Tuesday, August 27, 2013

27th august 2013

















ဒီတစ်ပါတ်အတွင်းတစ်ရက်သာ စားရမည် ဖြစ်သော မြန်မာစာကိုသေချာ တည်ခင်းစားသောက်လိုက်သည်။ ထမင်းစားရသည်မှာ အားမရ. အပြင်ဆိုင်မှ ဝယ်စားရသည်ကို အားမရ. မြန်မာနံ့ကလေးငပိနံ့ကလေးဖြင့်စားချင်သည်. ထမင်းဆိုင်မှာ ထမင်း နင့်ငါးကြော် အကွင်း ကိုက်လန်ရွက်ကြော် (စုစုပေါင်းစလုံးလေးကျပ် ပြားသုံးဆယ် x 750= 3225 ကျပ် ဘိုး ဝယ်လာသည် စလုံးတွင် ငါးဈေးကြီးသည် ဘာကြောင့်မှန်းတော့မသိ ကြက်သားဈေးပေါသည်။ ထမင်းဘူးထဲမှ ထမင်းကို ပန်းကန်ထဲသို့ထည့်သည် ပန်းကန်နစ်ချပ်အသစ်ဝယ်ထားသည် တော်ကြာနေ ပန်းကန်လာပေးနေကြမည်ကိုစိုးရိမ်သောကြောင့်ဖြစ်သည် ။ ဟိုနေ့က အကပ်အသပ်ကျန်သော ပုန်းရည်ကြီး. (ပုန်းရည်ကြီးသည် သုံးထုတ်ကို စလုံးနစ်ကျပ်ပေးရသည် ( 2x 750= 1500 kyats) ) ကို ဆီထပ်ထည့်ကာ (ဆီဝယ်ရဦးမည် ကုန်ခါနီးပြီ) ကြက်သွန်နီ တစ်ကျပ်ဘိုး ဝယ်ထားသည်ထဲမှ အလုံးသေးတစ်လုံးကို ယူကာလှီးထည့်လိုက်သည်။

ငါ့ရံခြောက်သည် မြမြင့်မိုရ်ထင်သည် စလုံးရှစ်ကျပ်ပေးရည် ( 8 x 750= 6000 kyats ) ထိုတစ်ဘူးစာခန့်ဖြစ်သည် လက်ကျန်ငါးခြောက်နင့်ပေါင်းထားသေးသည် ဆီထပ်ထည့်ပြီးစားရုံဖြစ်သည်. ကင်ပွန်းချဉ်ရွက်ကြော်သည် ရယ်ဒီမိတ်ဖြစ်သည သူများကြော်ထားသည်ကိုဝယ်စားခြင်းဖြစ်သည် စလုံးနစ်ကျပ် ခွဲခန့်ဖြစ်ရာ နစ်ထောင်ကျပ်ခန့်ဖြစ်သည်ငါးပိများ၏ ချဉ်သည် ဆိုရုံမျှလေးသာ ချဉ်တော့သည် ငရုတ်သိးအားရပါးရသု့းထားရာ ရဲနေ၏ အားရပါးရစားလိုက်သည် . ဆိုးဆေးတွေ ပါတော့မှာဘဲ ဆိုကာ တွေးမိခြင်းကို ခဏမေ့ထားလိုက်သည် ငါတို့ နိုင်ငံသားများကို ရောဂါ ဖြစ်စေသော အရာများမှ ကယ်တင်တော်မူပါ။ လောလောဆေယ်တော့ စားလို့အတော်ကောင်းသည်ကုန်သွားလေ၏. ။ တန်လေသည် စိတ်ချမ်းသာမှူရသွားသည် ဘယ်နစ်ရက်မှ တစ်ခါြ့ပန်စားဖြစ်မည် မသိ. ကင်ပွန်းချဉ်ရွက်ကြော်ကလေးကို သေချာသိမ်းထားလိုက်သည် ပုန်းရည်ကြီါ်သေချာပြန်သိမ်းသည် ငါးခြောက်ဖုတ်ကလေးကို လေလုံအောင်ဖုံးသည် ဒါလေးတွေ နင့်လူလုပ်နေရ၏

Sunday, August 25, 2013

25th August 2013

 



















မနေ့က အတော်ဖျားသည် ထင်သည်တစ်နေလုံးအိပ်ရာထဲမှ သိတ်မထနိုင် ကွန်ပြူတာနင့် အိပ်ရာသာသွားနိုင်သည် ဝမ်းလဲလျောသည်. မသွားစဘူး dinner party တွေ သွားမစားမစားစဘူး dinner party များသွားမိခြင်းကြောင့်ဖြစ်နိုင်သည်။ မနက်ထ ဆေးသောက်ပြန်အိပ် ညနေ ထ ဆေးသောက်ပြန်အိပ် ညနေက အိပ် ည တစ်ခါထ ဆေးပြန်မသောက်ဖြစ် ရေလဲ မချိုးဖြစ်. ထမင်းလဲမစားဖြစ် မနေ့က မနက်က ဘာစားသနည်း အော်ထမင်နင်ဲ ငါခြောက်ဖုတ်ဖြင့်ဖြစ်သည်။ ညနေစာမစေားဖြစ်ရာ ထမင်းများပိုသွားသည်။ ပိုသွားတော့ဘာဖြစ်သနည်း ထမင်းကြမ်းဖြစ်သည်ပေါ့.

ညတစ်ရေးနိုး ပြန်သည် ချမ်းသည် အတော်ချမ်းသည် စောင်အထူကြီး ကို ကုန်းကောက်  (ကုတင်အောင်ရောက်နေ) ကို ဆွဲခြုံက အချမ်းဒဏ် တွန်းလှန်ရသည် မီးယပ်ချမ်းဟုခင် ဆိုချင်သညအလကားနေရင်းထချမ်းခြင်းဖြစ်သည် ချမ်းသည်မှ အေးစက်တုန်နေအောင်ချမ်းသည် စောင်အမထူကြီးမရှိလျှင် မသက်သာ.

မနက်မိုးလင်းတော့တအိမ်လုံးတိတ်ဆိနေသည် မနက် ရှစ်နာရီဃခွဲဖြစ်သည် ဘာနေ့ပါလိမ့်ကိုယ့်ဘာသကိုယမ်မရေရာ တစ်နဂ်နွေလား တစ်နလာလား.။ တစ်ယောက်ထဲနေသညမ်မှာ ဂွကျလှသည် သို့သော်လည်းအနေကြာသော် သူများနင့်မနေချင်တော့ကိုယ့်ဘာသာကာ ကောင်သည် ဆိုးသည် တစ်ယောက်ထဲနေချင်တော့သည် မောင်သာအနားမှာရှိလျှင်တော့မောင်နင့်နေမည်ပေါ့ မောင် အိမ်မှာမရှိလျေင်တော့လဲ မည်သူနင့်မျှ မနေချင်ပေ။

ပြောသာပြောရဥည် ခြေထောက် နာတုံးကတော့ညီမလေးတစ်ယောကို အကူအညီတောင်းက တစ်ပါတ်ခန့်အိမ်လာနေခိုင်းရသည် မည်သို့ပင်မာစေကာမူ နေမကောင်းလျှင်တော့စိတ်ကျသည်သာ သူလေးကို မြင်လျှင် အားတက်ရသည် အိမ်သည နဲနဆြူညံကာ အသံထွက်ရသည် သက်သာလာလျှင်တော့ညီမလေးကို သူ့အိမ်သူပြန်ခိုင်းလိုကသည် မချစ်သည်တော့မဟုတ် တစ်ယောက်ထဲနေသားကျနေခြင်းဖြစ်သည် အိပ်ချင်း စားချင်းများကို သူများနင့်ညှိစရာမလိုချေ.

ယနေ့သည် ခြေထောက်အနာ လုံးဝကောင်းသွားသော တစ်လနင့် ၂၅ ရက်ကြာသော နေ့ဖြစ်သည် ယခုလောက်ကြာမည်ဟု သူမမျှော်လင့်မိ ဆီးချိုမရှိသည်ကိုတောင် တစ်လေကြော်ကြာလေရာ ဆီးချိုရှိသူများအတွက် မတွေးဝံန့ဘာာဘဲပြောပြောလူနာတွေ ရဲ့ ဘက်က ခဏဝင်ကြည့်ဘူးသွားသည်။ ဘုရားစာ နားထောင်ရမှန်းသိလာသည် အမြတ်ဘဲပေါ့။

ယနေ့သည် တစ်နင်္ဂနွေ ဖြစ်ကြောင်းကို ကွန်ပြူတာမှ ၂၅ ရက် တစ်င်္ဂနွေ ဆိုသည် ကို အတည်ယူရသည်.။ အလုပ်သွားရလွန်းသောကြောင့်အလုပ်မသွားရလျှင် တေကြာင်တောင်တောင်ဖြစ်နေသည် ဒီနေ့မှ ရုံးတက်ရမလို အလုပ်သွားရမလို မသွားရသည်ကို မယုံနိင်သလိုဖြစ်သည်။

ထမမင်းကို ကြက်ဥနစ်လုံးဖြင့်ဆားအချိုမှုန့်အနည်းငယ်ကာ ပဲပြုတ် freeze ထားသည်ကို ဖဲ့ချကာ အိုးထဲထည့်ကာ ချေလိုက်သသည် (အိုဗင် မဝယ်ရသေး). ဒါဘဲပေါ့ သံပရာသီး ရှိသည်ကို ပျင်းရိစွာ အချဉ်ထမလုပ်ချငမျက်စထေဲ့တှောုမမြင်ယောင်သား ကြက်သွနန်နီ ဥကွန်းနင့် သံပုရာသီးညှစ်လိုက်လှင် ပိုအရသာ ရှိသွားည်ြပေါ့ နေပါစေ ပျင်းရိလှသည်။

Nyi Linn Thit ဖဘကနေ ဘလော့ ကို သွားဖတ်မိလျင်တော့ကိုယ်တို့ဘလော့ခတ်ကလေးကို လွမ်းချင်လှသည်. ခဥမတို့ကြီးပွားခဲ့စဥင်္ကပေါယေ့ခုတော့ခြောက်ကပ်ကပ်ဖြင့် . သို့သော်လည်း ဘလော့ပြတ်သွားသည်ကို ဝမ်းသာမိသည်။ နဲနဲတော့ဖတ်သေးသပေါ့ ယခင်ကလေိုတော့မဟုတ်တော့. ဘလော့ဖြင့်အချိန်ကုန်ခဲ့သည်များကို နမျောတသလှသည် ဘဝတွင် နစ်ခါပြန်မရနိုင်သောအချိန်များဖြစ်သည်. ကွန်မက်မျာကို ကြည့်လိုက်လျှင်တော့လဲ စိတ်မကောင်းမိ.

ခင့်ကို ချစ်လှသည် ဆိုသော သူများသည် စိမ်းကားသွား၏. စိမ်းကားသွားသောသူများကို ခင်အပြစ်မဆို. ကိုယ့်ဘဝကိုယ်သာ အပြစ်ဆို၏. တစ်ယောက်သွားသော် နစ်ယောက်လာမည်ဟု မဆိုလို ခင့်ကို ချစ်သူများစွာ ရှိလှသည် မချစ်တော့သူများကို ချစ်ပါရန် ပြောလို့မရ..။

ဒါပါဘဲလေ. လောကကြီး နောက်ဆုံးတော့ကိုယ့်ဘာသာကိုသာ ရပ်တည်နိုင်ဘို့ကြိုးစားရသည်. ငိုနေသူများကို လူအများစိတ်ကုန်ကြသည် ပျော်ရွင်နေသူများကို ချစ်ခင်ကြသည် အောင်မြင်သူများကို လူဝိုင်းသည်။ မိမိကိုယ်ကိုသာ စောင့်ရှောက်ရာသည်။

Saturday, August 24, 2013

good time





ဖျားနေသည် ထင်သည် ကိုယ်ငွေ့ငွေ့ပူသည်. လက်နင့်စမ်းကြည့်သည် ပါရာစီတစ်မမောနစ်လုံးသောက်သည် ဟက်ချိုးသည် အာတီဖက် တစ်ခြမ်းသောက်သည်။ ဘိုက်အောင့်ပျောက်ဆေး omeprazole တစ်လုံးသောကသ်ည် ညက ဘိုက်အောင့်လို့ပရုတ်တဆီလိမ်းမည်ဆိုကာ ပရုပ်ဆီဘူးလေးကိုင်က အခန်းထဲဝင်သွားပြမီးမလိမ်းလိုက်ရ အိပ်ပျော်သွားသည် ပုလင်းလေးကိုင်လျှက်ဖြစ်မည် သနားစရာကောင်းလေစွ.




ညက birthday party သွားသည် ဘားလိုမျိုးလား စားသောက်ဆိုင်လိုမျိုးလား မီးခပ်မှိန်မှိန်ထွန်းထားသော နေရာတွင်လူစုက ကိုယ့်ပိုက်ဆံကိုယ်ထည့်ကာ စာသောက်ကြသည် ယခုအကြိမ်သည် ပထမဆုံးဖြစ်သည် တစ်ခါမျှ မလိုက်သွားဘူး သူတို့တွေ၏ activity များကို ဖိတိခေါါ်သော်လည်းကိုယ်က ခရီးအဝေးတွင် နေသူဖြစ်ရာ လိုက်သွားလျင်အိမ်ပြန်အာြးီကီနောက်ကျသည် မောင်တစ်ယောက်ထဲ အိမ်မှာ့ ပျင်းနေမှာစိုးသည် ယခု မောင်က အဝေးမှ မကြာခဏဖုံးဆက်နေရာ လိုက်သွားလို့တော့ရသည် ငါသည်လည်း နိုင်ငံခြားတွင် နေသည်မှာ ဘယ်လောက် ထပ်ကြာတော့မည်မသိ ပြန်ချင်လည်း ပြန်တော့မည် မဟုတ်လား မပြန်ခင် သူတို့လေးတွေ နဲ့ချစ်ချစ်ခင်ခင် နေလိုက်ပါဦးမည် ဟု စိတ်ကူးသည် အစကတည်းက လည်းချစ်ခင်ပါသည်




ဒင်နာဖြစ်ရာတစ်နေရာတွင် ခိုကာ စောင့်နေရသည် သူတို့အတွက်တော့သူတို့အိမ်မှ သူတို့လာကြသည်ကိုယ့်အတွက်တော့ပင်ပ်န်းသည် ညနေသည် ဘိုက်ဆာချိန်ဖြစ်ရာ စားရမည် သိသော်လည်း မစောင့်နိုင် တစ်ခုခုတော့စားရမှ ဖြစ်မည်။ စားပြီး အခန်းပြန်ကာ ခဏသာ အိပ်ရသေးသည် လာခေါ်တော့မည် ဖြစ်ရာ ရေချိုးအလှပြင်ရသည် ခင့်သူငယ်ချင်းများသည် ရိုးရိုးကြီးများဖြစ်ကြသည် ကြိုက်နစ်သော dress ဝတ်နိုင်ပါသည် ဟု ဘာဝတ်ရမလဲ ခေါင်းခြောက်ထားပြီါ်လှမ်းမေးထားရာ ရိုးရိုးသာ ဝတ်ကြသည်။ လူ ၂၀ ကျော် သုံးဆယ်ခန့်ရှိမည် အမှန်တော့လည်း နေ့လည်ပိုင်း ရံဖန်ရခံခါ လေကန်တတ်သော ကန်တင်းမှ အုပ်စုသည် စားသောက်ဆိုင်သို့ပြောင်းကာ လေကန်ကြခြင်းဖြစ်သည်။ ခင်ကတော့နားထောင်သူသာဖြစ်သည တရုတ်လိုမှ မပြောတတ်ဘဲကိုး အိဒိယလိုတော့မပြောကြာ အဂ်လိပ်လိုပြောကြသည် ခင်နားလည်သည် သို့သော်လည်း စကားဝိုင်းတစ်ခုကို leading လုပ်ပြောရန် အရည်အချင်းမရှိပါ




လူအတော်စုံသော်ဘူဖေးလိုမျိုး စားကြသည် အဝစားတော့လည်းမဟုတ် အလှစားလည်းမဟုတ် သူကိုယ်တိုင်က ကျွေးထားသည်မှာ ကြာဇံကြော်. ဆာတေး ပုဇွန်ကြော် အာလူးကြော် ကြက်သားကြော်များဖြစ်လေရာ စားတုံးကတော့ဘိုက်ဝသည် သိတ်တော့အာသာမပြေလှ ကြက်ကြော်စားလှင် ကိုက်စားရမည် ဖြစ်ရာ လက်ပေမည်စိုးသော်ကြာင့်မစား ကိုကာ ကိုလာသောက်သည် occasional များကတော့ drink ကြသည် သူငယ်ချင်းတစ်ယောက်က အရသာ မြည်းခိုင်းသည် ဝီစကီထင်သည်မဆိုး. ဆိုဒါ ကိုကာ ကိုလာနင့် ရောသောက်သူလည်း တွေ့သည် ဘာမှန်းမသိသော အရည်ကို ဟိုရော ဒီရောပြီး ပေးသည်ကိုလည်းတွေ့ဥည် လူက သုံးဆယ်လောက်ဖြစ်ရာ အများကြီးမသောက်ကြပါ တို့ရုံလောက်သာ ဖြစ်သည်အအေးသောက်သူက သောက်သည် ခင်သည် အရသာ ကြို့က်သွားကာ စားပွဲတွင်ချထားသော သူ့ခွက်ကိုယ့်ခွက် မကြွဲ့ပားတော့သော ထဲမှ ကိုကာ ကိုလာန့် ရောထေားသည် ထင်ရသော တစ်ခွက်ကို ယူကာ ရူးသလို ပေါသလိုနင့်ယူသောက်လိုက်သည် ပထမက အရက်မသေသာက်တတ်ဟု ပြောထားချင်းဖြစ်သ်ည အရသယာပိုရှိသွားသယောင် ခံစားရသည် Birthday boy သည် ခပ်ချောချောဖြစ်သည်. .။ သူတို့ ခွက်ချင်းထိလျှင် ရောယောင်က ဝင်ထိသည် ပျော်တော့ပျော်၏. ခင်အသက်ကြီးသော်လည်း ဟိုနားဝင်နားဝင်တိုးလို့ရသေးသည်. အားရှိသွားသည်.




သိတ်မိုးမချုပ်ခင် တစ်အုပ်စုက ပြန်မည် လုပ်ကြသည် ခင်မပြန်ချင်သေး ဟင် နင်ပြန်ရမယ် အဝေးကြီးက လာတာ မိုးချုပ်ပြီ ဟု တစ်ယောက် ကအတင်း ပြန်ခိုင်းသည် သူလည်းပြန်မည် ဖြစ်သည် ဟင် မိုးချုပ်ကိတ်စမရှိဘူး ငါပြန်နေကျဆိုသော်လည်းနင့်ဘာသာ နင်မိုးချုပ်ပြန်တာ ငါမသိဘူး အခု ငါ့ရှေ့မှာ နင်မိုးမချုပ်ရဘူး လာလာ ပြန်မယ် လိုက်ပို့မယ် (အဂ်လိပ်လိုပြောကြချင်းဖြစ်သည် )အနိးံဆုံးနေရာသို့ဟု ဆိုကာ ဗီတိုအာဏာ သုံးပြီးပြန်ခေါ်လာသည် ခင်သည် မပြန်ချင် ပြန်ချင်ဖြင်သူ့နောက်လိုက်ရသည် bitrthday boy ကို ပါးစပ်ထဲ အရက်အတင် လောင်းချကြသည်. corporate ရှိပါဟု ဆူပူကြသည် birthday cake vလည်းစားရသည်.အားလုံါးဒ်ါတ့်ပုံစုရိုက်ကြရာ လူများလွန်းသောကြောင့်မဝင် squeeze ဟုရိုက်ပေးသူက အော်ရာ အားလုံးက တစ်ပျော်တစ်ပါးကြီး squeeze ဟုဝိုင်းအော်က အားလုံး စု ကာ ယိမ်းယိုင်သွားကာ လူအတငးစုပြီးရိုက်ကြလေသည် ထိုဒါတ်ပုံတောင်းရဦးမည် ရိုက်သော ကင်မရာပိုင်ရှ်င်တွေ ဖဘ မရှိပါ.ယုံချင်ယုံမယုံချင်နေ ။ မနေ့ကညသည်ခင့်အတွက်တာ့ good time ဖြစ်လေသည်။.

Saturday, August 10, 2013

10th august 2013

ထမင်းကြမ်းလေး ယပ်ခပ်စားမည်ဆိုသော်လည်း ထမင်းအိုးမတည်ဖြစ်လိုက်ရာ ထမင်းကြမ်းမရှိလိုက်ချေ။ ဘိုက်ဆာသော်လည်း ဘာမျှ မလုပ်ချင် ထမင်းပွဲရှေ့ရောက်လာလျှင် ကောင်းလေစွ. ။ ရန်ုကုန်အိမ်ကိုတမ်းတသည် စားစရာများးစွာရှီသည် အမျိုးတွေ အိမ်သွားလျင် ထမင်းခူးကျွေးကျသည် သူငယ်ချင်း အိမ်သွားလျှင် ကျွေးသည် ပုံ (၁) သည် သူငယ်ချင်း ank အိမ်သွားတုံးက ထမင်းးအိုးပါ ချရွေ့ ကျွေးခြင်းဖြစ်သည်. အားနာသော်လည်း ခင်သည် စားသည် ခင်ထမင်းမချက်တ်သည်ကို သူတို့သိကြသည် အဲသည်တော့သူတို့အိမ်ရောက်လျင် ခင်စားချင်သညကို သိသည် ဖြစ်ရာ ကျွေးကျသည် ( မှတ်ထားကြပါ.)

သည်မှာတော့ကိုယ်ထူ ကိုယ်ထ . ကိုယ်ထမှ ကိုယ်စားရသည် ကိုယ်မထလုပ်လျှင် ကိုယ်မစားရ. မလုပ်ချင်တော့ မစားရသည် ပေါ့ ထမင်းကြမ်းကလေးတောင် မရှိလိုက်သည်ကတော့ဆိုးသည် ထမင်းကြမ်းရှိလျှင် ငခြောက်ဖုတ်နင့် စားလို့ရသည်လက်ဘက်ရှိသည် ငါးခူကြော်အေးစက်စက်ရှိသည်

အိုဗင် ပျက်နေသည် ဖွင့်လိုက်လျှင် လျှပ်စီးလျက်သကဲ့သို့ မီးပွင့်သည် ဟိုဘက် ဒီဘက် ရှလွတ်ဆိုကာ မီးကူးသည် ဘာဖြစ်သွားသည် မသိ. လွတ်ပစ်ရပေဦးမည် သို့သောည်လည်း လွတ်ပစ်သည့်ဆီ မရောက်သေး . ။ မောင်က ခပ်တန်တန်သာ ဝယ်လိုသည် တစ်ရာအောက် ခင်က တစ်ရျာေက်ာတန်ဝယ်လိုသည် ခင်ဝယ်ချင်တာ ဝယ်မရပါ

ခင့်ပိုက်ဆံသည် မောင့်ပိုက်ဆံဖြစ်သည် မောင်သဘောမတူလျှင် ဝယ်မရပါ မောင့်ပိုက်ဆံသည်ခင့်ပိုက်ဆံဆိုလျှာင်တော့မောင်က မင်းသိတ်လည်ပါလား ခင် ဟု ဆိုသည်။ ဘာဘဲဖြစ်ဖြစ်မောင့်ပိုက်ဆံသည်ခင့်ပိုက်ဆံဖြစ်သည် (သုံးခါပြော).

လိုရင်းကတော့ ညှိမရသောကြောင့် လောလောဆယ် အိမ်တွင် အိုဗင် မရှိချေ. မရှိတော့ဘာဖြစ်သလဲ အေးစက်စက်တွေစားရတာပေါ့ ခင်က ပိုအေးစက်စက်တါ စားရတာပေါ့. ဝယ်တော့ဝယ်ရမည် ဝယ်သည့်ဆီ ကိုမရောကသေ်း ဟင်းအေးအေးကြီးတော့လဲ မစားချင်ပါ. စားချနီးမျ ထမင်းပွဲ ထပြင်တတ်သောသူသည် ဟင်းအေးအေးကြီးများနင့် ခဏခဏတွေ့ရာ မစားချင်ပေ.

သည်နေနေ့လည်ေ့တော့ထမင်းလဲနည်းနည်း တစ်ဘူးခွဲလောက်ချက်ထားမှ ဖြစ်သည် ထမင်ေးတွ ချက်ပြီးသွန်ရလှသည် ရံဖန်ရံခါ တစ်နပ်သာ စားလေရာ ပိုသော ထငမ်ငးသည် နောက်နေ့သွန်ရသည်ချည်းဖြစ်သည်. နမျောစရာ. ညကျမှ ထမင်းကြမ်းလေးနင့် ငါးခြောက်လေးနင့်စားတာပေါ့ ယခုတော့

နွားနို့နင့် ယမန်နေ့က နဲနဲကျန်သော ပလာတာ မာခေါက်ခေါက်ကို ညှပ်ထည့်သည် ကြက်သားပလာတာ မဟုတ် ပါ သက်ဝေ. ။ နွားနို့ပလာတာသာဖြစ်သည် တို့ကို မချစ်ဘူးမဟုတ်လား သက်ဝေ ဟင်း.။

မာသော ပလာတာသည် မပျော့သောအခါ ဘီစကစ် ကိုချေ ထည့်လိုက်သည် ဘာဘဲဖြစ်ဖြစ် တဝမ်းငြိမ်းသည် ပေါ့. ခင့်ကို မရှိဟု ထင်ကြတော့မည်.။ ခင်စားနိုင်ပါသည် ဟု ထပ်ခါထပ်ခါ ပြောနေမိသည် ပျင်းခြငး ဖျင်းခြင်း. တင်းတိမ်ရောင့်ရဲတတ်ခြင်းအလိုလောဘ နည်းခြင်း တို့ ရှိသော ခင့်ကို...............





9th September 2013

သူများတွေ အပြင်ထွက်ချိန်သူမထွက်ပါ. အိမ်မှာသာနေသည် ။ အသက်ကြီးပြီ ကလေးများလိုလန်းလန်းလန်းလန်းမလုပ်နိုင်တော့. အလုပ်ချိန်တွင် အလုပ်အပြည့်လုပ်နိုင်ရန် energy ကို save ထားရသည် ဟိုတုံးကတော့ တစ်ညလုံးမအိပ်ဘဲ ပြန်လာလည်းနောက်တစ်နေ့လျောက်လည်နိုင်သေးသည် ယခုတော့ နစ်ရက်ပိတ်သည်ကိုပင် နည်းသည် ထင်နေမိသူဖြစ်သည်။

မနက်စာပလာတာသည် ညနေ သုံးနာရီဖြစ်သည် ကော်ဖီမသောက်ဖြစ်ပါ ပက်စီသောက်သည်။ သူများတွေ ပသာဒဖြစ်အောင်တင်သော စားစရာများသည် သူလက်ထဲတွင်စားချင်စာရာမကောင်းအောင်ဖြစ်သွားသည်ကိုတော့မတတ်နိုင်ပါ. အရှိကို အရှိအတိုင်းဘဲပေါ့။

ဒါတ်ပုံကလေးပိုလှအောင် wondercamera နင့်ရိုက်လို့ရသည် သူ အနစ် ဆယ့်ငါးနစ်ခန့်နုပျိုသွားနိုင်သည် နေပါစေတော့လူတွေ ကို မလှည့်စားလိုပါ အရှိအ အရှိအတိုင်းဘဲပေါ့ ချစ်ကုန်ကြလျင်ခက်မည် တွေ့ချင်ပါသည် ဆိုခက်မည် လမ်းတွေ့မှ ဟင် မည်ကို စိုးရိမ်လှသည်.

ရှိစေတော့အသက်အကြောင်း ပြောလှသည် ဟုဝေဖန်ကြသည် မိန်းကလေးများကို အသက်မေးမးရာ ယောကျက်ားလေးများကိုဝင်ငွေ မမေးရာ. ဆေးကျောင်းသားများကို အမှတ်မမေးရာဟု တစ်နေရာတွင်မြင်လိုက်ရသည်။

တစ်နေ့လုံး ဖဘတွင်သာနေ၏ ကိုယ်လိုလူတွေ လည်းရှိသည်မဟုတ်လား ဖဘကို လူလုပ်ရသောသူသည် သူဖြစ်သည် အပြင်ထွက်လျှင် မိသားစုများကို တွေ့မည် သူငယ်ချင်းများကိုတွေ့မည် ပျော်ရွင် မြူးတူးနေကြသူမျာိးကုမြင်မည်.။ သူနင့်ဘာမှ မဆိုင်ပါ. ကိုယ့်ဘာသာငြိမ်ငြိမ်လေးနေရသည်ကစိတ်ချမ်းသာလိမ့်မည်.

ခင်အိမ်သည် ရှူပ်ထွေးလှသည် ဘာကိုမှ မကြည့်နင့် ကွန်ြူ့ပူတာဘေးတွင် ရှုပ်ထွေးနေသည် မှာ စုံလင်လျသည် ပရင်တာသည် ဆော့ဝဲမှားရွေ့လားမသိ. ပရင့်လုပ်ရွေ့မရပါ စမ်းသပ်ဦါ်မည် ဆိုကာမလွတ်ပစ်ရသေးချေ. စာအိတ်တစ်အိတ်ကို ဘာလို့ကြားထိုးထားသနည်း ခင်မသိပါ. အစာကြေဆေးသည် မောင်ပျင်းလျင် စားဘို့ဖြစ်သည် ချောင်းဆိုးပျောက်ဆေးသည် မောင်ဟိုတစ်လောက ဖလူဖြစ်ရာ အင်္ဂလိပ်ဆေးကော မြန်ာမဆေး ကွမ်းရုံပုံဆေးနင့်ကုရုံမက ထက်လင်း ရင်လူးဆေးလေးပါ ပြေးပြေးလူးပေးသည် ခင်သည် တဆ (တိုင်းရင်းဆေးလက်မှတ်)မယူလိုက်ရသည်ကို တောက်တစ်ခေါက်ခေါက်ဖြစ်သည် ဆယ်လိုတိတ်ကြီးဘာလို့ကွန်ပြူတာဘေးရောက်နေလဲမသိပါ. အိမ်မကလေးများလှနေလျင်သူသိတ်သေဘာကျသည်။ လှနေသည် မှာ ရှင်းနေသောကြောင့်ဖြစ်သည် ရှင်းနေသည်မှာ လွတ်ပစ်သောကြောင့်ဖြစ်သည် ဘာကို လွတ်ပစ်ရမည်နည်း ဘာကို မှ မလွတ်ပစ်ရက်ပါ နမျောစရာကြီး.။

သီချင်းနားထောင်သည် အိပ်သည်.။ စားသည်ကတော့မမည်ရ ညဘက်ဘာစားရမည်နည်း ရယ်ဒီမိတ် ရှမ်းခေါက်ဆွဲရှိသည် ခေါက်ဆွဲကို ရေစိမ်ပြုတ်ပြီး ပါလာသောအမှုန့်များနင့်နယ်လိုက်လျင် ရှမ်းခေါက်ဆွဲဖြစ်လတ္တွှ့.ံ
 


 

Tuesday, August 6, 2013

6th August 2013

စိတ်ဆင်းရဲစွာနဲ့ပြန်လာတယ် ကိုယ်လိုပ်သမျှဖြစ်ရမယ်လို့ ခံယူချက်မရှိပေမဲ့ လုပ်တိုင်းတော့လဲ အောင်မြင်တာ များတော့ confidence တွေ များနေခဲ့တယ် အမှားအယွင်းတစ်ချက်ဟာ အကြောင်းတစ်ခုကိုဖြစ်စေတယ် အကောင်းအဆိုး ဘာဆက်ဖြစ်မယ် မသိသေးတော့ စိတ်ဆင်းရဲတယ် ကိုယ့်အတွက်လဲ စိတ်ညစ်တယ် သူများအတွက်လဲ စိတ်မကောင်းဘူး။ အမှားအယွင်းဆိုတာ မရှိရင် အကောင်းဆုံးဆိုတော့ မှားတာကို ပြင်ဘို့ အခွင့်အရေးရှိပါ့မလား စိတ်ပူတယ်။ ထမင်းမစားချင်ဘူး အားလုံးကို အရှုံးပေးလိုက်ပြီး.လက်မြှောကလိုက်ဘို့စိတ်ကူးတယ် မနည်းအားတင်းထားရတယ် ယိုင်လဲ မသွားအောင် ကျားကန်ထားရတယ်။ စိတ်တွေက ညစ်တယ်မှာ ပိုဖိထောင်းတယ်။ အလုပ်တွေ များတယ်။ အာရုံတွေ နောက်တယ် ဖုံးပျောက်မလိုဖြစ်ပြီးပြန်ရတယ်။ တပည့်မကောင်းရင် ဆရာထောင်းတယ် ဆရာက ဆရာပါ ဆရာ။ တပည့်ကလည်း တပည့်ပါဘဲ ဆရာ. အားလုံးကလဲ အားလုံးပါဘဲ ဆရာ။ ထမင်းမစားရင် မဖြစလို့ ထမင်းတစ်ဘူး ဝယ်တယ် နစ်ကျပ်ခွဲပေးရတယ်။ စလုံး မြန်မာလို တွ့က်ရင် ၇၀၀ ကျော်နဲ့ေ မြှက်ြပါ. တစ်ထောင့်ငါးရာ လောက် ထမင်းတစ်နပ် . မကုန်ဘူးထင်တယ် နွားနို့ထပ်ဝယ်ရတယ် ထမ်ငးမမြိုမကျရင် နွားနို့နဲ့ မျှောချရမယ်။ ပိုက်ဆံလွယ်လွယ်နဲ့မရဘူး။ ကုန်တော့လည်းသိတ်မြန်တယ် ကုပ်ထားကာမှ တော်ရုံလောက်ကျတယ်။ တစ်လမ်းလုံးစိတ်ညစ်လာတယ် သီချင်းနားထောင်လိုက်တော့ စိတ်နည်းနည်း ချမ်းသာသွားသလိုဘဲ. ရင်ထဲရှိတာ ရေးရတာလဲကောင်းပါတယ် နိုင်ငံရေးတွေ မရေးကြပါန့ အနရယ်များတယ်။ ရေသောက် ရှူးပေါက်ဘဲ ရေးကြပါ. လည်လည်ထွက်တာလဲ ကောင်းပါတယ် ဘယ်တွေ ရောက်ကုန်လဲ မသိဘူး များလွန်းလို့ပြီးရင် စာရင်းပြန်ပြုစုပေးကြပါ. ။ သူများကို သိတ်အော်တာလဲ မကောင်းဘူး . ကိုယ်ဖြစ်တော့ ကိုယ်အသံမထွက်နိုင်တော့ဘူး အဲဥည်တော့မနက်ဖြန်ကြရင် ဘယ်သူ့ကို မှ မအော်မိအောင်ကြိုးစာါးပါ ချိုချိုလေးပြောပါ မှားတာတွေ ကို မဆူနဲ့တော့ အဲသာ ဆိုရင် အလုပ်ပြီးမှာလား ကြည့်ကြသေးတာပေါ့. ချိုချိုလေး လာ အဟဟား ချိုချိုလေးပြောကြည့်သေးတာပေါ့။ ဝတ်ဆိုတာ လည်တတ်တယ်မ အော်နဲ့တော့နော် ငါအော်ရင် သူတို့ခမျှာ ပြန်မပြောရဲလို့သာ ဘယ်စိတ်ချမ်းသာပါ့မလဲ ငါလဲ ဘယ်အော်ချင်ပါ့လဲ နစ်နစ်နာနာလည်းမပြောနဲ့တော့နော်. သူမျာိးစိတ်မချးမ်းသာအောင်ထား. အခုလိုအမှားပြင်လိုက်တဲ့အတွက် ကိုယ်လဲစိတ်ချမ်းသာရမှာလား. ဒီအမျိုးသမီး စိတ်ျမှန်ရဲ့လားတဲ့ ဒီလိုဆို ဒါတ်ပုံတွေ ဖွက်ထားမှ ထင်တယ် ရှက်စရာကြီး.။ မြိုမကျလို့ 100 plus သောက်တယ်ဆိုရင် စိတ်ဆိုးမှာလား .ဒီမှောတော့ တစ်ကျပ်ဆိုရင် သောက်လို့ရတာကိုး ရေတောင်မဝင်ခ်ျ=င်ောတ့ဝင်တာလေး မြိုချရတာဘဲ နွားနို့်ဆိုရင်လဲဝင်တယ်။ နွားနို့နဲ့ ဘီစကစ်နဲ့ မြိုချလဲဝင်တယ် ထမ်င်းေးတမြ မထမင်းတော့မဝင်ဘူး.။ လက်ဘက်ရည်မသောက်နိုင်ပါဘူး လေအောင့်တယ် အသက်ကြီးဘီ. ကော်ဖီတော့သောက်တယ် ။ ချိုတာမကောင်းဘူး. ခါးတာကောင်းတယ်

Sunday, August 4, 2013

3th morning august

ညက အိမ်ပြန်နောက်ကျသည်။အကျီမလဲဘဲ အိပ်သွားသည်။ဘက်ထရီများ charge မလုပ်မိ.စကာပူတွင် လမ်းများမည့်နေ့တွင်တယ်လီဖုံးတွင် ဘတ်ထရိမရှိ. ဖဘ ဖတ်နေရာ အောက်ဆင်းတာနောက်ကျသည်။စီမည့်ဘတစ်ကလွဲရွေ့အားလုံးလာသည်။ နစ်မျောသောကြောင့်တစ်ကကစီမစီးဘာ။ဘတစ်ကားပေါ်ရောက်ပြီးမှ သေချာစဥင်္းစားကာ စီးသောကားသည် ဆေးခန်းမရောက်ဟု သတိရသည် လမ်းမှားသွားသည် လမ်းပြေန်လျောက်ရသည်။ ၁၂ တွင်clinci reg ပိတ်ပါသည်။ pharmcy တွင် လိုအပ်သည်များကိုဝယ်သည်။ ရန်ကုန်မှ ဖုံးလာသည် ခင်နေကောင်းပါသည် ဟု အကြောင်းပြန်လိုက်သည်။ မောင်နင့်စကားပြောလျင် ချော့ပြောရန်သတိထားပါ။

ခင်ချော်လဲပြီးကတည်းက ခင်လမ်းသွားခိုက်သေည်လည်းကောင်း ဘတစ်ကားပေါ်တွင်လည်ေးကာင်းနေရာတိုင်းတွင်းသော်လည်းကောင်းဖဘ သုံးလျင် မောင်အားကြီးစိတ်ဆိုးသည် ဖဘကြောင့်ချော်လဲတာ ဟု အ့ပစ်တင်သည် .

မနက်စာသည် ကမန်းကတန်း နွားနို့တစ်ခွက်ဖြစ်သည်. ခင်နစ်ရက်ပိတ်သည် ဘာစားရမလဲ ရွေးပေးကြပါ. ထိုင်နေရင်းနင့် MRT aရောက်သွားချင်သည်။ ကိုးလို့ကန်းလန့်နစ်မှတ်တိုင်ဖြစ်နေသည် ယနေ့နေသည်သည် လမ်းမလျောက်ချင်ပါ. တကက်စီစီျးလျင် ဈေးကြီးမှာပေါ့ 760+ or _ ဖြစ်မြှောကပ်ါ

မနေ့က donation မလေးတစ်ရာထည့်လိုက်သည်။ RIP ပါစေ. ။ ကားကို သစ်ပင်ပိလျှငှ်ုinsuracne တွင်claim လုပ်လို့မရပါ အခြားနိုင်ငံမှ ချစ်သူမျာ ကားနစ်ဆစီး သစ်ပင်ပိသည်. သူတို့ကို လည်း donate လုပ်ရမည်။ ဝိုင်းဒိုနိတ်ကျလျှင် psy support တော့ဖြစ်မည်ပေါ့.

အမေ့ကို အိမ်မက်မက်သည် လှလှပေပ ပျော်ပျော် ရွင်ရွင်ဖြစ်သည နင့်မှာဘယလောက်ရှိသလဲ မေးသည် နစ်ရာရှိတယ် ဟုဖြေသော ငါ့ကို တစ်ရာပေး သုံးချင်လို့ ဟုဆိုကာ အပြင်ထွက်သွား၏. ယခု စလုံးတစ်ရာပေးလိုက်သည် အမေ့အတွက် အလှူလုပ်ပေးရန်ဖြစ်သည်. သားသမီးရှိခြင်းအကျေိုးပေဟုမောင်က ဆိုသော မမွေးနိုင်သော ခင်သည် သောကဖြစ်ရသည်။ ဝင်ငွေထဲ မှ လူရန်ဖယ်ထားသော မလေးနစ်ရာကိုလည်းပေးလိုက်သည်. လေဆိမ်တွင် လဲရွေ့ အလူလုပ်ရန်ဖြစ်သည် ဘုန်းကြီိးကလည်း လှူခိုင်းလိုက်သည်။

သို့ဖြစ်ရာ အမေ့တွက် စလုံး တစ်ရာ > RIP အတွက် မလေးတစ်ရာ. . ဝင်ငွေထဲမှ လှူသော မေးလနစ်ရာ စုစုပေါင်း မလေးသုံးရာ နင့်စလုံးတစ်ရာဖြစ်သည် သာဓုခေါ်ရွေ့အမျှယူပါ။

3rd August


ယနေ့အတွက်အသုံးစရိတ်မှာ ........... ဆေးခန်းသို့ဘတကားစီး. pharmcy တွင်ဆေးဝယ်. ခင် သုံးသောပလာတစတာမှာ တစ်ခုလျှင် စလုံးနစ်ကျပ်ခွဲဖြစ်၏ ဈေးကြီးလာချည်သည် ပတ်တီးဖြင့်ကပ်ကာ ဆယ်လိုတိတ်ကပ်ထားလဲ ရသည်ဘဲ။. တတ်နိုင်သောပမာဏ ဆိုတော့လဲ ချဲ့သည်ပေါ့ ဆေးဘို့း စလုံး ၃၆ ကျပ်။ဟမ်ဘက်ဂါစား စလုံး ခြောက်ကပျပ်. ကျပ်.။ ဘူဂစ်သို့သွား သုံးအိတ်တစ်ဆယ်ပိုက်ဆံအိတ်ဝယ်.

..... လက်ပတ်နာရီပြုတ်ကျပျောက်သွားသောကြောင့်စလုံး သုံးဆယ်. ရောင်းသူမျှာ မြန်မာကောင်မလေးဖြစ်သည် ၃၅ ကျပ်ပြားငါးဆယ်ကို လေးကျပ်ခွဲလျှော့လိုက်သည် သုံးဆယ်တစ်ကျပ် ပေးရသည်. ။ ဘေးဆိုင်တွင် နစ်ဆယ်ရှစ်ကျပ်ဖြင့်ပေးသည် ရင်ခံသွား၏.

ပနစူလာသို့လာသည် တယ်လီဖုံးကပ် တစ်ဆယ်တန် ငါးကပ် ဝယ်သည် လက်ဆောင်အတင်းတောင်းရာ ရေခွက်တစ်ခွက်ရသည် တစ်ကျပ်တန်ဘဲဖြစ်မှာပါဘဲ ဆိုက် ထုတ်မကြည့်ရသေး. မုန့်ဟင်းခါ. ဒေါထွေးရီ ငါကျပ် မုန့်ဖတ်ြောက် တစ်ကျပ် ပြာှးစ်ဆယ်ရှမ်းခေါကိဆွဲ ရယ်ဒီမိတ် တစ်ထုတ် နစ်ကျပ်ခွဲ သုံးထုတ် ရကျပ်ခွဲ.

ပန်နစူလာတွင် မုန့်စာ၏ စလုံး ၁ ၅ ကျပ်ကျပါသည်.

တစ်ယလဖုံးကဒ် ထက်ဝယ်သည် ရှစ်ကျပ်ဘိုးဝယ်လျှင် ငါးကျပ်ဘိုါ်အလပား ရမည် ဆိုသေကြောက့်ဖ်ြသဘ်.

ငါးခူကြော်တစ်စကောင်လျှင် စလုံး လေးကျပ်ဆိုလျှင် ယုံပါမည်လော။ ချဉ်ပေါင်ကြော်ခွက်ကေးလသည် စလုံး လေးကျပ်ဖြစ်သည် တစ်ဆယ်ဘိုးဝယ်လာရာ အထုတ်တွေ များသောကြောင့် ငါးခူကြော်ထုတ် ခှဥပေါ်င်ကျော် လမ်ျးတွင်မေ့ကျန်ခဲ့သည်။ too bad. မနက်ဖြန် အိမ်တွင် ငါးခူကြော်လေးနင့် ချဉ်ပေါင်ကြော်နင့်နျပ်မည်စိတ်ကူးထားရာဝမ်းနည်းမဆုံး.

(ဆေးဘိုး ၃၆+ဟမ်ဘာဂါ ၆ + ပိုက်ဆံအိတ် ၁၀ + လက်ပတ်နာရီ.. ..၃၁.+ တယ်လီဖုံးကဒ် ငါးကပ် ၅၀ + နောက်တစ်ကဒ် ၈ ကျပ် + အင်းလေး မုန့်စား. ၁၅ + ငါးခူကြော် ချဉ်ပေါင်ကြောင် ၁၀ဘိုး + ခင်ထွေးရီ မုန့်ဟင်းခါး ၅ ကျပ် + မုန့်ဖတ် နစ်ကျပ် + ရှမ်းခေက်ဆွဲ ရယ်ဒီမိတ် သုံးထုတ် ရကျပ်ခွဲ. စုစုပေါင်း စလုံး = ၁၈၀.၅ x 758 = ကျပ်ဖြစ်သည် ဘုရားဘုရား မြန်မာငွေ တစ်သိန်းကျော်သွားသည် ၁၃၆၈၁၅. ကျပ်ဖြစ်သည်။ ဘာမှ မယ်မယ်ရရပါမလာ။