    ReplyDelete
  21. သနပ်ခါးတုံးတွေ လိုချင်လိုက်တာ..
    အမြဲတမ်းလိမ်းတာတော့ မဟုတ်ပေမဲ့ လိုချင်စိတ်က ဖြစ်မိတယ်.. တွေ့ရင်လည်း ဝယ်ချင်တယ်. ဟုတ်ပ မိန်းမ သဘာဝဖြစ်မယ်နော်..
    အစ်မ ခင်ဦးမေက ကပ်စေးနည်းတာကိုး
    ကိုယ့်လှတပတ ပုံလေးကို သူများကိုလည်း ပြဦးမှပေါ့။
    ခုတော့ဖြင့် သိုသိပ်နိုင်လွန်းအားကြီးပါတယ်

    ReplyDelete
  22. သာမီးလဲ ညိုချောမို့ သနပ်ခါးဆို အ၀ါပဲကြိုက်တယ်...။

    ReplyDelete
  23. မမ သနပ်ခါး အဖွေးသားနဲ့ လှနေတယ်ပေါ့။ သနပ်ခါး အစစ် လိုချင်နေတာ။

    ReplyDelete
  24. armifa<; မောင်ရေူအးး
    ဟင်.... ကိုမောင်ယေးလာရေးသွားတယ်
    မှတ်နေတာ

    စင်စင်

    ReplyDelete
  25. မမကွန် အရေးအသားများမှာ အလယ်တန်း စကားပြေလက်ရွေးစင်ထဲက သိပ္ပံမောင်ဝ၏ ရေးပုံနှင့် တူ၏။ တို၏၊ တုတ်၏။ ဓါတ်ပုံများဖြင့် တင်ပြပုံ မှာကြည့်၍ပင် ကောင်းသေးတော့၏။

    ReplyDelete
  26. မမကွန် အရေးအသားများမှာ အလယ်တန်း စကားပြေလက်ရွေးစင်ထဲက သိပ္ပံမောင်ဝ၏ ရေးပုံနှင့် တူ၏။ တို၏၊ တုတ်၏။ ဓါတ်ပုံများဖြင့် တင်ပြပုံ မှာကြည့်၍ပင် ကောင်းသေးတော့၏။

    ReplyDelete
  27. အသဲကွဲသီချင်းတွေ နားထောင်ရအောင်လည်း အသဲက ကွဲမနေပြန်ဘူး။ ဖြစ်ညှစ်ပြီး ကွဲကြည့်တော့လည်း မချိမဆန့် ကြီး ရယ်ချင်ပက်ကျိနဲ့ ။ မဖစ်ပါဘူး မကွမ်းရယ်။ နားထောင်ချင်တာ နားထောင်လိုက်တယ် အဲ့လိုပဲလုပ်ချည်။

    အမြစ်တုံးတွေက ဘာလုပ်မှာတုန်း။

    ReplyDelete
  28. ဟုတ်ပါ့ မယ်pif ရယ် နင်တို့ရဲ့ချစ်မမကို နောက်ချင်မိလို့ ပေါက်ကရစိတ်ကူးတည့်ရာစာကြောရှည်မိ။ သူ့ကွန်မန့်ပုံး စာလုံးရေဘယ်လောက်ကန့်သတ်ထားမှန်းမသိ ရေးပြီးတင်မဆန့်၊ ဟိုဖြတ်ဒီဆက် မှန်းမိသလောက်အပုဒ်ခွဲစမ်းတင်ကြည့်။ Name/URLကွက်လပ်ထဲ armifa<; ဖြည့်ပေမဲ့ ပေါ်ချင်သလိုပေါ်။ ကဲ..ကျေနပ်ပါတော့နော် ပလိစ် အဆက်တ် မိုင် စင်စီးရား အပေါ်လော်ဂျီ ဒီးယား စစ္စတား pif xHk.. ခလေး.. ခလေးမှုံမှုံအော်ငိုခေါ်နေပြီဟိုမှာ။

    ReplyDelete
  29. နိုး ပေါ်ဘမ်.... (ဒါ စ လုံးသံနော်) ကိုမောင်ဝေး


်pifpif

    ReplyDelete
  30. သနပ်ခါးကို လွမ်းသွားတယ်

    ReplyDelete
  31. သနပ်ခါးတုံးတွေ လိုချင်လိုက်တာ.. အမြဲတမ်းလိမ်းတာတော့ မဟုတ်ပေမဲ့ လိုချင်စိတ်က ဖြစ်မိတယ်.. တွေ့ရင်လည်း ဝယ်ချင်တယ်. ဟုတ်ပ မိန်းမ သဘာဝဖြစ်မယ်နော်.. အစ်မ ခင်ဦးမေက ကပ်စေးနည်းတာကိုး ကိုယ့်လှတပတ ပုံလေးကို သူများကိုလည်း ပြဦးမှပေါ့။ ခုတော့ဖြင့် သိုသိပ်နိုင်လွန်းအားကြီးပါတယ်

    ReplyDelete