Saturday, December 31, 2011

ခေါက်ဆွဲ ပန်းသီး.























pwj နင်သိတ်ဆိုးတယ်။ လွန်ခဲ့တဲ့နစ်နစ်ကတည်းကလိုချင်တာ သွားဝယ်တုံးက မရောက်သေးတာနဲ့ ဆမ်ဆောင်းနဲ့တွေ့သွားတယ။် ကန်ထရိုက်နဲ့ဆိုတော့လည်းနစ်နစ်ပြည့်အောင်တော့လဲကိုင်ဦးမှ ဆိုပြီးကိုင်ရတာဘဲ ဆမ်ဆောင်းလဲအလွတ်ဝယ်မယ်ဆိုရင် အဲဒီတုံးကစလုံး ရှစ်ရာလောက်ရှီတာဘဲ မကိုင်ရဲမတွယ်ရဲ. ဘယ်ခလုပ်မနိပ်ရဲ မြန်မာစာဖောင့်မသွင်းတတ်. အတော်ခက်တာဘဲ။




























လက်စားချေလိုက်တယ်။ ပျောက်သွားမှာစိုးလို့ စမ်းကြည့်နေတယာ။် ဂျုလိုင်ကို သတိရရင်းနဲ့..။ တယုတယနဲ့ သိန်းပေါင်းများစွာတန်တဲ့ ပစ္စည်းကြီးဆိုတော့.. ယုယရတယ်။






























မှန်ရာကိုဝန်ံရရင် ဒါတ်ပုံရိုက်ချင်တဲ့စိတ်က စားချင်တဲ့စိတ်ထက်ပိုများတယ။် ပီဇာစားမယ်ရာကနေ စိတ်ပြောင်းသွားတယ်။



































ကျန်တာကတော့အဆင်ပြေသလိုဆက်ရေးလိုက်တော့.






Friday, December 30, 2011

pizza


























စိတ်ညစ်ပြီး အလုပ်များ. ( stress ).များနေရင် ဘလော့ရေးလို့မရပါလား..။






















































































Monday, December 26, 2011

သိမ်

ပင်ပန်းခြင်းသည် တိတ်ဆိတ်မှုကိုဖြစ်စေ၏. .လွမ်းမောမှုသည် ငြိမ်သက်ခြင်းကိုဖြစ်စေသည်။




















Friday, December 23, 2011

ပြည်ကျောင်းတိုက် မန္တလေး (8)





















အမရပူရ/ တံခွန်တိုင်..... ပြည်ကျောင်းတိုက် ဘယ်လိုသွားရမလဲဆိုလျှင် .....................ခြာလည်ရိုက်သွားပြန်သည်
စစ်ကိုင်းကားကို ဘုရားကြီးအနားအထိစီးပြီကာမှ နောက်ပြန်လှည့်ကာ ဆိုင်ကယ်တစ်စီးပေါ်တက်သွားပြန်သည်.

သည်ဆိုင်ကယ်ကတော့ ထိုင်ရသည်မှာသိတ်အဆင်မပြေချေ. အားနာတတ်သူမို့ ကျိတ်မှိတ်ကာစီးသည်.





















အမျိုးကမှာလိုက်သောကြောင့်ဝထ္ထုသွားကပ်ရခြင်းဖြစ်သည်. မများသော amount ဖြစ်သော်လည်းစိတ်ချမ်းသာစေချင်သောကြောင့်သွားပေးခြင်းဖြစ်သည်.။






















ထိုကျောင်းတိုက်မှာဇတ်ကြောင်းသိတ်မသိသောကြောင့် သိတ်တော့မပြောပြနိုင်.. အမျိုးကိုပြန်မေးပြီးလျှင်တော့ update ထည့်မည်။ ယခုညတော့မိုးချုပ်သွားပီဖြစ်သည်


အကြမ်းအားဖြင့်ဆိုလျှင်တော့နစ်ပေါင်း ရာကျော်ပြီဖြစ်သည်. ရုပ်တုများမှာ သစ်ကို အလုံးလိုက်ထွှုင်းက ပန်းပုထုထားခြင်းဖြစ်သည်ဟုဆိုသည်။ ကြည့်ရသည်မှာအသက်ဝင်လွန်းသည်. တစ်ကျောင်းလုံး ကျွန်းဖြင့်ဆောက်ထားခြင်းဖြစ်သည်. သံမသုံးသလောက်ဘဲ အဆက်များကို သပ်ရိုက်ရွေ့ ဆောက်ထားခြင်းဖြစ်သည်။
ဟိုယခင်က ကျောုင်းအောက်ကိုသံပန်းများမကာထားချေ.





















နစ်ပေါင်းများစွာက တစ်ခေါက်ရောက်ဘူးသည်. မောင်နင့်လာခြင်းဖြစ်သည်. မောင်သည်လည်း ထိုကျောင်းကို မန္တလေးရောက်လျှင်ဝင်လေ့ရှိသည်.



















မောင် ငယ်စဉ်က ထိုကျောင်းတွင် မောင်ကျောင်းသားလုပ်သည်ဟုဆိုသည်.သို့မို့ကြောင့်ဘုန်းကြီးများနင့် အချိုးကျသည်. ခင်သည် ဘုန်းကြီးများနင့် အခက်တွေ့သည်. စကားပြောလျင်မည်သို့ပြောရမည်မသိ တပည့်တော် . ဦးဇင်း.....ချာလပတ်လည်က ဘုရားစူး ဗုဒဘာသာဖြစ်လေသည်။
ဘုန်းကြီးကိုကပ်ရာ မည်သို့ကပ်ရမည်ကိုမသိချေ. ဘုန်းကြီးက သင်ပေးရလေသည်. ဘဝတွင်ပထမဆုံးအကြီမ် ကိုယ်တိုင်ကပ်ဘုးခြင်းဖြစ်သည်. ဘုန်းကြီးစာချပေးကာ လိုက်ဆိုရသည်ကိုလည်း မဆိုတတ်ချေ.ဝါးချလိုက်လေသည် အနည်းငယ်တော့စိတ်မကောင်ဖြစ်ရသည် ဒီလောက်ကြီးတော့မဖြစ်သင့်ဘူးဟုလို့တော့ အနည်းငယ်နောင်တရလေသည်.

အိမ်တွင်နေစဉ်က မိဘများက သာ ကပ်လေသည် အစ်မများကသာ တရားနာကြလေသည်. ။




































များသောအားဖြင့်အာရုံဆွမ်းဖြစ်ကာ ခင်ဦးမေသည် မည်သည့်အခါမျှ အိပ်ရာမှ မထချေ. တရားနာရမည်ဆိုလျင်ယောင်လည်ယေယင်လည်နင့် ရှောင်နေ၏. ပြီးလောက်မှပြန်လာသည်။
ရိုက်တုံးကတော့အမျိုးကိုပြရန်ရိုက်ခြင်းဖြစ်သည်. ကိုယ်တိုင်မလာနိုင်သူမို့ အလွမ်းပြေစေရန် ရိုက်ပေးခြင်း ဖြစ်သည်.မပြခဲ့ရ....





















...ရိုက်ပြီးကွန်ပြူတာထဲသို့ဒေါင်းလုပ်လုပ်ခြင်း.ယြူ့ပခြင်းတို့ကိုမလုပ်ဖြစ်ချေ. ကိုယ့်ဘာသာကိုယ်သာ ကိုယ်ပျော်ရွင်မှုကိုဦးစားပေးနေသောကြောင့်မပြရသေးချေ.ဘလော့လည်းဖတ်မည်မဟုတ်ရာ နောက်တစ်ခေါက်မှ ပြရချေတော့မည်.

ဘုရားများမှာသပ္ပွါယ်လှသည် . သရုပ်မဖော်တတ်.ကြည်ညိုစရာတော့ကောင်းလှသည် ဘုရားတရားနင့်မနီးစပ်သော ခင်ဥမေသည်ပင် ဘုန်းကြီးကိုကြည့်ပြီးကြည်ညိုသည်က တစ်ကြောင်း ရိုးသားသောကျောင်းတိုက်ကိုကြည့်ပြီး သဘောကျသောကြောင့်လည်းကောင်း အမိုး.မိုး.ယိုနေသည်တစ်ကြောင်း. မိမိကိုယ်တိုင်ထပ်လှူဖြစ်လေသည်.တတ်နိုင်သမျဖြစ်ပါသည်.။


သမိုင်းနင့်လည်းဝေးသောသူသည်.သရုပ်မဖော်တတ်ပါ သဘောကျသည်သာရှီလေသည် မြန်မာအမွေအနစ်များကို ဂုဏ်ယူမိလေသည်။
ထို့ကြောင့်လည်းအမျိုးက အတင်းလွတ်လိုက်ပုံရသည်. မောင်ကျောင်းသားများကိုလည်းမြင်ရလေသည်. . .



Wednesday, December 21, 2011

သနပ်ခါး























အများသူငါအိပ်ချိန်တွင် တစ်ကုပ်ကုပ်နင့် ရေးနေသူမှာခင်ဦးမေဖြစ်သည် စိုင်းထီးဆိုင်၏ ရေဒီယိုကမာရွတ်ကို favorite ထဲထည့်ထားသောလည်းနားထောင်နိုင်သော အသည်းနလုံးမရှီသောကြောင့် ကျော်ကျော်ချသွားရသည်. /akon ၏ angel ကိုသာ လှည့်ပါတ်နားထောငနေသည်. သီချင်းများနင့်လည်းဝေးလှသည် မခံစားတတ်တတ်နားမထောင်တတ်. မကြို့်က်တတ်ချေ. သီချင်းလဲမဆိုတတ်ပေ။
























ယခုအခါဘလော့များတွင် ဘလော့ဂါဓတ်ပုံများတင်လာသည်ကိုတွေ့ရသည်. ခင်ဦးမေသည်လည်းမိန်းကလေးဖြစ်သောကြောင့်တင်ချင်သည်. သို့သော်ညားလည်း သို့သော်လညားပင်. ကိုယ့်ဒေါသနင့်ကိုယ်သာဖြစ်သည်. ပြောလို့ပြောသည် မဟုတ်. ချစ်စရာကောင်းပါသည.် ။ကိုယ့ိုကိုကိုယ်တော့အမြဲလှသည်ထင်သည်. မလှတာတော့မတတ်နိုင်ချေ။





























ဘာတွေညာတွေ မဝယ်ခဲ့ဘူးလား ဆိုလျှင်တော့လည်းနိုင်သေလာက်တော့ဝယ်လာပါသည် ဆွမ်းဦးပုညရှင် စေတီနင့် ဥမင်သုံဆယ်မှ အဝေရာပုတီးစေ့ကလေးများနင့့်( တောင်ငူသားကတော့ ဘောစကိုင်းစေ့ဟုဆိုသည် ခင်ဥမေလည်းမသေချာပါ. ဆိုင်မှ ရှင်းပြသော်လည်းမမှတ်မိသောကြောင့်ရမ်းတုတ်လိုက်ခြင်း.ဖြစ်သည်) . )့လုပ်ထားသောလည်ဆွဲကလေးများ သော့ချိတ်ကလေးများ ပိုက်ဆံအိတ်ကလေးများဝယ်လာပြီးဘယ်သူ့မှ မပေးရက်ပေ ရန်ကုန်တွင်လည်းမထားရက်ခဲ့ချေ.



































ကိုယ်နစ်သက်သော့ပစ္စည်းကလေးများကို ကိုယ့်နားတွင်သာရှိစေလိုသည်. လွယ်ကူစွာဝယ်နိုင်သည်မဟုတ်.ရွေ့ ဂျန်တင်းမှ ဝယ်ထာသောအိတ်ကို အမျိုးပေးပြီးနမျောနေသလိုဖြစ်မှာဆိုသောကြောင့်ယခုဘယ်သူ့မှ မပေးချင်. ကိုယ့်ဘာသာကျေနပ်လေသည်။






















အန်မတန်ချစ်စရာကောင်းသည် သုံးသည်လည်းမဟုတ် ကြည့်ပီးကျေနပ်နေသည်လည်းမဟုတ်. ချောင်တစ်ချောင်ထဲတွင်ထိုးထည့်ထားပြီးငါ့မှာရှိသည်ဆိုကာ ကျေနပ်နေခြင်းဖြစ်သသည်။ အိတ်ကလေးများမှာလည်းချစ်စရာကောင်းလှသည် ဆွမ်းဦးပုညရှင်ဘက်တွင် ဈေးအနည်းကြီးေ၇ွ့ ဥမင်သု့းဆယ်ဘက်တွင် အနည်းငယ်သက်သာသည် သိတ်လည်းမဆစ်တော့ .. များလှသည်လည်းမဟုတ်ချေ. တစ်ထောင်နစ်ထောင်သုံ့းထောင်ကျပ်မျှသာဖြစ်လေသည်။























စစ်ကိုင်းကောင်းမှုတော်ဘုရားတွင်ဘုရားစောင်းတန်းတွင် သနပ်ခါး ဆိုင်တွင် အတော်ကြာသွားသည်. မိန်းကလေးဖြစ်ရာ သနပ်ခါးတုံးများကို မျက်စေ့မလွဲနိုင်ချေ. အနားတွင်ရစ်သီ ရစ်သီနင့်ဝယ်ရန်စဥင်္းစားသည်. သနပ်ခါးမှာ ထိုအစည်းတစ်စည်းလုံးကို မြန်မာငွေငါးထောင်ကျပ်ခန့်ဖြစ်ရာ တန်၏. ခက်သည်မှာ ရန်ကုန်ကို စစ်ကိုင်းမှ နေရွေ့မည်သို့သယ်ရမည်ကိုစဉ်းစားနေခြင်းဖြစ်သည်. နောက်ဆုံးဝယ်ချင်စိတ်ကပြင်းထန်လေရာ ဝယ်မမည်ဟုဆုံးဖြတ်၏.




























မန္တလေးသူတစ်ဦးက ကူညီသည်သူသည်လည်းဝယ်ချင်သည် နစ်စည်းယူလှင်ဈေးလျှော့ပေးသညဖင့်ချက်ချင်းအမျိုးစပ်လိုက်ကာ အတူတူယဝ်၏. သနပ်ခါးမှ အဖြူတုံး အဝါတုံးရှိသည်ကို သူပြောမှ သိရသည်. ခင်ဦးမေမှာ ညိုချောလေးဖြစ်ရာ အဝါတုံးနင့်သင့်လျော်သည်. အဖြူတုံးမှာအသားဖြူသူများအတွက်ဖြစ်သည်. သနပ်ခါးသည်ကကျောက်ပြင်တွင်သွေးပြသည်ဈ စိတ်ဝင်စားစရောကာ်းသည် ရပ်ကြည့်သူက ကြည့်ကာ Testing လုပ်သူကလုပ်သည်




























အခဲတုံးကလေးများလေးဝယ်သည် အမြစ်တုံးလေည်းဝယ်သည် ဘာမှ နားလည်သူည်မဟုတ် မန္တလေးသူဝယ်သည်ကို လိုက်ဝယ်ချင်းဖြစ်၏။






























အမြစ်တုံးဘာလုပ်ရမဆုံးဆိုလျင် ခြေလက်ကို လိမ်းလျှင် အညောင်းအညာပြေသည်ဆိုသည်. ယခင်က အမြစ်တုံးကလေးများမှာ လက်ဆောင်ပေးသည်ဆို၏. ယခုသော်ဝယ်ရသည် ဝယ်ရသော်လည်းတန်သေးသည် ငါးရာဘိုး သုံးခုလားမသိ. ဝယ်ချင်သည်မှာ အားကြီးဖြစ်သည်. မသယ်နိုင်မည်ကို စဉ်းစာရသေောကြာင်က နအနည်းငယ်သာဝဝ်ရသည် မိမိသဘောအရဆိုလျှင် အားရပါးရဝယ်လာကာ အားရပါးရဝေလိုက်မည်ဖြစ်သည်

























.

ယခုစိတ်ကူးပေါက်လျှင် ညဘက်တွက် ခါးခါးလိမ်းသည် . ရေချိုးခခါးမလိမ်းပြီး မောင့်ကိုပါးသွားထိုးပေး၏. မင်းအရင်က အဲသလိုမဟုတ်ပါဘူးဆိုလျှင်မကြားသယောင်နေ၏.


























ပုံများဘာပြုလို့ဝါးဝါးသွားသလဲမသိ ယမ်းလွန်းလို့ဖြစ်မည်.ယခုညစာလုံေးပါင်းများပိုမြှးသည် ပြင်ရန်စိတ်ကူးမရှိပါ. ဖောင့်စဉ်းစားပေမးည် ဆိုသောသူလည်းဘလာ့မေ၇းတော့ချေ. .လွမ်းရ၏။



























မမြင်ရသောသူများကို အလွမ်းတွေ သည်ရင်နင့်အမျှဖြစ်သည် မြင်ရသူကိုလည်းပျောက်သွားမှာ သစိုးကာ လွမ်းရပြန်သည်. လွမ်း.လွမ်းတတ်လွန်းသူဖြစ်၏.




























ထိုသနပ်ခါးတုံးမျာထည်းမှ တစ်တုံးကိုယူလာသည် . မသွေးရသေး. ပျင်းသောကြောင့်ဖြစ်သည် အခဲကို ရေဖျော်သွေးနေခြင်းဖြစ်သည်. ပျော်ပါသည်။ သနပ်ခါးသည်က သနပ်ခါးမျာိးကို အလင်းရောင်တွင် ဒိအတိုင်းထောင်ထားရန်ပြောပြီးသုံးခါနိးမှ ရေဆေးသုံးရန်သင်သော်လည်းဥစ္စာခြောက်တတ်သောခင်ဦးမေသည် အဝတ်ထုတ်ထဲတွင်ထည့်ထားခဲ့၏. မည်သို့နေမည်မသိချေ.။ နံသာဖြူလည်းပါသေးသည်. ကောက်ရိုးမီး again သည် သိမ်းထားဆဲဖြစ်သည် .ရန်ကုန်တွင်ဖြစ်၏. တစ်ခဲယူလာသည်. မေ့နေပြန်သည် လိမ်းရဦးမည်. အာဘွားလိုသော်အနားကပ်ပါ..............

Tuesday, December 20, 2011

ကောင်းမှူတော်ဘုရားကြီး

Google Earth ဝါသနာပါလို့နိပ်ကြည့်ရင် အခုရက်ပိုင်းထဲမှာရွေတိဂုံဘုရားကို သေချာဖူးရမယ်။ 3 D လားအောက်မေ့ရတယ် ဘုရားပေါ်ကိုယ်တိုင်ရောက်သွားသလိုမျိုးဘဲ. အခုလိုမျိုးဘဲ .။ အကြီးကြီးဘဲ. ရှုခင်းတွေ က အားရပါးရဘဲ. ဆွဲကြည့်လို့လဲရတယ်။ အံသြဘွယ်ဘဲ လောကဓါတ်ပညာတွေကလည်း.



























ဒီဓါတ်ပုံတွေ ကတော့ဆွဲမကြည့်နဲ့ 3 D မဖြစ်ဘူး။
ကိုယ့်ဘာသာတောင်ယောင်ပြီးဆွဲကြည့်နေမိသေးတယ်။






































































































































































































































































































































































ဘာဘဲပြောပြော ရောက်ဘူးသွားတာပေါ့. ငယ်တုံးကရောက်ခဲ့ပေမဲ့ အခုလို ကိုယ့် မျက်စေ့ နဲ့ပြန်မြင်ခွင့်ဖူးခွင့်ရတာဝမ်းသာပါတယ်။