Sunday, May 31, 2009

Yangon 15























အဲဒီနေ့မနက်က မနက်မိုးမလင်းခင်ညကုထုံးစံအတိုင်းမော့ကြည့်တော့ လခြမ်းကွေးကလေးတွေ့တယ။် မဲနေတယ်လို့ တော့ပြောမှာဘဲ .အကျယ်ချဲ့က်ြည့ရင်တော့မြင်ရမယ်။ ကိုယ့်အတွက်တော့ အရာရာဟာ လွမ်းစရာဘဲ။ ဘာဖြစ်လို့ အဲဒီနေ့မနက်က ကော်ဖီတစ်ခွက်ဘဲ သောက်လိုက်ရသလဲမသိ. ကိုယ့်ဘာသာတောင်ဝမ်းနည်ွးသွားတယ။်


ပြည်လမ်းကို အတော်သုံးဖြစ်တယ။် ဒီအင်းယားလမ်းနဲ့ပြည်လမ်းဒေါင့်ကလည်း နေ့တိုင်းလိုပါဘဲလား ဖြတ်နေမိတယ်။ မှတ်မိတယ်မနက် ခုနစ်နာရီမထိုးသေးပါဘူး လမ်းပေါ်ရောက်နေပြီ။ ကြော်ငြာတွေ များတယ်လို့ပြောဦးမလား။ ဈေးမေးကြည့်လိုက်ပါဦး။

















သွားရင်းလာရင်းနဲ့ အမျိုးအရင်း တစ်ယောက်ကိုသတိရသွားတယ။် မတွေ့တာ ၁၅ နစ်လောက်ရှိရော့မယ်။ ဖုံးဆက်ပြီးမှ သွားပါလို့ အမျိုးများကသတိပေးလိုက်ပေမဲ့ ဒါကိုယ့်အမျိုးဘဲ ဘယ်အချိန်သွားသွား။ ရှိတော့တွေ့ယုံပေါ့။မရှိတော့လည်းမတွေ့ရုံဘဲဆိုပြိး တံခါးသွားခေါက်ပါတယ်။ ရှိနေတယ။် တွေ့ခဲ့ရပါတယ်။ သုံးနာရီလောက်ကြာခဲ့တယ်။ သူလဲခွေးချစ်သူပါဘဲ။ သူ့ခွေးလေးတစ်ကောင်ညက ဆုံးသွားလို့ စိတ်ထိခိုက်နေလေရဲ့။ ဘုန်းကြိးကျောင်းကို ဆွမ်းပို့နေခိုင်းတာ တွေ့ခဲ့တယ။် ဒီအမျိုးကိုရောသိသူများပေါါ်လာ ဦးမလား။သိချင်မိသေးတယ။်











ပြန်လာတော့ ရန်ကုန်တက္ကသိုယ် ဘွဲ့နင်းသဘင်ခမ်းမ အနောက် ကနေ သေချာရပ်ပြီး ဒါတ်ပုံရိုက်ယူပါတယ။် လွမ်းလို့ပါ။ ဘာလွမ်းစရာရှိသလဲလာမမေးပါနဲ့။ ခံစားတတ်မှ. ဖြစ်မှာပါ။ တက္ကသိုယ်ရိပ်သာလမ်းပေါ်က ငုဝါပင်တွေပ်။ ပွင့်နေတုံးဘဲ။ ပင်လုံးပြည့်..











Saturday, May 30, 2009

kom

ကိုယ့်ရဲ့စာဖတ်သူတွေ ကို ကိုယ်တောင်လန့်လာတယ။် စာကျေလိုက်ကြပုံများ ကိုယ့် ထက်တောင် ကြေသေးတယ။် မနေ့က တစ်ထောင်တန် ပိုက်ဆံအုပ်ကို မြင်ဘူးတယ် ဆိုတော့မှ ကိုယ့်ဘာသာ ကိုယ်ပြန်ကြည့်မိတယ်။ ဟုတ်တယ်။ တမင်လုပ်တာ မဟုတ်ပါဘူး ။ဓါတ်ပုံတွေ ကြားထဲမှာ ညှပ်သွားပြီး ကိုယ်က လည်း ကြိုက်နေတာနဲ့ ပြန်တင်မိတယ်။ ပိုက်ဆံတစ်သိန်းဆိုတာ သုံးကြည့်ရင်လန့်သွားမယ်။ ရန်ကုန်က လူများ ကိုသာ မေးကြည့်ပါတော့လေ။

ရှိသေးတယ။် ကိုယ့်မြေးကလေး ဓါတ်ပုံထည့်ကြည့်မိတယ။် ချစ်စရာလဲကောင်းတယ်လို့ ကိုယ့်အမျိုးကိုယ်ထင်တယ်လေ။ ရန်ကုန်တစ်မြို့လုံးကလေးတွေ မှ အများကြီး ဘယ်သူမှ မသိနိုင်ပါဘူးလို့ထင်မိတယ်။ ကိုမိုးသမီးကလေးလား မေးလာတော့ပြာသွားပြန်ရော။ မွေးမေလေ့..

မကုန်သေးဘူး။ ၄၂ လမ်းထိပ် က မုန့်ဟင်းခါးစားတယ်လို့ ရေးမိပြန်တယ။် ရန်ကုန် တစ်မြို့လုံး တစ်လမ်း နစ်လမ်း သုံးလမ်း က စလို့ လမ်း ငါးဆယ် ကျော်လောက်ထိရှိတာကို ၄၂ လမ်းကို သိတဲ့သူက ပေါ့်လာသေးတယ်။ အစ်မ ကြံရည်ဆိုင် ရှိသေးလား လို့လာမေးတော့ အသက်ရှုမှားသွားတယ။် ရှိပါတယ် ရှိပါတယ်။ .ကြံရည်ဆိုင် ကို ရိုက်ဦးမလို့ဘဲ ။ စကော့ဈေးသွာ တုံးက ရိုက်ပြီးသာ ရှိတာနဲ့ ထပ်မရိုက်တော့ဘဲ သူ့မျက်နာချင်းဆိုင် က ကြံချောင်းတွေ ကိုသာ အမြင်ဆန်းလို့ ရိုက်ခဲ့မိတော့တယ။်

အရေးထဲ..ဝန်ကြီးများရုံ့းက နာရီသံကိုလည်းမှတ်မိတဲ့သူကရှိသေးတယ။် လသာ၂ ကိုလာစပ်စုတဲ့ သူကလည်းရှိသေးတယ်။ ကိုမဆာလာနဲ့ဆွေနီးမျိုးစပ်တော်တာကိုမှတ်မိတဲ့သူကလည်းရှိသေးတယ။်

ရန်ကုန် ဘာထူးဆန်းလို့ ဂဒီးဂဒီ ရေးနေတာလဲမေးရင် ရေးချင်လို့ရေးပါတယ။် ရန်ကုန်သူဆိုတော့ ရန်ကုန်ကို ချစ်ပါတယ်။ နေရာတိုင်း က ခြေရာတွေချည်းဘဲမို့လို့ပြန်ကြည့်လိုက်တိုင်းမှာ ခံ့စားမှူတွေ ရျိပါတယ်။

စာရေးဆရာနဲ့ ဇာတ်လမ်းကိုရေးပြန်တော့လည်း သိတ်ဲ့သူတွေ ပေါ်လာလို့ ကမန်းကတန်းပြန်သိမ်း လိုက်ရပြန်ရော။ ကိုယ့်ုkom က သူ့နာမည် ယူပုံကို သဘောကျလို့လိုက်ယူထားတာပါ။ သွားတော့ပြောမနေပါနဲ့တော့။ သမာဓိ ပျက်သွားမှာ စိုးတယ။်

ဒါတောင် ကိုယ်စာရေးတာ ရိုးသားမှူုကို အခြေခံရေးပါတယ်. မသမာမှူ နဲနဲပါးပါးနဲ့လူတိုင်းသိတဲ့လှို့ဝှက်ချက်ဘဲ ချန်ထားတာရှိပါတယ်။

ခင်ဦးမေ ဘာလို့ဖြစ်လာသလဲ. ဆိုတော့ဘယ်လိုကနေ ဘယ်လို ဘလော့တွေ ဖတ်မိမျန်းတော့မသိတော့ဘူး နဲနဲချင်းတော့ပြောဘူးပါတယ။် နာမည်ရင်းနဲ့ ဘလောလုပ်ပါတယ။် ကိုစိုးထက်ကို သဘောကျလို့ပါ။ ကိုယ့်နာမည်ကို ကိုယ် သဘောကျတာလည်းပါတယ်။ မြန်မာလို့မရေးတတ်လို့ အတော်ရွာလည်သွားသေးတယ။် ဓါတ်ပုံတောင်တင်လိုက်ပါသေးတယ် ။ကိုစိုးထက်နဲ့ J နဲ့သက်သေ ရှိပါတယ။် ငါမအိုသေးဘူး ဆိုတာလည်းပြချင်လို့ပါ။ လူခေါ်တာလဲပါပါတယ။် လူရောက်လာရုံတင်မက ပြင်ပလောက ကိုပါ မှတ်ချက်များပါ ရောက်လာကြလို့ စိတ်ထဲမှာ ကျဉ်းကျပ်လာတာနဲ့ နာမည်ပြောင်းဘို့စဉ်းစားပါတယ။် ကြည့်လိုက်ရင် လူက တည်တည်ကြည်ကြည်ပါ။ သောက်မြင်ကပ် စရာတောင် ကောင်းပါသေးတယ။်မိန်းကလေးချင်း ဆိုရင် အဆင်မပြေပါဘူး ယောကျာ်လေးတွေ နဲ့မှ ပိုအဆင်ပြေပါတယ။် ယောက်ကျာ်းလးများက ရှင်းပါတယ် ။ ပလီပလာ ထွေလာကေလာ။ အထအန မကောက်တတ်ကြဘူး အဲဒါကြောင့်ပါ။ အထင်လွဲသွားပြီဆိုတာ သိလို့ အမြန်လိုက်ရှင်းပါတယ။်

အဲဒါနဲ့ အဖေနံမည်ကို အခြေခံလိုက်ပါတယ။် တစ်ခြားနံမည်တွေ ကိုစဉ်းစားကြည့်တာ ကိုယ်နဲ့ အရမ်းစိမ်းနေတယ် ဘယ်လိုမှ ခံစားလို့မရဘူး။ ကိုယ့်အဖေကို အန်မတန်ချစ်တာလည်းပါပါတယ။် အဖေကလည်း နာမည်ကြီးပါ။ တက္ကသိုလ်ဘုန်းနိုင် တို့ ။ နှဲု့တစ်ခတ်ထည်းတွေပါ။ အဖေကလည်းကိုယ့်လို ရုပ်တည် တည်နဲ့ဘဲ မထင်ရပါဘူး။ တက္ကသိုယ် ကျောင်းဆောင်မှ အပြင်ကို ကြည့်နေတုံး သူငယ်ချင်းတစ်ယောက်က ပုဆိုးဆွဲချွတ်သွားတာ ပြန်မကောက်ဘဲ ဒီအတိုင်းနေတယ်ဆိုလို့ ဘေးကလူတွေ က ပြန်လာဝတ်ပေးသွားရတယ်လို့သက်ကြီးစကားကြားဘူးခဲ့ပါတယ။်

ဟိုတုံးက ဆောက်လုပ်ရေးဝန်ကြီး ဦးခင်မောင်ရင်နဲ့ လည်း သူငယ်ချင်းပါ။ သူ့သမီး ဆရာဝန်မ တော့ဒီဘလော့ကို လာမဖတ်ဖြစ်ဘူးလို့ ယူဆလိုက်ပါမယ။် အဖေ ကရိုးသလို သူ့ကလည်း ရိုးပါတယ။် အဖေကလည်း အန်တန်အေးတော့ အပေါင်းအသင်းနည်းပါတယ။် မရှိသလောက်ပါဘဲ။ အဖေ ဆေးရုံတက်တော့ ဆေးလိပ်ကြီးခဲပြီး တစ်ယောက်ထဲ ၇ိုးရိုးကြီး လာပြီးသတင်းမေးအားပေးတာကို အမြဲကျေးဇူးတင်ပါတယ။် အဲဒါနဲ့ ကိုယ်တို့က အဖေ့ကို မြှောက်ပေးကြတယ။် အဖေ သူငယ်ချင်းဆီ က တစ်ခုခုတောင်းပါ ဆိုတော့ အဖေက ကိုယ်တို့ နေတဲ့ အိမ်က eရေချိုးခန်း ကို ပြင်ခိုင်းမယ်ဆိုလို့အဖေ ရယ် ဝန်ကြီးကိုတော့ e ရေချိုးခန်းမပြင်ခန်းပါနဲ့လို့ တောင်းပန်ခဲ့ရသေးတယ။်

ကျန်တဲ့အဖေ့သူငယ်ချင်းတွေလည်း ကျေးဇူးတင်တယ်။ အန်မတန် ချစ်တဲ့ သူငယ်ချင်းတစ်ယောက်ကို ဆိုရင် အဖေ ကိုမာ ရသွားခါနီးမှ ကိုယ်က မိုးချူပ်ကြီး ဖုံးဆက်ပြီး အန်ကယ် အဖေကိုမာ ရခါနီးပြီ. အဲဒါ အဖေသတိရှိတုံး အန်ကယ်ဆီက တစ်စုံတစ်ခု အားပေးစကားလေး လာပြောစေချင်တယ် ဆိုလို့ ချက်ခြင်းဘဲ မိုးချုပ်ကြီးရောက်လာပြီး လာတွေ့ပါတယ။် ကျေးဇူးပါ အန်ကယ် ဦးအောင်ညွန့်။
အဲသလို အဖေကိုချစ်တဲ့ကိုယ်က အဖေ့နာမည်ကို အခြေခံဘို့ဆုံးဖြတ်လိုက်ပြီး ဘလော့မှာနာမည်ပေးတော့ ဘလော့ကလက်မခံတာနဲ့ ငယ်စဉ်ကနေခဲ့ဘူးတဲ့ အိမ်နံပါတ် ကို ထည့်လိုက်ပါတယ။် အဲဒါနဲ့ဘဲ ခင်ဦးမေရရ ဖြစ်လာပါတယ။် ၁၉၇၇ မှာမွေးတာမဟုတ်ပဘူးဆိုတာကိုတော့ ရှင်းပြပြီးသားပါ။ ရရ နစ်နားကိုတော့နီးလာပါပြီ။

အခုလို နာမည်ကျော်ကြားလူကြိုက်များလာတဲ့အခါ လူမသိစေချင်တာ သိပြန်ပြီ ဆိုပြီးထပ်ပြောင်းဘို့ကြိုးစားဦးမလို့ပါဘဲ။ ပြန်စဉ်းစားတော့နာမည်သာပြောင်းသွားမှ လက်ရေးကတော့ပြောင်းမှာ မဟုတ်တော့ လူပြန်မိသွားမှာဘဲ ဆိုပြီး စိတ်လျော့ထားရပါတယ။် လမ်းမှာတွေ့ရင်တော့အလန့်တကြားလာမခေါ်ပါနဲ့ .။ဒီက လန့်တတ်လို့ပါ။ မသိချင်ယောင်လေးဘဲ ဆက်ဆောင်ပေးထားရင်ပို အဆင်ပြေမှာပါ။ လွတ်လွတ် လပ်လပ် လှူပ်ရှားလို့ရတာပေါ့။


ရည်ညွန်းချက်
http://heartstations.blogspot.com/2009/05/boyz.html


မှတ်ချက်
မြန်မြန်ဖတ်ပါ။ ရှေ့ဆက်ရန်တွေ ရှိသေးတယ။်

Thursday, May 28, 2009

Yangon 14


၄၂လမ်းထိပ်က မုန့်ဟင်းခါးစားတယ် နစ်ပွဲပါ. တကယ် ဘုရားစူးစားပါတယ။် ကောင်းတယ။် လဘက်ရည်လည်း သောက် တယ်။ ခင်မောင်သိန်းထွန်းဝင်းနဲ့ဘဲ။ ဝန်ကြီးများရု့းံ သက်သေ ရှိပါတယ်။















Anonymous said...
အဲဒီနားမှာ ကြံရည်ဆိုင် ရှိသေးလား ?
mie nge







Wednesday, May 27, 2009

Yangon 13

အမှန်က ရန်ကုန်မြို့ကြီးကခြောက်တာမဟုတ်ပါဘူး/ မနေ့တစ်နေ့ကမှ သကြန်ပြီးထားတော့လူတွေ က ခြေ့ကုန်လက်ပန်းကျနေလို့ လမ်းမထွက်နိုင်ကြလို့ မြို့ထဲမှာ ကားတွေ ရှုင်းနေတာပါ။ ရုံးတွေကလည်းမဖွင့်သေးဘူးလေ။ သင်္ကြန်မတိုင်ီက အရောင်းအဝယ်ကောင်းချက်ကတော့မပြောနဲ့ ကဖိုးခွေးတို့ယပ်ကလေးခပ်ပြီး ပိုက်ဆံသိမ်းနေရုံဘဲ။ ပြီးတော့လဲ ရောင်းမကောင်းလို့. စိတ်ငြစ်ရပြန်တယ်။ သက်သေရှုပါ။ အင်းယာားလမ်းမှ မဏပ် ကဖျက်နေတုံးပါ။














ရန်ကုန်တက္ကသိုလ်ကတောက့ကြည့်လိုက်တိုင်းမှာ ခံစာမှူ ရသမျိုးစုံဖြစ်မိတယ။် သဘောကျတယ်။


ရှင်းလိုက်တာများ ကားတွေ ကိုမ၇ှိဘူး ပြောထားတဲ့ အတိုင်းဘဲ














အမျိုးအိမ်ရောက်သွားတယ။် zoo လိုဘဲ အကောင်တွေ ကို ကြည့်ပါ။ သူ့ငါးကန်ထဲမှ ငါးကလေးတွေ အကောင် ၈၀ ရှိတယ်ပြောတယ်။ လူသံကြားလို့တက်မလာကြဘူး

အခုတစ်လော တို့တွေ စကားနည်းနေတယ။ စကားတွေက ကွန်မက်တွေ ဖြစ်သွားတယ်။ အစကတည်းက စကားနည်းတယ်။























စကားပြောချင်စိတ်မရှိဘူးဆိုလို့ မနေ့က လူတစ်ယောက်ကို မေးစရာရှိတာမေးတော့ သူက စကားမဖြေဘဲနဲ့ကိုယ်က မေးသမျှကို ခေါင်းညိတ်ခေါင်းခါ လုပ်နေတယ်။ စိတ်ကဆိုးလာတာနဲ့ ။ hey! open your mouth ဆိုတော့ ကိုယ်ကို သူ့ပါးစပ်ဖွင်္င့်ြ့ပတယ်။ မရယ်နဲ့ တကယ်။။။

Monday, May 25, 2009

UPT



Sunday, May 24, 2009

Yangon 12










သူငယ်ချင်းအိမ် သွားတော့ ဘုန်းကြီးပွဲ နဲ့တွေ့တယ်။ သူ ငယ်ချင်း ကတော့ ရိပ်သာဝင်နေရာကနေ မနေ့ တစ်နေ့ ကမှ ထွက်လာတယ်လို့ဆိုတယ်။ ပုဇွန်. ငါးကြော်။ တို့စ ရာ ငပိရည်. ထုံးစံအတိုင်းပါ။ ဗုဒ္ဒဂါယာ ကဘုန်းကြီး ကြွလာ တာနဲ့ဆုံလို့ ကန်တော့ခဲ့ပါသည်။



အမျိုးအိမ်သွားရင်းနဲ့အမျိုးတွေအိမ်ကလည်းသွားလိုက်ရတာဆိုတာ မနည်းဘူး. တစ်ခါတလည်မှ လာလို့ ထင်ပါရဲ့။ ဦးလေးအဒေါ်များကို ဂါရဝသွားပြူရတာ မနည်းပါဘူး။ နောက်တစ်ခါပြန်ရင် အိမ်မှာ အလူလုပ်မယ။် အဲဒါဆိုရင် အမျိုးများက ကြွကြရမှာဘဲ။ အဲဒါဆိုရင် တစ်ခါထည်းနဲ့ အများကြီး တွေ့လိုက်ရတော့အတော်လည်း အချိန်ကုန်တာ သက်သာမယ။် အင်း..ရေးသာရေးရ။..ဒီဘလော့ကလည်း အမျူိးကလည်း လာဖတ်တတ်တယ်ဆိုတော့ကာ ခက်သေးတယ။် ဆင်ဆင်ခြင်ခြင်ရေးမှဖြစ်မယ။်

အင်းယားလမ်းဒေါင့်က မီးပွိုင့်မှတ်တိုင်.









ငယ်ငယ်ကမကြာခဏရောက်ခဲ့တဲ့ခေမရ)်ဂ် ရှမ်းခေါက်ဆွဲဆိုင်။





















အင်းယားလမ်းက ရန်ကုန်လှေလှော်အသင်း
















အစ်မက ရန်ကုန်သူဆိုတောကကာ ရန်ကုန်ကိုကြိုက်ပါတယ်။ မန္တလေးသွားဘို့ စိတ်ကူးလိုက် သေးတယ။် တစ်ကယ်ကိုသွားမယ်လို့အစကတည်းက သေချာစိတ်ကူးပါတယ။် အတွေးနဲ့တင်ပျော်မိတယ။် ရန်ကုန်ဘူတာကြီးကနေ ရထားနဲ့ထွက်..အထက်တန်းစင်ကနေ ဇိမ်နဲ့လိုက်.လမ်းတစ်လျောက်မှာ မုန့်တွေဝယ်စား. ဈေးသည်လေးများရဲ့အသံ ရေရမယ် ရေ..ရေ..ရေ..ဆိုတဲ့အသံကလေးတွေ ကိုစိတ်ကူးနဲ့ နားထောင်ရင်းရူးခဲ့ပါ့။ တကယ်တန်းတော့ အကောင်အထည်မဖော်ခဲ့နိုင်ဘူး. ..အကြောင်း အမျိုးမျို.း..အကြောင်း အမျိုးမျိးူပေါ့။

Saturday, May 23, 2009

house

အိမ်များဝယ်ချင်မလားလို့။




















Thursday, May 21, 2009

Garden Yangon 11

အားနေလို့ သူများအိမ်လည် သွားကြည့်ပြန်တယ်။ သစ်ပင်တွေ ကိုကြိုက်တယ်။ ခရေပင်စိုက်ခဲ့ဘုး တာ လက်တောက်လောက် ကနေ...အကြီးကြီးဖြစ်လို့ အပွင့်တွေတောင်ဝေနေပြီ။

နှစ်လွာတစ်ရွက် စွယ်တော်


ယုဇနထင်တယ်။



















စပယ်



စက္ကုပန်း



















ဘောလုံပန်း





















ဒန့်ဒလွန်

























Tuesday, May 19, 2009

Yangon 10




အနော်ရထာလမ်းပေါ်က ၃၄ လမ်းဒေါင့် နားလောက်မှာ အမဲအူပြုတ် ဆိုင်ရှိတယ်။ ကောင်းတယ်လို့ တော့ ပြောတာဘဲ. ခင်မောင်သိန်းထွန်းဝင်း က သောက်ချင်တယ် ဆိုတာနဲ့ခဏ ထိုင်ဖြစ်တယ်။ ကိုယ် တော့ မစားတတ်တာနဲ့ မစားဖြစ်ဘူး။ အအေးတော့ သောက် ဖြစ်တယ်။ စတားကိုလာဆိုတာ ပက်စီ. ကိုကာ ကိုလာ နဲ့ဆင်ပါတယ။် လီမွန်ကရင်ဆိုဒါကတော့ စပါကလင် ပေါ့. ရှင်းတယ်နော်။


အအေးပုလင်းဘေးနားမှာ ကြွပ်ကြွပ်အိတ်တွေ တွေ့သလား. အဲဒီထဲမှာ မာလကာသီးနဲ့ သရက်သီး ပါသေးတယ။် အဟက်.


ငှက်ပျောသီး..စလူံးငှက်ပျောကတော့ပို မိုက်ပါတယ်။






ဝက်သားဒုတ်ထိုး.. စားချင်သော်ငြားလည်း ပန်းနေတုံးဘဲဆိုတော့...lomotil က တကဒ် ၂၀၀ကျပ်ပါ ..ဈေး သက်သာတယ်ဆိုရမယ် .ရန်ကုန်နေတုံ့း တကဒ်ကုန်ခဲ့တယ် ။ပန်းလိုက်.. သောက် လိုက်...... .ပန်းလိုက် ..သောက်လိုက် နဲ့ ဘဲ ပိတ်သွားပါတယ။်






ပြီးတော့ ယုဇန ပလာဇာရောက်သွားတယ။် အတော်စည်နေပြီဘဲ .ကိုယ်လာတုံးက ဆိုင်ခန်းတွေ ပေးနေတာ မယူဖြစ်တာ မှားသွားတယ။် အခုဆိုဆိုင်ခန်းငှားခတွေ က သိန်းချီနေလိုက်တာ..ယုဇန နဲ့လည်းခင်ရဲ့သားနဲ့။ မပြောမိဘူး. အခုမှ နောင်တ ရ..ရမလိုဖစ်သွားတယ။် အော် ……..ဦးငှေးမြင့် .ဦးငှေးမြင့်.....မတွေ့တာတောင် အတော်ကြာပြီ။

























အင်း….ကမ္ဘာအေးဘက်ကနေ စွယ်တော်စေတီဘက် ရောက် သွားပြန်ပြီ..........ရန်ကုန်တိမ်လည်းလှတာဘဲ။











ဘုရားပန်းတွေ..မေမြို့ပန်းထင်တယ်။ ဆိုင်းထမ်း လှပါပေ့ကွယ်..











ရေကျော်ဈေး.။ ပေါါ်ဆန်ူးမွေး တပြည် ၁၂၀၀ ကျပ် ဆီ.တပိသာပုံး ၃၂၀၀ ကျပ်။ ရွေဘုန်းပွင့်..လဲရောက်ခဲ့တယ်။ ပုဇွနတောင်ဈေး ကိုလည်း ဆိုက်ကား နဲ့သွားခဲ့တယ။် ရွေဘုန်းပွင့်ကနေ ပုဇွန်တောင်ဈေးကို ဆိုက်ကားခ အသွားအပြန် ၈၀၀ ကျပ် ကျသင့်ပါတယ်။





နီပ်ကျီတ်ရှစ်ဆူလှည့်နေတုံးဘဲ တို့ကိုကြီးကျော်သီချင်းနဲ့မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင်ပါ။






ညဘက် ကို ဒင်နာတစ်ခုကို ပြာဂလောင်က ဖိတ်လို့သွားမိတယ်။ တစ်ယောက်နဲ့မှ မသိပါဘူး။ မသိလဲကိစ္စမရှိ...မရှက်တတ်သူမို့လို့ အေးအေးဆေးဆေးပါဘဲ။ master of development study ကသူတွေရဲ့ ရံဖန်ရံခါတွေ့ဆုံပွဲပါ။ ရိုးသားပွင့်လင်းကြပါတယ။် ကိုယ်က လိုက်ပြီးလေ့လာလိုက်စားသူပါ။



















ပြည်လမ်း ပေါ်က Yangon international hotel ရှေ့မှာ ရှိတဲ့ဆိုင် ကလေး..အတော်ကလေးကိုလှပါတယ။် ဆိုင်ထဲမှာပြင်ဆင်ထားတာလဲလှတယ။် လူအုပ်ကများတော့ဘေးလူတွေ ကိုအားနာလို့ထင်ပါရဲ့ အပြင် ဘက်မှာ ဘဲထိုင်ဖြစ်တယ။် သိတ် မမှောင်သလိုနဲ့ ပုံထဲမှာတော့ ဘာမှမမြင်ရသလိုဘဲ။ အားနာမိပြန်ပါတယ။် စလုံးမှာဆိုရင်တော့ အလည်မှာ candle light ကလေး ရှိမယ်ထင်တယ်။ အဲဒါဆိုရင် ပိုပြီး romantic and nice ဖြစ်မယ်လို့ထင်မိတယ်။


အမေရိကန် စပါကတီခေါက်ဆွဲ နဲ့ စတော်ဘယ်ရီဒိန်ချဉ် ကိုဘဲထပ်သောက်ပါတယ။် မပြောင်းလဲ တတ်တဲ့ကိုယ့်ရဲ့ အချစ်တွေပါ။ တစ်ယောက်ကို ကြမ်းခင်းဈေး တစ်သောင်းလောက်ကျမယ်ထင်တယ။် အပိုက်တာဇာ appetizer တွေလည်းနဲနဲပါပါတယ။် ရေခဲရေလည်းပါပါတယ။် စားလို့ကောင်းတယ။် ပန်းကန် တစ်ချပ်လုံးကုန်ပါတယ။် အအေးလည်းကုန်တယ။်

ကိုယ့်ရဲ့အိမ်ပြန်လမ်းက မှောင်နေခဲ့ပြီ။။ဘာမှမမြင်ရဘူးလို့ပြောမလို့လား..မှောင်နေပါပြီဆိုမှ..ညည့်နက်ပြီလေ...