Monday, December 31, 2012

31th December




အမှန်တော့သူဘိုက်ဆာနေသည် မနက်က ဆယ်နာရီနိုးသည် ဖဘ ကြည့်ရာ ဆယ့်နစ်နာရီထိုးသွားသည် အမျိုးအိမ်သို့သွားသည် အမျိုးသည် မနေ့ကမှ ရန်ကုန်ကပြန်လာရာခရီးပန်းသောကြောင့်ဟင်းမချက်နိုင်. ထမင်းသုတ်ကျွေးသည် ဖြစ်သလိုအသုတ်ဖြစ်သည်.ထမင်းကို ဆီဆား ပုဇွန်ခြောက်ဖြင့်နယ် သံပရာသီး သနပ်ဖြင့်နယ်ကျွေးသည် ။ မျော်လင့်သည်မှာဟင်းပွဲဖြစ်သည် သူသည် ဟင်းချက်ကောင်းသည်. မချက်တော့လည်း ကျွေးတာ စားရသည်ပေါ့ ငါးခြောက်. ဖြင့်ကျွေးသည် ကောင်းပါသည် သို့သော်လည်း အာသာမပြေလှ။ အိမ်ရောက်တော့နွားနို့တစ်ခွက် အီကြာကွေးတစ်ခြမ်းထပ်နိပ်သည်။




























အိမ်ပြန်လာသည် တောက်တိုမယ်ရလုပ်သည် ဖဘ ခဏကြည့်သည် အိပ်သွားပြန်သည် ညနေ နိုးသည်။ 
ဖဘ ကြည့်သည်။ ဟင်းမချက် ထမင်းဘူးသွားဝယ်သည်။ စလုံးတွင် ထမင်းပြသာ ပြေလည်သည်။မစားချင်သည်သာ ရှိသည စားစရာတော့ရှိသည်. ဟင်းရွက်စိမ်းကြော် ကြက်သားကို ဂျုံမှုန့်ဖြင့်ကြော်ဖြစ်သည်. ကောင်းပါသည် မဝ။ ထမင်းနည်းနည်းလေးပါသည် ဝိတ်ကျတာပေါ့။


























ထမင်းစားသည် မီးပူတိုက်သည် . ဖဘ ကြည့်ပြန်သည်။ ည ဆယ်နာနရီထိုးပြန်ဘီ. မနနက်သွားဘို့ပြင်ဦးမှ. မီးပူထပ်တိုက်သည် အထုတ်ပြင်သည် ။ ဘီဒိုထဲပိုးဟပ်တစ်ကောင်တွေ့ရာဘီဒိုသွန်ချလိုက်ပြီး ဆေးဖျန်း၏။ ခဏစောင့်ပြီးပြန်ထည့်ရမည်။ စာသုံးကြောင်းဖတ်၏. မိုးချုပ်ပြီ ဖဘထဲက လူများမအိပ်ကြသေးဘူးလား တက်ကြွတုံးဖြစ်သည် မနက် အားကြသလားဟင်။ 























ဒါတွေက ရန်ကုန်က ပုံတွေ ဖြစ်သည် ငပိရည်ကြိုက်တတ်သူအတွက် ရန်ကုန်အိမ်က helper က တတ်သလောက်မှတ်သေလ်ာက ချက်ပေး၏. ညည့်နက်သန်းကောင်ပြန်လာသူအတွက် အဆင်သင့်ဖြစ်စေ၏။ ချဉ်ပေါင်မျစ်ကို ကြိုက်သည် ဆိုေ၇ွ့ချက်ပေးသည်. အော် ချက်ပေးသည် ချက်ပေးသည် ဒီမှာတော့ ကိုယ်ချက်မှ ကိုယ်စားရသည်။



ပဲအီကြာ . ပဲအီကြာ.။ လွမ်းတယ်ကြာ.............. + နွားနို့  ကတော့လွမ်းစရာမရှိ. ဒီမှာ one litre ဘူးကြီး ချနေသည်။ ဈေးချတာ ဟုတ်. အားရပါးရသောက်နိုင်ချင်းိကိုဆိုလိုသည်။



Sunday, December 30, 2012

Myanmar Airways International/Singapore Airlines Promotion


စာရေးခါနီးတစ်စုံတစ်ယောက်နင့်စကားပြောလိုက်သောအခါ ရေးမည့်စာသားအားလုံးပျောက်သွားသည် ဆိုလျင် ပိုမည်ထင်သည်။ ဒါပေသိ ရေးစရာမ၇ှိတော့ချေ. ။ ဖတ်သူများအတွက်သက်သာရရသည်ပေါ့.စာနည်းနည်းသာ ဖတ်ရတော့မည်. တစ်နည်းအားဖြင့်ဆိုသော်လည်းဝမ်းနည်းစရာကောင်းသည် ဖတ်ကောင်းသည်များမဖတ်ရတော့ချေ. ဖတ်ကောင်းသည်ဟု ဘယ်သူထင်သနည်း။ ကိုယ့်ဘာသာကိုယ်ထင်ပါသည် (သုံးမှတ်ယူ. ရော့.)။ (ကိုယ့်ဘာသာ ကိုယ်ပြန်ပေးသည်) မောင် ရန်ကုန်ပြန်ရန်လက်မှတ်ဝယ်ထားသည်တစ်လ လက်မှ တ်ဖြစ်သည် MAI လေကြောင်းလိုင်း တစ်လလက်မှတ် ကီလို နစ်ဆယ် .စလုံး သုံးရာကျပ်. ဟ တယ်တန်ပါလား ။ ပုံမှန် နစ်ပါတ်လက်မှတ်ဈေးခန့်ကို တစ်လ ဟု ရောင်းလေရာ အမြဲတိုင်ပင်နေကျ (ယုံချင်ယုံမယုံချင်နေ) ချစ်သူ ဇီးပြားမိန်းမ အဲလေ ဇနီးမီးမ ကို မတိုင်ပင်ဘဲဝယ်လေသည်. မြူးတူးစွာရှိ၏။ ရန်ကုန် အေးနေတယ် ဆိုတာလေးမမှီလိုက်မှာစိုးရိမ်နေသည် ရောင်းသာရောင်းသည်ဒီဇင်ဘာ လကုန်လဲမရ. ဇန်နဝါရီ ပထမပါတ်လဲမရ. နောက်ဆုံးရတာသာ ယူရသည် ပုံမှန်လေးရာလေးဆယ် လေးရာခြေက်ဆယ်ခန့်မဟုတ်ပေလား။ 























ခင်သည်လည်းစိတ်ကူးယဥင်္သည်။တစ်လလက်မှတ်ခံသော မတ်လကုန်ထိလက်မှတ်ကို ဝယ်ကာ သိမ်းထားမည် ။ မတ်လ ကုန်လက်မှတ်ကိုစီးသော april သင်္ကြကို ရန်ကုန်တွါင် မနွဲရပေရောလေား လက်ဖျောက်မီးတီးဘဲ တယ်အကြ့ကောင်းတဲ့ငါဘဲ ဆိုကာ အလုပ်ကိုမျှ မတိုင်ပင်ဘဲ ယနေ့လက်မှတ်သွားဝယ်သည်။





Singapore airline promotion့ ကီလိုလေးဆယ် သုံးရာလေးဆယ်ငါးကျပ် စလုံး ဟာ ပိုင်သကွာ ဘိုးအင်း. ၇၄၇ ကြီးတော့စီးရချေသေး ဟိဟိ. ဘဝင်မြူး၏. မောင်သည် တောက်ခေါက်သည် ဒီလိုမှန်းသိ.စောင့်တာပေါ့ကွာဟု မချိတင်ကဲဖြစ်သည်. ။ ကီလိုနစ်ဆယ်ပိုရမည် စလုံးလေးဆယ့်ငါးကျပ်သာပိုပေးရမည်။ မဟုတ်ပေလား။ ခင်သည် လက်မှတ်သွားဝယ်သည် ဘာအတွက်ကလဲ ဟု မြန်မာလိုမေးသည်ကို April သွာချးင်လို့ရှင့်ဟု ဆိုသော်  normal ဈေးတောင်မထွက်သေး] ဆိုသည် ဟင် .ဒါဆို ဒါကျီးကဘာလဲဆိုသော်.traveling date မှာ ဖေဖောဝ်ရီါလတွင်းသာဖြစ်သည် ဖေဖော်ဝါရီနစ်ဆယ့်ရှစ် တွင်းစလုံးပြန်ဝင်ရမည်ဖြစသ်ည်။

ဒါဆို MAI ဆိုသော်ဒါကလည်း ၃၀ မတ် တွင် စလုံးပြန်ဝင် ရမည်ဖြစ်သည်. ဟင်း. မြန်မာစကား အဂ်လိပစကားမလည်သောခဥမသည် လက်လန်သွားလေသည် ခင်ထင်သည်မှာ မတ်လ ၂၉ လက်မှတ်ဝယ် April တစ်လလုံး ရန်ကုန်မှ  မြူး ရန်ဖြစ်သည် ဒါကို အချက်သိသော သူတို့သည် Aprilလက်မှတ် ပရိုမိုးရှင်းလက်မှတ် မသိရသေးချေ. ခင်၏စကောလောက်မျ ဇောက်မနက်သောအကြံသည် ရေထဲမျောသွားသည် ။ 















































Thursday, December 27, 2012

27th December

ဘိုက်ဆာနေသည် ကို မစားသသေးဘဲ ထိုင်ရေးနေသည်. စကားလုံးများ လျှံနေသည်. ပြောစရာလူ ရှားပါးသည်. နားထောင်သည့်နားရှားပါးသည်. ဖဘတွင်သာ လူလုပ်နေရသည် ရေးပြီးသားများပျက်သွားသည် နမျောစွားပြန်ရှာသော်လည်းမရ. ပြန်ရေးရွေ့လည်းမရး. ခံစားချက်သည် တစ်ခါသာရသည်။

ဘာကြောင့်များယောကျားယူကြသနည်း စကားပြောချင်သောကြောင့်ဖြစ်သည်။ သို့သော်လည်း လင်နင့်မယား စကားလုံးမတူသည် ကို ကြာသော်အခါသိလာရသည် စိတ်ဝင်စားမှူခြင်းကွာခြားကြသည်. သူလာလျှင် သူ့ကို အတန်းရှင်းပေးရသည် ကိုယ်ပြောချင်သည်ကို အတင်းနားထောင်ခိုင်းရသည်။

ဘာပြောချင်သနည်း စိတ်ကူးပေါက်ရာပြောချင်သည် ယခုလိုရေးနေခိုက် ယောကျာ်းပြန်လာမှာစိုးသည်. ရေးစရာများ မဟုတ်ပြောချင်းသည်များမ ပြောလိုက်ရမည်ကိုစိုးည်ရေးရင်းနင့်လည်း save ရသေးသည်  ပျက်သွားပြန်လျင် နမျောစရာ

ကြက်ဥခေါက်ကြောင်သည် ဖိုးစိန်ကိုအားကျသောကြောင့်ဖြစ်သည် ဖဘကြည့်လျင် ဟင်းချက်တတ်လာသည်. ကျေးဇူးကြီးပါပေသည်။ ချီစ်တော့မထည့်လို. အနစ်များကိုတော့ ကလောက်ကလောက်ဖြစ်ခေါက်ထည့်လိုက်သည် အားရပေစွာ. အဂ်လန်မှ ဆရာဝန်ကြီးသည် သူ့ကို မချစ်တော့ချေ. ရည်းစားလေးယောက်နင့် Londener ကြီးဖြစ်နေလေရာ မေ့သင့်သည်ပေါ့ မင်းက ဘာမို့လို့လဲ ဟု မောင်က မေးဦါ်မည်။ မင်းဘဝ မင်းသိဘို့ကောင်းတယ် ဟု ဆှိုလျှင် ခင်သည် မျက်နာငယ်စွာ ရှိ၏။  



ခေါက်ဆွဲသုတ်စားမည် ။ ဗစ်ကို မမှီလဲ စားရသည်ဘဲပေါ့ သုတ်ပြီးမ စားဘဲ သုတ်သုတ်လာေ၇းသည် မောင်လာလျင် မရေးရတော့. ဖီလင်မများ အားလုံးပျက်ကုန်သည်.။  ဘာမှ မပါ . ဆီဆား ငရုတ် သီးမှုန့်ကြက်သွန်နီ. ဂေါ်ဖီထုတ်သာဖြစ်သည် ဒါလဲ အသုတ်ဘဲပေါ့ ဆင်းရဲသား သုတ်ကေးလပါ ဟုဝမ်းနည်းစွာ တွေးသည်။ ခုလော်ကဆို အသုတ်တေါ ပွကုန်တော့မှာဘဲ ပွချင့်ပွ ရ်ငထဲက စကားတွေ သွန်ချချင်သေးသည်။





လူတစ်ယောက်မကောင်းသတင်း ထိုသူ့တွက် စိတ်မကောင်းစရာ ကြားလျင် သူ ဝမ်းမသာတတ်ပါ. ဝမ်းနည်းတတ်ပါသည် ထပ်တူထပ်မျှ ဝမ်မးန်ညးသော်လည်းဝမ်းနည်းတတ်ပါသည် ဝမ်းနည်ေးကြာင်း အခြားသူတစ်ယောက်ကို ပြောသောအခါ ဝမ်းသာကြောင်း ပြောလျင် မည်သိုံခံစားရပါမည်နည်း။ စိတ်ပုတ်လို့ ဒီလိုခံစားရတာ ဆိုလျင် သူ ပိုစိတ်မကောင်းဖြစ်ရသည် ဒါကို ဥပမာယူဆိုသော် ဘုရားရေ ငါ အဲသလောက်မပုတ်ါပါဘူးအေ ဟု ဆိုရသည်. .။ ရေးလိုက်ဖျက်လိုက်ဖြင့်ဆက်မပြောလိုတော့ပါ. သူမစာ ကို ကြိတ်ဖိတ်သူများရှိလေရာ ခတ်လေသည်။

နာမည်ကြီးသူများကို သူမခင်ချင်ပါသည်. သူမကို သတိပြုလို ပြုမိငြားဝင်ရော က်  Like လုပ်ခြင်း ကွန်မက်ဝင်ပေးခြင်းများလုပ်တတ်ပါသည်။ သတိပြုမိရက်နင့် သတိမပြူမိသလိုနေသူများကို စိတ်နာစွာ ရပ်တန့်ရန်စိတ်ကူးသည်. အချို့ကတော့သတိမပြူမိသလိုနင့်သတိပြုတတ်သည်. လူလောကကြီးခတ်လှသည်. ဖင်ပေါ်သော ကောင်မလေး ကို ရိုက်သော ဓါတ်ပုံဆရာ နာမည်ကြီးသွားသည်။ ထိုဒါတ်ပုံကို အမှီပြုကာ ကဗျာ ရေးသာ သူသည် ပိုနာမည်ကြီး၏. လူတစ်ထောင်ကျော် ဝင် share ကြရာ ထိုဒါတ်ပုံဆရာ အတွက် သူမ ရင်ထုမနာဖြစ်သောကြောင့် မက်စေ့ပို့ကာ သူမ တိုင်တော၏။ 

ညို့မဂဇင်း ကို ဒေါင်းလုပ်လုပ်ကာသိမ်းထားသည် မောင့်ကို ပြရမည် သို့သော်လည်းမောင်က မစားရညှော်ခံများကို စိတ်မဝင်စားဟု ဆိုသည်.ရန်ကုန်တွှုင်အေးရော့မည် ။ ဒေါင်းလုပ်ကို ရှယ်သော် ထုတ်ဝေသူများ နစ်နာသွားမလာား အားနာကာ မရှယ်တော့ဟု စိတ်ကူးသည် သူစိတ်ကူေးပါက်ရာများ ကို တစ်စုံတစ်ယောက်ထံ ပို့တတ်သည် seen ဟုမြင်လျှင် ဝမ်းသာသွားသည် သူမထံ အများသူငါ ပို့သော မက်စေ့များကို တော့ရန်ဖန်ရခါ မသိချင်ေးယင် ဆောင်နေတတ်သည် ၈ျီမှ စကားလုံးများ ကို မမြင်ရရန် ဖျက်ထားသည် ပို့လိုက်သည် ကိုသာ မြင်လိုက်ရသည် ဖတ်ချင်လျင် ဂျီမေးလ်ဲထဲသွားဖတ်ရသည်များသောအားမဖြင့်မဖတ်ဖြစ်တော့ မသိသော သူများထံမှ များသည်။ ဟဲလိုတွေ  ဟိုင်းတွေ ကို သူမ စိတ်မဝင်စားပါ. စိတ်ဝင်စလားလဲ ဘာထူးမည်နည်း အရေမရမဖတ်မရ. ရည်းစားမှ လုပ်လို့မရတာ ဘာလုပ်မည်နည်း အရွယ်လွန် မိန်မးတစ်ယောက်တွက် ဘုရားမရှိခိုး အဲလေ ရှိခိုးသော်လည်း. တရာ အားမထုတ်  အားမထုတ်သေည်လည်း သူမ စိတ်ကောင်းရှိပါသည် ထိုသူမ အတွက် လောကသည်အတော်ပျင်းစ၇ာကောငးလေရာ ကိုယ့်ကိုကိုယ်ကြည့်ကြက် မရူးအောင်နေရသည်။ 

နဲနဲရင်ချောင်သွားသလိုရှိ၏။

Wednesday, December 26, 2012

Orchard christams






























ယနေ့သည် ခရစ်စမတ်နေ့ဖြစ်သည်. ဗုဒဘာသာ ဖြစ်သော်ငြား Merry christamas , happy new year ဟု ပျော်ရွင်စွာပြောသူထဲတွင် သူပါသည်။ အောချတ်လမ်း သို့ပျော်ရွင်စွာသွားတတ်သည် တက်ကြွစွာသွားသည် စကာပူမှာနေရမှတော့ ခရစ်စမတ်လိုညမျိုးမှာ orchar road သို့သွားသင့်သည်ပေါ့ ဟိုတုံးက ဆိုလျင် count down ပါသွားသေးတယ် ၁၂ ဆိုလျင် happy new year ဟု ပျော်ရွင်စွာ အော်ကြသည်ကို စဉ်းစားရင်းနဲ့ပျော်ရသည် ပျော်တတ်သူအတွက်တော့နေရာတစ်ကာ ပျော်စရာကြီးဖြစ်သည် .။





































သွားလေရာ လူပင်လယ်ဖြစ်ရာ လူမပါအောင်ရိုက်ရသည်မှာ မလွယ် .။  ညမှောင်မှ မီးထွန်းမည်. မီးထွန်းမှ ပိုလှမည်ဖြစ်ရာ မှောင်ဘို့စောင့်ရန် စားစရာ ဆိုင်ရှာရသည်မှာ မလွယ် . တပေါင်းလပြည့်နေ့ရွေတိဂုံဘုရား သွားသကဲ့သို့ လူများများလှသည် ထိုင်စရာနေရာမရ. စားနေသောလူဘေးတွင် မတ်တတ်ရပ်စောင့်ရမလိုဖြစ်သည် မလွယ် . မလွယ်ရေးချ မလွယ်. .. နစ်ပါတ်သုံးပတ် နစ်ဆိုင်သုံးဆိုင် ဝင်သော်လည်းမလွယ်..




































ဖိုးသူတော်လည်လေ ဆန်ရသကဲ့သို့ သွားရာနေရာများလေ ရိုက်စရာများလေ ဖြစ်သည် ရိုက်သည် မဲမဲမြင်လဲ ရိုကသည် ဖြူဖြူမြင်လည်းရိုက်သည်.။ ရိုက်လာသည် မှာပုံ သုံးရာခန့်ရှိမည်ထင်သည်. ခဥမပုံက တစ်ဝက်ပါသည်. လှမှမလှတာ. လှနိုး လှနိုး ရိုက်လိုက် မလှလိုက်. ရိုက်လိုက် မလှလိုက်. သုံးရာ ရိုံက်မှတော့သုံးပုံကျန်မှာပေါ့. ကျန်သောပုံ ဝေရမည်။ မတောင်းလဲ ပို့သည် တောင်းလျင် မပို့။ စိတ်က မှန်သည်မ ဟုတ်. ။


































တစ်ယောက်ထဲ ဓါတ့်ပုံရိုက်ရသည်မှာမလွယ်. ကိုယ့်ပု့ကိုယ်ရိုက်လျှင် လက်ကြီးဆန့်ပြီးရု့်တာပိုစ်လဲထပ်နေပြိ သူများရိုက်ပေးလျင်တော့အိုက်တင်ပေးလို့ရသေးသည် တယ်ခက်ပါလား. ဟိုမျော်ဒီမျှော်သဘောကောင်းပုံ၇သူကိုမျှော်. လေယဉ်ပေါ်တွှုင် လက်ဂေ့ခ်ျကို ဆွဲလာပြီး ခေါင်မိုးပေါ်သို့မတင်နိုင်ရာအရပ်ရှည်သူ သဘောကောင်းပုံရသူကို တင်ပေးရန် ရှာရသကဲ့သို့ခက်လှသည်။ အားလုံးမှာ လည်းကိုယ့်အာရုံနင့်ကိုယ် ရိုက်နေကြရာ သူ့ထံမည်သူမျှ အာရုံမရောက်. အာရုံရောက်စရာလဲမရှိ...



































အိုက်ပက်ကြီးများတစ်ကိုင်ကိုင်နင့်ရိုက်သူမျာိးကိုရယ်ချင်၏. သို့သော်သူတို့ပုံများမှာ ကြီးပြီးအားရစရာကောင်းလှသည်။ မိုးဖွဲလေးများရွာရာအနည်းငယ်ဝရုန်းသုံးကားဖြစ်သွား၏. မိုးလွတ်ရာပြေးကြသည်။ သူလဲ ပြေးသည်ပေါ့ ။ ပြန်ဘို့သင့်ပြီ မိုးချုပ်ပြီ။ 








ဖလရှ်ဖွင့်ရိုက်လျှင် လူပုံများသည် မျက်လုံးကြီးဘာလို့နီသွားပြီး ကြောက်စရာသရဲကြီးဖြစ်သွားသနည်း. .။ မျက်စီကြီးမနီအောင်မည်သို့လုပ်ရမည်နည်းသင်ပေးပါ။ လိုက်တင်ကောင်းသောကြောင့်ပုံများမဆိုးခေချ. သို့အတွက်ကြောင့်ဓါတ်ပုံထွက်ရိုက်သူများလျသည်။ 













































ပုံများ.များစွာ ရှိသော်လည်း လူများသောပုံများ. မိန်းကလေးပုံများ ယောကျာ်းလေးပုံများ. များလှလေရာ ပိုတိုလည်း မေ၇ှာ့ချင်တော့ အိပ်ချိန်လည်းရောက်သင့်ပြီ. သင့်တော်ရာပုံများကိုသာ. ထည့်လိုက်သည်. ။လူများစွာပါသောကြောင့်ပုံကောင်းများစွာကို ဖယ်လိုက်ရသည်နမျောလေစွ.


 အော်ချတ်လမ်းမကို ပိတ်သည်မှာ ယခုလို ညမျိုးတွင်သာဖြစ်ရာလမ်းမပေါ်တက်လျောက်ရသည်မှာ အရသာရှိလှသည်။ လူများအုံးအုံးကြွက်ကြွက်.့စည်ကားလေသည်.။ 

Saturday, December 22, 2012

22th December























 မောင်ညီမငယ်လေးများသိစေရန်မှာ လောက တွင်နေမင်းကြီးနင့်လမင်းကို ကွဲပြားသိရန်ဖြစ်သည် ဖဘတွင် ဒါတ်ပုံလှလှလေးများအိမ်ထမင်းမဟင်ချက်ရာ လက်ရောကောင်းကောင်းကေးလများမြင်လျင် လျူတိုင်းတတ်ကြမည်ဟု ထင်နိုင်ဘွယ်ရာရှိသည်ကို အမြင်မှန်တည့်မတ်စေရန်စေတနာကောင်းဖြင့်တင်ပြလိုက်ရပေသည်. ပလာတာနစ်ချပ်သည် ပန်းကန်ထည်းသို့မရောက် ဆီခံစကူထဲနင့်ပန်းကန်တလုံးတွင်သာ ကုန်သွား၏. သူ့တွင် ပန်းကန်များမရှိဟု မထင်စေလို ရှိသည် ရှိသည်မှ ကော်နယ်လ် နစ်စုံကို ရန်ကုန်သို့ပို့လိုက်၏. ရန်ကုန်ပြန်လျငသု့းရန်ဖြစ်သည် ရန်ကုန်မပြန်ဖြစ်ရာ နစ်ကျပ်တန်ပန်းကန်များနင့်သာ နေရရှာသည် သနားဘွယ်ရာကောင်းလေစွ. ရှေးကုသိုလ်မစင်ကြယ်ဟု လူအများက ပြောကြသည်။ ရှည်ရှည်ဝေးဝေးမတွေးရာ စားရလျင်ပြီးလတ္တင်္=

























ထိုပုဇွန်သည်အကြီးကြီးဖြစ်သည် စလုံးရှစ်ကျပ်ခန့်ပေးရသည်။ မြန်မာငွေ ငါးထောင်ခန့်ရှိမည်။


























အမှန်တော့တစ်ပါတ်လုံးဝယ်ကျေွးးနေသည် ကိုအားနာရွေ့မဟုတ် ခဥမမစားနိုင်သောကြောင့်ထချက်ခြင်းဖြစ်သည် ပုဇွန်ချက်ပြီးပြီးမည်ထင်ရာ ဟင် ငါးဖယ်လေးရှိသေးတယ် သုတ်ရအောင် ဆိုသောခဥမမဲ့သွားလေသည် မျက်နာအိုအိုဖြင့်ဆက်လုပ်သည် အသုတ်တစ်ပွဲသည် လက်ဝင်သည်။ သူစားမြိန်ပါ့အံ့ဟု စေတနာအပြည့်ရှိသော်လည်းမလုပ်ချင်ပေ ညိမ်ညိမ်လေးသာ နေလိုသည်။ ခင်သွားအနည်းငယ်ကိုက်နေသည်လည်းပါသည် ကိုယ့်ဘာသာ ကိုယ်ထင်ရာဆေးများသောက်လိုက်သည် အံဆုံးနားက ကိုက်ရာ အံသွားထွက်ချင်လို့လားမသိဆိုသော်ခင့်ကို မောင်သည် မျက်လုံးကြီးပြူးကြည့်လေသည်။
ဒီအသက်ဗလိုက်ချိုင့်ရောက်ခါမှ အံဆုံးထွက်သေးလား ဆိုသော် ခင်လည်းမသိ။  ဆေးခန်းသွားပါလားဆိုသော်လည်း ခင်သည် ရက်တွက်ပြီးမသွားချေ. ဆေးခွင့်ပေးလိုက်လျင်မတန် ခုရက်ပိုင်းရုံးပိတ်ရက်များသည် ။ ရုံးဖွင့်ရက်သွားပြမှ တန်သည်။ ရုံးဖွင့်ပြန်တော့လည်းအသက်ရှူမအားရာဆေးခန်းသွားချိန်ရမည်မထင်ချေ. သူများကို ဂရုစိုက်ရလွန်းသောကြောင့်ကိုယ့်ကိုယ်ကို၈ရုမစိုက်နိုင်.


















့ပုဇွန်ကြော်ပြီးပြီဖြစ်သည်။ ခဥမ မျက်နာမသာယာသောကြောင်္င့မောင်ဝင်ကြော်ရ၏။


















ဝက်အူချောင်းကြော်က တော့ခဥမကြိုက်သည်.။

























 အိမ်မှာဘာဟင်းရွက်ရှိသလဲဆိုကာ ထချက်သော ဟင်းရည်ဖြစ်သည် ဟင်းရွက်များလှီးထည့်ကာရေနွေးဆူလျင် ချိုပြီဖြစ်သည် ကြက်သားအခဲတစ်ခု ထည့်လိုက်သည်.ဒါလဲ မောင်ဘဲဖြစ်သည်. မောင်က ဟင်းချိုသောက်ချင်သည်ကိုး . ခဥမက အရွက်လှီးပေးသည်။




















အသုတ်ထဲသို့ကြက်သွန်ကြော်များဖြူးလိုက်သည်.


















မောင်စိတ်ချမ်းသာရန်အရေးကြီးသည် ခဥမ သိတ်တော့မပြုံးချေ။ ချက်တတ်သောမိန်းမများကို ခင် အထင်ကြီးလှသည်။ စိတ်ပါလက်ပါ ဖြစ်ရန်သူရို့မည်သို့ချက်ကြသနည်း. ခင်လို့မိန်းမမျိုးနင့်မရရန် ဆုတောင်းကြပါရန်သတိပေးလိုက်ရပေသည်။

စိန်



ဘိုက်ဆာသောကြောင့်ပေါင်မုန့်နစ်ချပ် မီးကင် ထောပတ် စတော်ဘယ်ရီယိုသုတ်ပြီးစားလိုက်သည် ထောပတ်သည် ဆီချီးနံ့အနည်းငယ်ထွက်နေသည် မကုန်တတ်သောကြောင့်ဘူးသေးကလေးဝယ်သည်ပင် မကုန်. ရှုံးသည်. အသစ်တစ်ဘူးထပ်ဝယ်ရတော့မည်။





စိမ်းစိမ်းအရည်ကလေးများသည် ဘာမှန်းမသိ. ချိုတက်လွန်းသောကြောင့် တစ်ဝက်သာထည့်ခိုင်းပြီး ရေခဲရောလိုက်သည်အချိုဓါတ်ပေါ့သွားသည်ပေါ့။ သံ့ပရာလိုအသီးလေး သံပယိုအသေးလေးတစ်ဝက်ညှစ်ခိုင်းလိုက်သည်. လက်အိတ်မစွပ်ဘဲ ညှစ်သူသည် viral serology ကင်းရှင်းပါစေရန်ဆုတောင်းသည်. (
တိုင်ဝမ်ဆရာတော်ရဲ့ အလှူဘီပိုးကာကွယ်ဆေးထိုးရာမှာ သံဃာ၇၂၈ ပါး မှာ ပိုးတွေ့ သံဃာ (၅၉) ပါးတွေ့ ရပါတယ် .............ဆိုသော ဖဘမှ သတင်းတစ်ခုသည် ရင်လေးစေသည်။ ပိုးသည် နောက်ဆက်ဆွဲ အသည်းခြောက်ရောဂါ. အသည်းကင်ဆာများ ဖြစ်တတ်သည်မ ဖြစ်ဘဲလည်းနေနိုင်သည် ဟိုတုံးက ကာကွယ်ဆေးအလကားထိုးပေးစဉ်က မထိုး. ပိုးရှိတိုင်း ရောဂါရှိတာ မှတ်လို့. ဒီပိုးနဲ့ ဒုတ်ခ ရောက်ချင်မှ ရောက်မှာ ဒုတ်ခဖြစ်စရာ ရောဂါအပုံဆိုကာ ကာကွယ်ဆေးမထိုး. ဒီပိုးရှိရင် အလုပ်ရဘို့ ခက်မယ်ဆိုတော့မှ ပြေးထိုးသည်။ အသက်ကို မကြောက် အလုပ်မလုပ်ရမည်ကိုကြောက်သည်။ အသည်းရောဂါဖြစ် ဒုတ်ခရောက်သူအများ သတင်း ကြားရသည် ဖြစ်နိုင်လျေင် ဆေးပြေးထိုးထားကြပါ။ မိမိကြောင့်သူတစ်ပါး ဒုတ်ခမဖြစ်ပါစေနင့်။ ကိုယ့်ကိုယ်ကိုစောင့်ရှောက်သလို အများသူငှာကိုလည်း စောင့်ရှောက်ရာသည် အများသူငှာကို စောင့်ရှောက်သလို မိသားစုကိုလည်းစောင့်ရှောက်ရာသည် ။ အများသူငှာကို စောင့်ရှောက်ရသည်များသောကြောင့် မိသားစုကိုစောင့်ရှောက်ဘို့လစ်ဟာတတ်သည်။ မိသားစုကို ဖုံးဆက်ပါ။  Google + ကိုသူမကြိုက်ပါ။ ဖဘကိုသာ ကြိုက်သည်။ closed များကိုလည်းမကြိုက်ပါ။ open ကိုကြိုက်သည်.Limited ကိုမကြိုက်ပါ အဆင့်အတန်းခွဲခြားသည် ဟုခံစားရသည် (စာလုံေးပါင်မများစဖူးမှားသွားရာ ပြန်မပြင်တော့.).။ သူငယ်ချင်းတစ်ယောက် အဆင့်တန်းခွဲခြားသ်ညကိုသူသိရာ unfriend လုပ်ပလိုက်သည် စိတ်ပြေရွေ့ပြန်သြွးအက်ရာ လက်မခံတောချေ့. အော်ခက်ပေစွ. တွေ့ဆုံကြုံကွဲဒမတာပေပ။ အသည်းမာရပေဦးမည်. ဒါလေးတွေ သည် ဘာမှ မဟုတ်.သေရေးရှုင်ရေးမဟုတ် မေ့လိုက်ရုံပ။ သက်ပြင်းချရသည်။




ကျစ်ကျစ်ပါအောင်ခေါက်ထားသောပိုက်ဆံသည် ဘေလ်တစ်ခုနစ်ခု သုံးခုအတွက်ပေးရန်ဖြစ်သည် ဝင်ငွေနင့်ထွက်ငွေ မျှစေရန် ချင့်ချိန်ရသည်။ ပိုက်ဆံရသော်လည်းမသုံးနိုင်ချေ။ မသုံးနိင်လျင် ရှော့ပင် ထွက်ရသည်မှာမမိုက်။ ဒါပေမဲ့လဲဝယ်ပြီးလဲ မသုံးနိင်တာဘဲလေဟုသာ စိတ်ဖြေရသည် အကျီအဝတ်အစားများမှာ လှသော်လည်း ကိုယ်နင့်မလှ။ သူ့စကားများမှ မြင့်လှသည် တော်ရုံလူမလိုက်နိုင်။ ပလက်တီနမ်ကပ်ကိုင်သောသူသည် အချဉ်မဟုတ်သော်လည်း ဘာကောင်မျှ မဟုတ်။ဘာမှမဝယ်ရလျှင် ဝယ်နိုင်တာဝယ်မည်ပေါ့. လက်ဆောင် ရသည့်အနေအထားလည်းမရှိရာ ကိုယ့်ဘာသာ ကိုယ်သာဝယ်ရရှာသည်။ ခတ်ကုန်ပြီ ခဥမ။ တော်ပါသေးရဲ့ ယောကျာ်းရလိုက်လို့.။ မိန်းမများအရွယ်ရှိခိုက်လင်ယူကြပါ. .။ တော်ကြာနေ menopause ဖြစ်မှ အမေကယ်ပါ အဖေကယ်ပါ ပြောလို့လဲမရ.



စိန်လက်စွပ် မြန်မာငွေ ငါးရာကျပ်ဖြစ်ဝယ်လာသည် ခဥမလက်စွပ်အစစ်သည် စိန်ဖြစ်သည် .(ဟင်). စိန်ကို လေးကုပ် ကုပ်သည် ရှိသည် ခြောက်ကုပ် ကုတ်သည် ရှိသည်. ( နားမလည်ဟု ယောကျာ်းလေးအချို့ နင့်ပေါက်က ပြောသည်.). ခြောက်ကုပ် ကုတ်သောစိန်သည် အကုတ်တွေ များသောကြာင့်အလှပျက်သည် လေးကုတ်ကုတ်သောစိန်သည် လှသည်။ အချွန်လုပ်သောစိန်သည် ပိုလှသည် အတွင်းမြုတ်သောစိန်သည် လည်းလှသောလည်း အချွန်က ပိုလှသည် ဟု မောင်ကပြောသည် မောင်ပြောလျင် မှန်ပေမပေါ့။ မှန်သောငြား ဝတ်ပြီးလျင် ဘယ်အချိန် ကျွတ်ထွက်သွားမလဲ စမ်းစမ်းနေရသော ဒုတ်ခကို မုန်းသောကြောင့်မဝတ်တော့. ။ မဝတ်ဘဲ သိမ်းထားတာကမှ ရှိနေသေးသည်. ဝတ်လိုက်ပြီး ပြုတ်ထွက်သွားမှ မရှိဖြစ်သွားမည်။

အဖေ့လက်စွပ် ချောင်ကာ ဘယ်အချိန်ဘယ်နားကျွတ်သွားသည် မသိဖြစ်ခဲ့ဘူးသည်. စိန်လော့က်ပိစိကလေးဘယ်အချိန် ပြုတ်ထွက်သွားသည်မသိဖြစ်ခဲ့ဘူးသည်။ လက်ဆေးရာမှ ဘေ့စင်ထဲ ဘယ်အချိန်ဝင်သွားသည်မသိ စိန်ပုံပြင် ကြားခဲ့ဘူးသည်။ ငါးရာတန်ဘဲဝတ်တော့မည်။


Thursday, December 20, 2012

19th December










































ခင်သည် မောင့်တွင် အနာကလေးဖြစ်ရာ လွန်စွာစိတ်ပူသည်. cloxacillin နစ်လုံးလေးကြိမ်တိုက်သည် ပါရာစီတမော နစ်လုံးသုံးကြီမ်တိုက်သည် အယောင်ကျဆေး တိုက်သည်.။ မနာပါဘူး ဆိုသည် ကို ရိုက်မောင်းပုတ်မောင်းလုပ်ကာ တိုက်သည်။ တစ်နေ့နစ်ခါ ကြည့်သည်။ တစ်နေ့နစ်ခါ ဒါတ်ပုံရိုက်က မှတ်တမ်းတင်သည် အတိုးအလျော့ကို အကဲခတ်သည် ငါးရက်ခန့်ကြာပီ မပျောက်သေးဘူးလားဟု ထိုင်မှိုင်သည် အဖျားလည်းမတက် မနာပါဘူ အယောင်လည်းမတက်ပါဘူး ရဲနေတာလေးလဲ ညိုလာပါပြီဆိုကာ အားတင်းသည်။ ဆီချိုများရှိနေသလားမသိဘူး မပျောက်သေဘူးးဆိုကာ ထိုင်မှိုင်သည် ပြည်နဲနဲလေးထွက်လာသော မောင်က အသာညှစ်ထုတ်သည်ကို အတင်းလုညှစ်သည် ။အားရပါးရညှစ်သည် ညှစ်ပြီးသော လက်ဆိပ်များတက်မှာလားမသိဆိုကာ ထိုင်မှိုင်သည် မျက်စေ့ပျက် မျက်နာပျက်မှိုင်သည် မနက်ဖြန် ဆေးခန်းသွားပြဟယ် ဟု ဆိုကာ မှိုင်သည် . သူငယ်ချင်း ခွဲစိတ်ဆရာဝန်ကို သတိရသည်။  ည ဆယ်နာနစ်ရီတွင် message ပို့သည်။ အိပ်ပြီလား ဆိုကာ မေးသည် မအိပ်သေးဆိုသော တစ်နေ့နှစ်ခါ ရိုက်ထားသော ဓါတ်ပုံကို ပို့သည် ဘာ တုံး ဆိုသောအားရဝမ်းသာဖြင့်ဖုံးဆက်ကာ တိုင်ပင် သည် အဆင်ပြေပါတယ် ဘာမှ မဖြစ်ဘူး cloxacillin ဆက်သောက် ဆိုသော်လွန်စွာ စိတ်ချမ်းသာသွားသည်။ . ခွဲစိတ်ဆရာဝန်က ဒါ .ဘာမှ မဟုတ်ဘူးဆိုသော်လည်း ခင့်အတွက်တော့ဘဝကြီးဖြစ်လေသည် နောက် နောင်ခင့်ထံ ဆက်သော ခင်ဖြန့်ဝေထားသော သူများထံမှ ဖုံးဆက်လျင် ကိုင်လိုက်ပါဦးမည်ဟု နောင်တရစွာတွေးသည် အားပေးစကားသည် ဆေးတစ်ခွက်မဟုတ်လော အချိန်မဟုတ်အချိန်ဟု တ်ဖုံးဆက်လျင် အာြးီကီးစိတ်ဆိုးသော ခင်သည်သူဆက်သော ညဆယ်န့နာရီကို သတိရသော်လည်း အားမနာနိုင်တော့ချေ။  ခင်သည် အားကြီးစိတ်ပူတတ်သည်. ။ ခင်မျက်နာကြည့်သောသူသည် ရော၈ါပိုတိုး၏။ ယခုသော်သူငယ်ချင်း  ကောင်းမူဖြစ်အတော်လေး စိတ်ချမ်းသာ ရှိသွားသည်












































ထိုအခါ ညနေက စိတ်ကူးယဥင်္ထားသော ဒါတ်ပုံများဆီ စိတ်ပြန်လည်သွားလေသည်။ ထိုဖိနပ်များကို မြင်သော် သဘောကျသည် စီးစရာနေရာမရှိ. စီးစရာဖိနပ်များလည်းများလှသည် ဝယ်ထားသောဖိနပ်များပင် စီးရန် အလှည့်မကျ.ကြာသော်ဖိနပ်များသာပျက်စီးသွားသည် မစီးလိုက်ရ. ယခုသော်တတ်နိုင်သမျှ စိတ်ထိန်းထားသည် စီးမည် ဆိုမှ ဝယ်ရန်ဖြစ်သည် ကြိုက်ရုံနင့်မဝယ်နင့်တော့အသစ်အသစ်များ ထွက်လာရန်ရှိသေးသည် တန်တိုင်းလည်းမဝယ်နင့် တအိမ်လုံးလည်း  ပြည့််နေပြီဖြစ်သည် ဆယ်နစ်စာ မကသိမ်းထားသည်မဟုတ်လား။










































ယနေ့ညနေက စိတ်ရွင်လန်းသည်။ ရွင်လန်းသော်လည်းမဝယ်ခြမ်းဖြစ်။ ရှေ့ရေးနောက်ရေးတွေးရသည်မဟုတ်လား။











































မဝယ်ပါဘူးဆိုတာတောင်ဝယ်လာသေးသည်. တစ်၈ျိတ် ဆယ်သုံးကျပ်ဖြစ်သည်။ မြန်မာငွေ သုံးထောင်ကျပ် ဆိုကြပါစို့။ လက်ကောက်မဝတ်နိုငသော်လည်း လက်ကောက်များကြိုက်လေသည် ဝယ်ထားသည်မှာအများကြီးရှိသည် ထပ်ဝယ်တော့ဘာဖြစ်သလဲ သုံးထောင်လောက်ဘဲ ဥစ္စာငါတတ်နိုင်ပါတယ်လေ ဟု အေးချမ်းစွာတွေးသည်။











































ခင်ဘယ်လက်ကောက်ယူသလဲ ဆိုတာတွေ့ လှိုဝှက်ထားသည်။ လက်ကောက်ရွေးစဥင်္က တွေ့ခဲ့သောကောင်မလေးကို ငွေချေ ကောင်တာတွေ တွေ့သည်။ ကောင်မလေးသည် ပြုံးပြသည် သွက်သွက်ဖြင့်ဘာတွေ မှန်းမသိပြောသည်ခင်လည်းခေါင်းညိတ်လိုက်သည် ခင်သည် အိတ်ထဲတွင် ပိုက်ဆံမပါသောကြောင့်ကပ်ပြားဖြင့်ပေးလိုက်သည် ဆယ်သုံးကျပ်ဆိုသည်ကို ဆိုင်က နစ်ဆယ်ယူလေရယခင်နားမလည်ချေ. ကောင်မလေးက သွက်သွက်ဖြင့်ပြောပြန်သည် ငါနားမလည် ငါ့ကို ရှင်းပြပါလား ဆိုသော် ကက်ရှာေ၇ွ့မှာ ကယ်ကူလေတာကို ယူကာ သွက်သွက်ရှင်းပြသည် ခင်သည် အပြေးအလွားနားလည်ရသည်မှာ တစ်ခုကို ဆယ်သုံးကျပ် နစ်ခု ယူလျှင် ဒုတ်ယ အကွင်းသည် ၅၀% ရာခိုင်နှိုး discount ဖြစ်သောကြောင့် ခြောက်ကျပ်ခွဲကျသည် သို့ဖြစ်လေရာ နစ်ခုကို ဆယ်ကိုးကျပ်ခွဲကျသင့်သည် တစ်ယောက်တစ်ဝက်ဆိုသော် တစ်ယောကို ကိုးကျပ် ခုနစ်ဆယ့်ငါးပြားဖြစ်သည် သူသည် ခင့်ကိုတစ်ဆယ်တန်တရွက် ပေးကာ ပြုံးရွင်စွာထွက်သွားလေသည် ခင်သည် မပြုံးတတ်သော်လည်းကောင်မလေး၏ သွက်လက်ချက်ခြာ ပုံကိုသဘောကျသည် ။ေ၇ွ့ကို တိုးတက်ဦးမည့်ကလေးမလေးပင်ပ။ ခင့်လိုထုံထုံထိုင်းထိုင်းကြီးမဟုတ်ချေ။



























ထိုအရုပ်ကလေးများကို ခင် သည်အတော်သဘောကျသည် ဆိုင်ေ၇ှ့သွားသွားကြည့်သည်ပ ထမ ဆယ်င်းကျပ်မှ နေကာ ယခု ငါးကျပ် မြန်မာငွေ တစ်ထောင်ကျော်ခန့်ဖြစ်လာသည် ဝယ်သင့်သည် အတော်ချစ်စရာကောင်းသည် ခရစ်စမတ်ရာသီကာလဖြစ်ရာ ရာသီကုန်လျှင်ပြန်သိမ်းသွားတော့မည်ဖြစ်ရာ ဈေးချရောင်းခြင်းဖြစ်သည် ဝယ်ချင်သော်လည်း အယူသည်းသောခင်သည် ခြေနစ်ချောင်းများဝင်လျင် ဘာဖြစ်မာစိုး ညာဖြစ်မှာစိုးသောကြောင့်မဝယ်ရဲဘဲ အလှသွားသွားကြည့်နေသည်။












































ပထမအရုပ်ကလေးမှာတင်းတင်းဖောင်းဖောင်းလေးဖြစ်ရွေ့ ဒုတိယအရုပ်ကလေးမှာ လည်း ပျော့ပျော့ပျောင်းပျာင်းအတော်ချစ်စရာကောင်းသည် ခင်သည်အရုပ်ကလေး၏ခြေထောက်များကို ဆော့ကာ တောင်ပေါ်တင်လိုက်မြောက်ပေါါ်တင်လိုက်ဆော့ကာ ပြန်လာလေ၏။ 











































 ခင်သည် အရုပ်တစ်ခါမှ မဝယ်ဘူးပါ. အရုပ်များစွာဝယ်သောသူတို့တွှုင်ကာ ထိုအယူသည်းမှူရှိမည်မထင်.။ အားကျလှသည်။

 KFC ကြက်ကြော်မစားမိအောင်နေပြီးပြန်လာသောသူသည် စစ်ပွဲတစ်ရာအောင်နိုင်သူကဲ့သို့ခံစားရလေသည်။



Sunday, December 16, 2012

16 December































ဟုတ်သည် မွေးနေ့ဖြစ်သည် အသက်ကတော့တွက်ကြည့်ရာ တွက်လို့ပင်မရ. များလွန်းသောကြောင့်ဘေးလူကို မေးယူရသည်။ ဖယောင်းတိုင်ထွန်းလျင် အများကြီးထွန်းရမည်စိုးသောကြောင့်မထွန်းတော့.မွေးနေ့တွင် အလုပ်တက်ရမည်မှာ မမိုက်ချေ။ ကြိုပြောထားသော် ရက်လွဲပေးမည်ဖြစ်သော်လည်း ခပ်ပေါ့ပေါ့နေလိုက်ရာ တည့်တည့်ကြီးပင်တိုးလေသည်။ ကိုယ့်မိုက်ပစ်နင့်ကိုယ်ပင်. လူအားလုံးကျမ်းမာချမ်းသာကြပါစေရန်သာ ဆုတောင်းရပေတော့မည်။



































လမ်းမထွက်ချင်သော်လည်း အိမ်တွင်ငြီးနေမည် စိုေးသာကြောင့်ထွက်ရသည် သွားစရာထွေထွေထူးထူးမရှိပါ။ bugis နင့် city hall ပင်ဖြစ်သည် bugis ရောက်သော်လည်းဘာမှ မလုပ်ဖြစ်. ယောင်လည်လည်ဖြင့် ဘာဂါဝယ်ကာပြန်လာ သည်ဝယ်ချင် ချမ်းချင်စိတ်မရှိ. အသုံးအဖြုန်းလိုစိတ်မရှိ အလုပ်၏ စိတ်ဖိစီးမှူရှိနေလေ ရာသိတ်မရွင်ချေ.

































မော်တော်ကားကြီးသိတ်လှသည်. အမှီလိုက်ရိုက်ရာ မမှီချေ။ ဘာလို့ရိုက်သနည်းဆိုသော်ကိုယ်ကြိုက်တာလေးကို အများသူငှါကို ပြချင်သောကြောင့်ဖြစ်သည် ဖဘ တွင် share သည်နင့်တူလှသည်။ ကိုယ်က ကြိုက်တိုင်း share နေလေရာအများသူငှာစိတ်အနောက့်အယှက်ဖြစ်ရသည်။ သူငယ်ချင်းတစ်ယောက်သည် share လွန်းလှသည် wall တစ်ခုလုံးသူ ရှယ်သည်နင့်ပြည့်နေသည် မှာ စိတ်နောက်သောကြောင့် not show in my feed လုပ်ရန်စိတ်ကူးနေသည်။
































ထိုနေရသည် ဒီဇိုင်းတစ်မျိုးမျိုးတော့အမျိုးမျိုးရှိသည် ယနေ့မှာ လှူပ်လျင် ခေါင်းလောင်းသံမြည်သော ကြေးချောင်းများ ဖြစ်သည် . ဖြတ်သွားဖြတ်လာတို့ဝင်လှုပ်ကြသည်. ဒတ့်ပိုံရိုက်ကြသည်။






















































































သောက်ချင်သည်။














































bugis မှ ပင်နီစူလာ city  hall သို့ပြန်လာသည်။ အနားရှိ ဟော်တယ်ကို မြင်သောအမေရိကားမှ သူငယ်ချင်းဆက်သွယ်သည် ကို သတိရသည် ၂၄ ရက်နေ့သူ့ကို လိုက်ပို့လည်ရန် တောင်းဆိုသည်ကို ငြင်းလိုက်သော သူသည်အတော်ဆိုးသည်။ နစ်ပေါ်င်းများစွာ ကွဲကွာနေသောသူငယ်ချင်းကို by right အရ လေဆိပ်မှာကတည်းက မော်တော်ကားကြီးဖြင့်သွားကြို့ကာ သွားလိုရာ လိုက်ပို့သင့်သည်. by left သူသည် လာမကြို ကားလည်းမရှိ ခွင့်လည်းယူလို့မရ ဟု ငြင်းဆိုလိုက်ရာသူငယ်ချင်းစိတ်ဆိုးသွားလေသည်။ သူရို့သည် ၂၄ . ၂၅ ရက်တွင် ခွင့်များလှိမ့်ယူ ထားကြသော အလုပ်မှ လူများကိုသာ စိတ်ဆိုးသင့်သည်၊ သူ့ကိုစိတ်မဆိုးသင့်ချေ. 










































အင်းလေး ဆိုင်မှလူများ ပြုံးပြလေရာ ခဥမမှန်းသိလို့လားမလုံမလဲဖြစ်မိသေးသည် သူရို့ဆိုင်ကို ကြော်ငြာပေးရွေ့ကျေးဇူးတင်ဟန်ရှိသည် သို့သော်အလကားမကျွေးသောကြောင့်သိသေးပုံမရ.










































ဖလူဒါလည်းကုန်သည်. ဘာဂါလည်းဝယ်ထားသေးသည် အတော် စားနိုင်သော သူပင်ဖြစ်သည်. မွေးနေ့ရှင်မဟုတ်လား ကိုယ့်ကိုယ်ကို ဒီလောက်တော့ပြုစုသင့်သည်ပေါ့ ဘာဂါသည် စလုံးခုနစ်ကျပ် မမငွေ ခြောက်ထောင်ကျပ်ခန့်...... ကြေးအိုးနင့်ဖာလူဒါသည် မြန်မာငွေ တစ်သောင်းကျပ်ခန့်ကျသင့်သည်။










































စားပွဲပေါါ်တွေ့သည်ကို ရိုက်သည်။








































































ယနေ့အတွက်ဝယ်လာသောအ ရာမှာ ဤမျှသာ ဖြစ်သည်။ လက်နိပ်ဒါတ်မီး . ထဲထည့်ရန်. တီဗွီ ရီမွုတ် ထဲထည့်ရန်. နာရီထည်းထည့်ရန်များဖြစသ်ည် ဟိုင်းလိုက်ပန်မှာ စာဖတ်လျင် လိုင်းတားရန်ဖြစ်သည် ။တဆင့်နီးလေလေဘီ။ အိုင်ဖုံး ကားချာချာလည်း ထပ်ဝယ်သည်. ချာချာတွေ များနေဘီ. မလေးသွားတုံးကတစ်ခါ. နိုကီရာဝယ်တုံးက တစ်ခါ အခုတစ်ခါ ကားလည်းမရှိဘဲ ကားချာချာသုံးခုပိုင်ရျင်သည် လည်းခပ်ချာချာဖြစ်၏။ ဂေါက်သည်ကတော့ပြောစရာမရှိ. Line ကြီးဖွင့်ထားပြီးသူငယ်ချင်းမရှိ. လာအက်မည်စိုးလို့တောငိပိတ်ထားလိုက်သေးသည်. တပင်ထဲ ရင်ထဲကနွယ်ဖြစ်၏။