Monday, October 28, 2013

28 october 2013

ယခုခေတ်ကလေးများကို သူဘယ်လိုသဘောထားရမည်လဲမသိပါ. သူငယ်စဥင်္ကလဲ ထိုသို့ပင်ဖြစ်မည်.မိဘ မေတ္နဆိုသည် ကို သူသည် ကလေးမရှိသောကြောင့် သူမပေးနိုင်သောလည်းရခဲ့ဘူးပါသည်.။

သူသည် အိမ်အလုပ်ကိုဘာမျှ လုပ်စရာမလိုခဲ့ပါ။ စာကျက်လျင် အမေကျေနပ်ပြီဖြစ်သည် စာကျက်မလား ထမင်းချက်မလားဆိုလျင် ထမင်းမချက်ချင်သော သူသည် စာအုပ်ကိုဆွဲဖွင့်လေတော့သည်.။ အချိန်တန်လျင် ဟင်းအိုးသွှားဖွင့်လျှင် စားစရာရှီသည်. တနေ့တစနေ့အမေ့ခမျာ ဘာချက်မည်ကိုဈေးတန် အစအဆုံးလျှောက်သည် ကို သူလူကြီးဖြစ်လာမှ နားလည်သည် အဖေငါး. သမီးလတ်က ချဉ်ပေါင် သမီးငယ်က ကန်ဇွန်းရွက်. သားငယ်က မြွေ ပါလျှင်မစား ပဲလင်းမြွေသီး. ငါးပတ်မြွေ.ြေ့မွပါတာ မစားလျှင် မြွေမကိုက်ဟု စာအုပ်တစ်အုပ်ထဲတွင် ရေးသွှားရာ အမေ့ခမျာ မူးနောက်အောင် လျှောက်ရလေသည် အဖေကလည်း  ဝန်ထမ်းဖြစ်ရာ ဝန်ထမ်းလစာနဲ့ အမေ သည် မိဘ အမွေမျာိးကို ရောင်းကာသားသမီးမျာိးကိုထောက်ဲ့ခဲ့သည်.

သူသည် သူ့ခေတ်က အပိုးမကျိုးခဲ့သော်လည်းနောက်လူ မျာိးကုတော့မြင်ပြင်းကပ်လေသည်။ မိဘက ဘိုသပ်ဘပ်သီ သားသမီးများက ကျော့မော့ကာနေလျှင် သူသည် မိဘ ကိုယ်စားရင်နာသည်. သားသမီးက ကွန်ပြူတာ တစ်လုံး တယ်လီဖုံးတစ်လုံးဖြင့်ဖဘ နေချိန်တွင် အမေက မီးဖိုထဲဝင်လိုက် အောက်ဆင်းလိုက် သူ စိတ်မကောင်း. ကားပေါ်မှ ကောာ့ခနဲဆင်းသွားသော သားသမီးနောက်မှ အမေသည် ကားပေါ်မှ အထုတ်အပိုးမျာိးကုဆွဲချက ယူသွားလျှင် သူသည် စိတ်မကောင်း. စိတ်မကောင်းသည်များ များလှသည် သူ့မိဘနဲင့်သူသ့သားသမီးများကတော့ဟုတ်နေသည်ပင်. ကလေးများကိုလိမ်မာအောင်မည် သိုပဲ့ပြင်ရမည်နည်း ကလေးမရှိသေကြောင့်မသိပါ. သူကတော့ကလေးများကို မိဘကိုနားလည်စေချင်သည် ငယ်သေးတာဘဲ နားမလည်ဟု ကြီးလာလျှင် နားလည်လာပါမှာဟုဆိုကြသည်.

မိဘ သက်ရှိထင်ရှားရှိချိန်တွင် နားလည်စေလိုပါသည် ။ အိမ်မက်ဆိုးများမမက်စေချင်...................


Sunday, October 27, 2013

27th october 2013





ဖဘ ကြီးကဘဲ ငြိမ်နေသလား သူကဘဲ ငြိမ်နေသလား ငြိမ်တော့ငြိမ်နေသည် လုပ်ချင်ရာလည်း လုပ်ပြီးသွားကြပြီ ကိုး. ပထမတော့အပျော်ဘဲဖြစ်သည် အပျော်က စီးရီးယပ်စ် ဖြစ်လာရာစိတ်မကောင်း.။ အရှည်တော့ မပြောချင်... သိပြီးသားတွေ ဘဲ.....

သူငယ်ချင်းများ၏ ဖဘ သွားကြည့်လျှင်လည်းစားတာရယ် သွားတာရယ်. သူတို့မွေးထားတဲ့ကလေး တွေ ဒါတ်ပုံရယ် သူတိုံစုံတွဲပုံတွေ ရယ်။ ဒါတွေ ဘဲဖြစ်သည် ဒါတွေ မမျှော်လင့်လို ဘာတွေ မျှော်လင့်သလဲ ဆိုတော့လဲ ဘာမှ ထပ်မျော်လင့်လို့မရ.။

စားစရာတွေ များလှသည် နွားနို့သောက်ကာ ထိုင်ကြည့်ရသည် ည က ထမင်း တစ်ဘူးခွဲချက်ထားသည် တစ်ဝူးဆိုလျင်ဝသော်လည်း တစ်ဝကက် အိုးကပ် ဘို့ဖြစ်သည် non siticker မဖြစ်သောကြောကင့် အိုးကပ်သည် အိုးမကပ် တဲ့အိုးဝယ်ပါလား ဆိုတော့လဲ နမျော စရာ. အိုးကပ်တဲ့ ဆန်ကတင် အိုးဘိုးဖြစ်လောက်ပြီ။

ဟိုနေ့က ဝယ်ထားသော ထမင်းဟင်း ......ထမင်းဖြူသာ စားပြီး ဟင်းများ မစားဖြစ်လိုက် ထမင်းဖြူနင့်လဘက်ပလိန်း ငါြးောခက်ဖုတ် အနည်းငယ်ဖြစ်ပင် အတော်ဟုတ်နေပြီဖြစ်ရာ ညက ထမ်း ဟင်း ဝယ်မလာတော့ထမင်းအိုးသာ တည်လိုက်သည် မစားဖြစ်လိုက် မစားဖြစ်လည်းအခုမနက် ထမင်းကြမ်းလုပ်စားလို့ရတာဘဲ ထွေထွေ ရာရာများရှိသော်လည်း မလုပ်ချင်သောစိတ်က များရာ မထွေရာပါ.

သွားလား ကိုက်တုံးဖြစ်သည် ပါရာ နစ်လုံးသောက်လိုက် ပွန်စတန် နစ်လုံးသောက်လိုက်ဖြစ်နေသည် ဒီလောက်ထိနးလာပြီးမှ ရန်ကုန်ရောက် နှူတ်ရမည် ဆိုလျှင် မိအေးနစ်ခါ နာချေပြီ ဒီမှ အလကားနှူတ်ပေးသည် ကို ဟိုပြန်ပြီ ပိုက်ဆံပေးနှူတ်ရာ ရောက်သည်.
ဘယ်တတ်နိုင်မလဲ ကိုယ့်ဒုတ်ခနင့်ကိုယပေါ့

မနေ့က ဆံပင် rebounding သွားလုပ်သည်. မလုပ်ခင်ကတည်း အတော် ရွေးရသည် ကိုယ့်ခေါင်းကို ထိုးအပ်ရသည် မဟုတ်လား လုပ်ပြီးကျနပ်ဘို့လိုသည်. ပိုက်ဆံပိုကုန်တာ မကြည့်နိုင်။ လှလျှင် ညိုမြလို့ရသည် မလှက ပုန်းနေရမည်။

မင်းသမီးများ ဧည့်သည် မတွေ့ခင် ဘာလုပ်ေါါပင် ဒါ ဘုတ်ကြသနည်း ယခု သူသိပြီ။

ဖဘ့ home page သည်လည်း သူဘဲ ကြည့်တာများလို့လား အသစ်သိတ်မတက်လိုဖြစ်သည် မြင်ပြီးသာ တွေ ကိုသာ မြင်ရသည် အခြားသော လူခြောက်ထောင်ဘယ်ပျောက်နေသည် သူသည်လည်းတစ်ခု မှ့ hide မထားပါ.။

မလေးရှားတွင် rebonding သည် အကြငမ်းာအားဖြင့် စလုံးတစ်ရာခန့်ကျသင့်သည် မလေးသုံးရာအောက်ဖြစ်သည် ဆံပင် ဖြောင့်ချင်းအမှုသည် စလုံးလမ်းဘလေးဆိုင်တွင် လုပ်လျှင် စလုံးတစ်ရာခန့်ဖြစ်သည်. ဆိုင်ကြီးများတွင်တာ့ စလုံး တစ်ရာ့ငါးဆယ် . နစ်ရာနင့်သုံးရာကြားဖြစ်သည်။ မမဆိုင်တွေ တွင် မလုပ်တာကြာပြီဖြစ်သည် ဘိုမကြီးဖြစ်သွားပြီမဟုတ်လား ငါတော့နာချင်ပြီ ထင်တယ်. အမှန်ကတော့ ခင်တို့သည်ချစ်စနိုးကျီဆယ် ကြချင်းဖြစ်သည် သို့ရာတွင် ဆင်ကြီစားရာ ဆိတ်မခံသာ ဆိုသလို ဆင်ကြီးက လည်းဆိုးလွန်းသည်. ခင်ကတော့မဆိုးပါ. လိမ်မာသူဖြစ်သည်.

ဆိုင်ကတော့တွက်ချက်ပြသည်မှာ စုံနေပေသည်. ရိုးရိုး.............. ခင်ရေးရမှာ ပျင်းသွားပြီ ဖတ်သူလည်းနည်းလှသည် မဟုတ်လား ဘလော့အသိုင်းအဝိုင်းနင့်ခင်ဝေးသွားပြီထင်သည် ချစ်ကြည်အေးတို့ပန်ဒိုရာတို့သက်ဝေတို့ထံတွင် ဘလော့အသိုင်းအဝိုင်းမှာလူများကို စုံစုံလင်လ်င်မန့်သည် ကိုတွေ့ရသည် မိန်းမများကလေး ရခြင်းမိခင်အကြောင်းသည် ခင်နိင့်မဆိုင်ရာ ခင်မဖတ်ကသဲ့သို့ခင့်ကိုလည်း မ tag ကြချေ. အခြာ်းသောအြော့င်းအရာများစွာတွင်လည်း သူတို့ဘာသာ သူတို့ ပျော်ရွင်စွာ နေကြသည် အေးချမ်းပါသည် ခင်ရော ခင်လည်း အေးချမ်းပါသည်. မဖတ်ဘူးသာ ဆိုသည် သိနေသည် ကခက်လှသည်ကိုယ်ကတောင် သူတို့ကို ပြန်ပြောပြလိုက်ဦးမည်.

ဘာဘဲပြောပြော ခင် လှပါသည် ။

Saturday, October 26, 2013

26th october 2013

















ခင်သည် သူမ၏ ပိုက်ဆံကလေးများကို စိတ်တွက်ရုံတွင်မက နံရံဘေးတွင်ပါ လက်ကလေး ခြစ်ရွေ့ ဘယ်လောက် ကျန်သေးသည်ကိုတွက်ချက်နေသည်။

လေးထောင်ကျော်ကတည်း က တစ်ထောင်နှုပ်ပြီး ရာ သုံးထောင်ကျော်ကျန်၏. သုံးထောင်ကျော်ထည်းက ဘယ်လောက်ထပ်ထုတ်ရမည် ကို စိတ်တွက်ဖြစ်တွက်နေရာမပြီးနိုင်ချေ.

အိမ်လခ ဒီလဘယ်လောက်ပေးရမှာပါလိမ့် သုံးရာလောက်ဖယ်ထား မမှားးဘူး တယ်လီဖုံးဘီကရော သုံးရာ ထား. ခြောက်ရာ. ဂရဒဟ် ကရက်ဒစ်ကဒ်က ငါးရာပေး.စုစုပေါင်း တစ်ထောင့်တစရာ. ဒါဆိုရင် လေးထောင်လေးရာထဲက မနက်က တစ်ထောင်နှုတ်. ......သုံ့းထောင့်လေးကျန်.........တစ်ထောင့်ငါးရာ ထပ် နှူတ် တစ်ထောင့်ကိုးရာကျန်. ဘယ်လောက်ထပ်ထုတ်ရင်ကောငးမမှာပါလိမ့်.. ငါးရာ ထပ်ထုတ်လို့ရသေးတယ် ဒါဆိုရင် တစ်ထောင့် လေးရာ ကျန်မယ်. တစ်ထာင့်လေးရာထဲကနေ ပေးစရာရှိတဲ့ တစ်ထောင့်တစ်ရာ ပေးရမယ်။ သုံးရာကျန်.သိမ်းထား.

နောက်ဘယ်လောက်ဝင်ဘို့ရှိသလဲ တွ့်က် နစ်ထောင်လောက်ဝင်ဘို့၇ျိ. ပြီးရင် လေးရာလောက်ဝင်ဘို့ရှိ. နောက်လ အတွက်ဘာပေးဘို့ရှိမနလဲ လော်ကမလား တွက်. ကရက်ဒစ် ငါးရာ အိမ်လခ သုံးရာ. တယ်လီဖုံး သုံးရာ စုစုပေါင်း န အပေငါင်း (တယ်လှီဖုံးဝင်လာရ့ာ မားကက်တင်းမသမားများဖညဖစ်နေပြနသည် ဒုတ်ခ ဒီကလူမှာ အိုဗာ ဆီးရောက်နေပါတယ် ဆို. ဒါဆို ဘီးဇီးနေတယ်ပေေါ့ ဆောရီးတဲ့သူမမှားကိုယ့်အင်္ဂလိပ်စကားသာ သူနားလည်တာ ဖစ်ရမည် ဖုံးကလည်းလာလျှင်မကုန်ငဘဲ မနေရဲ အရေြးီ့ါ်ဖုံးမှားဖြစ်နေမြှ စိုးရသည် တောင်ကြော အအေး drink သောက်ချင်တဲ့လူဆက်ပြန်ရင် လဲ ဒုတ်ခ. )

ကဲ ဆက်တွက်ဦးမှ.

စုစုပေါင်းဘယ်လောက်ရှိမလဲ အရင်က ကျန်တာ သုံးရာ ရစရာရှိတာ နစ်ထောင် ထပ်ရစရာ ရှိတာ လေးရာ စုစုပေါ်ငင်းနစ်ထောင့်ခုနစ်ရာ ပေးဘို့ရှီတာ ခြောက်ရာ အပေါင်း ငါးရာ စုစိုပေါ်င် တစ်ထောင့်တစ်ရော ဆိုတော့ တစ်ထောင်နဲ့တစ်ရာနှူတ် ဒါဆိုရင် နောက်တစ်လေစာတောင်ရသေးတယ် တော်ပါစေးရဲ့ ဆိုကာ ငါးရာ ထပ်ထုတ်လိုက်သည်.။

ဒါဆိုရင် ဘယ်လောက်လက်ထဲမှာ ရှိသလဲ မနက်က တုထ်ထားတာ တစ်ထောင် ထပ်ထုတ်တာတစ်ထောငှ်ုငါးရာ ပြီး ထပ်ထုတ်တာ ငါးရာ စုစိုပေါင်း သုံထောင်.. သုံးထောင်ကို ငွေ လွဲနှုံးဖြင့် ပြန်မြှောက်. တစ်ခါ မမငွေ ဖြင့် ပြန်မြှောက်. အို ရန်ကုန်သုံးဘို့. လောက်ပါ့မလား တွက်။

ခင် rebonding လုပ်ချင်လို့ပိုက်ပေးပါမောင်။

Friday, October 25, 2013

25th October 2013





စကာပူကို ခင်သဘောကျရခြင်းမှာ မီးထိန်ထိန်လင်းနေသည်. ဟိုဘက်ကမ်းက မီးထိန်ထိနန်. ဒီဘက်ကမ်းက မီးထိန်ထိန် အားလုံး ထိန်လင်းနေကြသည် ည ၁၂ နာရီခင်ပြန်လျှင် မောင်မှ အပ အားလုံးစိတ်ပူကြသည်။ မီးလင်းနေရာ ခင့်အတွက်တော့အေးအေးဆေးဆေးပင်ဖြစ်သည်. ရန်ကုန်ပြန်သော အခါ ခခ နင့်တွေ့ချည်၏။ မှောင်လို

က်တာနော် ဟု ပြောလျှင် အမျိုးများက မမှောင်ပါဘူးဟု ပြောကြသည်ယ ခင်ကတော့ခေါင်းတစ်ခါ ခါ နင့်ရှိသည်။ ပြည်လမ်းကိုသာ အသုံးများသည်နောက်ပိုင်း ဝေးသောကြောင့် ဆူးလေ ဘုရားမှတ က်ကာ ရွေဂုံတိုင်ဘက်သို့ဝင်သည်. ။ ထိုဘက်ခြမ်းများသည် အနည်းငယ် မှောင်ချင်သောလလည်း လူရှင်းသည်. အို...... စက်ဆန်းဘက်များ ညဘက် ယောင်လို့တောင်မသွားမှောင်လိုက်တာ မဲလို့ .ထိုမှောင်ထဲတွင် ကားများသည် ဝေါကနဲ ဝေါကနဲ မောင်းကာ ခင်ကတော့ စမ်း. စမ်း စမ်း စမ်းဖြင့်မောင်းလေသည်. ကိုကိုမောင်တို့လိုလူများနေကြသည်။ အဲလေ မှားလို့. သူ အဲသည်မှာမနေပါ။ မဟုတ်က လာမဲနေဦးမည်. နဂိုံကတည်းက မဲမဲရယ်နင့်.

ခင်အိမ်သည် ရှူပ့်ပွနေသည် တခါးပြိ ခ ခပြိ တသ်ခ တစ တခါူး တသတခါူး တခါး ကို ခပ်ဟဟလေး ထားရသည် အမြင်လ အအြ အပြင်လူများ မြင်မည် ဆိုး ရှက်သောကြောင့်ဖြစ်သည် နောက်ေနေ့ရှင်းတာပေါ့။

ထမင်း မချက်ဘဲသွားဝယ်ရာ စလုံးလေးကျပ်ဖြစ်သည် ထမင်း ဘူးနင့်ခွဲသယ်သည် ဈေးနအနည်းငယ်ပိုသွားသောလည်း စားချင်သောအ ချိန်တွင် စာလို့ရမသည် မဟုတ်က ဟင်းရည်များမနင့်ပစ်ပြစ်ပြင်္စကြီးဖြစ်ကာ လွတ်ပစ်ချင်စိတ်ပေါက်သည်. ကုန်မည်မထင်. အနော်မျ အတော်များသါားသည်.

အတော်များသွားသည်.



ယနေ့သည် အတော်ပြိုင်းသွားသည် ဟိုဂါ ဒီဂါရသည်မှာ မလ်ွယ် ဟို ပြေး ဓီဒဒီပြေးဖြစ်သည် အမှ အဖိုးမတန်လှသော်လည်း appreciation ဖြစ်သည်. စာရွက်စာမတမ်းများ ရှာရသည်.

ခင့်ကိုသေသေသပ်သပ် ဝတ်ထားသော သူတစ်ဦးသည် တစ်နေရာတွင် လိုက်စကားပြောလေသည်. ခင်သည် သောချာဖြေပါသည်. လူကြီးလူကောင်းမဟေုတ်ပေလား နောက်ဆုံးမှာ သူက ခင့်ကိုသူငယ်ချင်းဖြစ်ျချင်သည် အအေး တိုက်ချင်သည် ဆိုသည်မှာအိမ်ပြန်နောက်ကျနေမည် ဟု ဆိုကာ ညာရလေသည် ဖုံးနံပါတ်ောင်းလည်းပေးသည် ခင်ကိုင်မှာမှ မဟုတ်တာ. ငါ့ စိတ်မဆိုးနဲ့နော် ဆိုသော် မဆိုးပါဘူး ဟုဖြေသည် ။




 



သို့သော် ခင့်နာပါတ်ကို ဘာမှန်းမသိသော နံပါတ်တစ်ခု က ဆက်သော်ယောင်ပြီးကိုင်လိုက်လေသည်. အမျိုးတေါ သဘော်သားတေါ ရှိသည်မစုတဟုတ်လားဘယ်နစ်ငံကများဆက်ပါလိမ့်ဘယ်ကမှ မဟုဆ် တတ် ရန်ကန်ုမြို့မှ ဖြစ်ညည် +94 (48)00 ဆိုလျှင် ဘယ်နိုင်ငံကနည်း . အဖြေပါပြီးဖြစ်သည် ရန်ကုန်မြို့မှ ဖြစ်ပါသည်. လူနာအမျိုးများဖြစ်သည် ဟု မိတ်ဆက်ကြသည် ပြန်ဆက်ပေးပါ]][[[စဧ}[စစ+၀ ဟု ဆိုသည်. နားလည်ပေးပါနော် ဟု ဆိုကြသေးသည် နားလည်ပါတယ် နားလည်ပါတယ်ဆိုက ခင်သည် ပြန်ဆက်ပေးသည် ခင့်လောက်စိတ်ကောင်းရှိသူ ရှိမည်လော ခင်သည် စိတ်အတော်ကောငးေ်လသည် ပြောလို့ပြောတာ မဟုတ်. ဒါကြောင့် .

တစ်ခါ အိုဗာ ဆီးမှ လာလေသည် ခင်သည် ကိုင်ရလေပြန်၏။ marketing သမားများထင်သည်. ခင်သည် အော်မည် လုပ်ပြီးမှ အေးလေ သူတို့လည်း အလုပ်လုပ်ကြတာဘဲ ဟုဆိုက်ာခင် အိုဗာဆးရောက်နေကြေငင်း ဆိုရသည် ဆိုလိုသည်မှာ ခင်အတွက် charges များ များ ပိုက်ကကုန်မည်ဖြစ်ကြောင်းယဥင်္ကျေးစွာ အသိပေးရသည် သူတို့လည်း ဘယ်သိမည်နည်း ခင်လောက် လမ်းအေပ်ါနေသူမှရိလေရာ မရှိလေရာ. သူတို့ကိုလည်းအပစ်မဆိုသာ။

Sunday, October 20, 2013

19th october 2013




















ဆရာဝန်ခင်သည် သူ့သွားနာတာကို မေ့နေပြီး သူများတွေ ကို ဆေးကုနေပြီးသကာလ အားလုံး အလုပ်ပြီးကာမှ သူ့သွားနာတာကို သတိရလေသည်.။ စေတနာရှိသူက သွားတိုက်ဆေးဝယ်ရန် အညွန်းနင့်တစ်ကွပေးထားသော်လည်း ခင်အိမ်ပြန်သောအချိနိသည် ဆိုင်များပိတ်ကုန်ပြီ ဖြစ်ရာအခုထက်ထိမဝယ်ရသေးချေ.

နာသည် နာသည် သွားနာသည် ဟု ဆိုရမည်လား သွားကိုက်သည် ဟု ဆိုရမည် လား သွားကျင်သည် ဟုဆိုရမည်လား ဆိုရခက်လှသည် ပထမဆုံးနေ့က ဆရာဝန်သွားပြရာ ကိုမှိုင်း ညွန်သော Ponstan သောက်သွားရာ သွားမနာချေ. သွားဆရာဝန်သည် သွားများကို တစ်ချောင်းချင်း ကိုင်ကာ နဲ့ကာ ဟိုနားက နာသလား ဒီနားက နာသလားဆိုသည်ကို မနာဟု လက်ကလေးခါခါ ပြရာ ဆရာဝန်သည် ဒါတ်မှန်ရိုက်ပြီး ဘာမှ မတွေ့ဟု ဆိုကာ ပြန်လွတ်လိုကသည်.

ဆေးသောက်အရှိန်ပြယ်သွားသော ပြန်နာပြန်သည် ဒီတစ်ခါတော့လည်သွားသော ခင်သည် ဆေးမသောက်ဘဲ နာနေသော သွားကလေးကို လက်ကလေးဖြင့်ဖိကာ ဖိကာ သူများကိုဆေးကုပြီး အသာလေးလစ်ကာ သွားဆရာဝန်နင့်သွားတွေ့သည်. ခေါင်းခြောက်သွားသော ဆရာဝန်သည် သူ့ထက် စီနီယာ ဖြစ်ပုံရသော ဆရာဝန်ထံ လွဲပေးလိုက်သည်. ဆရာဝန်များကို ဆေးကုရန် ဆရာဝန်များသည် စိတ်ညစ်ကြသည်မှာ အထူးရှင်းပြရန်မလို.

သွားဆရာဝန်မလေးသည် စိတ်ရှည် သည် သူကိုယ်တိုင် ဒ်ါတ်မှန်အခန်းထဲ လိုက်ကာ position အနေအထား လိုချင်သလို ကိုသေချာ ညွန်ကာ သူကိုယ်တိုင် မရိုက်၇ုံတမည် ဂရုစိုက်သည် သူ့တပည့်သည် ခင့်ကို ကြောက်ကြောက်နင့်ရိုက်လိုက်ရာ ပုံကောင်းမထွက်သောကြောင့်ဖြစ်သည်. သူ့တပည့်က သူ့ကို မှတ်မိသလား သူလဲ လူနာလုပဘူးတယ် ဟု မိတ်ဆက်သော ခင်သည် တစ်နေ့လျှင် ဘယ်နစ်ယောက်မှန်းမမျှတ်အာင် လူနာကြည်ဲရာ နစ်ပေါင်းများစွာကြာသော် လူနာမျာိးကုလည်းမမှတ်မိ. အမျိုးများကိုလည်းမမှတ်မိ. သူငယ်ချင်းများကိုလည်းမမှတ်မိ အားလုံးကိုမေ့သည်.

လသာနစ်မှ သူငယ်ချင်းများသည် ဖဘတွင် လာ add ကြသည် ခင်သည်မမှတ်မိတတော့ချေ. သူတို့က မှတ်မိပြီးခင်ကဘာလို့မမှတ်မိသနည်း. တတန်းတည်း class mate သည် ပန်နီစူလာတွင် ခင့်ကို လိုက်ခေါ်ရာ ခင်က ဘယ်သူလဲ မေးမိသောကြောင့်အလွနိတစ်ရာ စိတ်ဆိုးကာခင်သည် လူဆိုးဖြစ်ကြောင့်း ပြောသည်ဟု ကြားသိရသည်. အမျိုးကို မေ့သွားရာ သင်္ကြန်တွင် စင်ပေါ်တွင် တွေ့သော သူကိုအမျိုးထင်သည် ဟု သွားမေးသည် နင်က ဦးဇော်သားလား ဟု သွားမေးရာ ထိုသူသည် ဟုတ်ကြောငးပြောကာ ခင့်ကိုလည်းဘယ်သူလဲ ဟုပြန်မေးသည် သူမေးသည်က တော့မလွနတ် သူမူးနေသည်ဖြစ်ရာ သူ့အစ်မ သူမမှတ်မိချေ. ခင်ကတော့ မဆိုး ဟဲ့ ငါ နင့်အစ်မလေ. ခင်လေ ခင်. ဟု ပြန်မိတ်ဆက်ကြရသည်.


ဇတ်လမ်းပြန်ဆက်သော် သွားဆရာဝန်မလေးသည်ခင့်သွားကို နှူတ်သင့်ကြောင်းအကြံပြူရာ နမျှောတတ်သော ခင်သည် သဘောမတူလိုချေ. နမျောသည် ကတစ်ကြောင်း ကြောက်သည်က တစ်ကြောင်း. နှူတ်ပြီး ကွက်လပ်ကြီးဖြစ်သါားလျှင် မနေတတ်ဖြစ်မည် ကို စိုးရိမ်သောကြောင့် တစကြော်း. ငါနာတာ ကအောက် သူနှူတ်ချင်တာ အပေါ် mr bean့ ကျနေတာဘဲ ဟု ပေါက်တတ်ကရတွေးသေးသည် ခင်သည် mr bean ကြိုက်သည် mr bean သွား ဆေးခန်းသွားရာ ဆရာဝန်လစ်သောအချိန်တွင် ဒါတ်ပုံကိုလေးဘက် လေးတန် လှည့်ပတ်ကိုင်ကာ သူ့သွားကို သူပြန်ဖာသည် ကို ခင်သည် တခိခိ ရယ်သည်။

ယခုသော်ခင်သည် သူ့သွားနာသည်လားဆိုသော် သွားတစ်ခုပြီးတစ်ခု သေချာကိုင်က မေးသည်ကိုလည်းသေချာမဖြေနိုင် .ပါးစောင်ထဲက နာသည ဟုခံစားရသည် ပါးကို လက်နင့်ဖြစ်ထားသော် သက်သာသည်.အပေါ်ကနာသလား အောက်ကနာသလားဆိုော ပါးစောင်ထဲ က ပါးကိုညွန်ပြကာ ပါးနစ်ခု ထဲကအသားက နာသည် ဟုပြောသည်. သွားဆရာဝန်ကို စိတ်ညစ်အောင်လုပ်လေသည် .သူတို့အလုပ်တော့လုပ်ချင်ပေါင် ။ တော်ရုံစိတ်၇ှည် မှူနင့်ရမည် မထင်. အော့အော့တေတွလည်းဖြစ်သေးသည်.

ဆရာဝန်မလေးသည်သေချာစိတ်ရှည်လက်ရှည်ရှင်းပြလေသည်။ ခင်သာဆို အဲသလလောက်စိတ်၇ှည်မည် မဟုတ်ချေ. ပြောစရာရှိတာ ပြောပြီး yes လား no လား ဖြေခိုင်းမည် ဖြစ်သည်. မနှူတ်ရင် မရဘူးလား နှူတ်ပြီးရင် ဘာဖြစ်မှာလဲ implant တွေ ဘာတွေ လုပ်ရဦးမှာ ဘယ်နားကလဲ. ဘယ်ဘက် နောက်ဆုံး အပေါ်သွား ဖြစ်သည် အံဆုံးတော့ဟုတ်ဟန်မရ. ခင့်တွင် ထိုနေရာတွင် အံဆုံးမပေါက် ဟု ဆရာဝန်မလေးက ရှင်းပြသည် နောက်ဆုံးဖြစ်ရာ နှူတ်ပြီးသော်လည်း ယိုင်မည် မထင် ဟု ရှင်းပြသည် နှူတ်ပြီးကာစတွက် pocket ဖြစ်နေမှာပေါ့ နောက်ပိုင်း ပြန်ပြည့်သွားမှာပါဟု ရှုးပြသည် pocket ဆိုသည် ကို ခင်သည် ဘာပြောပါလိမ့်ဟု ယောင်လည်လည် လုပ်သေးသည်.

ခင်တို့သည် တစ်လမ်းသွားများဖြစ်သည် ခွဲစိတ်ဆရာဝန်သည် ဆီးချိုသေချာမ ကုတတ်သကဲ့သို့ ခင်သည်လည်း ဘိုက်ကြီးသည် တွေ့လျှင် ဘယ်နေ့မွေးမလဲ ဆိုသည် ကို ဘိုက်ကြီါ်းသည် ကလင်ဒါကြည့်မှသာလျှင် တွက်တတ်လေသည်. မေ့ဆေးဆရာဝန်သည်လူမြင်လျှင်ပိုက်ထည့်ရန်သာ စိတ်ကူးနေတတ်သည် ဖြစ်ရာ ရှောင်နေသင့်သည် ဘက်စုံကျွမ်းကျင်သည်မှ အထွေထွေ ကုဆရာဝန်ဖြစ်သည်. ထို issue များသည် Hot item များဖြစ်ရာ poor ခင်သည် သိတ်မပြောရဲသောကြောင့်ခပ်ကုပ်ကုပ်သာနေရသည်.

နှူတ်မည် ဟု ဂတိပေးပြီးကာမှ ကြောက်သည ဆိုကာ ခင်သည် စဉ်းစားဦးမည်ုဆိုကာ appointment ယူပြီးပြန်လာသည် ခင်ကို appointment ပေးသာပေးသည် ခင်သည် သွားချင်မှ သွားမည်။ defaulted လုပ်ရန်စိတ်ကူးထာသည်း. သွားချင်သောအခါ walk in ဝင်လေသည်. ။

နာသည်မှာ နာသည့်အချိန်တွင် နာသည်နာသည်ဟု ဆိုကာ ပါးကို လက်ဖြင့်အုပ်ထားက နာသည ဟုသာ ခံစားနေရသည်ဖဘလည်းမကြည့်နိုင် ဘာမှ မကြည့်နိုင်တော့ နာရွေ့သာနေသည်. မသောက်ချင်သော်လည်း ပါရာတစ်လု့းသောက်ရာ မသက်သာချေ. နာရီကြည့်ကာ မသက်သာ မသက်သာ ဆိုပြီး စိတ်မချမ်းမသာနင့် ponstan တစ်လုံးသောက်လိုက်လေသည် သက်သာပါစေ ထိုင်ဆုတောင်းသည် ဆားရေနင့်ကျင်းသော်မသက်သာ

သူငယ်ချင်းက Listerine mouth wash လုပ်ခိုငးသ်ည ပူလိုက်စပ်လိုက်သည်မှာ ပြောစရာမရှိ. မျက်ရည်ထွက်အောင်စပ်လေသည်. မလုပ်ချင်သော်လည်းမရ. အရသာက လည်းဆိုးသေးသည် စားထားသမျှ အကောင်းစေားအရသာလေးများကိ ပျက်အောင် အရသောရှိလေသည် ခင်သည် မလုပ်ချင်ဆိုသော နှူတ်ချင်သာလား သက်သာချင်ရင် လုပ်ဆိုသော်ခင့်မှာ မျက်ရည်စက်လက်နင့်လုပ်ရသည်.

ခင်သည် စဥင်္းစားရွေ့နေသည် ဆရာဝန်ပြောင်းပြကာ second opinion ယူရန်စိတ်ကူးနေသည်.ဆရာဝန်များကို မပြစ်မှားဝံ့ပါ. ခင့်သွားလေးကို အဲလေ.သွားကြီးမှ အကြးကြီးဖြစ်ရာ နှူတ်လိုက်လှငျင် ......ဆိုပြီး ကြံရာမရ. ဖြစ်ကာ နေ၏. စေတနာကောင်းသော ဆရာဝန်မလေးခွင့်လွတ်ပါရန် ဖြစ်သည်. ယခုလည်းပါးလေးကို အုပ်ကာနေလေသည်။

Friday, October 18, 2013

17th October 2013

 


လေယဉ်ပျံလက်မှတ်များဈေးချသည်. လွန်ခဲ့သောနစ်လ က ဆစ်ခ်အဲလ် လေကြောင်းလိုငးကြီးကို လေယဉ်အသစ်ကြီး စီးစေချင်လွန်းသောကြောင်းစလုံးသုံးရာ ကီလို နစ်ဆယ် ဖြင့်ဝယ်ထားရသည် ။ ခွင့်ရ့က်များသေချာမတွက်အားဘဲ လက်မှတ်မရမည် ကို စိုးရီမ်သောကြောင့်ဝယ်ထည့်လိုက်ရာ ခွင့်ရက် နင့်မကိုက်မည်စိုးသောကြောင့်သော ကအတော်ဖြစ်ခဲ့ရသည်။

ယခု တစ်ဖန် သွားမေးပြန်သော ၂၈၉ ကျပ် ဖြစ်သည်. ဈေးတောင်ကျသွား၏ ကီလိုနစ်ဆယ် ဘဲဖြစ်သည်. ပိုက်ဆံအလိုက်ပေးလျင် ကီလို ထပ်ဝယ်လို့ရသေးသည် ခင်သည် ကီလို ထပ်ဝယ်ချင်လှသည် ယခုလက်မှတ်သည် ကီလို အပိုပေးမဝယ်ချေ. နောက်ဆိုလျှင် သွားခါနီးမှ ကပ်ဝယ်တော့မည်. ယခင်ကနားလည်သည်မှာ ဝေးဝေးကဝယ်လျှင်သက်သာသည်ဖြစ်သည် ယခုသော်တယ်မထူးလှ.

တစ်အိမ်လုံးသယ်ချင်၏. မသယ်နိုင်လျှင် လွတ်ပစ်ရမည် ဖြစ်သည် တီဗွီ သုံးလုံး ရှိရာ ဘယ်သူ့မှ မပေးချင်။ ကြည့်လည်းမကြည့် ။ နောက်ဆုံး ပေါ်တစ်လုံးကိုတော့ကြည့်သည် ကျန်သောနစ်လုံးမှာ မျက်နာငယ်သည် ။ နောက်ဆုံးတော့ ပေးပစ်ရမည် သယဖြစ်သည်

ယခုခတ်ေထဲတွင် တီဗွီိကို ပုံးနင့် ကြည့်သောသူရှားချေပြီ. ကြာလျ်ျင် ပြတိုက်ထဲရောက်တော့မည်။

 

 

တယ်လီဖုံး ရက် ၅၀ တန် ကဒ် prepaid ကဒ်ဝဝ်ထားရာ လွန်ခဲ့သော ဆယ်ရက် က top up လုပ်ရန်သတိရသည် ဆယ်ရက်ခန့်ကျန်သေးရာ နမျောသောကြောင့် မလုပ်လုကိိမိ ယနေ့သတိရသော် ရက်လွန်သွားချေပြီ။ နမျှောလှသည် ထိုကဒ်ပြားထဲတွှုပိုက်ဆံအတော်ရှိသည်။ မေ့လျှင် invalid ဖြစ်သည်မှာလည်းနမျှောလှသည်။ နောက်ကဒ် တစ်ခု ထပ်တိုးရန်တွန့်နေ၏. မတိုးလို့လဲ မရ. သူသည်လည် အသုံးဝဝင်သည်

အကျီများသွားကြည့်သည် ခင်ဝတ်လျှင် မလှ. ပိုက်ဆံအိတ်ဝယ်ချင်သေးသည်. အောင့်အည်းပြီးပြန်လာသည်။


 

 
အိပ်ခါနီးတိုင်း ဖဘကို deactivate လုပ်ရန် စိတ်ကူးရသည် ခင် အနည်းငယ် active မဖြစ်လျင် စိတ်မပူရန်ဖြစ်သည် ဖဘတွင် အချိန်ကုန်လွန်းလှသည်ကို လူတုင်း နားလည်ပေးနိုင်မည် ဖြစ်သည်။

ရန်ကုန်သွားလျှင် အင်တာနက်မရှိခဘဲခင်နေနိုငပါ့မလားစိုးရိမ်သည် ပြီးခဲ့သော တစ်ခေါက်က ညပိုင်းများတွင် ပျင်းလှသည်. ဘာလုပ်ရမည် မသိ။ အင်တာနက်လဲမရှိ. အိမ်ထဲလဲ ထိုင်မနေချင်း. ကမာအေးဘုရားလမ်းမှ ပွင့်သစ်ဆန်းသည် ည ၁၂ ခင် သွားထိုင်ရာနေရာဖြစ်သည်။ 


 

အင်တာနက်သုံးချင်လျင် ss သို့သွားသည် ခင့်ဖုံးတွင် အင်တာနက်မရှိ. ဒီတစ်ခေါက်တော့အင်တာနက်ရှိရန် ကြံစည်ရဦးမည် ခင်သည် ကဒ်ပြားကို အိုင်ဖုံးတွင် ထည့်လိုသည် အိုင်ဖုးန်ပါ ထားခဲ့ရမလိုဖြစ်သည် ထားပြီးတော့ကော သုံးသည်က သုံးမည်လား ဖုံးတစ်လုံးထပ်ဝယ်ရမည်လား ခင်လိုချင်သည်မှာတော့ ဖုံးတစ်လုံးထပ်ဝယ်ပြီးအိုင်ဖုးန်ထဲ ထည့်လိုက်လျှင် ကောင်းမည်ထင်သည်. အရင်ဖုံးကိုလဲ နှောက်ယှက်ရာမရောက်. ခင်လဲ အင်တာနက်သုံးရမည်.

 

 ယနေ့ခေတ်ကြီးတွင် prepaid မဟုတ်သော ဖုံးသည် အင်တာနက်ကြး ဖွင်ရက်သားအိပ်ပျော်သွားလျှင်သော်လည်းကောင်းခင်မေ့တတ်ပုံမျိုးနင့်သော်လည်းကောင်း ဘီလ်လာမှသာ လျှင်ရင်ဖိရမည် သို့ဖြစ်ရာ prepaid သည်ခင်နင့်သင့်တော်မည်.

ယနေ့သည်သောကြာဖြစ်သည် အလုပ်ပါးချင်သည်။ အလုပ်ပါးလျင် နပ်ရသည်ပေါ့ စနေလည်း အလုပ်သွားရမည် ။အိမ်နင့်လူနင့်မကပ်.။ သွားလည်း နာနေတုံးဖြစ်သည် သွားနာသည်ထက် သွားဖုံးနာသည် ထင်သည် ရေခဲရေသောက်လျှင် ကျင်သည် ဆရာဝန် ပြန်သားပြ ရသီါ်မည် pain killer အလကားရတိုင်းသောက်နေတာ မကောင်း ငါ့ကျောက်ကပ်ကလေး စိတ်ပူသည်။

ခင်စကားများလျင်လည်းများသည်ပေါ့.ဖဘသည်သာ ခင့်ကို နားထောင်လေသည်.

Wednesday, October 16, 2013

15th October 2013



 မိုးသဲသောနေ့များတွင် အိမ်ပြင်ထွက်ရသည်မှာကြေကွဲစရာကောင်းလှသည်။ ပြီးခဲ့သောရက်ပိုင်းက ခင်အိမ်မှာနေသော နေ့တွင်နေပူရွေ့ မိုးရွာသောနေ့များတွင် လမ်းပေါ်မှာ ရှိလေရာယနေ့မိုးရွာသောနေ့တွင် ခင်အိမ်ပြင်မထွက်ချင်ပေ. သို့သော်လည်း စနေ အလုပ်ရှိသေးရာ ဒီနေ့မှ မထွက်ရင် ခက်မယ် ဟု သက်ပြင်းချကာ လမ်းပေါ်ရောက်သည်။



စကာပူမြို့ကြီးသည်ကြီးကျယ်ခမ်းနားလှပသော်လည်း ခင်သည် ပင်နီစူလာသို့သာ အရောက်များသည်။ ရက်ကလေး အတော်အားလျင စကာပူတွင် နေရဦးမည်. သူများတေါ စကာပူသို့ပင်လာလည်ရသေးရာ ခင်သည် လည်းစကာပူမြို့တော်ကြီးတွင်လည်ရပတ်ရပေဦးမည်။



ယခုတစ်လော အတော် ချက်တတ်ပြုတ်တတ်နေရာ ခေါက်ဆွဲသုတ်လဲမစားချင် ကြေအိုးလဲမစားချင်ပေ မနက်ကတင် မုန့်ဟင်းခါးစားထားရာ ကြေးအိုးဆက်မသောက်လို ထမင်းမချက်သောကြောင့် ရှမ်းထမမင်းနယ် စားရမဆိုးဘူးဟု စိတ်ကူးသည် စလုံးငါးကျပ်. .တို့ဟူးကြော် သုံးကျပ်မှာ အညွန်းကောင်သောကြောင့် ဝယ်လိုက်ခြင်းဖြစ်သည် သိတ်ဗိုက်မဆန့်တော့. အအေးကလည်းသောက်ချင်သေးရာ ထောပတ်သီး ကို သုံးကျပ်ခွဲနင့်ဝယ်သောက်သည် ခင့်လက်ရာနင့် ဘာကွာလဲ အကဲဖြတ်ချင်သောကြောင့်ဖြစ်သည် သိတ်မကွာတော့ . ဖျော်ရည်စက်တစ်လုံး၏ အကျိုးကား ကြီးလှသည် ဆိုင်ဖျော်သောက်များကောင်းသော်လည်း ဆိုင်ဖျော်သောက်မရှိသောအချိန်တွင် အစားထိုးနိုငပေပြီ အာသာပြေသည်ပေါ့.။ စလုံးတစ်ဒေါ်လာ ကို မမငွေ ၇၇၀ ကျပ်ခန့် ဖြင့်မြှောက်ပါ။ ( ၅ ကျပ်+ ၃ ကျပ် + ၃ က်ျခွဲ= မမ ငွေ ၈၄ရ၀ ကျပ်ဖြစ်သည်. ရန်ကုန်တွင် ဆိုလျှင်တော့ အင်းယားးလမ်း happy တွင် နစ်ယောက် မုန်ု့တပွဲ အအေးတစ်ခခွက်သောက်နိုင်သော ပမဏဖြစ်ပေသည်။  



 တယ်လီဖုံးကဒ်ပြားမှာတစ်ကဒ်တစ်ဆယ် ကျပ်ဖြစ်သည် ငါးကဒ်ဝယ်လျှင် လက်ဆောင်ပေးမည် ဟုစာကဒ်ထားသောကြောင့့် ငါးကဒ်ဝယ်သည် ငါးကပ်ဝယ်ပြီးသော်လည်း ဘာလက်ဆောင်မှ မထွက်လာသေး.ကွန်ပြူတာကို သဲကြီးမဲကြီး ကြည့်ကာအလုပ်လုပ်နေ၏. လက်ဆောင်လိုချင်သော ခင်မှာ အရှက်သည်းသောမျက်နာနင့်ဖြစ်သည် .လက်ဆောင်ပေးမယ်ဆို ဟု မျက်နာသေဖြင့်မေးလိုက်ကာမှ ပေးလိုက်လေဟု ဘေးကလူကို ညွန်ကြားချက်ပေးသည်. မဖြစ်သင့်ပါ. ခင်သည် အလကားရတာ လိုချင်သော်လည်း အခုလို အရှက်ရအောင် တောင်းယူရသည် ကို မလိုလားပါ. ခင်သည် ဘဝင်မြင့်တတ်သူဖြစ်ရာ ယခုကဲ့သို့ကိုယ့်ပိုက်ဆံနင့ိုယ်မျက်နာငယ်ရသညကို မကြို့်ပါ မယူခဲ့နင့်လေ ဟုဆေိုသော် ရသော်လည်း အလကားရလျှင် တော့လည်း လုချင်ပါသည် ခင်သည်လည်း စကာပူ ငါးဆယ်ဘိုးတောင်ဝယ်ထားရသည် ဘဲ ငါးဆယ်ဆိုသည်မှာ မမငွေ လေးသောင်းနီးပါးရှိလေသည် ဝယ်ရသည်ထဲတွင် နမျှောသည်မှာ ဖုံးကဒ်ဖြစ်သည.တော်တော့တော်သေးသည် ဟိုတုံးက ဆှိုလျှင် ပိုဈေးကြီးသေးသည် ယခု အနည်းငယ်သက်သာလာသော်လည်း ဒီထက်မက သက်သာရန် ဆန်းးပြုပါသည်.



သပြေပန်း တစ်ခက်လျှင် နစ်ကျပ် ငါးခက် = ၁၀
ငါးခြောက်ဖုတ်= ရှစ်ကျပ်ခွဲ
ဘာတေါ မှန်းမသိတော့အကြမ်းဖြင်း စလုံး ၅၀ ဘိုးဖြစ်သည်.
သို့ဖြစ်ရာ ယနေ့စလုံး တစ်ရာကျော်ကုန်သည် ဘယ်လောက်ပိုသလဲ မသိတော့ ပိုသည် ။ပိုသည်ပေါ့.

Tuesday, October 15, 2013

Gravity




များပြားလှသော ကားများထဲတွင် အမြန်ဆုံးရွေးရန်မှာ ရုံက
ရွေးပေးထားခြင်းဖြစ်သည် peak of the week နင့် viewer choice
ဖြစ်သည်.peak မှာေ ကာင်းသည် ဖြစ်ပြီး viewer choice မှာ
ပရိတ်သိတ်အကြိုက်များသောကားဖြစ်
သည်. ယူကျူတွင် ကမန်းတန်း trailer ကြည့်ကာ
အကဲဖြတ်နေသေးသည် ပျော်စရာကောင်းလှသည် အင်တာနက်နင့်ကိုယ်မခွဲ မခွာ
ရှိရသည်မှာ စိတ်ချမ်းသာစရာကောင်းလှသည် မောင်ပြီးလျင် အင်တာနက်ကို
အချစ်ဆုံးဖြစ်သည်။

3D ဖြစ်သည် မျက်မှန် ရှိလား မေးပြီးမရှိလျှင် ဝယ်ရသည် သိတ်ဈေးမကြီးပါ.
ဝယ်ပြီး ဘယ်သူ့ပြန်ပေးရမလဲ ဆိုသော်ပေးစရာမလို ကိုယ့်ဘာသာာ
ကြည့်ပြီးယူသွားလို့ရသည် နောင်ထပ်မဝယ်ရတော့ဟုဆိုသည် ခေတ်မှီလာချေသည်။
ခင့်စိတ်ထဲ ထင်သည်မှာ ငှားသည် ထင်၏. မဟုတ် ဝယ်ကာ အပိုင်ယူသွားရသည်.
ခင်တို့ ဥရောပ တစ်သက် တစ်ခါ သွားစဉ်က museum ထဲ သွားလည်လျှင်
သော်လည်းကောင်း ကွာလန်လန်ပူ မြို့တော် tower တက်လျှင်သော်လည်ေးကာင်း
ကက်ဆက်ကလေးများရသည် အလကားရလာ ပိုက်ပေးရလားမေ့သွားပြီ ဖြစ်သည်.၏. ငှား၏
ထိုကက်ဆက် ကလေးထဲတွင်သမိုင်းကို ပြောပြေသည် ရွေစည်းခုံက ကလေးများ
မလိုအပ်ပါ။  museum မှအ ထွက်တွင် ကက်ဆက် ကို ပြန်ထားခဲ့ရသည်


ရုပ်ရှင်သည် ချာ၏ ဆိုသော် ထုတ်လုပ်သူ စိတ်ဆိုေးပတော့မည် ။
ထိုသို့ဆိုသော် ခင်မကြိုက်ပါဟု ယဥင်္ကျေးစွာ ပြောရမည် ဖြစ်သည်. ခင်သည်
excited ဖြစ်သည်။  3D တစ်ခါမျှ မကြည့်ဘူးပါ ဆိုသော နဲနဲ တော့မှားမည်
လွန်ခဲ့သော ဆယ်နစ်ခန့်က စကာပူ science centre တွင် ကောင်းကင် ခန့်ရှိသော
ရုပ်ရှင် screen ကျယ်ကြီးသ်ည 3D လား ထင်၏. အဲကွန်းကလဲ အေးလေရာ
ထုံးစံအတိုင်းခင်သည် ရုံထဲတွှုအိပ်ပျော်သွားသည် ထုံးစံအတိုင်
အာကာသကားပင်ဖြစ်သည် ကလေးများကြည့်ကြသည် လူကြီးများ အဖော်လုကိကြသည်
ခင်တို့ အတွက် ခင့်ယူဆချက်ဖြစ်သည်

ယခုသော် ခင်သည် excited ဖြစ်စွာ  ကြည့်သည် အာကာသထဲတွင် မင်းသမီး
စင်ဒရာဘူလော့နှင့် ဂျော့ကိုလိုနီသည် စကားပြောနေသကြည် အာကာသ ယဉ်အပြင်တွင်
စက်ပြင်သလို လိုဘာလိုလို ဝက်အူလှည့်နေသလိုလို ဖြင့်စကားပြောနေကြသည်မှာ
တစ်မေ့တစ်မော ဖြစ်သည် ခင်သည် ဘာဖြစ်နိုး ညာ ဖြစ်နိုး စောင့်နေလေ ရာ ဘာ မှ
မဖြစ်ချေ သူတို့ပြောတာလည်း နားမလည် သူတို့သည် လည်း စစိတ်အေားလေက် အေး
အတော်ကြာအောင်ပြောပြးမှ အမြန်ပြေးဟု အချက်ပေးသံနင့်အတူ ပြေးကြလေသည်
ယဉ်လည်းပေါက်ကွျဲ့က်စီ့းဥဏွားသည် သူတို့နစ်ယောက်သည် လည်းကွဲ သွားရာမှ
ပြန်ဆုံလေသည်အာကာ သထဲတွင် မျှောနေကြသ်ည ယဉ်တစ်ခုအနားအရောက်တွင်
ချိတ်မိမလိုဖြစ်ပြီး ဂျော့ကိုလိုနီသည် အနစ်နာ ခံကာ အာကာသထဲ မျှော
လိုက်သည် နစ်ယောက်ဆိုလျှင် မလွတ်ချေ.


စင်ဒယာ ဘူလော့သည်လည်းယဥင်္ထဲ ဝြင်ရန် ကြိုးစားကာ .အထဲရောက်ပြီး ထိုင်မလို့
စပ်စုတုံး ယဥင်္သည်လည်း ပျက်စီးပြန်သည် သူရောကလေရာ ပျက်စီးခြင်း ဆိုက်၏.
နောက်ဆုံး အလုံးလေးတစ်လံုးနင့်မျှော မလိုဖြစ်ပြေီး ထိုအလုံးကလေယဥင်္ကလေးကို
သူမမောင်းတတ်ချေ. ဝင်ထိုင်ပြီး ဟိုနိပ် ဒီနိပ်နိပ်သည်. ငို မလို
ရူးတော့မလိုဖြစ်သည် ခင်သည် အားမရ. အာကာသာထဲလာပြီးမှတော့
ဒီလောက်ကြောက်မနေနဲ့ဟု ပွစိပွစိလုပ်သည် သေစရာရှိသေရုံပေါ့
သေဘို့မကြောက်လို့အာကာသထဲ လာပြီးမှ မြင်ရတာ အသည်းယားလှသည်။

 ဘေးတွင် ထိုးထားသော manual ကို ဖွင့်ဖတ်ကာ မောင်းရန် ကြိုးစားသည် မရ.
အသေခံတော့မည် စိတ်ကူးတုံ ဂျော့ကြီးယဥင်္ထဲ ဝင်လာသည် ခင်သည် ဝမ်းသာသသွားသည်
မသေ]ဟု ထင်လိုက်သ်ည အမှန်က စင်ဒရာ့ hallucintaion ရသွားခြင်းဖြစ်သည်.
ဂျော့က အားပေးလိုက်ရာစင်ဒရာ သည်အားတက်ပြီး maual ကို ကြည့်ကာ မောင်းသော
်ယဥင်္ကြီးထွက်သြွးလေသည် ခင်သည် အထင်သေးပြန်ဥည် ကြည့်စမ်းဘယ်သူ့ကို
အထင်သေးသနည်း manual ကြည့်ပြီးမောင်းတတ်သည် ဆိုလျှင် ခင်သည် ရန်ကုန်တွင်
ခြေတုန်လက်တုန် ကားမောငးစေရာအကြောင်းမရှိချေ. အာကာသယဥင်္ဆိုသည်မှာ manual
ကြည့်ကာမောင်းလို့ရသည်ဟု ခေတ်ကလေးများ အထင်မှားမှာ ဆိုးရသည်.

.
နော်ကဆုံး ထိုယဉ်ကြီးထွက် နောက်ဆုံးကမှာမြေထဲရောက်ကာ ရေပြင်ထဲ
ကျရွေ့စင်ဒရာဘူးလော့ဥည် ရေကူးကာ ဟပ်ထိုးလဲေ၇ွ့ကမ်းခြေပေါါ်သို့တက်ပြီး
ငါမသေတော့ဘူး ဟု ကြွေးကြောကာ ရုပ်ရှင်ပြီးသွားလေသည် ခနွာ ကိုယ်အချိုးအစား
ထိန်းထားကာ လှသော်လည်း စင်ဒရာသည် အတော်အိုသွားလေသည်
တော်တောလေးကိုကိုအိုသွားသည် သူလှစဉ်ကာ speed သည် ခင့်အသည်းစွဲဖြစ်သ်ည
သူ့ကို မစွဲ မင်းသား ကင်နူးရီကို စွဲသည် အခါပေါင်းများစွာကြည့်သည်.ခ
ျစ်လိုက်သည်မှာ ချစ်မဆုံး.။

ယခုသော် စင်ဒရာကို့ကြည့်ကာ အားမလိုအားမရဖြစ်သည်. ကောင်မလေး လှလှချောချော
ထည့်ပါတော့လား မြည်တွန်သည် သို့သော်လည်း ခင်သည်လည်းကောင်မလေး
ချောရုံနင့်ကြည့်မည်မဟုတ်ချေ. မင်းသား
ဂျော့ကိုလိုနီနင့်မင်းသမီါ်စင်ဒရာဘေူးလော့ဆိုရွေ့သာဝင်ကြည့်ခြင်းဖြစ်သည်။
ဟင်း.

Monday, October 14, 2013

14th Oct 2013




















I phone 4s ကို နစ်နစ် ကန်ထရိုက်နင့်ယူထားသည် လစဥင်္ကြေးစလုံး ၅၂ ကျပ်ဖြစ်သည် caller ID သည် စလုံးငါးကျပ်ဖြစ်သည် နစ်ငံအချို့သို့ခေါ်ရန် discount ရရန်စလုံး ငါးကျပ်ဘိုး subscribe လုပ်ထားသည်. ဖြစ်ရာ စုစုပေါင်း လစဉ် ၆၂ ကျပ် ပေးရသည် မိနစ် သုံးရာ Local free ရသည် internet 12 GB ထင်သည်. ။

ယခုလတွင် ကျသင့်ငွေမှာ ထိုအတိုင်းဖြစ်သော်လည်း ရင်နာရသည်မှာ Local call မိနစ်သုံးရာ သည် မသုံးသလောက်ဖြစ်သည်.တစ်လလုံးအတွက် ငါးကျပ်ဘိုးသာ သုံးသွားသည် ။ plan ဝယ်စဉ်ကတော့ တစ်လကို ငါမိနစ်သုံ့းရာကုန်ပါတယ်လေ ထင်သော်လည်းမကုန်ချေ. prepaid card နင့် တွဲသုံးသောကြောင့်ဖြစ်သည်. အင်တာနက်နင့်တော့ သူမ သိတ်ခေါ်ချင်ပေ ကြားလားကြားလားတေါ ကို စိတ်ညစ်သောကြောင့်ဖြစ်သည် ။ လိုင်းကိုသာ ကြိုက်သည်. အော်ကြိုက်တတ်ပေါ့ ဟုဆိုဆို ခေတ်မမှီဘူးဘဲ ဆိုဆို လိုင်းကိုသာ အားရသည်။ သို့သော်လည်း ဘီလ်မြင်သော် အခါ သူမ စိတ်ထိခိုက်ရလေသည်. အစကတည်းက ဖုံးသိတ်မသုံးဖြစ်တော့သောကြောင့်ုလိုင်းဖြတ်မလား စိတ်ကူးရာ အိုင်ဖုံးလိုချင်သောကြောင့် plan ကို နစ်နစ်ယူလိုက်ရခြင်းဖြစ်သည်.

ကြားထဲတွင် ဖုံး sound ပျောက်သွားသောကြောင့်သုံးလ အကြာတွင် ဆိုင်မှ နောက်တစ်လုံး ပြန်လဲပေးသည် သူမ သိတ်မကြည်ပေ။ သူမ ဖုံးသည်အသစ်စက်စက် သုံးလသားရှိသေးသည် ပြန်လဲပေးသောဖုံးသည် band new မဟုတ်ချေ.

နောက်တစ်ခါ ကိုယ့်ဘာသာကိုယ် တိုက်ပေါ်မှ ဖုံးပြုတ်ကျသောကြောင့် စကရင် ကွဲရုံမက ဘာတွေ ပါဖြစ်သွားမှန်းမသိဖြစ်လေရာ ဆိုင်သွားပြီး အသစ်တစ်လုံးကို စလုံး ၃၀၀ ကျော်နင့်ပြန်လဲ ရပြန်သည်. ဝရန်တီထဲ ရှိသေးသော်လည်း ပြုတ်ကျ့ ကွဲခြင်းသည် ဝရန်တီက အကာအကွယ်မပေးချေ။ လဲပေးလိုက်သော ဖုံးကို သုံးလ အာမခံပေးသည်။ ဝရန်တီက လည်းကုန်ခါနီးပြီဖြစ်ရာ ဖုံးဆက်ပြီး နောက်ထ့ပ်ဝရန်တီ တစ်နစ်ကို စလုံး ၁၀၀ ဖြင့်ဝယ်ထားရသည် စိတ်မချတော့ချေ။

နောက်တစ်လုံး အိုင်ဖုံး 4s . 64 GB ကတော့မာလှသည် ဒေါင်ဒေါင်မည် ဖြစ်သည် တစ်နစ်ကျော်သွားသော်လည်း ဘာမှ မဖြစ်. သူ့ကိုတော့ယုံကြည်သောကြောင့်ဝရန်တီ ထပ်မဝယ်တော့..

bill ပေးသော အင်တာနက် banking ဖြင့်ပေးသည် Log in ရသည် နော်က်တဆင့်  security device ကိုသုံးရသည် အင်တာနက် Log in သည် အင်တာနက်ထဲတွင် ဖြစ်သည် နောက်တဆင့် security device သည် သူမ လက်ထဲတွင် ဖြစ်သည် internet thief များကိုကြောက်သောကြောင့် ဖြစ်သည် သူမလ က်ထဲမှ device ထဲမှာ code ကို ထပ်နိပ်မှသာလျင် process ဖြစ်နိုင်မည်။

ွှ့ဤမျှ လောက် ရှူပ်ထွေးသော စာသားများကိ ဖတ်နိုင်လျှင် စိတ်၇ှည်သူဖြစ်သည် စာဖတ်ဝါသနာသူဖြစ်သည် ညင်္ဏရည်ကောင်းသူဖြစ်သည် နားမလည်လျှင် ရှင်းပြသူ ညံ့ရွေ့သော်လည်းကောင်း . ဖတ်သူ ညဏ်ရည် နိမ့်ေ၇ွ့သော်လည်းကောင်း စိတ်မရှည်သူဖြစ်ရွေ့သော်လည်းကောင်း စိတ်မဝင်စားသူ သော်လည်ေးကာင်းဖြစ်မည်.

ထိုမျှလောက် လေ့လာ တိုးတက်ပြီးသော သူမသည် သူမ၏ ညင်္ဏရည် ကို အသုံးချ နိုင်သော အခြေအနေများနင့်သာ နေလိုသည် ။ သိသာသိပြီး အသုံးမချရလျှင် နမျောစရာကော်းလေစွ. အစကတည်းက ကိုယ်တို့မတွေ့ခဲ့ကြလျှင် အကောင်းဆုံးဖြစ်မည် ပေါ့.

Saturday, October 12, 2013

10 october 2013



ဇတ်လမ်းစသည်ကတော့ ခင့်သူငယ်ချင်းဖြစ်သည်. estee lauder ချစ်သူဖြစ်သည်. မလေးရှားငွေ ၂၀၀ ဘိုး အထက်ဝယ်လျှင် ထို set ကြီးကို မလေး နစ်ရာ့ငါးဆယ်ဖြစ်ရောင်းပေးမည် ဖြစ်သည် သူကတော့ အီးမေလ်ပို့လိုက်သည် ဆိုသည် ခင့်ဆီ မရောက်ဘယ်ရောက်သွားသည် မသိ. ရောက်သွားသည် ကတော့ ခင်တို့ဖြစ်သည် ခင်ကတော့တန်သည် ဆိုလျှင် စိတ်ဝင်စားသည် သူကတော့ ပိုက်တွေ ပိုနေသည် ဖြစ်ရာ ဝယ်ထားပြီး သူများတွေ ကိုပေးမည် ဖြစ်သည် ခင်ကတော့ လှချင်လို့ဖြစ်သည် ဘာလို့လှချင်သနည်း ရန်ကုန်ပြန် လျှင် လှချင်သည် ဖြစ်သည် . ဒီမှာ ဘယ်သူနင့်မှ မတွေ့ လှလှ မလှလှ. ကဲ တော်ပါတော့ခင်ရယ် မရှင်းပြပါနဲ့တော့နားညည်းပြီ. အေးပါ အေးပါဟာ.




နစ်ရာဘိုးပြည့်အောင် မဝဝ်ခင် ပစည် အရင် လေ့လာကြသည် . နစ်ရာငါးဆယ်ဘိုးသည် ဘူးကြီးဖြစ်ဖြစ်သည်. ဘူးကြီး ဟု မခေါ်နိုင် အိတ်ကြီးဖြစ်သည် အတော်ကြီးသည်. နက်ပြာရောင်နင့်အနီရောင်ဖြစ်သည် အနီက ပိုလှသည် ဟုထင်ရသည် သို့သော်content မှာ ခင့်အနေအထားအရ နက်ပြာရောင်ထဲတွင် ပါသောအရောင်များကို ပိုနစ်သက်သည်. ပို bright ဖြစ်သည် တောက်ပချင်သည်လေ. ကြယ်ပွင့်လေးလိုပေါ့ မယ်ပိုးမဖြစ်ဘဲ မာမီပိုးဖြစ်သွားသည် သာ ခက်သည် ဟင့်.





ခုတော့သေချားမရိုက်ပြနိုင်သေး နောက်မှ ဖြည်းဖြည်းရိုက်ပြရမည်။ အိတ်ကြီးကို မရိုက်ရသေး တော်တော်များများမရိုက်ရသေးအမြည်း ထွေလာသာပြနိုင်သည်.

အကြမ်းဖျင်းအားဖြင့် နစ်ခမ်းနီသုံေးထာင့် . lip အစို နစ်တောင့်
မျက်လုံးနှူတ်ခမ်နီး  ဖျက်ဆေး တစ်ဘူး
night cream တစ်ဘူး
လက်သည်နီ.း တစ်ဘူး
ပိုက်ဆံအိတ်ပါါးါပေးလေးတစ်ခု. ပါးပါလေး တစ်ခု
 mascara တစ်ခု
ကာချယ် အရောင်မျိုးစုံတစ်ဘူး
ပါးနီ လိမ်းခြယ် တစ်ဘူး အ
အမျိုးစုံ
ထည့်ထားသော အိတ်ကြီး တစ်လုံး.
မိတ်ကပ် ဘောက်စ်ကဲ့သို့ဖြစ်သည်.




စုစုပေါင်း
၁၂ ခုနစ် အိတ်ကြီး တစ်လုံကို မလေးန စ်ရာ့ ငါးဆယ် . = စလုံး ၁၀၀ ကျပ်= အစိမ်း ၈၀ ကျပ်=  မမငွေ ခုနစ်သောင်း ခုနစ်ထောင်ကျပ် ဖြစ်ရာ တန်သသည် ဟုတွက်လိုကသည် စလုံး ၁၀၀ ကို သိတ်များသည်မထင်သော်လည်း. မမငွေ ခုနစ်သောင်းကျော်ဆိုသော် ရင်ဘတ်လက်နင့်ဖိမိသည် အို . ငါရန်ကုန်သွားတာ လှဘို့လိုတယ် ဆိုကာ......အာ. တော်ပါတော့ ဂျီးဒေါါ်ရယ်. (အများက ကန့်ကွက်ကြပြန်သည်.). ဟင်း




ပြီးသော်မလေး နစ်ရာ ဘိုးဝယ်ရန် ကြည့်ရပြန်သည် ဒါကတော့စဉ်းစားထားပြီးသား ဖြစ်သည်.ပေါင်ဒါ မလေး ၁၃၈ ကျပ်နင့်မိတ်ကပ်.foundation ကို မလေး ၁၄၅ ကျပ် နင့်စုစုပေါင်း မလေး သုံးးရာ နီးပါးရောက်သွား၏. ခင်သည် ရင်ဘတ်ဖိသွားရှာလေသည် အို. ရန်ကုန်မှာလှဘို့လိုတယ်ဟု ရွေရွတ်ပြန်သည်.။



ပြီးသော်ပြန်ထွက်ခါနီးမှ ဟယ်ချစ်စရာလေးဆိုကာ. ဝယ်ပြန်သည် တစ်ဘူး တစ်ရာ့တစ်ဆယ်ဖြစ်သည်. မလေးပိုက်ဆံဖြစသ်ည ပိုက်အိတ်မြင်လျှင် ခင်မနေနိုင်ချေ. ဘယ်နစ်အိတ်အိမ်မှာရှိသလဲ လဲ မမှတ်မိတော့ နောက်တစ်ခါ ဈေးသိတ်ကြီးတာတွေယယ်ရမည် ဒါမှ . ဒါလည်းမဖြစ်သေး ဝယ်ပြီးရင် ဝဝ်ချင်ရာ ဈေးသိတ်မကြီးမှ ဖြစ်မည်. ထိုဘူးကလေးသည် အိတ်ကလေးနင့် နှူတ်ခမ်းနီ တစ်ဘူး အစို တစ်ဘူး ဖြစ်သည် .။ သုံးဘူးဘဲ ရှိတော့သည် ဆိုသော်ကြောင့်သုံးဘူးလုံးယူလိုက်သည် မလေး သုံးရာ့သုံးဆယ်. ။ မနက်ဖြန်လာကြည့်လို့ ရှိနေမယ်တော့ထင်ဝူးနော်. လူကြီးကိုညာရဝူး. ဒီကတော့ညာမည်မထင် ခင်တို့ငယ်စဉ်က စကော့ဈေးတွင်တစ်ခုသာ ကျန်တော့သည် ဆိုသော အရာကို ခင့်သူငယ်ချင်းသည်ဝယ်လိုက်သည်နောက်နေ့တွင် ထိုအရာကို ထိုဆိုင်တွှုင် ထပ်မြင်ရလေရာ ခင့်သူငယ်ချင်းရင်ကွဲရလေ၏.

Friday, October 4, 2013

3rd October 2013
























မောင်သည် ခင်တစ်ယောက်ထဲ ဘာတွေများစားနေမှာလဲ စိတ်ပူသည်. ။ စားစရာရှိပါ့မလားစိတ်ပူသည်။ ခင့်အတွက်ပူစရာမလို.ခ င်တွင်စားစရာများပိုလျှံရွေ့နေသည် ဘိုက်ကလဲဆာပြီးရင်းဆာသည် စားပြီးလျှင် နောင်တရသည်။ ပိန်ချင်သည်မှာလည်း နစ်ယောက်မရှိ.ဝလာသည်မှာလည်းနစ်ယောက်မရှိ. ဘိုက်ခေါက်ကလေိးကု ဆွဲကြည့်လျှင် လက်သုံးလုံးလောက်ရပြီဖြစ်ည ဒါကြောင့်များ မောင်မချစ်လေသလား .
နို့ဆီတစ်ဘူး ဝယ်ထားသည် နို့ဆီကို မခေါ်တတ်ချေ. milk maid ဟုရေးထားသည်များကို ကြည့်ကာ ဒါ နို့ဆီလား အချစ်လား မကွဲပြား နောက်ဆုံးကုလားမ ခြင်းတောင်းဆွဲလား အဲသည် ပုံကလေးကို မြင်ကာမှ ကုလားမခြင်းတောင်းဆွဲ နို့ဆီ ဆိုသော ခင်တို့ခေတ်က ပုံကိုမြင်ယောင်ကာ ဒါသေချာပါပြီ ဆိုကာ ဝယ်လာရသည် ထောပတ်သီးဖျော်သောက်ဘို့Yar Zar Lin က သင်ေသောကြောင့်ဖြစ်သညခ ယခုသော်ခင်သည်ထောပတ်သီးဖျော်ရည်သောက်ရန် အင်းလေးသွားစရာမလိုတော့ ဟုတ်သော်ရှိ မဟုတ်သော်ရျေိ ထောပတ်သီးဖျော်ရည်တော့မုန့်းအောင်သောက်ရလေသည်. သောက်ခါနီး တစ်ချက် တော့မျက်စီမှိတ်ရသည် မဟုတ်က သရိုးသရီဖြစ်နေသည်။

ပေါင်မုန့် တစ်ထုတ်သည် လည်းတစ်ပါတ်နိင်ကမကုန် အပတ်စဥင်္လွတ်ပစ်နေရသည်။ ယနေ့အသစ်ဝယ်လာသည်. သူများတွေ ပုဇွန်တွေ ချက်. ငါးဖယ်တွေ တုတ်နေသောအချိန်တွင် ခင်သည်လည်း အားကျမခံပေါင်မုန့်ကို နို့ဆီဆမ်းက ဆန်ဝယ်တုံးက အလကား ရသော သကြားကို ဖြူးရွေ့ နွားနို့နင့်သောက်လေသည် ကယ်လိုရ်ီတွေ ဘယ်လောက်ဝင်သွားမည်လဲ မသိ. ဆီးချိုကြောက်သောကြော်ငကအချိုရှောင်သော်လည်း နို့ဆီတစ်ဗူးသည် အတော်ဒုတ်ခပေးလေသည် နို့ဆီများချဉ်သွားမည် စိုးသောကြော်င့ ဒလမန်းကြမ်း. ဖျော်သောက်နေရသည် နိ့ဆီမျတားလည်း အားရပါါးရ ထည့်ကာ တို့ကာ စားသည် တက်လိုက်မည့်ဖြစ်ခြင်း အမလေ.း

Thursday, October 3, 2013

2nd October 2013























အိမ်ပြန်ရောက်ပြီ. စောတယ်ခေါ်ရမယ်။ ရုပ်ရှင်ဝင်ကြည့်ဦးမယ်စိတ်ကူးပေမဲ့လဲ အိမ်စောစောပြန်ရင် မောင်စိတ်ချမ်းသာမယ်ထင်ပါရဲ့ဆိုပြီးစောစောပြန်တော့တယ်။ စိတ်ချမ်းသာအောင်ထားရမယ်မဟုတ်လား. ဘိုက်ဆာတယ် ထမင်းဝယ်တယ် စလုံးသုံးကျပ်ပြားသုံးဆယ် ဟင်း သုံမျိုး ထမင်းမဝမှာ ဆိုလို့ ဟင်းပိုထည့်လိုက်တာ. စလုံးဟင်းတွေ က သိတ်ပြီးကျန်းမာရေးနဲ့ညီညွတ်တယ် ဆားမပါသလိုဘဲ ဆားဓါတ်တွေ လျော့ထားတယ် ငါးခြောက်ဖုတ်ထည့်စားရတာပေါ့.

ပုန်းရည်ကြီးထဲ့ ကကြက်သွန်နီတွေ ကိုဖယ်ပြီးကြက်သွန်နီတစ်ခြမ်း လှီးထည့်လိုက်တယ် ကြကသွန်က လည်းကြာသွားရင် ဝယ်ခါစလောက် မချိုတော့ဘူး. နဲနဲချွှွဲလာသလိုဘဲ ရေသေချာဆေးရတယ်။ကျန်တဲ့တစ်ခြမ်း ထားထားပေမဲ့ လွတ်ပစ်ရမှာပါဘဲ နောက်နစ်ရက်လုံးမှ အိမ်မှာ မစားမှာသေချာနေတာဘဲ. ငါသိတ်များဆင်းရဲနေသလား .ငါ့ကို ကြည့်ပြီးစလုံးကလူတွေ ကို အဲသလိုဘဲ လို့မထင်ပါနဲ့ အားကြီးချမ်းသာပါကြပါတယ် သူတို့က အနေကုပ်တာ ကိုးမောင်ရဲ့ တို့လိုပပလွှားလွားမှ မရှိကြဘဲ.။

အိမ်လဲ မရှင်းဖြစ်ဘူး လန့်သွားမယ်ထင်တယ် မလန့်ပါနဲ့ ရှုင်းရင် ခဏပါ ရှု့ပ်နေတာ ကို ကြို့ကိလို့ဖွထားတာ. ဘယ်နေ ရာ ရောက်ရောက် ငါရောက်ရင် ပွ သွားစေရမယ် ။ မောင်က ညည်းရှာတယ် မင်းကို ဘယ်လောက်ဘ ကောင်းတဲ့နေရာ ထထားထား မင်းရောက်လာရင် ပွသွားတာဘဲ တဲ့ သူ့ဘာသာ နေရင်ရှင်းရှုင်းလေးရယ်ငါရောက်သွားရင် ပွပွ သွားတာဘဲ အမျိုးတွေ ကို တောင် ဒီဖဘ သိတ်ပြတာ မဟုတ်ဘူး ။ သိချင်ကြသေးတယ် . ဖဘ ရှိတယ်ဆို ဘလော့ရှိတယ် ဆို သိချင်သေးတယ် မပြပါဘူး . အနေကြုံ့တယ်။ အားနာစရာကြီး အမျိုးတွေ အနေခက်ရှာမယ်။

သက်ပြင်းတော့ ချမိတာဘဲ ဒီစနေ တနင်္ရနွေ အိမ်မှာရှီမယ် အိမ်ရှင်းဦးမှ အဓိက က လွတ်ပစ်ရမှာဘဲောနက်လဲ လွတ်ပစ်ရမဲ့အတူတူအခုကတည်းက လွတ်ပစ်ဘို့ကို စဥင်္းစားလို့ကို မရဘူး Oven လဲဈေးသက်သာတာဘဲ ဝယ်ပါတော့မယ်။

အဝတ်အစကားတေါ က လည်း ဆယ်နစ်စာတေါ သိမ်းထားတာတေါသူများကို သါားပေးလဲ ဘယ်သူမှ မယူကြဘူး ဒီမှာ ကအားလုံးက သူ့ဝင်ငွေ နဲ့သူ စားနိုင်သောက်နိုင်သုံးစွဲနေကြတာ ဘယ်သူမှအဟောင်းသွားပေးမယူပါဘူ ထားစရာလဲ နေရာလဲမ၇ှိဘူး မဟုတ်လား မျက်စိနောက်တာ ဘဲ အဖတ်တင်မယ် လွတ်ဘဲ ပြစ်လိုက်ပါလို့ဘဲပြောကြတယ်။

Tuesday, October 1, 2013

1st October 2013



















ငါရဲ့ညစာ ကဗျာမဆန်ပါဘူး. ဘဝလဲ မဆန်ဘူး ရိုးရိုးရှင်းရှင်းဘဲ. စလုံး သုံကျပ်နီးပါးဆိုတော့ မမငွေ နစ်ထောင်နဲနဲ ကျော်လောက်ပေါ့ ။ တန်တယ်မတန်တယ် မတွေးပါဘူး မချက်ရရင် ပြီးတာဘဲ ညက ထမင်းအိုးလေးအိမ်ပေါ်က ဆင်းသွားမှာစိုးလို့ကမန်းကတန်း ချက်ပြီး ငါးခြောက်ဖုတ်နဲ့ လက်ဘကနဲ့စားလိုက်တယ်။ မကုန်ပြန်ဘူး မနက် သွန်ရပြန်တယ် . တစ်ဆယ်တန် ငါးကီလို ဆန်အိတ်လဲ ပိုးတတ်ပြန်ဘီ. ပလတ်စတစ်ဘူး အခုထက်ထိမဝယ်ရသေးဘူး။ မအားတဲ့အခါ မအားသလို အားတဲ့အခါလည်း သတိမရဘူး။
 
 
ဒဂုံမြောက်ဘက်မှာ မြေကွက် သွားကြည့်ကြတာ အိမ်အစုတ်ကလေးပါတာကို သိန်းရှစ်ရာတဲ့ ရေမြုပ်နေသေးသတဲ့. တောင်ဥကလမှာ လွန်ခဲ့တဲ့ငါးလလောက်က သိန်းထောင့်ခုနစ်ရာလောက်နဲ့ကြည့်ပြီးမဝယခဲ့တဲ့သဘော်သား အခု ပြန်လာတော့သိန်းသုံးထောင်ဖြစ်နေပြီတဲ့ ရှာလာတာ စိတ်ညစ်ရပြန်ပြီတဲ့ဘာမှ မဟုတ်ပါဘူး Update လုပ်တာပါ. ဝယ်မလို့လား မဝယ်ပါဘူး ဒီအတိုင်းလျှောက်ပြောတာ.

ဖဘကသူငယ်ချင်းဆိုတာ သူငယ်ချင်းမဟုတ်ပါဘူး ဘဝထဲက လူတွေ ကမှ သူငယ်ချင်းရယ။် စိတ်တွေ ကို လျှော့ထား ဒီနေ့အိမ် အစောကြီးပြန်ရောက်တယ် ခလေးတွေ ဆော့နေတာ ကြားရတာလဲ ကောင်းတာဘဲ လူပီသတာပေါ့ မဟုတ်ရင် တစ်နေ့တစ်နေ့ မချောင်ဘူး။

အိမ်ပြန်တာ လွယ်တာ မဟုတ်ဘူး. တက္ကစီစီးတယ် . လမ်းလျောက်ရတယ် . ဘတစ်ကားစီးရတယ် လမ်းလျောက်ရတယ် ဘတစ်ကားစီးရတယ်။ ရထားစီးတယ် လမ်းလျောက်ရတယ် ဘတ်စကားပြန်စီးတယ် ထမင်းဝင်ဝယ်တယ်။ ဖုံးတွေ လာတယ် အမျိုးဆီကာ ပြန်မဆက်နိုင်ဘူး မောတယ် လမ်းလျောက်ရင်းနဲ့ပြောရတာ လွယ်တာ မဟုတ်ဘူ အဝေးကြီးက ပြန်လာ တာ ရေဘူးပါတယ် ထီးပါတယ် အနွေးထည်ပါတယ်။ ပိုက်ဆံအိတ်နစ်အိတ်ပါတယ် အကြွေ နစ်ခု ပါတယ်။ စာရွက်တွေ ပါတယ်။ ဘော်ပန်တွေ ပါတယ်။


အလုပ်သိတ်များ ပဆပ်တွေ အများကြီးရမှာပေါ့ တဲ့ ရပါဝူး ဒေါ်လာနဲ့ရတဲ့သူ ပိုရတာပေါ့ ။ဘယ်လိုဘဲရရ အလုပ်ရတာ ဝမ်းသာတာဘဲ . ကိုယ်ပိုင်လုပ်နေတဲ့လူတွေ ကတော့ပိုကောင်တာပေါ့ ဘာမှ မလုပ်ဘဲ နေနိုင်ရင် ပိုကောင်းသေးတယ်။ ကျန်းမာရင်ပြီးတာဘဲ.