Friday, February 7, 2014

friday

မနင်္ကဖြန် အားတယ် အားတယ် အားတယ် ဆိုသော ဂါတာ ကို တစ်ဖွဖွ ရွတ်. အလုပ်မသွားသေားနေ့ဆိုလျှင် ကိုယ့်ကိုယ်ကို မယုံနိင် .သေချာရဲ့လားအလုပ်မရှိပါဘူးနော် မနက်ဖြန် စနေနေ့ပါ ဘာ ဂှုတီမှလဲ မရှိဘူးနော် ဟုသော စာသားကို တဖွ ဖွရွတ်ကာ နေရသည်.

မနက်မိုးလင်းလျှင်လ ည်း အိပ်ရာက ထလာလျှင် တိတ်ဆိတ်နေသောအိမ်သည် သေချာရဲ့လား ငါအလုပ်မသွားရတာ သေချာပါတယ် နော် ဟု တဖွဖွရွတ်ရပြန်သည်

ကျောက်သင်ပုန်းဝယ်ကာ အိပ်ရာက နိုးသော နေးရာဘေးတွင်ချပြီး ယနေ့ အလုပ်သွားရန် မလိုပါ ဆိုသောစာသာိးကို ရေးထားရန် ခဏခဏ စိတ်ကူးမိသည်. လန့်လန့်နိုးလသာသောကြောင့်ဖြစ်သည်

အလုပ်နင့်အိမ်သည်လည်းဝေးလေရာ. ဖြတ်ကနဲအိပ်ရာက နိုး ဖြတ်ကနဲ့ ဆယ်မိနစ်အ တွင်း မရောက်နိုင်သော နေရာလည်း ဖြစ်သည်မှာ အရူးတစ်ပိုင်းဖြစ်သည် မဆိုသာပေ.

ဆယ်မိနစ်နောက်ကျလျှင် အပြစ်ကြီးတစ်ခုလိုလကိုယ့်ကိုယ်ကို ခံစားရသည် လူတိုင်း အလုပ်လုပ်နေကြပြီဖြစ်သည် ဒီနေ့နောက်ကျတယ်နော် ဟု တစ်စုံတစ်ယောက်က နှူတ်ဆက်လျင် မခံချိမခံသားဖြစ်ရသည်. ဘာမှ မပြောပြန်လျင်လည်း ဆောရီးပြောကာ ဝင် join ရသည်ကိုမုန်းသည်

ပြန်ကာနီး ဆိုလျင် ဘာမှန်းမသိရှူ့ပ်ကြပြန်သည် မေးလို့မြန်းလို့လည်းမ ပြီးနိုင်ကြတော့ ရှင်းပြရွေ့လည်းမဆုံးနိုင် တစ်ယောက်က လာမေးလိုက် နောက်တစ်ယောက်က ထပ်သိချင်လိုက် မိသားစု စုံလင်စွာသာရှင်ပြလို့လည်းမရ တစ်ယောက်ပြီးတစ်ယောက်လာတွေ့ကြလေရာတစ်ယောက်ပြီးတစ်ယောကကို ရှင်းပြရသော ဒုတ်ခသည်လည်းမလွယ်

စကားလည်း သိတ်မလည်ရာ အသာနောက်ဆုတ်နေရသည်မှာလည်းမ ခံချိမခံသားဖြစ်သည် မြန်မာလိုသာရှင်းပြလိုက်ချင်တော့သည် ပြန်ရှင်းပါလားအေ့ ဆိုသော်လည်း ဟင် ဆိုကာ မတောက်တစ်ခေါက်နင့်သာ ဆက်လက်ချီတက်နေ၏.

ဒီလောက်ရှင်းပြကြသော်လည်း ခံစားရသူ သက်ဆိုင်သူတို့မှာ သူတို့နားမလည်နိုင်သော ဘာသာရပ်ဖြစ်လေရာ သိချင်သည်များမဆုံးနိုင် သိပြီးရင် သိချင်ရင်း. ရှင်းပြပြီးသားလည်း သိလား ဟု မေးလျှင် မသိသလိုနေ၏. ထပ်ရှင်းပြသည်ကို ကြားချင်ရွေ့ဖြစ်နိုင်သည် . ကိုယ့်တာဝန်မှာ ရှင်းပြရမည် ဖြစ်ရာ သူနားမလည်ဘူးဆိုလျင် ကိုယ်ရှင်းပြသည်မှာ မကောင်းသောကြောင့် မလည်ရွေ့ဖြစ်သည်. နားလည်အောင် မရှင်းပြ လျှင် ကိုယ်မှာ တာဝန်ရှိ၏ ရှင်းပြ ပြီးပါပြီ ဖြစ်ကြောင်း သကသေရေးရသည်မှာ မကောင်းမ ကောင်းသော်လည်း ရေးရလေသည်. တစ်စုံတစ်ယောက်များ လဲသွားပြီ ဆိုလျင် တော့နာရီမကြည်နင့်တော့.......