Thursday, October 30, 2008

MayMoe Maung


http://maymoe.blogspot.com/





kom: happy birthday မေမ;ို's :lol: မောင်။
30 Oct 08, 00:00






Happy birthday candles.jpg

|

ဒီနေ့ က မေမိုးရဲ့ အချစ်ဆုံးမောင် မွေးနေ့။ မေမိုးကို ချစ်လို့ မေမိုးမောင် ကိုလည်း ချစ်ခင် စွာဖြင့် မွေးနေ့မှာ ချမ်းမြေ့ပါစေ။ မေမိုးနှင့် ကျန်းမာ ချမ်းသာ သက်ရှည်စွာ အိုအောင်မင်းအောင် ပေါင်းဖက် နိုင်စေရန် ဆုမွန်တောင်းလိုက်ပါသည်။


(ကိတ်မုန့် က အစ်မ ကိုယ်တိုင်သွားဝယ။်မီးထွန်းပြီး ဓါတ်ပုံရိုက်ပြီးမှ ပြန်တင်ထားတာ။ )

Wednesday, October 29, 2008

Long time ago bus

ကြာခဲ့ပါပြီ။ လွမ်းစရာပေါ့။ ကျောင်းတက်တော့ လသာ ၂။ .မြို့ထဲ ကနေ လာတော့ မှတ်မိသလောက် နပါတ် ၄ ကားလား မသိဘူး။ အမြင့်ကြီးတွေ လေးဖက် ထောက်ြီ့ပီး တက်ရတယ်။ နောက်က တယောက်က တွန်းပေးရတယ်။ ဒါမှ မဟုတ် ရှေ့ ကတစ်ယောက်က ဆွဲ တင်ရတယ်။

ဘတစ်ကားရှိုးရိုး တွေလဲ ရှိတယ်။ မှတ်မိသေးတယ်။ ဘရိတ်တွေ လေတွေ ဆီတွေ သိတ်ရယ်ရတယ်။ ကားပေါ်တက်မယ် လုပ်တုံး ခါးပိုက် နှိုက်ခံရဘူး သေးတယ် ။အဲဒီ တုံးက ကလေး သာသာရယ် ဘာ ကို များမျက်စိကျပြီး ကလေးပိုက်ဆံ့အိတ်ကို နှီူက် ရသလဲ မသိ။ ကိုယ် က သတ်တိကောင်း။ ချက်ချင်းသိ. ချက်ချင်း ပြန်တောင်းတယ် ခင်ဗျား။ အဲဒိ အိတ် ကို ဒါ ကျွန်တော့အိတ် ပြန်ပေးပါ ဆိုတော့ ဟိုလူ က ပြန်ပေးသွားသဗျာ။

နောက်ပိုင်းတော့ ကျောင်းကားစီးတယ်။

(http://maungmaungmfs.blogspot.com/2008/10/blog-post_2455.html ကိုဖတ်ပြီးသတိရသွားတာနဲ့။)

Monday, October 27, 2008

I call back telephone card

သိသူတွေ ရှိသလို မသိသူတွေလည်း ရှိနိုင် သေး တာကြောင့် ရေးမိပါတယ်။ I call back tel card လို့ ခေါ်ပါတယ်။ similar ကဒ်တွေလည်း ရှိပါတယ်။ထုံးစံ အတိုင်း ပင်နီစူလာ မှာ ဝယ်လို့ရပါတယ်။ ကိုယ်သုံးနေတဲ့ ကဒ်မို့လို့ သု့ အကြောင်းဘဲ ရေးပါ့မယ်။ ကိုယ်တို့ရဲ့ စလုံး လိုင်း တယ် လီဖုံး က အဝင် မှာ free call မို့လို့ ပိုက် ဆံ မပေးရပေမဲ့ အထွက်မှာတော့ တစ်မိနစ်ကို ၁၀ ပြားကနေ ပြား ၂၀ ဝန်းကျင် ကျသင့်လေ့ ရှိပါတယ်။

မိန်းကလေး ဆိုတာ ဖုံးမှားရင် နာရီဝက်။ မှန်ရင် တနာရီပြောတတ်လေ့ ရှိပါတယ်။ အဲဒီတော့ ကာ မှားဝင်တဲ့ဖုံး ကိုတောင် မှားနေ ပါတယ် ရှင် ကစပြီးလေ များတာ နာရီဝက် ကြာနိုင်တဲ့ သာဓကာတွေ ရှိ တဲ့ အခါ အတော်လေး bill ထိ ခိုက် နိုင်ပါတယ်။ လက်ရှိကို ချာတိတ်မ တစ်ယောက် က အစ်မရယ် သမီးလေ။ စလုံး ၂၀၀ တယ်လီဖုံးဘီလ် ပေးရမယ် ။ သမီးတော့ ဒီလောက်လဲ ပြောမိတယ် မထင်ပါဘူးလို့ ဆိုပါတယ်။ ဒါတွေ က ရိုးနေပါပြီ။


သူ I call back card က တစ်မိနစ် ကို ငါးပြာအောက်ကျသင့်ပါတယ်။
၁။ စလုံ့း ငါးကျပ်ဖိုး ဖြစ်စေ. / တဆယ် ဘိုး ဖြစ်စေ ကဒ် ပြား တခု ဝယ်လို့ရပါတယ်။
၂။ ပြီးရင် ပေးထားတဲ့ နံပါတ် တစ်ခု ကို နှိပ်ပြီး register လုပ်ရပါတယ်။
၃။ ပြီးရင် တော့ သူပေးထားတဲ့ နံပါတ် တခု ကို ဆက်ပြီး ရင် လိုင်း က အော်တို မက်တစ် ပြတ် သွားပါတယ်။
၎။ ပြီးရင် ဖုံး ပြန်မြည် လာ ပါလိမ့်မယ်။ မလည်ပတ်သေးရင်တော့လဲ ဟယ်လို လို့ ထူးလို့ရပါသေးတယ်။ အမှန် ကစက် ကပြန် ခေါ်တာပါ။ ကိုယ့်ရဲ့ ဟယ်လို ကို သူ မသိပါဘူး။

၅။ အဲဒီ အခါ မှာ စက် ကပြောပါလိမ့်မယ်. သင်ခေါ်ဆိုလိုသော နံပါတ် ကို နှိပ်ပါ ဆိုပြီ။
၆။ ပြီးရင် ပြောလို့ ရပါပြီ။ အကြမ်းဖြင့် တမိနစ် ကို ငါးပြားအောက် ကျသင့်ပါလိမ့်မယ်။ အရေ မရ အဖတ် မရပြောချင် တဲ့ အခါ သုံ့းသင့်ပါတယ်။
၇။ တစ်ခါ ခေါ်ပြီးရင်တော့စက် က နံပါတ် တစ်ခု ကို ကို ပြန်ပို့ပါလိမ့်မယ်. စော စော က သင်ဆက်ခဲ့သော နံပါတ် အတွက် ကျွှန်နပ် တို့စက် မှ နံပါတ် တခုပေ့းပါသည်။နောင်တွင် ယင်းနံပါတ် ကို တိုက်၇ိုက် နှိပ်နိုင်သည် လို့ဆိုပါတယ်။

၈။ ကိုယ်တို့ရဲ့ တယ်လီဖုံးလိုင်း ကတော့ အဝင် ဖရီး ဖြစ်ဘို့ လိုအပ်ပါတယ်။ ဆိုလိုတာ က လိုင်းရှိပြီးသား post paid line မှ သာလျှင် သုံးလို့ ရပါတယ်။
၉။ Local call အတွက် အတော်လေး အသုံးဝင်ပါတယ်။ အကြမ်းဖျင်း ၅ မိနစ် အထက် ပြောရင် သုံးသင့်ပါပြီ။

Sunday, October 26, 2008

Long time ago

အမ်းတောင်ကြား

အမ်းတောင်ကြား ကို တာဝန်နဲ့ပြောင်းရမယ် ဆိုတော့ ဘယ်လို သွားရမလဲ လို့ ရုံးချူပ် ကို သွားမေးပါတယ်။ သူတို့လဲ မသိဘူး။ ကိုယ့်ဘာ သာ ကိုယ် သာ မေးမြန်းပြီး သွားလို့ ဆိုပါတယ်။ အဲဒါ နဲ့ ဟိုလှည့်ဒီလှည့် ရက် အတန်ကြာ ဖြုံ့န်းပြီးတဲ့ သကာ လ နည်း လမ်း အနည်း ငယ် တော့ သိလာပါပြီ။

နောက်ဆုံး ၁၀ မိုင် က ကားဂိတ် ကို အစ်မနဲ့ သူ့ အမျိုးသား က လိုက်ပို့ ကြပါတယ်။ မကွေးကား ကို စီးရပါတယ်။ ညနေ စောင်းဘဲ။ ကိုယ် ကတော့ ရောက် လေ ရာ အရပ် မှာ ပျော်တာ ဆိုတော့ အေးအေး ဆေး ဆေး ပါဘဲ။ တစ်ယောက် ထဲဘဲ။ Kmsl က စလုံး မှာ အလုပ် လုပ် နေပါပြီ။ ညဘက် ကားကြီး ကထွက် လာ အေးအေးဆေးဆေး လမ်းမှာ စားလိုက် သောက် လိုက် နဲ့ဘဲ မနက်ဘဲ မကွေး ကို ရောက်ပါတယ်။ နနက် ၄ နာရီလောက် မကွေး ရောက် တာ မှာ တော့ နဲနဲ ပြာ သွားပါတယ်။ အဲဒါလည်း ရပါသေးတယ်။

မကွေး ကားဂိတ် ကနေ မင်းဘူး ကို ကူးဘို့ မော်တော်ဘုတ် စက် လှေ ဆိပ် ကို ဆိုက်ကားနဲ့ သွားပါတယ်။ မကွေးမြို့ ကလည်း အသင့် အတင့်စီပါတယ်။ ကိုယ်တို့ ရန်ကုန်သူ မျက် စိနဲ့ပေါ့လေ။ ကဲ မော်တော်ဘုတ် စီးပါပြီ။ မြစ် ကြီး ကို ဖြတ်လို့ နဲနဲ တော့ အသည်းယား လာပါပြီ။ ကိုယ် ရေမကူးတတ်ဘူး။ ငယ်စဉ် ကာ လ က ချောင်းထဲမှာ ခွေး ကူး ကူးခဲ့ တာ လည်း ကြာလှပြီ။ ကူးတတ် တော့မယ် မထင်ဘူး။

မင်းဘူးရောက်တော့ ဘာလုပ် ရမလဲ မသိ။ ဟိုယောင် ယောင်ဒီယောင် နဲ့ ။။ အဲဒီ မှာ ကိုယ်တို့ရဲ့ မြန်မာ လူမျိုး များ က ထုံးစံ အတိုင်း ကူညီချင်ပါပြီ။ ကဲ သူတို့ အိမ် ကို ခဏ လိုက်ခဲ့ပါ။ ရေမိုးချိုးပါ။ အနားယူ ပါ ဆိုပြီး ခေါ် ပါတယ်။ ရိုးသားပုံ ရတာ မို့လို့ နဲနဲ ကြောက်ပေမဲ့ လိုက် သွားပါတယ်။ တကယ် ရိုးသားပါတယ်။ သူတို့အိမ် ခြေတံ ရှည် မှာ အနားယူခိုင်းပါတယ်။ အမ်းတောင်ကြား ကို သွားမဲ့ ကား က ညနေ မှ ထွက် မှာ မို့လို့ သူတို့အိမ် မှာဘဲ ရေချိုးခိုင်းပြီး ထမင်း ကျွေးပါတယ်။ ရေ ကလည်း ရှားပါ့။ တကယ့် ကို ပုံးကလေးနဲ့ နဲနဲ ဘဲ ရှိတာပါ။ အဲဒါလေး ကို မနည်း ချွှေတာ ပြီး သုံ့းထမင်းလဲ အားနာ စွာ နဲ့ စား။

ကိုယ်လဲ သတ်တိ က နဲနဲ တော့ပျယ် လာပါပြီ။ တယောက်ထဲ ထမင်း ထွက် စားဘှို ထမင်းဆိုင်တို့ တည်း ခိုခန်းတှို ကို ရှာ ဘှို့ နဲနဲ တွန့်နေပါပြီ။ မင်းဘူး က ကိုယ်တို့ရုံးခွဲ ကို သွားကြည့်တော့လည်း ကိုယ့်မိတ်ဆွေ က ရန်ကုန် ပြန် လို့ မရှိ တဲ့ အချိန်ဖြစ်နေပါတယ်။
ညနေစောင်းတော့ တခါ အမ်းကားဂိတ် ကို သွားကြည့်တောကလည်း ကား ကထွက် မဲ့ အရိပ် အယောင် မရှိပါဘူး။ မိုးချူပ်မယ် လို့ဆိုပါတယ။် ဘာဖြစ်လို့ မိုးချူပ် မှ ထွက် တာလဲ ဆိုတော့ တနေ့လုံး ပစည်း လိုက်ကောက် ရတာ တစ်ကြောင်း တောင်တက် လမ်းမို့လို့ ကားက ဖြည်းဖြည်းဘဲ တက်နိုင်လို့ အင်ဂျင်တွေ သိတ်ပူ လို့ အေးတဲ့ ညဘက် ကို တက် ရတာ လို့ဆိုပါတယ်။

ကဲ ကား ဆိုလို့ ကြည့်ကြစှို့။ ဘာ ကားလဲ ဆိုတော့ ဆယ်တန် ကုန်တင်ကားပါး ခရီးသည် တင် ကားမတွေ့မိဘူး။ အဲဒီမှာ နောက် ခန်း မှာ ကုန်တွေ နဲ့ ခရီးသည် များလိုက်ပါ။ ဒရိုင်ဘာ ဘေး က နေရာ လေး များ မရနိုင်ဘူးလား။ ဆိုတော့ လူကြီး အတွက်ဖယ်ထားပါတယ်။ လူကြီးမလာရင် ရမယ် လို့ ဆိုပါတယ်။ လူကြီးရယ် မလာပါစေနဲ့ ဆိုပြီး ဆုတောင်းရပါတယ်။

နောက်ဆုံးတော့ လူကြီး လဲ မလာ ကိုယ်လည်း ဆယ်တန် ကားကြီးရဲ့ ဒရိုင်ဘာ ဘေးမှာ ဗွီအိုင်ပီ seat ရပါပြီ။ ကားကြီး လည်း ညနေ ၆ နာရီ လောက် မှာ စထွက်ပါပြီ. နေညို တာ တော့ မှောင်ရိပ် သန်းတော့တာပါဘဲ။ အစ ပိုင်း ကတော့ မဆိုးပါဘူး။ လမ်း ကလေးလည်း သာသာယာယာ ။ တော်တော်လေးကြာတော့ ကားဆရာကြီး က နေရာ တခု ပြပြီး ဒီလမ်းခွဲ က မင်းဘူး ကနေ ရွှေစက် တော် ကို သွားတဲ့ လမ်းခွဲ လို့ ပြ ပါတယ်။ ပြီး မှောင် လာတာနဲ့ အမျှ ည ကလည်း နက် လာ။ လမ်းက လည်း မိုက်လာ။ နောက် ဆုံး ကား ကြီး ကို မောင်းတဲ့ ဒိုင် ခွက် ကို ကြည့်တာ တနာရီ ကို ၅ ကီလို မီတာ နှုံး ပြနေတယ်။ အန် မတန် မ ကို နှေးတဲ့  နှူံ့ပါဘဲ။ လမ်း ဆင်းလျှောက်ရင် တောင် မြန် မလားလို့ အောင် မေ့မီတယ်။ လမ်း ကလည်း ကွေ့ အကောက်များက လည်း များပါဘိ။ ဇောက်ထိုး ဆင်း မလားလို့လဲ တခါ တခါ အောကအမေ့ မိတယ်။ ကားကြီး ကလည်း အကြီး ကြီး ဆိုတော့ သူ့ ဘော်င်္ဒီကို သူ ပြန် ထိန်းနေ ရတာ နဲ့ ကို မလွယ်ပါဘူး။

ဒီလောက်နဲကလည်းမပြီးသေး ကားကြီး က ရပ် သွားပါလေရော။ ဘာဖြစ် သလဲ ဘာဖြစ် သလဲ ဆိုတော့ ကားပျက်တယ်။ အင်ဂျင် လောင်သွားပြီ လို့ ဆိုပါတယ်။ နောက် ကားက နောက် သုံးနာရီ လောက် မှ တက်လာ မယ် လို့ ဆိုပါတယ်။ ကဲ စောင့်ကြပါဦး တစ်ခေါက်။ အိပ်ရာ လိပ် ကလေးကို ဖြည်. ဘေး က တဲစုတ် ကလေး တခုထဲဝင် . အခု မှ တွေ့တှဲု သူ ကို မိတ်ဖွဲ့။ ခွေ ခွေလေး စောင့်ကြပါတယ်။ အိမ်သာ သွားချင် ရင် ချုံ ထဲ ဝင် လိုက် ရုံပါဘဲ။

နောက် ကားကြီး အိပဲ့ အိပဲ့ နဲ့ တက် လာပါပြီ။ ကိုယ့်ရဲ့ ဗျွီအိုင် ပီ seat ကို လက် လွတ် လိုက် ရပြီး။ ဆယ်တန် ကားကြီး တွေ ရဲ့ ဒရိုင် ဘာ နောက် မှာ အခန်း သေးသေးလေး မှာ ကျုံ့ ကှုံ့ ကလေး ထိုင် ပြီး လိုက်ရပါတယ်။ ခြေထောက်တွေ ညောင်းလိုက် တာ မပြောပါနဲ့။ ကားဆရာကြီး ငိုက် မှာ စိုးလှိုလဲ စကားတွေ များပေးရပါသေးတယ်။ အဲဒီခေတ် က ရှိတဲ့ ကျွုဲ၇ိုင် အချိုရည် ကို လဲ မပြတ်အောင်supply ပေးရပါတယ်။ သူ လဲ ကြိုးစားရှာပါတယ်။ သန်းကောင် လောက် မှာ ကိုယ့် ကို ခေါ်ပြီး ဒီနေရာ မှာ ဆင်းကြည့်ပါဆို ပြီး ကားရပ် ပေးပြီး အမ်းတောင် ကြား ဆိုတဲ့ ဆိုင်းဘုတ် ဘေး မှာ ရပ်ပေးပြီး။ ဒါ နယ် စပ် ဘဲ ဆိုပြီး ပြပါတယ်။ အေး ကလည်း အေးပါဘိ နဲ့ ချက် ချင်ဘဲ ကားပေါ် ပြန်ပြေးတက် ရပါတယ်။ မင်းဘူး နဲ့ အမ်း ကို မိုင် ၅၀ ဝေးပါတယ်။ ညနေ ၆ နာရီ က ကားစီးတာ မနက် ၆ နာရီမှ ရောက်ပါတယ။် လမ်းခရီး အခြေ အနေ ကို အဲဒီ ခေတ် က အဲလို ရှိခဲ့ပါတယ်။

TZA

















TZA ကိုခင်လို့ မနည်းကို လမ်းစရိတ်ကော အချိန်ကော အကုန်ခံပြီး ဂုဏ်တုဂုဏ်ပြိုင် လုပ်ပါတယ်။ အဲ ဒီ နား တ ဝိုက်ပါဘဲ။ နဲနဲတော့လွဲပါတယ်။



02 October 2008 ♥ Johor Bahru Trip (1)

မလေးရှားနိုင်ငံ ဂျိုဟိုးဘာရူး ခေါ် ဂျေဘီ ရဲ့ ကမ်းစပ်တနေရာပါ၊ မျက်နှာချင်းဆိုင်မှာ စင်္ကာပူကျွန်းရဲ့ ကမ်းရိုးတန်းကို လှမ်းမြင်နေရတယ်။ အဲဒီမှာ Restoran Seafood A Lam ဆိုတဲ့ ပင်လယ်စာရောင်းတဲ့ ဆိုင်ရှိတယ်၊ စားရင်းသောက်ရင်း ရိုက်ဖြစ်ခဲ့တဲ့ ရှုခင်းပုံတချို့ကို တင်လိုက်ပါတယ်။
(TZA)
( http://degolar.blogspot.com/2008/10/johor-bahru-trip-1.html)

Friday, October 24, 2008

ATM

သူငယ်ချင်း။ သင်သည် တပါတ်ကို ATM machine ကို ဘယ်နှစ်ခါ အသု့းံပြူမိပါသလဲ။ တို့တော့ သိတ်ပြီး သုံးမိတယ် မထင်ဘူး။ ပိုက်ဆံလဲ ရှိမှ မရှိဘဲ။ လခဝင် တဲ့ တချိန် သု့ံ့းတယ်။ြ့ပီးရင် ၁၀၀ သို့မဟုတ် ၂၀၀ လောက် ကြိုထုတ် ထားလိုက်တယ်။ အဲဒီ ထဲ ကနေ နဲနဲ နဲနဲ နဲ့ ယူ သုံး နေမိတယ်။ အိမ်မှာ နဲနဲထား။ pulse ထဲမှာ နဲနဲထားပြီး သုံးနေတာ ကုန် သွားရင် တခါထုတ်တယ်။ အဲဒီတော့ သိတ် သုံးမိတယ် မထင်မိပါဘူး။ သွား ရင်းလာရင်း လူရှင်းရင် ထုတ်ထားတယ်.။ဲ့ ATM machine ကို လေ့လာ ကြည့်မိတယ် ဘယ် တော့မှ လူပြတ် တယ် မတွေ့မိဘူး။ စက် ကဘဲ နဲနေ လှိုလား။ နဲတော့မနည်းဘူး။ သုံးလေးလုံး ပေးထားတာဘဲ။ သုံးတဲ့ သူတွေ ကဘဲ ကဒီး ကဒီး ၂၀ . ၃၀ ။၅၀ ။ ၅၀၀ ဘဲ ။ ၁၀၀၀ ဘဲ။ ဘဲ ထုတ် သုံးနေ ကြ သလား စဉ်းစား လို့မရဘူး။ ကိုယ် ထုတ်ချင် တဲ့အခါ ကြရင် လူများနေရင် သိတ် စိတ်တိုတာဘဲ။ တချို့ ကလုပ်တယ်။ ပိုက်ဆံထည့်တယ်။ print out လုပ်တယ်။ ပြန်စစ်တယ်။ အင်း သူ့ပိုက်ဆံ များလို့ထင်တယ် လို့ နားလည်မှူပေးပြီး စောင့်ရပါတယ်။ ဘယ်လို သဘောရသလဲ။ စက်ရှေ့မှာ လူအမြဲ များနေရခြင်း က ဘာသဘောလဲ။ ရှင်းပြ ကြပါဦး။ survey လုပ်ကြည့်နေတယ်။ ပြီးရင်တော့ ကွန်ကလူးရှင်း ဆွဲ လို့ရမှာဘဲ။ သင် ၏ ပူးပေါင်း ကူညီ ခြင်း ကို လေ ဖြင့် ကျေးဇူးတင်ပါသည်.။

Wednesday, October 22, 2008

One man show

မိုးမလင်းခင် alarm ပေး။ အိပ်ရာ က နိုးတာနဲ့ ဘာညာ သာဒကာ ပြီးရင် ည ကတည်း က ဖျော်ထားတဲ့ ကော်ဖီ ပြင်းပြင်း ကို သောက် ။ ပြီးတာနဲ့ ကြိုဝယ် ထားတဲ့ ငှက်ပျော်သီး ၂ လုံးနဲ့ ပန်းသီး တလုံး ကို ထည့်ပြီး အလုပ် သွားပါတယ် ။ သွားရင်းလာရင်း နဲ့ လူလစ် တဲ့ နေရာ မှာ ငှက်ပျောသီး တလုံး ကို ထုတ်စားလိုက်တယ်။

အလုပ်တွေ လုပ်။ ဗိုက်ဆာ လာတော့ လုပ်ငန်းခွင် မှာ တာဝန် ကျ တဲ့ သူတွေ အတွက် ပေးတဲ့ ထမင်းဘူး ထဲ က တဗူး ကို သွား ခိုးပါတယ်။ ဘာဖြစ် လို့လဲ ဆိုတော.တာဝန် ကျတဲ့ သူတွေ က အပြင် ထွက် စား ကြ ရွှေု့ သော်လည်းကောင်း ။ ဟင်း မကောင်းရွေ့ သော်လည်း ကောင်း။ စိတ်ဖိစိမှု များရွေ့ မစားနိုင် မသောက်နိုင် ရွေ့ သော်လည်း ကောင်း ။ အမြဲ လိုလို ထမင်းဗူး များ ပိုနေရွေ့ ဖြစ်ပါတယ်။ နေ့တိုင်းတော့ သွားမခိုးပါ။ ကိုယ့် အ လှည့်ကျရင်လည်း ကိုယ်မစားနိုင်တာ များလို့ ပြန် ကလဲ့စားချေခြင်းလဲ ဖြစ်ပါတယ်။

အဓိက ကိုယ် ငါးပါး သီလ မလုံ ရခြငး အကြောင်း က တော. စားသောက် ဆိုင် သွားရင် တန်း စီ ရ မှာ စိုး လို့ ဖြစ် ပါတယ်။ အချိန် ကို လည်း ခိုးတာပါ။ ဟင်း မကောင်းလဲ စား ရမဲ့ အနေအထားဖြစ် နေပါတယ်။ အဲဒါနဲ့ ဟင်းမကောင်း လို့ မနက် က ကျွှေးတဲ့ အထဲ က ပိုတဲ့ ကြာဇံကြော်ကို ပါ ထပ် ဖြည်.ပြီး တို လက် စနဲ့ ဆက် တို လိုက်ပါတယ်။

ပြီး သင့်လျော်ရာ တနေရာသွား ရှိတာ လေး ထုတ်စားပြီး ခွေ လိုက်ပါတယ်။ တခါ ကာဖီပြင်းပြင်း ထပ်သောက် အလုပ် ဆက်လုပ်။ ညနေ တခါ ကြာဇံ ဆွပ် စားပါတယ်။ ဒီတခါ တော့ ဝယ် စား တာပါ။ မီးဟွန်းဆွပ်ပါ။ ပန်းသီး တလုံးလဲ ခွဲစား လိုက်ပါ သေးတယ်။ ငှက်ပျောသီး ကိုတော့ သူငယ် ချင်း တယောက် ကို ပေးလိုက်တယ်။

တခါ သူများ က ဘီစကစ် လာကျွှေးတာလဲ စား။ ညပြန်လာတော့ သွားရင်းလာရင်း နဲ့ ပေါင်မုန့်တွေ baker ဆိုင် က နှစ်ခုဝယ် သုံ့းခု ရမယ်ဆိုတာနဲ့ ဝယ် စား လိုက်သေးတယ်။ ကုန်တော့ဘယ် ကုန်ပါ့မလဲ။ အိမ်ရောက်တော့ တခါ ခေါက်ဆွဲ မက်ဂီ ပြူတ် စားပါသေးတယ်။ သဘောင်္သီး စပျစ်သီး ကတော့ခွဲပြီး ရေခဲသေတာထဲ ထည်.ထားတာ stand by ရှိပါတယ်။ ဝင် ခလုပ်ထွက်ခလုပ် eat ပါတယ်။ ကော်ဖီမစ်မှိှူျူးစုံ။ ခေါကဆွဲခြောက် မျှိုးစုံး။ ပက်စီ ကိုကာ ကိုလာ။ နွားနို့။ ပေါင်မုန့် ။ ကွေကာအုတ်။ ကွန်ဖလိတ် လောက်ကတော့ စကားထဲ ထညှ်ု့မပြောတော့ပါဘူး။

(မီးငယ်နှင့် ကိုနေလင်း ခင်မင်မေတာ တုံ့ပြန်ပါသည်.) (ဖြစ်သလိုစားခြင်း)

အချပ်ပို။
(GreenGirl က ဖြေရှင်းချက် ထုတ်ပါတယ်။ ဒီပိုစ်ကို တက်က သူပါဆိုဘဲ။ အချစ်အကြောင်းတက်တာ က မီးငယ်ဆိုဘဲ။ သူမို့ လို့ သူများ ကိုတက် တာ ကို မှတ်မိနေတယ်။ အမှန် အတိုင်းပြောရင် နဲနဲ ရောသွားတာတော့အမှန်ဘဲ။ ခင်မင်စိတ်နဲ့ဘဲ ခွင့်လွှတ်ကြပါလို့ဘဲ..ဒါဆိုအချစ်အကြောင်းတက်တာ က မီးငယ်နဲ့ မေမိုးပေါ့။ သက်ဝေရောပါသေးလားမသိ. မသေခင် ၁၀ ရက် အလိုကရော ဘယ်သူများပါလီမ့်. သြေ်. ဒုတ်ခ.။ ညကျမှ ပြန်မေးလိုက်ဦးမယ်။ )

Sunday, October 19, 2008

Educated

ပညာတတ်ညဉ်
ကိုယ်တို့ အားလုံး ပညာတတ်သူ များ ဖြစ် ကြ ပါသည်။ ပညာတတ် ဆိုသည် မှာ နဲနဲ တော့ အိုက်တင် များသည်။ မော်တော်ကား မီးပွိုင့်တွှုင် ရပ်နားစဉ် ဘေး မော်တော် ကားတွင် ဟာ။ မိုးဟေကို ကွ ။ လို့ သူများ က ပြော လျှင်တောင် မကြည့်ချင် သလို ကြည့်ချင် သလိုဖြင့် ကြည့်သည် ကို မကြည့်သယောင် ဟန် ဆောင် ကာ ကြည့်တတ်သူ များ ဖြစ် သည်။ မိတ် မ ဆက် ပေးလျှင် ကိုယ် က စကား ပြော ရ မှာ ကို ဝန်လေး သလို ဖြစ် တတ် ကြသည်။ ကိုယ် သိ သည် ကို မပြော ချင် သယောင် နှင့် ပြောတတ် သူ များ ဖြစ် သည်။ သူ များ ကို မ ကြည့်သ ယောင် နှင့် စောင့်ကြည့် သူ များ လည်း ဖြစ် ကြ သည်။ ကားချင်း ယှဉ် ဖိုက်လျှင်တော့ စိုင်း ထီးဆိုင် မှန်း သိလျှင် လျှော့ပေးသူ များ လည်း ဖြစ် ကြပါသည်။

Friday, October 17, 2008

Honesty

နောက်ကျနေပြီ. ခြေကုန်သုတ် မှ။ တွေးပြီး ရထား ဘူတာရုံထဲ ကိုဝင် လိုက် တယ်။ မော့ကြည့်လိုက် တော့ ကိုယ်စီး မဲ့ ရထား က ၂ မိနစ် သာ လိုတော့တယ်။ ရထား ဝင် လာတော့မယ်။ ထုံးစံ အတိုင်း ဘယ်သူ့ ကို မှ မကြည့်ဖြစ်ဘဲ ခေါင်း စိုက်စိုက် နဲ့ escalator ပေါ်တက်လိုက်တယ်။ မျက်စိ က မြင်မိတယ် ။ ရွှေရောင် ဟန်းချိန်လေး တစ်ခု ကိုယ့်ကို မျက်စ ပစ် ပြရင်း သူလဲ escalator စီး နေတယ်။ ငုံ့ ကောက် လိုက် မိတယ်./ ဘယ် သူ မှ လဲ ကိုယ့် ကို ကြည့်မနေ။ ကိုယ်လဲ ဟန်းချိန်းလေး ကိုင် လို့ယောင် နန နဲ့ ရပ်နေမိတယ်။ ဘယ်သူ့ကို ပြန် ပေးရ ပါ့။ ဒါ ကိုယ့်ရှေ့တင် ကျခဲ့တာ ဖြစ် နိုင်တယ်။ အားလုံးက မီး ရ ထား ပေါ် တိုးတက် ဘို့ အာရုံဘဲ ရှိနေ ကြတယ်။ ကိုယ့် ကို ဘယ်သူ မှ လဲ ကြည့်မနေ။

စိတ်ထဲ ပေါ် လာတာက ထုံးစံ အတိုင်း ပေါက်တတ် ကရ အတွေး။ ဒါ ဘယ်လိုဖြစ်တာ ပါလိမ.်။ မောင်ကောင်းထက် စာအုပ်ထဲ ကလို ဘုရားသခင် က ငါ့ ကို ချီးမြှင်.တာလား။ ဒါ မှ မဟုတ် ရိုးသား မှူ ကိ စမ်းသပ်တာလား။ စိတ်ထဲ မှာ လဲ ရှုတ် ထွေး သွားတယ်။ ငါ ယူလိုက် ရကောင်း မလား ။ ပြန်ပေး လိုက် ရကောင်း မလား ။ ဒါ အစစ် လား ။ ဒါ အတုလား ။ ကိုယ်လဲ မဝေခွဲ တတ် ။ ကဲ ပြန်ပေးဘို့သာ ပြင် လိုက်တော့. ။ ဒါ စင်္ကာပူ။ နေရာ တကာ မှာ ကင် မရာတွေနဲ့./ အခုလောက် ဆို မင်းသမီး တောင် ဖြစ်ပြီး လောက်ပြီ။ တော် ကြာနေ အိမ်လိုက် လာ မှ အခက် တွေ့မယ်။ သံယောဇဉ်ဖြတ်။ ပျောက်တဲ့ သူလဲ နှမျော ရှာမယ်။ ကံကောင်းရင် သူ ပြန် ရလိမ့် မပေါ့။ စဉ်းစားပြီး သကာလ အင်။ နောက် ကျနေပြါ့ပီ ဆိုမှ အောက် ကိုပြန် ဆင်း control station က သူ ကို အပ်။ သူက ကျေးဇူး တဲ့။ အင်း…. ဒီလိုလဲ မဖြစ် သေးပြန်ဘူး။ ကျေးဇူး ဆိုရင် လန့်တယ်။ အစ်ကိုရယ.်.. ဖြတ်ပိုင်းလေး သူများကို မစ ပါ။ တကယ်လို့ တယောက်ယောက် လိုက်လာ ရင်ကိုယ်ပြန်အပ် ထားတယ် ဆိုတဲ့ သက်သေ လေး ရှိအောင်လို့ပါ။

မှျှူိုးရိုး ရှိတယ်လေ။ ကိုယ့်အဖေ က အရာရှိ။ ဟိုခေတ် က ကျောက်စိမ်းမှောင် ခို တွေ ကို ဖမ်းပြီး ကျောက်စိမ်း တွေ ကို သိမ်းတဲ့ တာဝန် ယူဘူးတယ် ။ ကျောက်စိမ်း ကို လဲ ရင် ရတယ် ဆိုဘဲ။ ဒါပေမဲ့ အဖေ မလုပ်ဘူး သမီး လို့ အဖေ ကပြောတယ်။ အဖေ စိတ်အေး လက်အေး နေချင်တယ်။ ရဲမြင် ရင် လန့်နေရမဲ့ အလုပ် မလုပ် လိုဘူး လို့ ကိုယ့် ကို ပြော ပြ ဘူး တယ်။ ကိုယ်က အဖေ့သမီးလေ ။့ ရိုးသား မှူ ကို အမြဲ ရှေ့တန်း တင်ပါတယ် ။ အဲလို ပြောရင်တော့ Kmsl က သက်ပြင်းချ ပါတယ်။

Tuesday, October 14, 2008

mo lay wa tha

မိုးလေဝသ
ဘလော. မရေးနိုင်သေး ။ အသက်ကြီးလာရွေ့ မောသည် ကကြောင်း။ အိမ်ပေါ် က ခဏ ခဏ ဆင်း ရလွန်းရွေ့ ယနေ့ အောက် မဆင်း ဟု သံဓိတ် ဒါန် ချ ထား သည်.။ ရာ သီ ဥ တု မကောင်း ရွေ. ဟတ် ချိုး ဖြစ် နေသည် မှာ နှာခေါင်း ထိပ် တွင် တောင် အနာ ဖြစ် နေသည်။ ယနေ့ဘာမှ မချက်။ ယနေ့ဘာမှ မချက် ဆိုရွေ့ မနေ့က ကဘာချက် သလဲ မေးလျှင် လည်း အဖြေ မရှိပါ။ မနေ့ ကလည်း ဘာ မှ မချက်။

အချစ် အကြောင်း ရေးရန် memory recall ခေါ် ရင်း စဉ်းစားရတာ ခေါင်းခြောက် ရွေ. ရေတောင် သွားလောင်း ရ သည်။ ဖြစ် သလို ချက်ရန် ဘလော.တက် ထားတာ ရေးမည် ကြံ တော. ဘာ မှ မချက် ရွေ့ ဘာ မှ တောင် ပြ စရာ မရှိ။ ဆယ် ရက် အလို ကတော. ရေးပြီးပြီ။ စိတ်ငြစ် မှာ စိုးရွေ. မတင်လို သေး။ ဒါတ်ပုံ တင် ကာ ဆားချက် သလို ဖြစ် သွားသည်. ဆောရီး ။ ဘာလုပ် ရမှန်း မသိရွေ. ဧည့်ခံထားခြင်း ။

ဘလော.ရေးတာ အချိန် တွေ ကုန်လှ သည်.ွ့။ ရေး သမျှ တွေကိုလဲ နိင် အောင် မနည်း ဖတ် လို့ နေရသည်။ အတွေး အခေါ် ဘလော. များ က လည်း ခေါင်းစား လှ သည်။ အကြံတွေ တော. ရှိသေးသည်။ အကောင် အထည် အဖေါ် ရသေး။ မရှိလို့ လုပ်စား ဖြည်းဖြည်း ပေါ့။ ခြုံကြည်.တော. (နွေးတာပေါ့လေ) ။ မိုးလေဝသ သာယာပါသည်။

Monday, October 13, 2008

KL photo from MK





Saturday, October 11, 2008

Donna Summer


Donna Summer ရဲ သီိချင်း (I feel love)ွ ကို July star ရဲ.ဘလော့ က နေ ရလို့ you tube ( http://uk.youtube.com/watch?v=k8TBmeK9Abg ) မှာ သွား နား ထောင်ဖြစ် တယ်။ သီချင်း နားမထောင်ဖြစ်တာ ကြာပြီ။ ရထားပေါ် မှာ နားကြပ် နဲ. ခလေးတွေ တွေ့ရင်တောင် အဝေးမှာဘဲ ထိုင်တယ်။ နားညည်း လို့ အခု ပြန် နားထောင် မိတော့ ကြိုက် သွား တယ်။

နောက် တ ကြောင်း က သူ က အသားလဲ မဲ. တယ်။ အဲဒီ သီချင်းထဲ မှာ ဆံပင် လေး ကလဲ ကောက် . အသက် လဲ ကြီးပြီ လိုဘဲ။ .ဒါပေမဲ့ ကြည့်ကောင်း နေ တုံးဘဲ လေ။ ကိုယ် နဲ့ တူတော့ နှစ် သက် မိတာပေါ့။ you tube downloader နဲ့ download လုပ်ပြီး သိမ်းထားလိုက်တယ်။ MP 3 file နဲ့ မပြောင်းတတ် သေးဘူး ။ သိတဲ့ ပညာရှင် များရှိ ရင် ဝေငှ ပါဦး။ တယ်လီဖုံး MP3 ထဲ သိမ်းထားချင် လို့။

သီချင်း ဆိုလို့ တို့က မြူးမြူးကြွကြွ ကြိုက်တယ်။ လူပုံ ကို ကြည်.ရင် တကယ်.လူရိုး။ တောက တက်လာတဲ. အတိုင်း ။ တို့အစ်မ က ဆိုရင် ငယ်ငယ် တုံး ကသိတ် လှ တာပေါ့။ မှူန် နေအောင် လှတယ် ဆိုတာ သူ မှ အစစ်. ။ အသားလေး ကိုဖွေး လို့။ ဖြူလွန်ူး လို့ အဖေ က ပေါက်ဖော် လို့ခေါ်တယ်။ လူတွေရှေ့ မှာ အဖေ က ပေါက်ဖော် လို့ခေါ် ရင် သူ့ မှာ သိတ်ရှက် တာဘဲ။ တို.နဲ.သွားရင် ညီအစ်မဆို ရင် မယုံ ကြဘူး။ အရင်း လားလို့ စော်ကားမော် ကား မေးကြသေးတယ်။။ သူ့ တစ်ယောက်ထဲ ဘယ်မှ မလွှတ်ရဲဘူး။ ဝိုင်းပြီး ဆွဲ ကြလွန်း လို့၊။ အော်. ပိုလွန်းတယ်ထင် လား။ တကယ်။

သူ့ရုပ် ကလေး ကလေး ကလည်း မြူးမြူးကြွကြွ။ ပိုးကြေးပန်းကြေး ပေးတဲ့ ကက်ဆက်ခွေ က တစ်ခါ က မှတ် မှတ် ရရ ဇော်ဝင်းထွတ် ရဲ့ အခွေ။ စီဒီတွေ မှ ခေတ် မစားသေးတာ. ။ဟိုခေတ် ကတော့ အန်မတန် ဟော. တာပေါ့။ဲဒီတော. သူ က အဲဒီ ဇ်ာဝင်းထွတ် ကို တို့ ကိုပေးပြီး သူ က မာမာအေး ကို နားထောင်ပါတယ်။ သိတဲ့ အတိုင်း တခါတလေ လူတွေ က အပြင်ပန်း နဲ့ခွဲ ခြားလို့ မရဘူးလေ။

Friday, October 10, 2008

Soe Htet


လျှပ်တစ်ပြက် စိုးထက်


နံနက်ခင်းမှာ ကိုစိုးထက် ဆီက လျှပ်တပြက် ဝင် လာတဲ့ ဂျီတော.ပါ။ ပြန်ဖတ်ကြည်.တော့ တချိန်က ခင်ခဲ့ရတဲ့ ကိုစိုးထက် ကို အတော်ကြီးကို ရိုးသား စွာ လွမ်းဆွတ် သွားတာနဲ့ အမှတ် တရ သိမ်းထား ချင်လို့ ဘလော့စာမျက် နှာပေါ် တင် လိုက်ပါတယ်။

စိတ်ကူးပေါက် ရင် လုပ် ချင် တဲ့ အကျင့်အတိုင်း ဘဲ ကိုစိုးထက် ကို အသိမပေးဘဲ တင်လိုက်တာပါ။ တင်ပြီးတော့ မှ ဖမ်းလှို့ မရတဲ့ ကိုစိုးထက် ကို လေထဲ ကဘဲ ကြားကြား မကြားကြား အကြောင်းကြား လိုက် ပါတယ်။

အကြောင်းကြား လို့ဘဲ ရောက်လာ သလားး။ မကြားဘဲနဲ့ သူ့ဖာ သာ မျက်စိ လည် လာ သလား မသိတဲ့ သူ ဆီက နေ စိတ် ဆို့းပုံ အဖြေ မရလို့ ဒါ မှ မဟုတ် လက်မျြောက် ထားပြီး နောင် ဘယ် တော့မှ မချက် တော့ ပါဘူး လို့ ဘဲ ဆုံးဖြတ် ထား သလား မသိ။ comment လေး ရတော့ ဝမ်းသာ မိပါတယ်။ နောင် kom ကို ချက်လိုသူ များ ရှေ့ကြည့် နောက် ကြည့် ပြီး မှ သတိ နဲ့ ခေါ် စေ လိုပါတယ်။


2008/10/9 SOE HTET

6:01 AM SOE: Good Morning ! B-)

6:05 AM I'm 95% match with your last post ! :P
6:06 AM :P
6:07 AM me: သြော်. ဂလိုလား။ ကောင်းပါတယ်။ ဒါကြောင်.့စော်ကြည်တာ ကိုး ။

SOE: :P
မျက်နှာ မရူးပေမယ့် အမြဲ လို ပြုံးပြုံးလေး ပဲ နေတတ်တာ ဗျ
အင်္ကျီ လက်ခေါက်တာ
me: kmsl ကဘယ်သူလဲတဲ့။အားအားယားယား ကျောင်းသား ကိုစိုးထက် ဖြစ်မှာပေါ.လို့ ပြောရသေး။
6:08 AM SOE: ပုဆိုးနဲ့ ဖိနပ် က အတူတူပဲ
ဟိ
အားဘူးဗျ
me: အသားကောဖြုရဲ့လား။
SOE: မနက်စောစာ အာရုံကပ်ပြီး စာဖတ်နေတာ
ဖြူတယ်အစ်မ
6:09 AM တရုပ်ကြီးလို့ အခေါ်ခံ ရတယ်
ကျောင်းမှာ ...
me: မန်း ဒလေးဖိန်ပ်ကေစီးရဲလား။
SOE: တရုတ် လို့ပဲ ထင်ကြတယ် တော်တော် များများ က
မန္တလေး မှာ ကြီးတာ
me: အရပ်ကောရှည်ရဲ့လား။
SOE: ရန်ကုန်ဖိနပ် မစီးတတ်ဘူး
me: လောပန်ပေါ့..
6:10 AM SOE: သိပ် အရှည်ကြီးတော့ မဟုတ်ပါဘူး ၅ ပေ ၈ လက္မ
me: ဟုတ်ရဲ့လားအစ်ကိုရယ်.
SOE: ကြည့် လို့ တော့ အဆင်ပြေပါတယ်
ဟုတ်ပါတယ် အစ်မ
6:11 AM ပြန်တိုင်းကြည့်ရင် နည်းနည်းတော့ ပုနေမယ် ဆံပင်တွေ ပါးသွားလို့
ဟိ
me: အေးလေ. ဒါကြောင့်မို့လဲ မိန်းမက ဗီတိုအာဏာ နဲ့။ဘလော့ပိတ်ခိုင်းတာကိုး
6:12 AM SOE: မိန်းမတော့ မနိုင်ဘူး ...
me: ၅ ပေ၈ ကမြင့်တာပေါ့။
SOE: ဟဲ ဟဲ ...
ကျွန်တော် က ယောင်္ကျားလေးဆို ၅ ပေ ၁၀ လောက်မှ
me: ဟိုတလောက ဖုံးခေါ်သေးတယ်။ recording ထဲဝင်သွားလို.။
6:13 AM SOE: ကျွန်တော့် ညီမတွေ က ၅ ပေ ၅ အောက် မပါဘုး သူတို့ နဲ့ သွာရရင် မျက်နှာငယ်တယ် တစ်ချို့ က ၅ ပေ ၉ တောင် ရှိတယ် ... အမျိုး က အရပ် ရှည်တယ်
me: ၅ ပေ ..၁၀ ကဘာဖြစ်လို့ဖြစ်ချင် ရတာလဲ. SMTL ကို သွားကြူချင်လို့လား။
SOE: ကျွန်တော် က အဖေ တူလို့ ပုသွားတာ
me: လှပါတယ်ဆိုမှ. ရေက မချီူးရသေးဘူးဖြစ်ပြန်ြ့ပီး။
6:14 AM SOE: အမျိုးထဲမှာ ကျွန်တော် တို့ ညီ အစ်ကိုက လွဲရင် ၅ ပေ ၁၀ အထက်ချည်းပဲ
အဟင့်
တစ်ကယ်ပြောတာ
ယောင်္ကျားလေးတွေ ကိုပြောတာ
6:15 AM me: ဒီလောက်ဘဲရွာသားရေ။ နောက်ကျရင် အလုပ်ထိခိုက်လိမ်.မယ်။ သွါးတော.မယ်။ ကျေးဇူး။ လာပြီးရင် စမိုင်းလေးထားပါ။ အဆင်ပြေရင်။ ကိုယ်ပျောက်နေရင် ဘယ်မြင်ရပါမလဲ။ ဘလော. ပြန်ဖွင်.ပေါရော အစိစေဉ် မရှိဘူးလားး
6:16 AM SOE: နိုး အစ်မ
me: ဘာပြူလို.လဲ။
SOE: ခုနက တော့ ပြုံးခဲ့တယ် အစ်မဘလော့မှာ
6:17 AM မေ့လိုက် ပြီ ... ချစ်သူ ကို ခဏခဏ ချော့နေရတာ အချိန်ကုန်လို့
ဘလော့ လည်ရလို့ ကုန်တဲ့ အချိန်အပြင်
ထပ်ကုန်တော့ စာ မလုပ်နိုင်ဘူး
သူနဲ့ က တစ်နေ့ ၃ နာရီ လောက် ချက်တာ လေ ...
me: အင်.း ပိရီသတ်အတွက်စိတ်မကောင်းစရဘဲ။
6:18 AM မိုင်ဂွေ။ ရန်ကုန်မှာဘဲ နေပါတော။

6:20 AM SOE: ဟုတ်ပ
ဒေါကြောင့် ကျွန်တော် က အပျောက် ရိုက်နေတာ
me: ခက်ပါတယ်။

6:21 AM B-)
အစ်မ အလုပ် သွားတော့ နောက်ကျ နေဦးမယ် ...
me: အဆင်ပြေသွားမှာပါ။

6:22 AM ဒါဆိုသွားတော.မယ်။ အခုဘော.စ် နဲနဲဆိုးတယ်။နှိပ်ကွပ်တော.သိတ်စိတ် မချမ်းသာဘူးဖြစ်နေတယ်။
SOE: ဟုတ်ကဲ့ အစ်မ ... ဒီလိုပါပဲ
လစ်တော့ အစ်မ
6:23 AM ဘိုင် ...
me: ရန်စွယ်ကြားကလှဥမာ လဲ သွာတော.မယ်။ဘိုင်း
SOE: :)
SOE: ................
6:24 AM me: ဘိုင်း။

Tuesday, October 7, 2008

Nature of women 4

မိန်းကလေးတွေက ယောက်ကျားလေးချော ရင် သဘောကျပါတယ်။ ဒါကြောင့်မို့ စိုင်းစိုင်း တို့ ရဲလေး တို့အောင်မြင် နေတာ ကြည့် ပါလား။ ကိုယ်လဲ သဘော ကျတာဘဲ။ သွားရင်းလာရင်း ချော တာလေး များတွေ့ရင် မသိမသာ နဲ့ မကြည့် သလိုနေပြီး ကြည့် မိတာ ဘဲ။ မိန်းကလေးတို. အိနြေ္ဒ တော့ မပျက် စေရဘူးပေါ့။

ကိုယ့် သူငယ် ချင်း တစ်ယောက် ကို ကိုယ့်ချာတိတ်မ တစ်ယောက် က သဘောကျပါတယ်။ အိမ်ထောင် ရှိ တယ် ဆိုလို့ ချာတိတ် မ မှာ စိတ် မကောင်းတွေ ဖြစ် လို့။ ဘာဖြစ် ရတာလဲ မေးတော့ Mk ကို တွေ့ရင် သူ့ရင်တွေ ဖလပ် ဖလပ် နဲ့ ဖြစ်တယ် လို့ ဖြေပါတယ်။ အစ် မတို့ ဘာစကားနဲ့ ပြောကြတာလဲ မေးချင်ပြန်ပြီလား။ မလေး စကား နဲ့လား။ ဘိုတွေ လိုပြော ကြ တာ လား။ မြန်မာ စကား နဲ့ မဟုတ် ပေမဲ့ သူ မ ကလေး ဘယ် စကားနဲ့ ပြော သလည်း ဆိုတာ တော့ သတိမရတော့။ ဒီလို စကားမျိုး တွေ ကို မိန်းကလေး တွေ ပြောရင် ဘာသာ စကား က သိတ် အဓိ က မကျ တော.့ပါဘူး။ ကိုယ် တို့ အချင်းချင်း ချက် ခြင်း နားလည် သွားကြ တာဘဲ။

အရပ် ရှည်ရင် လည်း သဘော ကျတယ်။ အရပ် ရှည်ရင် မြင်တာနဲ့ ကို ရင် ခုန်နေ တယ် လို့ ကိုယ့်မိတ်ဆွေ ကောင် မလေးက ပြောပြန်တယ်။ ယုံမလားတော့ မသိဘူး။ တို့လဲ အရပ်ရှည် မှ ကြိုက်တယ်။ အရပ်သိတ် မရှည် တဲ့မောင် လေး များအတွက် တော့ စိတ် မကောင်း ပါဘူး။ အဲဒီ လို ဖြစ် ခဲ့ရင် တော့လဲ တနည်း တလမ်းနဲ့ ကြိုးစား ရင် အောင်မြင် နိုင် ပါတယ်။

ရှပ် အကျီင်္င်္င်္လက်ရှည် ကို လက်ခေါက်ပြီး ဝတ်ရင် သဘောကျတယ်။ ပုဆိုး ကို အဆင် စိတ် စိတ်ကလေးတွေ အရောင် ခပ် ရင့်ရင့်ဝတ်ရင် နှစ်သက်တယ်။ မန်းဒလေး ဖိနပ် ကလေးနဲ့ ဆိုရင် လိုက် မှ လိုက်။ အခုခေတ် ချာတိတ်တွေ ကိုတော့ အခု ခေတ် ကလေး မလေးတွေ က ဘယ်လိုမြင်ချင် မလဲတော့မသိဘူး။

သိတ်ပြီး မျက်နှာရူးရင် မကြိုက်ပါဘူး။ တည်တည် ကြည်ကြည် နေ တဲ့သူ ကို ပိုပြီး မေတာ ရှိ ပါ တယ်။ ဘာဖြစ် လို့လဲ တော့ မသိဘူး။ ကိုယ်တို့ ငယ်ငယ်တုံး က ဆိုရင် ကိုယ့်သူငယ်ချင်း ကို သူ့ဦးလေး က လာကြိုတတ် ပါတယ်။ အဲဒီခေတ်က ဖယ်မလီယာ လေး နဲ့ပေါ့. ။ အဲဒီ ဦးလေး က သိတ်ပြီး အပြုံးအရယ် မရှိဘူး။ အရွယ်လဲ ကိုယ်တို့နဲ့ သိတ် မကွာလှဘူး။ အဲဒီဦးလေး ကို ကိုယ်တို့ သူငယ်ချင်း တွေ အားလုံးက သဘောကျခဲ့ဘူး ကြတယ်။ ပြန်တွေူ့ ကြတုံး က ဆိုရင်.. ဟယ်.. နင့်ဦးလေး အိမ်ထောင်ကျပြီလားလို့ သတိတရနဲ့ မေးခဲ့မိဘူးတယ်။

Monday, October 6, 2008

Kiasu

ရန်ကုန် ကို ဖုံး ဆက် ဘို့ Peninsular မြန်မာဆိုင်ကနေ တယ်လီဖုံးကဒ် ဝယ်လာ တာ ပါ။ --B- လို့အမည် ရ ပါတယ်။ စလုံး ၁၀ ကျပ် ဘိုး ကို ရန်ကုန် ကို ၄၄ မိနစ် ရတယ် လို့ ဆိုင်ရှင် က ထောက် ခံချက် ပေးလိဲု့ ၂ ကဒ် ဝယ် လာပါတယ်။ call back function လဲ ရတယ် လို့ ဆိုပါတယ်။

call back ဆိုတာ ကိုယ့်ရဲ့ တယ်လီဖုံးက incoming free ဖြစ်ခဲ့ဘို့ လိုပါတယ်။ အဲဒီလို ကဒ်ပြားနဲ့ဆက် လိုက်ရင် စက်ရဲ့ ညွန်ကြားချက် အတိုင်း ဟိုလို လုပ်ပါ. ဒီလို လုပ်ပါ ဆိုပြီး ဖုံးဆက် သွယ် မှူ ခဏ ပြတ်သွားပါမယ်။ ပြီးရင် ဖုံး ပြန် မြည် လာရင် ကိုင်လိုက် တဲ့ အခါ ကိုယ်ကို တစ်နေရာ ကနေ ပြန် ခေါ် သလိုဖြစ် ပြီး ကိုယ်တို့ရဲ့ outgoing call တစ်မိနစ် ကို ၁၀ ပြား ကျော် ပေးစရာ မလိုတော.ပါဘူး။ ဘယ် ကနေ ပြန် ခေါ် သလဲ မမေးပါနဲ့. ။ kom လဲ မသိပါ။ ရွာသူ လဲ ဖြစ်နိုင်ပါတယ်။ လောကဓါတ် ပညာ တွေ ကမြင်.လွန်း လို့ မနည်း လိုက်နေ ရတာပါ။

ပြီးခဲ့တဲ့ -A--- ကဒ် တုံး ကတော.အစမှာ ဟုတ်ပြီ ဟူတ် ရဲ့နဲ့ နောက်ပိုင်းတော. ကဒ် က အခြေ အနေ ဆိုး လာတာ က နောက်ဆုံး တစ်ခေါက် မှာ ပြောခွင့် ၁၃ မိနစ်ဘဲ ရလိုက် ပါတယ်။ ကိုယ့် မိတ်ဆွေ ကတော. ပိုဆိုးတယ်။ သှူု့မှာ ပြော ခွင်.တောင် မရလိုက် ပါဘူး။ စက်က သင်.တွင် balance မရှိပါ ဘူး လို့ ပြောနေပါတယ်။ စလုံး ၁၀ ကျပ် ဘိုး တန်ဘိုး ရှိ တဲ့ကဒ် က မပြော ရသေး ဘဲ နဲ့ ခေါ် မရ ဖြစ် နေတာပါ။ help line ကို ဆက် ဘို. ကလည်. ဟိုလို နှိပ်ပါ။ ဒီလို လုပ် ပါ လိဲု့ စက် ကပြောနေတာတွေ ကို နားမလည် တာနဲ့ဘဲ ဆက် မကြိုးစားဖြစ် တော.ပါဘူး။ ဒီလို အတွေ. အကြုံတွေ ရှိခဲ့ပေမဲ့လဲ အသစ် ထွက်ရင် တော.လဲ ဆက်လက် စမ်းသပ် နေရ တာဘဲ။

အိမ်ရောက် တော. စမ်းသပ်ကြည်.တော. Very exciting ပါဘဲ.။ သင်.တွင် ၄၄ မိနစ် ပြော ခွင်. ရှိပါသည် လို့ စက် ကဖြေ ပါတယ်။ ဒါပေမဲ့ စက် က မသိရှာ တာ က kom သည် ငထုံ မဟုတ်ကြောင်း ။ သေငှေး ဖြစ် ကြောင်း သူ က မသိလိုက် ပါဘူး။ timer ကို ရှေ့ချ ထားတယ် လေ။ နောက် ဆုံး ဇာတ်သိမ်း လိုက်တော. ၃၅ မိနစ် မှာ ပြော ခွင့် ကုန် ဆုံ့းသွားပါတယ်။ စလုံး ၁၀ ကျပ် ဘိုးပါ။ နောက် တကဒ် ကိုဆက်လက် မစမ်းသပ် ရသေး ပါဘူး။ ဒီလိုနဲ့ဘဲ အတွေ့ အကြုံတွေ ဆိုတာ ကိုယ် ခံရတာ တွေ လို့ အဓိပါယ် သတ်မှတ် ထားလိုက် ရပါတယ်။

Sunday, October 5, 2008

never give up blogging



ယနေ့တနင်္ဂနွေ ဘလော.လျှော.ပြီး ထမင်းချက် အိမ်ရှင်း။ အိမ်စာ လုပ် မှာ မို့လို. ချက်ချင်း မ လည်ခဲ့ ရင.် ခွင့် လွှတ် စေ ချင်.။

မုန့်ဟင်းခါးကလဲ စား ချင် လို. ချက် ရ သေးတယ်။ ခင်ထွေးရီ ဆိုတဲ့ အထုတ် ကို ပြူတ် လိုက်တော. စား လို.ရသွား တာပေါ့။ ဘဲဥ. ပဲကြော်ကလည်း ထည့်ရသေး. ။ အောက် က ကုလားဆိုင် မှာ နနံပင် .နဲ့ လိုအပ် သည် များ က်ြက်သွန်နီ. ငံပြာရည် ကိုလည်း ဆင်းဝယ် ရသေးတယ်။ ပုဇွန်လေးပါ ကြော်ဦးမယ် ဆိုပြီး ဝယ် သေးတယ်။

အောက်ဆင်းရင်းနဲ့ တိုရှည် စားချင်စိတ် ပါ ဖြစ်လာတော. တိုရှည် လည်းဝယ် ပလာ တာ လဲ ဝယ် ။ မနေ့ က မြနန္နာ မှာ ပုဇွန်ချဉ် . မျှစ် ချဉ် ဝက်သား ။ ကြက်သား အသည်း အမြစ် နဲ့ ထမင်းစားခဲ့ ရုံ့ မက နေ ချဉ် ပေါင် နဲ့ မျှစ် ကြော် အပြင် ဝက်သား လုံးကြော် ကိုချက် တာ ရယ်။ ငှက်ပျောသီး ပေါင်း. ခေါက်ဆွဲ ကြော် ပါ ဝယ်လာ သေးတယ်။ ရွှေဝါမြေ က နေ လည်း ငါးဖယ်ဆီပြန် ဝယ် လာသေးတယ်။ လဘက်ကလေးကလည်း စားချင်လို့ နဲနဲဝယ်လာသေးတာ နယ်နေရသေးတယ်။ အဖွားကြီးသုတ်ပေါ.။ ဆားနဲ့ အချိုမှူန့်နဲ့ ကြက်သွန်ဖြူနဲ့ သံ့ပုံရာသီးလေးညှစ် .ဂွတ်.။

ဗိုက် လည်း မဆန်.တော. လောဘတွေ ကြီးပြီး ဝယ် တယ် ဝယ်တယ် ဖြစ်နေ တာဘဲ ရှိတယ်။ ဘယ် လိုကုန်အောင် စားရပါ့။ မြနန္နာ မှာ လူစည်တယ်။ ကျန်တာတွေလည်းသူ.ဘာသာ သူ စည် နေကြတာပါဘဲ.။ ဝိုင်ဝိုင်းရဲ့ (ဖြေသိမ်.လိုက်) သီချင်း လာတော. လိုက်ဆိုညည်း ကျတာ စတိတ် ရှိုး ရောက် နေ သလားတောင် အောက်မေ့မိတယ်။

ချဥိပေါင်နဲ့ မျှစ် ချဥိရည် ကလည်း ချက်နေတုံး။ အစိမ်းကြော်ဝယ် မလို့ ဆိုပြီး မနက် က ဝယ် ထား တာ တွေကလည်း ရှိသေး။ တပါတ်လုံး မြန်မာစာ မစားရ သမျှ အတိုးချ လို့ ဝယ်သာဝယ် ဖြစ် နေပါပြီ.။ အိမ်ကလည်း အမျှိုက်ပုံ ဖြစ်နေပါပြီ. ။ အိမ်မရှင်းဘဲ ဘလော.နေ တာကိုး။ မိဘနဲ့ များနေ ရင် ရိုက် ပေါက်ဘဲ။ အိမ်စာတွေ လဲပုံနေပြီ.။ ည မှ သန်းကောင်သန်းလွဲ အိမ်စာ တွေ.. လုပ်နေဦး မှာမြင်ယောင်သေး.။

Saturday, October 4, 2008

Eagle Eye





Kmsl လစ်တံုး ရုပ်ရှင် သွားကြည့်ပါတယ် ။ နီးနီးနားနား မလေးရှား မှာပါ။ ဘယ်သူနှဲု သွား သလဲ အစ်မရယ် မေးတော့လည်း တစ်ယောက်ထဲ ပါ လို. ဖြေ ရ မှာဘဲ။ ဘယ် ပွဲ ကြည့် သလဲ မရွှေဖဲ ဆိုတော့လည်း ဖြေ ရတော့တာဘဲ ပေါ့. ညကိုးနာရီပါ။ ဒီဘလော့ ကို kmsl လာမဖတ် ပါစေ နဲ့ လို့တော. ဆုတောင်းရတာဘဲ။ ကိုယ် ကြည့်ချင်တဲ့ ကားက ညနေစောင်း မှာ အဲဒီ အချိန် မှ ပြတာ ကိုး ဘယ်နယ်လုပ်ပါ့မလဲ။ ကျန်တာ က မလေးကားရယ် တရုတ်ကားရယ်။ အမှန် ကနောက် တစ်ကား ကို ပိုကြည့်ချင်တာ preview ကားကောင်း တကား ရှိသေးတယ်။ သန်းကောင် မှ ပြမယ် ဆိုလို့ အပြန် ရထား မရှိ မှာ စိုးတာနဲ့ဘဲ ဖျက်လိုက်ရတယ်။

စိတ်ပူ စရာတော့ မရှိပါဘူး။ လဝက ဘေးနဲ့ ကပ်ရက် city square shopping mall အပေါ် ငါးထပ် မှာ အဆင်.မြင့် ရုပ်ရှင် ရုံ ရှိပါတယ်။ များသော အားဖြင့်လဲံ သေငှေး တွေ ဘဲ လာကြတာ များပြီး လူသန့် ပါတယ်။ ရုံ လဲ ပြည့်လု နီးပါး အရှေ့ပိုင်း လောက်ဘဲ နေရာ လွတ်ပါတယ်။ ရုံးပိတ်ရက် အကြို မို့လို့ မလေး တစ်ဆယ် ပေးရပါတယ်။ တကယ်ပါ. .. သူငယ် ချင်း ဆီ ဖုံးဆက်ကြည့် ပါသေးတယ်။ လိုက်ကြည့်ဘို့နေနေ သာ သာ ..ဖုံးတောင် မကိုင် ပါ ဘူး။ နောက် ဆုံး တော့လည်း နိုင့်ငံခြား မှာ နေလာတာ ကြာပြီ ဆိုတော့ လည်း သဘော ပေါက် နေ ပါပြီ.။ အားလုံး က ဒီလို ပါဘဲ.။ ဖူံးဆက်ရင် နှောက်ယှက်တယ် လို့တောင် ထင် နေကြတဲ့ နိုင်ငံခြား ပါ။။

ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်ကား တကာုးပါဘဲ. ။ အသေးစိတ်တော့မမေးပါနဲ.။ တို့လဲ သိတ် နား မ လည် ပါ ဘူး။ အများ နဲ့ခွဲ ထွက်ထားတဲ့ ဇာတ်လမ်း တစ်ခု မို့ ကြည့်ဘို့ အားရင် ကြည်.သင့်ပါ တယ်။ မလေး တွေက ဖော်ရွေ ပါတယ်။ ကိုယ့်ဘေးက သူ က သူကြည့်တာ ၂ ခေါက်ရှိပြီး သိတ်ကြိုက် လို့ပြန်လာ ကြည့်တယ် လို့ ဆိုပါတယ်။

Trailer က ဒီမှာပါ. ( http://www.eagleeyemovie.com/ ) ။ ညီမလေး တွေ ကို ကြိတ်ပြောရရင် မင်းသား (Shia LaBeouf ) ချောတာနဲ့တင် အချိန်ကုန် လူပန်း ရ ကြိုးနပ် ပါတယ်။ သူငယ်ချင်း ကောင်လေးတွေ ကိုတော့အဲဒါ မသိပါစေနဲ့ .။ မဟုတ်ရင် လိုက် မ ပြဘဲ နေတတ်တယ်။ jealous ပေါ့လေ.။ အဲဒီတော့ ကိုယ်က မှင် ကလေး နဲ့ ဘဲ နာမည်ကြီးလို့ နံပါတ် 1 movies in America မို့လို့ ကြည့်ချင် တယ် လို့ မှင် သေသေ နဲ့ ပြောဘို့ လိုအပ် ပါတယ်။ ဆယ့် နှစ်ကြိုးထဲ က တစ်ကြိုးကို ခင် လို့ပြောပြ တာပါ။ တတ်ပြီး သားလား မသိ... ...

Thursday, October 2, 2008

be careful






သူများလို ဟင်းမချက်တတ်ပေမဲ့ဘဲ လျှောက်လည်တဲ့ နေရာ မှာတော့ ပြိုင်ဘက် ကင်းတယ် လို့ ကိုယ့်ကိုကိုယ် တင်စားချင်တာဘဲ.။

သတင်းစာဖတ်ရင်းနဲ. Robinson sale လို.လဲ မြင်လိုက်ရော။ နာ ရီ ကို ကြည့်. အချိန်ရှိ သေးတယ် ဆိုပြီး သုတ် ကနဲ ထ ။ ရေချိုး ပြီး တာနဲ. Expo ကို လစ်သွားတော့တယ်။ ဈေးကတော. သိတ်မလျော့ သလို ကိုယ် ကလဲဘာ မှ မဝယ် နိုင် ပါဘူး။ မြို့ထဲ က ဆိုင် တွေ ကို အလွတ် ရနေလို. အပြောင်းအလဲ သဘော မျှိုးလေး သွားတာပါ။။ ဘယ် သူငယ် ချင်း မှ မပါဘူး လား လို.မမေးချင်ဘုးလား။ ဘယ် သူ မှ မပါပါဘူး။ ကျော်ဟိန်း သီချင်း ထဲ ကလို တစ်ယောက် ထဲလား မေးတော့ ….ကိုယ် တစ်ယောက်ထဲပါ။

အချစ်လား။ မမေးပါနဲ့။ မယူခင် တုံးက မနက် ရ နာရီ မထိုးခင် အိမ်ကို လာတတ် တဲ့ သူ က အခုလား။ သွားချင်ရာ သွားပါကွာ. ည သိတ် မိုးမချုပ် နဲ.။ လို့….ဆိုပါတယ်။

မိန်း ကလေး များးဘဝ က မယူခင် မှာ စကော့ဈေးထဲ က မုန့်ဆိုင် လိုဘဲ ဟိုဆိုင် ကလာပါ။ ဒီ ဆိုင် က လာပါ အစ် မ လို့ ဝိုင်း ဆွဲ ကြပြီး သကာလ. တစ်ဆိုင်ထဲ ကို ဆုံးဖြတ်ပြီး ဝင် လိုက် သလိုပါဘဲ. ။ ဒါလို မဖြစ် ချင်လို့.ကြောက်လို့ အပျိုကြီး လုပ် မယ် လို့တော. မဆုံးဖြတ် ပါနှဲု့လေ။ ဆုံးဖြတ် စရာ ရှိ တာကိုတော. ရွှေင် ရင် အေးစား မလား။ ဆီချက် စားမလား လို့တော. ဆုံးဖြတ်ချ ချနိုင်ရပါမယ်။

အဲ။ ယူပြီး ပြန် ရင်တော့ လည်း မော်တော် ကားပြင် ဘို့သွားသလိုဘဲ။ အာ…ဆရာ… ကြွပါ …ကြွပါ… ဆို ပြီး မော် တော်ကားကို စက် ဖုံး လှန်ပြီူး ဒေါက်ထောက် ထားလိုက်ရင် အဲဒီ ဆိုင် မှာ မိုးလင်းပြီ လို့သာ မှတ် ပါ။ ဒီဆိုင်မှာဘဲ ပြင် လို့ ပြီး အောင် ထိုင်စောင့်ပေတော့..။