Wednesday, July 30, 2014

29th July 2014

so silence ဆိုတာ ဘာမှ မပြောချင်တာ. ရင်ထဲမှာတော့ဆူညံနေတာပေါ့.

၁. ကွမ်းခြံကုန်းသွားတယ်။ အသွားအပြန် တစ်သောင်း ကုန်တယ်။ အိမ်ကနေ ပန်းဆိုတန်းဆိပ်ကမ်းကို နစ်ထောင်ကျပ်။ သဘော်စီးတာက တစ်ရာကျပ်။ ဒလကနေ ကွမ်းခြံကုန်း တောင်းအေ့စ်ကားကို စီးတာက တစ်ထောင့်ငါးရာကျပ်. အသွားမှာ ခေါင်းခန်း ကနေရာရပြီးအပြန်မှာ နောက်ဆုံးက ဘဲဥ ခြင်းတွေ ပေါ်ကနေ နေရာရတယ်။ ရွေဂုံတိုင်ကို ပန်းဆိုးတန်းကနေ သုံးထောင့်ငါးရာကျပ်. ကားကြပ်တယ်ဆိုပြီး မလိုက်ကြဘူး တစ်ကယ်တန်းတော့သိတ်မကြပ်ပါဘူး

၂. ရဲ က တက္ကစီကိုဖမ်းတယ် အမှန်တော့ငါနဲ့ဘာမှ မဆိုင်ဘူး. ဒါပေမဲ့ တ္ကစီဆရာကို ငါလမ်းကြောင်းရွေးပေးလိုက်တယ သူံ့ကံ ကိုယ့်ကံနဲ့ရဲ့က တ္ကစီကိုတားပါလေရော.  city cab ကဘေးမှ စတစ်ကာလိုမျိုးပါရမယ်ဆိုလား ကတစ်မှူ. အဲဒါမပါလို့က တစ်မှူ ကားဆရာက ယဉ်မောင်းလိုင်စင်က အနက်နဲ့တ္ကစီ အနီကိုတက်မောင်းတာ က တစ်မှူ . ကားနောက်ခန်းမှန်က စတစ်ကာတွေ ကမဲနေလို့ကတစ်မှူ. ကားနောက်မှန်ကို ချခိုင်းတယ် စတစ်ကာ ကပ်ထားလား အောရီဂျင်နယ် မှန်အမဲလား ဆိုတာ စစ်ဆေးတာ ငါ့ကားဆို နောက်မှန်က အမဲ ငယ်ငယ်တုံးကဆိုရင်တော့ ကောင်းသား အသက်ကြီးရင် ဘာမှ မကောင်းဘူ ငါစိတ်ဒါတ်ကျတာ တစ်ကယ်ဘဲ အဲဒါနဲ့ ကားဆရာကိုလေးထောင်ကျပ် အပို လှူလိုက်တယ်။ ကုသိုလ်ရတာပေါ့ သူလဲ အသက်ရှူချောင်တာပေါ့။ ဘာဖြစ်လို့ နာပါတ်အမဲနဲမောင်းနေကြတာလဲ သူလဲ သူ့ဒုတ်ခနဲ့သူရှိမှာပေါ့ ငါတောင် ယဥင်္မောင်းလိုင်စင် ဂကြီးလိုငစင် အနီယူထားတယ် ဟိုတုံးက တ္ကစီတွေ ခေတ်ကောင်းစဉ်က လူတော်တော်များများ တ္ကစီထောင်ကြတယ် ငါလဲ တ္ကစီထောင်ဲခဲ့ရင် ယဥင်္မောင်းလိုင်စင် အနီရှိမှ ကားပေါ်တက်လို့ရမှာကိုး မောင်းတာ မမောင်းတာထက် နဲနဲ ဟိုရွေ့ ဒီရွေ့လုပ်ရဘို့ လိုတယ်။ ဆရာဝန်က လိုင်စင် ရိုးရိုးလုပ်တုံးက ဒေါက်တာ ခဥမ ဆိုပြီးလုပ်ထားတာ ယဉ်မောင်းလိုင်စင် အနီကိုပြောင်းတော့ အရာရှိနဲ့ဝင်တွေ့ရတယ် ဘာဖြစ်လို့ြေ့ပာာင်းချင်တာလဲ ဆိုတာ ရှင်းပြရတယ် အရာရှိကလည်းပြန်ရှင်းပြတယ် ဆရာဝန် ဆိုတဲ့ နာမည်နဲ့ တ္ကစီ အနီလိုင်စင် ယူလို့မရဘူးတဲ့ လိုင်စင် ဂကြီးလိုချင်ရင် ဒေါက်တာ ကိုဖြုတ်ပးရမယ်တဲ့ ဆရာဝန်များ ဆရာဝန်ဘဲ လုပ်ရမယ် တ္ကစီမမောင်းရဘူးလေ။ အဲသာနဲ့ ငါ့လိုင်စင် က ဒေါက်တာ ခဥမ ကနေ ခဥမ ဖြစ်သွားတယ် ကိတ်စမရှိပါဘုး ဆမ ရှိရင်ပြီးတာပါဘဲ။

၃။ သွားရင်းလာရင်းနဲ့ ဆိုင်းဘုတ်လေးတွေ တွေ့တယ်မှတ်ဥာက်ကတော့မကောင်းတော့ဘူး ဆူးလေမှာထင်တယ်။ လူအများကောင်းကျိကျိုးအတွက် အော်ရီဒူး ထင်တယ် ဝမ်းနည်းရပါတယ် တစ်ကယ် . တအားမျှော့်လင့်ခဲ့တယ်။ တစ်မိနစ် ငါးဆယ် ဆိုတာကြီး ဘယ်တေြာွှ့ပုတ်မလဲ ဆိုတာ ရယ်အင်တာနာက်လိုင်းကလေးကို ရှလွတ်ရှလွတ်သုံးချင်တာရယ် ဒေတာ ပလန်နဲ့ လောလောဆယ်လုပ်ထားတယ်ဆိုတော့ဝမ်းနည်းရသလိုဖြစ်တယ် ဝင်ငွေ မကောင်းဘူးဆိုတာထက်ဝင်ငွေ မရှိတဲ့ အထဲ ရှင်နည်းရာ ရာ အဂလူထွက်သလိုဖြစ်တယ် ဘာအတွက် ညာအတွက် ကြေးမုံ မြန်မာ့လင်း ဆိုင်းဘုတ်အဘကီါ်ကြီးတွေ့တော့လဲ အံသြမိပြန်တယ် တစ်သက်နဲ့တစ်ကိုယ် သတင်းစာကို ကြော်ငြာတာ မတွေ့ဘူးဘူ အိမ်မှန်ရင် သတင်းစာယူတာဘဲ မိုးလင်းတာနဲ့ ဖတ်ကြတာဘဲ. စက်ဘီးကလေးနဲ့ပစ်ပေးသွားကြတာဘဲ ညနေမှ ရောက်ရင် ပူညံပူညံနဲ့ကြော်ငြာမှ ဖတ်ရမဲ့အထဲ သတင်းစာမပါဘူးလို့တစ်ကယ်ကို ထင်ထားခဲ့တာ။

၎.။ ငါဒီနေ့မောင့်ကို စိတ်ကောက်တယ် ငါစိတ်ကောက်ရင် အိမ်မကပ်တော့ဘူး ဝမ်းနည်းရင် အခန်းထဲက မထွက်ပြန်ဘူး။ မောင်က သိတယ် ငါကားမသိမ်းခင် အိမပေါ်က ဆင်းလာပြီး ကြက်ကြောာ် အကြောင်းရှာသွားစားတယ်။ တစ်သက်လုံးပေါင်းလာတာ ငါကောက်တာ သိတယ် ဆိုတဲ့သဘောပေါ့ ငါကျေနပ်သွားပြန်ရော။ ခက်တယ်။

၅။ စကာပူမှ မောင်လဲ မိုးလင်းမိုးချုပ် အလုပ်လုပ်တယ် ငါလဲလုပ်တယ် ငါမရောက်သေးလဲ မောင်းအိမ်မှာရောက်တယ် မောင်လဘက်ရည်ဆိုင်သွားလည်း ငါအိမ်က စောင့်တယ့် ကွန်ပြူတာ ကြည့်ရင်းစေယင့်တယ် စနေအားရင် စီတီးဟောသွားကြတယ် တနင်္ဂနေအိမ်မှာနေတယ်။ ညတိုင်း အိမ်မှာ ရှိကြတယ် သွားစရာမှ မရှိတာ.။ ကားလဲမရှိဘူး သုံးလဲ မသုံးနိုင်ဘူး။ ပိုက်ဆံက စုပြီးရင် စုနေရတယ်။ ဒါစကာပူလေ.မောင့်ကိုအမြဲ တွေ့နေရတယ်။

၆။ ရန်ကုန်ဟာ သိတ်ပျော်စရာကောင်းတယ် ကားလဲရှိ ပိုက်ဆံလဲရှိ ရုပ်ကလေးလဲ ရှိပညာလဲ ရှိ. ဥပဓိရိုပ်လဲ ရှိတဲ့မောင့်အတွ့် သူငယ်ျင်းတွေ လဲ ရှိ မောင်ရန်ကုန် ပြန်ဝင်လိုက် ထွက်လိုက်လုပ်နေတာ ကြာီပီဆိုတော့  ငါမရှိတော့ပျင်း. ပျော်ပျက်ထဲ နေသါးကျသွားတယ်။ ရန်ကုန်မှ လုပ်စရာတွေ အများကြီး မိန်းမ မပါလေ ပိုကောင်းလေ.။

၇။ တို့မှာချင်တာတော့ယောက်ကျားဆိုတာ အလိုလိုက်ဘို့မကောင်းဘူး.ဝေးဝေးနေဘို့မကောင်းဘူး အခု ငါလိုက်အုပ်ချူပ်တော့သူစိတ်ကျဉ်းကြပ်နေရှာကော ငါ ဝမ်းနည်းပြန်တော့သူစိတ်မကောင်းပြန်ဘူ အကော်းဆုံးက စကာပူကနေ မပြန်ကြပါနဲ့ မိုးလင်းမိုးချုပ် အလုပ်လုပ်ကြပါ. ဟင်းလေး ချက်စားလိုက် စီတီးဟောလေးဘဲသွားကြပါလို့ မှာချင်တာပါဘဲ။

၈။ စကာပူမှာ နေ့တိုင်းငွေဝင်တယ်ေ၇ွတွင်းကြီးဘဲေ၇ွတူးသလို နေ့တိုင်းပိုက်ဆံရတယ်။ ဝင်ငွေ  ကထွက်ငွေ ထက်ပိုတယ် အခုတော့ဝင်ငွေ မရှိဘဲ ထွက်ငွေ က ကြောက်ခမန်းလိလိ. အပြင် ထွက်ရမှာကို တစ်ကယ်ကြောက်တယ် ပိုက်ဆံအကြောင်းဘဲ ပြောနေတယ် တဲ့တစ်ကယ် မြော့ပချင်ပါဘူးပိုကဆံအကြောင်းကို. ဒါပေမဲ့ ကုန်ချက်က ကြမ်းလွန်းလို့ပြာလာတ. ကွမ်းခြံကုန်သွားတာ တစ်သောင်း ကားဆရာက လေးထောင်. ဟင်း ရွက် ကန်ဇွန်းသွားဝယ်တာက တစ်သောင်း စီတီမက်မှာ တစ်သောင်းခွဲ စုစိုပေါင်း ဒီနေ့ လေးသောင်း ကုန်တယ် ဒါအကုန်နည်းတဲ့နေ့ဘဲ ဆိုရင် ယုံပေးပါ။ ယောက်ကျားဆီ စာရင်းတင် တောင်းရမှာကိ စိတ် အညစ်ဆုံးဘဲ နစ်ပေါင်းော်တော်များများ ကိုယ့်ဝင်ငွေ နဲ့ကိုယ်ပျော်ပျော်ရွင် ရွင် သုံးလာတော့ အခုမဝင်တော့မရွင်ဘူး။ ကုန်ကုန်တာတွေ များတော့ ဒါတ်က ပျက်ပျက်လာတယ် အလုပ်လုပ်ရင် ပိုက်ဆံရမယ်ဆိုပေမဲ့လဲမလုပ်ချင်သေးဘူး။ ကြက်ဥနဲ့ ကြက်မ ၈ျာအေးသုမေရိုက်နေတယ်။

၉ ဝိတ်လျှော့တာလဲ မအောင်မြင်ဘူး ထမင်းစားတယ် မျှဉ်ချဉ်နဲ့ကြက်သား စားကောင်းတာပေါ့ မေးစရာမလိုဘူး နစ်ပန်းကန်. ကော်ဖီသုံးခွက် မုန့် တစ်ခု. ရေတစ်ပုလင်း. နံပြားနဲ့ ပဲပြု့တ် မောင်အေး။ ကြက်ကြော် loterriae ။ ဘိန့်းမုန်င့ါမှ မဝ ဘယ်သူဝမလဲ. ထိန်းရမှာပေါ့ ရက်ရွေ့ရတယ်။

၁၀ ဘာလို့ငြိမ်နေတာလဲ ဆိုတော့မပြောချင်လို့ပေါ့ ဖုံးကို silence လုပ်ထားတာများတယ် မြင်ရင်တော့လဲ ပြန်ခေါ်တာပေါ့ vibrate ဆိုတော့သိတော့သိလိုက်တယ် viber့က မလေးရှား က ဖုံးနံပါတ် ကို မဖျက်သေးဘူး ဆက်သုံးနေဆဲဘဲ နောက်တော့ဖြေးဖြေး ဖျက်သွားတာပေါ့ အခုတော့ ဒီလိုပါဘဲ

Monday, July 28, 2014

27th july 2014












G mail တောင်မတက်တဲ့ connection ဘာလုပ်လို့ရလဲ Facebook ဖွင့်လို့ရတယ်ဆိုလို့ကျေအေးလိုက်တယ်။ operator တွေ များဘို့မလိုပါဘူး ရှိတဲ့လူတွေ efficiency ဖြစ်ဘို့လိုတယ်။ ပုံမထည့်ရတော့စာတွေ ချည်းဘဲ ရေးရမှာပေါ့. ရေးမှာဘဲ မတားနဲ့

 
 
၁. sky net သဘောကျတယ်။ တန်တယ်. တစ်လ တစ်သောင်းခွဲ ဝန်းကျင် တစ်နေ့ငါးရာ ဝန်းကျင်နဲ့စိတ်ချမ်းသာတယ် တီဗွီတစ်လုံး လိုင်းတစ်လိုင်းဘဲ ဆိုတာတော့အားမရဘူး လိုင်းခိုးဆွဲရင် ရမလား စဉ်းစားပေမဲ့ အခန်းတွေ က အဆင်မပြေဘူး. နောက်တစ်ခန်းမှာ 5 network တပ်ပေးလိုက်မယ် စိတ်ကူးတယ်။ စက်တောင်ပြန်ပြင်ထားရတယ်။ သွားစုံစမ်းပြီးပြီ တစ်လ လေးထောင်. sport မယူပါဘူး လေးထောင်ကနေ ခြောက်ထောင်ဖြစ်မယ် အိမ်မှာ ယောကျာ်းလေးက လက်ချိုးရေလို့ရတယ်။ ငါ့အစ်မက တော့လွါန်ခဲ့တဲ့နစ်ပါတ်လောက်က သက်တမ်းခြောက်လ တိုးလိုက်တယ်တဲ့. ဘယ်လိုစီဏဥင်္ပေးမလဲ ဆိုတော့လာပါလိမ့်မယ် ကြာမယ်ပေါ့နော်. တစ်ချို့အိမ်တွေ တော့ရနေပါပြီတဲ့ အလိုအလျောက် အိုတိုမက်တစ်ရသွားသင့်တယ်။ ငါတို့စကာပူမှာ ဆိုရင် . ထားပါတော့မောတယ် ငါ့အစ်မ သူ့ဘာသာ သူစီမံရလိမ့်မယ် ငါတော့ လေးထောင်နဲ့ ၁၈ လိုင်းရမှာပေါ့။ ပြင်ဆင်ခ မပေးရဘူးတဲ့ ကျေနပ်တယ် စက်အသစ်လဲပေးရင် ပိုကျေနပ်မယ်။ အန်တီနာ ခေါ်ရင် ဆာဗဏ် လေးထောင်နဲ့ လမ်းစရိတ်ပေးရမယ်တဲ့ သူများတွေ ကတော့ကိုယ့်ဘာသာ ကိုယ်အန်တီနာ ဆင်ကြတယ်တဲ့ ငါတို့အိမ်မှာတေှာု့အင်၈ျင်နီယာ ဆိုတာ ဒါတွေ လုပ်ဘို့မဟုတ်ဘူးလေ. ငါလုပ်ဘို့ပေါ့မလုပ်တတ်ရင် လူခေါ် ဘာအခက်ဆုံးလဲ သိလား မခ ဆိုတော့သိပါတယ် မောင် ပိုက်ဆံရှာရတာ အခက်ဆုံးပါ. အေးပေါ မောင်ဘဲရှာ ခဘဲ အန်တီနာ လူရှာ့ပါမယ် နင်ငါ့ကို သိတ်နိုင်တယ်မောင်. လျှော့ဦး။ချိုချိုသာသာ ပြောတာ လိုချင်တယ် ငယ်ငယ်တုံးကလို ငါက လဲ ငယ်ယ်တုံးကလိုမှ မလှတော့ဘဲ.ဘယ်ချိုတော့မလဲ။ ရိုးပြီပေါ့မောင်. မင်းတို့မိန်းမတွေ သိတ်ခက်တယ် အခြေအနေမှန်ကို နားမလည်ကြဘူး အိုကေ အိုကေ. ။ အချစ်ဆိုတာ ရင်ထဲမှာ ဘယ်ဘက်နားက ဝင် ညယဘက်နားကထွက်. အဝင်တောင်မခံဘူး တိန် ဆိုပြီး ညာဘက် နားထည်းကနေ ပြန်ထုတ်လိုက်တယ် ။ ဒါဘဲပေါ့ အေးတယ။် လောကကြီး အသက်ကြီးလာရင် အရှူံးဘဲ ငယ်တုံးကတော့မောက်မာနိုင်သပေါ့ ငါ့မောင်က ငါ့ကိုသိတ်ချစ်တာ. တော်ပါတော့မခ ရယ် မင်းမမော သေးဘူးလား..(သက်ပြင်းချ.)







၂။ မောင်က ကွန်ပြူတာ လက်ပတော့ပြင်ဘို့ပေးလိုက်ရင် ဖွင့်လိုက်ရင် တီတီတီတီ ဆိုပြီး အသံမြည် တယ် ပြောပြီးနော် ငါရန်ကုန် ရောက်တာနစ်လ မပြည့်သေးဘူး ငါသိတာ ကွန်ပြူတာ ပြင်တာ တစ်ယောက်ဘဲ ရှိတယ်။ ငါ့သူငယ်ချင်းသွားပြင်တုံးက လိုက်သွားတာ. ကီးဘုတ်ကပ်နေတာ အစ်မ သန့်ရှင်းရေးလုပ်လိုက်ရင် ကောင်းသွားမယ် ကောင်းတာပေါ့ကွယ် ပြင် ပြင်. ကီးဘုတ်တွေ ဖြုတ်လိုက်တာ လေးလု့းဖြုတ်လိုက်တာ ကျိုးသွားတာပေါ့ကွယ် ငါလဲ service center ရောက်သွားတာပေါ့ ကျိုးသွားတဲ့ကီးကို ကော်နဲ့ကပ်ပေးလိုက်သေးတယ် စာရိုက်ရင် ဆီးဆော စီးရသလိုဘဲ ကီးလေးက နိမ့်လိုက်မြင့်လိုက်နဲ့ အတော်နိပ်စက်ကြတာဘဲ မပြင်တတ်ရင် မပြင်ကြပါနဲ့လားကွယ်တို့ရယ် ငါသုံးသောင်းခွဲ ကုန်သွားတယ် ကီးဘုတ်လဲလိုက်ရတယ။် တတ်လို့လုပ်တာ မဟုတ်ဘူး ငတ်လို့လုပ်တာ ဆိုတာ ငါမေ့သွားတယ်.။ မောင်ကတော့ခွှု့်လွတ်တယ်။ error ပေါ့ကွာတဲ့ ဖြစ်တတ်ပါတယ် သိတ်စိတ်ထားကောင်းတဲ့မောင်. ငါ့ကတော့အဲသည်လူဆီ ထပ်မသွားတော့ဘို့လို့ဆုံးဖြတ်တယ်။


 

 ၃. မင်းစီးနေတာ ကီလို နစ်ထောင် ရောက်တော့မယ် အင်၈ျင်ဝိုင်လဲတော့တယ် မလဲပါရစေနဲ့မောင်ရယ်ဘာဖြစ်လို့တုံးတစ်ခုပြင်ရင် တစ်ခု ပျက်တယ် မောင်ရဲ့. မင်းကွာ ........ငါသွားရင် အချဉ်ကြီးကို ဖြစ်လို့မောင်ရယ် အားငယ်တယ်။ ငါ့များဆိုရင် ခွေးပစ်တဲ့ တုတ် ထင်ကြတယ် မလေးစားကြပုံများ မောင်နဲ့ကျားကန်ထားရတယ်။ သွားလဲ တဲ့ မလဲပါဘူး ဘာဖြစ်လဲ. ငါ့ နိပ်စက်ကြဦးမယ်. ကားအခင်းသွားခင်းတာ ခုံတွေ ဖြုတ် အထိုင်မကျလို့ ဒါတ် ဆီ ထည့်တဲ့ ခလုပ် အထိုငမမကျတာနဲ အထိုင်ခုံ အထိုင်မကျတာနဲ့ မတတ်တာလား ဖြစ်ကတတ်ဆန်းလုပ်ကြတာလားမ လေးစားတာ လား နစ်ခါ နစ်ခါ သွားရတာ လွယ်သလား အကောင်စုတ်တွေရဲ့။ ပြောလိုက်၇င်တော့ဟုတ်ကဲ့လိုတာ ရျှိပြောနော် လိုလိုနိုင်လွန်း ခဏခဏ သွားနေရတာ.။။

 
 ၄. ကားမှတ်တိုင်တွေ မှာ အလှူငွေ တွေ မိန်းမတွေ ကောက်ကြတယ် စာရင်းမရှီ အင်းမရှိဘယ်အဖွဲ့ကမှန်းလဲ မသိ. င်မထည့်ပါဘူး။ ပထမတော့ထည့်သေးတယ်။. ဈေးလာရောင်းတဲ့ ခလေးတွေ ကို သနားလို့ဈေးဝဝယ်တော့မောင် က မဝယ်နဲ့ မင်းဝယ်ရင် သူတို့က လောဘနဲ့ပြေးလာရင် ကားတိုက်ရင် ဒုတ်ခရောက်မယ်တဲ့ ငါမဝဝ်ရင်သူတို့ပိုက်ဆံမရဘူးပေါ့ ပိုက်ဆံအေ၇းကြီးတယ်လေ.မောင် ပိက်ဆံမရှီရင် ဘာဖြစ်မလဲ ဆိုမောင်ဘဲ မေးလို့ ပိုက်ဆံမရှိရင် ခွေးဖြစ်တာပေါ့မောင်လို့ဖြေ့ပီပြီ ကြက်ဥနဲ့ ကြက်မ ဘယ်က ဖြစ်လဲ မီးပွိုင့်ဈေးရောင်းအလှူငွေ ကောက် ဘယ်လိုဖြေရှင်းကြမှာလဲကွယ်။

 

 ၅။မောင် က ငါ့ဆီက ဆို သိတ်ကပ်တုတ်ချင်တာ ရေခဲမုန့်လေဲငါဘဲ ကျွေးရတယ် အခုလဲ နစ်ထောင်တောင်းပြီး သွားပြန်ပြီ. ငါသိပါတယ်မောင်လိုသေငှးကြီးနစ်ထောင်တောင်းသွားတယ်ဆိုတာ မောင်ကာရာအိုကေသွားတာ မဟုတ်ပါဘူးလို့ အလီဘိုင် ပြသွားတာမဟုတ်လား နစ်ထောင်နဲ့လဘက်ရည်ဆိုင်ဘဲ သွားလို့ရတယ်လေ. မောင့်အိပ်ကပ်ထဲ မှာ ငါးထောင်တန်တွေ ဘယ်ရောက်သွားလဲ အပေါဆုံးက ပိုက်ဆံဆို. ဟင်း ငါကတော့ sky net တစ်လုံးနဲ့ကျန်ခဲ့တာပေါ့ အပြင်ခေါ်သွားလို့မရတော့ကဘူလေ. အော်ဘဝ ဘဝ ဘနဲ့ဝနဲ့ပေါင်းတဲ့ ဘဝ

၆။ အပြင်မခေါ်ကြနဲ့တို့မှာ ယောကျာ်းရှိတယ် ညနေ ခြောက်နာရီဆို အိမ်ပြန်ဝင်ရတယ် ဒါမှ ဘိုင်းကောင်းကျေက်ဖိဖြစ်မှာပေါ့ မောင်နဲ့သွားရင် ဒါတ်ပုံမရိုက်နဲ မောင်မကြို့်ဘူး အသက်သုံးဆယ်တု့းက ဘာလုပ်လုပ်ဘာမှ မပြောတဲ့ မောင် အခုကြတော့အပစ်တွေ မြင်တာ များလို့ ခပ်ချိုချို နေရတယ် ဒါလဲ ဘဝဘဲ။

၇။ ဘဝတွေ သိတ်များသွားပြီ. သရက်သီး သုံးလုံးတစ်ထာင် လေးလုံးတ်စထောင်ဖြစ်နေပြီ ဝယ်တုံးဘဲ ဒိန်ချဉ် တစ်ခွက် တစ်ထောင် ဒီနေ့သောက်တာ မကောင်းဘူး ဒန်ပေါက်လဲ မစားချင်. စားရလွန်းလို့အီသွားပြီ ဘိုက်ပူလာပြီတဲ့ အစ်မက ပြောတယ် စားစရာ မစားမှ ပိန်တာကို အခုလို စားစရာပေါများတဲ့နေရမှာ မစားရတာ သိတ်အဆင်မပြေဘူး.

၈။ သီချင်းသံတွေ လဲသိတ်ခံစားလို့မရဘူး အသက်ကြီးလာတာ မကောင်းပါဘူး Lonely ဖြစ်လာတယ် သူငယ်ချင်းတွေ သိတ်ချစ်ခဲ့တာတွေ လဲမချစ်ကြတာတေ့ဘူ ကိုယ့်ဘဝနဲ့ကိုယ် သူ့ဘဝနဲ့သူ ငါကိုယ်တိုင်က မချစ်ချင်မခင်ချင်တော့တာ နိုင်ငံခြားမှာ နစ်ပေါင်းများစွားတ စ်ယောက်ထဲ နစ်ယောက်ထြ နေခဲ့ရတာ သိတ် အသားကျသွားပြီ လူတွေနဲ့မနေတတ်တော့ဘူ သူတို့ပြောတာတေါဘဲ ငါစိတ်မဝင်စားဘုး ငါ့အကြောင်းဘြ င်စိတ်ဝင်စားတယ်။ နားကို မထောင်ချင်တာ ။ ထမင်းစားလဲ မောင်ကလွဲပြီးအတူ မစားချင်ဘူး မျက်စိထဲ ဝင်လာလို့မရဘူး တစ်ယောက်ထဲ ငါ့ကို ဘာလို့ အကြာကြီနိုင်ငံခြားမှာ ထားကြသေးတာလား ငါကိုယ်တိုင်က နေခဲ့တာလား



၉. ငါ့သူငယ်ချင်းတစ်ယောကို ပြန်မလာနဲ့လို့ပြောလိုက်တယ် ဒုတ်ခတွင်းထဲ ဝင်မလာနဲ့လို့ ပြောလိုက်တယ။ဟိုမှာဘဲ အေးအေးချမ်းချမ်း စိတ်ချမ်းချမ်းသားသာ ကိုယ့်ဘာသာ ကိုယ်ရှာ ကိုယ့်ဘာသာ ကိုယ်သုံးဘာအပူမှ မရှိဘူးလို့ ဒီမှာ ငါ့မှာ ခြာလပတ်လည်လို့.ေ

၁၀. မျက်မှန် အိပ်ယာထဲ ထည့်အိပ်တာ ကျိုးသွားတယ် အခု အသစ်တစ်လက် အပို နဲ့ ဖတ်နေတယ် 3G လဲ ညတိုင်းဖွင့်အိပ်တယ် နင်မချမ်းသားသေးဘူးလား MPT. လည်နေတာ ကြည့်ရင်းနဲ့ အိပ်ပျော်သွားတာ အိပ်မွေ့ချလိုက်သလိုဘဲ.

 
 ၁၁။ကားမောင်းတာ အချက်ပြတာ အရမ်းနည်းလာတယ် ငါတို့ ဟိုခေတက တစ်ကယ်ဖမ်းတာ ဖြတ်မျဉ်းကိုခွ မောင်းလဲ ဖမ်းတာဘဲ အချက်မပြလဲ ဖမ်တားဘဲ အခုများတော့ဖမ်းတော့ဖမ်းတာဘဲ တက္ကစိပေါ်က ဆင်းလာပြီးဖမ်းတာတောင် တွေ့တယ်။ ဒါလဲ စည်းကမ်းမရှိကြဘူး မုန့်းဘို့ကောင်းတယ် တစ်ခါတစ်လေ ဝင်တောင် တိုက်ပစ်ချင်တယ် သောက်မြင်ကပ်လို့ အချက်ပြမီး ကို မသုံးကြဘူး စိတ်ကပူးပေါက်သလို မောင်းနေကြတာဘဲ။ ငါလဲ လစ်ရင် လစ်သလို ကွေ့လိုက်တောတာဘဲ. ရဲတွေ့ရင် တော့ထိတ်ကနဲဖြစ်သွားသား။ ငါမောင်းတာ နေးလို့ ခဏ ခဏ အဆဲခံရတယ် ကြောက်လို့ေ၇ှ့ကားနဲ့ဟထားလို့ကားးတွေ ကပျော်ပျော်ကြီါ်ဖြတ်ဝင်ကြတယ် အခုတော့ ဖင်ချင်းလိုက်ကပ်ထားရတယ် စိတ်ပုတ်မကြီးကို ဖြစ်လို့. ရေဆေး ၂၀၀၀ ကျပ်က အတွင်း ကို ပေါလစ်သုတ်ပေးတာ ဆေးအစုတ်ကြီးနဲ့ ဆေးတောင်ကွက်တယ်။

စိတ်ပျက်စရာကြီးပါကွယ်။


Saturday, July 26, 2014

be profesional

be professional

ငါ အထူးကု ဆရာဝန်ကြီးမဟုတ်ဘူး ဒါပေမဲ့ ဆေးကုတတ်တယ်
လူနာမသေအောင်ဆေးကုတတ်တယ် လူနာငါ့ကြောင့်မသေစေရဘူး.။ ငါဆရာဝန်ဖြစ်ချင်တယ်
တစ်သက်လုံးလဲ ဆရာဝန်လုပ်ခဲ့တယ် လုပ်ခဲ့တာမှ ဆေးရုံကြီးတွေ မှာဘဲ
လုပ်ခဲ့တာ ကုတင်တစ်ထောင် ဆေးရုံကြီးမှာ ဆရာဝန် လုပ်တယ် . လက်ညိုးညွန်ရာ
ရေမဖြစ်ပေမဲ့ ငါညွန်ရာ တော့ ဆေးစက်ထင်ခဲ့တယ်။ ငါစာရင်းကိုင်မဖြစ်ချင်ဘူး
ဆရာဝန်ဘဲဖြစ်ချင်တယ်။ ဆရာဝန်က ဆရာဝန်အလုပ်လုပ်မှဘဲ ဆရာဝန်ဖြစ်မယ်
ဆရာဝန်ဘွဲ့ကြီးကိုင်ထားပြီးဆရာဝန်မလုပ်ရင်တော့ဘွဲ့ရှိတဲ့ဆရာဝန်ဘဲ
ဖြစ်မယ်။

ငါ အခန်းတစ်ခန်းပြင်တယ် Just touch ပါ. ။ ငါနားမလည်ဘူး မောင်မအားဘူး
ငါါနဲ့ အလုပ်သမားနဲ့ မောင်မှာလိုက်တာ ငါလုပ်တယ်
ငါစိတ်ကူးပေါက်တာငါလုပ်တယ်။ စာရင်းမရှိဘူး စာရင်း ထက် ငါစိတ်ကူးပေါက်တာ
လုပ်တယ် ပိုက်ဆံပိုကုန်တာပေါ့ အိမ်ခန်းဆိုတာ ထည့်ရင်ထည့်သလို ကုန်တာဘဲ
ငါမတတ်မှန်း အလုပ်သမားက သိတော့ငါ့ကို မလေးစားဘူး ပညာလေးတွေ သုံးတယ်။
ငါလာတိုင်းနေ့တိုင်း ပစစည်းထွက်ဝယ်တယ် ပစည်းသွားဝယ်တော့ဘာဖြစ်လဲ
အချိန်ခိုးတာပေါ့ အလုပ်ရှင်က နေ့တွက်နဲ့ပေးရတာ အလုပ်သမားမအလုပ်လုပ်တာဘဲ
မြင်ချင်တယ် ထိုင်နေတာ မမြင်ချင်ဘူးအ လုပ်သမားကတော့ထိုင်ချင်တာပေါ့
အဲသည်တော့ငါနဲ့ပစည်းထွက်ဝယ်တယ်
တိုင်ပင်တာနဲ့အသွားအပြန်နဲ့အဲကွန်န်းကားနဲ့သီချင်းလေးနဲ့ စီးရသေးတယ်
အချိန်လဲ တစ်နာရီလော က်အသာလေးဘဲ အနားယူရတာပေါ့။ ငါပြောရင်
မလေးစားချင်ဘူးမောင်ပြောရင်တစ်ခွန်းဘဲ။

သံပန်းက ပျက်ချင်နေတာနဲ့ ဂဟေ ဆော်ယုံလေးပါ ငါတို့သံပန်း ဂဟေ ဆော် ဆရာဆီ
သွားကြတယ် လိုက်ကြည့်မယ်။ ဆော်လို့ရရင် ဆော်ပေးမယ် တစ်ချက် ငါးထောင်တဲ့
လန့်သွားတယ်. လေးဘက် နစ်သောင်းပေါ့. ဒါမှ မဟုတ် အသစ်ပတ်တာ ထည့်ပေးရ့ရင်
တစ်ချက် ခုနစ်ထောင့်ငါးရာတဲ့ လေးချက် သုံးသောင်းပေါ့ ဆစ်တော့နဲနဲ
ဆင်းတယ် ဒါပေမဲ့များနေသလို မို့ ပြန်လာကြတယ်။


ရန်ကုန် က လူတစ်ချို့ရဲ့ ရိုက်စားခွင်က ဒါဘဲ နဲနဲလေးကို
အကြီးချဲ့လိုက်ကြတယ် အကြီးချဲ့မှ ပိုက်ဆံပိုယူလို့ကောင်းတာကို
နေရာတစ်ကာလူလိမ်နဲ့ သူခိုးကြီးဘဲ ဆိုရင် ငါလဲ တစ်နေ့ ဒီအထဲပါသွားမလား
ထိန်းရမှာဘဲ. ငါ့အဖေတောင် ထိန်းနိုင်သေးတာ ငါဘာလို့မထိန်းနိင်ရမှာလဲ.
ပိုက်ဆံလိုချင်ရင် သမာ အာဇီဝရှာ. မတရားယူရင် မမြဲဘူး. ယူချင်ရင်
ယူကြပေါ့။

နောက်တစ်နေရာ သွားတယ် welding ဆရာက ဆိုက်ကားနင်းနေတယ် သွားရှာရတယ်
တွေ့တယ် welding ပုံးက တစ်နေရာမှာသွားယူရမယ် သူ့သွားခေါ်ရတာရယ်
ပုံးသွားယူရမှာရယ်က ကိုအတော်စရိတ်ကုန်နေပြီ ကား
ငါကိုယ်တိုင်မောင်းလို့စရိတ်သက်သာတယ် ကားဆိုတာ စီးဘို့မဟုတ်ဘူး
အလုပ်လုပ်ဘို့မဟုတ်ရင် ရန်ကုန်မှာ တက္ကစီဘိုးနဲ့ မွဲသွားနိုင်တယ်
ဘယ်သွားသွားနစ်ထောင် သုံးထောင်. မကျေနပ်ရင် ဘတစ်စကားစီး. မမောင်းချင်ရင်
တက္ကစီစီး ဒီမှာ အရင်းရှင်စနစ်ပေါ်လာတာဘဲ အရင်းရှိတော့ကားဝယ်နိုင်တယ်
ကားဝယ်နိုင်တော့ တက္ကစီခ ကာမိတယ်။ ကြိုက်သလောက်သွား ဓါတ်ဆီ အော်တိန်း ၉၅
ထည့်တောင် တက္ကစီဘိုးကာမိတယ် ပိုက်ဆံတတ်နိုင်ပေမဲ့
မစီးချင်လို့မစီးချင်တဲ့ လူတွေ ကို ထည့်မပြောပါဘူး.

ငါပြောချင်တာက welding ဆော်မဲ့ ဆရာက ဆိုက်ကားဆရာဖြစ်နေတာဘဲ။
ငါဖြစ်စေချင်တာ welding ဆော်မဲ့လူက welding ဆိုင်ရှိရမယ် ငါသွားရင်
ပုံးကလေးနဲ့ လိုက်လာရမယ် ဒါငါဖြစ်စေချင်တာ. ဆိုက်ကားနင်းရင်းန့ welding
ဆော်မဲ့လူမဖြစ်စေချင်ဘူး သူ welding မဆော်တတ်ဘူး ငါမဆိုလိုဘူး သူတတ်တယ်
ဒါပေမဲ့ အကြောင်းအမျိုးမှိုးနဲ့သူဆိုက်ကားနင်နေရတယ် မောင် ဆိုရင်
တော့အဲသည် ဆိုကက်ားဆရာကို ခေါ်ချင်ခေါ်မယ် ဘာဖြစ်လို့လဲ ဆိုတော့မောင်တို့
အင်ဂျင်နီယာကို. အဲသည်တော့အဲသည် welding ဆရာကို ညွန်ကြားနိုင်မယ်
ဘာလုပ်ဘာလုပ်. ဆိုက်ကား welding ဆရာက ဘာပြောသလဲ ဆိုတာ့ကြိုက်တဲ့နေရာသာ
ပြောပါ. သူ တို့ပေးပါမယ်ကြည့်ပေးပါတဲ့ ပြသာနာက ငါ က ဆရာဝန်လေ.
ဘယ်နားwelding ဆော်ရမလဲ တို့ရမလဲ ငါမသိလို့သူ့ကိုခေါ်တာ သူက
လိုအပ်တဲ့နေရာလုပ်သွားရမှာ. ငါါကညွန်ပြဘို့ဆိုတာ မဖြစ်နိုင်ဘူးသူကလဲ
အလုပ်လိုချင်လို့ဖြစ်မယ် အလုပ်ရှိမှ ပိုက်ဆံရှိမှာကိုး .
ပိုက်ဆံလိုချင်တော့ရိုကျိုးတာပေါ့.

ငါပြောချင်တဲ့ message က ငါဆရာဝန်ဆရာဝန် ဆိုရင် ဆေးခန်းရှိရမယ်
ဆေးရုံရှိရမယ် ဘာမှ မရှိတောင် အချိန်ပိုင်းထိုင်နေတာလေးရှိရမယ်
ငါသေငှေးဘဲ ဆိုပြီါ်ထိုင်နေရင် ငါဆရာဝန်မဟုတ်ဘူး ။ဟိုတစ်လောက် က
ငါ့အမျိုးခွေးကိုက်ခံရတယ် အမျှုကိသွားပ်စတာ ခွေးက ဟပ်လုကိတာ
သေးသေးလေးပါ. ဒါပေမဲ့ ငါတို့စိတ်ပူတယ် ခွေးရူးကာကွယ်ဆေးထိုးချင်တယ်။
ခက်တာက ငါစကာပူ မလေးရှားမှာခွေးရှားတယ် ငါဆေးရုမှာလုပ်တယ်
ဖျားနာဆောင်မှာလုပ်တယ် ဖျားနာဆောင်ကို ခွေးကိုက်တာ မလာဘူး ဘာဆေးထိုးရမလငါ
ယောင်တောင်တောင်ဖြစ်တယ် ငါ့သူငယ်ချင်း ဆေးခန်းလိုက်သွားတုံးက
သူခွေးရူးကာကွယ်ဆေးထိုးတာ ငါမြင်တယ် ဘာဆေးနဲ့ဘယ်က ဝယ်တယ် ဘယ်လိုသိမ်းတယ်
ဘယ်လိုထိုးရမလဲ ဆိုတာ အညွန်းဂိုက်လိုင်းပါတယ် ဒါပေမဲ့ လောလော ဆယ်ငါ့ဆီမှာ
အရက်ပျံတောင်မရှိဘူး ငါဘာလုပ်လဲ ငါအမျိုးလဲ ဆရာဝန်ဘဲ သူလဲ ဆေးမကုဘူး
ငါတို့ ငါ့အမျိုးကို ဆေးခန်းလိုက်ပို့လိုက်ကြတယ်
ခွေးရူးကာကွယ်ဆေးထိုးပေးလိုက်တယ်ငါဆိုလိုချင်တာက in hand ဖြစ်နေရမယ်
ကိုယ်လုပ်တဲ့ဘာသာရပ်မှာကိုယ့်ဘာသာ ကိုယ်ပိုင်နိုင်ရမယ်. ပစ္စည်းပစယာ
ရှိရမယ် ဆိုက်ကားနင်းရင် welding လိုက်ဆော်တဲ့ ဆရာကို ငါ
အယုံအကြည်မရှိသလို ငါ့ကို ငါ့လူနာတွေ က အယုံအကြည်မရှိဖြစ်မှာ
စိုးရိမ်တယ်။ လူနာက ဆရာ ဟိုနားဆေးထည့်ပေးဦး ဒီနားမှာ
တစ်ချက်လို့လှန်ပြစရာမလိုဘူး ငါ တို့ ဆရာဝန်ကိုယ်တိုင်က လူနာကို
လှန်လှောပြီးလိုအပ်တဲ့နေရာ ဆေးထည့်ပေးနိုင်ရမယ် ဂဟေဆော်သလို ငါက ဟိုနားပြ
ဒီနားပြ တာကို ဂဟေဆော်တာ မလ်ုချင်ဘူး သူကိုယ်တိုင်က
ရှာဖွေပြီးလိုအပ်တာတွေ ဆော်သွားနိုင်ရမယ်။

ပြောချင်တာကတော့ငါ့အလုပ်ငါလုပ်ရမယ် ဒါပေမဲ့ မောင့်ကို
တစ်နေ့လံုးခွဲမထားနိုင်ဘူး ဘာလုပ်ရမလဲဟင်.တစ်နေ့လုံးဆေးရုံ
ညဆေးခန်းဆိုရင် မောင်နဲ့ငါ ဝေးသွားမှာပေါ့.။ ခက်တယ်မောင်။

Thursday, July 24, 2014

23 July 2014

အအမှန်တော့ ငါ့မောင်ဟာ ငါ့ကိုအန်မတန်ချစ်တယ် ငါချစ်တာထက်သူကပိုချစ်တယ ငါဆိုးသမျှခံတယ်ါငယ်ငယ်ကရည်းစားနှစ်ယာက်ထားတာလည်းသည်းခံတယ် ငါဖုံးတွေပြောတတ်မှန်းသိလည်းသည်းခံတယ် ငါ့ကိုချစ်တာကိုး ပြောလိုက်ရင်ငါစိတ်ဆိုးမှာစိုးတယ် အှန်က င့လည်းသူုကိုချစ်ပါတယ် ဒါပေမဲ့ မိန်းကလေးဆိုတော့ မယခင်ဟိုလိုလီုလိုလို ယောင်တတ်ဲာ ငါတို့ခေတ်ကိုး ဒါပေမဲ့ မောင်က ငါ့ကိုရည်းစနှစ်ယောက်ထားဘူးတယ်မဟုတ်လားမေးရင်တရေးနိုးမေးတောင် No ဘဲ ငါယောက်ပျားလေးတွေကြိုက်အောင်နတတ်တယ်လို့သူစွပ်စွဲတယ် ငါ့မှာအဲဒီ ability ရှိတယ်လို့သူ ယုံက်ြတယ် ခ ဒါတွေ မလုပ်တာ့ပါဘူးမောင် ခ အသက်ကြီးပြီ ယောက်ကားတွေကိုစိတ်ကန်ြသွားပြီ ဆျိုတာ့ မာင်ဟက်ဟက်ပက်ပ်ရယ်တယ် ရယ်ပါမောင် ရယ်ပါ ခ ဒါတွေစိတ်ကုန်သွားပြီ မောင့်ကိုဘဲချစ်တယ် ဘယ်သူမှ မသုံးတော့လို့ချစ်တာမဟုတ်ပါဘူးမောင်ရယ် မောင့်ကိုဘဲချစ်လို့ ခကိုချစ်တဲ့သူတွေအများကြီးထဲကောင့်ကိုဘဲယူခိုင်းခဲ့တာ ခတို့ လက်မှတ်ထိုးတဲ့နေ့က သင်းစာထဲပါတဲ့ ကြိတ်ပြီးကြေကွဲသွားမဲ့သူတွေရှိတယ်လို့ ခတော့ ယုံက်ြတာဘဲ 
ာင်နဲ့ရည်းစားစ်ြတော့ ၁၆ နှစ် ဆယ်တန်း တစ်ကယ့်အရွယ်ကောင်း ပြီးတောဆြေးကျောင်တက် ဆေးကျောက်းဆိတာအကြာကြီးတက်ရတာမောင်ရဲ့ တစ်လမ်းခုံးကလူတွေ ကျောင်းပြီးသွားလဲ ခတို့ကလွယ်အိတ်ကလေးတစ်လုံးနံ့ ကျော်းတက်ကောင်းတုံး င် ကျောင်းမပြီးသေးဘူးလားလို့ခဏခဏ အျမးခံရတာပေါ့ 

Sunday, July 20, 2014

19th July 2014



 

လောကကြီးမှာ မထင်တာတွေ လဲဖြစ်တတ်တယ် ထင်တာတွေ လဲမဖြစ်တတ်ဘူး ဒကာမကြီးလို့ ဘုန်းကြီးဆီက မကြားနာရပေမဲ့လက်ခံနေရတယ်။လွန်ခဲ့တဲ့သုံးနစ်က မမျှော်လင့်ခဲ့တာတွေ ကို မြင်ရတယ် လွန်ခဲ့တဲ့သုံးနစ်က ငါ အခုလိုသုံးနစ်အကြာမှာ ရန်ကုန်ပြန်ရောက်နေမယ် မထင်ခဲ့ဘူး.သေတပန် သက်တစ်ဆုံးပင်စင် ယူတဲ့ အထိ မလေးရှားမှာဘဲ နေရမယ်ထင်ခဲ့တယ်။ ထင်ဲခဲ့တာတွေ အများကြီး.........မမျှော်လင့်ခဲ့တာတွေ အများကြီး ဖြစ်ချင်တန်ဖြစ် ပျက်ချင်တာ ပျက်ရတာဘဲ ဒကာမကြီးရယ် တရားမချပေမဲ့ တရာတွေ ရနေခဲ့တယ်။

မနက်က ဈေးသွားတယ်ဝယ်ချလိုက်တာ ရက်စက်တယ် ကြက်သားသည်ကို မြန်မာ ကြက်တစ်သောင်းဘို; CPကြက် ခြောက်ထောင်ဘိုး တစ်သောင်းခြောက် ထောင်ဘိုးမှာလိုက်တယ် မှာလိုက်ရင်းနဲ့ ဈေးပတ်တယ် အဖော်မခေါ်လာဘူး တစ်ယောက်ထဲဘဲ ဈေးခြင်းတောင်းကြီးကိုင်လို့.

သရက်သီး လေးလုံးတစ်ထောင် ငါးလုံးတစ်ထောင် နစ်ထောင်ဘိုးဝယ်တယ် မျှစ်ချဉ်တစ်ထုတ် ခုနစ်ရာ နစ်ထုတ် တစ်ထောင့်လေးရာ တစ်ထောင်နဲ့ယူသွားတဲ့. ပန်းဂေါာ်ဖီတစ်ထုတ် ခြောက်ရာ မျှစ်ငါးရာဘိုး နစ်ထုတ် တစ်ထောင်ကျပ်.မုန်ညင်း စည်း လေးရာကျပ်.စုစုပေါင်း ငါးထောင်လေးရာကျပ်. နောက်တဆိုင်ပြောင်း. ခရမ်းချဉ်သီး ငါးရာဘိုး.ငရုတ်သီးစိမ်းနစ်ရောဘိုးသံပရားံနစ်ရာ. စုစိုပေါင်း တစ်ထောင်နီးပါ. ဆိုတော့ ခြောက်ထောင့်လေးရာ နောက်တစ်စည်ပြောင်း ချှဉ်ပေါင် တစ်စည် ငါးဆယ် အဲသည် တစ်စည် ငါးဆယ်ချဉ်ပေါင်ကို စကာပူမှာ စလုံးတစ်ကျပ်ပေးရတယ်မြန်မာငွေ ခုနစ်ရာကျော်ပေါ့ တစ်စည်းငါးဆယ်နဲ့ ခြောက်စည်း သုံးရာကျပ်ဘိုး ကန်စွန်းတစ်စသည်း ငါုးဆယ် လေးစည် နစ်ရာဘိုး.ဘူးသီးတစ်စိတ် နစ်ရာကျပ်. ရွှောက်ရွက် တစ်စည်းငါးဆပ်ာကျေပ်. တို့စရာ ခရီးသီး နစ်ရာဘိုး ခရမ်းသီးနပ် တဲ့ခရပမ်းသီး တစ်လုံးတစ်ရာကျပ်.



 

ဂေါ်ရခါးသီးတစ်လုံး ၁၅၀ ကျပ် နစ်လုံး သုံးရာကျပ်
ဂျုးမြစ် သုံးရာဘိုး.
ပဲ့ပင်ပေါက် ပဲပြား နစ်ရာဘိုး.
သရက်သီးထပ်ဝယ် ငါးလုံး တစ်ထောင်.
ဘာမှန်းမသိတာတွေ ဟင်းသီးဟင်းရွက် တစ်သောင်းဘိုးခန့်.

ပုဇွန် သုံးဆယ်သား လေးထုတ် . တစ်သောင်း နစ်ထောင်ကပ်ျ
ငါးကြင်း နစ်ထောင်ဘိုး.

စုစုပေါ်င်းလေးသောင်းလောက်ဖြစ်တယ်။

city mart ထပ်ဝင်. တစ်ရှူးပေပါ. နွားနို့. . ကြက်ဥ လိုတာလေးတွေ ဝယ်. တစ်သောင်း. စုစုပေါင်း ငါးသောင်းကျပ် တော်သင့်ပြီး

ဆေးသမား ခုနစ်ထောင်ကျပ် လိုအပ်တာဝယ်ဘို့သုံးထောင်ကပ်ျ စုစုပေါ်င် တစ်သောင်ကျပ်.

အိမ်ပြန်လာ ဟင်းရွက်တွေ ဝိုင်ချွေ အိမ်ရှင်မပါ ချွေတယ် zipper bag ထဲထည့်တာ် ဈေးနေ့တိုင်းမသွားချင်ဘူး ပျင်းတယာ် ရသလောက်မဝဝယ်ဘဲနရမယ်။ ပုဇွန်တ်စောက်က ချွေတယ်။ မောသွားတယ် ပြန်ထွက်တယ် ပွင့်သစ်စန်းရောက်တယ်။ နံပြားနဲ့မလိုင် ငါကြိုက်တယ် ထောပတ်သီးငါကြို့်တယ် ငါတင်မက လူတိုင်းလိုလို ကြိုက်မှာဘြ ပါးစပ်ကြိးတွေ ပါကြတယ် လေ.စားချင်မှာပေါ့. ကော်ဖီဆက်သောက်တယ် လန်းသွားအောင်လို့ ရွာလိုက်တဲ့ မိုး.

အာဇာနည်န့လမ်းေ်လျောက်တာ တွေ့တယ် ဒါတ်ပုံရိုက်လိုက်တယ် ချိးကျုးတယ် ငါတော့ မလျာည်လှည်နုငိဘးး ကြောက်တယ် အခုလို အနေ အစားချောင်ချိနေ၇ာနေ ဆွဲသြွးရင်း ခက်ခဲ ပင်တပန်းတဲ့ ဘဝကို ရောက်မယ်မ မလုပ် မရှူပ်ဆိုရင် ကိုယ်ချမ်းသာတာလေးစားနေရတာပေါ့ ကြောက်စရာကြီး. မလုပ်ရဲပေါင်.

မြေနီကုန်းသွတာ်း အိမ်မှာ handphone တစ်လုံးကို အထိုင်ဖုံးလုပ်ထားတယ် အစိုးရဆီက ငါးသိန်းနဲ့ သွင်းထားတဲ ပိုက်ဆံ ဖုံး. အထိုင်ဖုံး မှာ ဘက်ထရီကုန်နေတယ် ဘတ်ထရီ ဟိုမေးဒီနေမးနဲ့ ငါးထောင်ကျပ် ကုန်သွားတယ် စောင့်ကြည့်ရဦးမယမ် ဘယ်နစ်ရေက်ခံမလဲလို့.

ဘုရားသွားတယ် ဗိုလ်တစ်ထောင်ဘုရားမှောင်ရီပျိုး ပြီးတော့အိမ်ပြန်လာတယ်။ ထမင်း လျှော့စားတယ် ဒီနေ့မဆိုးဘဲ နဲနဲ လျော့်နိုင်တယ် လန်းဘို့သင်ရဦးမယ်။ လော့ကကြီးကိ ပျော်ဘို့သင်ရဦးမယ်





18th July 2014

ဖဘ ရှေ့တွင် တစ်ကုန်းကုန်းနင့် ဖတ်နေသော ခဥမကို တစ်ရေးနိုးသော မောင်သည် စိတ်ပျက်စွာ မင့်....ယာက်ကျင့်တွေ မပြင်သေးဟု ဆိုကာ စိတ်ပျက်လေသည် ခဥမသည်လည်းမျက်နာငယ်သွား၏။ လူမိသော သူခိုးကဲ့သို့ဖြစ်ချေသည်.

ဘိုက်ဆာသည် ဘာရှိလဲ ဟုမေးသော မောင့်ကို နွားနို့ ပေါင်မုန့်မီးကင် ဘီစကစ် ကိုးရီးယား ခေါက်ဆွဲ ခြောက်ပြုတ်ပေးရမလားဟု ယုယသော် အလှချည်လား အကြည့်ဖြစ် ဒါ ရန်ကုန်-- စကာပူ မဟုတ်ဘူး ငါ မုန့်ဟင်းခါးစားမယ် ဆရာစံကိုမောင်း ဟု instruction ပေးသည် ခဥမသည် မောင့်ကိုငယ်စဥင်္က နိုင်ရွေ့ ယခုသော် ခဥမ ကိုေ မာင်နိုင်လေသည်မျှာမီးကို ရေနင့် မှူတ်သကဲ့သို့ဖြစ်သည. ခဥမတို့ ပြားပြားဝပ် ယောကျာ်းကြောက်ရသည် လန်းသော အဆင်များကို မဝတ်ရဲ မောင်က ခဥမ လှမည် ကို မနာလိုလေရာ လန်းလန်းလေးများဝတ်လျှင် မကြည်ဖြူ. . မလန်းပြန်တော့လည်း အလန်းလေးများကို မောင်သည် ကြိုက်သည်. ခက်ကပြီ.

ဆရာစံသွားရွေ့ မုန့်ဟင်းခါးစားကြသည်စည်သည်မှာ ဝက်ဝက်ကွဲ သောကြာည ထင်၏. အလုပ်မလုပ်သောကြောင့်နေ့တိုင်း ဟောလီးဒေးဖြစ်ရာ ပြကဒိန်မကြည့်ဖြစ်. အလုပ်မလုပ်သောကြောင့်မောင်က ငြိုငြင်သည် အလုပ်သွားလုပ်လျှင် မောင်နင့်မတွေ့ရ. ကဲ ဘယ်နယ့်လုပ်ရပါ့ ဆရာဝန်မ

ဆရာစံအလန်းလေးများကြာ်းတှုင် ခဥမသည် ငေးမောကာပွဲကြည့်သလို သကြန်များ ငါရောက်နေသလား အောက်မေ့ရသည် မိန်းကလေးငယ်များသည် မိဘ မပါ ပျော်ရွင်စွာ ရှိသည်မိန်းမကောင်းလေးများပါ၏. ကလပ်မှ ပြန်လာသူများ မုန့်ဟင်းခါးဝင်စားလေ့ရှိသည် ဟု မောင်က ရှင်းပြသည် ကားရပ်ရန်နေရာမနည်းရှာရသည် လူကို တွန့်လိန်ကာ ကားတံခါးပေါက်မှ ထွက်ရသည် ခဥမ အလိုအရဆိုလျှင်တော့ ဝေးဝေးတွင် ရ့ပ်ကာ လမ်းလျှောက်မည် မောင့်အလိုအရတောဖ့လမ်းလျောက်ရန်ပျင်းသည် နီးနီးရပ် ရန် ညွန်ကြား၏. မောင့်ကို ထီးကမန်းကတန်းလိုက်ပေးရသည် giodano ထီးဖြစ်သည် ခဥမတို့သည် giodiona ထီးနစ်ချောင်းကို သယ်လာသည် နစ်သက်သောကြောင့်ဖြစ်သည် ထီးအမြဲပျေက်တတ်သော မောင်သည် လဘက်ရည်ဆိုင်တွင် ထားခဲ့ပြီးသတိရ ပြန်ကြည့်သောမရှိတော့ချေ. ကျန်ရှိပစ္စည်း တာဝန်မယူ ဆိုသည် ကို လက်ကိုင်ထားသော နေရာဖြစ်သည်. မိုးဖွဲများကျကာ သည် ကို မောင့ိုကကိုထီးလိုက်ပေးရသည်.ငယ်စဥင်္တုံးကတော့ မောင်က ခဥမကို ထီးလိုက်ဆောင်းပေးသည်ဖြစ်သ်ည ငယ်စဥင်္ကတည်းကလည်း ကပ်ဆောင်းလျှင် ခဥမ ပိုစိုသည် ။အိပ်ရာတွင်လည်းခဥမ အပိုင်းသည် ပိုကျဥင်္း၏. မောင်သည် ခဥမကို အားကြီးအနိုင်ယူလေသည် ခင့်အစ်မက ခင်ဥမကို မေတ္တာရှင်မလေး ငြိမ်းငြိမ်းအိ ဟု ခေါ်သည် ခဥမမေတ္တာတရားသည် ကြီးမားလှသည်.

မုန့်ဟင်းခါး ကို မောင်နစ်ပွဲစားသည် မုန့်ဟင်းခါးသုံးပွဲ ဟင်းရည်တစ်ခွက်သည် ၂၁၀၀ ကျပ်ဖြစ်၏. စားပြီးသော် သုတ်သုတ် ထသည် ဆိုင်သိမ်းကာနီးပြီ. မောင်သည် ထိုအရွယ်များကို ကြည့်ပြီး ဝမ်းနည်းရမလို ဝမ်းသာရမလိုဖြစ် feeling ဝမ်းနည်းသလို ဖြစ်သည် အကြောင်းမှာ မောင့်ဘဝတွင် ထိုကဲ့သို့တစ်ခါမျှ မသွားမလာဘူးချေ. ထိုအရွယ်သည်မောင်စာကျက်ရသော အရွယ်စီးပွားရှာရသောအရွယ်ဖြစ်သည ခဥမကတော့လစ်လျှင် လစ်သလို ပျော်ခဲ့ရာ မဆိုးလှ.

ဆရာစံပြီးသော် အအေးသောက်ချင်သော မောင့်ကို ခဥမက ၃၆၅ ကို ညွန်သည် ခဥမသည်လည်းရန်ကုန်မြို့ကြီးကို သိတ်မသိသေး ပိုလည်သော မောင်က ရွေဂုန်တိုင်တွင် ပသစ ကို တွေ့သွားသည်ဝက်ဝက်ကွဲပင်ဖြစ်သည် တက္ကစီများသုံးထပ်ရပ်၏ ကားရပ်ရန်နေရာမနည်းရှာရသည် စတော်ဘယ်ရီ ထောပတ် ကုန်ခါ လိမ်မော် ချယ်ရီရ၏. တစ်ခွက် တစ်ထောင်ကျပ်. အမြန်နှုံးဖြစ်သောက်လိုက်ရသည် အကြောင်းမှာ ဘေးဝိုင်းကာ ရွက်ကြမ်းရုပ်ရည် ကောင်မလေးသုံးယောက်နင့် ကောင်လေးနစ်ယောက် ကြောင့်ဖြစ်သည် ဆူညံလှချေသည် ဆူညံချိန် ဆူညံမပေါ့. ဘောင်းဘီတို. စကဒ်တို များကြားတွင် ထမိန်ဝတ်သော ခဥမ အဖော်မှာ ဆိုင်က အကူကောင်မလေးများသာရှီသည် ခဥမမှ ဒေါင်းတို့အလည်မှ ကျှီးကန်းကဖွယ်ဖြစ်သည်. ခဥမတို့ငယှ်ုငယ် ကဒါမျိုးရှိချင် ရှိမည် မရှိချင်လည်းမရှိ ရှိလည်းမသုံးနိုင်စာဘဲကျက်ရသည် စာမှ စာ ကျက်ရသည်.ဒါတွေ လုပ်နေလျှင် မစာနိုင်လျှင်စာမေွးပွဲကျမည်

Saturday, July 19, 2014

18th July 2014




ရန်ကုန်မြို့ရဲ့ကားကြပ်ပုံကတော့စက်ရပ်ထားရတယ် ခြေထောက်တွေါညောင်းလာလို့။ မနက် ရေကျော် ပြီးတော့ ပုဇွန်တောင်ဈေး. ပြီးတော့ ကိုးမိုင် ပြီးတော့ တောင်ဥကလာ ပြီးတော့ကိုးမိုင် ပြီးတော့အေဒီ ပြီးတော့ တော်ဝင် ပြီးတော့ အေဒီ ပြီးတော့ မြေနီကုန်း ငါ့ခြေထောက်တွေမညောင်းဘယ်သူညောင်းမလဲ။ အနိပ်ခန်းသွားဦးမယ် ညောင်းလိုက်တာ ဒါမှ မဟုတ် လေ့ကျင့်ခန်းလုပ်ရမယ် ဒါမှမဟုတ် ညစာ လျှော့ရမယ် လျှော့ပါမယ် ဆိုမှ မောင်က ထမင်းစားစောင့်နေတာနဲ့စားလိုက်ရတယ် ဒါတ်ပုံမရှိုက်ရဘူး မောင်ရှိရင် ခိုးရိုက်မှ ရတယ် ရွေဖုံရုံသီး. ကချက်လိုက်ရင် အာလူးလေးလိုဘဲ  ပြီးတော့ပု့ဇွန်ဆီိက်လေးတွေ ကြော်တယ် သရက်သီးက မောင်တစ်လုံး ငါတစ်လုံး ပစည်း ရှားလာပြီ ဈေးကြီးလာပြီ.




ပိုက်ဆံရှာရခက်တယ် လမ်းဘေးမှာ ဆေးသုတ်နေတဲ့အလုပ်သမားလေးတွေ မြင်ရတာ စိတ်မကောင်းဘူးကားအဲကွန်းကို ပိတ်လိုက်ဘို့စိတ်ကူးတယ် ဒါပေမဲ့ ကားမောင်းရတာလဲပင်ပန်းတယ် ရေကျော်ကနေကိုးမိုင်ကိုမောင်းတယ်ဆိုတာ ကားကြပ်ချိန်မှာ မလွယ်ဘူး စိတ်တိုရင် စိတ်ပင်ပန်းရင် ကားတိုက်နိုင်တယ် ကားတိုက်ရင်ေးဆရုံရောက်မယ် အလုပ်ရှုပ်မယ် စိတ်ချမ်းသ ကိုယ်ချမ်းသာ ကားမောင်းရင် အနာရယ်မဖြစ်ဘူး အဲသည်တော့ကားအဲကွန်းကို ပြန် ဖွင့်လိုက်တယ်

သနားပေမဲ့လဲ ဆေးသမားတွေ က ပန်းရံသမားတွေ ကလည်းတစ်ခါတစ်လေ သရဲကြီးတွေ လိုဘဲဘီလူးကြီးတွေ လိုဘဲ ဆယ်ပေပတ်လည် တစ်ကျင်းကို ဆေးသုတ်တာ ခုနစ်ထောင်နဲ့ တိုက်တစ်လုံးသုံးသိန်ဝိုက်သွားတာတွေ ရှိတယ် ။သူတို့ပညာပြရင် ခံရဘို့ဘဲ။ သနားတာကလည်း ကိုယ်က သနားလိုက် ကိုယ့်ကိုသူပြန်သွားလိုက်နဲ့ဘဲ လည်နေတယ်။





ဒီနေ့ဝိတ်လျှော့တာ မအောင်မြင်ဘူး ထမင်းကြော်ကန်ချီတဲ့ ထမင်းကြမ်းကို ငရုတ်ဆီ သုတ်ထားပြီ အချဥင်္တည်ပြီး ချက်တာ မကောင်းတဲ့ဝက်သားဟင်းနဲ့ပေးတာကို သုံးထောင့်ငါါ်ရာ. ကျပ်. ကိုယ့်ဘာသာ ထမင်းကြမ်း ငပိရည်စားတာတောင်ပိုကောင်းမယ် ထောပတ်သီးဖျော်ရည် ၁၀၀၀ ကျပ်. ကော်ဖီတစ်ခွက် ခြောက်ရာကျပ်.

အခင်းအကျင်းလိုအပ်တယ် အခင်း အကျင်း လှရင်ပိုပြီးစားချင်စဖွယ်ဖြစ်တယ် ပညာယူရမယ် မောင့်ကို ပြုစုရမယ် သိတ်နောက်ကျနေပြီလားမောင်။။









Friday, July 18, 2014

17th July 2014


 

ဝလာပြီ ကီလိုခြောက်ဆယ် ဘုရားဘုရား စားပြီးပြီးချင်းချိန်တာကိုး မနက်မှ ဝိတ်လျှော့ပြီး ပြန်ချိန်ရမယ် ဝိတ်ပြန်လျှော့ရမယ် စကာပူမှာ တစ်လလုံးထမင်းမချက်ဘဲ ပေါင်မုန့်နဲ့ ငပိကြော်နဲ့နွားနို့နဲ့ခေါက်ဆြွဲု့ပုတ်နဲ့ ကီလို ၅၆ လှလာတာ ခက်ပါပြီ. အသက်ကြီကီးလှချင်တုံးဘဲ ဆိုလဲ အေးအေးဆေးဆေးဘဲ မိန်းမတိုင်းလှချင်တယ် လှမှ attention ရတာကို ဘိုက်ပူဖှုါင်ကောက် ပုံတုံးကြီါ်ဘယ်သူက တွဲချင်မလဲ မလန်းတတ်ရင်တောင်မှ နဲနဲ ဝတုတ်ကြီးမဟုတ်ရင် မောင်က တွဲချင်ဦးမယ် မဟုတ်ရင် sky net ဘဲ နင်ကြည့်နေတော့ ဆိုရင်ခက်မယ်။

 
 
မိုးအေးတယ် သေငှေးဆိုတော့အေးအေးဆေးပါဘဲ မိုးမစိုဘူးမိုးရွာတော့ကားမောင်းလို့ပိုတောင်ကောင်းသေးတယ် ကားသစ်ဆိုတော့ပျက်မှာလဲမ စိုးရိမ်ရဘူး စက်သံက ငြိမ်နေလိုက်တာ တစ်ခါတစ်လေ စက်နှိုးထားမှန်းတောင်မသိဘူး မီးလင်းနေမှ စက်နှူိးနေတာ သိရတယ်။ အဲကွန်းလေးဖွင့်ပြီးမောင်းအေးအေးချမ်းချမ်း ဆရာစံဝင်ပြီး မုန့်ဟင်းခါးစားလာတယ် မောင်ပါရင် စားစရာတွေ ဓါတ်ပုံရိုက်လို့မရဘူးခိုးရိုက်ရတယ် တစ်ပုံဘဲ မကျေနပ်တဲ့ အကြည့်စိတ်ပျက်တဲ့ အကြည့်နဲ့ မောင်ကြည့်တတယ် တယ် ထမင့်းပွဲလဲ မရိုက်လိုက်ရဘူး မျှစ်ချဉ်နဲ့ ကြက်သားနဲ့ ကောင်းမှကောင်း မနက်က ပြဲ့ပား ပဲပင်ပေါက် ကျော်တယ်ပေါတဲ့ အထဲမှာ ပြဲ့ပားပဲပင်ပေါက်ပါတယ် တစ်ကယ့်ဆင်းရဲသားစာဘဲ ပဲပြားတစ်တုံး တစ်ရာကျပ်။ပဲ့ပင်ပေါ်က် တစ်ခါစားဝဝ စားနိုင်တယ် အဲဒါ တစ်ရာ နစ်ရာဘူိုးဆိုရင် ဟင်းဖြစ်တယ။ ဘဲသွေးက သုံးတုံးတစ်ရာ. မထည့်ဖြစ်ပါဘူး ပြောပြတာ။ သရက်သီးက ဈေးကြီးစပြုလာပြီ 


သုံးလုံးတစ်ထောင် လေးလုံးတစ်ထောင်တွေ ဖြစ်လာပြီ ငါလားအကောင်းဆုံးဝယ်တာပေါ့သု့းလုံးတစ်ထောင် မောင်အတွက် ဆို၇င် အကောင်းဆုံးဘဲ ဖြစ်ရမယ်။
ဈေသွားတာ မလွယ်ဘူး ရေကျော်ဈေးသွားတယ် ငါငယ်ငယ်က ရေကျော်ထဲနေဘူးတယ် ၄၆ လမ်းနေဘူးတယ် ဆိုတော့ပုဇွန်တောင် ဗိုလ်တစ်ထောင်ဟာ ငါ့နယ်မြေ. ကျန်တာ သိတ်မသိဘူး ဆိုတော့ ရေကျော်ဈေးသွားတယ်။ ပုဇွန်တွေကလဲ သိတ်မလတ်တာနဲ့ လတ်တာရောနေတယ် လတ်တယ်ထင်တာ ကို ဝယ်ရတယ် အခုနဲနဲဝယ်တတ်လာပြီ လာခါစကတော့ ငါဝယ်တာတွေ က ပုပ်စတောင်ပြုနြေီ့ ပီ ငါတို့ စကာပူမှ အပုပ်တွေ မှ မရောင်းတာ ငါမသိဘူးပေါ့. ပုဇွန် သေးသေးလေး တစ်ဆယ်သား ခြောက်ရာ. လေးဆယ်သားဝယ်တယ်။ နစ်ထောင့်လေးရာကျပ်. ငါပုနားတွေ ဘိုက်မကြီးတော့ဘူး ဥမပါတော့ဘူး မွေးသွားကြပြီ ထင်တယ် ငါးပုနားပိန်ပိန်လေးတွေ ဖြစ်နေတယ် ပစစည်းလဲ ရှားသွားတယ်။ အဲဒါလဲ နစ်ထောင်ဘိုး.။ ကြက်သားက မြန်မာကြက်တစ်ကောင်းချိန်ကြညည့်တာ လေးထာင်ကျပ်ဘိုး. 


 
 
ပြန်လာတော့ အိမ်ရှင်မ ပုဇွန်ကိုင်ရတယ် မယုံမရှိနဲ့ ကောင်မလေးတွေ ရေချိုးသနပ်ခါးလိမ်းပြီးကြတာ အားနာစရာ အိမ်ရှင်မ ငါ ဘဲ့ ပုဇွန် ကိုင်လိုက်ရတယ် မပျော်လို့ပြန်သွားရင် ခက်မယ်ပျော်အောင် ထားရတာ။ ကြက်ကြော် လဲဝယ်လာတယ် ပေါင်သာား တ်စချောင်း ၁၅၀၀ ကျပ်. တောင်ပံ ခြောက်ရာကျပ်။ ပြဲ့ပုတ် နံပြားတစ်ချပ် ၂၅၀ ကျပ်. နံပြားတစ်ချပ် ကို တစ်ရာကျပ်. ပဲပြုတ်မလိုင်တစ်ပွဲကို ငါးရာကျပ.် ငါကြိုက်တယ် မောင်အေးမှာ စားခဲ့တယ်။ ဘိန်းမုန့်တစ်ခု သုံးရာကျပ်. သုံးခု ကိုးရာကျပ်.မုန့်ပဲသားရေစာနဲ့တင် ငါးထောင်ကျပ်နားရောက်ပြီး
လမ်ေးဘးက လဘက်ရည်ဆိုင် ပြောပြီးပြီ ဒီလိုဘဲ သောက်ကြတာဘဲစကာပူက သန့်ရှင်ူသန့်ပြန့်တဲ့ ဟော ကာ စန်တာတွေ ကို သတိရတယ် 


 
 
စာတိုက်ကြီးလဲ ရောက်တယ် လိုင်းဖိုး ကြိုးဖုန်းးဘီလ်ရက်ကျော်သွားလို့သွားပေးတာ. နစ်နာရီ့ပိတ်တယ် အနားက Royal Mart လဲရောက်တယ် မဆိုးဘူး ခပ်သေးသေးနဲ့အစုံရှိတယ။် ဆက်ဆံရေးလဲကောင်းတယ် ဘာသိဘာသာနဲ့ဂရုစိုက်တာ။ လိုအပ်ရင် ချက်ချင်းခြင်းရောက်လာတယ်။
စာတိုက်ကြီးနားက အသုပ်စုံစားတယ်သန့သ်န်ံပြန်ဲပြန့်ပါဘဲဒါပေမဲ့ စိတ်တော့သိတ်မချမ်းသာလှဘူး အနည်းအျ့ဉ်းတော့ညစ်ပတ်မှာဘဲ စိတ်ကို ထိးန်ရတယှ်ှေလျှာ့ရတယ် နင်အခု စကာပူမှ မဟုတ်ဘူးသိတ်မကြီးကြယ်နဲ့လို့ကိုယ့်ကို ကိုယ ဖြေင်ာငဖြရတယ်။ 

 
 
မုန့်ကြာစေ့ တစ်ခွက်သုံးရာနဲ့ ခေါင်းရွက်သည် ဆီက ဝယ်စားတယ် မုန့်သည် ကချောင်းတစ်ဟွတ်ဟွတ်နဲ့ သလိပ်တွေ ထွက်လို့ ငါမှားပြီထင်တယ်လို့တွေးမိတယ် တီဘီများရှိနေလားမသိလို့တွေ့းတယ် စားသောက်ရာမှာ ငါတို့ တွေ ဟာ အန်မတန်မှ ဆင်းရဲသေးတယ်ဆိုတာထက် ကျန်းမာရေးအသိပညာ မရှိတာ အလကားကုပေးနိုင်ဘို့အတွက် ပိုက်ဆံနည်းနေတာ. မလေးရှားမှာ ဆိုရင် အားလုံးအလကားဘဲ .ဆေးကုပေးမယ် ဆေးမကုနိုင်လို့သေတယ် ဆိုတာ မရှိဘူး ဆေးရှိတယ် ပိုက်ဆံအကြောင်းစကားထဲလာမထည့်နဲ့ဘဲ.သတိရတယ်ငါတို့မလေးရှားကြီးကို။

 
 
ရေပိုက်ပေါက်တာ ကိုယ်ပ့ဘာသာ ဘဲပြင်ရမယ်တဲ့ စိတ်မပျော်ရွင်ပါဘူး ပိုက်ဆံမထုတ်င်္ကြဘူး ငါးထောင်လောကလေးကို တွက်ကပ်ကြတယ်ငါလဲ ပြန်လာတယ် နစ်သောင်းခွဲ ချီးကုန်းပြစ်မယ် လူဒွေ လူဒွေတတိုက်လုံး ယိုတဲ့ခီျးပိုက် ငါ့လာပြင်ခိုင်းတယ် ပြင်ပြီးဘု့်ကတော့ငါ့ပိုက်ဆံနြဲ့ပင်လို့ကတော့ အပေါ်က ဆင်းလာတဲ့ ချီးပိုက ငါ့နေရာ က နေစပိတ်ထားမယ် ငါပြင်တဲ့ချီိးုပိုက် ငါ့ချှီးပိုက်။


 










Wednesday, July 16, 2014

16 July



 
 
တစ်ကယ်ပါ. ငါ့ကိုငါ မြောင်းထဲ ရောက်နေသလို ခံစားရတယ် မြောင်းထဲကို ငါဘဲ ခုန်ဆင်းခဲ့တာ။ နိုင်ငံခြားမှာ ဆရာဝန်လုပ်တာ နှစ်ပေါင်းများစွာ. Master ဘွဲ့တစ်ခုလဲ အပိုယူခဲ့သေးတယ်။ ဒါပမဲ ငါ MRCP မဖတ်ဖြစ်ခဲ့လိုက်ဘူး. ပျော်တာလေ. ပျော်နေတာ မောင်က ဆူတယ် မဆူပါဘူး ပြန် review လုပ်ပြတာ. ငါ လဲသွားတယ်။ စိတ်ထိခိုက်လို့ ကိုယ့်ကိုယ် ကို guilty ဖြစ်ပါတယ်။ ဖြစ်ခဲ့ပါတယ် ဒါပေမဲ့ အားလုံးပြီးခဲ့ပြီး ဘွဲ့လွန် တစ်ခုတောင် ရအောင် ယူနိုင်တဲ့ငါ MRCP ဆက်ဖတ်လိုက်ရင် ပြီးသွားမှ ကို မနက် သုံးနာရီအထိ မအိပ်မနေဘလော့တွေ ရေး ဖဘ တွေဖတ်. လူလေး သုံးဆယ်လောက်က မမ ..မမ နဲ့ မြှောက်ပင့်နေတာ ကို သာယာနေတာ အခု မင်းကို သိတ်ကောင်းပါတယ်ဆိုတဲ့ လူတွေ ဘယ်ရောက်သွားသလဲ တဲ့ ငါလဲ မသိတော့ဘူးလေ. သူတို့မှ မဆက်သွယ်ကြတော့ဘု...... ဟုတ်ကဲ့မ.........ဖုံးဆက်လိုက်လိုက်မယ်နော် ဖုံးပြန်ဆက်လိုက်မယ်ဆိုပြီး ပျောက်သွားကြတာဘဲ။ ပြန်ခါနီး အစ်မဆီ ဖုံးဆက်ပါ ပြောစရာရှိလို့ ဆိုတာလဲ ဟုတ်ကဲ့ ဆိုပြီး ပြန်မဆက်ကြဘူးဘဲ. ချစ်ပါတယ် ပြောတဲ့သူတွေ လဲ လေနဲ့ဘဲ ချစ်တာ. နောက်ဆုံး ငါတစ်ယောက်ထဲ ကျန်ခဲ့တာဘဲ။ အချိန်တွေ ပြီးခဲ့ပြီ ငါလဲ မြန်မာ ပြည် ပြနရောက်သွားပြီ. 



 Master level ဖတ်နိုင်တဲ့ ငါ အင်္ဂလိပ်စာကို ဒေါင်းဒေါင်းပြေး ဖတ်နိုင်တဲ့ ငါ နဲနဲ အားသွန်ခွန်စိုက် ဖတ်လိုက်ရင် MRCP ပြီးခဲ့ရင် အခုလိုအချိန်မှာ private ဆေးရုံကို ဝင်တဲ့အခါ မမ ကတော့မာမာဘဲဖြစ်မယ် အခုတော့ငါခေါင်းငုံြ့ပီးဝင်ရမလား အသက်ကလည်းကြီးပြီ. ဖတ်နိုင်တဲ့အ၇ွယ်တုံးကမဖတ်ခဲ့ အခု ငါ့အချိန်တွေ ပြီးခဲ့ပြီ မျက်စိကလည်းမှူန်တာ oxford့handbook ဆိုတာ မျက်မှန်နဲ့တောင်မမြင်ရတော့ဘူး ခလေးတွေက ကိုယ့်နားတင်မက ကိုယ့်ရှေ့မှာ အများကြီး ဆေးခန်းဖွင့်မယ်ဆိုတော့ တောကြိုအုံကြားသွားရတော့မယ် MBBS တစ်ယောက်က ရိုးရိုးဆရာဝန်တွေ အများကြီးကြားထဲမှာ ငါဘယ်လိုတိုးရမလဲ ဘဝ ကို တစ်က ပြန်စရမယ် ငါသိတ်ဝမ်းနည်းတာဘဲ။ ငါ့မိုက်ပြစ်တွေဘဲ။ မလိုချင်ခဲ့တာ. ဟုတ်တယ် မလိုချင်ခဲ့ဘူး. ငါရထားတဲ့ နေရာ က ခိုင်မာတယ် အလုပ်ဆိုတာ ကိုယ်ထွက်မှ ထွက်ရမှာ သူက ထုတ်ဘို့ဆိုတာခဲယဉ်းတယ် လုပ်ငန်း secure ဖြစ်တဲ့နေရာ မောင်က ငါ့ကိုချစ်တယ် ငါတို့နစ်ယေက်ထဲ ရှိတယ်။ပိုက်ဆံတွေ သုံးပါလေ့. ငါ့အတွက် ပြည့်စုံရုံမက ပိုလျှံနေတာ ငါဘာလိ့ကြိုးစားမလဲ. ငါပျော်တဲ့ အလုပ်တစ်ခု ရှီတယ် မောင်ရှိတယ် မောင်ရှိတယ် ဆိုရင် အားလုံးပြည့်စုံပြီ. ငါမလိုချင်ခဲ့တာ ငါ့အပြစ်လား။


2.

traffic တွေ သိတ်ကြပ်တယ်။ မလိုလားအပ်လဲ ကြပ်နေတာ။ ရွေ ဂုံတိုင်တံတား ပေါ်က အဆင်းကော အတက် ကော ဆိုးတယ် ငါတို့ နိင်ငံရဲ့ လမ်းစနစ်ကဘဲ အဆင်မပြေတာလား ငါကဘဲ used to မဖြစ်တာလား ရွေရုံတိုင် တံတားပေါ်ကို မြို့ထဲကနေလာရင် အမြန်လမ်း speedy လိုင်းပေါ့်ကလာတဲ့ ကားတွေ ကတံတားပေါ်က အဆင်းမှာ ကမာအေးလမ်းပေါ့်မှာ ဖြတ်လိုင်းတွေ ကများလွန်းတယ် တံတာေးပ်ါက ဆင်းလာတဲ့ကားက အမြန်ဆုံးအလယ်လိုင်းကို ပြန်ယူရတယ် မဟုတ်ရင် ဖြတ်လိုင်းပေါ့်က ကားကို ဝင်အောင်းမိလိမ့်မယ် ကမာအေး တစ်လျှောက်လည်း ဖြတ်လိုင်းတွေ သိတ်များတယ် high speed lane ဆိုတာ အမြန်မောင်းဘို့ အမြန်လိုင်းပေါ်မှာ အမြန်မောင်းပြီး ဖြတ်မျဉ်ပေါ်က ကားတွေ က ဟိုဘက်ကို ဦးတည်ထားတော့သူတို့ ဖင်ကို ဝင်မတိုကင်ဘို့အတွက် အမြန်ဆုံးအလည်ကို ပြန်ပြန်ယူနေရတာ ရယ်စရာကြီး. နိုင်ငံခြားမှာတော့အားမနာဘူး အဝေးကြီးမောင်းခိုင်းပြီးမီးပွှီုင့်ရောက်မှ U turn နဲ့ပြန်သွားတယ် လူတွေ ကူးဘို့ ကုန်းကျော်တံတားဆောက်ပေးထာတးယ် လူတိုက်မိရင် လူ့ကံဝကံဘဲ. ကားလမ်းပေါ် လူဝင့်ကူးတာကိုး. ဒီမှာတော့လူလေးတွေ က လှစ်ကနဲ လှစ်ကနဲ ဟိုနေ့ ဘတစ်ကားပေါ့် ပြေးတက်တဲ့လူ ငါ့ကားရှေ့ကနေ ဝှစ်ကနဲ ကူးသွားတာ ဘုရားဘုရား သူ့ကို ဝင်မတိုက်မိဘို့ ငါ မနည်း ရှောင်လိုက်ရတယ်။ သူ့အပြစ်လဲ မဟုတ်ဘူး ဘတ်စကားက ဘတ်စကားလိုင်ငးက မသါားဘဲ အလည် lane ကနေသွားပြီးအဲသည် ကနေ အတင်အချအချလိုပ်တာ ဘုရားဘုရား. 



 
 မနက်က ကလေးမလေးတစ်ယောက် လမ်းပေါ်က ဗွ့က်အိုင်တွေ ကို ကြည့်ရှောင်တယ် ငါ့ကားရှေ့တည့်တည့်မှာ ညီမလေးရယ် အောက်လဲကြည့်အပေါ်လဲ ကြည့်ဘေးလဲကြည့်ကားလည်းကြည့်ကွယ်လို့ တိုးတိုးပြောမိတယ်။ သူမပြောနဲ့ ငါကိုယ်တိုင် ကားလမ်းပေါ်မလျောက်ရဲဘူးလမ်းကူးချင်ရင် ကားနဲ့ကူးတယ် ခြေထောက်နဲ့မကူးဘူး ကားနဲ့ အလည်ကြောကို ယူ ဖြတ်မျဉ်းကနေ ဂငယ်ကွေ့ကွေ့ အဲသာဆို ရင် ပိုခရီးရောက်တယ် လမ်းပေါ်က ကူးရင် နစ်ဘက်လုံးက ကားတွေ ကမရပ်ပေးဘူး အလည်မှာ ခါးကို လိမ်ထားရတယ် င့ါ့ကိုဝင်တိုက်မိမှာ စိုးလို့။


 
 
 ရွေဂုံတိုင် တံတားကိုတော့တစ်ကယ်အသည်းယားတာ မြို့ထဲကလာရင် အဆင်းဆင်းချင်းမှာ ဖြတ်မျဉ်းလုပ်တာ. နစ်ဘက်လံုးးပါဘဲ မြို့ထဲကိုဝင်တော့ကော ဇီဝိတဆေး/ရုံဘက်ကို ချက်ခြင်း ဖြတ်မျဉ်းကနေ ကားတွေ ကူးဘို့ စီထားကြတာ့ high speed lane ကနေ အလည်ကို ချက်ချင်းပြောင်းမှ ဖင်မအောင်းမှာ.


၃။ မနက် ၁၁နာရီခွဲမှာ ဒဂုံတစ် ရှိတဲ့လမ်း သမတရုံ ယုဇနဂါးဒန်း ဟော်တယ်ေ၇ှ့က မဖြတ်ပါနဲ့ ငါမသိလို့ဖြတ်မိတယ် free way ဟာ free way မဟုတ်တော့ဘဲ တန်းစီလိုက်တာ ရွေဂုံတိုင်ကနေ ရေကျော်ကို မောင်းတာ တစ်နာရီကြာတယ် ငါကြာတာ မဟုတ်ဘူး လမ်းပိတ်တာ. အဲသည်ကျောင်းကို ငါရွေ့ခိုင်းမယ်။ ကျောင်းလာပို့တဲ့မိဘတေါ ကို လမ်းလျှောက်ခိုင်းမယ်။ ပိတ်လိုက်တာ ပိတ်လိုက်တာ မနည်းထွက်ယူရတယ် ဘယ်လိုမှ ထွက်မရဘူး signal ပေးလဲ မလျှော့ပေးကြဘူး သနားတဲ့ကားတစ်ီးလျှော့ပေးမှ ရေကျော်ဘက်ကို လိုင်းကူးလို့ရတယ်။ အဲသည်ကျောင်းလဲ ကျော်ပြီးရော ရှင်းလိုက်တဲ့လမ်း နင့်အဘဘဲ။ နေ့လည်ကပုံတင်သေးတယ် Only me လုပ်ပြီး ရေးတဲ့ပိုစ်တစ်ချို့ရှိတော့ only me ဖြစ်သွားတယ်။


၎. အခုတစ်လော တအားစားတယ် စားစရာတွေ ကလည်းပေါတာကိုးကိုယ်ကိုတိုင်ကလည်း လှည့်ပတ်စားနေတာ. မနက်က ချင်္စတီးထမင်းစားတယ် ရွှေမြို့တော်မှာ ၂၆၀၀ ကျပ် ဈေးတက်သွားတယ်။ စားပြီး ဒီန်ခဲ တစ်ပွဲ ဆက်သောက်တယ် အားလုံးကုန်တယ် ချစ်တီးထမင်း ဓါတ်ပုံမရှိုက်လိုက်မိဘူး စားပြီးမှ သတိရတယ်။ ဆိတ်သားပက်ဖ် တစ်ခု သုံးရ်ာခြောက်ခု ဝယ်တယ်။


၅။ အခန်းတစ်ခန်းက အိမ်သာ ပိုက် ရေကျလို့ ဆိုပြီးဖုံးဆက်ခေါ်တယ်။ အဲသည်အခန်းနားက ရေကျတာ ငါတို့ပေးစရာလားလို့ ကွိုင်ရှာလိုက်တယ် အခန်းအားလုံးစုရှင်းကြပေါ့လို့ ပြောလိုက်တယ်။ စည်ပင်ကို တိုင်မယ်တဲ့ တိုင်ချင်တာ တိုင်လို့ ပြောလိုက်တယ်။ ငါ့လာ မခြိမ်းခြောက်နဲ့ ငါရှင်းနိုင်တယ်လို့ ပြောလိုက်တယ်။ ငါခလုပ်နိပ်တတ်သွားပြီ စည်ပင်ကို ဖုံဆက်ုပြီး မေးတယ်။ တစ်နေစ်နေရင် ခါးစောင်းတင်မယ်ရန်ကုန်မြို့ကြီးကို အခုတော့ အလုပ်မရှိ အကိုင်မရှိဝင်ငွေ မရှိတော့ မျက်နာငယ်တယ်။ ဒါပေမဲ သေချာတာက ငါ အဲသည်ကိတ်စကို နောက်တစ်ယောက်ကို လွဲပေးမှ ဖြစ်မယ် ငါတို့လို နိင်ငံခြားက ပြန်လာတဲ့လူမျိုးနဲ့ ဒီလူတွေ မကိုက်ဘူး.ငါတို့က သောက်ကြီးသောက်ကျယ်။ ဒီလောက်ပိုက်ဆံကို ဂ့ရုမစိုက်ပေမဲ့ ဘာမဟုတ်နဲ့ကောင်တွေ က လာဟောက်တာ မခံနိုင်တော့ အဆင်မပြေဘူး ဒီရန်ကုန် မြို့ကြီးမှာက စကားကို ချိုချိုသာသာပြော. လှည့်စား ဟောက်စားနိုင်မှ တော်ရုံကျမှာ ငါက လခစား ငါ့အလုပ်ငါလုပ်တယ် လုပ်တဲ့ပိုက်ဆံလခရတယ် ငါ့လခ ငါလောက်တယ်။ ပိုပိုလျှ့လျှံပျော်ပျော်ရွင်ရွင် သုံးနိုင်တယ်။ ဒီလောက်ပိုက်ဆံလေးနဲ့ စည်ပင်ကို တိုင်လုကိမယ်တေါ ဘာတေါ ညာတွေ ငါ့လာမဟောက်နဲ အောက်တန်းစားတွေ 


 
ကားရပ်ရင် နစ်ရာကျပ်ပေးရတယ် တစ်နာရီကျော်သွားရင် နစ်ရာကျပ် ကနေ လေးရာ ကနေ ခြောက်ရာကျပ်ဖြစ်တယ်။ ရပ်တုံး လူမလာဘဲရ့ပ်ပြီးရင် ပိုက်ဆံလာတောင်းတယ် ဒီနေ့ စိတ်မရွင်တာနဲ့ နေ့တိုင်းမရွှုင်တာပါဘဲ။ အဲသာနဲ့ ကားစောင်တဲ့လူကို ဟွန်းတီးပြီး ခေါ်တယ်ငါနဲနဲ တော့ရိုင်းသွားတယ်။ တစ်နေ့တစ်ခြား လူဆိုးမကြီးဖြစ်လာပြီ။ တောင်းတတ်ရင် ကြည့်တတ်ရမှာပေါ့ နစ်ရာထဲ နဲ့ လို့လာမပြောနဲ့ ဝိုင်းကြည့်ပေးဦး ငါတစ်ယောက်ထဲ မောင်းတာ ဒီကားလဲ အတိုင်းမမှတ်မိသေးဘူး နောက်ဝင်အောင်းရင် ခက်မယ်။ ဟိုနေ့က တစ်ယောက်ကို ကြည့်ပေးရင်းနဲ့ ကို နောက်ဝင်အောင်းတာ တွေ့လိုက်တယ် ကြည့်သူအ့ပစ်လားမောင်းသူအပြစ်လား ဂွမ်းကနဲဘဲ ဘန်ပါတော့ကျိုးပြီလို့ကြားထဲကနေ နမျှောပေးရတယ်။


၆။ မော်တော်ကား ရေသွားဆေးတယ်. အထဲပါ သန့်ရှုးရေးလုပ်ပေးတယ် နစ်ထောင်ကျပ် ။ သက်သာတယ်။ ငါ့ကားလဲ ညစ်ပတ်နေတာ ဘဲ ဟိုနေ့က ဝါးပင်အောက်ရပ်ထားတာ ဝါးရွက်လေးတွေ ကြွေကျနေတာ ကပ်ပြီး ပန်းချီဆွဲထားသလိုဘဲ လှမှလှ။ ဗွ့်က်တောထဲ ဇွိကနဲ နင်းထားတဲ့ ဖိနပ်နဲ့ကားကို စီးနေတာ ပလက်စတစ်အခင်း ခွက် ခင်းထားလို့တော်သေးတာပေါ့။


၇။ မုန့်ထပ်စားတယ် မစားချင်ပါဘူး မစားချင်ဘဲ စားရတာ ထမင်းအာလူးသုပ် ချဉ်ငံစပ် အိမ်မှာသုတ်လဲရတာဘဲ. သိတ်တော့မကွာလှဘူး ဒါပေမဲ့ လမ်းပေါ်တွေ့ စားလိုက်တာဘဲ သုံးပန်လှ လက်ဘက်ရည်ဆိုင်ကို ငါ appreciate ဖြစ်တယ် ရေနွေးခွက်ကို တစ်ခွက် ချင်းစီ customer ကိုလာချပေးတယ် လဘက်ရည်ဆိုင်မှာ ငါရေနွေးမသောက်တာ ကြာပြီ ရွံလို့ ခွက်စိမ်ထားတဲ့ ရေခွက်ကို ငါလက်ဘဲ ဆေးတယ်။ မသောက်ဘူး။ စားပြီးလက်ဆေးဘို့ အလွယ်တစ်ကူ ဘေစင် ထားပေးတယ် အမှိုက်ခွက်တွေ ခုံတိုင်းအောက်လိုလိုမှာ ရှိတယ် အိမ်သာ လဲသန့်တယ် မဆိုးဘူး သန့်တယ် တစ်ချို့ဆိုင်က သိတ်သန့်ပြန့်ပြီး တစ်ခါတစ်ခါစား per head ငါးထောင်က ငါ ဒေါ်လာစား နေစဉ်ကာလက စားတာ အခုက တစ်ခါတစ်လေဘဲ စားနိုင်တယ် များသောအားဖြစ်တော့ နစ်ထောင်လောက်ဘဲဘတ်ဂျက်ထားတယ်။ စားချင်ရင်တော့လဲစားမှာပေါ့ ပိုက်ဆံဘာလုပ်ဘို့လဲ သုံးဘို့ဘဲ ဟာ.ပြီးတော့ ထေပတ်သီးဖျော်ရည် သောက်တယ် ကုန်တာဘဲ။ 


 
၈ . အိမ်ပြန်လာတယ် မောင်နဲ့ ငါနဲ့ အခု ကားတစ်စီးစီ. .နစ်ယောက်တစ်စီးကြတော့ အဆင်မပြေဘူး တစ်ယောက်တစ်စီးကြတော့လဲ ဝေးသွားတယ် ဘယ်တတ်နိုင်မလဲ တစ်ခါတစ်လေ နဲ့ နေ့တိုင်းလိုလို မနက် ကော ညကော မောင် ငါ့ကားလာစီးတယ် ငါမောင်းတာပေါ့ သူက ပတ်ဝန်းကျင်ကို ကြည့်ရတာဝါသနာပါတယ် ငါ့ကို ရှင်းပြတယ် မောင်းနေရင် ပတ်ဝန်းကျင်ကို သိတ်မကြည့်နိုင်ဘူး အခုခေတ်က သိတဲ့အတိုင်းဘဲ မမောင်းတတတ်တဲ့ကောင်တွေ တက်မောင်းနေကြတဲ့ ခေတတ်. တက်ကစီတွေ လဲဈေးတက်တယ် ပြောတယ် traffic က တအားပိတ်တာကိုး.။ မောင်က ငါ့ကို ငါ အချိန်တွေ ဖြုန်းပြီး ငါ့အချိန်တွေ ပြီးခဲ့ပြီ ဆိုတော့ငါစိတ်ထိခိုက်သွားတာနဲ့ ကြက်ကြော်လိုက်ျေကျွးတယ် သူက စကာပူအလွမ်းပြေဘဲ ကြက်ကြော်က ပထမစားတော့စကာပူနေဲ့တော့သိတ်မတူသလိုဘဲ အခုတော့လဲ ဒါအကောင်းဆုံးစားရတော့ကြို့က်လာပါပြီ ကြက်ကြော်နစ်တုံးနဲ့ အအေးနစ်ခွက်ကို ငါေးထာင် ရေခဲမုန့် တစ်ခု စကူခွက်က ၈၅၀ ကျပ် နဲနဲတော့ဈေးကြီးတယ် အာလူးကြော်လဲ မပါဘူး အအေးက နဲနဲ နည်းတယ် ငါ့အလိုအရ ဆိုရင်တာ့ Large လိုချင်တယ် သူပေးတဲ့ အအေးငါမဝဘူး ဒါပေမဲ့ အနေအထား music အားလုံး Singapore ဆန်တယ် ကျေနပ်တယ် ကိုးရီးယားတော်တော်များများတွေ့တယ်။ အိမ်ရောက်တော့ မောင် ထမင်းနဲနဲထ ပ်စားတယ် ငါက မောင် ဆီက သရက်သီး ဆက်စားတယ်။ မောင့်ကို သိပ်ပြီးတော့ ကွန်ပြူတာရှေ့ငါရောက်လာတယ်။ ငါ မောင့်ကို ချစ်တယ်။

Monday, July 14, 2014

14 July



ဘောလုံးပွဲ ကြည့်ချင်သလိုလို မကြည့်ချင်သလိုလို ဖိုင်နယ်ကန်မယ်ဆိုတာသိတော့သိတယ်။ဘယ်အချိန် ကန်မယ်ဆိုတာ မသိတာ.မသိရင်မေ့းါလား. မမေးချင်ဘူး ဘယ်သူများ ဖဘ မှာ ပြောမလဲ ကြည့်တယ်။ ဘယ်သူမှ မပြောကြဘူး ကြည့်မယ်ဘဲပြောတယ် sky net ရှိပါတ.်။ ဘယ် channel ဘယ်အချိန် ဆိုတာမသိလိုက်ဘူး အခု သူများတွေ ပြောမှနောင်တ ရသလိုလို.

ဈေးမသွားချင်ဘူး. ဈေးဘိုးကုန်တယ် အချိန်ကုန်တယ် တရုတ်တန်းက ဈေးသွားတယ် သိတ်စည်တယ်။ ကားရပ်စ၇ာမရှိဘူး. ရေကျော်ဈေးသွားတယ် လိုချင်တာ မရဘူး. ၃၈ လမ်းဈေးသွားတယ် ဘယ်နေရာဘာရျိတယ်ဆိုတာမသိသေးဘူး. ကြက်သားသည် အလေးခိုးတယ် ဘယ်လိုသိလဲ ဟိုနေ့က ၃၈လမ်းဈေးမှာ ခြောက်ထောင်ဘိုးဝယ်တာ ဒီနေ့ ရှစ်ထောင်ဘိုးထက်ပိုရတယ် ပွုဇွန်တွေ မလတ်ဘူး. ဘယ်လိုသိလဲ. ကိုင်ရင်ပျော့နေပြီးခေါင်းတွေ ပြုတ်နေတယ်။ မဝယ်ရင် မကျေပ်ကြဘူး ဈေးမေးပြီးမဝယ်ရင် စိတ်ဆိုးတယ်။ နင့်ပုဇွန်မှ မကောင်တား. ငါ့လင် ငါ့ယောကျာ်းက ဂျီးမများဘူးဆိုပြီးမ ကောင်းရင် မကြိုက်ရင်မစားဘူး.

စကာပူလွမ်းတယ် မပျော်ဘီူးီးမှာဖောင်ဖျက်ခဲ့ပြီးပြီ မပျော်လဲ နေ ပျော်လဲနေ နိုင်ငံခြားမရောငက်ဘူးရင်လေဲကောင်းသငား မသွားကြပါနဲ့တော့ ဒါမှ ဒီမှာ ပျော်ပျော်ကြီးနေနိုင်မှာ

ကားကူရှင် အစွပ်စွပ်တယ် နိုင်ငံခြားမှာတော့မစွပ်ကြဘူးထင်တာဘဲ ဒီမှာတော့မစွပ်လို့မရဘူး. တောကလူတွေ မြို့တက်လာရင်ဘဲ ဖြစ်ဖြစ်. လုပ်ချင်ရာလုပ်ကြမှာ ကြိုပြင်ထားရတယ် သုံးသောင်းပေးရတယ် စွပ်ရင်းနဲ့ပြဲသွားတယ် ဟယ် နင့်ဟာ တိုက်ုဆွေးကြီးဆိုတော့မပူပါနဲ့တဲ့ စက်ဆိုင်သွားပြီ ခှုူုပ်ပေတယ်မှားပါတယ် ကိုသောင်းဖေရယိ

ကားကြးမ်ခင်းကိုလဲ ပလတ်စတစ်စွပ်တယ် ပလက်စတစွပ်တယ် ဆိုတာ ဒီမှာဘဲ ရှိမယ် အခင်းကိုလဲ ပလက်စတစ် အုပ်ရတယ် ခြေနင်းခွက်လဲ ဝယ်ရတယ် ဗွက်တောထဲ နင်းရတာ ဇွပ်ကနဲ ဇွပ်ကနဲ

ကားခေါင်မိုးပေါ်က အန်တီနာ တိုင်လေး ဆူပါဂလူးနဲ့ကပ်စွပ်ထားရတယ် ဖြုတ်ခိုးပြီးသွားရောင်းကြတာတော့ငါတို့က သူခိုးဈေးကနေပြန်ဝယ်ရတယ် .နောက်က toytota belta ဆိုတာတွေ ကို ရက်ဘစ်ရိုက်ထားရတယ် ခိုးတယ် ပြန်ဝယ်ရရင် ခြောက်သောင်းသူခိုးနဲ့လူလိမ်များတယ်။

တစ်ချို့နေရာတွေမှာ ရပ်ခဲ့ရင်စာရွက်ပေါ်မှာ ဖုံးနံပါတ်ေ၇ြးီးပီး တင်ခဲ့ရတယ် ဒါမှ ကရိန်းနဲ့ လာမဆွေဲခင်လော်စပီကာနဲ့ ပိုင်ရှင်ကို အော်ခေါ်တဲ့အချိန်ရှင်းလိုက်ရင် ခြောက်သောင်း ကရိန်းနဲ့လာခေါ်ရင် သိန်းကဂဏန်း

ကားမီးလုံးကို ပလတ်စတစ် အုပ်ရမယ်မ ဟုတ်ရင် ကြာရင်ဝါသွားလိမ့်မယ် ရှေ့မှန်စတစ်ကာ အမဲ ဆယ်လက်မ ကပ်ရမယ်. ကားမမောင်းတတ်တဲ့သူတွေ များလာတယ် signal မသုံးကြဘူး. ကွေ့မယ်မှန်းမသိတည့်မယ်မှန်းမသိတ. လုပ်ချင်တာ လုပ်ကြတယ်။

ကားအသစ်က မော်တော်ပီကယ် ခဏခဏတားတယ် စာရွက်စာတမ်းစုံမစုံ လိုင်စင်ပါမပါ. ဒီမှာ သူငယ် မင်းမမွေးခင်ကတည်းက ကားမောင်းလာတာကွဲ့  အိတ်ထဲမှာ လိုင်စင် အျမြဲ ပါတယ် ဝါသနာပရါင် စကာပူလိုင်စင် ထုတ်ပြလို့ရသေးတယ် မင်းတားတာ ကိတ်စ မရှိဘူး. ငါ့မှာ ငါဘာများ မှားလို့ လဲ ခဏခဏ ရင်တုန်ရတယ်။ ပိုက်ဆံအိတ်ကလေးများ ပြင် လို့ ဘာများမှားသလဲ လပ်ထိုးဘို့ပြင်နေတာ ဘယ်လောက်ပေးရမလဲ ရင်တုန်နေတာ. လက်ခံပါ့မလား စိတ်ပူနေတာ. နောက်ဆုံးပေါါ်နာပါတ်ကြီမို့လို့ ခဏခဏ မတားကြပါနဲ့ ကွယ်တို့ရယ်။