Monday, March 31, 2008

shopping


အချစ် ဆက်သွယ်မှု ပြင်ပ ရောက်နေ တုံး ကိုယ်.ကို မကြည်. ကြပ် နိုင် ခင် ရုံးအဆင်း shopping သွား လိုက်တယ်. အချစ်က ရုံးဆင်းရင်အိမ် တန်း ပြန်တယ်။ ယောက်ကျား လေး လုပ်ြ့ပီး တော.ခြေ ငြိမ် တယ်။ ကိုယ် က တော.လမ်း သွား ရင်းနဲ. ဟို ဝင် ဒီ ဝင်။ ဘယ် မှ ဝင် စ ရာ မ ရှိ ရင် အောက် ထပ်က Indian shop လေး တော. ဝင်လိုက်ရ ဦး မှ.။ NTUC လေး ဝင်ပြီး သစ်သီး လေး ဝယ်လိုက့်ဦး မှ။
ဇာတ်သမား ပြန်ရင် မှတ်သား စရာ ကျန်ရမယ်။ ကိုယ် ပြန်လာရင် တော. ပိုက်ဆံအိတ်တွေပါ လာမယ် လို. မှတ်ပါ.။ ပိုက်ဆံအိတ်ကု ကြိုက်တယ်. ခဏခဏ ဝယ်တယ်. ဝယ်ြ့ပီး ကိုယ်လဲ သုံး ရ တာ မဟုတ်။ အမျိုး တွေဆီ ပို. လိုက်တာ ဘဲ။ ကိုယ် က တော. အိတ်စုတ် က လေး နဲ. ဘဲ.။ ဘာ ဖြစ်လို.လဲ ဆိုတော. ‘မ’ ကလုတာ နာမည် ကြီးတယ်။ လု မှာ စိုး လို. ဆင်းးရဲ ချင် ယောင် ဆောင် ရ တာ။ ကိုယ် ဝယ် ပြီး ကိုယ် မသုံး ရ တာကို ရှေးဘဝ က ကုသို်ယ် မစင်ကြယ်ဘူး လို.တစ် စုံ တစ် ယောက် က ပြောဘူး တယ်။ ရန်ကုန်က အစ်မက တော. ကျေနပ်တယ်.။ ငါ ကတော. ပိုက်ဆံအိတ် ဝယ်စရာ မလိုဘူး. ညီမ က ပို.တာ ဘဲ သုံးနေ တယ်လို.လှည်.ကြွားတယ်။




shopping





Sunday, March 30, 2008

translator

မနေ.က ဆရာ တစ် ယောက် က လှမ်းခေါ် ပြီး မြန် မာ လူမျိုး တစ် ယောက် အတွက် ဘာသာ ပြန် စကားပြန် ကူ ညီ ခိုင်းပါတယ်. ရံဖန် ရံခါ ကြုံရတတ်ပါတယ်. မြန်မာ တစ်ချို. က မလေး လို လဲ မပြောတတ်. အင်္ဂ လိပ် လို လဲ နားမလည် တဲ. အခါ အဆင် မပြေ မှု လေး တွေ ရှိတာ ပေါ. လေ. ကိုယ် လဲ ထမင်း စား ရေ သောက် လောက် ဘဲ ပြော တတ်တာပါ..
သွား တွေ.တဲ. အခါ Indian အသွင် လူ ရွယ် နှစ် ယောက် ထိုင် နေပါတယ်။ မြန်မာလို နှူတ် ဆက် လိုက် တော. အံ.သြော် တဲ. အသွင် နဲ. ကြည်.ပါတယ်။ မြန်မာ လားလို. မေးတော. ဟုတ်တယ်လို. မြန် မာ လို ပြန် ဖြေ ပါတယ်။ မြန် မာ လို ပြော တတ်လားလို. Introduction အနေနဲ. မေးတော. မတတ်ဘူးလို. မြန် မာ လို ပြန် ဖြေပါတယ်။ ဘယ်မှာ နေလဲ လို. မေးတော. ဘူးသီး တောင် မောင်း တော ဘက် ကလို. ဖြေပါတယ်။ ဘာ ဖြစ် လို. မြန် မာလိုမတတ်တာလဲ. (မြန်မာဆိုလို.) မေးတော.ထွက်လာတာကြာ့ပီ တဲ. .မြန်မာလို နည်းနည်းမှ မတတ် လား ဆိုတော. နည်း.နည်း မှ မတတ်ဘူးလို. မြန်မာ လို ပြန်ဖြေပါတယ်။။ passport ရှိလားဆိုတော.လဲ မရှိတဲ..card တစ်ခု တော. ရှိလေရဲ.တဲ..အဲဒါနဲ.နည်းမျိုး စုံ ဖြောင်. ဖြ ပေမဲ.လဲ..မြန်မာလို မပြောတတ် ဘူးလို. မြန်မာ လို ပြော နေတာနဲ.ဘဲ သြော် သူ တို. အကြောင်းနဲ. သူတို. ကိုယ်. ကိုမ ပြောချင် ဘူး ဆို တော.လဲ. မကူညီ လိုက်နိုင် ပါဘူး..တစ်ခြား ဘာသာ စကားတတ်တဲ. လူကို ဝိုင်းရှာပေးလိုက်ပါတယ်။။ ဘာမှန်းမသိလိုက် တဲ.အဖြစ် တစ်ခုပါဘဲ..




on call

(၂၄) နာရီ ဂျူတီ ကျတဲ. သူငယ်ချင်း ဆရာဝန် hand phone ကိုဆက်လိုက်ပါတယ်. မကိုင်ပါ. ခဏ နေတော. Message ရတယ်. Busy and running လို.ဆိုပါတယ်. အလုပ်များနေတယ်။ အလုပ်များ လွန်းလို. ပြေးနေရတယ် လို. တိုက်ရိုက် ဘာသာပြန် လိုက်တယ်. နောက်ချင်လို. ထပ်ဆက်လိုက်တယ်. ။ သူငယ်ချင်း ကိုယ် တော. အလုပ် ထွက်တော.မယ်ကွာ. သည်း မခံ နိုင် တော။ဘူး။ ထမင်း ကြမ်း ယပ် ခပ် စားတော. မယ် လို. ပြန်ဖြေတယ်။ နောက်တစ်နေ. သတင်းမေးလိုက်တယ်။ ဘယ်လိုလဲ သူငယ်ချင်း ဆိုတော. “မိန်းမ များ ကလေး မွေး သလို ပေါ.ကွာ. ဗိုက်နာ နေတုံး တော. ယောက် ကျား ကို ဆဲဆို နတာပေါ. မွေး ပြီးတော.လဲ ကိုကိုရယ် မောင်မောင်ရယ်ပေါ.ကွာ”
((၂၄) နာရီ ဂျူတီ အတွက် ပိုက်ဆံပိုရလို.. ထပ်ပြီး ဂျူတီ ဆင်းနိုင် သေးတယ်လို. နားလည်လိုက်ပါ.)




Saturday, March 29, 2008

taxi

ဟုတ်ကဲ. မလေးရှားမှာ အလုပ် လုပ်ပါတယ်။ ဘာလုပ်ပါသလဲမေးရင် ပန်းကန်ဆေးတယ် လို.ဖြေရင်ဖြေမှာပါ..နိုင်ငံခြားရောက်ပြီးမှ အရမ်းကို ပြောင်းလဲလာပါတယ်။ မြန်မာပြည် မှာတုံးက ဆိုရင်နဲ.ဘာ မှမဆိုင်ပါဘူး။ ဟိုတုံးကဆိုရင် မေးသမျှ ကို အမှန်တွေ ကြီးဘဲ ဖြေပါတယ်. ရိုက်စစ်စရာ မလိုပါဘူး။ အခုကတော. ကိုယ်ပြောတာကို ဘာမှ မယုံပါနဲ. အမှန်နဲ နဲ ဘဲပါ.ပါတယ်။
သတိပြူမိ သလောက်ဆိုရင် မလေးရှား ကားဆရာ တွေဆယ်ယောက် မှာ ရှစ်ယောက်က ခရီးသည်ကို စကားပြောပါတယ်။ ဖော်ရွေတယ် လို. ပြောနိုင်ပေမဲ. ကိုယ် ကတော.မကြိုက်ပါ. ကိုယ်မှ မပြောချင် တာ သူ က တစ်ခွန်းပြီး တစ်ခွန်းမေးတာ တွေကို စိတ်မရှည်နိုင်ပါ. မေးတဲ. မေးခွန်းတွေကလဲ ထပ် နေပါပြီ.။ ဘယ်နိုင်ငံ ကလာတာလဲ. Philippine လား Thailand လား India ကလား။ စိတ်ကူး ပေါက်တာတွေ ဖြေ လိုက်တာပါဘဲ. Philippine ကပါ. ဘယ်မြို.ကလဲ. Manila မြို.တော်ကပေါ.. အရင်ကတော. အမှန်တွေ ကြီးဘဲ ဖြေပါ.တယ်။ ကြာတော.လဲ စိတ်မရှည်တော. ဘူ။း ပေါက်တတ်ကရ အကုန် ပြောတော. တာပါဘဲ. ဒါနဲဘဲ။ အမျိုးသားလဲ မြန်မာ ဖြစ်လိုက်. စင်္ကာပူဖြစ်လိုက်နဲ.ပါဘဲ. ။ ကလေးလဲရှိတဲ. အခါရှိ. မရှိတဲ. အခါလဲ မရှိ. .။ ရှိတယ်ဆိုလဲ မပြီးသေး ဘယ်နှစ်ယောက်လဲ မေးပြန်တော.နှစ်ယောက်ရှိတဲ. အခါရှိ. သုံးယောက်ရှိတဲ. အခါရှိ။။
စင်္ကာပူ ကားဆရာများကတော. ဆယ်ယောက်မှာ နှစ်ယောက်ကဘဲ စကားပြောပါတယ်. စကားမများတဲ. ကားဆရာ ကို ကြိုက်တယ်. ကားစီးတာ ဇိမ်ခံစီး လို.ရတယ်. ဟုတ်တယ်လေ. အခုစင်္ကာပူမှာ အငှားကား ကို အလကားနေ ရင်း မစီး နိုင် တေားဘူး ဈေးကြီးလို. အရင်တုံးကဆိုရင် အချစ် လစ်ရင် လစ် သလို အငှားကား ကို ခိုးစီးတယ်။ (အချစ်က ကပ်စီးနည်းတယ်)။ အခုက ကိုယ်ကို တိုင် က ကို မစီးရက် ဘူး ဖြစ်နေတယ်။ အရင် စီးတဲ. စလုံး တစ်ဆယ် ပေးရတဲ. လမ်း ကို အခု စလုံး တစ်ဆယ်ငါးကျပ် လောက် ကျ နေတယ်။ အခုဆိုရင် မစီးတာ တောင် အတော်ကြာပေါ..ရထားနဲ. ဘတ်စ်ကားနဲ.ဘဲ ခရီးသွားနေတယ်။




Friday, March 28, 2008

fun to be continued



ရယ်ရတာကို နှစ်သက်သူပါ. မျက်နှာကြောကတော. အတော်တင်းပါတယ်. တော်ယုံ မပြုံးတတ်ပါ. မင်းသိင်္င်္ခနှိပ်စက်သွားတာပါ. စာအုပ်တွေကို ငယ်စဉ် ထဲက ဖတ်တော.မင်းသိင်္င်္ခစာအုပ်တွေဲကြိုက်တယ်. တစ်အုပ်မှ မလွတ်ဘူါ် အဲဒီ မှာ ကိုယ်.ရင်ထဲမှာ ရှိတာကိုသူများတွေ မသိအောင် ထိမ်းသိမ်း နိုင်ရမယ် ဆိုလို. မျက် နှာသေ ကြီးနဲ. နေတတ်အောင် မနည်းကျင်. ထားရတာပါ. အခုမှ ကိုးရီးယားကားထဲမှာ ကောင်မလေး တွေအရမ်းချစ်စရာ ကောင်းအောင် ပြုံး တတ်တာလေး တွေကြည်.ြ့ပီး ကိုယ်.ဘာသာ ကိုယ်ဒေါသထွက်လို. မဆုံးဘူး။ ကိုယ်. မောင်လေးကတော. မင်းသိင်္ခ င်္စာအုပ်ထဲ မှာ မြွေ အကိုက်မခံ ချင် ရင်မြွေ ပါတဲ. နာမည် ပါတာ မစားရဘူးဆိုလို. အခု ထက်ထိ ငါးပတ်မြွေ. ငါးမြွေထိုး။။ ပဲလင်းမြွေ. ကျန်တာတော.မေ.ကုန်ပါပြီ. အခုထက် ထိ မစားဘူး..မောင်နှစ်မ
လို ခင်လို.တိုး တိုးပြောပြ ပါဦးမယ်။ လ ရဲ. ဆွဲဟင်အားကြောင်. ဒီရေတက်ရတယ်။ ဒါကြောင်.လပြည်.ညတွေမှာ လရောင်အောက်မှာ..ရပ်ရမယ်ဆိုတာရှိသေး။ြ့မို.ထဲမှာ နေလို. အကောင်အထည် မဖော်ဖြစ်ခဲ.ဘူး။။ နယ်ကကိုယ်လို စာရှုး သမားတွေ အတွက် ရင်လေးမိသေး။။။ မုန်.ဟင်းခါစားပြီးရင် ဟင်းရည်တောင်းသောက်တာ ငါတို.ဘကြီးက စခဲ.တာဆိုတဲ.စကားလုံးတွေ ဝါသနာတူရင်မှတ်မိ ကြဦးမှာပါ. သြော် မင်းသိင်္င်္ခ.မင်းသိင်္င်္ခ. အတော်အောင်မြင်တာပါ.

Tuesday, March 25, 2008

carrots


ကိုကို ကာလသားများ အတွက်..ရင်ခုံစေရန်.................



Monday, March 24, 2008

photos

ဘာပံုလဲ မေမးပါနဲ. ကိုယ္လဲ မသိပါ.. သူမ်ား computer သြုား သံုးၿပီး လွလို. တိုလာ တဲ.ပံုပါ..




photos


Sunday, March 23, 2008

life...

Friday, March 21, 2008

joke

My wife is missing

The man approached the very beautiful woman in the large supermarket and asked, "You know, I've lost my wife here in the supermarket. Can you talk to me for a couple of minutes?"

"Why?"

"Because every time I talk to a beautiful woman my wife appears out of nowhere."

Thursday, March 20, 2008

She's dressed to kill




Tuesday, March 18, 2008

arrival to singapore

စင်္ကာပူ ရောက်ပြီ
စလုံကို ပထမဆုံးအကြိမ် သွားတော. Silk air လေကြာင်းနဲ.ပါ.. လေယာဉ်ထွက်တော. ပျော်ရမလို။ ဝမ်းနည်းရ မလို လူတိုင်း ခံ စားဘူး ကြမှာပါ.. လေယာဉ် အတက်ကို ရုပ်ရှင် တွေထဲ မှာ ကြည်.ရတာတော. ကြောက်စရာ. အစ်မ တော. ကြိုက်တယ်။ အသည်း အေးသွားတဲ. ခံစားချက်မျိုး။ လေယာဉ်ပေါ်ရောက်တော. တောင်ကြည်. မြောက်ကြည်. . ခါးပါတ် ပတ်ပါ ဆိုတော. ဘယ်လိုလုပ်ရမယ်မှန်း မသိ.။။ ထိုင် ခုံကို အနောက် ဘယ်လို လှန်ရ မယ်ဆိုတာ မသိ. ဟို ကြည်. ဒီကြည်..အဲဒီ တုံးက စလုံး မှာ အလုပ် လုပ် နေတဲ. အမျိုးသား ဆီ အလည် သွားတာပါ. တစ် ယောက်ထဲ ချီတက် သွားတာပါ. လေယာဉ်ကို ပထမ ဆုံး စီးဘူး တာပါဘဲ..နိုင်ငံခြားကိုလည်း ပထမဆုံး အကြိမ် သွားဘူးတာပါ.
လေယာဉ်ပေါ်မှာ စလုံးရောက်ရင် ဖြည်. ဘို. White card လေး တွေ ဝေတော. ယူ ထားပြီး ဖြည်.ပါတယ်။ စလုံးမှာ ဘယ်လောက်နေမှာလဲ ဆိုကို ဖြည်။ဘို. စဉ်းစား လိုက်ရတာ. ကိုယ်က ကြာကြာနေချင်တာကိုးနော်။ အချစ်ရှိတာကိုး …တစ်နှစ်တောင် ဖြည်.ချင်သေး။ ရမယ်မထင်လို. တစ်လဖြည်.လိုက်မိတယ် ထင်ပါတယ်။ ကြာ့ပီလေ.မေ.သွာပြီ။ လဝက .က နှစ်ပါတ်နေခွင်. ပေးလိုက်တော. မှိုင်သွားတယ်။ ချစ်သူက အားပေးတယ်။ သွားပြီး extension တိုးရင် ရပါတယ်ဆိုလို. စိတ်အားနည်းနည်း တက် သွားတယ်။ အဲဒီခေတ်က stay အတော် ခက်ပါတယ်။ အိမ်ထောင်ဘက် ကိုတောင် မှီခို အဆင်.မပေးဘဲ ပြန်ခိုင်းလို. မျက်ရည် စက်လက်နဲ. ပြန်ရတာ ခဏ ခဏပါဘဲ. လေယာဉ် လက်မှတ် ဘိုးလဲ အတော်ကုန်ခဲ.တယ်။
extension သွားတိုးတော. နိုင်ငံကူးစာအုပ်ကို လဝက. က ယူထားပြီးချက်ချင်းပြန် မပေးဘဲ နောက်နေ.မှ လာပြီး collect လုပ်ပါဆိုတော. ဘာပြောပါလိမ်.စဉ်းစားတယ်။ အင်္ဂလိပ်စကားတော. အင်္ဂလိပ် စကားဘဲ. ငါ နားမလည်ဘူး ဘာပြောပါလိမ်။ collect ဆိုတာ စုဆောင်းတာ။ ငါ. နိုင်ငံကူး စာအုပ်ကို ဘယ်လိုစု ဆောင်း ရမှာပါလိမ်.. ခက်လိုက်တာနော်။ ကိုယ်.ကိုလည်း လှည်.မကြည်.တော. ခက်ပြီ။ စာအုပ်ကလည်း သု.လက်ထဲမှာ.ပြန်မပေးတော.ဘူ။ အဲဒါနဲု..သဘောကောင်းပုံ ရတဲ. စလုံးကောင်လေး တစ် ယောက်ကို ရှာပြီး ကိုယ်.ရဲ.နားမလည်မှု ကို သူနားလည်အောင် မနည်း လက် ဟန်ခြေဟန် နဲ. အကျိုး အကြောင်း မေးကြည်.မှ. tomorrow Collect ဆိုတာ မနက်ဖြန် လာယူပါ လို.ပြောတာဆိုတာနားလည်သွားတယ်။ ကိုယ်.ကိုယ်ကို တော. အင်္ဂလိပ်လို တတ်တယ် ထင်တာ မှားမှန်းသိရတယ်။ အဲဒီလိုလဲ အင်္ဂလိပ်စာတော်ခဲ.ပါတယ်..





Saturday, March 15, 2008

Thursday, March 13, 2008

long time ago....

လွန်လေပြီးသောအခါက...
စင်္ကာပူကို စပြီးသွားမယ်ဆိုတော.စဉ်းစားတဲ. အထဲမှာ ဘာဝတ်သွားရမလဲ ဆိုတာ မသိတော. သွားဘူးတဲ.သူတွေ ကိုဆရာ တင်. ဘောင်းဘီ ဆိုတာ တစ်သက်လုံး မဝတ်ခဲ. ဘူးပါ.. ရိုးသား တာလဲပါ. တောကျတာလဲပါ. စကဒ် ဆိုတာ တထည်မှ မရှိဘူးပါ..ပထမဆုံး စကဒ်ကို စဝတ်ဘို. ကြိုးစား တော. ဇစ်ကိုဘယ်နား ထားရမှန်း မသိ လို.အရောင်း စာရေးမလေး ကို သွားမေး ရပါတယ်။
ဒါနဲ. ဘဲ စကော.ဈေး သွားလို. GIADIANO ဆိုင် သွားပြီး ဂျင်းဘောင်းဘီနဲ. စပို.ရှပ် ကလေး ကို အတော် ဈေး ကြီး ပေးပြီး ဝယ်ခဲ. ရ ပါတယ်။။ နောင်မှသိတယ် ဒီလို စပို.ရှပ် မျိုး ကို စကာပူ မှာဈေးချ ရင် အတော်ပေါ တယ်ဆိုတာ...။ အဲဒီတုံး ကတော. ကိုယ်.ကို ကိုယ် အတော် ဟုတ်တယ် ထင် မိတာဘဲ.။ ပြီးတော. ဝယ်လိုက်ပါသေးတယ် ဒေါက်ဖိနပ် တစ်ရံ. စကော.ဈေး ကဘဲပေါ. ဈေးလား ကြီးတာပေါ. နိုင်ငံခြား သွားဘို.ဘဲဟာ..။မြင် ယောင်ကြည်.ပေါ. . ဂျင်းဘောင်းဘီနဲ. ဒေါက်ဖိနပ်နဲ....အခုမှသိတယ်။ အတော် အချိုး မပြေဘူးဆိုတာ။ အဲဒီလိုဈေးကြီးပေြး့ပီး ဝယ်ခဲ.ရတဲ. ဒေါက်ဖိနပ်ကို ဒီရောက်ပြီးတော်တော်ကြာတော.လွှတ်ြ့ပစ်ပြီး ဒီက နောက်တစ်ရံ ထပ်ဝယ် လိုက်ရပါတယ်။ ဘာဖြစ်လို.လဲဆိုတော။ အဲဒီ အချိန်တုံးက မြန်မာ ပြည်က ဒီဇိုင်းတွေက ယိုးဒယားဒီဇိုင်းတွေပါ. စလုံးက သူ.ဒီဇိုင်းနဲ. သူ။
အခုမှ rules and regulations တွေကိုသိတယ်။ ဂျင်းဘောင်းဘီ ဝတ်ရင် walking shoes လိုမျိုး စီးရမယ်။ ဒေါက်ဖိနပ် ဝတ်ချင် ရင် စကဒ် ဝတ်ရမယ်။ စနေ. တနဂနွေ လိုမျိုး ဟိုနားဒီနား သွားမယ်ဆိုရင် slipper စီးရမယ်။။ ဈေး သွားမယ် ဆိုရင် ဖိနပ် အစုပ် စီး ရမယ်။။အင်တာ ဗျူး သွားမယ် ဆိုရင် dress က တစ်မျိုး .
အစ်မ ထင် တာက တော. စလုံးက မိန်းခလေးတွေ မှာ တစ်ယောက် ကို ဖိနပ် ဆယ် ရန် လောက် ကတော.အသာ လေး ရှိမယ်။ လခ တစ်ထောင်ကျော် ဆိုရင်တောင် ဖိနပ် တစ်ရန်ကို တစ်ကျပ် က စလို.ဝယ် နိုင်ပါတယ်။ အစ်မ သူငယ်ချင်း ဆို ဖိနပ်တွေ ဝယ်လွန်းလို. သူ. အမျိုးသား က စိတ်ကုန်လို. နင်တော. စစ် ဖြစ်လဲ ငတ်မှာ မဟုတ်ဘူး ။ နင်.ဖိနပ် တွေကို ပြုူတ်စားစား သုပ် စားစားလို. ပြောတာ ခံ ရပါတယ်။။
အစ်မကတော. မြန်မာပြည်မှာထဲက. မနလေး ဖိနပ် တစ်ရံ နဲ. နေခဲ.ပါတယ်။ အခုထိလဲ အစဉ်အလာကိုတော.မဖျက်ခဲ.သေးပါ. မိုးမရွာရင် မနလေး ဖိနပ် စီးနေတုံးပါဘဲ. မိုးရွာရင်တော. ချော်လဲလို.မစီးဖြစ်ဘူး။





thinking something..

ဘလော.ဂါတွေဟာဘယ်သူမှသိတ်အားနေလို.ရေးနေကြတာမဟုတ်ပါဘူး။ ဒီလောက်တောင်မအားကြတဲ.အထဲကမအိပ်မနေရေးနေကြတာဖတ်နေကြတာစိတ်ဝင်စားဘို.တော.ကောင်းတယ်။
ကိုယ်လဲဘာထူးလဲ..ကိုယ်ဘာဖြစ်လို.ရေးမိတာလဲ..စဉ်းစားမိသလောက်.
၁။ lonely ဖြစ်လို…ဒါလဲ သိတ်အဓိက မကျသေးဘူး။။
၂။ စာရေးစာဖတ်ဝါသနာပါလို. ဒါဖြစ်နိုင်ချေတစ်ခု.
ကျန်တာတွေရှိဦးမှာပါ..ဘာရယ်မဟုတ်စဉ်းစားမိတာ...




Tuesday, March 11, 2008

Monday, March 10, 2008

new blog

ဘလော.အသစ်တစ်ခုတိုးလာခဲ.ပြန်ပြီပေါ.ကြိုဆိုကြမယ်လို.မျှော်လင်.မိပါတယ်.