Tuesday, September 29, 2009

show flat

















တိုက်ခန်းဝယ်မလို့မဟုတ်ပါဘူး. သွားရင်းလားရင်း သူများ ဆောက် ထားတာ… .ဆောက် နေတာ လေးတွေ ..တွေ့လို့ရိုက်လာတာ။ အိမ်ရှင်တောင်မသိလိုက်ဘူး. ။ အိမ်ဝယ်မလိုလို ဘာလိုလိုနဲ့ ရူးချင်ယောင်ဆောင်ြီပီးရိုက်လာတာ။ မဆိုးဘူး.သန့်တယ်. ဘယ်တိုက် ကဘယ်ဈေးမှန်းမသိပေမဲ့ အဲဒီလမ်းထဲက မြေညီထပ် အဲသလိုမျိုးလေးခပ်ဆန်ဆန်ဘဲ လောလောဆယ် သိန်း နစ်ရာဂဏန်း ဝန်းကျင် နဲ့အရောင်းအဝယ်ဖြစ် သွားတယ် လို့ပြောတယ်။ အဲဒီလမ်း ရပ်ကွက် ထဲမှာ လုံးချင်းအိမ်ကလေးတွေလည်းရှိမယ်။ ကန်ထရိုက်လဲရှိမယ်။ မြေကြီးဘဲ ရောင်းနေတာလဲရှိမယ်။ အိမ်နဲ့ရောင်းတာလဲရှိမယ် တိုက်ခန်း ရောင်းနေတာလဲရှိမယ်။ ဝါသနာများပါမလားလို့ ။ clue လေးပေးကြည့်ဦးမယ် ။အဲဒီလမ်းတည့် တည့်ကနေသွားရင်အဲဒီရပ်ကွက်ဘက်အနီးအနားကိုရောက်မယ။်












Sunday, September 27, 2009

50/50
























ဒီလမ်းကလေး ကိုလျောက်ဘူးသူ နည်းလိမ့်မယ် ။. ရှိတော့ရှိမယ်။ အ ခြေအနေ နစ်ခုနဲ့ နေကြတယ်။ ရှိသူက ရှိမယ်။ မရှိသူက မရှိဘူး.။ ရှိသူက ရှိသလို. မရှိသူက မရှိသလို.ပျော်ရွင်စွာဘဲ နေကြတယ်။ ခြံကျယ်ကြီးတွေ လည်းရှိမယ။် ခြံခတ် ထားတာလဲ ရှိမယ်။ ခြံမ ခတ်ထားတာလဲ ရှိမယ်။ အတိုင်း အတာလား. ..... ဂရန်ရှိ တဲ့ခြံလည်းရှိမယ်။ ဂရန်မရှိတဲ့ ခြံလည်းရှိမယ။် ဒီသစ်ပင်ကနေ ဟို သစ်ပင်အထိ လို့ သတ်မှတ်ပြီးနေတဲ့ခြံလည်းရှိမယ။်









































လမ်း လျောက်ရင်တော့လည်းပတ်ဝန်းကျင်ကိုပို ကြည့် လို့ ရတဲ့ အနေအထားရှိမယ်။ စွယ်တော်ဘုရားကို လှမ်းမြင်ရတဲ့ နေရာလည်းရှိမယ။် မမြင်ရ တဲ့နေရာလည်းရှိမယ။် နောက် ဘုရားတစ်ဆူကိုလည်းမြင်ရတဲ့နေရာရှိမယ်။ မမြင်ရ တဲ့ နေ ရာလဲရှိမယ။်














































မိုးလေးရွာပြီးသွား ကာစ အချိန်လမ်း သွားလျောက်ဖြစ်တယ်။ ဟိုကြည့်ဒီကြည့် ငေး မောရင်းနဲ့ အတွေးများနဲ့ အတူလမ်းလျောက်ဖြစ်တယ်။ သစ်ပင်တွေ က စိမ်းစိုနေတယ။် လုံချည်ကိုမကာ ပင့်ကာ နဲ့ လျောက်။ ခဏခဏဝတ်ရင်းနဲ့လျောက်။


တစ်ချို့ခြံတွေကျတော့ လည်း အထဲကိုတောင် မမြင်ရတဲ့ ခြံတွေလည်း တွေ့တယ်။ မုန့်ဆိုင်ကလေးတွေတွေ့တယ်။ ကားပြင်နေတဲ့သူတွေတွေ့တယ်။ ခြင်းလုံးခတ် နေတဲ့သူ တွေတွေ့တယ်။ ကလေးတွေ ကစားနေတာ တွေ့တယ်။ ဆေးခန်းလည်းတွေ့မယ။် အခိုင်အမာ ခြံခတ်ထားတာတွေ ရှိမယ်။ ခနော်နီခနောနဲ့ ခတ်ထားတာတွေရှိမယ။် လမ်းကလည်း ချောတဲ့ နေရာရှိမယ်။ ကြမ်းတဲ့နေရာရှိမယ်။ အဆင်ပြေသလိုလျောက်..








































ဟိုနားကဝင် ဒီနားကထွက်ရတဲ့ ခြံအကွက်ကလေးတွေလည်းရှိတယ် ဘုရားကိုလည်း ငေးမျှော် လို့ရသေးတယ။် သဘောကျတဲ့အိမ်ကလေးတွေ ဆိုရင်း လည်းလှည့်လှည့် ကြည့်နဲ့ သဘောကျနေလို့ရသေးတယ်။
































အပြန်လမ်းမှာတော့နေညိုပေမဲ့တိမ်တောက်နေတယ်။






















Friday, September 25, 2009

creativity

နာဂစ်အပြီး........သစ်ပင်



Thursday, September 24, 2009

56

ဟောဒီက ..........56




Wednesday, September 23, 2009

rainy day

အဲဒီနေ့က မိုးရွာတယ။် များတယ်လို့မဆိုသာပေမဲ့ ဖွဲတယ်ရယ်လို့တော့မဟုတ်ဘူး။ . စိတ်ရှည်လက်ရှည် ဓါတ်ပုံရိုက်ဖြစ်တယ် ။ ရာသီဥတုကလေး ကလည်းလှတယ်။ ပြန်ရကာ လည်းနီးနေပြီ။ လွမ်းသလိုလို လည်းဖြစ် မိတယ။်



တို့နဲ့ကားလိုက်စီးပါလား. ။ (ဟင် လန့်သွားလား.။ ) ရေကျော်ဈေးနားကနေ စထွက် တယ် လို့ဘဲထားလိုက်ကြစို့။ ဈေးသိမ်းနေပြီ. မနက် ၁၂လောက်ရှိနေတဲ့အချိန်.။ အနော်ရထာလမ်း ပေါ်ရောက်တယ။် ဗိုလ်တစ်ထောင် ၅ ကိုတွေ့မယ်။ ပြီးရင် သိမ်ဖြူ ကိုကွေ့မယ။်














































































































ဗိုလ်တစ်ထောင်၎ ရှေ့က ကားရုပ်နေတယ။် မိုးနဲနဲ ရွာနေတယ်။ လမ်းမကြီးက လှနေတယ် ။ ရေဆေးထားသလို.် ။






































မီးပွိုင့်ကိုရောက်မယ်။ ဆရာဝန်များအသင်း တိုက်ဘေးကနေ ဖြတ်သွားမယ် ။ ကန်တော်ကြီး ပတ်လမ်းကိုကွေ့မယ။် ပတ်လမ်းအတိုင်း ရေပြင်ကိုကြည့်မယ်။































































ရွေတိဂုံဘက် သွားမဲ့ အဝိုင်းပတ် ကိုရောက်မယ်။ ရွေဂုံတိုင်မီ့းပွိုင့်ကိုဝင်မယ်။ ကိုယ့် မင်းကိုယ့်ချင်းလမ်း ကိုချောင်းကြည့်မယ။် လမ်းဘေးမှာရေဝပ်သွားတာ ကို စောင့်ကြည့်မယ်။






































ပြီးရင်..မီးပွိုင့်မှာ တန်းစီမယ်။ ညာဘက်ကွေ့ရင် ကမ္ဘာအေး..ဘယ်ဘက် ကွေ့ရင်ဘောင်ဒရီကိုရောက်မယ် . ဘယ် ဘက် ဆက်သွားရင်ကောင်းမလဲ။ .ဘယ် သွား ချင် လဲ.. .စဉ်း စား… ….။။... ...... .. ပြီး ရင် ပြော.......


Tuesday, September 22, 2009

gamer


ဟိုတစ်နေ့က မအားတဲ့ကြားထဲကကို လစ်တာနဲ့ ရုပ်ရှင်ရုံကို ရောက်သွားတယ။် မကြည့် ဖြစ်တာ ကြာ နေ ပြီ.။ kmsl က မျက်စေ့ အောက် က အပျောက်မခံတာနဲ့ဘဲ။ သူ လက် လှမ်းမမှီတဲ့ အချိန်.. ရုံ့ကို ရောက်သွားတယ်။ ဖုံးတောင် silent လုပ်ထားလိုက်သေးတယ်။ အလုပ် များ နေ တဲ့ ပုံစံနဲ့။


ထုံးစံအတိုင်း ကုလားကား တရုတ်ကား မလေးကားမကြည့်ချင်တော့ အင်္ဂလိပ်ကား.. ပွဲစဉ်များတဲ့ကား... နစ်ခု မှာ ဘာကြည့်ရမလဲ ရွေးရခက် နေသေးတယ်။ မဘေးက ချာတိတ် ရှစ်ယောက်. တိုင်ပင်ပြီးလို့ ကြည့်မဲ့ ကားဆုံးဖြတ်အပြီး လက်မှတ်သွားဝယ်တာမှာ မယောင်မလည်လိုက်နား ထောင်ပြီး သူတို့ဆုံးဖြတ်တဲ့ကား ကိုဘဲ ဝယ်လိုက်တယ်။ ကိုယ် ကလဲ အဲဒီကားကြည့်ချင်ချင်နဲ့ အတော်ပါဘဲ။ ဘာဖြစ်လို့ကြည့်ချင်သလဲ မေးနေ ရသေးလား .. ကြော်ငြာ ဆိုင်းဘုတ် ကိုကြည့်လိုက်ပါ။ နားလည် သွားပါလိမ့်မယ်။

ဇာတ်ရည်ကတော့မလည်ဘူး ။ အင်္ဂလိပ်လိုက လဲသိတ်နားလည်တာမဟုတ်ဘူး ။ ဇာတ် သိမ်းခါနီး မှ ရေး တေးတေးသဘောပေါက်တယ်။ တစ်ကားလုံးတော့ချနေ.. ပစ်နေတာဘဲ။ မိန်းကလေးဆိုတော့ ပစ်တာတွေ သိတ်တော့ လဲသဘောမကျတော့... ညကလဲ အိပ်ရေးပျက်ထားသေးတယ် ။ အဲဒါနဲ့ မျက်စိမှိတ်ပြီး ခဏ အိပ်လိုက်သေးတယ်။ အဲ့ကွန်း ကလည်း အေးက အေးနဲ့ဇိမ်ဘဲ။ sweat baby sweat ဆိုတဲ့ ကိုယ်ကြိုက် တဲ့သီချင်းတောင်ကြားလိုက်မိသလိုဘဲ။ သိတ်တော့လဲမသေချာဘူး. တပိုင်းတစ်စရယ်။.. ဒီလိုနဲ့ဘဲ ကြည့်လို့ တော့လည်းအဆင်ပြေပါတယ်။ သိတ်အကြိုက်ကြီးမဟုတ်ပေမဲ့ လောလောဆယ်မှာ ရွေး လိုက် တာ မမှားဘူး လို့ ထင်ရတာဘဲ။ ကိုယ်က အရွေးမမှားတတ် ပါဘူးလေ…………..

Sunday, September 20, 2009

run from city

ရန်ကုန်မြို့ထဲက နေ အပြင်ကို ထွက်ကြည့် ချင်နေ တဲ့ဆန္ဒက ထိန်းမရဘူး. ။ ပျင်း လာ နေ ပြီ။ ပြီးခဲ့ တဲ့ တစ်ခေါက်က ရေလည်ဘု ရား လည်း သွားပြီးပြီ ဆိုတော့ကာ အကြံထုတ်တော့ လှည်းကူး ဘက် သွားဘို့ စိတ်ကူးရပါတယ်။ အဲဒါနဲ့ လဘက်ရည် တစ်ခွက်သောက်ပြီး လစ် သွားလိုက်တယ်။ ညနေမှ အကြံရလေ တော့ပဲခူးအထိတော့မရောက်နိုင်တော့ဘူး.။ မိုးတွေ က လည်း ရွာတော့သွားရကောင်းနိုး မကောင်းနိုး ချိန်နေတာလဲပါတယ်။ နောက်ဆုံးတော့ လစ် တယ်ကွာ ဆိုပြီးသွားလိုက်တော့တယ်။

မြို့ထဲကတောံ့ထုံးစံအတိုင်းကားကြပ်တယ်။ မြို့ပြင်လို့ဆိုရမှာလား .ဆယ်မိုင်အထိက လည်း ကားသိတ် မရှင်းလှပါဘူး......ဆက်လာတော့နဲနဲရှင်းလာတယ်။ စိတ်ထဲနည်းနည်း ကျေနပ်သလိုဖြစ်မိတယ်။ ဓါတ့်ပုံတော့ သိတ်မရလိုက်ဘူး. ။ ညနေဆိုတော့ ဘက်ထရီကုန်ခါနီးဖြစ်နေပြီမို့လို့။ ဒါတောင် အင်တာနက်ဆိုင်တွေ မှာ ရောက်တာနဲ့ ဆိုင်ကို ခွင့် တောင်းပြီး ပလပ်ထိုးပြီး ဘက်ထရီအားဖြည့်တာဘဲ။ ရိုက်အားက များနေလို့ မနိုင် ဘူးဖြစ် တယ်။

လမ်းခရီးကိုကျေနပ်တယ်.။ ပတ်ဝန်းကျင်မဆိုစလောက်ကလေးပြောင်းသွားတယ်။ မိုးညို့ တယ်။ တိမ်တွေ ကိုကြည့်ရတယ်။ မဂ်လာဒုံစစ်ဆေးရုံ့ကိုဖြတ်တယ်။ ထောက်ကြန့်ရောက်တယ်။ လှည်းကူး ရောက်တယ်။ ဖောင်ကြီးသိဲု့ ဆို တဲ့ ဆိုင်းဘုတ်ကလေးကြည့်ပြီး အတိတ် ကိုသတိရတယ်။ ကိုယ် လက်ထပ်တဲ့ နေ့က သတင်းစာ ကြည့်ပြီး တစ်ည မူးကြမဲ့သူတွေ ကို သတိရမိသေးတယ် ။ ကိုယ့်ဘက်က ထင် မိတာပါ။ အဲဒီတုံးက ဖောင်ကြီးသင်တန်းက မှတ်မှတ်ရရ နစ်ယောက် ..တစ်ယောက် က မင်္ဂလာဒုံ စိုက်ပျိုးရေးခြံက မန်နေဂျာ..သူ့ကျေးဇူးနဲ့ဘွဲ့ယူတုံးက ရလိုက်တဲ့သစ်ခွတွေ ဆိုတာ သူငယ်ချင်းတွေပါ ကူညီ ခဲ့ရတယ်။ နောက်တစ်ယောက် က မုံရွာက ဆရာဝန်. နတ်သျင်နောင်သီချင်း အဆို ကောင်းသူပေါ့။ ဘယ်တွေများ ရောက်နေကြမ လဲမသိ.. သိခွင်ရှိရင်တော့ သိချင်မိသေးတယ။် ရှင်တို့ကံကောင်းတယ်ဆိုတာ လေးဘဲ ပြောခွင့် ရချင်လို့ပါ.

လမ်းခရီးမှာ တိုး ကိုလည်းဖြတ်ရသေးတယ် အဲဒီအပိုင်းက ကားလမ်းအတော်ချောတယ်။ ဘယ်လောက် ပေးရသလဲတော့မေ့သွားပြီး သုံးရာကျပ်လားမသိ..တောင်းသင့်ပါတယ် လမ်းကသိသိသာသာချောသွားတယ်။ ချောသွားတေ့ဘာဖြစ်လဲ. စိတ်ချမ်းသာတာပေါ့။ တစ်ချို့နဲရာကတော့နဲနဲကြမ်းတယ် များ သောအားဖြင့်ကတော့အဆင်ပြေပါတယ်။ မြို့တွင်းနဲ့မတူတဲ့ ဖီလင်ကိုရတယ်။ အပြန်မှာ မှောင် နေပြီ။ တစ်ချို့ နေရာတွေမှာ မီးအားသိတ်မကောင်းတော့ကားတွေ က အစုလိုက်လိုဖြစ်သွားတယ် လူစွမ်းကောင်း ကားတစ်စီးက ရှေု့ကတက်ရင် နောက်က ကားတွေ က ကပ်လိုက်ကြတယ်။ များ သောအားဖြင့် လမ်းသိနေကြသလိုဘဲ.မောင်းလိုက်ကြတာ ဝေါကနဲ့ ဝေါကနဲဘဲ.။

ထောက်ကြန့် ရောက်တော့ဈေးကလေးတစ်ဈေးတွေ့တာနဲ့မနေနိုင်တာနုဲ့ဝင်မိတယ် ။ ဗွက် တော့ ရှိသား. လုံချည်မပြီးလမ်းလျောက်ပေါ့။ ပုံတွေ က..ခိုး ရိုက်ေ တာ့နဲနဲဝါးသွားတယ။် စည်တော့စည်တယ်ဗျ. အတော်စည်တယ်။ ဈေးသည်အသံတွေ ဆိုတာ ဆူညံနေတာဘဲ။ ဟင်းသီးဟင်းရွက်မျိုးစုံး ငါးခြောက်. ပုဇွန်ချဥ်ငါးလေးချဉ်. အသီးအရွက်တွေအချဉ်. ငရုတ်သီးး ငပိ..ပဲပြုတ်. ပဲကတ္တီပါပြုတ်. ပန်းသီး ဖရဲသီး ငှက်ပျောသီး သဘော်သီး. ဘုရားပန်း မျိုးစုံး မုန့်မျိုးစုံနဲ့တစ်ကယ်ကို ဈေးအဂ်ါနဲပြည့်စုံပါပေတယ် ကားဂိတ် ကလည်းအနားမှာ ရှိသေးတယ် ။ပဲခူးကို ပဲခူးကိုလိုက်မလား ဆိုပြီး. တစ်ကယ် လိုက်သွားချင်လိုက်တာ..နောက်တစ်ခေါက် ပဲခူးကို ရောက်အောင်ထပ်သွားဦးမယ် ........ကားနဲ့။