Wednesday, December 30, 2009

flying thought..

ဓါတ်ပုံတွေ နဲ့လုပ်စားနေတာမဟုတ်ပါဘူး. စကားလဲနည်းပါတယ်။ အစကတည်းက သိတ်ပြောတာမဟုတ်ဘူး. တစ်နေ့လုံးပြောနေရတော့ မပြောချင်တော့တာလဲပါပါတယ်။ သိတ်ခင်မိရင်တော့လဲတစ်မျိုးပေါ့လေ။

တစ်ခါတစ်လေတော့လည်း ပြောချင်ရဲ့နဲ့ မြိုချလိုက်ရတဲ့ အချိန်တွေ လဲရှိရဲ့။ ကိုယ်ကပြောချင်ပေမဲ့ သူက မပြောချင်ရင် ဆက်ပြောလို့မှ မရဘဲ။ ကိုယ်က ဆက်ပေမဲ့လဲ သူက မကိုင်ရင် ဘယ်လိုလုပ်ပြောမလဲ။ နိုင်ငံခြားဆိုတာ ကလဲ သူအားပေမဲ့ကိုယ်မအား. ကိုယ်အားပေမဲ့လဲသူမအား. နစ်ယောက်အားကာမှ အကြောင်းဆုံက မှ ပြောနိုင်တာမျိုးကော။ နောက်ဆုံးတော့ တိတ်တိတ်ကလေးနေ တာဘဲကောင်းပါတယ်။ ကိုယ်ဆက်ချင်တဲ့သူဟာ ကိုယ်နဲ့ လက်လှမ်းမီတဲ့နေရာမှာမရှိဘူး လို့ စိတ်ကူးနဲ့ ထားလိုက်လို့ ရှိရင်လော ကကြီး နေ လို့ရသွားပါတယ်။

သွားရင်းလာရင်းနဲ့ စိတ်ကူးပေါက်တာတွေတော့ဝယ်နေတာဘဲ။ ဈေးမကြီးပါဘူး တစ်ဆယ်ထက် ကျော်ရင်မဝယ်ပါါဘူး။ အဲဒီအိတ်ကလေးကြိုက်တာနဲ့ဝယ်ခဲ့သေးတယ် ။ similar နောက်ထပ် သုံးအိတ်ရှိပါသေးတယ်။ အဖြူနစ်အိတ်. အနီရောင်တစ်အိတ်။ အမျိုးတွေ ကိုဘဲပေးမှာပေါ့။ ကိုယ်လဲသုံးစရာနေရာမှ မရှိဘဲ။ ဘယ်မှလဲ သွားတာမဟုတ်. ဘာမှ လဲလုပ်တာမဟုတ်။



ရန်ကုန်ကလူတွေ ကတော့ တစ်နေ့လုံး activity တွေ အပြည့်ဆိုတော့စိတ်ကူးပေါက်ရင် အသုံးတည့်ချင်တဲ့ အချိန်သုံး လို့ရတာပေါ့ ။ ပိုက်ဆံအိတ်ကလည်းပါးပါးလေးရယ် ဘာထည့် ရမှန်ေးတာင်မသိ။ ရန်ကုန်က အမျိုးများ ထည့်ချင်ရာ သာထဲ့ကြပေတော့။ ကိုယ်ကတော့ ချစ်လို့ ဝယ်လိုက်ပြီး ထပ်ဝယ်ဘို့တောင် စိတ်ကူးသေးတယ် လေးအိတ်ဖြစ်သွာြး့ပီ ဆိုတော့ တော်လောက်ပြီဆိုပြီး ရပ်လိုက်ရတယ်။

လက်ကောက်ကလေးက ဖန်စီပါ . ချစ်စရာလေး ..ပြောရင်းနဲ့ အမေရိကားက ချစ်ခင်သူတစ်ဦး ပေးထားတဲ့ လူကြုံ သွားမယူရသေးတာ သတိရတယ်။ ခွင့်လွတ်ပါ. အချစ်။ မနက်မိုးလင်းကနေ ညအထိအိမ်မှာမရှိ။ ပြန်လာတော့ကြံဖတ်ဖြစ်နေ. အားတဲ့ရက် ကလဲ သွားချင်တဲ့နေရာနဲ့လွဲနေ။ ယူတာကတော့သွားကိုယူဦးမှာ။ စိတ်ချ။

အသက်ကြီးလာလို့လာမသိ. ဖန်စိတွေ ကြိုက်လာတယ်။ အင်း ဒါပေမဲ့လဲ ငယ်ငယ်ကတထည်း ကလဲကြိုက်ပါတယ်လေ။ အဲဒါတွေ ဝတ်လိုက်ရင် နုပျိုသွားတယ် လို့များထင်သွားမိသလား.။ အိတ်သေးသေးတွေ လဲအတော်ဝယ်ဖြစ်တယ်။ စုံနေတာဘဲ။ အိတ်သေးသေး ကလေးတွေ မျိုးစုံ။ တစ်ယောက်ဝါသနာတစ်မျိုး။ စိတ်ကူးပေါက်ရာ သူကိုလည်းပေးလို့ရတယ်။ ဖိနပ်ကတော့ လေးတာ တစ်ကြောင်း ဆိုဒ်မှားသွားရင် အလကားဖြစ်သွားတာ တစ်ကြောင်းမို့လို့ ဝယ်တာ နဲနဲနဲတယ်။ အကျီက တော့စလုံးအကျီတွေ က ဈေးကြီးလို့ မဝယ်ဖြစ်ဘူး သုံးဆယ်အောက်ကို မဆင်းဘူး။ ကိုယ့်ဘတ်ဂျက်ကိုကျော်နေတယ်။

ဂျပန်ကပြန်လာတာမှာ မုန့်ပါလာလို့ဆိုပြီးလာကျွေးတဲ့သူကလဲရှိသေးတယ် ဘီစကစ်ကို အိတ်လှလှနဲ့ ထုတ်ထားတယ်လို့ဘဲမြင်တယ။် မစားဖြစ်လိုက်ပါဘူး။ သွားရင်းလာရင်းနဲ့ ဘယ်နားချလိုက်မိသလဲမသိဘူး. မစားလိုက်ရဘူး။

စားဖြစ်လိုက်တာ ကတော့ နာစီလာမားမလေးထမင်းဘဲ။ စားဘူးလား. စလုံးနဲ့ မလေးကလူတွေ တော့စားဘူးမယ်။ အုန်းနို့နံလေ့ပါတဲ့ထမင်းကို မလေးငရုတ်သီးရည် ခေါ်မလား မလေးငပိခေါ်မလား. ထမ်းပေါ်မှာအဲဒီငပိပါတဲ့ ဖက်ရွက်ကလေးကိုမှောက်. ကြက်ဥခေါက်ကြော်ပိစိကလေးပါတာနဲ့စားမလား. ငါးကြော်နဲ့စားမလား ဆိုပြီး လာတယ်။ ငါးကြော်ကိုရွေးလိုက်တယ်။ ကြက်ဥခေါက်ကြော်က ပါလေရုံ့ကလေး. စားရင်းနဲ့အသဲနာတယ် ရေခဲသတ္တာထဲက ကြက်ဥတွေ ကိုမြင်ယောင်မိလို့ ဒီလောက်ပေါတဲ့ကြက်ဥကို မထဲ့ပေးလို့။












ပြောရင်းနဲ့ နာမည်ကြီးဆိုင်က မြီးရှည်သုပ်မှာ ပဲံပင်ပေါက်နဲလို့ဆိုပြီးစားရင်းနဲ့ ဘေးကက လေးမပြောတာသတိရတယ်။ပဲံ့ပင်ပေါက်တွေ ဒီလောက်ပေါတာဟာ .ငါတော့ ကိုယ့်ဘာသာ ကိုပဲပင်ပေါက်တွေ ဝယ်လာပြီးထဲ့စားလိုက်ရမလားဆိုတာကိုစဉ်းစားမိတယ် ဆိုတာကို သတိရရမိသေးတယ်။

ဘာဂါကတော့ ကြိုက်ပါတယ။် သူ့ဘာသာသူ ကော်လက်စထရောများတယ်ဘဲပြောပြော။ အချိုဓါတ်တွေ များတယ်ဘဲပြောပြော. အားရင်အားသလို ကြုံရင်ကြုံသလိုတော့ စားနေတာဘဲ။ အစိတ်တန် ဂဏန်းမစားဘူးတော့လဲမမြင်ဘူးမူးမြစ်ထင်သလို default setting ဖြစ်ဖြစ်သွားတယ်။ ဒါနဲ့ စကားမစပ်. ပြန်လာတော့ည က လတစ်ခြမ်းကွေး လေးသာနေတယ်။

(မှတ်ချက်. ဘယ်သူ့ကိုမှ စောင်းပြောခြင်းမဟုတ်ပါ။ သက်ဆိုင်သူများသိစေရန်သာဖြစ်၏)

Keyword
သိတ်ခင်မိရင်တော့လဲတစ်မျိုးပေါ့လေ။
တယ်လီဖုံးမကိုင်သူ။
အမေရိကားမှ ချစ်ခင်သူတစ်ဦး။
ဟမ္ဘက္ဂါ။
အစိတ်တန်ဂဏန်း။
Default setting။

Sunday, December 27, 2009

city hall

ဒီနေ့ကတော့ အန်မတန်ခြေထောက်ညောင်းတဲ့တစ်ရက်. အလုပ်သွားတာ ထက်တောင် ညောင်းသေး။ လျောက်လိုက်ရတဲ့ခြေထောက်. ပါရာစီတစ်မော သောက်ယူရတယ်။ ခဏခဏ သောက်တာလဲမကောင်းဘူး။ အကိုက်အခဲပျောက်ဆေးများဟာ ရေရှည်စွဲ သောက်ရင်ကျန်းမာရေးနဲ့မညီညွတ်ဘူးတဲ့။

မိုးလင်းကတည်းကမြို့ထဲသွားကြတယ်။ မိုးလင်းတယ်ဆိုတာ အဓိပါယ်ဖွင့်ဆိုချက်က အိပ်ရာက နိုးတဲ့အချိန်လို့ဆိုလိုတယ်။ ရုံးတစ်ရုံးကိုသွား။ြ့ပီးတော့ ဖူနန်မှာ DBS လိုက်ရှာ။ မရှိတော့ ရိုင်ဖယ်စီတီကိုပြောင်းသွားပြီဆိုလို့ ရိုင်ဖယ်မှာသွားရှာ။ ရိုင်ဖယ်က လဲအတော်ကြီးတယ်။ ရှာရင်းနဲ့လည်သွားသေးတယ်။ ဟိုတယ်နားရောက်လို့သူများတွေ ဘူဖေ့စားနေတာ မြင်လို့ မယောင်မလည်နဲ့ ဈေးဝင်ကြည့်ခဲ့သေးတယ်။ စလုံး လေးငါးဆယ် ဖြစ်ပါတယ်။ ဘူဖေးတစ်နပ် အတွက်ပါ. ကိုယ်သာမစားနိုင်တာ စားတဲ့သူတွေ အများကြီး တွေ့ခဲ့တယ်။

ဘဏ်မှာ အတော်လေး အလုပ်တွေ လုပ်ခဲ့ရတယ်။ဟိုဟာလုပ်ချင်တယ် ဒီဟာလုပ်ချင်တယ်။ နည်းမျိုးစုံတွေပြော။ အကျိုးဆောင်ချက်ကောင်းပါတယ်။ ပြောစရာမရှိပါ။ ပြီး ပင်နင်စူလာပြန်လာပြီး တစ်ခါ စားချင်တဲ့ဆိုင် က မဖွင့်သေးပါဘူး နေ့လည် ၁၂ နာရီ. တစ်ကယ် သေငှေးဆိုင်ပါဘဲ။ အဲဒါနဲ့ ရနံသစ်ရောက်သွားတယ။် ဒန်ပေါက်လို့ခပ်တည်တည်နဲ့မှာလိုက်တယ်။ တစ်ခါမှ မစားဘူးပေမဲ့ ဘလော့မှာ သတင်းရထားတယ်လေ. ရနံသစ်က ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ ။ ကောင်းပါတယ်။ အဲသလိုစားရရင် ရန်ကုန်က ဒန်ပေါက် သယ်မလာတော့ပါဘူး။. သိတ်မကွာလှတော့ဘူး .

.Kmsl က မြေအိုးမြီးရှည်။. အံမယ် သူ့လဲ့ကိုယ့်ဘလော့ရေးထာကို သိတ် မကန့်ကွက်တောကတဲ့ပုံဘဲ ဒီနေ့သဘောတွေ ကောငးနေတယ။် သူ့မြေအိုးမြီးရှည်ကို အဖုံးမဖွင့်ခင့်ပုံ၇ိုက်ပါတဲ့ ဒါမှ ဒီလိုမျိုးလေး လာတယ်ဆိုတာ သိမယ်တဲ့ .ကိုယ်ခံယူချက်ကတော့တစ်မျိုး အဖုံးကိုဖွင့်ပြီးမှ ရိုက်ချင်တာ အထဲမှာ ဒီုလိုစားစရာတွေ ရှိပါသလားဆိုတာကိုပြချင်တာ. နစ်ဦးသဘောတူနစ်ပုံရိုက်လိုက်တယ်။ ခါတိုင်းဆို အရိုက်မခံဘူး ရှုပ်ကရှုပ်နဲ့ဆိုပြီး ..အခုကတော့ အလုပ်အားလို့သဘောကောင်းနေတာ ဖြစ်နိုင်တယ်။

စာြး့ပီးပြန်တော့သူခေါင်းသွားလျော်ဆံပင်သွားညျပ်. ပြောင်းပြန်. မိန်းကလေးက မလုပ်ရ။ အဲဒါနဲ့ ဘူဂစ်ကို ရောက်သွားတယ်။ ဘာတွေ တွေ့ခဲ့သလဲမေးပြန်တော့ပိုက်ဆံအိတ် ဖိနပ်ပေါ့။ခေါက်အိတ် အသေးလေးတွေ ဈေးလျော့တယ် ခါတိုင်း ၉၀ဝန်းကျပ်ကို တစ်ဝက်ချတဲ့ အိတ်တွေရှိတယ်။ ဝယ်ဘို့ ၈၀ရာခိုင်နှုံလောက် ဆုံးဖြတ်လိုက်သေးတယ်။ ပြီးမှ အာ..ငါ့မှာ လဲ များနေပြီဆိုပြီနားချ. ပြန်ချခဲ့ရတယ်။ ဖိနပ်ကတေှာ့ရိစေတော့ စီးမကုန်သေးဘူး. မကုန်ဆို စီးမှ မစီးဘဲ ဝယ်ထားတာဘဲရှိတယ်။

အပေါ့်ထပ်မတက်ခင် ဖုံးခေါ်တာနဲ့ မကျေမချမ်းနဲ့ ပြန် လာခဲ့ ရတယ် ။ ပန်နစူလာရောက်ပြန်တော့ ဟုတ်တာလဲမဟုတ်။ သူပျင်းလို့ခေါ်တာ. သူ့မိတ်ဆွေ ရောက်လာတော့မှ ကိုယ်လဲ လမ်းသလားထွက်ပြန်ရော။ အမှန်တော့ပြန်ချင်နေပြီ. လုပ်ချင်တာ ကတော့ကွုန်ပြူတာရှေ့မှာဘဲ ထိုင်နေချင်တာဘဲ။ မဖြစ်နိုင်သေးတော့ ဖူနန်ဘက်လျောက်ပြန် တစ်ခါ ဝယ်နိုင်တာ ကတော့ cold storage ကစားစရာနဲနဲပါးပါးဘဲ။ အော်. ဖူနန်အလည်မှာ့ကွန်ပြူတာနဲ့ ဖုံးအပြင်ဒီတစ်ခါ ရေမွေးရောင်းတယ်ဗျ။ ဈေးလည်းချပါတယ.် ဝယ်မိပြန်ပါတယ်။ ဈေးမများသောတစ်ပုလင်း ဝယ်၏။ ဘယ်လောက်လဲပြော။

ညနေစောင်း မက်ဒေါနယ်ဘာဂါ စားတယ။် ညအိမ်ပြန်ရောက်တော့ ခေါက်ဆွဲသုပ် ဝယ်လာတာ ကို ချဉ်ပေါင်ကြော်နဲ့ရောစားတယ။် ထမင်းအိုး တစ်လုံးတော့ချက်ပါတယ်။ ကိုကိုလား. မဆူပေါင်. မဆူရေးရမဆူ.. ဒီနေ့ ပန်နီဆူလာ ကို ဘယ် နစ်ခေါက်မှန်းမသိရောက်ပါတယ်။ စလုံးဆိုတာ ပန်နီဆူလာဘဲလို့တော့ မမှတ်လိုက်ကြပါနဲ့။ အများကြီးသွားစရာရှိပါတယ် ။ ယုံပါ။



























Saturday, December 26, 2009

orchard

အလုပ်ပိတ်တယ်။ အားနေတယ်ဆိုပြီးတော့လို့တော့ပြောလို့ရပေမဲ့အားပြတ်နေတယ်။ မလှူပ်ချင်ဘူး။ တစ်နေ့လုံးငြိမ်နေတာဘဲ။အနားယူနေတယ်လို့ပြောလို့ရတယ်။ ညနေတော့ လမ်းထွက်ဦးမှ ဆိုပြီး စဉ်းစားတယ။် သူများတွေ နိုင်ငံခြားကတောင် စလုံးကို လာကြတယ်။ ကိုယ်လဲ orchard သွားဦးမှ ဆိုပြီး သွားတယ်။ မိုးတောင်ချုပ်နေပြီ။ ဖုံးသုံးလုံးနဲ့သွားတယ်။ တစ်လုံးကတော့ ထားလိုက်ပါတော့။ နောက်နစ်လုံးကတော့ ထုံးစံအတိုင်း အင်တာနက်တစ်လုံး ပြောဘို့တစ်လုံးပါ။ အော်ချက်လှပါတယ။် မီးတွေ ထိန်နေတာဘဲ။ စည်လဲစည်ကားတယ။် လူကြိတ်ကြိတ်တိုးဘဲ။

ကိုယ်ကတော့ဟိုနားလျောက် ဒီနားလျောက်လောက်ဘဲ။ ဟိုတုံးကတော့ orchard ကနေ စပြီး လမ်းလျောက်ရင် ဆမ်းမားဆက်ရောက်တော့တာဘဲ။အခုတော့မလျောက်နိုင်ဘူး. ဟိုနားဒီနားလေးနဲ့ ဘဲကျေနပ်လိုက်တယ်။ သီချင်းဖွင့်ပြီးကနေကြတာ သဘောကျတယ်။ လူငယ်လေးပါ လူကြီးလဲပါ။ အဲဒီနားလမ်းပိတ်လိုက်တယ်။ ကနေတဲ့သူတွေ ထဲမှာ ကိုယ်ထက် အသက်ကြီးတဲ့သူတွေ အများကြီးဘဲပါတယ။် အဲဒါကို သဘောအကျဆုံးဘဲ။ လုံးဝအားငယ်ခြင်းမရှိ.အားလုံးပြင်ပြင်ဆင်ဆင်. ချောတာ လှတာနဲ့ မဆိုင်.သေသေသပ်သပ်. ပျော်ပျောရွင်ရွင့်ကကြတယ။် ကိုယ်လဲ အားသစ်တွေ ဖြစ်လာပြီး တပြုံးပြု့းနဲ့ ပြန်လာတယ်။

မြန်မာအချို့စကားသံကြားရတယ် လှည့်ကြည့်လိုက်တော့လူငယ်တစ်သိုက် တစ်ယောက် က အမြင်ကြီးပေါါ်တက်ပြီးဓါတ်ပုံရုကိတယ်။ ဖိုးစိန်လို့တောင်ထင်လိုက်မိလို့ ရိုက်လာခဲ့ သေးတယ်။ လက်မှာလည်း ဟိုဟာဒီဟာတွေပတ်. ကိုမောင်ဟန် လို့ထင်ရတဲ့ တစ်ယောက်ကလည်း ကင်မလာကြီးနဲ့ ချာတိတ် အသေးလဲ တစ်ယောက်က လည်းပါသေးတယ်။ နောက်နစ်ယောက်လောက်လဲပါတယ။် ဖိုးစိန်လား လို့ မေးလိုက်ဦးမလို့ဘဲ။အင်းဒါကတော့ ကိုယ်ပိုလွန်ြး့ပီ ထင်ရဲ့လို့ ကိုယ့်ပါးပ်ပ ကိုယ် ဘရိတ် အုပ်လိုကနိုင်တယ်။

ပြန်လာပြီး ပန်နဆူလာမှာ ဝက်ခေါင်းသုပ်နဲ့ ရှမ်းခေါက်ဆွဲဝယ်လာပြီးအိမ်ရောက်မှ စားတယ။် ထမင်းတစ်ကျပ်ဘိုးလဲ ထည့်ဝယ်ခဲ့တယ်။ ပန်နစူလာမှာ လူပါးတယ်အာလုံးဘဲ လမ်းပေါ် ရောက်နေပြီထင်ရဲ့။

ဓါတ့်ပုံတွေတော့ ဆမ်ဆောင်းနဲ့အောင်မြင်စွာရိုက်ခဲ့နိုင်ပြီးဗွီဒိုလဲရိုက်တတ်ပြီ..ဒါပေမဲ့ကွန်ပြူတာ ထဲထည့်တာ မအောင်မြင်သေးလို့ နိုကီယာအဟောင်းလေးနဲ့ဘဲ ဆက်လက် ချစ် ခင်နေရတယ်။ တစ်မျိုးအားဖြင့် တော့လဲကောင်းတယ်။ တုန်မှုန်သွားတော့ လူပုံမသဲကွဲဖြစ် သွားတော့ပိုကောင်းတာပေါ့။


















Thursday, December 24, 2009

Khet Yit Yit

မဟုတ်သေးဘူး မဟုတ်သေးဘူး (မဟုတ်သေးဘူး) လို့ပဲပြောရမယ်။လိုင်းနဲ့ယူထားတာ S$ ၄၀၀လောက်ကျတယ် ဆိုတော့ကာ မိနစ် ၁၀၀ plan ဖြစ်မယ်၊ M1 ကများလားလို့ ထင်ယောင်ထင်မှား တွေးမိတယ်။ 3G လိုင်းယူရင် voice အပြင် data ပါရပြီးသားကို ဘောက်မယ့်ကြောင့် အင်တာနက် (mobile broadband sim card )သက်သက် ထပ်ယူလိုက်တာပါလိမ့်။ sim card နှစ်ခု ဖုန်းနှစ်လုံးနှင့် အလုပ်ရှုပ် ရှုပ်ရချေရဲ့။ ထို့ပြင် mobile broadband ဆိုတာကြီးက netbook, notebook လိုဟာမျိုးတွေနဲ့ ပိုအဆင်ပြေတာပါ၊ ဖုန်းလိုဟာမျိုးအတွက် ရည်ရွယ်တာ မဟုတ်ပါဘူးလို့ အမည်မဖော်လိုသူ ကျနော်ကပဲ တတ်ယောင်ကား ပြောလိုက်ပါတယ်။

Touch screen ph ဖြင့်လည်း ပီပီသသ touch screen မဟုတ်မူပဲ ထို ဆမ်ဆောင်းအိုနီယာ ၂ တွင် stylus ခေါ် တုတ်ချောင်းတစ်ချောင်းပါလာပါသေးသည်။ ထို့ကဲ့သို့သော ဖုန်းမျိုးကို တုတ်ထောက်ဖုန်းဟု ကျနော်ဖြင့် ခေါ်ချင်သည်။

အဒေါ်ကြီးရဲ့ ဆမ်ဆောင်း အိုနီယာ ၂ ဖုန်းမှာ ဝင်းဒိုးမိုဘိုင်း စနစ်ဖြင့် မောင်းနှင်သော ဖုန်းဖြစ်ပါသည်။ စေတန်ကလည်း ဝင်းဒိုးမိုဘိုင်းဖုန်းကို စမ်းချင်နေသည် ကြားမိသဖြင့် သူ့လက်ဝကွက်အပ်လိုက်ပါ ဟု ချွန်တွန်းလုပ်ပါသည်။

အဒေါ်ကြီးတွင် ဖုန်းအပိုရှိသဖြင့် တော်ပါသေးသည်။ အင်တာနက်သုံးချင်တာနှင့် ဖုန်းပြောဖို့ကြား sim cards နှစ်ခု ဖြုတ်လိုက်တပ်လိုက် လုပ်ခြင်းကို ထို ဆမ်ဆောင်း အိုနီယာ ၂ ကြီးက သည်းခံနိုင်မည် မဟုတ်ပါ။ ဖုန်းကာဘာ ဖြုတ်ရ ခက်ခဲခြင်းက အဒေါ်ကြီး ကိုယ်တွေ့ပင်ဖြစ်ပါလိမ့်မည်။ ထို့ပြင်တဝ ထားစရာနေရာမရှိသည့် တွဲလောင်းတွဲလောင်း stylus ကြောင့်လည်း ဖုန်းစကရင် ပွန်းကိန်းရှိသေးသည် အဒေါ်ကြီး..။ ထို stylus ခေါ် တုတ်ထောက်ကို ဖြုတ်ထားပါလေ၊ မိမိလက်သာ အားကိုးရာ အစစ်၊ သို့သော် ထိကျင့်တော့ လိုလိမ့်မည်။

အိုင်ဖုန်းမဝယ်မိသည့် အတွက်မူ နောင်တ မရပါနှင့်။ အဒေါ်ကြီးရဲ့ ဝင်းဒိုးမိုဘိုင်းဖုန်းဖြင့်လည်း မြန်မာလို ဖတ်နိုင်ပါလိမ့်မည်။ တခြား ကွန်မန့်ပေးသူ အကိုအမများမှ အကြံယူပါ။

" အမှန်ကတော့ဖုံးတစ်ခုထဲမှာဘဲ အင်တာနက်ကော ဖုံးကော တစ်ခုထဲဖြစ် ရင်တော့အကောင်းဆုံးဘဲပေါ့။ "
ဤစကားကို ထောက်ခံပါရစေ။ အမှန်စင်စစ် 3G ဖုန်းလိုင်းယူထားသဖြင့် data plan (အင်တာနက်)ပါပြီးသားဖြစ်ပါသည်။

အဆိုပါ ဆမ်ဆောင်းဖုန်းတွင် ဖန်ရှင် ခေါ် function များ စုံသည်ဆိုသော်လည်း မတ်စိလေးပို့ဖို့အရေး၊ ဖုန်းစာအုပ်လေးဖွင့်ဖို့အရေး စသည် စသည်များတွင်ပင် အထနှေးသည်ကို ဝယ်ကြည့် သုံးကြည့်မှ သိမည်ဖြစ်ကြောင်း အထူးတလည်ပြောရန်မလိုပေ။ သိုးဆောင်းဘာသာ အရမူ lag ဟုခေါ်သည်ဟု မှတ်သားဖူးပါသည်။

ထို့ပြင် အဒေါ်ကြီး ဖုန်းမှာ ဝင်းဒိုးမိုဘိုင်း အမှတ် ၆.၁ ခေါ် ဟိုမရောက်ဒီမရောက် ကိုးလို့ကန့်လန့် ဗားရှင်း ဖြစ်ရမည်ဟုလည်းအတတ်ဟောလိုက်ပါသည်။ ဗားရှင်း ၆.၅ပဲထွက်မလား၊ တခါတည်း ဗားရှင်း ၇ တန်းထွက်မလား ကောလဟာလများကြားတွင် အီလည်လည်ဖြစ်နေသာ ဝင်းဒိုးမိုဘိုင်း ပင်ဖြစ်သည်။

ဖုန်းမဝယ်ခင်ကမူ ဒီဖုန်းကိုတော့ ဘယ်သို့ဘယ်နှယ် သုံးလိုက်မဟဲ့ဆိုပြီး ကြိမ်းဝါးခဲ့သော်လည်း တကယ်တန်းဝယ်ပြီးတွင်မူ အခြေခံ ဖုန်းဆက်၊မိတ်စိပို့ လုပ်ဖို့ကို အပတ်မလည် မအားမလပ် ဖြစ်တတ်သည်မှာ လူ့လောက၏ သရော်လှောင်ပြောင်ချက်ပင် ဖြစ်သည်။

သို့သော် အားမငယ် စိတ်မပျက်ပါနှင့်။ အဒေါ်ကြီးသည် စမတ်ဖုန်း ဆိုတာကြီး ကိုင်သောသူတစ်ယောက် ဖြစ်နေချေပြီ။ ဖတ်ဖူးသော (ဒေါ်)သက်ဝေ ဘလောဂ့်ပို့စ်အရ http://thet-wai-blog.blogspot.com/2009/12/blog-post_22.html
လူမှန်ရင် နှစ်ကျပ်ခွဲတော့ ရှိကြတာပဲ မဟုတ်ပါလား။



နှစ်ကူးမှာ ပျော်ရွှင်ပါစေ။
ခမမ
..............................
........................................................။


မှတ်ချက်
khet Yit Yit အမည်ခံ ခမမ ရဲ့ကွန်မက်ဖြစ်တယ်။
(ခွင့်ပြုချက်ရပြီး)

Wednesday, December 23, 2009

a daw gyi & broadband

Samsung OMNIA II နဲ့ အဒေါ်ကြီး ဘာတွေ လုပ်နေသလဲ လို့ ခပ်မြင့်မြင့် က ဆိုတော့ရယ်ချင်မိသေးတယ်။ ထင်ထားတဲ့အတိုင်းဘဲ ဘာမှ မလုပ်ပါဘူး။ ပြောရင် ယုံမှာတောင် မဟုတ်ဘူး. Broadband တောင်ယူထားသေးတယ။် blog ကြည့်ချင်တာ အဓိက ဆိုတာကတော့ရှင်းပြစရာမလိုပါဘူး။

Broadband ယူလိုက်တော့ဘာဖြစ်သွားသလဲဆိုတော့ sim card နစ်ခုဖြစ်သွားတယ်။ တစ်ခုက ဖုံးပြောဘို့။ တစ်ခုက အင်တာနက်သုံးဘို့။ အဲဒီတော့ ဖုံးတစ်လုံးထဲမှာဘဲ ဖုံးလဲပြောမယ်။ အင်တာနက်လဲသုံးမယ်ဆိုတာ မဖြစ်နိုင်တော့ဘူး။

ဖုံးထဲမှာ ဖုံးပြောဘို့ sim card ထည့်ထားတယ်ဆိုပါစို့။ အင်တာနက်သုံးချင်တယ်ဆိုရင် အဲဒီဖုံးကတည်းကနေ sim card ကိုထုတ်. အင်တာနက်သုံးဘို့ပေးထားတဲ့ sim card ကိုထည့်ပြီးမှ အင်တာနက် သုံးလို့ရမယ်။

တစ်ခါ အင်တာနက်သုံးရာကနေ ဖုံးပြောချင်လာပြီဆိုရင် အဲဒီ အင်တာနက် ကဒ်ထည့်ထားရာကနေထုတ် ဖုံးပြောတဲ့ ကဒ် ကို ပြန်ထည့်ပြီးမှ ဖုံးပြောလို့ရမယ်။ very complicated ဖြစ်တာဘဲ။

အဲဒီလိုဆိုတော့ကာ ဖုံးနစ်လုံးဘဲ ထားလိုက်တော့တယ်. သုံးလက်စ nokia က တယ်လီဖုံးပြောဘို့.။

samsaung omnia II က အင်တာနက်သုံးဘို့။ အဲဒီ အင်တာနက်သုံးဘို့ကလည်း sim card နဲ့ဆိုတော့က သူလည်းဖုံးပြောလို့ရတယ်။ဒါပေမဲ့ အဲဒါက အခုယူထားတဲ့ မိနစ်နဲ့ အကြုံးမဝင်ဘူး။ သီးသန့် bill charge လုပ်လိမ့်မယ်။ Samsung ကိုအင်တာနက်အတွက်ဘဲထားလိုက်ရတော့တယ်။ မဟုတ်ရင် သူနဲ့ဖုံးပြောပြီး nokia အသေးလေးနဲ့ အင်တာနက် ကလိဖို့ဆိုတာ Samsung touch screen လောက်တော့ဘယ်အဆင်ပြေနိုင်မလဲ။ ဒါကြောင့်မို့ပြောတာ စလုံးကလူတွေ ကညာဏ်ရည်မြင့်ကြတယ်ဆိုတာအလကားပြောတာမဟုတ်ဘူး။ အဲသလိုတွက်ချက်နေမှ တော်ရုံကျတယ်။

အမှန်ကတော့ဖုံးတစ်ခုထဲမှာဘဲ အင်တာနက်ကော ဖုံးကော တစ်ခုထဲဖြစ် ရင်တော့အကောင်းဆုံးဘဲပေါ့။ broadband မယူရင်တော့ ဖြစ်နိုင် မလား မသိ ဘူး။ အခုတော့အဲသလိုဖြစ်သွားတယ်။ မယူခင် ဆိုင်က သေချာရှင်းပြပါတယ်။ ကိုယ်ကိုတိုင်ကိုက မိုက်တာပါ။

ဖြစ်ချင်တော့လဲ အလုပ်က ထိုင်မနေရတဲ့ အလုပ် (cashier ) ဆိုတော့ထိုင်ပြီးအင်တာနက် သုံးဘို့ ဆိုတာ အခွင့်အရေးမရှိတယ်။

အဲဒီတော့အိတ်ထဲကိုတော့ထဲ့ထားပါရဲ့။ broadband ဆိုတာကြီးကို သုံးကို မသုံးရပါဘူး။ အိမ် အသွားအပြန်လမ်းမှာ သုံးပါလားဆိုတော့လဲ အဲဒီအချိန်မှာ မျက်စိပိတ် အနားယူဘို့ဘဲ စိတ်ကူးရှိတော့တယ်။

မြန်မာစာနဲ့ဘလော့ဖတ်ချင်ပါတယ်။ အခုက ဖွင့်ကြည့် လိုက်ရင်လည်း ကိုယ်နားမလည်တာတွေ အတုံးတွေ ဘဲမြင် နေရတာနဲ့ စိတ်ဓါတ်ကျတော့ ဖွင့်တောင်မဖွင့်ဖြစ်တော့ဘူး။ သူများတွေ မြင်ရတာ မြင်ရတာအန်မတန်မှ အာ့း ကျမိပါတယ်။ အိုင်ဖုံးကို ဘယ်လိုလုပ်ဘယ်ဝါလုပ်လို့တော့ Saturngod ဆီမှာတော့တွေ့မိတယ်။ ဆမ်ဆောင်းကြီးအတွက်တော့မမြင်မိသေးဘူး။

သူများကိုအကူအညီတောင်းဘို့ဆိုတာလည်းအမှန်တန်မှ ဝန်လေးပါတယ်။ တစ်ချို့ကလည်း ဂျီတော့မက်စိမှာ ဖုံးတစ်လုံးနင့် တိုင်ပတ်နေသည်လို့ announce လုပ်ထားတဲ့ သူကလည်းလုပ်ထား တော့ ခက်သေးတယ။်

ဖြစ်ချင်တာကတော့ လုပ်တတ်တဲ့ဆိုင် ကိုအပ်ချင်တာပါဘဲ။ ရန်ကုန်မှာ ဆိုရင်တော့ ဆိုင် ရှိနိုင်မလားမသိ။ အိုင်ဖုံးကို မြန်မာဖောင့်နဲ့သုံးတာ မြန်မာနိုင်င့က အများဆုံးဘဲ လို့တော့ Saturngod မှာဖတ်လိုက်မိသေးတော့ အိုင်ဖုံးဝယ်မိရင် ကောင်းသားလို့ နောင်တ ရ.ရမလိုဖြစ်နေတယ်။

ဖုံးမှာ function အတော်စုံပါတယ။် ဒါပေမဲ့ အသက်ရယ်။ စိတ်ဝင်စားမှုရယ်မှာ စကားပြော တဲ့အခါ မလေ့လာချင်တော့ဘူး။ ဒီလိုလုပ်ပါဆိုရင်တော့ လုပ်မိမယ်ဆိုပေမဲ့ ကိုယ့်ဘာသာကိုယ် လေ့လာပါလားဆိုတော့မလုပ်ချင်ပြန်ဘူး။ အခုလောလောဆယ်တောင် video ရိုက်ပြီး ဘယ်မှာပြန်ကြည့်ရမလဲဆိုတာမှာ video finder မှာရှာပါဆိုလို့ video finder ဘယ်နားမှာမှန်းမသိတာနဲ့ ရိုက်ထားတာတွေ ကို ပြန်မကြည့်ရသေးဘူး။

Manual တော့လည်းအိတ်ထဲထည့်ထားတာ အတော် တောင်ကြေ နေလို့စာရွက် တောင်ပြူတ်ထွက်နေပြ.ီ ။ အခုထက်ထိကတော့ ရေဒီယိုဖွင့်တာရယ် , you tube ကြည့်တာရယ် .ဓါတ့်ပုံရိုက်တာရယ်။ ဒါဘဲ သုံးဖြစ်သေးတယ။် နည်းပညာတွေ ကလည်းမြင့်လာသလိုကိုယ်ကလည်း လိုက်ဘို့ ပျင်းတယ်။ လိုက်ပြန် တော့လဲမမှီပါဘူး။

ပြောနေရင်းနဲ့........ဟင်…………. ကျယ်ကျယ်ပြောပါ။
ဘာာာာာာ………..အိမ်ကအင်ဂျင်နီယာ........
မသိဘူး….မသိဘူး............လာမေးနဲ့ …………မုန်းမိပြန်ဦးမယ်။ …………

Monday, December 21, 2009

analyzed

တစ်နေ့တစ်နေ့ အန်မတန်အချိန်ကုန်မြန်တယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေ အလုပ်များတယ်။ များတော့ဘာဖြစ်သလဲ။ပင်ပန်းတယ်။ ပင်ပန်းတော့ စိတ် မ ရှည်ချင် ဘူး.။ အိပ်ရေးဝအောင်အိပ်ဘို့လဲ အမြဲကြိုးစားရင်း မအောင်မြင်ဘူး။ နစ်ရက်တစ်ခါ ပေါင်း အိပ် သ လို တောင်ဖြစ်နေတယ်။ လာမဲ့ ရက် ၂၅. ၂၆. ၂၇ သုံးရက်က ကံအားလျော်စွာ အားသွားတယ်။ ဘာမှ မ လုပ်ဘူးလို့စိတ်ကူးတယ်။ လူမအား တော့စိတ်မပျော်တာဖြစ်တယ်။ မပြုံးတတ်သလိုတောင်ဖြစ်တယ်။ အားမယ် ဆိုရင်တော့ပြုံးနိုင်မယ်ထင်ရဲ့။

ဟင်းလဲမချက်ပါဘူး ။ပန်နီဇူလာက ခေါက်ဆွဲသုပ်ကို ဝယ်လာပြီးမနက်တစ်ထုပ် ည တစ် ထုပ်စားတယ်။

ကျောင်းစာပြန်ဖတ်ဘို့ကြိုးစားနေတယ်။ ပညာရှိမှ ညာဏ်ရှိမယ်မဟုတ်လား။ စာဖတ်ဲ့တဲ့ score မှာ bar graph က အောက်ဆုံးမှတ် မှာရောက်နေတယ်။ ဘလော့လုပ်တာ စာမဖတ်ဖြစ်ဘူး. ဘလော့ဆိုတာ အရင်ဖြစ်ခဲ့ရင် ဘွဲ့တောင်ရခဲ့ပါ့မလားစဉ်းစားမိတယ်။

Friday, December 18, 2009

again

မနက်မနက်ဆို ရပ်ကွက်ထဲကို ဈေးသည်လာတတ်တယ်။ ဗန်းကြီးရွက်လို့ပေါ့။ သူ့ဈေးဗန်းကြီးကြည့်ရတာ ပျော်စရာကြီး။ ကိုယ်တို့ငယ်ငယ်တုံးက ဈေးရောင်းထွက်ကြသလိုဘဲ။ ဈေးရောင်းတမ်းကစားကြသလို။ အစုံပါ.ချဉ်ပေါင်. မျှစ်. ပဲသီး နိုကိုဥ. မုန်ညင်း ငရုတ်သီးစိမ်း ဘုရာပန်း. သရက်ချဉ်. ပဲကြီး. ဆူးပုပ်.ခရမ်းချဉ်သီး..



























သောက်ချင်တာကတော့လက်ဘက်ရည်ဘဲ ။ဒါပေမဲ့ သွားဝယ်ခိုင်းရမှာအားနာတာနဲ့ ကော်ဖီမစ်နဲ့ ဘဲ ကောက်ညှင်းပေါင်း. ဆီထမင်း with ပဲပြုတ်.။


















ချဉ်ပေါင်နဲ့မျစ်ချဉ်ရည်. ပုဇွန်ကြော်.ငါးကြော်. ငါးခြောက်ဖုတ်။ ငရုတ်သီးစိမ်း ကြက်သွန်ဖြူ. လက်ဘက်အသား ပုဇွန်ခြောက်။ ငပိရည်. တို့စရာ။















စားပြီးရင်တော့လမ်းသလားရုံဘဲပေါ့။



Wednesday, December 16, 2009

16 December

နောက်နစ်ပေါင်းများစွာအတွက် သက်ရှည် ကျန်းမာချမ်းသာ ချစ်သောသူများနဲ့ အတူတကွ ရှိစေဘို့ ဆုတောင်း တယ်။

Monday, December 14, 2009

Mrs.



















ကျွန်မအိမ်ထောင်သည်

အိမ်ထောင်ရှိပါတယ်။ ကြာပြီပေါ့။

အိမ်ထောင်ပြူတယ်ဆိုတာမှာချစ်လို့အိမ်ထောင်ပြုခဲ့ကြတာပါဘဲ. ငယ်စဉ်ကာလတုံးကတော့သူသွားသမျကိုယ်အကုန်လိုက်. ကိုယ်သွားသမျ သူပါ။ လဘက်ရည်ဆိုင်လဲကိုယ်ပါ. ရှော့ပင်လဲသူပါ။ကြာလာတော့မချစ်ကြတာတော့လည်းမဟုတ်..သွေးအေးလာကြတာထင်မိတယ်။ သူ့ရဲ့ လ ဘက် ရည်ဆိုင်လဲကိုယ်မလိုက်ဖြစ်. သူတို့ ရဲ့မြင့်မား တဲ့အကြောင်းအရာတွေ. နိုင်ငံ့ရေး. စီးပွားရေး ကြီးပွါားရေးတွေ ကို ကိုယ်မလိုက်နိုင်. ကိုယ်ဲ ရဲ့သေးငယ်တဲ့ အကြောင်းအရာတွေ ကို သူစိတ်မဝင်စား. .

စကားဆိုတာ ကို နားထောင်သူရှိမှ ပြောလို့ရတယ်။ နားထောင်သူမရှိတဲ့ကိုယ့်ရဲ့စကားတွေ …………

တစ်နေ့တာဟာ မိုးလင်းတာနဲ့အမြန်ဆုံး အလုပ်ခွင်ကိုရောက်ဘို့ဘဲ။ စနေလိုနေ့ မျိုးမှာတောင် ညနေ ကို မတွေ့ဖြစ်တဲ့အဖြစ်. ကိုယ်က အနောက်အရပ်မှာ သူက အရှေ့အရပ်မှာ . ဆုံမှတ် အလည်ကိုတောင် မသွားနိုင်တော့။ ရောက်တဲ့အရပ်မှာဘဲ ဟိုငေးဒီငေး.. လက်ချင်းတွဲထာားသူများတွေ့ရင်စိတ်နာ။ အိမ်ကို ဘဲပြန်တာကောင်းမယ်ထင်ရဲ့။

Friday, December 11, 2009

traditional

.......

Wednesday, December 9, 2009

crazy man

အခုတစ်လော ဈေးဘဲဝယ်နေတယ်။ ဟင်းချက်စရာမဟုတ်ပါဘူး . ဖိနပ်ဝယ်လိုက် အကျီဝယ်လိုက်.. ခြေအိတ်ဝယ်လိုက်နဲ့။

ဖိနပ်တွေကလည်းအိမ်မှာ အများကြီး စလုံးမှ မိန်းကလေးများထုံးစံ. ဝယ်နေတုံးပါဘဲ ရှိလဲဝယ်တာဘဲ။ စီးတော့မန်းဒလေးဖိနပ်. ဘာဖြစ်လို့များဝယ်နေမိလဲ ကိုယ့်ဘာသာကိုယ်စဉ်းစားမရဘူး. ။ ဒီဖိနပ်ကလေး ကသဘောကျပြန်တယ။်

ကိုယ့်ဘာသာကိုယ်ရူးနေတယ်တောင်အောက်မေ့တယ်။ နောက်နေ့တွေတော့မဝယ်ဖြစ်အောင် နေမှ ဘဲ။ အိမ်ပြန်လဲမိုးချုပ်မှာနဲ့အတော်ပါဘဲ။





















































Tuesday, December 8, 2009

back

ရန်ကုန်ပိုစ်တွေက ဘယ်တော့မှ ပြီးမှာ မဟုတ်ပါဘူး ။ . ရန်ကုန်သူဆိုတာ ရန်ကုန်ကို သွားနေဦးမှာဘဲမို့လို့ပါ။ အခုလဲ မပြီးသေးပါဘူး ကြားဖောက်ပြန်တဲ့နေ့ကိုသတိရသွားလို့ .ပြန်တဲ့ နေ့က အမျိုးလိုက်ပို့တယ်။ မနက်စောစောပိုင်းက ရေကျော် ဈေးထဲသွားလိုက်သေးတယ် . ဘာရယ်မဟုတ်. ဈေးထဲလျောက်ချင်လို့သွားလျောက်တာပါ။ ဒီလို အရသာမျိုးက နိုင်ငံခြားမှာ ရနိုင်တာမဟုတ်ဘူးလေ။ ဘုရားပန်း သပြေပန်းဝယ်တယ်။ နဲနဲလေးပါ. ဘာရယ်မဟုတ် .ဝယ်ချင်လို့ဝယ်တာပါ။ ဒန်ပေါက်ဲလဲပုဇွန်တောင်မှာ သွားဝယ်လိုက်သေးတယ်။ ရွေညောင်ပင်ဒန်ပေါက်။

အမျိုးက ကမ္ဘာအေးဘုရားလမ်းကိုရွေးလိုက်တယ။် ကိုယ်က ဆိုရင်ပြည်လမ်းကိုကြိုက်တယ်။ အဲဒါလဲ တစ်ယောက်တစ်မျိုးဘဲ။ ကမ္ဘာအေးလမ်းကို ရွေးတဲ့ သူကလည်း အမြဲကမ္ဘာအေးလမ်းကိုဘဲ ရွေးတယ်။ ပြည်လမ်းကို ကြိုက်တဲ့ သူကလည်းအမြဲပြည်လမ်းကိုဘဲ ရွေးတယ။် သန်ရာသန်ရာပေါ့။ ငြင်းခုန် စရာ အကြောင်း မရှိပါဘူး လေဆိပ်ရောက်ရင်ပြီးတာဘဲ။

မီးကာဆာဘေးကနေဖြတ်တယ်။ သူလဲတစ်ခါတစ်လေ ဈေးချတယ်။ အင်တာနက်ထဲ မှာရှိတတ်တယ်။ အဲဒီနေ့က မိုးညို့တယ်။ လွမ်းစရာလေးဘဲ။ ကမ္ဘာအေးဘုရားဘေးကနေဖြတ်တယ်။ ကိုးမိုင်ကျော်လာတယ်။ လေဆိပ်ကိုမြင်ရပြီ။။ ကိုယ့်သူငယ်ချင်းလေယဉ်မယ်ကလေးကို မစောင့်ခိုင်းတော့ဘူး ခဏခဏ လာစောင့်ခိုင်းရတာအားနာလာပြီ။ အဲဒီတော့ဘာဖြစ်သလဲဆိုတော့ စောစောဝင်ရတာပေါ့။ သူပါရင်တော့လည်း နောက်ကျမှဝင်လို့ရတယ်။ဘယ်တတ်နိုင်မလဲ။ ကိုယ့်အမျိုးကလွမ်းရှာတယ်။ မဝင်စေချင်သေးဘူး။ ဖြောင့်ဖျရတယ။် ပြန်လာဦးမှာဘဲ။ သိတ်လွမ်းမနေနဲ့လို့။........