Monday, August 31, 2009

addict

ရိုးတော့ရိုးနေပါပြီ။ ပြောရပေါင်းလဲထပ်နေပြီ။ အပြင်လောက က သူငယ်ချင်းတွေ ထက် virtual world ထဲက လူတွေ ကိုပိုခင်နေမိတာ ဘာကြောင့်လဲ။ အဖြေမရှီပေမဲ့ လက်တွေ့မှာ ဖြစ်နေမိတာ အမှန်ပါ။ နာမည်ရင်းနဲ့ အီးမေလ့်ကို မဖွင့်သလောက် ဖြစ်ပြီး. ဘောလ့နာမည်နဲ့အီးမေလ်ကိုဘဲ အခွင့်အရေးရတာနဲ့ အမြဲဖွင့်ထားတာကကော ဘာကြောင့်လဲ။ ပြင်ပ က ငယ်သူငယ်ချင်းတွေ နဲ့တွေ့ဘုီ့ စိတ်မ၀င်စားဘဲ အင်တာနက်ထဲက သူငယ်ချင်းတွေ နဲ့ဘဲ စကားပြောနေချင်နေမိတာကောဘာကြောင်ဲလဲ။ အဖြေမရှိတာလား မရှာချင်တာလား။ သူများရေးသမျထိုင်ဖတ်နေမိတာကော...............ဘယ်နဲ့လုပ်မလဲ။


Wednesday, August 26, 2009

nature of women 10

မိန်းကလေးများက လှို့ဝှက်တတ်တယ်။ အလကားနေကြံဖန်ပြီးတော့လဲရှက်တတ်ကြသေးတယ်။ဘာမှန်းမသိ ရှက်နေကြ့ပန်ရော။ သူတို့လေးတွေ နဲ့ဆက်ဆံခင်မင်တဲ့အခါမှာ လိုအပ်ချက်ကလေးတွေ ရှိပါတယ် သူတို့ရဲ့ လှို့ဝှက်ချက်ကလေးတွေ ကိုလိုက်ပြီးထိန်းသိန်းပေးရပါတယ်။ သူတို့ကဘယ်သူ့ကိုမှ မပြောနဲ့ဆိုရင် မပြောပါနဲ့ ဘယ်သူကိုမှ မပြပါနဲ့ဆိုရင် မပြပါနဲ့။ အဲဒါဆိုသိတ်ခင်တတ်ပါတယ်။ ရည်းစားထားရင်လည်း ဘယ်သူ့ကိုမှ မပြောနဲ့ဦးနော်ဆိုတဲ့စကားလေးတွေ ကြုံဘုးရင်မှတ်မိကြမှာပါ။ ဘာမှန်းမသိရှက်တာဘဲလား။ ပတ်ဝန်းကျင်သိသွားရင် နောက်တစ်ယောက် မရတော့မှာဘဲစိုးသလား. မသိ. အတော်ရှက်တတ်ကြပါတယ်။ ဒါကလည်း ငယ်စဉ်ကာလ ကပါ။ နဲနဲလေး အရွယ်ရောက်လာပြီူ ကိုယ့်ရဲ့လူကလည်းကောင်းနေပြီ ဆိုရင်တော့လက်ဆွဲပြချင်တာ လည်းသူတို့လေးတွေ ပါဘဲ။ သူ့အရွယ်နဲ့သူပေါ့လေ. ။ ဒီထက်မြင့်လာပြီဆိုရင်တော့လည်း ဟေ့...........ဒီမှာယူမလားမယူဘူးလား. မယူရင် ကိုယ့်အဆိုးမဆိုနဲ့နော်ဆိုတဲ့ ၀မ်နင် sign လေးတွေ ကြားရနိုင်ပါတယ်။ ဒီထက်ဆိုးသွားရင်တော့လဲ .........အဟိ။.




Monday, August 24, 2009

nature of men 7

ဆရာဝန်မလိုချင်တယ်

ဒါကနောက်တစ်မျိုးပါ။ ကိုယ်တို့ငယ်ငယ်ကပြောလေ့ရှိကြတယ်။ ဆရာဝန်..........မဖြစ်ရင် ဆရာဝန် ကတော်ဘဲလုပ်တော့မယ်လို့ ။  Lady doctor မဖြစ်ရင် doctor's lady ဘဲလုပ်တော့မယ်လို့ပြောလေ့ရှီကြတယ်။ ဒါပေမဲ့ အမှတ်မထင်သိလိုက်ရတာ အမျိုးသားအချို့ကလဲ ဆရာဝန် ကို မှ ယူချင်တဲ့ လူတစ်မျိုးလဲ ရှီတယ်ဆိုတာကို သိလိုက်ရတယ။် အရေအတွက် မနည်းပေဘူးး ။ သူတို့ရဲ့ ခံယူချက်က သူတို့လဲတော်တယ် ။ ညဏ်ပညာ အရည်အချင်းမြင့်ကြတယ်။ အဲဒီတော့သူတို့က ဆင်းသက်လာမဲ့ generation ကိုလည်း ညဏ်ပညာ ရှိစေလိုကြတယ။် ကိုယ်တို့ ခေတ်က ဆရာဝန်ဆိုတာ အမှ တ်အမြင့်ဆံုး ဆိုတော့ ဥဏ်ရည်မြင့်တဲံ သူမှ ဆေးကျောင်းရောက်တယ် ဆိုတာ understood ဖြစ်တယ်။ အဲသလိုဆိုတော့ကာဒီမိန်းကလေး ကိုယူခဲ့ရင် သူတို့ရဲ့ generation ကလည်းပညာရှီလိမိမယ်လို့ယူဆပြီး တမင်ကို ရှာယူတဲ့ သူတစ်ချို့ကို မြင်ဘူးခဲ့တယ်။ အောင်မြင်တဲ့ အိမ်ထောင်ရေးလဲ ဖြစ်ကြတာ များပါတယ် နစ်ဦးလုံးက ပညာရှိတွေ ချည်းဘဲ ဆိုတော့ကာ ရန်ဖြစ်ရင်တောင် ပညာရှီ နည်းနဲ့ဖြစ်ကြပြီး ပညာရှီနည်းနဲ့ ကြေအေးတတ်ကြပါတယ်။ အစဉ်အမြဲသတိရှီရတာတော့ ရှီရတာပေါ့လေ. ။ ဘာလို့လဲ ဆိုတတေ့ကာ ခြုံခိုတိုက်ကွက်တွေရှိတတ်လို့ပါ။  အဲဒီလို အချစ်မျိုးက တော့လုပ်ယူတဲ့ အချစ်ပါ။ အစကတော့ အချစ်မပါပေမဲံ့ ဒီလူကို ငါယူပြီူးရင် ချစ်မယ် ဆိုတဲ့ လူမျိုး။  ချစ်အောင်လုပ်ယူပြီး တာဝန် ကျေတဲ အိမ်ထောင်တစ်ခုအဖြစ်တည်ဆောက်တတ်ကြတပါတယ်။ ခလေးတွေ ရဲ့ ဥဏ် အရည်အချင်းကတော့သူကံပေါ့။

genetic  (မျိုရီုးဗီဇ) ဆိုတာကို ကိုယ်က ယုံကြည်ပါတယ။် အဲသလိုဆိုတော့ကာ autosomal dominant တွေဘာတွေ ညာတွေ ကိုထားလိုက်ပါ။ ကောင်းတဲ့သူကကောင်းမယ် မကောင်းတဲ့သူက မကောင်းဘူး ။ ကောင်းဘို့chance ကတော့ သူများထက်သာတာပေါ့လေ။.မိဘ နစ်ဦးလုံးက ဥာဏ်ရည် မြင့်ကြတယ် ဆိုတတော့ကာသားသမီးလဲ chance တော့များတာပေါ့။ ဒါပေမဲ့လဲ ဒါတွေ ဟာ တစ်သမတ်ထဲ မှန်ကန်နေမယ်လို့ မယူဆနိုင်ဘူး။ တစ်ခါတစ်လေ စိတ်မမှန်ဲ့တဲ့ကလေး  သို့မဟုတ် down syndrom ကလေးရခဲ့ရင်လဲ ဘယ်နဲ့လုပ်မလဲ...ဲ ဖြစ်တတ်ပါတယ်။ ဘ၀ဆိုတာ တွက်ချက်ပြီးယူလို့ရတဲ့ အရာတော့မဟုတ်ပေဘူး။  ကိုယ်ပြောတာတွေကို စဉ်းစားနေရင်တော့မိန်းမယူဖြစ်တော့မှာမဟုတ်. ..  နောက်ဆူံးမှာတော့ ချစ်တဲ့သူကိုသာ ယူလိုက်ပါ။


Sunday, August 23, 2009

nature of men 6

သူဋ္ဌှေးသမီးလိုချင်တယ်။

တစ်ချို့ရဲ့ ရင်ထဲမှာ ရှီချင်ရှိနိုင်တယ်။ မရှိရင်လည်း မရှီနိုင်ဘူး .
ပုံပြောကောင်းတဲ့သူက ပြောချင်လို့ပါ။
အကျိုးရှိသလို အပြစ်လည်းရှီပါတယ်။ Pros and cons ပေါ့။

အကျိုးဖြစ်သွားတာကတော့ကိုယ့်မောင်အရင်းပါ။ ရာဇူးကနေ ဘွဲ့ရကာနီးကာမှ
ကျောင်းဆက်မတက်ဘဲ ယောင်လည်လည်နဲ့သဘော်ဘဲ လိုက်မလိုလို . ဘာလိုလို နဲ့
နောက်ဆုံးတော့ မိန်းမယူသွားတယ် ကံအားလျော်စွာ သူဋ္ဌှေးသမီး လို့ဆိုချင်ဆို.
မိဘက မိတ်ဆွေ များမျာ်းရှိတဲ့သူဖြစ်သွားတယ် အဲဒီမှာ ကိုယ့်မောင်
ကောင်းစားသွားတယ်။ အဖိုးကြီးက အလုပ်ရအောင် ရှာပေးရောတာာ့တာပေါ့။
သားမက်ကို သဘော်သားဖြစ်အောင် မနည်းလုပ်ပေးရတယ်။ သူ့သူငယ်ချင်ေးတွေ ကို
ပြောရတာပေါ့။  ကျွုန်တော့သားမက် အတွ့က်ပါ.ဗျာ. သားမက် ဆိုပေမဲ့ 
သမီးအတွက် ပါဘဲ ဆိုပြီး အလုပ်ရှာပေးရာတာနဲ့ မိတ်ဆွေ များက မနေနိုင်တာနဲ့
ကို့မောင် သဘော်သားဖြစ်သွားရော။ အဲသလို .ဖြစ်ခဲ့ဘူးပါတယ်။
ဒါပေမဲကသူတို့က ချစ်ပြီးယူတာပါ။ ကံအားလျော်စွာသူဋ္ဌှေးးသမီးဖြစ်သွားတယ်။

ကံမကောင်းရင်တော့လည်း ကိုယ်နဲ့ယူပြီးကာ မှ သူဋ္ဌှေးသမီးက
မဋ္ဌှေးတော့ာလဲဖြစ်ုနိင်တယ်။ ယူတုံးကတော့ အဲသလို ချမ်းသာတာဘဲ။ ချမ်းသာတာမှ
အိမ်မှာ အလူရှီရင် ဟော်တယ်က လူတွေ က စားပွဲလာထိုးကြတဲ့ ချမ်းသာမှူမျိုး.
သူဋ္ဌှေးးရပ်ကွက်မှာနေပြီး မကြာခဏ ပါတီပေးနေတာမျိုး. သူဋ္ဌှေးသမိးတွေ
ရှိပါတယ်။ ဒါမှ မဟုတ်လဲ ဘာညာဘာညာရှီကြသူများ..........ရှိပါတယ်။

အဲသလိုမျိုးကို သိတ်မချစ်ပေမဲ့အ
ကြောင်းအမျိုးမျိုးနဲ့ယူလိုက်မိတယ်ဆိုပါဆို့။ အခြေအနေ
အရသော်လည်းကောင်းတစိချိန်ချိန်မှာ သူမချမ်းသာတော့ဘူး.
ဘာညာဘာညာါမရှီတော့ဘူးဆိုရင် သူအပြစ်လား။ မြင်ဘူးတွေ့ဘူးပါတယ်။ အစကတည်းက
အချစ်က သိတ်မရှိတဲ့အခါ အဲသလိုအခြေအနေမျိုးမှာ နစ်ဥိးစလုံးအတွက်
ထိခိုက်မှုတွေ ဖြစ်လာတယ်။ ပြောချင်တာကတော့ချစ်မှယူစေချင်တာပါဘဲ ။
တွက်ယူတာမျိုးတော့မလုပ်စေချင်။ တစ်ချိန်မှာ နောင်တတွေ ရခဲ့နိင်တယ်။

Saturday, August 15, 2009

yangon 29

ရန်ကုန်ခရီးစဉ်ကို အဆုံးသတ်ပါတော့မယ်။

အဲဒီလိုနဲ့ ရန်ကုန်က အင်းယားလမ်း အဆုံးနားက မြေနီကုန်း သေငှေးဈေးလို့ ခေါ်တဲ့နေရာက သစ်သီးတန်းက နေ ဖရဲသီးနစ်လုံးအကြီးကြီး နစ်လုံးဝယ်ပါတယ်။ အမျိုး နစ်အိမ်. တစ်အိမ် တစ်လုံး။ ကိုယ်လဲ ကပ်စားပေါ့။ တစ်လုံး နစ်ထောင့်ငါးရာကျပ်ထင်ပါတယ်။



ပြန်ခါနီးကတမင်းဝိုင်းတစ်ခုပါ. အိမ်ထမင်း“ဟင်းကိုဘဲ ဖြစ်နိုင်ရင်စားချင်ပါတယ်။ တစ်ခါတစ်လေ အဆင်မပြေ တော့လည်း အပြင်မှာဘဲစားရတယ်။ အစ်မနစ် ယောက်ကလည်း ကိုယ့် အရည်အချင်း အတိုင်းဘဲ ဆိုတော့ကာ စားစရာရှားပါတယ။် ရေကျော်က အမျိုးအိမ်ကိုလည်း သွားသွားစားရတယ်။ ပုဇွန်ကြော် .ကောင်းပါတယ်။ အကောင်အကြီးကြီး ပါ။ ငါးဟင်း ကတော့ဘာငါးလည်း မသိဘူး။ ကောင်းတာပါဘဲ။ တို့ကြိုက် တယ်ဆိုလို့အိမ်က ငါးခြောက်ဖုတ်ကို ဖြစ်နိုင်သလောက်ထည့်ပေးပါတယ်။ လက်ဖက်က တော့ လည်း အမြဲထည့်ပေးတယ်။












ဆရာစံလမ်းက အကင်ဆိုင် သူငယ်ချင်းက လိုက်ဧည့်ခါံတယ်။ သူတည်း ခဲ့တဲ့အိမ်က ဘလော့ဖတ်နေတာ တွေ့တယ်လို့ပြောတယ်။ သူက အသားဖြူဖြူ လေးပါ. ချောက ချောနဲ့။ ဘယ်သူ့ အိမ်များပါလိမ့်။ သူ့ကို စလုံးမှာ နေတယ်လို့ထင်ကြပြီး တို့ကို ရွာက လို့ထင်ကြတယ်။ဟိဟိ။ အကင် ဆိုင်ဘေးက မီးလုံးကလေးလဲ လှလို့ ရိုက်လိုက်တယ်။





သွားရင်းလာရင် ဘာယာကြော်ဗန်းလဲ တို့လက်က ပြေးမလွတ်ဘူး.အို....အား လုံးဘဲ မလွတ်ပါဘူး။ ဦးမြတ်ခိုင်နဲ့ another စာရေးဆရာကိုတောင် ထည့် ဘို့ စဉ်းစား သေးတယ။် ခွင့် မတောင်း ရသေးတာနဲ့ မ ထည့် ရတော့တာ.။ ဦး ဝင်းငြိမ်း ကတော့သဘောကောင်းတယ် ဆိုတော့ ရှိပါစေ.။ရတယ်။









ပြန်ကာနီး ၃၆၅ သွားထိုင်ထိုင်ဖြစ်သေးတယ်။ နောက်ဆုံးတော့လည်း မစားချင်ဘူး မစားချင်ဘူးနဲ့ water melon juice နဲ့ ဟမ်ဘမ်ဂါနဲ့စားတတ်တာဘဲစားလိုက်ရတာပါဘဲ။ သူငယ်ချင်းကတော့ ရေခဲမုန့်နဲ့အာလူးကြော်နဲ့ဘဲ အဖော်လုပ်ပြီးလိုက်စားပေးတယ်။














သွားရင်းလာရင်းနဲ့ရိုက်ခဲ့သေးတယ် ဘယ်နားပါလိမ့်။ ပန်းဆိုးတန်း လမ်းမ နားမှာလားမသိ။ memory တောင်ပြန်ခေါ်လို့မရတော့ဘူး။ အဲဒီနားမှာ ကားဂိတ်တွေ အများကြီးဘဲ ။ ဟို နား သွားမ လား။ ဒီနားသွားမလား ။ အချိန်ရသ လောက် တော့ သွားမော့ လာခဲ့မိသေးတယ်။



ဆူးလေ ကိုပတ်တာထင်တယ်။ လွမ်းစရာဘဲ။ လွမ်းတတ်ရင် ပြောပါတယ်။မလွမ်းတတ်သူတအတွက်မပါပါ။





ပြန်ကာနီးညက တော့ကိုယ်သုတ်ခြေတင်နေပြီလေ။ ၂၆လ်းဈေးရောက်တယ်။ ဈေးတန်း လျောက်ချင်လို့တမင်သွားတာပါ။
မှောင်နေပေမဲ့ချစ်စရာကောင်းတဲ့ဈေးပါ။ ညနေဘက် သိတ်စည်တယ်။ သိကြမှာပါ။ ပန်းတွေကလည်းလှမှလှ. သပြေပန်းတွေ အားရပါးရဝယ်ခဲ့တယ်။လတ်မှ လတ်။ ဟိုမှာ တစ်ရာ.နစ်ရာ သုံးရာကျပ်ကယ်။ ဈေူးကလည်း စလုံးနဲ့ယှဉ်ရင်သက်သာတာပေါ့။ဒီမှာ တခက်ကို နစ်ကျပ်ခွဲပေးရတယ်။ မန်းဒလေး ဖိနပ် လည်းပြေးဝယ်သေးတယ်။ အခု စလုံးမှာ မရောင်းတော့ဘူး။ အထူကြီး တွေဘဲရောင်းတော့တယ်။





ပြန်မဲ့နေ့ကတော့ကိုယ်ယောက်ယက်ခတ်နေပြါီ့ပီ။ အ မျိုး လိုက်ပို့တယ်။ လေဆိပ် ကို အဝင်မှာ အ ဝင်ခပေးရတဲ့နေရာကတော့ အတော်ကုန်းမြင့်တယ်။ မှတ်မိတတ်ရင်. ။ လမ်းတစ်ဝက် အမြင့်မှာ ကားကို ရပ်ပြီး half ကလပ်နဲ့ ထိန်းထားပြီးမှကား ဝင်ကြေးပေးရတာ တော်ရုံ ဆိုမလွယ်ဘူး။ ဒါပေမဲ့ ရန်ကုန်က လူတွေ ကကျွမ်း နေကြပါပြီ။အေးအေးဆေးဆေးဘဲ။

လေဆိပ်မှာ ခဏထိုင်ဖြစ်ကြတယ်။ ကိုယ့်သူငယ်ချင်း ဖောင်ကြီးကတည်းက သိခဲ့တဲ လေယဉ်မယ် ကလေးနဲ့ ပေါ့။ ပြီးတော့ထုံးစံအတိုင်း...........................ဘာညာ အပေါ်တက် အထဲဝင်. ထိုင်. စီး ပြီး စား.. တွေး..ငေး……



အဲဒါနဲ့ဘဲ စလုံးပြန်ရောက်ခဲ့ပြီ။ အဲဒီနေ့က မိုးတွေ ရွာနေတယ်။












ပြီးပြီ။
တစ်ကယ်။

Friday, August 14, 2009

play with colours

အရောင်များ







ညီ့အတွက်
http://random.mmgenius.com/?p=552

hello ..hello..


ဒီမှာ …ဒီမှာ……

မြက်ပင်လေးတွေ လိုနင်းချေသွားဘို့မဟုတ်.
ပန်းတစ်ပွင့်လို ရှိုက်နမ်းသွားဘို့လဲမဟုတ်
လာဘို့မလို.
ခင်ဘို့မလို
ချစ်ဘို့မလို
ညှာတာမှူသာလို။
ကြင်နာမှူသာလို.
နောက်ဆုံးမှာတော့ ဟိုလိုလိုလို ဒီလိုလို…

Flower

သိတ်အားနေတယ်လို့ထင်ချင်လဲထင်...


























Nature of women 9

ငါ့ကိုချစ်တဲ့သူ

အချစ်ဆိုတာ ပြောပြောနေကြတာဘဲ။ ကိုယ်ချစ်..သူချစ်.. သူချစ်..ကိုယ်ချစ်။ ဘယ်လိုအချစ်နဲ့တွေ့ပြီးဘယ်လို ခံစားရမလဲဆိုတာ ကတော့ကိုယ့်ကံဘဲ။

အချစ်တွေ အများကြီး ကြုံခဲ့ရဘူးပါတယ်။ ဘယ်လိုအချစ်ကို ရွေးချယ်ခဲ့သလဲဆိုရင် သူချစ်တာကိုရွေးခဲ့တယ်။ ကိုယ်ကလဲ ချစ်ပါတယ်။ ဒါပေမဲ့သူချစ်တာ က ပိုများမယ်။ ကိုယ်က ချစ်တဲ့ အချစ်လား။ နဲနဲတော့ရှိခဲ့ဘူးပါတယ။် ဒါပေမဲ့ ခံစားရတာကို ကြောက်လွန်းလို့ ခံစားပြီး ဆက်မချစ်ရဲဘူး။ ကိုယ်က ချစ်ရတယ်ဆိုတာ အန်မတန်မှ ခံစားရလွန်းပါတယ်။ သူက ပြန်ချစ်ရင် တော်သေးရဲ့။ ပြန်မချစ်ရင် သိတ်ခက်ပါတယ်။ မိန်းကလေး ဘဝမှာ. ကိုယ်က လဲ ကားတင်ပြီးမပြေးနိုင်. ချစ်မလား မချစ်ဘူးလားလို့ ဒါးထောက်ပြီးတော့လည်းမမေးနိုင်။ သူလာမှ လဲကိုယ်က တွေ့နိုင်တဲ့ဘဝ။. သူမလာရင် တွေ့ခွင့်မရှိတဲ့ ဘဝ. ကိုယ့် သူသွားလေရာနောက် တစ်ကောက်ကောက် လိုက်ပြီး ဆေးလိပ်သောက်ပြီး သူ့ကို ထိုင်ကြည့် လို့ လဲ မရ တဲ့ကိုယ်တို့ မိန်းကလေး ဘဝ ဟာ သိတ်ပြီး မတရားလွန်းတယ်။

ဒါပေမဲ့ အဲသလို အချိန်မှာ အားနာပြီးပြန်ချစ်ခဲ့ရင်တောင် ဝမ်းသာခဲ့မယ်ထင်ရဲ့။ ကိုယ်ချစ်တဲ့သူဆီက အချစ်တစ်ခုကို ရခဲ့ဘူးတယ်ဆိုပြီး ဘဝမှာ ဆက်ပြီးပျော်ရွင်သွားမှာပါ။ ချစ်သူနဲ့လွဲဘူးတာ ဆန်းသလားကွယ်။

Boyz ရဲ့ ငါ့ကို ချစ်တဲ့သူကို another version ဖြင့်ခံစားသည်။
http://heartstations.blogspot.com/2009/08/blog-post_14.html

Wednesday, August 12, 2009

Morning Singapore!




Tuesday, August 11, 2009

viewed

ဟိုတစ်နေ့က သွားရင်းလာရင်းနဲ့...














Sunday, August 9, 2009

Nature of men 5

ဒီတစ်ပါတ်က စလုံးမှာ ရုံးသုံး ရက် ပိတ်တယ။် စနေ.တနင်္ဂနွေ တနင်္လာပါ။ သုံးရက်ပိတ်တော့ကာ အမှန်ဆိုရင် အသာလေးတော့ KL ကို သွားလို့ရပါတယ။် ခက်သွားတာက ကိုယ်က တနင်္ဂနွေ မှာမအားဘူးဖြစ်နေတယ်။ အဲဒီတော့ဘယ်မှ သွားလို့မရတော့ဘူ။။

မရတဲ့အထဲမှာ ရတာကိုလုပ်ရင်တော့လဲ JB ကိုတော့သွားလို့ရပါတယ်။ ခင် ရေ.. သွားမယ်လို့ ဆိုတာနဲ့ ငါးခြောက်ဆို ဖုတ်ပြီးသား (ထမင်းတော့မချက်ချင်) ဖြစ်တဲ့ခင်က လမ်းပေါ်ရောက်သွားပါပြီ။

အဲဒါနဲ့ မလေးရှားရောက်သွားကြပြီး ဘာရုပ်ရှင်များကြည့်မလဲစိတ်ကူးတဲ့ အခါ ဗလကောင်းသူများ ကားကို ကိုယ်က အဆိုပြူပေမဲ့ မနာလိုစိတ်တွေ များနေတဲ့ kmsl ရဲ့ ဗီတိုအာဏာကြောင့် mini pot noodle နဲ့ဘဲ ကျေနပ်လိုက်ရတယ်။ ကိုယ်စားတာက မလေး ခြောက်ကျပ် ပြားသုံးဆယ်။ အအေးမပါသေးဘူး။ သူစားတာ က ယောင်တိုဖူး က မလေး ရှစ်ကျပ် ယူလိုက်လို့သူရင်ခံသွားတယ်။ ရုပ်ကြည့်ပြီး ယူလိုက်သလားထင်ရတယ်။

ဘာထပ်လုပ်ကြမလဲ ကြံကြတဲ့အခါ မီးရထားလျောက်စီးရအောင် ဆိုပြီး ဘူတာရုံရောက်သွားတယ်။ အရင် ကအဲဒီဘူတာ ရုံက အဖြူရောင်ဆေးသုတ်ထားတာပါ။ အခု အဝါရောင်ဖြစ်သွားတာကိုတော့မကြိက်ချင်ဘူး။ ဘူတာရုံက အဲဒီ city square ဘေးနားလေး တင်ပါဘဲ။ ရထားက ည ခုနစ်နာရီလာမယ်ပြောတယ်။ အချိန်က ညနေ ခြောက်နာရီ ရှိနေပြီ။ နီးစပ်ရာမြို့တစ်မြို့ ကိုမေးကြည့်တော့လက်မှတ်ကုန်ပြီလို့ဆိုတယ်။ သူတို့ဆီမှာ ထိုင်ခုံမဲ့လဲရောင်းတယ်ဗျ. No seat ဆိုပြီးေ ရာင်းတာတွေ့ရတယ်။ ထိုင်ခုံ ကုန်သွားပြီလို့ဆိုတယ်။ ရထားခ ကလဲ အန်မတန်သက်သာပါတယ။် ဟိုနားဒီနား. မလေး ၁၀ အောက်ပါ။ စီးချင်သော်ငြားလည်း လက်မှတ်က ကိုယ်တို့သွားချင်တဲ့ နီးနီးနားနားမြို့ကို လက်မှတ်ကုန်သွားပြီ။ ဘာ seat မှာ မရှိတော့ဘူးဆိုတာနဲ့ လက်မြှျှောက်ကျပြီးသကာလ အကြံထပ်ထုတ်ကြတော့ ဘတ်စကားသွားစီးမယ်ဆိုပြီး ဘတ်စကားဂိတ်ရောက် သွားကြပြန်တယ်။

ဘတ်စကားဂိတ်မှာ အတော်စောင့်ရတယ်။ ကိုယ်တို့ကလည်းဘယ်မှ သိတ်သွားတတ်တာ မဟုတ် larkin (အဝေးပြေးကားဂိတ်) လောက်ဘဲသိတယ်။ အဲဒါ စိတ်မရှည်တာနဲ့ ဘေးက ကလေးမှတွေ ကိုမေးကြည့်တော့လာပါတယ်တဲ့။ သူတို့လာပါတယ် ဆိုတာကလည်း အတော်စောင့်ရတာဘဲ။ ကိုယ်တို့လူရည်မလည်တာလည်းပါတာပေါ့။ ၁၅ မိနစ်စီးရင် အဝေးပြေးကားဂိတ်ကိုရောက်ပြန်တယ။်

ကားတွေလည်းများ လူတွေ လည်းများ အခုဝါသနာပါရင် KL ကိုတက်လိုက်သွားလို့ရတယ။် မလေး ၂၅ ကျပ် ၃၀ ကျပ် လောက်ဘဲရှိတယ။် ဟင်း ..အရေးရယ်အကြောင်းရယ် ဆိုရင် ဘာဖြစ်လို့မအားတာ လဲ ကိုယ့်ဘာသာ ကိုယ်စိတ်ဆိုးပြီး အဲဒီအဝေးပြေးကာဂိတ် larkin က မောင်မြင့်ပလာတာ သွားစားပြန်တယ။် စားပြီးရင်းစားရင်းက မမ ဖြစ်နေပြီ။

မောင်မြင့်ပလာတာ ဆိုတာ ကန်တော်ကလေးက မောင်မြင့်ဆိုတဲ့တစ်ယောက်ကို အဲဒီဆိုင်မှာအ လုပ်လုပ်နေတာ တွေ့လို့ မောင်မြင့်ပလာတာ ဆိုင်လို့ခေါ်တာပါ။ ပလာတာ နစ်ချပ်။ အိုက်စ်လီမွန်တီး နစ်ခွက် ကို မလေး လေးကျပ် ပေးရပါတယ်။

စားပြီး ဟိုကြည့်ဒီကြည့်ကြည့်ပြီးသကာလ ပြန်ကြမယ်ဆိုပြီး ဟိုလျောက်ဒီလျောက်လုပ်နေတုံး kmsl သူငယ်ချင်းတစ်ယောက်ကို သူက မြင်လိုက်တယ်။ အဲဒီကောင်က မဲလဲမဲ အရပ်လည်း မရှည်ပါဘူး။ အဲဒါကို ညကြီးမိုးချုပ် သူဘဲသွားမြင်တယ။် မြင်ဆို ရှေ့တဲ့တဲ့ကလာတာကိုး။

ဟာ..သူငယ်ချင်းဆိုပြီးထုံးစအတိုင်း လက်ဆွဲနှူတ်ဆက်ကြတဲ့ အချိန်မှာ အဲဒီကောင်ဘေးက ကောင်မလေးတစ်ယောက် က လှစ်ကနဲ့ထွက်သွားတာကိုတွေ့လိုက်ရတယ်။ အဲဒါနဲ့ kmsl က အဲဒါမင်း အမျိုးသမီးလားကွ လို့မေးလိုက်တယ။်။ သူထင်တာက ဟိုတစ်ယောက်က ကိုယ်တို့ကိုမြင်ရဲ့သားနဲ့ဘာဖြစ်လို့ ထွက်သွားရတာလဲသိချင်လို့ ဒါပေမဲ့ သူ့အမျိုးသမီးနဲ့လဲမတူပြန်တော့ကိုယ်တို့ ဇဝေဇဝါဖြစ်သွားတာ မဆန်းဘူး။ ဟာ..ကိုယ့်အမျိုးသမီး ဒီလောက်ဘယ်ပိန်မလဲလို့ ဟိုကောင်က အေးအေးဆေးဆေးဖြေတယ်။ သူငယ်ချင်းပါ။ ဂျန်တန်းသွားကြမလို့ တဲ့။ အင်း။။ ကိုယ်တို့လဲ ဟိုပြောဒီပြောပြော့ပီးပြန်လာကြတယ်.။

အပြန်မှာ kmsl က တစ်ခုတွေးလာတယ။် မိန်းမ တစ်ယောက်ထဲ မရှိတာ မဆန်းဘူးကွ.။ တစ်ယောက်ထဲရှိတာ ကသာ ဆန်းနေတယ်ဆြိုီ့ပီး။။။။။။။။။။။။။။။။။။။။။










နောက်ဆက်တွဲ
အဲဒါနဲ့ တို့ဒီနေ့အလှပြင်ပါတယ်။ လှတပတ။ ကြည့်ပြီးသကာလချီးမွမ်းပါ၏။ ယခုကောင်မလေးများနဲ့ အတူတူဖြစ်သွားပြီ။ မတူတာ တစ်ခုဘဲရှိတယ်။ ဘာလဲလို့မေးတော့ အသက်တဲ့။
ဒါပါဘဲ။




စိတ်ဝင်စားက ဖတ်ရုရန်။
http://khinoomay77.blogspot.com/2008/11/nature-of-man.html
http://khinoomay77.blogspot.com/2009/01/blog-post.html
http://khinoomay77.blogspot.com/2009/02/nature-of-men-3.html
http://khinoomay77.blogspot.com/2009/06/nature-of-men-4.html


ice lemon tea




ပလာတာ


JB အဝေးပြေးကားဂိတ်


ဲJB ဘူတာရုံ


city square

Friday, August 7, 2009

Be my day

မနက်ကရေဘူးတစ်ဘူး။ ပေါက်စီတစ်လုံးနဲ့လမ်းထွက်ခဲ့တယ်။ နေ့လည်မှာ ဖုံ့းပြောနေပြီး။ ညနေမှာတော့ အောချက်လမ်းဘေးမှာ ကိုယ့်ကို ငုတ်တုတ်ထိုင်နေတာမြင်နိုင်မယ်။ ရေဘူးသောက်လိုက်။ ပေါက်စီစားလိုက်နဲ့။ ရင်ထဲမှာတော့ခံစားချက်မျိုးစုံနဲ့။

ဇတ်သိမ်းလိုက်တော့.........







Wednesday, August 5, 2009

hi-tech

အခုတစ်လော ဘလော့ဖတ်တာ နူံးက နဲနဲကျသွားတယ်။ ကိုယ်သွားဖတ်တာကို ပြောတာပါ။ အကြောင်းစစ်တော့ ဒီကွန်ပြူတာကြောင့်ပါ။ ဝယ်ထားတာ သုံးနစ်ကျော်ပါပြီ။ တိုင်မာ ထည့်ထားသလို ပျက်ဘို့ဖြစ်လာတာတော့မဟုတ်သေးပေမဲ့ နဲနဲကြောင်လာတယ.် ။

mozilla
ပိုဆိုးသွားတာက ဂေါ်ဇီလာ ကို အက်ပဒိတ် လုပ်လိုက်ရာမှာ တိုက်ဆိုင်မှူနဲ့ ဆိုးသွားတယ။် ဂေါ်ဇီလာဖွင့်လိုက်ပြီး မောက်စ ကို ထိလိုက်တာနဲ့ hang ဖြစ်သွားတယ်။ ရှေ့ဆက်လို့ကို မရဘူး။ ပညာရှင် များ က အဟောင်းကိုဖျက် အသစ် ပြန်စ ဆို လဲ မထူးဘူး။ နောက်ဆုံး အဲဒီနောက်ဆုံးပေါ်ကို ဖျက်ပြီး ရှေးဘက်ပိုင်း 20020 ကို ပြန် ထည့်လိုက်တော့မှ ဖွင့်လို့ရသွားတယ။် အဲဒါပေမဲ့လဲ အင်္ဂလိပ်လိုဘဲ မြင်ရ တယ် မြန်မာလိုမမြင်ရြ့ပန်ဘူး။ tool ကနေ zawgi one လဲထည့်ပြောင်းပြီးပါပြီ။ ဒါပေမဲ့လည်း ??? တွေ ဖြစ်နေတဲ့ဘလော့တွေ အများကြီးဘဲ။ အဲဒီတော့မြန်မာဘလော့တွေ ကို ဖတ် တဲ့အခါ တစ်ချို့ကို မြင်ရ.တစ်ချို့ကို မမြင်ရ..

IE
အရင်က အိုင်အီး 7 ကို သုံးပြီ အဆင်ပြေနေရာ က ဟိုတစ်လော က ..မကညော့ရရင် မနေုနိင်လို့ဆိုပြီး 8 ကို update လုပ်လိုက်တာမှာ တိုက်ဆိုင်မှူနဲ့အတူ ဖွင့်လိုက်တိုင်း (your system is infected with dangerous virus ………bla bla bla ………we recommended to download the software bla bla bla ) ဆိုတာ ကို သုံးခါ လေးခါ ကလစ်လုပ်ပြီး close လုပ်ပြီးကာမှ အဲ………အဲဒါနဲ့မပြီးသေးပြန်ဘူး။ အခုထပ်ဖြစ်တာ က ဘာမှန်းမသိဘဲ နဲ့ထပြီး window ကို Microsoft..premium ဘာညာ ဘာညာဆိုပြီး automatic download လုပ်ဘို့သူ့ဘာသာ ကြိုးစားပြီး သက်ဆိုင်ရာ CD မရှိပါဘူးဆိုပြီး ရပ်သွားပြန်ရော။အဲဒါကိုလည်း လိုက်ပြီးကလစ်လုပ်ပြီးပိတ်နေရသေးတယ်။ အဲဒါတွေ ပြီးကာမှ တစ်မျက်နျာဖတ်လို့ရပါတယ်။

blog
ကိုယ့်ဘလော့ကိုယ် ကိုယ်ဝင်လို့မရပြန်ဘူး။ အိုင်အီးမှာ sign in ကို နျိပ်တော့ မပွင့်ဘူး.တောင့်ခံနေတယ်။ အဲ..ဂေါ်ဇီလာ မှာ လဲမပွင့်ဘူး အဲသလိုဘဲ။ ကဲ အဲဒီတော့ search engine မှာ (ဟိဟိ) blog sing in ဆိုပြီး အဲဒီ ကမှ တစ်ခါ ကိုယ့်ဘလော့ ကိုယ်ပြန်ဝင်လို့ရတယ်။ အဲ.. ဂေါ်ဇီလာမှာ မြန်မာလို ရိုက်ထားတဲ့ email ကို ၊????/ တွေ နဲ့ မြင်ရပြန်ရော. အဲဒီတော့ အိုင်အီးဆီ ကို ပြန်သွားမှ မြန်မာလို အီးမေးလ်ကိုမြင်ရတယ်။

C box
မနေ့က ညနေက စီဘောက် ဝင်လို့မရပြန်ဘူး တစ်ညနေလူံးဘဲ။ အဲဒါနဲ့ pm ရဲ့ဘလော့ ဆီသွာြး့ပီး shout box ကို ခိုးလာပြီး ထည့်လိုက်တော့မှ လေကန်လို့ရပြန်တယ်။

အဲသလိုနဲ့ ဘဲ ဘလော့တစ်ခု ဖတ်ရဘို့အရေး ကလစ်လုပ်နေတာ က မနည်းပြန်ဘူး။



အဲ………..

Comment
အိုင်အီးနဲ့ကွန်မက် ကို ရေးပြီး submit လုပ်တဲ့အခါမှာ ဘာမှ မဖြစ်ပြန်ဘူး.တုတ်တုတ်မှ မလှုပ်ဘူး။ အဲဒါနဲ့ ဂေါ်ဇီလာဆီသွားပြီး ကွန်မက်ဖွင့်ရပြန်တယ်။ အဲ..ရေးမယ်ဆိုပြန်တော့ကာ.. ?????? တွေဖြစ်နေပြန်ရော စာ ရိုက်လို့မရပြန်ဘူး။ အဲဒါနဲ့ ရောက်လေရာအရပ်မှာ မြန်မာ စာ ရိုက်ပြီး မှ အဲ ဒါကို ကော်ပီကူးလာပြီး ဂေါ်ဇီလာနဲ့သက်ဆိုင်ရာ ဘလော့ကွန်မက်စိကို ပြန်လာပြီးမှ paste လုပ်ြ့ပီးသကာမှ submit လုပ်လို့ရတယ်။ ကဲ..မြင်ပြီ မဟုတ်လား. ကိုယ့်မှာ ဘယ်လောက်တောင် ကြိုးစားပမ်းစား ဘလော့နေရတယ်ဆိုတာ. ကိုယ့်ရဲ့ကွန်ပြူတာ အရည်အချင်းကို သိလောက်ပါပြီ။ ဒါတောင် စေတန်ဂေါက် တို့ မာခ့်တို့ဆီမှာ ပညာသွားယူနေတာ ခဏခဏ ပါဘဲ။ ဒါတောင် zt က ဇော်ဂျီကနေ ယူနီကုတ်ပြောင်းဘို့ဆိုပြီး software converter ကိုညွန်ပြနေလို့ မနည်းတောင်းပန်ထားရပါတယ။် လုကို (အဲ. သူ့စာ )ကိုခင်ပေမဲ့ကာ .အဆင်မပြေသေးဘူး. ၌ ကို ကျွဲလို့မဖတ်နိုင်သေးပါဘူး။

CD/DVD/ thumb drive
ဓါတ်ပုံတွေ ရိုက်ပြီး များလာတော့ဘယ်နားသိမ်းရမှန်းမသိတာနဲ့ ကိုယ်တို့ခေတ်ကဆိုရင် A drive လောက်ဘဲသိတာ။ပြီးတော့တစ်ခါ zip. ပြီးတော့တစ်ခါ CD rewrite တွေကိုသုံးပြီးသိမ်းကြတယ်။ အဲဒါနဲ့တတ်သလောက်မှတ်သလောက် ဖုနန်ကနေ အချပ်တွေ တစ်ဆယ်ကျော်ဘိုး ဝယ်လာပြီးသိမ်းမယ်လုပ်တော့ စက်က သတင်းပေးတယ။် အချပ်ထဲမှာ ဘာမှ မရှိဘူ။ ဆိုပြီးသိမ်းလို့လဲမရဘူး။ ဘာများမှားနေလဲကိုယ်လဲမသိဘူး။

အဲဒါနဲ့တစ်ခါ ဒီတစ်ပါတ် ဖူနန်သွားပြီး thumb drive သွားရှာပြန်တယ်။ ကြားဘူးနားဝနဲ့ ..ဘာရွေးရမှန်းမသိဘူး။ နောက်ဆုံး 8 GB ကို စလုံ့း ၂၄ကျပ်ဆိုတာကိုရွေးလိုက်တယ်။ အဲဒါနဲ့ အခု ပြောင်းထည့်နေတယ်။ 500 GB စက်တွေ တောင်တွေ့ခဲ့လို့ လေသွားမိတယ် ခပ်သေးသေးဘဲ။ အတော်လဲခေါင်းခြောက်သွားတယ်။ ဘာရွေးရမှန်းမသိတာနဲ့။ အဲဒါတောင် အိမ်မှာ wireless router ရှိလား. မော်ဒန်ကို သိလားလို့လာမေးနေတဲ့သူကလည်း ရှိသေးတယ်။

ဘာာာာာာာ။။။။။။။။။။။။။ အိမ်မှာ အင်ဂျီနီယာ ရှိသားဘဲလို့ ပြောမ လို့ လား ။...............လာ...........မပြောပါနဲ့ .... မုန်းမိလိမ့်မယ်........











မှတ်ချက်
ကိုကိုက ဟမ်……..အခုအတော်မုန်းတတ်နေပါလားတဲ့.........

Monday, August 3, 2009

recall

တို့တွေကတော့ဂျီးမများဘူး. စားလို့ရတာ အကုန်စားတယ်။ ကိုယ် မချက်ရရင်ပြီး ရော။ထမင်း ရှိရင် ဖြစ်တယ။် ဘဲဥ နဲ့ လည်းရတယ် ။ လဘက်နဲ့လည်းရတယ်။ ငပိကြော်နဲ့လည်းရတယ။် ပုဇွန်ခြောက် နဲ့လည်းရတယ။် ငပိ ရည်နဲ့လည်းရတယ။် ပုန်းရည်ကြီးနဲ့လည်းရတယ။် ခေါက်ဆွဲသုတ်နဲ့လည်းရတယ။် ဟင်းချိုက ပဲပင်ပေါက် ကလေးနဲ့ဂေါ်ီဖီိကလည်းနဲ့ဆိုရင်တော့ပိုကောင်းတာပေါ့။ ဘာမှ မရှိရင်တော့လည်း ခေါက်ဆွဲပြုတ် လည်းဖြစ်ပါတယ်။ ကုလားဆိုင်က ကြက်ကြော်ကတော့ဂဒီးဂဒီးဝယ်လွန်းလို့ ကုလားနဲ့တောင် ရည်းစား ဖြစ်တော့မယ်။ ဘာမှ မရှိရင်တော့ လည်းငပိသုပ်နဲ့လည်းဖြစ်ပါတယ။် ပဲဟင်းချိုက တော့လွယ်တာ ပေါ့။ ကြာဇံတွေ ထည့်ပြီးစားလည်း ကောင်းတာဘဲ။ တစ်ခါတစ်လေ လည်း တရုတ်ဆိုင် က ဝယ်လာတဲ့ ဝက်သားပြားနဲ့ ထမင်းနဲ့ လည်းစားလိုက်တာဘဲ။

ဝက်အူချောင်းလည်းမဆိုးပါဘူး။ ဟင်းဖြစ်တယ်။ ဘယာကြော်ငါးမူးဘိုး ဆိုလည်းဟင်းတစ်ခွက်ဘဲ။ နောက်ဆုံးဘာမှ မရှိရင် ထမင်းနဲ့ငံပြာရည်နဲ့ ဆမ်းပြီး။ ငရုတ်သီးမှုန့်လေးနဲ့နယ်။ ကြက်သွန်ဖြူကလေးကိုက်လိုက်ရင်လည်း လောကနိဗန်ဘဲ။ ဘဲဥကိုအိုးထဲ ထည့်ပြူတ် တာကတော့ရိုးနေပြီပေါ့။ ခေါက်ဆွဲမြင်ရင်တော့အီနြေမဆောင်နိုင်ဘူး. တရုတ် မင်္ဂလာဆောင်သွားလည်း အပြင် စားသောက်ဆိုင်သွားစားလဲခေါကှ်ဆွဲကြော်ဘဲမို့လို့ တရုတ်သူငယ်ချင်းက မဖိတ်တော့ဘူး.။ နင့်ကိုဖိတ်ရတာ ရှုံးတယ်တဲ့။တခြားဟာတွေ စားမှ တန်မှာကို ခေါက်ဆွဲကြော် ချည်းဘဲစားနေရသလားတဲ့။ ရှမ်းခေါက်ဆွဲလေများ စားရရင် အဲဒါ လူဖြစ်ရကျိုးနပ်ပြီ။ ပါပလာကြော်လေး လဲကြိုက်တယ်။ ကြွပ်ရင်ကြိုက်တာ ချည်းဘဲ။

ကောက်ညှင်းကျည်တောက် လဲကောင်းတာဘဲ။ ကောက်ညျင်းပေါင်း လေဲးကောင်းတာဘဲ။ ငါးချိတ်ပေါင်း လဲကောင်းတယ။် ပြန်ပေါင်းဆိုတာကောသိလား။ အုန်းနို့နဲ့ ပေါင်းထားတဲ့ကောက်ညှင်းပေါင်းပေါ့.။ အဲံဒါလေးမျှားစားလိုက်ရ ရွှလွတ်ဘဲ။ နောက် တစ်ခုရှိသေးတယ်။ လမ်းထဲမှာ ထမ်းပြီးရောင်းတာ. ဘာပါလိမ့်။ အင်း မုန့်သေးသေးအလုံးကလေးတွေ အော်.အဲဒါ မုန့်ကြာစေ့...စားဘူးလား။ သိတ်ကောင်းတယ်။ တစ်ခါစား နစ်ပွဲဘဲ။ မုန်စိမ်းပေါင်း လဲကောင်းတာဘဲ။ ကောက်ညှင်း ထုပ်လဲကောင်းတာဘဲ။ ရွေရင်အေးကတော့မစားမဖြစ်.မစားရင်တာဝန်မကျေသလိုဖြစ်မယ။် တို့ဟူးသုပ်လည်း ရွှောက်ရွက် ကလေးနဲ့များ။ ဟင်း........ အခုတောင် အိတ်ထဲမှာ ပေါက်စီနဲ့မြေပဲလှော် (မြန်မာဆိုင်) ကဝယ်ထားတာ တစ်ကျပ်ခွဲတန် ရှိသေးတယ် စားမလားစိတ်ကူးနေတုံး။

မှတ်ချက်
ကိုယ့်ဘာသာကိုယ်ပြန်ဖတ်ရင်းနဲ့တောင်ဘိုက်ဆာလာသလိုဘဲ။

Sunday, August 2, 2009

Frozen

အခုဒီစာကို မက်ဒေါနားရဲ့ Frozen နားထောင်ရင်း ရေးပါတယ။် ( http://www.youtube.com/watch?v=m6SDMCLN5oM ) ကိုယ် သီချင်းကိုလည်းသေချာ နားလည်တာမဟုတ်ပါဘူး။ အမြဲယောင်ဝါးဝါးပါ။ သူ့ကိုကြည့်ရင်းနဲ့သတိရမိတာကတော့ မိန်းကလေးများက ဘယ်လောက်ဘဲလှလှ အချိန်တစ်ချိန်မှာတော့ အိုရမှာပါဘဲ။

ကိုမဆာလာနဲ့နေရတာ တော်ရုံစိတ်ခိုင်ရုံနဲ့မရပါဘူး။ ဒီနေ့လည်းလုပ်ပါသေးတယ။် မြန်မာဆိုင်က အစ်မကြီးတစ်ယောက်ကိုကြည့်ပြီး သူက…….ဟာ == ဝန်းကျင်ဖြစ်ရမယ်တဲ့။ (ဟမ)်. ဘာဖြစ်လို့လဲ.....ဆိုတော့ သူ့ဗိုက်ကို ကြည့်ပြီးပြောတာလေကွာ။. မင်း်နဲ့ အတူတူဘဲတဲ့။ အာာာ လာာာာာာာာာ.း။ ဒီ လောက်တော့ မဆိုး သင့် ပါဘူး ကွာ. ။။။။။။ ။။။။။။ ။ ။။ ။။ ။

ယောက်ကျားလေးများက အန်တန်မှ ဆိုးဝါးပါတယ။် ရန်ကုန်မှာတုံးကလည်း ခင်မောင် သိန်းထွန်းဝင်း နဲ့တွေ့တဲ့အခါ အစ်မကို မြင်ရတာ အစ်မ အမေကိုသိတ်သတိရတာဘဲ။ အမေနဲ့ တယ်တူတယ်ဆိုဘဲ။ အဲဒါနဲ့ အင်းယားလမ်းက စင်ပေါ်ကို မတက်ရဲ အောင်ဖြစ်သွားလို့ အင်းယားလမ်းထဲဘဲ လမ်းလျှောက်နေတာ. .
.ညနေစောင်းတော့အာကွာ . ဘာဘဲဖြစ်ဖြစ် ဒင်းပြောတာ မှူစရာလားဆိုပြီး ကိုယ့်ဘာသာ ကိုယ် စင်ပေါ် တက် လိုက်ပါတယ။် စင်ပေါ်ရောက်တော့လဲ သူ့ဘာသာ ကိုယ့်ဘာသာ ဘယ်သူမှ မကြည့်ကြပါဘူး.။ ဆိုက် ကို ပေးတယ်ခေါ်တာပေါ့။ ဒါကို ကြံ့ကြံခံနိုင်ဘို့လိုပါတယ။် သဲ ကိုးဖြာတွေပါ။

မှတ်ချက်
နောက်ဆိုရင် ပင်နီဇူလာလာရင် ဘိုက်စည်းဘောင်းဘီတို့..ကိုယ်လုံးကြပ် ခါးစည်းတို့ ဝတ်ပြီးလာမှ ဖြစ်တော့မယ်။ အခုက သင်္ကေတ က လျှောစောင်မဟုတ်ဘဲ ဗိုက် ဖြစ်သွားပါပြီ။
 
ထပ်ဆင့်မှတ်ချက်.
ဒါရေးထားတာကြာပါပြီ။ တင်ဘို့ကို ယောင်လည်ယောင်လည်လုပ်နေတာနဲ့။

ထပ်ဆင့်ထပ်ဆင့် မှတ်ချက်
အမြင်မတော်လဲ ပြောကြပါကွယ်။။ကြည့်မနေကြပါနဲ့......