Saturday, January 31, 2009

su

စိတ်ဆင်းရဲစရာတွေ ကို မဖတ်ချင်တဲ့သူ အခု ရောက်တဲ့နေရာကနေ ရပ်လိုက်ပါ။ ရှေ့ဆက် မဖတ်ပါနဲ့။ လူ့လောကထည်း မရှိတော့တဲ့သူငယ်ချင်းတစ်ယောက် ကို ဒီနေ့ သတိရနေတယ်။ ဟိုနစ်ပိုင်း က ရန်ကုန် ကို တစ်ခေါက် ပြန်တော့ ဒီနေ့ရောက်ပြီး နောက် တစ်ရက် အဲဒီ သူငယ်ချင်း ကို သွားတွေ့ပါတယ်။ အတော်လေးကို ချစ်ခင်ကြပါတယ်။ အမြဲ့တန်းလိုလို သွားလည်လေ့ရှိပါတယ။် သူ အလုပ်လုပ်တဲ့ နေရာ ကိုရော.. အဲဒီ တစ်ခေါက် က တော့ အိမ် ကို သွားခဲ့တယ်။

အဲဒီ သူငယ်ချင်းပေါ့။ အဆိုတော် တူးတူး ကို သိတ်ကြိုက်ပါတယ်။ တူးတးူး မင်္ဂလာ ဆောင် တော့ တူးတူး ရဲ့ မင်္ဂလာဆောင် ဖိတ်စာ ကို ရှာပြီး သိမ်းထား ပါတယ်။ အိမ် ထောင်ပြူတော့လည်း တူးတူး နဲ့ခပ်ဆင် ဆင် တစ်ယောက် နဲ့ အိမ်ထောင်ြ့ပူပါတယ်။ သူ့မှာ ထူးဆန်းတဲ့ အကျင့်ကလေးရှိတယ်။ ပိုက်ဆံ ကို အသစ် ကလေးတွေ စုတတ်တယ်။ ပြီးရင် ပိုက်ဆံကို နံပါတ် ကလေးတွေ အစီအရီအလိုက် ပြန်ပြန် စီတတ်တယ်။ မပြန့်ရင် မီးပူ တိုက် လိုက်သေးတယ်။

သူ့စိတ်ကလေး ကလည်း အန်မတန် အေးချမ်းပါတယ။် မျက်နှာလေး ကလည်း အေးချမ်း တယ်။ လောဘလည်း မရှိဘူး.။ အဆင်ပြေသလိုဘဲ ကြည့်ကျက်နေတယ်.။ သူနဲ့ စကား အတော်ကြာပြောပြီး ပြန်လာခဲ့တယ်။ နောက် ၂ ရက် နေတော့ နောက် သူငယ်ချင်း တစ်ယောက် က ဖုံးဆက်လာတယ်။ စု မရှိတော့ဘူးတဲ့။ ဘာတွေ လာပြောနေတာ လဲကွာ. ငါ ပတ်စပို့ရုံးမှာ ခြာလပတ် လည်နေတုံး လူတွေ ကလည်း အများအပြား ..အသံတွေ ကလည်း မသဲမကွဲ..။ ဟဲ့ မီန်းမ.. စု မရှိတော့ဘူး ဆိုတာ သေပြီလို့ပြောတာ.. ကြားလား စု မရှိတော့ဘူး.လို့ . ဆိုတော့ ဘာဆက်ပြောရမှန်းမသိ.. မယုံ ဘူး. မဖြစ် နိင် တာ ကွာ..ဆိုတဲ့စကားကိုဘဲ စိတ်ထဲမှာ အော်ဟစ်နေမိတယ်။

သူ့အိမ် သွားတယ်။ တကယ်ပါဘဲ.။ အချိန် တို တစ်ခု အတွင်းမှာဘဲ အဲဒီ ကိစ္စ က ဖြစ်ပျက် သွား ခဲ့တယ်။ ဓါတ်လိုက်တယ် လို့ဆိုတယ်။ အပြန်လမ်းမှာ စဉ်းစားနေမိတယ်။ ကိုယ် အမှန် အတိုင်း ပြောရင် ငါးပါးသီလ အတော်လေး လုံပါတယ်။ သို့သော်လည်း ဘာသာရေးနဲ့ ပက်သက် လို့တော့ အားနည်းတာ အမှန်ပါဘဲ။။ သူငယ်ချင်း မင်း ဘယ် ရောက်သွား သလဲ. .ဘာဖြစ်သွားသလဲ။။ မင်းကိုယ်မင်း သိလိုက်ရဲ့ လား..ငါ မင်းအိမ် လာတာကို မင်း သိသလား..မင်း ငါနဲ့များ လိုက်လာသေးလား။ စိတ်ထဲမှာ အတွေးတွေ ရှုပ်ထွေးလို့။

အဲဒီတုံးက ယုဇန ဟော်တယ်မှာ ကိုယ်တည်းပါတယ်။ တစ်ယောက် ထည်းပါ။ မီးမြငှ့် တယ် ဘဝင် မြင့်တယ်.။ ဘဝ မေ့တယ် ဘဲ ဆိုကြပါစို့။ ဟော်တယ် ကိုပြန်လာ ပြီး ကိုယ် တစ်ယောက်ထဲ ထိုင်နေပြီး အဲဒါတွေ စဉ်းစားနေမိတယ်။ ကဲကွာ ဘာဘဲဖြစ်ဖြစ် ငါလုပ်တတ် တာ ငါ လုပ်ပေးမယ်။ ငါပြူသမျှ ကုသိဲုလ် ကို စု ရေ.. အမျှ အမျှ အမျှ မင်း ယူပါလို့ကိုယ် တိုးတိုးလေး အမျှဝေ လိုက်တယ်။ ယုဇန ဟော်တယ် က ကိုယ်နေတဲ့အခန်း အဲဒီ စက္ကန့်ပိုင်း မှောင် အတိ ကျသွား တယ်။ မီးပျက်သွားတဲ့သဘော။ ကိုယ်လဲ လန့်သွားတယ။် စု ငါပြောတာ မင်းကြားသလား စိတ်ထဲကနေ ရေရွတ် လိုက်မိတယ်။ မိနစ်ပိုင်း အတွင်း မီးပြန်လင်း လာတယ်။ အဲဒီည က တညလုံးကိုယ် အိပ်လို့မရဘူး။
စု........ရေ.....

Thursday, January 29, 2009

Management 3

နောက်တစ်ခု ကိုယ့်မီဘ ချမ်းသာတဲ့သူများ .. ပိုက်ဆံရှိတဲ့သူများ။ အများဆုံးမှားတတ် တဲ့ အြ့ပူအမူ အလေ့အထ တစ်ခု..တစ်ဦးတည်း သောသား များမှာ ပိုဖြစ်တယ်။ ဒါမှ မဟုတ်လည်း အကြောင်း အမျိုးမျှိုးနဲ့ လူကြီး မိဘ အမွေကို ရနိုင်ခွင့်ရှိသူများ မှာ ယေဘုယျ အားဖြင့်အဲဒီ အမျှားကို ကျူးလွန်တတ်ကြတယ်။

အနီးဆုံးဥပမာ. ကိုယ့်အဖေ..သားအကြီးဆုံး အလိမ်မာ ဆုံး မိဘ ကို ပိုက်ဆံ အထောက်ဆုံ့းဖြစ်တဲ့ အပြင်။ သား သမီး မရှိတဲ့ ဦးလေး လင်မယားက လည်း သားအဖြစ် မွေးစားထားသေးတယ။် ကဲဒီ အမွေ မြေကြီး ..တို့။ ဘားလမ်း တိုက်ခန်း တို့ဟာ သူအပြင်ဘယ် သူရဘို့ရှီသေးလဲ သူ စဉ်းစားလား သူမစဉ်းစားလား မသိ. ။ အဖေဟာ ဘာကို မှ မဝယ်သွားဘူး..။

အမေ့အမေ ဘက် က အမွေ ရတော့ ဟိုခေတ်က မော်တော် ကားကြီ့းကိုဝယ် စီးတယ်။ မြို့ပိုင် နယ်ပိုင် ဆို တော့လဲ သွားလေရာမှာ အိမ် ကြီးကြီး ရှီတယ် ဆိုတော့ အိမ် ဟာ သူ့အတွက် ပူစရာ မဟုတ်ခဲ့ဘူး။ ကဲ. ပူတာအိုသွားမယ် ဆိုတော့ မော်တော်ကားကို ညီလေး က အစ်ကိုရယ် ကျွန်တော့်ကို ပေးထားခဲ့ ကျွန်တော်ကြည့်ပေးထားမယ် လို့ဆိုတယ်။ ..ပေးထားခဲ့တယ်။ အဖေ ပူတာအို ..နဲ့ မိုးညှင်း ကနေ ပြန် လာတော့ မော်တော်ကား က ဂျုံးဂျှူံးကျနေပြီ.. လမ်းသွားရင်းနဲ့ ပြင်ရတာ ခဏခဏ..နောက်ဆု့းင်္ သားသမီး များက လည်း အရွယ်ရောက်လာ တက္ကသိုလ် စရိတ် တွေ ကလည်းကြီးလာ..အစိုးရအိမ် မရခင် အိမ်ငျှားနေ တော့ စရိတ် ကလည်းတက်.။ ကားကို ရောင်းတာလည်း ဘယ်လောက် မှ သိတ်မရတော့ ဘူးထင်တာဘဲ။

သူမျော်လင့်တယ်လီု့ ကိုယ်ထင်မိတဲ့ အဖေ့မိဘ မြေကြီး ကလည်း သူ့အမေ က သားရယ် သားညီမ နှစ်ယောက် ကသမီး မိန်းကလေးတွေ အမေ ပေးလိုက်တော့မယ် ဆိုောတ့လည်း လိမ်မာတဲ့သားကြီး ဘာ ပြောမလဲ။ ပေးလိုက်ပါ အမေ ပေါ့။ မွေးစားအဖေ ဦးလေး က လည်း အဒေါါ် ဆုံးတော့ နောက် အိမ်ထောင်ပြူ.. ဦးလေ.းမဆုံး ခင်မှာဘဲ ဘားလမ်း တိုက်ခန်းကို ရောင်းလို့ ဒေါပုံ ပြောင်းနေကြတယ် ။ အဖေ မျော်လင့်သလား. မမျော်လင့်သလားမသိ.. ။ ဘာ မှ မရခဲ့ဘူး။ အစိုးရပေးတဲ့ အခန်းမှာဘဲ နောက်ဆုံး အချိန် ထိ နေခဲ့သွားတယ်။ အရာရှိကြိး တစ်ဦး ဟာ မြေတစ်ကွက် တောင် မဝယ်ထားခဲ့မိဘူး။

ကိုယ့်အဖေ ပင်စင် ယူတော့အစိုးရအိမ် ကနေ ဖယ်ရမလိုဖြစ်တယ်။ မိသားစုဝင် တစ်ယောက် က အစိုးရ အလုပ် လုပ်ရင်တော့ နဲနဲကြည့်ရှူ ပေးနိုင်တယ် ဆိုလို့ စာသိတ် တော်တဲ့ ကံမကောင်းလို့ ဆေးကျောင်း နဲ့ လွဲသွားတဲ့ ကိုယ့်အစ်မအလတ် မဟာ .. ရာဇူး chemistry မှာ Msc တက်ခွင့်ရရဲံသားနဲ့ မိသားစုကို ငဲ့ပြီး အလုပ်ခွင် ကို အသက် ကလေးငယ် ငယ်နဲ့ဝင်ခဲ့ရတယ်။

အဖေဟာ ခေတ်ကောင်းလား ကောင်းကောင်း မှီခဲ့ပါတယ။် ဘာမှ မရှိဘူး လို့ကိုယ်တီု့ယူဆခဲ့တဲ့သူ့ညီ ကိုယ့် ဦးလေး ဟာ သင်္ကကျွါန်း ဘက်မှာ မြေလေးတစ်ကွက် ကို မြန်မာငွေ သုံးရာ နဲ့ ဝယ်ခဲ့တယ်။ အခု အတော် ဈေးရှိရုံ့မက သူ့တသက်တင် မက အခု မြေး လက်ထက် မှာပါ မပူမပင် နေနေရရဲ့၊ သူဝယ်ထားတဲ့ မြေဟာသူ့မြေပေါ့ ။ .အစိုးရအိမ် ဆို တာ အလုပ်လုပ်တဲ့ကာလမှာ ဘဲ နေခွငှ်ုရှိတယ် ဆိုတဲ့သဘာဝကို နားလည်ခဲ့ဘို့လိုတယ။်

မှတ်မိတတ်ရင် ပညာယူတတ်ရင် ဖတ်သမျှ.စာတွေ ထဲက ပညာယူလီု့ရနိုင်တယ။် သော်တာဆွေ စာအုပ်ဟာ ပညာရှိ စာအုပ်ကြီးဘဲ။ ပညာတွေ သူ့စာအုပ်အထဲမှာ အများကြီးရှိတယ်။ ယူတတ် ဘို့တော့လိုတယ်။

မှတ်မိမလား..သော်တာဆွေ ..မေနဲ့ အိမ်ထောင်ပြူပြီး ခုနစ်မိုင် ရွာတန်းရှည် ကလေး မှာ တစ်လ အစိတ် နဲ့သွားပြီး ငှားနေကြတယ။် အဲဒီ အိမ် ကလေးကို သူတို့သိတ်ကြိုက်တယ်။ မိုးကုတ်မြမောင်တို့ အားလုံး လာလာပြီးစတည်း ချကြတယ။် သူတို့သိတ်ပျော်ခဲ့ကြတယ်။ မိုးကုတ် မြမောင် ဆိုတာ ငွေ ကို ရေလိုသုံးသူ မက လေ လိုသုံးသူ လို့ပါ နာမည်ကြီးလောက်အောင် ချမ်းသာပါတယ်။
အဲလိုနဲ့နေလာရင်း သော်တာဆွေ တို့ အဲဒီ အိမ် ကလေး ကို ဝယ်ချင်လာတယ်။ တီးခေါက်ကြည့်တော့ အိမ်ရှင် ကလည်း ရောင်းချင်တယ် လို့ သတင်းရတယ် ။အဲလိုနုဲ့ သော်တာဆွေ စာမျုခ မျာများလေး ရတဲ့ တစ်နေ့မှာ အိမ်ရှင်နဲ့စကားပြောဖြစ်တယ်။ အိမ်ရှင် က တစ်ထောင့်နှစ်ရာ တောင်းတယ်။ (နဲနဲတော့ လွဲနိုင်တယ် အလွတ်ပြောတာမို့လုီ့ ခွင့်လွတ်ပါ) သော်တာဆွေ ကစဥင်္်းစား ပြီး ပေးမယ် ဗျာ ဆိုပြီး ဈေး ပြောပြီး ပြန်လာခဲ့ကြတယ်။ မေ ကတောင်.. မောင်ရယ် နဲနဲ လောက် ဆစ်ပါဦးလေား ဆိုတာ ကို သော်တာ ဆွေ က အို..မေ ကလဲ ကိုယ်တို့လဲ ပိုက်ဆံရှိနေတာဘဲ သူ တို့စိတ်ချမ်းသာ ပါစေ ဆိုပြီးတော့တောင် ပြောလိုက်သေးတယ် ။

နောက်နေ့လဲကျ ပိုက်ဆံလည်း သွားချေရော အိမ်ရှင် က အားနာနာနဲ့ အစ်ကိုရယ် ကျွန်တော် တို့ တစ်ထောင့်ငါးရာ ရမှ ရောင်းနိုင်မယ် လို့ ပြောတော့သော်တာဆွေ ကစိတ်ဆိုးပြီး စကားကိုဒီ လို ပြောင်းပြော တာ မကြိုက်ဘူးဆိုပြီး မဝယ်ခဲ့တော့ဘူး။. အဲဒါမှန် ပေမဲ့လဲ ကံကမကောင်းတော့ အမှား ဖြစ်သွားတယ် သူ့ဘဝ မှာ အချို့သော အခက်အခဲတွေ နဲ့ရင် ဆိုင်ခဲ့ရတယ် ။
အဲဒီ မြေကြီး ကိုမဝယ်ဖြစ်တဲ့ အချိန်မှာဘဲ ကံကောင်းတယ် ဆိုရမဲ့ တချိန်မှာ ကံမကောင်းဘူး လို့ ဆိုရမဲ့အဖြစ်နဲ့တွေ့တယ်။ ဘာလဲဆိုတော့ အဲဒီ အချိန် မှာ သူ့ညီ ဗိုလ်မှူးက အစ်ကို့အတွက် ကျွန်တော် အိမ်ဆောက် ပေးထားတယ် ဆိုပြီး မနီးမဝေးမှာဘဲ အဲဒီခေတ် က တစ်သောင်းခွဲ တန် အိမ် ဆိုတာ ကို သူမသိအောင် ဆောက်ပေးထားပြီး သူ့ကိုပေးနေပါတယ် ။ အဲဒီမှာ ညီအစ်ကိုချင်း မရှင်း ဖြစ်သွားတာ က အပိုင်ပေးတာလား.။ ခဏပေးနေ တာ လား ဆိုတာ စာအုပ်ထဲ မှာ ရေးထားတာ မသဲကွဲလိုက်ဘူး. ။ အဲလိုနဲ့ အဲဒီ အိမ်မှာ သော်တာဆွေ ဟာ နှစ်ပေါင်းများစွာ နေ ခဲ့တယ်။ အဲဒီတော့သူလဲ ဘဲ အိမ် ထပ်ဝယ်ဘို့ မကြိုးစားခဲ့ တော့ ဘူးလို့ယူဆရတယ်။ ပြီးတော့ သူအင်းစိန်ကို ပြောင်းတာ ကတော့ဖတ်ဘူး ကြပြီးပြီ လို့ယူဆပါတယ။် အားလုံး စာသမားတွေ ချည်းတွေ ဘဲဆိုတာ သိပြီးသားပါ။

အဲဒီ တစ်ထောင့်ငါးရာ မြေကြီးနဲ့ အိမ်ကလေး ကိုသာဝယ်ဖြစ်ခဲ့ရင် သော်တာဆွေ အသက်ကြီးလာတဲ့ အချိန်မှာ နဲနဲ ခွဲခွဲရောင်း သွားပြီး ထမင်းလေး စားသွားလို့ရတယ် ။ ယပ်ကလေးတောင် ခတ်နေ လို့ရ သေး တယ။် ခုနစ်မိုင် မှာပါ။ သဘောပေါက်။

ဆိုလိုချင်တာက ကိုယ့်မိဘ..မှာ ရှိခဲ့လည်း ကိုယ့်ဘာသာ ကိုယ် နေစရာကို ဖန်တည်းထားရမယ်။။ မိဘ ဆီ က မမျှော်ပါနဲ့ ။

တို့သူငယ်ချင်း သဘောင်္သား.. ဆရာဝန်ကြီး လင်မယားရဲ့သား.။ အတော်လေး ချမ်းသာပါတ။်ယ် အင်းယားလမ်း..နဲ့ ရွေတောင်ကြားမှာ မြေ သုံ့းကွက် ရှိပါတယ။် သားသမီး သုံးယောက်ဘာ ပြော ချင်သေးလဲ..တစ်ယောက်တစ်ကွက် သေချာသပေါ့။။ အေးအေးလေး နေရုံပါဘဲု လို့ထင်သလား မထင် သလား မသိတဲ့သူငယ်ချင်းဟာ မြေကွက် မဝယ်ပါဘူးး ကွန်ဒို ဘဲဝယ်ပြီးနေပါတယ။် အခုလားး.. အိမ်ပေါ်တောင် မတက်ဖြစ်ပါဘူး..သူရဘို့ မရဘို့ မရေရာတော့ပါဘူး။

ဆိုလိုချင်တာ ကတော့ကိုယ့်ရှိမှ ကိုယ်ရမယ် ဆိုတာကိုပါ။ အမြဲဘဲ ကိုယ့်ဘာသာ ကိုယ်ဝယ်ဘို့စဉ်းစားပါ။ မိဘ အမွေ ဆိုတာ ရချင်မှလဲ ရမယ်။ မရချင်လည်းမရဘူး။။ တို့အဖွားအပျိုကြီးတွေ အတွင်းပစည်း တွေ ကို တူမတွေ ကိုကျော်ပြီး ချစ်တဲ့ အတူနေမြေးမ တစ်ယောက် ကို ပေးခဲ့တယ။် တူမတွေ အားလုံး စိတ်ညင်္စ် သွားအောင်လုပ်ခဲ့တယ်။ ဒါတွေ ကိုစဉ်းစားရပါမယ်။။

Tuesday, January 27, 2009

Management 2

ကဲစုပြီးပြီ..နဲနဲ ရလာပြီ..ဘာလုပ်ကြမလဲ..ဒီအပိုင်းဟာ အရေးအကြီးဆုံးဘဲ။ ကိုယ့်ရှိ တဲ့ ပိုက်ဆံ ကို ဘယ်နားပုံ မလဲ ဆို တာ က သိတ် အရေးကြီးတယ်။ အရင်ဆုံး မြန်မာပြည်မှာ ဆိုရင် တော့ ရွေပြေး ဝယ်ရတာဘဲ. ။ ဒါမှ မဟုတ်လဲ မြတ်နိုင် တဲ့ပစည်း အချို့ပေါ့။ ရွေတောင် မှ အခေါက်ရွေ အတုံးကို ဝယ် သင့်တယ။် ကျန်တာတွေ က အလျော့ တွက်နဲ့ ဆိုတော့ပြန်ရောင်းရင် ရုံးတယ်။ တစ်ခေတ် က့ hangphone က ဈေးတက် တတ်တဲ့ အမျိုးပါ။ အဲဒါမျိုး နှစ်လုံးလောက်ဝယ်ပြီး စုထား ။ပိုက်ဆံလိုတော့မှ တစ်ခါ ပြန်ရောင်း.။ အသေးတွေ ကို နိုင်သလောက် စုထားပြီ. လိုချင်တော့မှာ ပြန်ရောင်းပြီး အများဖြစ်အောင်ဖန်တည်းတဲ့သဘောပါ။

မျက်စိ ကိုဖွင့်ထားရမယ်။ ငါ့မှာ ပိုက်ဆံရှိခဲ့ရင် ငါ ဘာဝယ်ချင်တာလဲ ဆိုတာ ကို စဉ်းစား ထားရမယ်။ market ကို လေ့လာထားရမယ်. ပိုက်ဆံမရှိခင်ကတည်း ကလေ့လာရမယ် ပိုက်ဆံရှိမှ လေ့လာမယ် ဆိုရင် နောက်ကျသွားလိမ့်မယ်။ ဥမမာ. .မော်တော်ကားဝါသနာ ပါတဲ့သူ ကမော်တော်ကားကို ကြည့်.. ဘယ်ကောင်က ဈေးဘယ်လောက်.. ဈေးကျရင် အပေါါ်ကားတွေ ကျတတ်ပြီး အောက် ကားတွေ ကျန်ခဲ့တတ်တာ ကို သတိမှူမိရမယ်။

တိုက်ခန်းဝယ်ချင်တဲ့သူကလည်း ဘယ်နားဝယ်ရင်ကောင်းမလဲ.။ ရပ်ကွက် ကိုကြည့်ရမယ်။ မြေနီကုန်း တိုက်ခန်းနဲ့ လမ်း ၅၀ တိုက်ခန်း ဈေးမတူဘူးဆိုတာကို သိနေရမယ်။ အကျယ် ကို လေ့လာထားရမယ်။ ၁၂ ပေ ၅၀ လား.. ၁၂ ပေ ၄၀ လား.. ၁၅ ပေ ပေ ၆၀ လား ဆိုတာ ကို သိ နေရမယ်။ လှေခါးဘေးလှေခါးလား.. အလည် လှေခါးလား.။ အုတ်ပါးပါး နဲ့ဆောက်တာလား.တကယ်ကို ပက်ကားဆောက်တာလား. ရပ်ကွက်ထဲမှာ ဆိုရင်တောင် ဘယ်သူဆောက်တာ လဲ မေးမြန်းရမယ်။

နာမည်ရှိ ရပ်ကွက် ကန်ထရိုက်တာ ကဆောက်တာလား။ နာမည်မရှီ ကဆောက်တာလား။ ဒါတွေ ကို လေ့လာရမယ်။ ပိုက်ဆံရှိရင် မြေညီထပ်ဝယ်ရမယ် ဆိုတာ ကို သတိမူရမယ်.။ ကိုယ်တို့ခေတ် က မြေညီထပ် ဝယ်နိုင်ရဲ့သားနဲ့ ကိုယ့်အိမ်ရှေ့က လူဖြတ်လျှောက်ရင် အိမ်ထဲ ကို မြင်ရရင် ကိုယ့်ကိုမြင်နေရရင် မကြိုက်ဘူးဆိုတဲ့ အတွေးအခေါါ်တွေ ကို ဖယ် ထုတ်ရမယ်။ မြေညိထပ် သည် ထားကောင်းရောင်းစွံ့ အရောင်းအဝယ် လုပ်လို့ကောင်း ဆိုင်ဖွှုင့်လို့ကောင်းတယ် ဆိုတာ ကို သတိမူမိရမယ်။

တစ်ခါထည်းဝယ်နိုင်ရင်လည်းဝယ်. မဝယ်နိုင်ရင် လည်း ဟိုခေတ် က ကြိုပွီုငှ်ု့ဆိုတဲ့ခေတ် ရှီခဲ့ဘူးတယ်။ အဲလိုမျိုး ကိုယ်ဘယ်နည်းနဲ့တတ်နိုင်မလဲ ဆိုတာကိုကြံဆ နေရမယ။်

မြေကြီး သဘောကျတဲ့သူကလည်း အမြဲလေ့လာပြီး ဘယ်နေရာ က ဘယ် မြေကြီး ဈေးက တစ်ရေးနိုး ထမေး သိနေအောင် လေ့လာရမယ်။ အဲဒါမှ တန်တာ လေးများတွေ့ရင် ဝယ်နိုင် မယ် ဘယ်အကွက် ကဖြင့် ဟော့နေတယ်. ဘယ် အကွက်ကဖြင့် ဈေးမရှိဘူး.. စဥင်္းစား ထားရမယ်။

ကိုယ့်မိတ်တွေ ချာတိတ် နစ်ယောက် စလုံး ၂ သောင်းစီ ကိုင်ပြီးပြန်သွားတာာ( ဟိုခေတ် ကပါ.. အဲဒီ အချိန် ကမြေကြီးတွေ ဈေးကောင်းတယ် မြေတွေ ဟော့နေတဲ့အချိန်ပေါ့။ မြေတစ်ကွက် ကို မဟော့တဲ့ နေရာမှာပွဲစား အပြောကောင်းလို့ ဝယ်မိတယ်။ ဘာမှ မလေ့လာထားဘူး. ကဲကဲ ဝယ်ဝယ် ဆို ဝယ်လိုက်ကြတာ အခု အသံတောင် မကြားရ တော့ဘူး. အဲဒီ ခေတ် ကပိုက်ဆ့နဲ့ဆို သူ တိုက်ခန်း ကောင်းကောင်းဝယ်နိုင်ပါတယ။်

အဓိက.က လေ့လာရမယ်။ လေ့လာမှူမရှိရင် မှားမှာဘဲ။ ကိုယ်သှူုယ်ချင်းမိဘ များ လက် ထက် က ပိုက်ဆံကိုင်ပြီး မြေဝယ်ဘို့လေ့လာကြတယ် ဆိုပါတယ်။ အဲဒီ အချိန်မှာ အင်းစိန် ဘက် ဈေးနဲ့ပြည်လမ်းဘက်ဈေး သိတ် မကွာဘုလို့ဆိုတယ။် သူတို့စဥ်းစားပြီးအင်းစိန် ဘက် ဝယ်လိုက်တယ် ဘာကြောငှ်ုလဲ ..အကြောင်းပြချက် က အင်းစိန် က ဘတ်စကား ပေါ တယ်။ ပြည်လမ်းဘက် က ကားရှားတယ် အကြောင်းပြချက်ပါ။ သေရော..အခုအချိန် မှာပြည်လမ်း ကဝက်ဝက်ကွဲ ဈေးတက်ပြီး အင်းစိန် ကပြည်လမ်းလောက်မတက်ပြန်ဘူး။

သိတ်ခက်တယ်။ အဲဒီတော့ တစ်ခါ တစ်ခါ ကံကလည်း လိုသေးတယ်။ စဥင်္းစား ဘို့လည်းလိုသေးတယ်။ ကိုယ်ပြောဘူးတဲ့ km ဆို အရင် ကသူ့အဖေ က ၄၅ လမ်း မှာ နေတာပါ။ ဟိုတစ်ခေတ်က ၄၅ လမ်းနဲ့ ရွေတောင်ကြားနဲ့ဈေး သိတ်မကွာတဲ့ခေတ် ရှိခဲ့ တယ် ဆိုတယ်။ သူ့အဖေ က ၄၅ လမ်း တိုက်နဲ့ ရွေတောင်ကြားတိုက်နဲ့ ကို အလိုက် အနည်း ငယ်ပေးပြီး ဒဲ့လဲခဲ့တယ် လို့ဆိုပါတယ။် အဲဒီတော့ရှေးလူကြီးတွေ နဲ့ စကား ပြောရမယ်။ သူတို့ ဘာတွေ မှန် ခဲ့သလဲ နားထောင်ရမယ်. သူတို့ဘယ် လို မှားခဲ့ သလဲ နားထောင်ရမယ်။ အဲဒီ အပေါ်က နေ သုံးသပ်ရမယ်။

မော်တော်ကား တစ်စီးမြန်မာ ငွေ ၂ သိန်းဆိုတဲ့ခေတ် လည်း ရှိခဲ့ဘူးတယ။် ကိုယ့်အဒေါ်ဟာ ပညာသင် အင်္ဂလန် ကို ခေတ္တ သွားရင်းနဲ့ ဒတ်ဆန်းကား နောက်ဖွင့်ကလေး တစ်စီး ဝယ်နိုင် ခဲ့တယ် ။ အဲဒီ အချိန် က အဲဒီ ကားကို ရောင်းရင်မြန်မာ ငွေ ၂ သိန်းရပါတယ်။ အဲဒီ ၂သိန်းက တိုက်ခန်းကောင်းကောင်းရပါတယ်. ဦးလေး အင်ဂျင်နီယာ က မော်တော်ကား မောင်းချင်တယ် ဆိုတော့အဒေါ်က ဦးလေး ကို ချစ်တဲ့စိတ်နဲ့ မရောင်းခဲ့ဘူး. သူတို့ တစ် သက် လုံး အမေ့တိုက်ခန်းမှာဘဲ နေ ရပါတယ်။ အခုထက်ထိ.. ကိုယ်ပိုင် တိုက်ခန်း မရှိလိုက်ဘူး။

အဓိက က လေ့လာရမယ်။ ဘာဝယ်ချင်သလဲ ဆိုတာ ကို ကိုယ့်စိတ်နဲ့စဉ်းစားရမယ်။ အပြန်ပြန် အလှန်လှန် သုံးသပ်ရမယ်။ အချိန်ပေးရပါမယ။် ဘယ်အရာကို မှ အချိန်မပေးရင် မတိုးတက်ဘူးဆိုတာ အားလုံးသိပြီးသားဘဲ။

Monday, January 26, 2009

Management 1

ပိုက်ဆံချမ်းသာချင်တယ်။ ဘယ်လိုလုပ်မလဲ...။ လုပ်တတ်တဲ့သူက လွယ်ပါတယ် ကွာ လို့ဖြေမယ်။ မလုပ်တတ်တဲ့သူက ဘယ်နဲ့လုပ်မလဲ လို့ဖြေမယ်။။ အလွယ်ဆုံးက ကိုယ့်ပတ်ဝန်းကျင်က ဘယ်သူချမ်းသာ သလဲဆိုတာကြည့်ပါ။ သူလုပ်သလို လိုက်လုပ် ချမ်းသာ ပါလိမ့်မယ် လို့ဆိုတယ်။ သူလဘက်ရည် ဆိုင်ဖွင့်လို့ ကိုယ်လိုက်ဖွင့်တာ မျိုးကို မဆိုလိုပါ။ ဆက်လက် ရှင်ြး့ပပါ့မယ်။

ဒီအခြေအနေ မှာ ပိုက်ဆံ အတန်အသင့် လစဉ်ဝင်ငွေ ရှိနေပြီလို့ ဆိုကြပါစို့။ဒါမှ လဲ ဘယ်လို စစု ရမလဲ ဆိုတာ ပြောနိုင်မယ်လေ..ပိုက်ဆံဝင်ငွေ ရှိအောင် ဘယ်လို လုပ်ပါလို့တော့ မမေးနဲ့တော့။။ ဒီအချိန် မှာသိသင့်ပြီ.. ကိုယ်တို့ အနေအထားက လူမျိုးတွေ ဟာ ပညာတတ် များပါတယ်။ စီးပွါးရေးသမား များ သိတ်မပါဝင် တာ ကို သတိထားမိတယ်။

ကဲရှိစေတော့.သိပြီးသားလူ တွေ လဲ ငါသီသားဘဲလို့မှတ်..မသိသေးတဲ့သူတွေ လည်း တလေးတစားမှတ်..။ (တရားဟောသလိုဖြစ်နေပါပြီ)

ပိုက်ဆံရှိပြီ ဆိုတာ နဲ့စစုဘို့ပြင်ရမယ်။ ဝင်သမျှ သုံးပစ်နေတဲ့သူ ကတော့လူမိုက်ဘဲ။ စုဘို့ နေနေသာသာ သုံးလို့တောင် မလောက်ဘူးဆိုရင် လဲ မပြောတတ်တော့ဘူး. အဲဒီတော့ သုံးပြီး ပိုတဲ့သူ ကို သာ လက်ချာပေးတယ် လို့သာ မှတ်ပေတော့။။

စစုမယ်။ ဘယ်လိုစုမလဲ။ အရင် ဆုံး ဘဏ် အကောင့် နစ်ခု ခွဲ ရမယ်။ credit card 2 ခုထားပြီး ပိုက်ဆံချေးဘို့ မဟုတ်ဘူး..ပိုက်ဆံစုဘို့။ ဘယ်လို ခွဲမလဲ.. လခဝင်ရင် တစ်ခုထဲကို များများထည့်.ကျန်တဲ့တစ်ခုထဲကို နဲနဲဘဲထား..သုံးရင်းနဲ့ကုန်သွားရင်ောတ့ များတဲ့ အထဲက နဲနဲပြန်ထုတ်သုံး။ အင်တာနက်ဘန်ကင်းကို ပိုက်ဆံနည်းတဲ့ အကောင့်နဲ့ဘဲထား.

ဘာဖြစ်လို့ ၂ခု ခွဲရသလဲ။။ ရှင်းရှင်းလေးပါ.တစ်ထောင့်ငါးရာ ဝင်တယ်ထား… အားလဲုး မျက်စိထဲမြင်နေရင် အများကြီးလို့ထင်နေဦးမယ်။ ငါးရာ ကို စုတဲ့အထဲပို့ ။ တစ်ထောင်ထဲက နေ အိမ်လခ.ရေဘိုးမီးဘိုးတယ်လီဖုံးဘိုး.. တောက်တိုမယ်ရဘိုး.. သုံး ပိုတာ ကို ကိုယ်သုါံ်ဘို့လို့ထား..မလောက်သေးဘူးလား.. အဲဒီတော့မှ ငါးရာထဲ ကနေ နဲနဲပြန်သုံး ဘာဘဲ ပြောပြော အသုံးစရိတ် ကျသွားမှာကတော့အမှန်ဘဲ။။ ပိုက်ဆံအိတ် ထဲမှာ တစ်ရာမြင်နေ ရင် ၂၀ ဘိုးသုံးဘို့ဝန် မလေးပေမဲ့ သုံးဆယ်ဘဲ ရှိရင် တော့ တစ်ဆယ် ဘိုးသု့းဘို့ကို နင်္စခါ ပြန် စဥ်းစားသွားနိုင်တယ်။ ဒါ very common ပေမဲ့ အန်မတန် ဖြစ်တတ်တဲ့ usual mistake ဘဲ..

ဒါပေမဲ့ အခုထက်ထိ ကိုယ်စဉ်းစားလို့မရတာ က atm machine မှာ ဘာလို့ လူတွေ အများကြီး စီနေသလဲဆိုတာ..တစ်ခါ ကတော့ဝိုင်းပြီး စဥင်္းစားပေးကြဘူးပေးကြပါတယ်။ အဲဒီ လူတွေ က ကိုယ့်ထက် ဘဲ တောာ်နေကြတယ်ထင်တယ။် အိတ်ထဲမှာ နဲနဲလေး လောက်နဲ့ နေတဲ့သဘောလား မသိ.။ အဲဒီတော့ သူတို့က ပိုပြီး money ကို concern ဖြစ်တဲ့သဘောရှိတယ်။ ကိုယ့်လက်ချာ ထဲမှာ သူတို့ နားထောင်ရန်မလို့။ တော်ပြီးသားလို့သတ်မှတ်တယ်။

ကဲပိုက်ဆံလေးနဲနဲ ပိုဘို့ကို အသုံးစရိတ်ကို ချွေတာမှ ဖြစ်မယ။် ဘယ်လိုချွေတာမလဲ။။ တတ်နိုင်သလောက်ပေါ့။။ သေချာတော့ မပြောတတ်ဘူး..ချွေတာရမယ်။ ဘတ်စကားစီးလို့ရတဲ့နေရာ ဘတစ်ကားစီး. ကိုယ်လူငယ်ဘဲ အပင်ပန်းခံနိုင်ပါတယ်။ ဘတ်စစကား ရထားစီးပေါ့.. တွေ့ဘူးပါလိမ့်မယ် ချာတိတ် မ အခှို့ .. ရွီးဆို အငှားကားပေါါ်တတ် သွားတာ။။ သု့အရွယ် သူ့ဝင်ငွေ သူ့အလုပ်နဲ့ အဆင်ပြေသလိုပေါ့.. အမှိုးမှူိးပေါ့လေ..။

ကိုယ့် အသိ အစ်မတစ်ယောက်ရှိတယ်။ ကိုယ် စပို့ရှပ်ကလေး တစ်ဆယ်တန် ဝတ်ဲ်တဲ့အချိန် မှာ သူက သုံးဆယ် အထက် ဝတ်ပါတယ်။ ကိုယ် နဲနဲ လေး.ဝယ်တဲ့ အချိန်မှာ သူက ၆၀ . ၈၀ တန်ပါတယ် . ကလေး ရှိပါတယ်. ကလေး ကိုဘယ်တော့ မှ နဲနဲပွ တဲ့အကျီမဝယ်ပေးပါဘူး. ရုပ်ဆိုးလွန်းလို့တဲ့ ကလေး အကျီတွေ ဆိုတာ ကလည်း ဈေးကြီးလိုက်သမှ..။ ကလေးဆိုတာ ကလည်း အမတန် ထွားလွယ်တဲ့အရွယ်... ခဏလေး ခဏလေးပြောင်းဝယ်ရပါတယ်။ အဲလို လူမျိုးဆိုရင်တော့ ဒီလ ရတာ ဒီလကုန်ဘို့ များပါတယ။် လူအမျိုးမျိုးပေါ့။

မသုံးတဲ့သူ ကို လည်း ရှေျးဘဝ မစင်ကြယ်လို့ မသုံးရတာ လို့ လည်း အပြောခံရပါတယ် ကိုယ့်ဘာသာ ကိုယ်တောင် ပြန်စဥင်္းစားမိတယ်. ဟုတ်များဟုတ်နေမလားဆိုပြီး။

မီန်းကလေးများ တယ်လီဖုံးသိတ်ပြောတယ်. တစ်လ ကို လေးရာ ရှင်းရတဲ့ ကိုယ့် သူငယ် ချင်း ရှိခဲ့ပါတယ်.။ ဖုံးဘို့နဲ့တင် အတော်ထိပါတယ်။ ကဲ ဘယ်နဲ့စုနိုင်တော့မလဲ။

Generally ကတော့ စုပါ။။စုပါ။ အသုံးလျှော့ပါ။

ကြီ့းပွားဘို့ကို ပြီးမှ ဆက်လက်ချာပေးပါမယ်။ ဆက်ရေးဖြစ်ခဲ့ရင်...

Sunday, January 25, 2009

showing off

ကိုယ် ခြေထောက်က ရုပ်ဆိုးတယ် ဆိုတော့ လူကလှလို့လား ဆိုတော့လဲ မလှပါဘူး..။ အဟမ်း. .ဖိနပ်ဝယ်ပြန်တော့လည်း စီးစရာ နေရာက မရှိ..နစ်ရန် ရှိရင် အလုပ်ဖြစ်ပါတယ်။ အင်း..ပိုက်ဆံအိတ် ကကော သုံးတာ ကတော့ တအိတ်ပါဘဲု.။။ ဒါပေမဲ့ ဘာမှန်းမသိ ပိုက်ဆံအိတ် ကတော့ကြိုက်တာဘဲ..ဈေးကြီးတာတွေ လား။ ။ မဝယ်နိုင်ပါဘူး..သင့်တာ လေး တွေဘဲ ဝယ်ဖြစ်တယ။် ချစ်တဲ့သုများအတွက်ပါဘဲ။ အခုတစ်လော ဝယ် ဖြစ်တာ တွေ..ဒါတောင်တစ်ချို့ကျန်သေးတယ်။


ပုံ (၁)
ပုံ (၂)
ပုံ (၃)











ပုံ (၄)


ပုံ (၅)



ပုံ (၆)









ပုံ (ရ)



ပုံ (၈)


ပုံ (၉)








Friday, January 23, 2009

Money.. Spend.. Save.. deliver

ကိုယ် က ပျင်းတယ်။ ပျင်းတယ် ဆိုတာ ပိုက်ဆံရှာဘို့ကို ပြောတာပါ. ။ လောဘနည်းတယ်။ လောဘနည်း ဆို အသင့်အတင့်စားစရာ ရှိမယ်။ ဆိုရင် ကျေနပ်နေတယ။် အလုပ်များများ လုပ်ရင် ပိုက်ဆံရမယ် ဆိုတာတောင် မလုပ်လိုဘဲ သက်သက်သာသာနဲ့ နေလိုတယ်။ သူငယ်ချင်း တစ်ယောက် ကတော့ ပိုက်ဆံကို အသေရှာတယ်။ ရှာပြီးလဲ သုံးတယ်။ ကုလားခတ်ဲ် တဲ့ရေ ကုလားခြေဆေးတာန့ ကုန်မယ် လို့ ခဏခဏ ဆုံးမရတယ်။

ကိုယ်ကတော့ ရှာလဲမရှာလိုဘူး။ သုံးလဲမသုံးဘူး ဆိုရင်တော့ မှားမယ်။ နဲနဲတော့ သုံး ပါ တယ်။

ကိုယ့်ဘော်ဒါ တစ်ယောက် ကတော့ ရှာတော့ မရှာဘူး။ သုံးတော့သုံးတယ။်

နောက်ဆုံး လူလိမ်မာ ကတော့ရှာလဲရှာတယ် သုံးလဲ မသုံးဘူး ။ ဘယ်သူလဲသိလား။။ KMSL ပါ။ သု့မှာ ပိုက်ဆံ ရှိရင် ဘယ်သူ့ကို ပေးရမလဲ စဉ်င်္းစားနေတာ.. အခုတစ်လော တော့ငြိမ်နေတယ်။ ဟိုတလော က ကိုယ့်မောင်လေး သဘောင်္ မလိုက်.. ကို ပိုက်ဆံတော် တော် များများ ချေးတယ်။ ကိုယ့်မောင်ကလဲ ကိုယ့်အတိုင်းပါဘဲ ..သဘောင်္ လိုက်ရင် ပိုက်ဆံရမယ် ဆိုတာသိရက် နဲု့ မလိုက်ဘူး။ ချက်ကလေး ထိုးလိုက် ဘီယာ လေးသောက်လိုက်နဲ့ ဘဲ နေတယ်။ အဲဒါ ချေးရုံတင် မက…သူ့မိန်းမ ကိုယ့်ယောင်းမ ကို သနားလို့ ဆိုပြီး ပြန် မယူဘဲ အချို့ ကို လျှော်လိုက်တယ်။ မပေးနဲ့တော့ ဆိုပြီး။။ အခု သဘော်သားများ အတော် ဝင်ငွေ ကောင်းတဲ့ခေတ် ကျမှ သူ့မှာ နှမျောသလိုလို ဖြစ်နေတယ်။

ကျောင်းလာတတ်တဲ့အမျိုး ကို လည်း ငွေကျပ်တည်း ရှာမယ် ဆိုပြီး တစ်လ တစ်ခါ နစ်လ တစ်ခါ ဆိုသလိုမျိုး ချေးတယ် ဆိုပြီး ၂၀၀…. ၂၀၀ ပေးတယ်။ ထောင်ဂဏန်း ကျော်သွားတယ်။ စာရင်းမလုပ်ဘဲ ချေးတာပါ။ အခု အဲဒီကောင်က အဆင် မပြေလို့ RECOVERY မဖြစ်ဘူး အစ်ကို ရေ လို့ ဆိုတော့ သူ စိတ်ရှုပ်သွားရော.. ကဲ.. ဘာပြောချင်သေးလဲ ဆိုတော့ ဒီတစ်ခါ ငါမလျော်ပါဘူးကွာ.. သူပြန်မပေးတာတော့ သူ့ကီိစ္စပေါ့ လို့ ပြောပါတယ။်

လာသေးတယ် နောက်တစ်ယောက်... ကလေးမတစ်ယောက်.. သူ့သူငယ်ချင်းရဲ့ဝန်ထမ်း တစ်ယောက် ရန်ကုန် ကထွက်လာပြီး။။။ ဒီမှာ ဖုံးနဲနဲဆက်ပြီး အကူအညီ တောင်းတယ်။ သူငယ်ချင်းကလဲ ငါ့တပည့်ကွာ.. မင်းတတ် နိုင်တာလေး ကူညီ လိုက်ပါ စကား ခံထားတော့ ကလေးမက သူ့ဆီက ပိုက်ဆံ့ချေးတယ်။ ဘယ်လောက်လဲတော့ကိုယ်လဲမသိ..အခုဒီ ချာတိတ်မ သူ့ဆီ ဖုံးမဆက်တာကြာပြီ.. သူကတော့ပြန်ဆက်ပြီး အကြွေးပေးပါလို့ တောင်းမဲ့သူမဟုတ်ဘူး....

ရှိသေးတယ်။ ဘန်ကောက်က သူငယ်ချင်း ဒုက္ခ ရောက်လို့ ဆိုပြီး ဖုံ့းဆက်တော့ စလုံးသုံးရာလား ငါးရာလားမသိ..မြန်မာဆိုင်ကနေ ပို့ပေးလိုက်တယ်။ ဘာသံမှကို မကြားလိုက်ရဘူး။ ပလုံလို့တောင် မမြည်သွားရှာဘူး။

သူ ရန်ကုန်သွားရင်လဲ ရင်မနေရတယ်။ သူ့အမေ နဲ့စကားပြောနေရာ ကနေ ရှေးဟောင်း နှောင်းဖြစ်တွေ ရောက်သွားပြီး သူ့အမေ က ဘယ်သူပေါ့ကွယ်။။ အမေတို့ဒုက္ခ ရောက်တုံး ကဘယ်သူက ဘယ်လိုကူညီခဲ့တာ ဆိုပြီး မျက်ရည်လေး စမ်းစမ်း စမ်းစမ်း ဖြစ်လာလို့ ဆိုရင် အဲဒီ အိမ် ကိုတွေ့အောင် လိုက်ရှာပြီး နိုင်သလောက် သိန်းဂဏန်း ကိုလှူတာပါ ဆိုပြီး ပြန်ပေးခဲ့တာ က ရှိသေးတယ်။

ကိုယ့်ဦးလေး အရင်းပါ။ ဆေးရုံတက်တယ် ဆိုတော့လဲ ပိုက်ဆံသိန်းဂဏန်း ပို့ပြန်ရော။။။ဒါ မင်းဦးလေးကွ..မသေခင် မင်းစောင့်ရှောက်ရမယ် ဆိုတာ က ပါသေးတယ။်. သေသွားရှာပါတယ်။ ဦးလေး ဆုံးပြီး မကြာခင် သူရန်ကုန်ပြန် တော့ကိုယ့်ညီမဝမ်းကွဲ က ပိုက်ဆံ့အိတ် ဈေးကြီးကြီး မှာတော့ ကိုယ့်မှာ ကြိတ် ရယ်ရသေး…။

နာဂစ် တုံးးက.. …..အင်း တော်ပါပြီလေ..။ များနေပြီ.. အဲလိုလူလို့ဘဲ ထားလိုက်ပါတော့။ သူ့ဘာသာကျတော့ ဘာမှမသုံးတာ. သိတ်ချမ်းသာလို့ လိုက်ပေးနေတာ မဟူတ်ဘူး။ သူမသုံးဘဲနဲ့ သူများကို ပေးပြီးပီတိဖြစ်နေတာ။ ကောင်းတယ်လို့ ဆိုရပေမဲ့ မြင်ရတဲ့ ကိုယ့်မှာတော့ တယ် စိတ်မချမ်းသာ လှဘူး။
(သူ မသုံးစွဲဘဲ သူများကိုဘဲ ပေးနေလို့သူမသုံးရတာကို သနားနေမိတာပါ.။)

Thursday, January 22, 2009

Matt Harding Dance

TZA ဘလော့သွားဖတ် တယ်။ သူကြည့်ခိုင်းတဲ့ Matt Harding ရဲ့ အက ကိုကြည့်ရင်းနဲ့ မြင်ဘူး သလိုရှိတယ်။ memory ကို recall ခေါ်ပြီး you tube မှာ ရှာကြည့်တယ်။ ကံအားလျော်စွာ ပြန်ရှာလို့ တွေ့တယ်။ အစကတည်းက ဘယ်သူဘယ်ဝါမှန်းမသိဘဲ ကြိုက်မိနေတာပါ။ ခဏ ခဏကြည့် ဖြစ်တယ်။ ပထမတော့ တကယ်ကို ရန်ကုန် ကို လာရိုက်သွားတယ်ထင်မိတာဘဲ။ အမှတ်တရပြန် ကြည့်ပြီး သိမ်း ထားလိုက်တယ်။ သီချင်းလေး လည်းကြိုက်တယ်။ နဂို ကြည့်လက်စ အခံ နဲ့ အခု video ကိုတောင်ပိုကြိုက်သေးတယ်။

ဝန်ခံချက်
ဒီပိုစ် ကို မနေ့ညကတည်း က ရေးပြီးပါတယ်။ အင်တာနက် ဥပဒေ အရ သူများ ဘလော့ကိုသွားဖတ်ပြီး မှ idea ယူပြီး ရေးတာမို့ လို့ တင်သင့် မတင်သင့် စဉ်းစားနေတာ နဲ့ကြာသွားတယ်။ အခု တင်ချင်လွန်းလို့ တင်လိုက်ပါတယ်။ ကိုယ်တွေးမိ ရေးမိတာလေး တွေ နှမျောလို့ပါ။ အချင်းချင်းမို့ ခွင့်လွတ်မယ် ထင်ပါရဲ့။



Burmese Font Converter

ဒီ စာကို အိပ်ငိုက်ငိုက်နဲ့ရေးပါ တယ။်
ရုံးမှာ ဘလော့ခိုးဖတ်ချင်တာ လေးထောင့် တုံးတွေ ချည်းဘဲ တွေကလို့ စိတ်ငြစ်နေတာ။။ ရှာရင်းနဲ့ တစ်ခုတွေ့တယ်။
လေးထောင့်တုံးတွေ ကို အဲဒီတဲထည့်ပြီး ။ အဲဒီမှာပါတဲ့် font နေရာမှာ ဇော်ဂျီ လို့ပြောင်းလိုက်ရင် စာတွေ ဖတ်လို့ရပြီ.။ Burmese Font Converter:: လို့ အမည်ရပါတယ်။ သုံးစွဲရန် တွေ ကတော့ အများကြီးပါ။ ကိုယ်နားလည်တာကတော့ ဒီလောက်ပါဘဲ။ သက်ဆိုင်သူများကို ကျေးဇူးပါ။

http://burglish.googlepages.com/fontconv.htm

Wednesday, January 21, 2009

NATURE OF MEN

ခင်
မောင်ရေ..ခင်...အိမ်မက်မက်တယ်။ မောင် ရည်းစား ဟောင်းနာမည်သီပြီ... .။ အိမ်မက်ထဲ မှာ .....မောင် ဘယ်သွားလဲ မေး တော့ ချောသီရီခင်.. နဲ့ အြ့ပင် သွားတယ် လို့ တစ်ယောက် ကဖြေတယ် ..အဲဒါ မောင့် ရည်းစားဟောင်း ဆို...

မောင်
မင်းဘာတွေ လာပြောနေတာလဲကွာ.. ငါရန်ကုန်သွားမယ် ဆိုတာနဲ့ ဂယောက် ဂယက်ဖြစ်ပြန်ပြီ.. ဒီမှာ မှတ်ထား ဘို့က ငါ အဟောင်းတွေ ကို လုံးဝ စိတ်မဝင်စားဘူး.. အသစ် အသစ် ဘဲ စီတ်ဝင်စားတယ် ...

သုံးသပ်ချက်
နောက်ဆို ဘယ်တော့မှ ကိုယ့်ရည်းစားဟောင်းတွေ အကြောင်း မပြောတော့ဘူး.။

Monday, January 19, 2009

c box

ပိန်ချင်လို့ဆိုပြီး တနေ့က မနက်စာ မစားဘဲ skip လုပ်လိုက်ပြီး ..ဘရိတ်ဖတ်ကတော့ အများကြီး စား မိ ပါ တယ်။ မြန်မာပြည် ကို ဘယ်လောက်ချစ်သလဲ ဆိုတာ မြန်မာပြည့်  လက်ဘက်ရည် tea mix ကို စလုံးက မြန်မာဆိုင်က နေ ဝယ်သောက်ပါတယ်။ အဲဒီ တီးမစ် နဲ့ အီကြာကွေး နဲ့တော့ စားမိပါတယ်။ မုန့်ဖက်ထုပ်..လဲ စားမိသေး တယ်။။ အဲဒါ ကောက်ညင်း ဆိုတော့ အစာမကြေဘူး ထင်ပါတယ်။ မနေ့က တည်းက လေအောင့် နေလို့ အတော် အီနေတယ်။ ခွင်္င့်ယူဘို့ အစီအစဉ်င်္ လား ..မရှိပါဘူး.။

ဗိုက်အောင့်နေတဲ့ကြားထဲက ဖတ်လိုက်တဲ့ဘလော့လည်း မနည်းပါဘူး..။ ကိုယ့်လိုလူ ကိုယ် တစ်ယောက်ထဲ လား လို့ဘဲ လို့တောင် အောက်မေ့ပါတယ်။ အဲဒီ အထဲမှာ ကိုစမ်းချောင်း က စီဘောက်ထဲ မှာ အရုပ်ကလိချင်လို့ ကြိုးစားနေတာ ကိုလည်း ရိပ်မိပြီး. ကူညီချင်စိတ်နဲ့ အခုပိုစ် ကို ရေးပါတယ်။ မီယာ တုံးက တော့ ဆရာကြီး ကိုဇနိ ဆီ ကိုလွဲ လိုက်ပါတယ်။ မည်သို့ဖြစ်သွားသည် မသိ..အခု မီယာ ကတော့ အရုပ်ကလေးတွေ နဲ့ပျော်နေပါတယ်။ အခုကတော့ ကိုယ်ကိုယ်တိုင်က ရှည်ပြီး ကူညီပရစေ ဆိုပြီး သွား ပြောမိလို့ပါ ။ ဆရာကြီးများ ရေးထားတာများ ရှိ ခဲ့ရင်လည်း ပြန် ညွန် ပေးနိုင်ပါတယ်။ ကိုယ်က စာ သင်တာ အန်မတန် ညံ့ပါတယ်။

အဲဒီ အရုပ်ကလေးတွေ ကို ကိုစိုးထက်ဆီမှာ စပြီး သဘောကျခဲ့ပါတယ်။ လိုချင်ပေမဲ့ ဘယ် လို လုပ်ရမှန်းမသိ..ကိုစိုးထက်က သင်ပေမဲ့လည်း တောတော်နဲ့သဘောမပေါက်မိခဲ့ ။.slow learner မို့လို့အတော် အချိန်ပေးခဲ့ လေ့လာခဲ့ရပါတယ်။

စီဘောက် ထဲမှာ အရုပ်ထဲ့ချင်တယ် ဆိုပါစို့။

အပိုင်းကြီး နှစ်ပိုင်းရှိပါတယ်။
ပထမအပိုင်းက အရုပ်ရှာနည်း..
ဒုတိယအပိုင်းက အရုပ်ထည့်နည်းဖြစ်ပါတယ်။

အရုပ်ရှာနည်း၁.
http://www.icone-gif.com/
လက်ဝဲလက်ဘက်မှာ
Icone (35946)
Gif-Animé (86474)
Mini Jeux
Full Wallpaper
Top Delire
Font Police
Annuaire
Actu Mobile
Cuisine du Monde
Emoticone
Affiliation

အဲဒီ အထဲက eg : Emoticone ကို ကလစ်လုပ်လိုက်ရင်..ခေါင်းစဉ်တွေ အများကြီးတွေ့ပါမယ်။ အဲဒီအထဲကမှ ကိုယ်ကြိုက်ရာ egး bye bye ကို ကလစ် လိုက်ပြန်ရင် အရုပ်တွေ အများကြီး ထွက်လာပါမယ်။ အဲဒီ အထည်းက မှ ကိုယ်ကြိုက်ရာ အရုပ်တစ်ရုပ် ကိုရွေးပြီး..right click လုပ်ခဲ့ရင် ပေါ်လာတဲ့စာသားတွေ ထဲက properties ကိုရွေးပါ။ အပေါ်ဆုံးလိုင်း location က
http://emoticoneemoticone.com/emoticones/byebye/2.gif ကို copy လုပ်ပါ။

အရုပ်ရှာနည်း နစ်
ကိုယ်နစ်သက်ရာ စီပူံးထဲမှ အရုပ်များကို right click ယူပြီးး properties ထဲ က location http address ကိုယူပြီး copy လုပ်ပါ

အရုပ်ရှာနည်း၃
အင်တာနက် စာမျက်နှာများမှာ smile gif ..3d smlie gif စသဖြင့် ရှာပြီးတွေ့တဲ့ အရုပ်တွေကို ထုံးစံအတိုင်း right click ..properties. .location …http မှတ်ပြီး copy လုပ်ပါ။

အရုပ်ထဲ့နည်း
http://www.cbox.ws/
Sign in လုပ်လိုက်ပါတယ်

Home Publish! Look & Feel Options Users & Access Messages Log out
Option အောက်မှာ smile ကိုရွေးပါတယ်။

ပေါ်လာတဲ့ အကွက်တွေထဲမှာ ..စောစော က ကိုယ် copy လုပ်ထားတဲ့ eg http://emoticoneemoticone.com/emoticones/byebye/2.gif ကလေးတွေ ကို လာ ထည့် ပါ။ ပြိးရင် save လုပ်ပါ.

ပြီးရင် ကိုယ့်စီဘောက် ကို ပြန်သွားကြည့်ပြီး စီဘောက် အောက်ဘက် နားမှာ smile ကို ကလစ်လုပ်ကြည့်ပါ..ကိုယ်ထဲ့ထားတဲ့ အရုပ်ကိုမြင်ရရင် အောင်မြင်ပြါီ့ပီ..အဲဒါကို ကလစ်လုပ်လိုက်ရင် စီပုံးထဲမှာ ချစ်စရာ အရုပ်ကလေးတွေ ကိုမြင်ရပါပြီ.။ မမြင်ရရင်တော့ ဆရာညံ့လို့ဘဲ အောက်မေ့ပါ။ ကိုဇနိ ဆီသာ ချဉ်းကပ်ပါတော့...။

Saturday, January 17, 2009

Ice Kachang


ice kacang
စလုံးနဲ့ မလေးမှာ စားတဲ့ အချိုပွဲ လို့ wikipedia က ဆိုပါတယ။် မြန်မာပြည် မှာ လဲ ရှိပါတယ် လို ထပ် ပြီး သတင်းပို့ရင် ကောင်းမလား လို့စဥူ်းစားနေတယ်။
အတော် နှစ်သက်တယ်။ အဆင်ပြေတိုင်း စားမိတယ်။

ကိုယ် တို့ငယ်ငယ် က စားခဲ့တဲ ရေခဲ သုပ်. တို့ ..ရေခဲ ကို ခြစ်ပြီး တုတ်ချောင်းလေးနဲ ဆုပ် လိုက်ပြီး ရေခဲ ပေါက်ပေါက်ဆုပ်လို့ လဲ ခေါ်တယ်။ သူ့အရပ် နဲ့သူဇာတ် အမျိုးမျိုး ခေါ်ခဲ့ကြပါတယ်။ အစိမ်းရောင် အရည်ကလေး တွေ ဆမ်း. နီညီို ရောင် အရည်ကလေး တွေ ဆမ်း. ပလွတ် ပလွတ် . ရှလွတ် ရှလွတ် နဲ့ အရသာ ကို မှတ်မိသေးတော့တယ်။

မှတ်ချက်
ဇွန်း ချောင်းမို့လို့ ၂ ယောက်သွားတယ် မထင်ပါနဲ့၊ ဆိုင်က ထည့်ပေးလိုက်တာပါ။ စလုံး expo သွားတုံး က shoopping ထဲ မဝင်ခင် အဲဒါ လေးနဲ့အားဖြည့် ပြီးမှဝင်သွားတာ သုံး နာရီ ကြာခဲ့တယ်။

Friday, January 16, 2009

E phone

ဒီနေ့ သူငယ်ချင်း. msd ပျောက်နေလို့ လိုက်ရှာရ တယ်။ တော်ကြာနေမှ ပေါ်လာတယ်။ ဘာဖြစ် နေသတုံး ။ မေးတော့ တယ်လီဖုံး e ပိုက်ထဲ ပြူတ်ကျသွားတယ်လို့ သ တင်း ပို့ တယ်။

မည်သို့မည်ပုံ ဖြစ်သွားသည်မသိ.။ ပြန်မရလိုက် အောက် ဆင်းသွားပြီ လို့ ဆိုတယ်။ ရိုးရိုးထိုင် နဲ့ ဘိုထိုင် မှာ ရိုးရိုးထိုင် မှာ လို့ ဆိုတယ်။ ကြားဘူးတဲ့ ပုံပြင်ကတော့ ဘိုထိုင်မှာ ပြူတ်ကျဘူးတဲ့ ပုံပြင် တွေ ဘဲ။ ပြန်ကောက်ပြီး နေလှမ်းလို့ ရသေးတယ်။ ဒါက တော့ နဲနဲ ကွဲလွဲနေတယ်။ ဘုတ် ဆိုပြီး အသံ ကလေး မြည်ပြီး တာနဲ့ ကလောက် ..ကလောက်...ဆိုပြီး ဝင်သွားတာ မမြင်ရတော့ဘူး ဆိုဘဲ။ နှမျောစရာ…

သံယောဇဉ်နဲ့မို့လို့ ဖုံးဆက် ကြည့်သေးတယ် ဆိုဘဲ။ မိန်းမ တစ်ယောက် က ကိုင်ပြီး ဆက် သွယ်လို့ မ ရ ပါ လို့ ဖြေသတဲ့ကွယ်. ။ ပုံပြင်လေးကတော့ဒါပါဘဲ။

Wednesday, January 14, 2009

hi hi

အခုတစ်လော ငြိမ်နေတယ် လို့တော့ အကြောင်းသိတွေ ကပြောကြမယ်။ ဘာလို့ ငြိမ်နေသလဲ ဆိုတော့ စိတ်မရွင်လို့ပေါ့။ criteria ရေးတာ အလကား မဟုတ်ဘူး။ စိတ်မရွင် လို့ ရေးဘို့ ကြံပေမဲ့လည်း အကြံမရလို့ အဲလို စဉ်းစားမိသွားတယ်။ စိတ်က ဘာလို့ မရွင်လဲ။ အကြောင်းအမျိုးမျိုးကြောင့်ပေါ့။ အသေးစိတ်တော့ မပြောပရစေနဲ့တော့။

အလုပ်လည်းပင်ပန်းတယ် အခုတစ်လော။ ထမင်းတောင် ကောင်းကောင်းမစားဖြစ်ဘူး။ ထမင်းကတော့ တမင် သွားမစားတော့တာပါ။ နဲနဲများ ပိန်မလားလို့ မနက်ပိုင်းကို ပေါက်စီ စားပြီး နက်စ်ကော်ဖီဘူး သောက် လိုက်တယ်။ ၂ ရက်ရှိပါပြီ။ ရန်ကုန် ပြန်ဘို့ စိတ်ကူးထားတယ်။ဒီနစ်ထဲ ဝနေရင် အမျိုးတွေ က အလန့်တကြား ဟယ်. ဝလိုက်တာ. ဝလိုက်တာ လို့ပြောရင် စိတ်ထိခိုက်နေရဦးမယ်။ ဟိုရောက်ရင် ၂ ပါတ် အတွင်း ၆ ပေါင် တက်ဘို့လည်း ကြိုပြင်ထားရဦးမယ်။

လမ်းလျေက်ရလို့ ကြွက်တောင် တက်ပါတယ် ဆိုရင်လဲ ပိုတယ် လို့ပြောကြဦးမယ်။ တကယ်။ ညဘက် အိပ်ရင်းနဲ့ ကြွက်တက်လို့ လန့်နိုးလာတာ နာလိုက်တာ ဘယ်ဘက် ခြေ သလုံး က အကြောတွေ တောင့်ြ့ပီး အသည်းခိုက် အောင်နာပါတယ်။ ကြွက်တက် နေ ကျ မို့လို့ ကိုယ့်ခြေမကိုယ် ပြန်ချိုးလိုက်တယ် ဘာဆိုင်သလဲ တော့မသိဘူး။ ဖြည်းဖြည်းချင်း အနာ လျှော့သွားတယ်။

အိပ်မယ်လို့စိတ်မကူးဘဲနဲ့လဲ ခဏဆို လှဲလိုက်တယ်။ ခလောက် ဆိုပြီး ခလော ကနဲ အိပ် ပျော် သွားလို့ရေတောင် မချိုးလိုက်ရဘူး။

ကိုယ်က ပြင်တုံး သူက တော့ လက်မှတ်ဝယ်ပြီးသွားပါပြီ။ သူ့အတွက် လက်မှတ် ဝယ်နေတာ ကြာပြီ. မရဘူး. လက်မှတ် ကုန်သွားပြီ။ seat မရှိတော့ဘူး။ waiting list ထဲ ထည့်ခိုင်းထားတာတောင် မျော်လင့်ချက် မရှိဘူး ဆိုလို့ စိတ်ဓါတ် ကျနေတာ။ အခုတော့ အကြောင်းအမျိုးမျှိုးနဲ့် လက်မှတ် ရသွားပါပြီ.။

ကိုယ်က အေးအေးဆေးဆေး ကြိုက်တဲ့အချိန်ပြန်လို့ ရတယ်။ ခါတိုင်းဆိုရင် လေးလ လောက် အလိုကတည်းက သူ့အတွက် booking တင်ထားတတ်တယ်။ အခုတလော ဘလော့ကိုက်ပြီး virtual world ထဲနေလိုက်တာ လောက နဲ့ အဆက် အသွယ်ပြတ်သွားပြီး မေ့သွားတယ်။ ကိုယ်မလိုက်သွားဘူးလား မေးဦးမလို့လား.. မမေးနဲ့တော့။ မေးစရာ မလိုဘူး.။ ထုံးစံအတိုင်း..။ အကြော်နဲ့ နစ်ပွဲ.။

Monday, January 12, 2009

Criteria to be bloggers

အင်တာနက် ဆက်သွယ်မှူလျင်မြန်မှူ ဧရိယာအတွင်း ရှိရမည်။
ပတ်ဝန်းကျင် နှောက်ယှက်မှူ မရှိစေရ။

အိမ်ထောင်မရှိ။
အိမ်ထောင်ရှိက..သားသမီးမရှိ
သားသမီးရှိက..ကိုယ် ကြည့်ရန်မလို ..သူများကြည့်မည့် အခြေအနေတွင်ရှိရမည်။

စိတ်ချမ်းသာ.. ကိုယ်ကျန်းမာရမည်။
အလုပ်အကိုင် stable ဖြစ်ရမည်။
fragile မဖြစ်စေရ.။

နိုင်ငံခြားတွင် နေထိုင်သူ ဖြစ်စေရမည်။
အမိနိုင်ငံနှင့်ဝေးလေ.. Blog လေ ဖြစ်သော ကြောင့် ဖြစ်သည်။
ပြည်တွင်း နေထိုင်သူများ. …..ဆွေမျိုးညာတိ..နည်းပါးသူ.
မိတ်ဆွေ ပြင်ပတွင် နည်းသူ ဖြစ်ရမည်.။
စကားနည်းသူဖြစ်ရမည်။

စာဖတ်ဝါသနာပါသူ။
စာရေးလိုသူ.ငယ်စဉ်က စာမူအပယ်ခံရသူများ ဖြစ်ရမည်။
လောကတွင် တနည်းတဖုံ အောင်မြင်နေသူများလည်း ဖြစ်ရမည်။

Sunday, January 11, 2009

new immigration at Johor






မလေးရှား က JOHOR BAHRU မှာ လဝက အဆောက် အဦး အသစ်ကြီး ဖွင့်သွားပါပြီ။။ စလုံးနဲ့ဆက်သွယ် တဲ့နေရာ မှာ အရေးပါတဲ့ လမ်းကြောင်းပါ။

အဟောင်းကတော့ ရိုးရိုးရှင်းရှင်းပါဘဲ။ စလုံးကထွက် တံတား ကိုဖြတ်. မလေးရှား JOHOR ကိုရောက်. ဘတ်စကား ပေါ်မှ လူများ က ကားပေါ် မှ ဆင်း.. ကိုယ်ပိုင် ကား များကတော့ ကားပေါ်က ဆင်းစရာ မလို..လဝက ကို TRAFFIC JAM မရှိရင် မိနစ် ပိုင်း အတွင်း လွယ်ကုစွာ ဖြတ်သွားနိုင်ပါတယ်။

အခုကတော့ အရင် နေရာ မှာ ကားက မရပ်တော့ဘဲ ရှေ့ဆက်ပြီး မောင်းသွားရပါတယ်။ တော်တော်လေး မောင်း သွာြး့ပီးကာ မှ လဝက ကို ရောက်ပါတယ်။ သွားတဲ့ လမ်းကြောင်းက မော်တော်ဆိုင်ကယ် တစ်လိုင်း..ကိုယ်ပိုင်ကား တစ်လိုင်း..ဘတ်စကားလိုင်းတလိုင်း စုစုပေါင်း သုံးလိုင်း ရှိပါတယ်။ ကားတွေ များတဲ့ peak hour ဆိုရင် တော့ အခက်အခဲ ရှိနိုင်ပါတယ်။

လဝကအသစ်ကြီး က အရမ်းကို သစ်ပါတယ်။ သစ် ဆို အသစ် စက်စက်လေ. ခမ်းလဲခမ်းနားပါတယ်။ လေယာဉ်ကွင်း ရောက်လာသလား လို့တောင် ထင်မိရအောင် သစ်ပြီး ခမ်းနားပါတယ်။ ကိုယ်ပိုင်ကား မရှိလို့ အတွေ့အကြုံတော့ မပြောနိုင်ပါ။

ဘတ်စကားကတော့ အတွေ့အကြုံ ရှိပါတယ်။ ဘတ်စကားပေါ်က ဆင်းပြီးတာနဲ့ လဝက ကို ဝင်ဘို့အတွက် escalator နဲ့ တက်သွားရပါတယ်။ အပေါ့် ရောက်တာနဲ့ အန်မတန် ခမ်းနားတဲ့ ခမ်းမကြီး တစ်ခုထဲကို ရောက်သွားပါတယ။် လဝက အရာရှိများကလည်း ကောင်တာ အများကြီးနဲ့ ကူညီရန် အသင့်ရျှိပါတယ်။ အခုမှ ရောက်လာတဲ့သူ များအတွက် လည်း white card ဖြည့်ဘို့အတွက် ကောင်တာ တစ်ခု က ကူညီဘို့ စောင့်ဆိုင်းနေပါတယ်။ ထုံးစံ အတိုင်း နိုင်ငံသား များဖြတ် ရန် ကောင်တာ များနဲ့ နိုင်ငံခြားသားများ ဖြတ်ရန်ကောင်တာ များရှိပါတယ်။ မလေးရှားလူမျိုး များကတော့သုတ်သုတ် သုတ် သုတ် နဲ့ ဖြတ်သွားပါတယ်။

နိုင်ငံသားမဟုတ်သူများလည်း လဝက အရာရှိများနဲ့တွေ့ပြီးတဲ့သကာလ. ရှေ့ဆက်လျောက်သွားပြီး လမ်းကြောင်းရှာရပါတယ်။ ဘယ်ကနေ ဘယ်လိုသွားရပါ့မလဲ ဆိုတဲ့ အတွေးကလေးနဲ့ လမ်းဆက် လျောက်သွားရပါတယ်။ ဒါပေမဲ့ကူညီ ရန် အသင့်ရှိသူများ ကို လမ်းကြောင်းမှာ မကြာခဏ တွေ့ရပါတယ။် အဲဒီမှာ ဘတ်စကားစီးလာသူများ. နဲ့ ခရီးသည်တင် tour ကားများ ကို ဆက်လက် စီးသူများက ရှေ့ဆက်လျေက်သွားပြီး (ခရီးလမ်းညွန် ဆိုင်းဘုတ် များလည်း ရှိပါတယ်။) ။

မြို့ထဲကို တိုက်ရိုက်သွားမဲ့သူများကတော့ city square ဘက်သို့ ဘယ်ဘက်သို့ချိုးကာ လမ်းဆက်လျောက်ရပါတယ်။ ဘယ်လောက်လျောက်ရသလဲ သိချင်သေးလား။ ပြောပြမလို့ပါဘဲ။ စုစုပေါင်း လဝက အတက်ကနေ ဟိုနားဒီနား လျေက်လိုက်တာ အကြမ်းဖျင်း ခြေလှမ်း ၃၀၀ နဲ့ ၄၀၀ ကြား ရပါတယ်။ ပြီးရင် ဘယ်ဘက် တစ်ခါကွေ့.လိုက်တာ အန်မတန် ခမ်းနားတဲ့ ခမ်းမကျယ် ကြီးထဲကို ရောက်သွားပါတယ်။ လှမှ လှ.. ခမ်းမရဲ့ အမြင့်က ခြောက်ထပ်တိုက်ခန့် ရှိပါတယ်။ ပြီးရင် ဆက်လျှောက်..ရွေ့လျား စက် ကလေးပေါ် တက်လိုက်ရင် လမ်းမလျောက်ရဘဲ နဲ့စက်ကလေး က ရွေ့သွားပါတယ်။ စိတ် မရှည်ရင်တော့လဲ အဲဒီပေါ်မှာ လမ်းလျေက်ချင် လျောက် ..မလျောက်ချင်ရင် လဲ အဲဒီပေါါ်ကို မတက်ဘဲ ဘေးကနေ တခါတည်း သုတ်သုတ် လျောက်ချင်လဲရပါတယ်။

ပြီးတော့တစ်ခါ escalator နှစ်ခါ စီးပြီး အောက်ကိုဆင်းပါတယ်။ ပြီးတဲ့ အခါ နောက် အဆောက်အဦးကို ကူးတဲ့ လမ်းပေါ်ကို ရောက်ပါတယ်။ အဆောက် အဦး နစ်ခု ကို ဆက်ထားတဲ့သဘောပါ။ နောက်အဆောက်အဦး ကို ရောက်ပြီးအထဲ ဝင်လိုက်ရင် ဘယ်ဘက်မှာ အငှားကား taxi သို့ ဆိုတဲ့ ဆိုင်းဘုတ်ကလေးနဲ့ပြထားပြီး ဆန္ဒ ရှိရင် အောက်ကိုဆင်းသွားပြီး အငှားကား များထံသွားနိုင်ပါတယ။် ဒါပေမဲ့ အဲဒီကား အချို့က မလိမ်မိုး မလိမ်မာ လေးများကို စောင့်နေတတ်လို့သိတ်တော့အားမပေးလိုဘူး လို့ စိတ်ကူးရင် အောက်ကို မဆင်းဘဲ ရှေ့ဆက်လျှောက်ပြီး။ escalator 2 ခုကို ထပ်ဆင်းရပါတယ်။ ပြီးရင်ဘယ်ဘက်ကလေး နဲနဲ ချိုးပြီး escalator တစ်ခုကို စီးပြီးရင်တော့ မြေကြီးနဲ့ခြေထောက် နဲ့ထိခွင့်ရပါပြီ။

သူ့ escalator က လူမရှိရင် မရွေ့ပါဘူး. ။ အချို့သောသူများက စက်ပျက်နေတယ်ထင်ပြီး ခြေထောက်နဲ့ ဆင်းသွားကြပါတယ်။ လူလည်များကတော့ escalator ပေါ့်ခြေထောက်တင်လိုက်ရင် စက် ကရွေ့ပြီး အောက်ကိုဆင်းသွားပါတယ်။ ရှေ့နဲနဲ ဆက်လျောက် ရင်တော့ လမ်းမပေါါ်ကို ရောက်ပါတယ။် လမ်းမပေါ်ရောက်သွားရင် တော့ အတော် စိတ်အေးရပါပြီ. အဲဒီနားမှာ အခု ဘတ်စကားဂိတ်လဲ လုပ်ထားပါတယ်။ လမ်းမကို စည်းကမ်းမရှိစွာ ဖြတ်ကူးပြီးရင်တော့ ဟိုဘက်ခြမ်းမှာ လဲ အငှားကားဂိတ်ရှိပါတယ်။ သူကတော့သိတ်မဆိုးဘဲ။ ကားငှားခ ဈေးကို ဈေးညှိလို့ရပါတယ်။


တကယ် လို့ အောက်ကို မဆင်းဘဲ လမ်းမကို ဖြတ်ကူးတဲ့ တံတားအတိုင်းဆက်သွားလိုက်ရင်တော့ city square shopping center ထဲကို တိုက်ရျုက်လမ်းပေါ်က်သွားပါတယ်။

ပြောတာတော့အတော်ရှည်သွားတယ်။ လမ်းလျောက်ရတာလဲ မောသွားပါပြီ..အကြမ်းဖျင်း သုတ်သုတ်လျှောက် ဆယ်မိနစ် နဲ့ ဆယ့်ငါးမိနစ်လောက်ရှိမယ်ထင်ရဲ့။။ အပြန်ခရီးကတော့ စောစောကပြောတာကို opposite လုပ်လိုက်ပါ။ နဲနဲ ကွဲလွဲတာလေးတွေတော့ရှိပါတယ်။
ဖတ်မိတဲ့ bottle neck ကဒီမှာ သုံးသွားတာပါ။ တစ်ခါတစ်လေ peak hour်ခရီးမှာ လူတွေ များပြီးကား ရှားနေတဲ့အခါ လူများ တို့ဝှေ့ပြီး။ကားပေါ်တက်တာရယ် ။။မော်တော်ကား လိုင်းတွေ အများကြီး ဖြန့်ပြီး လဝက ကိုဝင်ကြပေမဲ့ လိုင်းကြောင်းပေါ်တက်တဲ့ခါ လိုင်းကြောင်းနည်းလို့ jam ဖြစ်သွားတာကို ပြောတယ်ထင်တာပါဘဲ။

Friday, January 9, 2009

YOU MIGHT NOT UNDERSTNADING ME

ဒီနေ့ အိမ်ပြန်လာတော့ကိုယ် က စောနေတယ်။ kmsl ရဲ့ chat က မီးစီမ်းပြနေတာနဲ့ ကြည့်လိုက်တော့ ကလေးမလေး တစ်ယောက် on line ဖြစ်နေတာ မြင်တာနဲ့ ကမန်းကတန်း Log out လုပ်လိုက်တယ် ။ တော်ကြာနေ လာခေါ်နေမှာ စိုးတာနဲ့ဘဲ၊ ဒါပေမဲ့ သိတ်စိတ်ပူစရာ မရှိပါဘူး။ သူ့မှာ မိန်းကလေး တွေကို ခင်မင်အောင်ပြော နိုင်တဲ့ အရည်အချင်း မရှိပါဘူး။

သူ့အတွက်တော့ မိန်းကလေး သဘောကျအောင် ပြောဘို့ဆိုတာ အခက်အခဲကြီးတစ်ခုဘဲ။ ရုပ်ကလေးကလဲ ရှိတော့ဘဝင် ကမြင့်ချင်သေးတယ။် သူ့ကိုသာလျှင် လာစကားပြောရမယ် ဆိုတဲ့ပုံနဲ့ ထိုင်စောင့်နေတယ။် ဒီလိုနဲ့များ ကောင်မလေးတွေ နဲ့ ကြည်ချင်သေးတယ။် ဝေးသေး.။

လှတပတ ပုံ့ကလေးကတော့ ကိုယ်သေချာရိုက်ပြီး တင်ပေးထားတယ။် ဓါတ်ပုံကလေး ကြည့်ပြီးတော့ စိတ်ဝင်စားတဲ့ အချို့ကတော့ ခေါ်ကြည့်ကြပါသေးတယ။် ပြောပြီးရင် ကောင်မလေးတွေ ကို မထိန်းထားတတ်တော့ဘဲ ထပ်မခေါ်ကြတော့ဘူး။ ကိုယ်က ပြောတယ်။ မိန်းကလေးသဘာဝ ဘယ်သူကမှ ကိုယ့်ဆီလာမှာ မဟုတ်ဘူး။ ကိုယ်ကသာလျှင် စရမယ် ဆိုတဲ့သဘာဝ။ ဒါပေမဲ့သူက ဒါမျိုးကို ရှက်ပြန်တယ်။ မလုပ်ချင်ဘူး။ မလုပ်ချင်ရင်တော့ မရဘူးဟေ့လို့ ပြောလိုက်တယ်။

မိန်းကလေး သဘာဝက ယောက်ျာ်းလေး က စစေချင်ပါတယ်။ ကိုယ်စိတ်ဝင်စားနေတဲ့ပုံ ကို အရိပ် အယောင်ပြပြီးရင် သူ့ဆီက တုံ့ပြန်မျူကို စောင့်နေတာပါ။ တုံ့ပြန်မှူ နဲနဲ ပေးလိုက်ရုံ့ပါဘဲ. ကျန်တာ တော်တော်လေး အဆင်ြေ့ပသွားပါလိမ့်မယ်။ တုံ့ပြန်မှူမရှိရင် တော့လဲ မိန်းကလေး မာန နဲ့ တော်ရုံ့ မေတ္တာ ရှိ ယုံ နဲ့တော့ မလာတော့ပါဘူး. ။

နောက်တစ်ချက် မိန်းကလေး သဘာဝ ..သူ့ကို အချိန်ပေးရပါတယ်။ ဘယ်လောက် အလုပ်များများ attendance တော့ပေးရပါတယ။် ဒါမှ သူတို့ကို ဂရုစိုက်တယ် လို့ထင်ပါတယ်။ သူတို့ခေါ်တဲ့ အချိန် မှာ လာနိုင်အောင် ကိုယ့်ဘက်က ကြိုးစားရပါမယ်။ ဒါကို အချို့သော မိန်းကလေးများက ဂုဏ်ယူတတ်ပါတယ်။

တစ်ပုံသေ ကားချပ်ထဲ မှတ်ထားလို့တော့မရပါဘူး။ case by case မိန်းကလေး သဘာဝ ရှုပ်ထွေးပါတယ။် kmsl က ညည်းရှူာတယ။် သူများ မိန်းကလေးတွေ ကို လေ့လာဘို့မပြောနဲ့ ။ ကိုယ့်ကိုတောင် သူနားမလည်နိုင်ဘူး လို့ ပြောတယ်။ အဲဒီတော့ နားလည်စေချင်ရင် အချိန်ပေးရပါတယ။် မိန်းကလေး အများနဲ့ ခင်မင် မှူကို တည်ဆောက် နိုင်ရပါမယ်။ အဲဒီလိုနဲ့ exposure များလာပြီး အနည်းငယ် နားလည်လာပါလ်မ့်မယ်။

မိန်းကလေး များနဲ့ပက်သက်မှူ မရှိဘဲ နဲ့ ရှူပ်ချင်တယ် ဆိုဘို့ကတော့ မဖြစ်နိုင်ပါဘူး။ ဒီ ဘာသာရပ်ကလဲ subject တစ်ခုပါဘဲ။ ကိုယ်က ကျွမ်းကျင်တယ် ဆို တစ်သက်လုံး လေ့လာလာတာကိုး။ ။ ….

ကိုယ့်အတွက်တော့ human သဘာဝ ကိုအတော်လေး နားလည်တယ်လို့ ထင်တာဘဲ။ မိန်းကလေး ကျအောင် ပြောတတ်ပါတယ် ဆိုရင် kmsl က မင်းက ယောကျာ်းလေး ကျအောင် လဲ ပြောတတ်ပါတယ် လို့ မနာလို တှိုရှည် ပြောတတ်သေးတယ။်

Wednesday, January 7, 2009

golden days....

အခုတလော ရုံးမသွားတာ အတော်အေးချမ်းတယ်။ အလုပ်ကလေးရှိပြီး ရုံ့းမသွားရဘူး ဆိုတာ အတော် ပျော်စရာ ကောင်းတာဘဲ။ တော်တော်လေး စိတ်ချမ်းသာတယ်။ ဒီတစ်လ က ကောင်းကောင်းကို ရုံးမတက်ဖြစ် လိုက်ဘူး။ ခွှုင့်တွေ ရှင်းနေတာနဲ့။ ခရီးလဲ မသွားဖြစ်ပါဘူး။ အထိုက်အလျောက်လဲ သွားခဲ့ပြီးပြီ။။ နိုင်ငံခြား မြို့ကြီးတွေ ဆိုတာ စလုံး မှာ နေတာ ကြာပြီ ဆိုရင် သိတ် ထူးတော့မယ် မထင်ဘူး။ ဆိုးလ်..ပဲရစ်.. အီတလီ ရောမ..မလေးရှား ကေအယ်။ ယိုးဒယား ဘန်ကောက်… မြို့ကြီးတွေ ကို အလည် ရက်ပိုင်းဘဲ သွားမယ် ဆိုရင် တော့ တယ်ထူး မယ် မထင်ဘူး။ တိုက်တာ ကြီးတွေ ရှိမယ်. ဈေးဝယ် ကုန် တိုက်ကြီးတွေ ရှိမယ်။ TOWER တွေ မျော်စင် တွေ ရှိမယ်။

နောက်ပိုင်းတော့ သွားမယ် ဆိုရင် မြို့လေးတွေ ဘက် ဆင်းချင်တယ်။ ဥရောပ ဘက် မှာ မြို့သေးတွေ ရောက်ဘူးခဲ့တယ် ။ မလေးရှားမှာ မြို့ငယ်တွေ မြင်ဘူးခဲ့တယ်။ ယိုးဒယား တော့ မြို့ငယ်တွေဘက် မရောက်ဘူးဘူး။ ချင်းမိုင်တို့ အယုဒယ တို့ဘယ်လို နေလဲ သိချင်တယ်။ ဒါပေမဲ့လဲ သိတ် တက်တက်ကြွကြွ မသိလိုတော့ပါဘူး။ ကမ္ဘောဒီးယား အန်ဂါဝပ် တို့ရှိသေးတယ်။ မနီလာက သူငယ်ချင်းက လူဘဲကြွခဲ့ပါ ဆိုတာတောင် မလူပ်ချင်မိဘူး ။

တစ်ကယ်တန်းမြို့ငယ်တွေ သွားမယ် ဆိုရင်ကိုယ့်တိုင်းပြည်ထဲ မှာ တောင် မနှံ့သေးဘူး။ တောင်ကြီး အင်းလေး. ကျိုူင်းတုံ. တာချီလတ် .. မရောက်ဘူးဘူး။ မေမြို့.. မရောက်ဘူးဘူး။ ကလော. ဟဲဟိုး..ဖားကန့်...မဲဆောက်.. မြဝတီ.. ဒါတွေ အားလုံး ဟာ ရောက်ဘူးမယ် ဆိုရင် ရောက်သင့်တဲ့နေရာတွေ ချည်းဘဲ။။

မနှစ်က ရန်ကုန်ပြန်တုံး က အလုပ် မှာ အတော် ပင်ပန်းပြီး ပြန်သွားတော သုံးရက်လောက် မလူပ်နိုင်ဘူး။ ခရီးထွက်ဘို့ဆိုတာ ကလည်း နဲနဲကြောက်နေတယ်။ မိတ်ဆွေ တစ်ယောက် accident ဖြစ်ပြီး ကတည်း က ခရီးထွက်ဘို့ကို PHOBIA ဖြစ်သွားတာ အခုထက်ထိ နလံမထူသေးဘုး. .။

ဒီတစ်ခေါက် ရန်ကုန် ပြန်ရင်တော့ ခရီးထွက်မယ် စိတ်ကူးတယ်။ ခရီးထွက်မယ် စိတ်ကူးတော့ လဲ ဘယ်သူနဲ့သွားရမလဲ။ ဘယ်ကိုသွားရမလဲ မသိ.. သူငယ်ချင်းများ ကလည်း အိမ်ထောင်တစ်ဖက်နဲ့ အလုပ်တစ်ဘက် နဲ့အားကြမယ်မထင်….။ ကိုယ့်မောင်နှစ်မတွေ နဲ့သွားဖို့ဆို တာ ကလဲ FEEL က မလာ..

KMSL ဆိုတာ ကလဲ သူ့ဘာသာ သာ သွားချင်တဲ့သူ....ကိုယ်နဲ့အတူသွားပါလား ဆိုရင်.. စလုံးမှာလဲ အတူတူ..ရန်ကုန်မှာလဲ အတူတူ ဆိုရင် ငါ့ဘဝ တော့ ငါ အတော်သနားတယ်။ လွတ်လပ်ခွင့်လေး ပေးပါလို့ တောင်းဆိုထားတော့ ခက်တာဘဲ။ အတော်ခင်တဲ့ တစ်ယောက် တော့ရှိတယ်။ အိမ်ထောင် မပြူသေးဘူး ။ အခုထက်ထိ… သူ့ဘဲ မျက်စိထဲ မြင်တယ်။ သူ့လဲ လိုက်နိုင်မယ် မထင်…

တယ်ခက်ပါလား။ လောကကြီး အသက်ကြီးလာရင် ဘယ်ဟာမှ မကောင်းဘူးလို့ ညည်းညူပြန်တော့ လဲ သနားခြင်းမခံရတဲ့အပြင်. မင်းတို့ခေတ် တူံးက မင်းတို့လုပ်ပြီးပြီဘဲ။ အခု ငါတို့ခေတ် ရောက်ပြီလို့ကြွေးကြော်နေတဲ့သူ တစ်ယောက်က လည်း အနားမှာ ရှိသေးတယ်။

Sunday, January 4, 2009

Old.. B.. friend /3

ကိုယ်နဲ့ kmsl ဇတ်လမ်းကို ကိုယ့်အိမ်က ရိပ်မိဟန်ရှိတယ်။ ဘာမှတော့ ပြောဆိုခြင်း မရှိဘူး။ ကိုယ်တို့ နှစ်ယောက် ဆွေနီးမျိုးစပ် တော်ပါတယ်။

ဒီလိုနဲ့ ကျောင်းတက်ရင်း ဇတ်က ရှူပ်ပါသေးတယ်။ km လို့ အမည်ရပါတယ်။ စာသိပ် မတော် တဲ့ကျောင်းသား။ သူငယ်ချင်းလဲ မရှိဘူး။ တစ်ယောက်ထည်း လဲ နေ တတ်တဲ့ တစ်ယောက်ပါ။ သူ က ခင်ဝမ်း သီချင်းတွေ ကိုသိတ်ကြိုက်တယ်။ အနုပညာဘက် မှာ မဆိုးဘူး။ အဲဒီတော့ စာမလိုက်နိုင်တာ လည်း အထူးအဆန်း မဟုတ် ပေဘူး။ ကိုယ်က စာမတော်ပေမဲ့ ကိုယ့်သူငယ်ချင်းများက စာတော်ကြပါတယ်။ အဲလိုနဲ့ ကူညီတတ် တဲ့ ကိုယ် က ကူညီရင်းနဲ့သူငယ် ချင်း ဖြစ်သွားကြတယ်။

သူ့မှာ long time girl friend ရှိပါတယ်။ အတော်ချစ်ကြတယ် လို့လည်း ကြားဘူးတယ်။ သိတ် တော့ တွဲတာတော့မတွေ့ဘူး။ ကိုယ်နဲ့ သံယောဇဉ် ဖြစ်မိပြန်တယ်။ ကိုယ် သိတ် ချစ်ခဲ့လား လို့ဆိုတော့ မချစ်ခဲ့ဘူး။ ဘာဖြစ်လို့ တွဲခဲ့တာလည်းဆိုရင် လည်း ဖြေရမှာ အခက်သားလား။ တခါတလေ အမှန်တရားကို ဝန်ခံရရင် သူ့မှာ ချစ်သူရှိရဲ့ သားနဲ့ ကိုယ့်ကို ပိုပြီး ဦးစားပေးတာ ကို လိုချင်လို့ပါ ဆိုရင် လဲ အရိုက်ခံရမှာ သေချာပါတယ်။ မိန်းကလေး တစ်ဦးရဲ့ လွဲမှားတဲ့ မာနပေါ့။ ကိုယ် လိုချင်ရင် ကြံရင် ရနိုင်ပါတယ် လို့ ကြွားဝါချင်တဲ့ စိတ် ကလေး ပါခဲ့ပါတယ်။ ကိုယ့်ကို သူ့မိန်းကလေးထက် ပိုပြီးဦးစားပေးတာ ကို ကျေနပ်ခဲ့တယ်။

သူက အင်းယားမြှိုင်မှာ နေပါတယ်။ အဖေက နိုင့်ငံခြား မှာ အလုပ်လုပ်ပြီး အမေက စကော့ဈေးမှာ ဆိုင်ဖွင့်ပါတယ်။ လက်ထပ်ချင်မယ် ဆိုရင်တော့ လက်ခံနိုင်မဲ့ သေဋ္ဌေးသား တစ်ယောက်ပါ။ ဒါပေမဲ့တစ်ကယ်တန်း မှာကျတော့ ကိုယ်က kmsl ကိုဘဲ ပိုချစ်ခဲ့တယ်။

သူ့ရဲ့ ခံစားချက်တွေ မြင့်လြာ့ပီ ဆိုတော့ ကိုယ်စိုးရိမ်လာမိတယ်။ တကယ်တမ်းကျ တော့ ကိုယ် သူ့ကို လက်မထပ်လိုဘူး။ သူ့ရဲ့ အားနည်းချက် က ကိုယ့်ကို အတော်လေး မေတ္တာ ရှိပြီး လိုက်လျောလွန်းတာဘဲ။ သူဘာဖြစ်ချင်တယ် ဆိုတာ မရှိဘူး. ကိုယ်ဖြစ်စေချင်တာဟာ သူဖြစ်ချင်တာဘဲ။ ဘယ်သွားမလဲ မေးရင် ကိုယ့်သဘော..ဘာစားမလဲမေးရင် ကိုယ့်သဘော.. ဘာလုပ်ကြမလဲ မေးရင်ကိုယ် လုပ်ချင်တာ လုပ်…ကြာတော့ကိုယ်က leading role ဖြစ်လာတယ။် ကိုယ် ဒီ အခြေအနေ ကိုမလိုလားဘူး။

မိန်းကလေးဆိုတဲ့သဘော က အားကိုးချင်တယ်။ မှီချင်တယ်။ အခုဖြစ်နေတာက သူက ကိုယ့်ကို မှီသလို ဖြစ်နေတယ်။ဒါ ကို သူက ချစ်လို့ လိုက်လျောခြင်း သူ့ဘက်က ပေးဆပ်ခြင်း လို့မြင်မယ်။ ကြာတော့ဒီ အခြေအနေ ကို ကိုယ် စိတ်ပျက်လာတယ။် သူ သံယောဇဉ်ကို နည်းအောင်လို့ အဆက်အသွယ် လျှော့ခဲ့တယ်။ ကြာတော့သူ စိတ် တိုလာတယ်။

ဇတ်ရှိန်မြင့်တဲ့ အပိုင်း ကသူ ကိုယ့်အိမ်ကို လိုက်လာပြီး ကိုယ့်အမေနဲ့ အစ်မနဲ့ကိုတွေ့တဲ့ အခန်းဘဲ။ သူမေတ္တာ ရှိတယ် လို့ အမေ့ကိုပြောတယ်။ ကိုယ်က မဟုတ်ဘူးလို့ခံငြင်းတယ်။ သူပိုစိတ် တိုလာပြီး ကိုယ်က kmsl နဲ့ ကိုယ်နဲ့ ကြိုက်နေပါတယ် လို့ ကိုယ့် အိမ်ကိုပြောတယ်။ ကိုယ်က လည်း ဟုတ်တယ်။ လက်မှတ်တောင် ထိုးပြီးသွားပြီ လို့ ပြောလိုက်တယ်။ သူပေါက်ကွဲ သွားသလို ကိုယ့်အိမ်လည်း ပြာယာခတ်သွားတယ်။ နောက်ဆုံး သူ ပြန်သွားတယ်။ ကိုယ့်အိမ်ကို ကို ရှင်းပြလိုက်တယ် ။သူ သံယောဇဉ် ကိုယ့်ကို ပြတ်သွားအောင် စိတ်နာသွားအောင် တမင်ပြော လိုက်တာပါလို့ ရှင်ြး့ပ လိုက်ရတယ်။

ကိုယ့်ကို တကယ်လည်း စိတ်နာသွားပါတယ်။ ဘာသံမှ မကြားရတော့ဘူး။ သူများ အသည်း ကို ရက်ရက်စက်စက် ခွဲတဲ့ ကိုယ် အမှတ် မရှိ သူ့အိမ် ကို ဖုံးဆက်ကြည့်သေးတယ။် စိတ်ပူလို့ပါ။ သူ့အသံ ကိုကြားရတယ်။ ကိုယ် က ဟဲလို ဆိုတဲ့အခါ စကားပြန်တော့ မရဘူး။ ဒါပေမဲ့သူ ဖုံ့းမချသွားဘူး ။ ကိုင်ထားတယ်။ ကိုယ်က km လား ဆိုတော့လဲ အသံပြန်ရမရဘူး။ နောက်ဆုံးတော့ ကိုယ်စိတ် လျော့လိုက်တယ် အသက်ရှိသေးရင် ပြီးတာဘဲ ဆိုပြီး။။

သူ ..သူ့မိန်းကလေးနဲ့လက်ထပ်သွားတယ် ပြီး အမေရိကသွားတယ် လို့ကြားတယ် ။ နောက်ဆုံ့း တစ်ခါ ကိုယ်တို့ လမ်းထိပ် နားမှာ တွေ့တယ်။ ကိုယ်က လမ်ဘေး မှာ သူက .ကားထဲက.မောင်းတဲ့သူနေရာမှာ.. ..ဒီလူ ကိုမြင်ဘူးပါတယ် လို့ ပြန်ကြည့်တော့ သူ ဖြစ်နေတယ်။ တချက်ြ့ပုံးပြ သွားတယ်။ အဲဒီ အပြုံးကို အခုထက်ထိ အဓိတ်ပါယ် ဖေါ်လို့မရဘူး ဖြစ်တယ်။ လူတွေ ကို အကဲခတ် တော်တဲ့ လူတွေ ရဲ့စိတ် ကိုဖတ် တတ်တယ် လို့ကိုယ့်ကိုကို ထင်တဲ့ကိုယ် ဒီတစ်ခါ တော့ မိုနာလီဇာ အပြုံးလိုဘဲ။ ကိုယ် မဆန်းစစ် နိုင်ခဲ့ဘူး။

ကိုယ်တို့ လမ်းထိပ်ကို လာတာ ကိုယ့်ကို သတိရလို့လာခဲ့တာလား။ ပြုံးခဲ့တာ က ဘာ သဘောလဲ။ သူလာ တာကို ကိုယ်တွေ့သွားလို့ အနည်းငယ် အောက်သွားတာလား။ မင်းထားခဲ့ ပေမဲ့ ငါ ဘာမှ မထိခိုက်ပါဘူးလို့ဘဲ ပြောချင်သလား. .။ မင်းကို ငါ မေ့နိုင်ခဲ့ ပါပြီ လို့ဘဲပြောချင်သလား။ အခုထက်ထိ ကိုယ်မသိပါ။ အဲဒီ ကတည်းက အသံမကြား တာ နှစ်ပေါင်း မနည်းတော့ဘူး။ မြန်မာပြည်ထဲ မှာ ရှိတော့မယ် တော့ကိုယ်မထင်ဘူး။ ငယ်သံယောဇဉ်နဲ့ ဘာဖြစ်လို့ဘယ်ရောက် နေလဲဆိုတာတော့သိခွှုင့်ရှိမယ် ဆိုရင် သိချင်မိသေးတယ။် သူကတော့ကိုယ့်ကိုသတ်ချင်နေမယ် ဆိုတာတော့ကိုယ်သိပြီးသားပါ။

Saturday, January 3, 2009

Lady finger…..e/lecture

ကောင်းသောနေ့ပါ။ မနေ့က ညနေက hawker center ထမင်းဆိုင်မှာ ထမင်းသွားဝယ်တယ်။

စကားမစပ် ဘာဖြစ်လို့ ဟော်ကာ လို့ခေါ်တာလဲ ဆိုတာ wikipedia မှာ ရှာကြည့်ရသေးတယ်။ တရုတ်စကားဖြစ်ပြီး စလုံး ဟောင်ကောင်.. မလေးရှား မှာ အသုံ့းများတဲ့စကားလုံး ဖြစ်တယ်။ လူနေအိမ်ခြေ စည်တဲ့တဝိုက်.. ဘတ်စကားရထား လမ်း အနီး. မှာ ရှိပြီး လေဟာပြင်မှာ ရောင်းတဲ့ သိတ်ဈေးမကြီးတဲ့ များစွာသော စားစရာများ ရှိသော နေရာ လို့ အနက်ပေးထားပါတယ။်

ညနေ ညနေ ကျရင် ခေါင်းခြောက်အောင် စဉ်းစား ရတယ်။ kmsl ကို ဘာဝယ် ကျွေးရမလဲ ဆိုပြီး။ ။ဟိုဟာလေး ဝယ်လိုက်..ဒီဟာလေးဝယ်လိုက်နဲ့ မှန်တဲ့ အခါလည်း မှန်.မှားတဲ့အခါလည်း မှား။။ ကိုယ်နဲ့ရကတည်း က တသက်လုံး ထမင်း ကောင်းကောင်း မစားရဘူး လို့လည်း အပြစ် က အခုရှာနေပြီလေ။။ ကောင်းကောင်းစား ချင်ရင် နောက်တစ်ယောက် ယူမှဖြစ်မယ် လို့လည်း ပြောသေးတယ်။ တသက်လုံး မိန်းမ တစ်ယောက် ထဲနဲ့ နေရတာ ပျင်းစရာကြီ..။ ......ing.....boring life လို့လဲ ပြောသေးတယ။်

ပြောချင်တာ က ထမင်းဆိုင် မှာ ထုံးစံ အတိုင်း this one.. That one.. သွားလုပ်တယ်။ ရု့းံပတီသီး ကို လက်ညိုးထိုးပြီး this one သွားလုပ်တာ ဆိုင် က အော် lady finger လို့ပြောတော့ နဲနဲ ရှက်သွားတယ်။ သိတာ က ကြက်ဥ ..အာလူး ခရမ်းချဉ်…tomato, ပန်းဂေါ်ဖီ..cauliflower ‘

မုန်လာဥ,ကြက်သွန်ဖြူ, ကြက်သွန်နီ, ငံပြာရည်, ဒန့်ဒလွန်။, နံနပင်, ဘူးသီး…အများကြီး.. ငါမသိ/ လမ်းကြုံရင် စိတ်ကူးပေါက်ရင် သိတာလေး နဲနဲသင်ပေးခဲ့ပါလား.။ ပညာတိုးတာပေါ့။ memorize လုပ်ပြီး နောက်နေ့ကျရင် ဆိုင်ကို ခပ်မာမာ နဲ့ သွားမယ်။

Old.. B.. friend /3 လား ။စိတ်ထဲမှာ ရေးနေပါတယ်။ လူမလစ်သေးလို့..ခဏစောင့်...

Thursday, January 1, 2009

Bob Marley

Bob Marley သီချင်းရေးဆရာ..ဂစ်တာတီး။ သီချင်းဆိုတဲ့သူ. .အနေနဲ့ သိပါတယ်။ သီချင်းတွေထဲ မှာ.."I Shot the Sheriff", "No Woman, No Cry", "Exodus", "Could You Be Loved", "Stir It Up", "Jamming", "Redemption Song", "One Love" နဲ့"Three Little Birds" တွေ က အန်မတန် နာမည်ကြီးတယ်။ သူ မရှိတဲ့နောက် ထပ်ထွက်တဲ့ Legend သီချင်း အယ်လဘမ် က ၁၂ မီလျှံ ကော်ပီ ရောင်းရတယ။်


သူ့ကို ဂျမေကာ က ရွာလေး တစ်ရွာမှာ ၁၉၄၅ မှာ မွေးတယ်။ သူ့အဖေက white Scottish Jamaican ဖြစ်ပြီး အမေက တော့ black Jamaican ဖြစ်ခဲ့တယ်။ အသက် ၁၀ နှစ်နဲ့ ဖခင်မဲ့ဖြစ်ခဲ့ပြီး. Mixed racial origins ကြောင့်စိတ် အနှောင့်ယှက်တွေ သူ့ဘဝမှာ ဖြစ်ခဲ့ရတယ်။ အသက် ၁၄ မှာ ကျောင်းကို ကျောခိုင်းခဲ့. .အနုပညာဘက် ကို ဇောက်ချခဲ့ပြီး ၁၉၆၂ မှာ ပထမဆုံ့း သီချင်း တွေ ကို အသံသွင်းတယ်။ သိတ်တော့ နာမည်မရခဲ့သေးဘူး။


ဒီလိုနဲ့ အနုပညာခရီးကိုဆက်လျောက်ရင်း ၁၉၇၅ မှာ No Woman, No Cry နဲ့အရမ်း နာမည်ရတယ်။ ၁၉၇၆ မှာ England ကို ရွေ့သွားခဲ့တယ်။ ၁၉၇၇ မှာ အရေပြား ကင်ဆာတစ်မျိုး ဖြစ်တယ်.။ အကြောင်းအမျိုးမျိုးနဲ့ ဆေးကုသမှူကို သေချာ မယူခဲ့ဘူး။ အနုပညာ အလုပ်ကိုတော့ ဆက်လုပ်နေတယ်။ နေရာ တော်တော်များများ မှာ tour တွေ လုပ်တယ။် award တွေ honor တွေ အများကြီးရတယ။် ၁၉၈၁ အသက် ၃၆ မှာ ဆုံးတယ်။ သားသမီး စုစုပေါင်း ၁၃ ယောက် ရှိတယ်။ ၈ ယောက် ကတော့ separate women နဲ့ရတယ် လို့ဆိုတယ။်
Reference: http://en.wikipedia.org/wiki/Bob_Marley

မှတ်ချက်.

သူမရှိတော့တာ အနစ် နစ်ဆယ်ကျော်လို့ သုံးဆယ် နားရောက် နေပြီ ဖြစ်ပေမဲ့လည်း သူ့သီချင်းတွေ ဟာ ကမ္ဘာကျော်ဆဲဘဲ။ သီချင်း ဆိုင်ကြီးတွေ ကိုရောက်လို့ Bob Marley လို့မေးလိုက်ရင် ရှိနေဆဲ.. ..ဘဲ..။ သူ့ဘဝဖြစ်စဉ်ထဲမှာ နိုင်ငံရေး..လူမျိုးရေး အချို့ပါသေးတယ်။ သိတ်နားမလည်လို့ ထားခဲ့တော့တယ်။။ kmsl သဘောင်္လိုက်စဉ်က အမေရိကရောက်တော့သူပထမဆုံးဝယ်တာ Bob Marley လို့ဆိုတယ်။ အခုထက်ထိ သိမ်းထာားပြီးနားထောင်နေဆဲဘဲ။




bob marley - no woman no cry


ratings: 23,250
views:12,381,978