Monday, September 29, 2008

First thing in my life

ရှေးပဝေသဏီ က ဆိုတော. မမှတ်မိ နိုင်တော. ပါဘူး။ ရှေးဟောင်း နှောင်းဖြစ်တွေ ကြားဘုးတယ်ဘဲ မှတ်ပါတော.။ ပထမဆုံး ကျောင်းတက် တာကတော. ပူတာအို.ပါ. ကချင်ပြည်နယ် မှာ အဖေက ဝန်ထမ်းမို.လိဲု့ မိသားစုလိုက် နေကြပါတယ်။ ကျောင်းသွားရင် ဖယောင်းတိုင် ယူ သွားရ ပါတယ်။ အေးလွန်း လို. လက်ကလေးတွေ ထုံနေ ပါတယ်။

ကချင်ပြည်နယ် မိုးညှင်း နား က အင်းတော် ကြီး ကို ရောက်ဘူးပါတယ။် တောထဲ မှာ ဂျစ်ကားနဲ့အတော်ကြာ သွားရပြီး ကန် ကြီး ကို မြင်ရပါတယ်။ ရေလည် မှာ ဘုရားရှိ ပါတယ်။ ရေ ကျရင် လမ်းလျှောက် သွားလို.ရတဲ့ တံတားလေး ရှိပါတယ်။ ရေတက် ရင် တံတားကလေး မြှုပ် သွားပါတယ်။ ငါးအကြီးကြီး တွေ ရှိပါတယ။်

မုံန်ဘို.ရဘူးတာ ငါးမူးပါ။ ရှမ်းခေါက်ဆွဲကို ၃ကျပ်ခွဲ ခေတ်က စားဘုး ပါတယ်။ ကှူရှင် လခ က တဆယ်ပါ။ ဒါတောင် အကုန် မတက်နိုင်လို. သု့းခုဘဲ တက်နိုင်ပါတယ်။ ကျောင်းလခ က သုံးဆယ် ပါ။ အိမ်လခ က အစိုးရ ဆီ က ငှားတာ ၂ရ ကျပ်ပါ။ သီချင်းမဆိုတတ်ပါ. . ။တပုဒ် မှ အစအဆုံး မရပါ. တခါ ဆို ဆို မ.ှ… သီချင်း မဆိုဘူးပါ။

စာအုပ် ကတော. နှစ်တန်း လောက် က ထည်း က ဖတ် ပါတယ်။ ဖတ်စရာ မရှိရင် လမ်းဘေး ဆိုင်းဘုတ်ဖတ်ပါတယ်။ မှုံ့ဆိုင် ကထုတ် ပေးလိုက် တဲ့ သတင်းစာ ကို ဖတ်ပါတယ်။ ပထမဆုံး လက်ပါတ်နာရီ ကို ရတန်း ကျောင်းသူ ဘဝ မှာ အဖေ ဝယ် ပေးပါတယ်။ ကျပ် ရ၀၀ နဲ. လေးထောင့် ကြိုးအမဲ လေးပါ။

ကျိုက်ထီးရိုးကို လူကြီးတွေ မပါဘဲ လူငယ်တွေချည်းဘဲ စုသွားဘူးပါတယ်။ ရုပ်ရှင် ကို ရတန်းကတည်း ကကျောင်းပြေြး့ပီး ကြည်.တတ်ပါတယ်။ ပထမဆုံး မျက်နှာဖုံးရိုက် မလို့ စိုးသူ ကို ပြောပြီးသား ဦးမြတ်ခိုင် ကို ရက် ချိန်းပေးပြီး ကာမှ ဦးလေး နာရေးဖြစ်တာနဲ့ မင်း သမီး မဖြစ် လိုက်ရပါ။။ စိုးသူ နဲ. လဘက်ရည် ဆိုင် ထိုင်ဘူး ပြီး။ ရဲအောင် နဲ့ အတော် ခင် ပါတယ်။ ပြေငြိမ်း ကို ချစ် လို့ အိမ် ကို ပြော ခိုင်းတာ အဆူခံရတာနဲ့ ဇာတ်လမ်း မဆက် လိုက်ရပါ။။

နိင် ငံခြား စလုံး ကို တော. ပထမဆုံး အနေနဲ့ ရောက်ဘူးပါတယ်။ အလုပ် ကတော. အစိုးရ အလုပ် ကို ဂေဇတ်တတ် အရာရှိ ဟိုတုံး က ၄၅၀ စကေး ။ ကိုယ်တို့.ခေတ် မှာ ၁၆၀၀ ရပါတယ်။

တရားစခန်းကတော . ရည်းစား ကို စိတ် ဆိုးလို့ မဟာစည် ခဏ ဝင် ဘူးပါတယ်။ တရားမရခဲ့ပါ။ အခန်းတံ့ခါး ကို အပြင် မှ ပိတ် ခိုင်းကာ အိပ်ခဲ့ဘူးပါသည်။ ပထမဆုံးရည်းစား က kmsl ပါ။ အရက် မသောက်ဘူးပါ။ မြန်မာ မိန်းကလေး ပီသခဲ.ပါသည်။

ပစ်ဘူးတဲ. သေနတ် ကတော.ဖောင်ကြီး တက် တုံးက သေနတ်ပါ ။ ရှိ ပူရသေး။ ကုန် မှအေး ဆိုပြီး တဒိုင်း ဒိုင်း ပစ်ခဲ.ကြပါတယ်။ ဘလော.ကိုတော. ကိုစိုးထက် ဆီ သွားပြီး ကြော်ငြာ ထည်.ပါတယ။် အကယ်ဒီ ကတော. Wesheme ရဘူးပါတယ်။

(မီးငယ်။ သက်ဝေ။ ကို Andy ။ မွန် တို.ကို ခင်လွန်းရွေ. ရေးခြင်း ဖြစ် သည်.။ )

Saturday, September 27, 2008

Nature of women 3









ဗိုင်းကောင်းကျောက်ဖိ အစ်မ ပြန် အိမ်ပြန် ရောက်ပါ ပြီ။ kmsl ရှေ့ ဆိုရင် ခပ်ကုပ်ကုပ်နဲ့ လစ်ရင် လစ်သလို လမ်းသလား တာ ကတော့ သူလဲ သိရက်နဲ့ မသိချင် ယောင် ဆောင်ရတာ တော့ ကြာပါ ပေါ့။

ငယ်စဉ် ကာ လက ရန် ကုန် က နေ စလုံး ကို တ မိနစ် ကို မြန် မာ ငွေ တစ်ရာ နဲ့ ပြောလိဲု့ ရတဲ့ ခောတ် ရှိ ခဲ့ဘူးပါတယ်။ အဲဒီ ခေတ် ကတည်း က သိတဲ့ အတိုင်း ကိုယ် က အော်ပရေ တာ နဲ့ ခင် အောင် နေ ပြီး ရန် ကုန် ည ၈ နာရီ စလုံး ၉း၃၀ လောက် ကို ကြို ဘွတ်ကင် တင် ခိုင်း ထား ပြီး ပြော ပါတယ်။ အဲဒီ အချိန်မှာ ဘော်ဒါတွေ က အိမ်ရှေ့ မှာ ရောက် နေ ပါပြီ။ ဖုံး ပြော ပြီး တာ နဲ့ တာ ဝန် ကျေ ပြီး လမ်းပေါ် ပြန် ရောက် သွားပါပြီ။ သူ ကတော့ ထင်ရှာ မယ်။ ကိုယ် လဲ သူ့ လို ဘဲ မိုးချူပ် ရင် အိပ် မယ် ထင် တယ်။ ဘယ် ဟုတ်လေ့ မလဲ.။

သူ ပြန် လို. လေယာဉ်ကွင်း လိုက် ပို့ရင် ကိုယ့် မှာ မျက်နှာ သေ လေး နဲ. ။ မျက် ရည် လေး တစ်စက် နှစ် စက် က သု့ လေယာဉ် ကြီး ကောင်းကင် ပေါ် တက် သွား တာ ကို အခု ခေတ် ကလေး တွေ ခြေ မချ ဘူး လိုက် တဲ. လေယာဉ် ကွင်း တထပ် ဝရံ တာ ကနေ မော် ကြည့် ငါး မိနစ် လောက် လွမ်းပြီး သကာ လ စိတ် ပြေ လက် ပျောက် ဆိုပြီး ဘော် ဒါ တွေ ဆီ ရောက် သွားပါပြီ။။

အခု လည်း ငယ် ကျင့် ကတော. မပျောက် သေးပါဘူး။ သူ့ရှေ့ မှာ မခုတ်တတ် တဲ့ ကြောင် ကလေး လို. အရိုးခံမျက် နှာ လေး နဲ. ကွန် ပြူ တာ ကို တချက်တချက်လောက် ဘဲ ဝင် ကလိ ပြီး သူ လဲ အိပ်ပြီ ဆိုရင် ရွှီကနဲ ကွန်ပြူ တာ ရှေ့ ရောက် သွား ပြီူး သကာလ တအိမ်ဝင် တအိမ်ထွက်. လေပေါ ၊ လိုအပ် သည် များ ကို ညွန် ကြား။ အမြင် မတော် တာ တွေဝင် ရှူတ်။ ရန်ဖြစ် နေ ကြရင် ဖြန်ဖြေ. ။ သူ တရေး မနိုးခင် အပြီး သတ်ပြီးအိပ်။

မနက် သူ က ဟေ.ကောင.် ည က မင်း ဘယ် အချိန် အိပ် သလဲ ဆိုရင် ည ၁၂ ကျော်လောက် ပေါ့ မောင် ရယ် ခင် လည်း ညညှ်ု့နက် အောင် မနေ ပါဘူး ဆို ပြီး။ ရူး ချင် ယောင် ဆောင် ။ မပွင်.သေးတဲ.မျက်စိ ကို အတင်း ဖွင့်။။လန်းလန်းဆန်း ဆန်း ပုံစံ နဲ့ နေ။ သူ လဲ ကိုယ်.အရင် ဆင်း သွားရော ဆယ်မိနစ် လောက် ပြန်အိပ်လိုက် သေးတယ်။ အဲဒါကြောင့် ကိုယ့် ကို ကိုယ် ဗိုင်း ကောင်း ကျောက်ဖိလေး နေ ပါတယ် လို့ ပြော တာပါ။

Wednesday, September 24, 2008

Question and answer

မတော်တဆ ရှာဖွေ တွေ.ရှိချက်ပါ။

လူအမျိုးမျှိုး စိတ် အထွေထွေ ဆို သလို ပေါ့။ တစ်ချို့ က တစ်ရှုးလေး ကို ယူပြီး သေသေ သပ်သပ် လေး ခေါက်ပြီး မှ အသုံးပြူတယ်။ တချို့ က ဒီလိုဘဲ လုံလုံ လောက် လောက် ဆွဲယုလိုက်ပြီး လက်ထဲ ခြေ သလိုမ ဟုတ်ပေမဲု့ ဖြစ်သလိုဘဲ မခေါက်ဘဲ အသုံးပြူ လိုက်တယ်။ ဘာဖြစ် လိဲု့လဲ လို. မမေးပါနဲ.။ တို.လဲ မသိပါ.။

စမ်းကြည်.ပါ လေ။ သိရတာပေါ့။ စိတ်မပူပါ နဲ့.။ ခင်လို့ပါ။ ကွန်ပြူတာ လဲ မ ကျွမ်း ကျင်ပါ ဘူး.။ IP တွေ.ဘာတွေ လဲ မ ချက် တတ် ပါဘူး။ စာရေးဘို့ တောင် မနည်း ရုံးကန် ထားရတာပါ.။ ရေပိုက်တွေ . ဘုံဘိုင်တွေ လဲ နားမလည်ပါ ဘူး။ စဉ်းစား ပြီး မှန်မှန် ဖြေပါ်.။ ကိုယ်.ကိုကိုယ် မညာပါနဲ့. ။ shy မဖြစ်ပါနဲ.။ ဘယ်သူ သိတာမှတ်လို့။ Psychiatric test လိဲု့ သဘောထားလိုက်ရင် နေသာထိုင်သာ ရှိသွား မှာပါ။
(poll web site ကို ဟန်သစ်ငြိမ်ဆီ ကနေ သွားမလာပါတယ်။ )
(ရေပိုက်တွေ . ဘုံဘိုင်တွေ လဲ နားမလည်ပါ ဘူး။ )ဆိုတာ က TZA ဆီ ကမှီးတာပါ.။)

Monday, September 22, 2008

Slow motion generation

ကိုယ် တို့ မျိုးရိုး က လှူပ်ရှားမှူ သိပ် နှေး ပါတယ်။ ကိုယ့် အစ်မဝမ်းကွဲ တစ်ယောက် ဆိုရင် ရေချိုး ခန်းထဲ ဝင် သွားပြီး ရေ ကို ခေါင်း က စလောင်းရ မလား။။ ခြေထောက်က စလောင်းရ မလား ဆိုတာ ကို အချိန် အတော်ကြာ စဉ်းစားပါသတဲ့။ အစ်ကို ဝမ်းကွဲ တစ်ယောက် ဆိုရင်လဲ လက် ဖက်ရည် ဆိုင် သွား ကြ စို့ဆို ရင် နာရီဝက် လောက် သူ့ ကို ထပ်စောင့် ရပါတယ် လို. ဆိုပါတယ်။ ခေါင်းဖြီး လိုက် မှန်ကြည်.လိုက်နဲ့ တော်တော် နဲ့ အောက် ကို ရောက် မလာ ပါဘူး။

တို့လဲ အပြင် ထွက် မယ် ဆိုရင် ကော်ဖီလေး ကမန်းကတန်း ဖျော် သောက် လိုက် ။ အနွေးထည် ရှာလိုက် ။ ဖိနပ် ဘာဝတ်ရမလဲ စဉ်းစားလိုက။် ပိုက်ဆံအိတ်ကို ဟိုအိတ် ကနေ ဒီ အိတ် ပြောင်း လိုက် နဲ့ စိတ် မ ရှည် အောင် စောင့်ရ ပါတယ်။ kmsl ဆိုရင် ငါးမိနစ် အတွင်း အဆင် သင့်ဖြစ် သွားပြါ့ပီ.။ သှု ကို အားနာ လို့ မြန် မြန် လုပ် မယ် ဆိုရင် လဲ ပြာယာ ခတ်ပြီး ဟိုဟာ မေ့ ။ ဒီဟာ မေ့နဲ့ အဆင် မပြေ မှူ တွေ ဖြစ် ပါတယ်။ အထက် အရာ ရှိ တစ်ယောက် က ဆိုရင် သည်း မခံ နိုင် လိဲု့ ခင်.....you are very slow လို. ပြော ရပါတယ်။ဒါပေမဲ့လဲ ဒါ ကို compensate ဖြစ်ဘို့ အတွက် ဝီရီယ ကတော့ အတော် ကောင်းပါတယ်။ အဲဒီတော. ခင် ..she is very persistent လို့လဲ ပြောကြပါတယ်။

မနက် ရုံး သွား ဘို့ ကို ည ကတည်း က ပြင်ဆင် ထား မှ။ ကော်ဖီလေး တောင် ကြို ဖျော်ထားလိုက် ပါသေးတယ်။ ပြော ထားတယ် မဟုတ်လား။ နှေး ပေမဲ့ ဝီရီယ တော့ ကောင်းပါတယ် လို့။ မဟုတ် လို့ က တော့ အကျီင်္င်္ ရွေးတာ နဲ့တင် အတော်ကြာ ပြီး နောက် ကျတတ်ပါ တယ်။ အိမ်သော့ခတ် ပြီးရင် လဲ သုံးခါ လောက် ဆွဲ ကြည်.သေးတယ်။ ဒါပေမဲ့ လဲ ကိစ္စမရှိ ပါဘူးလေ။ နှေးတော. လဲ တစ်မျှိုး ကောင်းတာပေါ။ တို. အဖွား ဆိုရင် နှေးနှေး ဘဲ နေ သွားပြီး.အသက် ၁၀၀ ထိ နေ သွား ပါ တယ်။

Saturday, September 20, 2008

One minute interview

Kom:: ကြွပါ ရှင်။ ကြွပါ.။ ဘလောက် တိုင်း ဂျာနယ် က ကို Boyz ထင်ပါရဲ။ အစ်မ က နာမည် ကြီး မို. ဗျူး ချင် လို.ပါ လား။ ရပါတယ်။ ကြမ်းပြင် ပေါ် မှာ ဘဲ ဖျာ ခင်း ပြီး ထိုင် လိုက် ကြ တာပေါ.။ စလုံး အိမ် ငှား ခ တွေ ဈေး ကြီး လွန်း လို့ ဝိတ် လျှော့ပြီး no furniture အိမ် ကို ငှား ထား မိ လို.ပါ.။

ဘာဖြစ်လို. Khinwomay 77 ဖြစ်ရတယ် ဆို တာ 1977 မှာ မွေးတယ် လို့ မထင်ပါနဲ.။ အဲဒီ အချိန် မှာ ရည်းစားတောင် ရ နေပါ ပြီ ။ ငှဲငှဲ။ blog ကို နာမည်ပေး ရင်းနဲ. Khinoomay ကို လက် မခံလို. ဟိုစမ်း ဒီစမ်းရင်း နဲ. အဲဒီလို ဖြစ် သွား တာပါ။

အစ်မ on line မှာ ပျောက် သွား တာလား။ ဒါ က ဒီလိုရှိပါတယ်။ အလုပ် နဲနဲ ရှုပ်သွားတယ် လေ။ ပိရိတ်သတ် ကို ပိုစိတ်ဝင်စားအောင် နဲနဲ လှူပ် ပေးတဲ့ သဘောလဲ ပါတယ်။ ကိုကို့ Flu ကလဲ ရှင်းရှင်း မ ပျောက် သေးဘုး။ အစ်မ ကွန်ပြူတာ ရှေ့ မှာ ထိုင် နေပြီ ဆို ရင် သူ့ ချောင်း က ပို ဆိုး သလိုဘဲ။ အစ်မ လဲ အဲဒါနဲ. Baby sitter လုပ်ရင်း အိပ်ပျော် သွား လို့ပါ.။

ရုံးချိန် အတွင်းလား။ မဖြစ်ပါဘူး။ ကွန်ပြူတာ မှာ လေးထောင့် တုံး တွေ ဘဲ မြင် နေရတယ်။ TZA နဲ. Mabaydar ဆီသွားပြီး သူတို့ စီဘောက်ထဲ ထဲ. ကြည့် တော.လဲ မ မြင် ရဘူး။ ပြီး တော. ဘဲ အုပ် က တစ်ရာ နှစ်ရာ ဗေဒါ က တပင်ထည်း ဆို သလို ရှိတဲ. ကွန် ကလည်း လှည့် သုံး နေ ရတာလဲ ပါ ပါတယ်။

ပျင်းနေတာလဲ ပါပါတယ်။ ပျင်း ရင် ခွင်.ယူပြီး ဘလော. နေ ပါလား ဆိုရင် လည်း မဖြစ် သေးဘူးလေ။. Boss ခွင်.ယူ ထားတယ်။ boss ခွင်.ယူ ထားရင် ကိုယ် မယူ သင့် ဘူး မဟုတ် လား။ Boyz တို. ရှမ်းရိုး ရာ နှစ် သစ်ကူးပွဲ တော် ဖိတ် တာ ကျေးဇူးလဲတင်။ လာချင် ပါတယ်။ ဒါပေ မဲ.လဲ အစ် မ က နေ အမ်းမားဖြစ် သွား မှာ စိုးလို. မလာ တော့ဘူး လို့ ဆုံးဖြတ် ထားပါတယ်။

ဘာပြောချင် တာများ ရှိ ပါသေး လဲ ဆိုတော့ နောက် လာနောက် သားတွေ ကို ဘလော. စ မလုပ် ဘို့ပြောချင် ပါတယ်။ အချိန်ကုန်။ အိမ်မှု ကိစ လစ်ဟင်း။ စာမဖတ်ဖြစ်. သတင်းစာ မဖတ်ဖြစ် တီဗွီ မကြည်.ဖြစ် …သွားလို့ပါ။

ဟုတ်ကဲ.။ ရေး နေပါတယ်။ လက်စသပ် နေပါပြီ။ ဘယ် တော.ပို.စ် တင် မလဲ ဟုတ်လား။ သန်းကောင် ကျော်မှပါ။ ခက်တော.တာဘဲ။ မေးပြန်ပြီ။ ဘာဖြစ်လို. သန်းကောင် ကျော် မှ တင်ရတာလဲ ဆိုတော. ဒီနေ့ အတွက် နောက် ကျ နေတဲ့ အတူတူ အချိန် တစ်ရက် ခိုး လိုက်တာပါ။ အဲဒါ ဆိုရင် တစ်ရက် ပို နှပ် လို. ရတယ်လို.။ သြော် ….အဲ ဒီ လို ဥာဏ်ရည် မြင့်လို့လဲ အခု လို စိတ်အေးလက် အေး သူ များ ရှာ တာ ကို ထိုင် သုံး နေ နိုင် တာပေဲါ့။ အင်.. ..ပြန် တော.မလို့လား။ အအေး လေး မှ မတိုက်လိုက်ရ...... ဟုတ်..ဟုတ်…..ဂျာနယ် ထွက်ရင် အိမ် ကို ပို့ပေး ပါ ဦး…………………..ဖြည်းဖြည်းပြန်ပါ....

Wednesday, September 17, 2008

mail from wwk


Sunday, September 14, 2008

Jalan Jalan

ဟိုနားဒီနား လမ်းသလား






အစ်မရယ် . စလုံး မှာ ဒီ လောက် တောင် သွားစရာ ရှားလို့ ကဒီး ကဒီး city hall ဘဲ သွား နေ တာလား လို့ မေး ကြ ရင် လဲ ဖြေ ရ မှာ ပါဘဲ။ အကြောင်း အမျိုး မျိုး ကြောင့် နိုင်ငံခြား ရောက် နေ ကြ ဘဲ မဲ့လည်း ကိုယ့် တိုင်းပြည် ကို သတိရ တဲ့စိတ် က တော့ ဘယ် တော့ မှ မပြောင်းလဲ ကြ ပါဘူး။ တစ်ပါတ် လုံး အလုပ် လုပ် ပြီး သကာလ မြန် မာ ရပ် ကွက် ကလေး ထဲ ဝင် လိုက် ရင် တော့. အမျိုးတွေ နဲ့ တွေ့ ရ သလိုဘဲ ခံစား ရလို့လဲ ခဏ ခဏ သွားဖြစ် နေ တာပါ.။

ကလေး မရှိ တာလဲ ပါတာပေါ့လေ။ မဟုတ်ရင် အိမ် မှာ ဘိုးဘွားရိပ်သာ လို ဘဲ ဘာသံ မှ မကြားရ။ တီဗွီ လေး မှ မဖွင့် တော့ အမြဲ တိတ်ဆိတ် လို့ နေပါတယ်။ kmsl တစ်ယောက် ထဲ လေပေါ။ တို့ က ခေါင်းညိမ့် ခေါင်းခါ ဘဲ လုပ် လို့ဘေး က အိမ်တွေ ကဆို သူ တစ်ယောက်ထဲ များ စကား ပြောနေ သလား အောက်မေ့ မိမယ်။ သူ့ရဲ့ topic တွေ ကမြင့် လို့ပါ.။ ကိုယ် နဲ့ ကီး မကိုက်ဘူး။ ကျေနပ် အောင် တော့ ဖော်လို လုပ် ပေးရတာပေါ.။

ဒီတစ်ပါတ် ထွက် သွားတော. RAFFLES CITY မှာ ကိုယ့် အတွက် စိတ်ဝင်စား စရာတွေ့တယ်။ ပန်းချီကားလား ဘာ မှန်း မသိတဲ. အကြီးကြီး ကို (သိချင်ရင်တော့ July Dream http://july-dream.blogspot.com/ တို. TZA http://degolar.blogspot.com/ တို့ ကို သာ သွားမေးပေတော့. ။ သူ တို့ က မရေးခင် သေချာစုံစမ်း လိုအပ် ရင် တိုင်ဝမ် တို. ဟောင် ကောင် တို့ ကို တောင် ဖုံးဆက် မေးမြန်းပြီး/ သေချာ အချက် အလက်စုံစမ်း သေချာ မှ ဘလော့ လုပ် တဲ့သူ တွေ မို့လို့ပါ.။ တှို့တွေ က တော အမြဲ ဗြဲလရမ်း လျှပ်တီး လျှပ်ပြာ ကိုးရီးယား ကားထဲက မင်းသမီးလေး တွေ လိုပါဘဲ. (kmsl ကတော့ လက် မခံပါဘူး။ မင်းသမီး အမေ ပါကွာ. လို့ ကန့် ကွက်လေ့ ရှိပါတယ်။ )

ကဲ ကဲ…အဲဒီ အရှေ့ရောက်တော့ လူတွေ ရုံးစု ။ရုံးစု။ အဲဒီတော့ ဘလောက်ကာ ကြီး လဲ ဝင်ပြီး စပ်စုလိုက်ပါတယ်။ TZA (သိန်းဇော်အေး) လိုဘဲ ပေါ့. ။ Raffles city အပေါ် ကို မော့ကြည့်လိုက် ကြ။ .အရှေ့ က မှန် ကာထားတဲ့ အကာ သေးသေးလေးထဲ ဝင်ကြညှ်ုလိုက် ကြ။ တို့ လည်း သူ တို့ လို လိုက် လုပ် တော့ ဒီ လိုဖြစ်သွားပါတယ်။ အပြင် ကကြည့်ရင် တစ်မျှိုး။ အနီရောင် မှန်ကာထားထည်းက ကြည့်ရင် တစ်မျှူိုး။ အပြာ ရောင် မှန် ကာထားထဲ က ကြည့်ရင် တစ်မျိုး ဖြစ်သွားပါတယ်။ မထူးဆန်းပေမဲ့ လည်း အထူး အဆန်း လေး တစ်ခုပေါ့လေ။

မြန်မာဆိုင် သွားတော့ အရင် ဆုံး ဈေးကွက် ဂျာနယ် ပြေးဝယ် ရပါတယ်။ ကိုကို့ အတွက် .။ အဲဒါ ပါလာရင် အမှူကြီး တာ တွေ ပေါ့သွားတတ်လို့ပါ.။ ကျန် တာကတော့တဆိုင်ဝင် တဆိုင်ထွက်။ စာအုပ်တော့ မအပ် သေးဘူး။ နောက် မှဘဲ။ မဇနိ က လေ ထဲ က နေ တို.ဟုး သုပ်ကျွေးလိုက် ။ စိုင်းထွန်း က ရှမ်းခေါက်ဆွဲ လုပ် ကျွှေး နေကြ တာ မတင်းတိမ် လို့ အသုပ်စုံ ကို စလုံး သုံ့း ကျပ် ခွဲ နဲ့ဝယ် စားခဲ့ ရတယ်။

မြေအောက် ထပ်တစ်ခု လုံး ကို လဲ တို့ မြန် မာ ဆိုင် များ သိမ်းပိုက် လိုက် ကြ ပါပြီ။ တစ်ယောက် ထဲ နဲနဲ ကြောင် သလို ရှိတာနဲ့ နကို ခင် မင် လက်စ ရှိ တဲ့ အပေါ် ဆိုင် မှာဘဲ စားခဲ့ ဝယ်ခဲ့ တော့တယ်။ မြ နဒါ ကို လည်း အားပေးခဲ့ ပါသေးတယ်။ သပြေ ပန်း သေးသေး လေး တွေ ကလည်း တစ်ခက် စလုံး ၂ ကျပ် ပါ။ ချဉ်ပေါင် ကလည်း တစ်စည်း တစ် ကျပ် ဖြစ် သွားပါပြီ။ ကျန် တာ တွေ ကတော့ ထုံးစံ အတိုင်းပေါ့.။

ငွေ ဈေး သိချင် ရင် တော့ ကိုစိုင်း ထွန်း ကို သာ သွားမေး။ သူ ကစေတနာ နဲူ့ တင်ပြ နေတာပါ။ ငွေ လွှဲ လုပ် နေတာ မဟုတ်ပါဘူး။ မေမိုးနဲ့ တောင် ကပ် လွဲ သွားသေးတယ်။ သူ က အဝင် ကိုယ် က အထွက်။ republic ဆီ ဖုံးဆက် ကြည်.တော့ရေ ကူးကန် ရောက်နေတယ် ဆိုလှို့။ အေးအေး။ ဆက် ကြည့်. အဲလေ ဆက်ကူး လို့ ပြောလိုက် ရတယ်။ အိမ်ရောက်တော့ ခဏ လေး ဘဲ ဘလော့ ကိုဖွင့်။ စိတ်မဝင်စား သယောင်ဟန်ဆောင်ပြီး နေ လိုက်တယ်။ ကြာကြာ ဝါးမဲ့သွား အရိုးကြည့်ရှောင်ရမယ် မဟုတ်လား။

Saturday, September 13, 2008

Kiasu

စလုံး က အန်မတန် ဈေးကြီး မြို့တွေ ထဲ မှာ တစ်ခု အပါအဝင် ဆိုတော့ စလုံး မှာ နေ နေ တာ ကို ဂုဏ်ယူ မိပါတယ်။ ဒါပေမဲ့လဲ မကုန်သင့်တာ မကုန် ရအောင် ကြည့် ကျက်ပြီး နေ ရပါတယ်။ Kiasu လို.ခေါ်နိုင်ပါတယ်။

တို.တစ်ယောက်ထဲ မှာ တယ်လီဖုံး လေးလုံး ရှိပါတယ်။ အိမ်ဖုံး ပါ ပေါင်း ရင် ငါးလုံးပေါ. ။ သိရ သလောက်လဲ စလုံး က သူ အများစု ဖုံး နှစ်လုံးလောက် ကတော့ အသာလေးရှိ ကြတယ် ဆိုတာလေ့လာတွေ့ရှိပါတယ်။

မလေးရှားဖုံး
မလေးရှား မှာ မလေးရှား ဖုံး နဲ.ပြော။ မလေးဖုံး ကို တော. အသေးစိတ် မရှင်းတော့ပါဘူး။ စလုံး ကနေ မလေးရှား ကို ခေါ် ရင် အဝင် ကို free လက် ခံပါတယ်။ စလုံး ကို ပြန် ခေါ်ရင် လည်း မဆိုးပါဘူး။ မလေးရှား ပြားသုံးဆယ် ဆို တော. စလုံး ၁၂ ပြား လောက် အကြမ်းဖျင်း ကျ တော.ခေါ် နိုင်ပါတယ်။

စလုံး အိမ်ဖုံး
စလုံး အိမ်ဖုံး ကတော. အန်မတန် သုံးခဲ ပါတယ်။ နံပါတ်တောင် မမှတ်မိဆိုရင် ယုံ မဲ. သူ အချို့ တော. ရှိ နိုင်ပါတယ်။ လေရှည်ရှည် ပြော ချင်ရင် တော. အန်မတန် ကိုက်ပါတယ်။ ဒါပေမဲ. ကိုယ်. ကို လက် ခံြေ့ပာ မဲ. သူ မရှိ လို. အသုံး နည်ဲး နေ ရပါတယ်။

Singtel post paid phone
Incoming free ဆိုတော. အဆင်ပြေပါတယ်။ အဆင် မပြေတာ ကတော. တစ်မိနစ် ကို အနည်း ဆုံးယူ တာပါဘဲ.။ ကိုယ် ပြောတာက ၁၀ စကန်.လောက် ဘဲ ကြာပေမဲ.လည်. ဖြတ်သွားတာ ကတော. တစ်မိနစ်ပါဘဲ.။ အန်မတန် မှလည်း သစွာရှိပါတယ်။ မလေး နယ်စပ် ရောက် သွားတာနဲ့စလုံးလိုင်းက ပျောက်သွားပြီး မလေးလိုင်း က တန်းဝင်လာပြီး roaming ဖြစ်သွားပါတယ်။

အဲဒီ အချိန် မှာ များဖုံး လာ လိုက် ကတော့ ခင်ဖုံးကြည် က လည်း လာ သမျှ ဖုံး ကို အလွတ် မပေးဘဲ ကိုင် တတ်တော. တစ်မိနစ် ကို စလုံး -- ကျပ် လောက် ကျပြီး အတော် အီပါတယ်။ ဘီလ် လာရင် ဘုရားတပြီး မှ ဖွင့် ရပါတယ်။ ၂ နှစ် စာချူပ် နဲ.ဆိုတော. ဘယ် အချိန် လိုင်း ဖြတ်ဖြတ် ဒဏ် ကြေး စလုံး ၂၅၀ ဆိုတော. ၂ နှစ် ပြည်. အောင် ကိုင် ဘို. ဆုံးဖြတ် ထားပါတယ်။ အားသာ ချက် ကတော. နိုင်ငံခြား သွားရင် အိမ်နဲ. အဆက် မပြတ် နိုင် ဘူးဆို တဲ. ယုံကြည် ချက် ပေးနိုင်ပါတယ်။

M one prepaid phone
ဘာဖြစ်လို.ဝယ် ထား မိပါလိမ့်။ သြော် သတိရပြီ။ သူ.ဆီကရောင်းတဲ့ Vodafone ကို လိုချင်လို့။ အဲဒီဖုံး ကလေး ချစ်စရာလေး သေးသေးပါးပါး ပေါ့ပေါ့ လေး။ ဘာ လုပ်ဆောင်ချက် မှဘဲ ထူးထူး ထွေထွေ မပါ။ ပြောလို. ရတယ်. Message ပို့ လို့ ရတယ်။ ဒီ လောက် ပါဘဲ။ ကိုယ်တွေ မှာလဲ ဒါ ကလွဲ လို.ထူးထူး တွေ ထွေ မှ မရှိ။ ဖုံး နဲ. Prepaid 15 ကျပ် ကို အကြမ်းဖျင်း စလုံး ၈၀ ဆို တော့။ ဝယ်ထားလိုက် တဲ. သဘောပါဘဲ။ သိတ် တော့လဲ မသုံးဖြစ်. စနေ တင်္န့င်္ဂ နွေနဲ. ကြားရက် off peak တွေ မှာ ၅ ပြားလို. ဆိုပါတယ်။ သူ့ ကိုလဲ သူ့ နေရာနဲ့ သူ သုံ့းရတာပေါ့ လေ။

သူ က မလေး အထဲ နဲနဲ ဝင် သွားတဲ. အထိ တစ်ခါ တစ်လေ မှာ စလုံး လိုင်း မိတတ် တော. ဟိုလို ဒီ လို နဲ. ရှိ နေ မိတာဘဲ။ တစ်ခါ က ဝယ်ထားပြီး မသုံး မိလိုံ့ ခြောက် လ သက် တန်း ပြည်. လို့ သက်တန်းကုန် သွားလို. ပိုက် ဆံ ဆုံးသွား သေးတယ်။ ခြောက် လ တစ်ခါ အနည်းဆုံ top up လုပ် ပေးရပါတ.ယ်။ အဲဒါ နဲ. နောက် တစ်ကဒ်+ နောက် Vodafone ဝယ် လိုက် ပါသေးတယ်။ ဒီ တစ်ခါ တော့ အနည်းယ် ဈေးကျ သွားပါတယ်။

Strahub prepaid phone
သူ့ ကိုဝယ် မိပါတာကတော့ per second bill ဆိုလို. စိတ်ဝင် စားလို. အကြမ်းဖျင်း သုံ့းးကြည့် လေ့လာ ကြည့် မယ် ဆိုပြီး ဝယ်ထားတာပါ။ သူ လေး က မဆိုးဘူး။ ဒါပေမဲ မလေးရှား ဘက် မှာ လိုင်း မမိတာ များတယ်။ ကိုယ် သုံး တဲ. တယ် လီဖုန်းကြောင့် များ လား ။ ဖုံး ကဒ် ကများ လား လို့။ ကဒ်ပြား ကို ဟို ဘက် ဖုံ့းပြောင်း ထည့်ကြည့် ။ ဒီ ဖုံး ပြောင်းထည်. ကြည်. နှဲု့ စမ်း သပ် နေ တုံးဘဲ. ။

ပြည် တွင်းဘဲ သုံး မယ် ဆို ရင် ထောက် ခံ ချင် တဲ အထဲ မှာ ပါပါတယ်။ ဟိုတုံး က ပေါ်ကာ စ ကာ တော. လိုင်းသိပ် မကောင်းဘူး။ မြေ အောက် တို. ဓါတ် လှေ ခါး ထဲ တို့ထဲ ရောက် ရင် လိုင်း ပျောက် သွားတတ် လို. မ ဝယ်ခဲ့ မိတာ ။ အခု တော. နဲနဲစီတိဝင် စားနေ တယ်။ ဒါပေမဲ. မလေးရှား ဘက် ရောက်တာနဲ. လိုင်းပျောက် သွားတတ် တော. ခက်နေ သေးတယ်။

Friday, September 12, 2008

new immigration at Johor

မလေး (လဝက) အသစ်က မကြာခငိ ဖွင့် ဘို. အတွက်လုံးပမ်း နေပါတယ်။ အရင်လဝက နားတဝိုက် .မလေး johor ဘူတာရုံ နားလေး မှာပါဘဲ။ အဆောက် အဦး က တော်တော်လေးကြီးပါတယ်။ စလုံုးံက နေ ဝင် လာရင် ကွေ.ကာ ဝိုက် ကာနဲ.် ကားကို မောင်းတက် သွားရပါလိမ်.မယ်။



ဒီ အောက် က ဓါတ်ပုံ ကလက်ရှိ (လဝက) မလေးရှား ကထွက် ဘို.ကားများ တန်းစီ နေကြတာပါ. အမြဲ လိုလို ဘဲ စည် ကားနေလေ့ ရှိပါတယ်။ ကလေး များ ကျောင်းပိတ်ချိန် ဆိုရင်တော. ကားရော လူ ရော ပို များပါတယ်။ ကားကြပ်တဲ့ အချိန် ဆိုရင် တော.ကားပေါ် မှာ အိပ်ပြီး စောင့်ပေတော့. စိတ် မရှည်လို့ ဆင်းလဲ လမ်းလျှောက် ရော။ ကိုယ်စီးခဲ့တဲ့ ဘတ်စ်ကားကြီး က ဝေါ ကနဲ ထွက်သွားရော. ။

Tuesday, September 9, 2008

Round the world



စင်္ကာပူ မှာ ရထားလက် မှတ် ကို သူများဝယ် နေ တာ ရိုက်ထား တာ ပါ.။ EZ link card လို့ ခေါ် ပါ တယ်။ အဲဒီ ကဒ် နဲ. ဘတ်စကား စီး လို့ ရ သလို ရ ထား လဲ စီးလို့ ရပါတယ်။ တစ်ခါ သုံး လက် မှတ် လဲ ဝယ် လို့ ရ ပါတယ်။

တစ်ခါ သုံးရဲ့  အားနည်း ချက် က ခရီးစဉ် များရင် discount မရပါဘူး။ ကဒ် ပြား ကတော. ဆက် တိုက် များများစီးရင် discount ရပါတယ်။ စက် ကလေး က သိတ် တော်ပါတယ်။ လက်ရှိ balance ကိုစစ် လို့ရ သလို top up လုပ် လို့ လဲ ရပါ တယ်။ ကျန်တဲ. လုပ် ဆောင် ချက် ကလေး တွေ လည်း ရှိ သေး ပေ မဲ. သိတ် ပြော စရော မရှိ လို. ကျော်လိုက် ပါမယ်။

ကွန်ပြူ တာ screen လို မှျှူိုး တွေ့တယ် ဟုတ်။ အဲ ဒီ အပေါ် မှာ လက် ညိုး ကလေး ထောက် ပြီး (လက်သန်း ထောက် ချင်ရင် လည်းရပါတယ်။ ) ကိုယ် ရောက် နေတဲ. အရပ်ဒေ သ ကနေ ကိုယ် သွားချင် တဲ. အရပ် ဒေ သ ကို လက် ထောက် လိုက် ရင် ဘယ် လောက် ကျ သင့်လဲ ဆိုတာ screen မှာ ပြပါတယ်။ ကျ သလောက် ကို စက် ထဲ ထည့် လိုက် ရင် စက် က အကြွေ လဲ ပြန် အမ်း တတ် ပါတယ်။

Top up လုပ်တဲ့ အခါ cash နဲ့ ပေး လို့ ရ သလို ဘဏ် ကဒ် နဲ.လည်. ပေး လို့ ရပါတယ်။ စလုံးး ကတော့ အတော် အဆင့်မြင့်ပါ တယ်။

စလုံး က ပဲရစ် လို ကိုးရီးယား လို တော. ရထားလမ်း မရှုပ် ပါဘူး။ ပဲရစ် နှဲု့ ကိုး ရီး ယား သွား တုံး ကတော့ ရထား လမ်း တွေ ဆို တာ ကြွက် တွင်း တွေ လိုဘဲ ရှုပ် ရှက် ခတ် နေ တာ မနည်း နားလည် အောင် ကြည့်ရပါ တယ်။ စလုံး မှာ ရထား စီး ဘူး လို. တော် သေး တာပေါ့.။

အီ တလီ သွား တုံး ကတော့ ရော မမြို့ ကြီး မှာ ရထား စီး ခဲ.ပါသေး တယ်။ စလုံး ကတော့ အသစ် ဆုံး ဘဲ။ ရော မမြို့ က လက် မှတ် ဝယ် တဲ. စက် ဆိုရင် အတော် ကို antique ဖြစ် နေပြီ။ ဘန်ကောက် ကတော.ခဏဘဲ စီးဘူးတယ်။ မှတ်မိတာ ကတော. ရထားလိုင်းဘေး မှာ dry ခြောက်သွေ့တယ်။ စလူံး ကတော့ နေရာ တစ်ကာ သစ်ပင်နဲ့ ဖုံးလွှမ်းထားပြီး သစ်တောထဲမှာ ဆိုတဲ. ခံစားချက် မျိုးရတယ်။

မလေး ရှား KL က ရထား က လဲ စလုံး နဲ. ယှဉ် ရင် နောက် ကျ သေး တာဘဲ။ စလုံးက ကဒ် ပြား လေး ကို အဝင် မှာ tap လုပ် ရပါတယ်။ ရုပ်ရှင် တွေ မှာ စုံ ထောက် က သူ့ရဲ့ ID လေး ကို ဖတ် ကနဲ ပြ လိုက် သလို ပေါ့. ။

KL ရထား လက် မှတ် ကတော့ ဟို တုံး က စလုံး လို မျှိုး အဝင် မှာ စက် ထဲ ထည့် လိုက်ြ့ပီး ပြန် ကောက် ခဲ့ ရပါတယ်။ . KL ရဲ့  အား နည်း ချက် က ဒီ ဘူ တာ မှာဘဲ ရထား ပြောင်း ချင် ရင် အောက် ကို ဆင်း / ဟို ဘက် ခြမ်း ကို သွား။ ပြန်တက် ပြီး မှ ရထား ပြောင်း စီး ရတာဘဲ။

စလုံး ရဲ့  အား သာ ချက် ကတော့ ဟိုဘက် ဒီ ဘက် ကို ဆငိးလိုက် တက် လိုက် လုပ် စရာ မလိုဘူး။ ဒီ ဘက် ကနေ ဟို ဘက် ကို ကူး သွား ရုံဘဲ။ ပလက် ဖောင်း က အလည် မှာ ရှိ ပြီး ရထား တွေ က ဘေး ကနေ ဝင် ကြတယ်။ KL ကတော့ ရထား က အလည် က ဝင် ပြီး လူ တွေ က ဘေး ပလက် ဘောင်း က တက် ကြ ရတယ်။

ရှုပ် ကုန်ပြီထင်တယ်။ ရပ် လိုက်တော့မယ်။ တို့ က အဲ ဒီ လိုဘဲ teaching ညံ့ တယ်။ ကိုယ် နားမလည် တဲ့ အကြောင်း အရာ မပြောနဲ့. နားလည် တဲ. အကြောင်း အရာ ကို သူ များ ကို ရှင်းပြ ရင် ကိုယ့်ဘာ သာ တောင် လည် သွားတယ်။ နိုင် ငံ ခြား နဲ့ ကိုက် တာ ပေါ့။ နိုင်ငံ ခြား မှာ မရှငိး လို့ သွား မေးရင် သေ ချာ ရှင်း ပြတယ် လေ။ ဒါ ပေမဲ. လိုက် လုပ် ကြည့် အ ဖြေ မရဘူး။

Sunday, September 7, 2008

comment to Moe Cho Thin

အိယောင်ဝါး post
တို.လဲ ဒုတ်ခ ကြီးပါတယ်။ MCT ရယ် ဘဝ အတွက် မကြိုးစားဘဲ တကုန်းကုန်း ဘလော. စာတွေ ဖတ်လိုက် ရေးလိုက်နဲ။ တခါတလေ ဆရာ ကြီး လို တစ် နေ့ ၅ ပုဒ် တောင် တင် ချင် သေးတာ။ ပထမတော. Kmsl က စိတ် ချမ်းး သာ ရင် ပြီးရော လွှတ်ထားတာဘဲ.။ အခု လို serious အချိန်ပေးတာ များ လာတော့ သူ စိတ်ညစ်လာတယ် အိမ်မျူကိစလဲ ချှို.ယွင်း သန်းကောင် သူ တရေး နိုး မှာ တို. ကို လှမ်းကြည့် မနက် အစောကြီး ထ ရမှာ ကို ည သန်းကောင် သန် လွဲ မအိပ် သေးဘဲ့ ကွန်ပြူတှာရှေ့ မှာ တို.မှာ လဲ ခိုးလုပ် ရ သလို. သူ မအိပ် ခင် ကွန်ပြူတာ ကို စိတ် မဝင် စား သလို နဲ. သူ အိပ် မှ တကုန်းကုန်းဖတ်.ရေး။ ခိုးလုပ် နေရ တယ် ဘာဖြစ်လို့လဲ ဆိုတော့ အချိန် ပေးတာ များနေ တာ ကိုး။ ဘယ် လို လုပ် ပြီး balance လုပ် ရမယ် မှန်းတောင် မသိတော့။ သူ စနေ တန့က်နွေ ရုံးသွားရင်သုး ကို သနားပေမဲ. ကိုယ် ကွန်ပြူတာ ကို အားရပါးရ သုံးရ တောကမယ် ဆိုပြီး ဝမ်းသာ ခလေးလဲ မဟုတ်တော့ဘဲ တို. ဒီလောက် မမိုက် သင့်ပါဘူးနော်။ တို.ကိုတော. Kmsl က အိယောင်ဝါးလို. မပြောဘးူး။ မရို မသေ. (ချီးပါကာ နီးမှ ချီးတွင်း ရှာ တဲ.ကောင် )တဲ ဘယ်တော့ မှ မကြိုးစားဘုး။ ဒုတ်ခ ဖြစ် မှ ကြိုးစားတယ်တဲ။
ချစ်ခင်စွာဖြင်.
တှိုလဲ မြတ်နိုးဘလော.ကနေ တွေ.လိုက်လို. အားရဝမ်းသာ လာဖတ်တာ။
PS. ကိုမိုး ကို recent condition , ရယ် recent comments ရယ် စီဘောက် ရယ် ထည့်ခိုင်းလိုက်နော်။ သူ မလုပ် ပေးရင် တို.သင် ပေးမယ်။တို့လဲ သိတ်မတတ်ပါဘူ.။

ps. word verificaiton ကလေ (myamap) လို့ပြနေတယ်။ myanamr ကိုလွမ်းလိုက်တာ။

comment to SMNTL

By the way, Lottery အတွက် very sorry ဖြစ်ရပါတယ်။ . continue ကြိုးစားပါ။။ keep on.!

comment to Republic

Present moment
  1. Republic ( ကို ကျော်သက်)ကို ဆန်းစစ်ခြင်း
  2. တင်္နလာသား ဖြစ်နိုင်သည်.။
  3. လူပျိုဖြစ်ရမည်။
  4. လူပျိုဖြစ်ရခြင်း မှာ သူ က ၂၀ အောက် ကို လိုချင် ပြီး ၂၀ အောက် ကညာ က သူ့ ကို too old လို့ထင်ကာ vice visa ဖြစ်နေခြင်းကြောင့်ဖြစ်ပါသည်.။
  5. ရိုးသားသည်။ (အမှန် အတိုင်းပြောပြရွေ. )
  6. အနည်းငယ် ဂဂျီကကြောင် ကျမည်.။ အနည်းငယ် selfish ဖြစ်သည်.။
  7. ပျော်တတ်သည်. ခင်မင်တတ်သည်. (ဒါကတော့ သိပြီးသား ကို ထည့်ပြောတာပါ)
  8. အမေကို ချစ်သည်.။
  9. အသက် ၃၀ ကျော်ခန့်ရှိမည်။
  10. သူ့ကိုသူ အသက် အငယ်ဆုံး လို့ထင်နေ၏ ။ (ကြည်.ပါလား ရေးထားတာ ကိုကို မမ များတဲ.။ ညီငယ် များ ညီမ များလို့ မှ မသုံးနှူန်းတာ။)
  11. ပျောက် ပျောက်သွားခြင်းမှာ ဘောလုံးပွဲ သွားကြည့်ခြင်း။ ရေ သွားသောက် ခြင်းနှင့် ရေကူးကန် သွားခြင်းဖြစ်၏။ (ရေကူးကန် သွားခြင်းမှာ အဓိပါယ် ရှိ၏။ ပညာရှိ သလို တွေး ဆပါလေ။)
  12. ဘာဖြစ်လို့ ကိုကြီးဂီလို့ခေါ်တာ ကိုတော့ မသိရသေး။ ဂဂျီကကြောင် ကို အတိုကောက် ချစ်စနိုးခေါ်ရာ၏)။
  13. အနည်းငယ် ရှက်တတ်သည်။
  14. ကိုယ့်အကြောင်း (ကိုယ့်စိတ်ခံစားမှု ။ )ကို ပြင်ပသို ထုတ်ဖော်ပြောပြခဲ၏။ Low profile နေချင် သော ခံစားမှူရှိ သည်.။
  15. သု့ ကို ဆက် သွယ်လျှင် မကြိုက် အနှောက်အယှက် ဖြစ်သည်ဟုခံယူ သည်. သူ ကသာ ဆက် သွယ် လိုသည်။ရန် ကုန် မှ သူ ငယ် ချင်း များ နှင်.စကားပြောလျှင် သူ ပြောချင်တာ သာ ပြောရွှေ. သူ များ ပြောသည် ကို နားမထောင်လို.။ ရန် ကုန် က လူများ ပြောချင် က ကိုယ့်ပိုက်ဆံနှင့် ကိုယ်ပြောရန် ဘုတောတတ်၏
  16. အလုပ်အကိုင်တော့ ခန့်မှန်းရန် ခက်ခဲ၏။ အင်ဂျင်နီယာ ပေါသော စလုံးဖြစ်သောကြောင့်. ။ သို.သော် တယ်ပြီး မထင်လှ။ အင်ဂျင် နီယာ ယခုကဲ့ သို့ စိတ်ရှည် လက် ရှည် တွေးတော မည် မထင်။ ။ ကိုတာ ကဲ့ သို့တွေးတတ် သောကြောင့် ဆရာဝန် များလား။ သို့သော် ဆရာဝန် မဖြစ်နိုင်ကြောင်း အာရုံ ရသည်။ သို.မို့ကြောင့် အလုပ်အကိုင် ခန့်မှန်း ခြင်း ကို လက် မြှောက် ရသည်။
  17. မမျှော်လင့်ဘဲ ရည်း စားရဘူး ပြီး .။ ထိုရည်း စားဘဲ ဇာတ်လမ်း စတာ ဖြစ် နိုင် သည်.။ သို့ဖြစ်ရွေ့ ရင် ခုန် ချိန် မရလိုက်။ သှို့ သော် ရည်းစားဦး ကို လက် လွတ် လိုက်ရဘူး သည်။ (အလိုချင်ဆုံး လက်ဆောင်: မရခဲ.ပါ။)။ မကြာခဏ သတိရမိသည်. (တမ်းတမှူတစ်ခု)
  18. အကြွေး များများ ဆုံးဘူး သည်. (သှို့ အတွက် ကြောင့် ဂတိ မတည် သူ များ ကို စိတ်နာ နေ သည်)
  19. အမေမရှိ မိန်းမ မရှိရွေ့စိတ်နာကာ ထမင်း ကိုယ်တိုင် ချက်ရရွေ့ ဘဝ ဆက်တိုင်း male သာ ဖြစ်လိုသည်။
  20. လက်ရှိ အောင်မြင်နေ၏။ နေရာ တော်တော် ကောင်းကောင်း ရထားဟန် ရှိ သည်။
  21. သုငယ်ချင်း များ က လူပျို. ဆိုပြီး ပိုက်ဆံ ပိုနေတယ်ထင် ကာ။ အမေ မရှိ တော့ရွေ့ ။ ရန် ကုန်ကို ပိုက်ဆံ လှမ်းပို့ ကာ အမေ့ ကို လည်း စု ခိုင်း မရတော့ရွှေု့  စလုံးဘဏ်တွင် သိမ်းထားရရာ သောင်းဂဏန်း ကျော်ပြီး သူငယ်ချင်း များက ငွေ တွေ ပိုနေ သည် ဟု ထင် မှတ် ကာ မကြာခဏ ငွေလာချေးရွှေု့ ငိုချင် နေသည်။ ( သှူုငယ်ချင်း။ မရှိ မကောင်း ရှိမကောင်း)။
  22. ဘဝ တွင် မပြည့်စုံသေးရွေ့ မရှိ သေးသော ချစ်သူ ကို မျှော်လင့်နေသည်။ (ကူညီကြပါ ခင်ဗျား။)
  23. သို့မို့ကြောင့်စိတ်တွေ မငြိမ်။ ဂယောက် ဂယက် မကြာခဏ ဖြစ်မိသည်.။ (အပြောင်း အလဲမြန်လွန်းလို့)
  24. နောက် ဆုံး တွေးမိတာ ကတော့ရည်းစား ကလည်း မရ။ ကြာတော့စိတ်ငြစ် ကာ ကိုယ့် ကို ကိုယ်သာ အားကိုးမိတော့သည်။


ပြီးပြီ။။
(ကိုယ့်ဘာသာ ကို တောင် ရေး ရင်းနဲ.ရယ် နေ မိ၏။ သူ များတော့ မပြောတတ်)

Republic said...

အာ... မKOM ကြီး က လုပ်လိုက်ပြန်ပီ ၊၊ များပီ ၊၊များပီဗျာ ၊၊ :D

additional chapter from Ma Za Ni
မဇနိ said...

ဟား ဟား
မမ ကေအိုအမ်ကတော့ လုပ်ချလိုက်ပီ
ကိုကြီး ဂီ မဟုတ်ပါဘူးဗျ ကိုကြီး ၀ီ ပါ။ ကိုကြီး ရီ လို့ မခေါ်ချင်လို့ ၀ီ လို့ ခေါ်တာ။
မမခန့်မှန်းတာတချို့ ဖြည့်စွက်မယ်ဗျာ
အင်ဂျင်နီယာမဖြစ်နိုင်ဆိုတာ မဟုတ်နိုင်ပါကြောင်း..
သူ့အတွေးများသည် အင်ဂျင်နီယာစစ်စစ်ဖြစ်ကြောင်း...
အသက် ၃၀ ကျော်ဖြစ်ကာ ၂၀ ကျော် ကညာပျိုကို ရစ်သီရစ်သီလုပ်နေကြောင်း..
ကျန်တာတော့ မမယူဆချင်များ မှန်ကန်နိုင်ကြောင်း အပြည့်အ၀ထောက်ခံပါတယ် ဟဲ ဟဲ
သေချာတာတခုကတော့ ကျနော်တို့က သတိရလို့ စီဘောက်မှာ လာအော်ရင် အားတဲ့အချိန်ဆက်ဆက် ပြန်လာလည်ပေးတတ်တာပါပဲ။
( သူများကိုသာ နိုင်ချင်နိုင်မည် မမကေအိုအမ်ကိုတော့ အမြဲလက်မြှောက်နေရပါတယ်။ များပီ များပီ ဟု...)
(မောင် ဟု အခေါ်ခံချင်နေလို့ မေမိုးဆီ ကပ်ပြီး ညာတာပါတေးနဲ့ မေမိုးမောင်ကို မောင် မောင် နှင့် သွားအော်နေ...)
ဒါပဲဗျာ သဘောကောင်းတဲ့ ကိုကြီး ၀ီ ကောင်မလေးချောချောလေးနဲ့ တွေ့ပါစေ

comment to Yu wa Yi for saturday nitght post

ဖတ်ြ့ပီးသွားပြီ။ ဖတ်လမ်းက ဆွဲ ဆောင်မှူရှိတယ် လက် က မချနိုင်ဘူး။ ဒါပေမဲ ဇတ်သိမ်း ကို သိတ်မနိုင်ဘူး.။ မင်း သမီး ကို အတင်း သေခိုင်းလိုက် သလိုဘဲ။ ခိုင်မာတဲ့ အကြောင်းပြချက်နဲ့ မသေ နိုင်ဘူး။ ဥပမာ. စိတ် ရောဂါ အခံ ရှိလို.့ ရုတ် တရက် စိတ် ဖောက် သွားတယ် တို့။ ဒါမှ မဟုတ် ချက်ထိုး တာ။ ချက် ထိုးတာ ကျား ကစား နေ တာ ရှုံး သွား လို့ နိုင် သွားလို့ နှလုံး ရောဂါ အခံ နှဲု သေတာ တို့။ အဲဒါလဲ ကျား ကိုက် တာဘဲ ပေါ့။ တစ်ခု ခု ပေါ့။ အခုတော့ အတင်းဘဲ ၁၂ နာရီ ထိုးလို့ သွားသေ သလို ဖြစ်နေတယ်။ မူရင်း ဇတ်လမ်းး ကို က အားနည်းတာ ဖြစ်ပါလိမ်.မယ်။ တို့ညီမလေး က အရေး အသား ကောင်း ပြီး သား။

လွန်းထားထား လား မသိဘူး။ အဲလို ဇတ်လမ်း မျိုးရေးဘူးတယ်။ ကောင်မလေး ကို အသက် ၂၄ မှာ သေမယ် လို့ အကြား အမြင် က ဟော လိုက် လို့ စိတ် ထိခိုက် ပြီး စိတ်ရောဂါ ဆရာဝန် နဲ့တောင် တွေ့ရတယ်။ ဆရာဝန် ကို ကြိုက် မလို လုပ်သေးတယ်။ နောက် ဆုံးကောင် လေးတစ်ယောက် နဲ့တွေ့ပြီ ဆရာဝန် က သူ အသက် ကြီးပြါ့ပီ ဆိုပြီး။ နောက် ဆုတ် ပေးလိုက်တယ်။ နောက်ဆုံး နေမကောင်း ဖြစ်တာ မှာ ဆေး တစ် ခု မှားသွား ပြီး တကယ် ဖြစ်ပျက် သွားတယ်။ ဘာရယ် မဟုတ် မှတ်မိနေ တာလေးတွေ ပြောတာပါ။ စိတ် မဆိုးဘူး မဟုတ်လား။

reply from Yu Wa Yi
အစ်မခင်ဦးရေ..ကော်မန့် ရေးရတာနဲ့ ပို့ စ်တစ်ခုတင်လို့ ရနေပြီ။ အဟဲ ကျေးဇူးနော်ငါ့အစ်မကြီး။ အစ်မ…အစ်မပြောတဲ့ဝတ္ထုက ကျွန်မတို့ တက္ကသိုလ်ကျောင်းသူဘ၀လောက်ကဖတ် ခဲ့ရတယ်။ ဂျူးရေးတာဖြစ်လောက်မယ်။ အဲဒီတုန်းက လွန်းထားထားစာမရေးသေးဘူး။ သူ ကကျွန်မတို့ ရဲ့အပေါ်တန်းက သူ့ စာတွေကို စသိတာက ကျောင်းပြီးတော့မှစသိရတာ။

Saturday, September 6, 2008

Latha 2


အမှတ်တရ.

ရန်ကုန်မြို့ က လသာ ၂ ဆိုတာ နာမည်ကြီး မိန်းကလေး ကျောင်းတစ်ကျောင်းပါ။ ရန် ကုန် ဆေးရုံ ကြီး အရှေ့ မှာ ရှိပါတယ်။ ကျောင်းကြီး ကတော့ ကောင်းသလား မမေးပါနဲ့. အပေါ်ဆုံးထပ် က ဘော်ဒါဆောင်ပါ. ကျောင်းကြီး ကလည်း အကျယ်ကြီး ကျောင်းထဲ မှာ တင်ကျောင်းပြေးနေ လို့ရပါတယ်။ တောကျောင်း ကနေ ပြောင်းလြာ့ပီး ငါးတန်းကျ မှ ABCD စသင်ရတော့ စာတွေ မလိုက်နိုင်လို့ ငိုခဲ့ရသေးတယ်။ ဘတ်စကားနဲ.ကျောင်းတက်. ။ စာ ကို တစ်နေ့ ၁၀ နာရီ ကျက်ပါတယ်။ ကျူရှင် တောင် သိတ် မတက် နိုင်ပါဘူး။ မယူ မဖြစ် ဘာသာ လောက်ဘဲ ယူဖြစ် ပါတယ်။ အချစ်တော်ထားတာ လဲ ခေတ် စားပါတယ်။ ဘာရယ် မဟုတ် စာပေးစာယူ တွေ လုပ်ကြ. စကားတွေ ပြောကြ. ဒီလိုပါဘဲ. ။ စကော့ဈေး ဘေး ကမိန်း ကလေးကျောင်းနဲ့ ကတော့ မတည့်ကြဘူး။ သူ့ကျောင်းပိုကောင်းတယ်။ ငါ့ကျောင်း ပိုကောင်းတယ် နဲ့ သိတ် အဆင် မပြေကြဘူး။ ကျောင်း အုပ်ဆရာမကြီး က ဒေါ်မြူရီရယ် ထွန်းကျော်ပါ။ စည်းကမ်းလဲရှိ. စာလဲ အသင် အပြကောင်းတော့ နာမည်ကြီးပါတယ်။

Thursday, September 4, 2008

Blogging

ကိုယ်ဘလော့စွဲ နေတာ တစ်နှစ်လောက် ရှိပါပြီ။ အစတုံးကတော. အပျော်ဘဲ.။ ဘာရယ် မဟုတ် စကြည့်တာ.။ အဖော် မရှိလို့ စကားပြော ချင်လို့ပါ..။ စာဖတ် ဝါသနာ ပါတာလဲ ပါတာပေါ့.။ စလုပ်တုံး ကတော့ မြန် မာလို မရိုက်တတ်.။ HTML ဆိုတာ နားမလည်. အချိန် အတော်ကုန် ပါတယ်။ အိပ်ရေး တွေလည်းပျက် ဘလော့နဲ့  နပန်းသတ်နေတာ။ ကိုစိုးထက် နဲ့ J ဆီသွားပြီး marketing လုပ်။

ကိုယ့်ဆီ လူ မလာတော့လဲ စိတ် မကောင်း ။ လူလာပြန်တော့လဲ ရေးရတာ အနေ ကြုံ့လာတယ်။ ငါရေးတာ ကောင်းမှ ကောင်းပါ့ မလား။ ဒီ အကြောင်း အရာ က သိတ် များ ပေါ့နေ မလား။ kmsl အကြောင်းများနေပြီ ထင်တယ်။ ငါ ဒီနေ့ရေးတာ မနေ့ ကလောက် မကောင်းဘူး။ ဟိုဟာ ကတော့ မသင့်ဘူး ထင်ရဲ့နဲ. စိတ်ညစ်လာတယ်။ post ကို တင်ရမလို မတင် ရမလို နဲ့ ချီတုံ ချ တုံ ဖြစ်လာတယ်။

လမ်းထွက်ရင် လဲ telephone camera လေး က stand by / အိတ်ထဲ မှာ ကလည်း စာရွက်နဲ့ ဘောပန် နဲ. က stand by / စာ ရေးဆရာ ကြီး ကျ နေ တာဘဲ။ မဟုတ်ရင် လဲ အတွေး တွေ က ထွက် ပြေးသွားတယ်။

TV လည်း မကြည့်တာ ကြာပေါ့.။ သတင်းစာ လည်း မဖတ် တာ ကြာတော့ ဖြတ်မလား တောင် စဉ်းစား မိတယ်။ ကိုးရီးယား ကား လည်း မကြည့်ဖြစ်တာ ကြာ.။ ဒီပုံ နဲ.တော. မဖြစ်ဘူး။ ဘလော့ တွေ အဖတ် ကောင်း လို့ အိပ်ရေးလည်း ပျက်။ မနက် သွားခါ နီး ဖွင့်မိရင် တော့ အလုပ် နောက် ကျပါပြီ။ အိပ် ရေးပျက် လို. မျက် တွင်းတွေ လဲ နက်။ နားထင်တွေ လဲ ချိုင့်။ အရေးထဲ မရို မသေ Period ကလဲ မလာ. ။ ကိုယ်ဝန် များ ရှိ သလား စစ်တာ ၂ ခါ။ ပိုက် ဆံ ကုန် တာ သာ အဖတ်တင်။ negative ။ နောက်ဆုံး ကိုယ် ဝန် ရှိ တာ မဟုတ် ။ သွေး ဆုံးခါ နီး ရွေ.ဖြစ် ကြောင်း ကိုယ့် ကို ကိုယ် ဆုံးဖြတ် ချက် ချ ပေးလိုက် ရ. ။

ကဲ အရက် သမားလို ဘဲ.။ ဖြတ်မှ ဖြတ် မှ နည်းနည်းဘဲ လုပ် မှ ။ . ဒီလို ပြော တာ ၂ ခါ ရြှိ့ပီ။ kmsl ကလည်း သိတ် မကြည် ဖြူချင် တော့ဘူး ။ ဟေ့ကောင်. မင်း စာရေး ဆရာ လုပ် မှာ လား။ လုပ် မယ် ဆိုရင် လည်း အလုပ်ထွက်။ အလုပ် တဖက် နဲ့ ဒီလောက် ပင် ပန်းရတဲ့ အထဲ ကောင်းကောင်းလဲ မအိပ်.။ ကျန်းမာရေးထိ ခိုက်လိမ့်မယ်။ ဆိုပြီး အဆူခံရ။ တိုးတက် ရာ တိုးတက်ကြောင်းလဲ မဖတ်နိုင်။

လျှော့မှ ဖြစ်မယ်။ လျှော့မှ ဖြစ်မယ်။ ရေးချင်တာဘဲ ရေးတော့မယ်။ ချုပ်ချယ် မှုတွေ နဲ. မရေးလိုဘဲ. ကြိုက်တဲ့ အခါ လည်း ဖတ် မကြိုက်တဲ့ အခါ လည်း ကျော်သွားပေါ့.။ မ လျှော့ရင် အစိမ်းဖြတ် ဖြစ်သွားရင် မကောင်းဘူး။ ဒီနေ့တော.ဒီလောက်ဘဲ.။

Wednesday, September 3, 2008

lazy evening

မိုးတွေရွာသည်. တစ်ညနေလုံး ပျင်းရိဘွယ် ကောင်း၏။ အိပ်ရာထဲဠ် ကွေးရွေ့ သ နေသင့်ပေတော့သည်.။ လူအများ ဖျားကြသည်။ ချောင်းဆိုး နှာစေး၏။ ရေများများ သောက် ရန် လို သည်. ။

Tuesday, September 2, 2008

Stingy 2

ကိုယ်. ဘလော့ကို မဖတ်တဲ့ အထဲ မှာ MK လဲ ပါ ပါ တယ်။ အကြောင်းပြချက် က သူ့ကွန်ပြူတာ မှာ ဇော်ဂျီ သွင်းလို့ မရဘူး ဆိုတာ က တစ်မျိုး အချိန် ကုန်. တိုးတက် မှူ ကို ထိခိုက်တယ် ဆို တဲ. အကြောင်း ကတစ် မျိုး လို. ဆိုပါတယ်။ ဒါပေမဲ့ ဘာတွေ ရေးထား သေးလဲ လို့တော့ သတင်းမေးတတ်ပါတယ်။

အဲဒါနဲ. Stingy post အကြောင်းပြောပြ တော. အဲဒါ SA ထုတ်ပြတဲ. ဘော်ပန် က သူ့ ဘော ပန် လို့ ဆိုပါတယ်။ ဟိုတစ်နေ.ကဘဲ ငှားရေး သွားတာ လို့ ပြော ပါတယ်။ ဒါကြောင့်မို့ တို့လဲ မြင်ဘူး သလိုလိုတော့ရှိသား။ MK ကလက် ရေးလှချင် လို. ဈေးကြီး တဲ. ဘော ပန် ကို ကိုင်လေ့ရှိလို့ပါ။ ဒါဆိုရင် လဲဘာ လို့ပြန် မတောင်းသေးလဲ ဆိုတော့ ဒီလောက် ပိုက် ဆံလေး နဲ. ပြန်တောင်း ရမှာ အားနာ စရာ တဲ့။ ကဲ ကဲ နင် တို့ ဒီလောက် ကပ် စီးနည်း နေရင် ငါ ပုံ တစ်ပုံ ပြော ပြမယ်။ နင့် ဘလော့ မှာ လည်း အသုံးပြူ နိုင် တယ် လို့ တစ်ခါထည်း ခွင့်ပေးပါတယ်။ သူ က တို့ထက် ပို ပြီး ဟာ သဥာဏ် ရှိတော့ သူ ပြော တဲ.ပုံ ကို လေးလေးစားစား နားထောင် ရပါတယ်။

ဟိုတစ်ခါက ရွာ တရွာ မှာ အန်မတန် ကပ်စီးနည်းတဲ. သူဋ္ဌေး တစ်ယောက် ရှိပါသတဲ့.။ သူ က ဟိုဘက် ရွာ က သှူု့ သူငယ်ချင်း သူဋ္ဌေး ကို သတိရတော့ ကဲ ငါ့ သူငယ် ချင်း ကို လက် ဆောင် ပေးဦး မှဘဲ ဆိုပြီး စာရွက် တစ်ရွက် ပေါ်မှာ ဝက် တစ်ကောင် ပုံ ဆွဲ ပြီး သှူု့သား ကို လက် ဆောင် သွားပို့ခိုင်းပါတယ်။ သား ကလည်း စာရွက် ကလေး ကိုင် ပြီး ဝက် တစ်ကောင် လက် ဆောင် သွားပို့ပါတယ်။

ဟိုဘက် ရွာ ရောက် တော့ သူဋ္ဌေးနဲ့ မတွေ့ဘဲံ သူဋ္ဌေး သား ကိုဘဲ တွေ့လို့စာရွက် ပေါ်ကဝက် ကို လက် ဆောင်ပေးပါတယ်။ အဲ ဒီတော့ သူဋ္ဌေူး သား ကလည်း လက် ဆောင် ပြန် ပေးဦး မှ ဘဲ ဆို ပြီး လေ ထဲ မှာ ဖရဲ သီး သုံးလုံး ဆွဲ ပြီး လက် ဆောင်ပြန် ပေးလိုက် ပါသတဲ့။

အဲ ပြီးတော့ သူ့ အဖေ သူ ဋ္ဌေး ပြန် ရောက် လာတဲ့ အခါ ရှင်းပြတယ်။ ဒီလိုဘဲ အဖေ. ဒါနဲ. ကျွန်တော်လဲ ဖရဲ သီးသုံးလုံး လက် ဆောင် ပြန်ပေးလိုက်ပါတယ် လို့ ပြောပြတော. အဖေက ဘယ် လိုလဲ ဆိုလို. သူ ကပြန် ပြီး လေထဲ မှာ ဖရဲ သီး သုံးလုံးပုံ ဆွဲ ပြတော. မိုက်လိုက် တဲကကောင် ကွာ ဆိုပြီး အဆူ ခံရ ပါသတဲ.။

သူဋ္ဌေး သား ကလည်း နားမလည် နိုင် ဘူး။ ဘာ ဖြစ် လှို လဲ အဖေ ဆို တော့ ဒီလောက် အကြီး ကြီးဆွဲ ပေးလိုက် ရ သလား။ နဲနဲ သေး သေး ဆွဲ ပေးလိုက် တာ မဟုတ်ဘူး လှို့ အဆုခံရပါ သတဲ.။

ကဲ ဒါဘဲ မရယ်ရရင် ဟာသ အခံ မရှိလို့ဘဲ။

ရွှန်းမီ said...

:D ရယ်ပါတယ်

soe said...

ဘယ်လိုမှ မရယ်ရပါဘူးဗျာ ဟာသကရိုးရိုးကြီး

ရွာသားလေးဝိုင်တီယူ said...

ရယ်ရတယ် ရယ်ရတယ် တကယ်။ ဒါဘာဟုတ်သေးလို့လဲ။
ကျနော်ကြားဖူးတဲ့ပုံပြင်လေးက ရှိတာတောင်မဟုတ်ဘူးတဲ့မရှိတာတောင်ကပ်စေးနဲတဲ့ဆရာတော်အကြောင်းတဲ့။
တခါက ဘုန်းကြီးကျောင်းမှာ ပိန္နဲသီးတွေပြွတ်နေအောင်သီးတာတဲ့။ဆရာတော်က ကျက်သရေတိုက်မှာခူးပြီးသိမ်းထားတတ်တယ်တဲ့။ ဒကာတွေက ဆရာတော်ပိန္နဲသီးတွေ အများကြီးပဲနော်ဆိုတော့ ဟေမရှိပါလားကွအပင်မှာလို့ ဆရာတော်က မိန့်လိုက်တယ်။ ဒါနဲ့ ဒကာတွေက ကိုရင်ကြီးတို့ဆရာတော်က ကပ်စီးနဲ့လိုက်တာဆိုတော့။ ကိုရင်ကြီးက ဒါဘာဟုတ်သေးလို့လဲ ငါတို့ဆရာတော်က မရှိတာပါကပ်စီးနဲ့သဗျ ဆိုတော့ ဒကာတွေ အူကြောင်ကြောင်ဖြစ်ကုန်တာပေါ့။ အဲဒါနဲ့ လာကွငါသက်သေပြမယ်ဆိုပြီး ကိုရင်ကြီးက အခန်းထဲဝင်သွားသတဲ့။ ဆရာတော်က ကိုရင်ကြီး ဘာလျှောက်စရာရှိလဲဆိုတော့ ကိုရင်ကြီးက တပည့်တော် မနေ့ညက အိပ်မက်မက်လို့ပါဘုရားလို့လျှောက်တယ်။ ဆရာတော်က ဘာအိပ်မက်လဲလို့မိန့်တော့ အိပ်မက်ထဲမှာ အရှင်ဘုရားက ဘုရင်ဘုရား။ မိဖုရားတွေကလည်း အများကြီးနဲ့ပေါ့တဲ့။ အေးကောင်းကွာဆက်ပြောလို့ဆရာတော်ကမိန့်တယ်။ တပည့်တော်က အိပ်မက်ထဲမှာ အိမ်ရှေ့စံဘုရား။ အဲဒါ အိပ်မက်ထဲမှာ တပည့်တော်က အရှင်ဘုရားဆီမှာ မိုးကုတ်မြို့ကို တပည့်တော် အပိုင်စားတောင်းတာ မပေးဘူးဘုရားလို့ထပ်လျှောက်တယ်။ ဆရာတော်က အေးလကွာ ငါ့မိဖုရားတွေ ပန်ဖို့ ပတ္တမြားတွေ အဲဒီဖက်က ထွက်တာကွ မပေးဘူးမပေးဘူးတဲ့။ ဒါဆိုရှမ်းပြည်နယ်ကောဆိုတော့ ငါက လက်ဖက်ခြောက်ကြိုက်တာကွ မပေးဘူးကွာမပေးဘူးတဲ့။ ဘာနယ်မှမပေးဘူးလို့စိတ်ဆိုးပြီး ကိုရင်ကြီးကိုအော်ထုတ်လိုက်တယ်။ ကိုရင်ကြီးလည်း ရယ်ကျဲကျဲနဲ့အပြင်ထွက်လာပြီး တွေ့လား ကျုပ်တို့ဆရာတော်က ရှိတာတင်မဟုတ်ဘူး မရှိတာပါကပ်စေးနဲတာ လက်တွေ့တွေ့ပြီမဟုတ်လားလို့ပြောသတဲ့။
အဲလောက်တော့ ဒို့အစ်မကြီးက မနည်းလောက်ပါဘူးနော်.....

khin oo may said...

တို.လဲ ဥာဏ်ရွှုင်လာပြန်ပြီး။ ရွာသားလေး YTU ဟာ သ က ပိုရယ်ရတယ်။

မောင်ကောင်းထက် ဟာသများ။

အင်္ဂလိပ်. အမေရိကန် နှင့် ကို ခြူချာ တို့ သုံးယောက် ပိုက်ဆံဖြူန်းနိုင်ကြောင်း ပြိုင်ကြသည်.။

အင်္ဂလိပ်က ပေါင် ၁၀ ထုတ်ကာ မီးခြစ်ပြီး ရှို့ ပြလိုက် သည်.။
အမေရိကန် က ဒေါ် လာ ၁၀၀ ထုတ်ကာ မီးခြစ်ပြီး ရှို့ ပြလိုက် သည်.။
ကို ခြူချာ က ချက် လက် မှတ် ပေါ်တွင် ဒေါ် လာ ၁၀၀၀ ဟု ရေး ကာ မီးခြစ်ပြီး ရှို့ ပြလိုက် သည်။

Monday, September 1, 2008

autography

ရေးပေးပါ.။

ကိုယ်.ကို မီးငယ် (http://june3pooh.blogspot.com/2008/08/blog-post_31.html) နဲ့ Dream (http://www.crazydreamlover.blogspot.com/) တို.ကလာပြီး tag ကြပါတယ်။ ကျန်တဲ့သူ တွေ လာ မတက်ခင် အဖြေ ပေးလိုက်ပါပြီ။။ ခလေးတွေနဲ.ပေါင်းတောလဲ. လူကြီး က ခလေး အလုပ် လုပ်ရတော့တာပေါ့လေ။


ကဲကဲ အိမ်စာ မယူသွားဘဲ တစ်ခါတည်းဘဲ အပြီး လုပ်ခဲ့တော့မယ်။

ကိုယ့်ရဲ့နာမည်….................................................... ....KOM
ကိုယ့်ကို သူငယ်ချင်းတွေကဒီလိုခေါ်တယ်….........................ma ma.
ကိုယ်ဒီမှာနေတယ်….....................................................လောလောဆယ်စလုံ်း
ကိုယ့်ဆီဖုန်းဆက်ချင်ရင်….............................................မပေးလိုပါ။ခေါ်သူများရွေ.လက်မလည်
ကိုယ့်ရဲ့အကြိုက်ဆုံးတွေက……..
အရောင်ဆိုရင်….........................................................အဖြူရောင်
အ၀တ်အစားဆိုရင်….................................................. အရိုးဆုံး
အစားအစာဆိုရင်….................................................... စားလို.ရင်ပြီးရော
ပစ္စည်းဆိုရင်….................................................... ......ပိုက်ဆံအိတ်.
သီချင်းဆိုရင်….................................................... .....အင်္ဂလိပ်သီချင်းမှ
စာရေးစာဆရာ….......................................................အားလုံး . ဖတ်စရာ မရှိရင် ဆိုင်းဘုတ်တွေ ဖတ်
စာအုပ်….................................................... ............အားလုံးဖတ်.
Life style….................................................... ........ပျော်ရွင်ချင်သူပါ.
ကိုယ့်ရဲ့ဝါသနာ….................................................... .စာဖတ်ခြင်း
အလိုချင်ဆုံးလက်ဆောင်…..........................................ချစ်ခင်ခြင်း
ကိုယ့်ရဲ့ အချစ်ဆုံးသူက….............................................kmsl
ကိုယ့်ရဲ့ အလေးစားဆုံးသူက…......................................မိဘ. ဆရာ
ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက…..................................အများကြီး
ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက….....................kmsl
ကိုယ့်ရဲ့ အမုန်းဆုံးသူက …............................................မရှိပါ.
ရင်အခုန်ဆုံးအချိန်…...................................................စာမေးတဲ့အချိန်... :D
အကြောက်ဆုံးအချိန်…...............................................သရဲကားကြည့်နေတဲ့အချိန်..
အပျော်ဆုံးအချိန်…....................................................အလုပ်ရှိရဲနဲ ရဲုံးမသွားရတဲံ.အချိန်
အမှတ်တယနေ့….................................................... လက်ထပ်တဲ့နေ.
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင: ....................တောင်းတဲ့ဆုတိုင်းပြည့်ရပါလို၏
အချစ်ဆိုတာ….................................................... ...အနှိုင်းမဲ.စာသား
အမုန်းဆိုတာ….................................................... ..မရှိပါ.
အလွမ်းဆိုတာ….................................................... လွ့မ်းတာပေါ.
သံယောဇဉ်ဆိုတာ…................................................ဖြတ်ဖို့ခက်တဲ့ကြိုး...
ဘ၀ဆိုတာ….........................................................ဘဝပါဘဲ
သူငယ်ချင်းဆိုတာ…................................................လေပေါဘို.။
ချစ်သူဆိုတာ….................................................... ချစ်ဘို.
ကိုယ့်ကိုကိုယ်ဒီလိုထင်တယ်…................................... သဘောဖြူ မနောဖြူ
ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က…..................................ဇွဲရှိဘို.
အပြောချင်ဆုံး စကားတစ်ခု………..............................ကြိုးစားပါ.


(မိးငယ် ဆီ က ကြီိုက်လို. ပြန်ကူးထဲ.ထားတာပါ.
ရင်အခုန်ဆုံးအချိန်…...................................................စာမေးတဲ့အချိန်... :D

အကြောက်ဆုံးအချိန်…...............................................သရဲကားကြည့်နေတဲ့အချိန်..
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင: ....................တောင်းတဲ့ဆုတိုင်းပြည့်ရပါလို၏
သံယောဇဉ်ဆိုတာ…................................................ဖြတ်ဖို့ခက်တဲ့ကြိုး...)