Saturday, August 30, 2008

Me stingy

အခု တစ်လော သိပ် ကပ် စီး နဲ တယ်။ ဘာဖြစ် လို.လဲ သိလား။ ပိုက်ဆံ ရှာ ရတာ ပင် ပန်း သလို ထွက် ငွေ တွေ များနေလို.ပေါ.။ ချွှေးနဲ. သွေးနဲ့ ရှာထားရတာ။ ပင်ပန်းတယ် လေ။ ပြောတော. သူဋ္ဌေး သူဋ္ဌေး နဲ့။

နှမျော တတ် နေပါတယ် ဆို မှ ဟိုနေ့ က မလေးရှား မှာ taxi စီးတော. ကားဆရာ ကြီး က ထီးရေစို နေ လို.ထီး ကို ခုံ အောက် ချထားရ မယ် ဆို တော့ပြာပြာ နဲ့ ဆင်းခဲ့တော့ မေ့ခဲ့ တာပေါ.။ လက်ကကိုင်ထားပါရစေ ဆိုတော.လဲ လက် မခံဘူး။ နှမျော လိုက် တာ။ အခု Giadono က ဈေးကြီးနေပြီ ဆရာ.။ ဟို တုံးက ဆိုရင် Giadono ထီး တလက်ကို နေပူ ရင် စလုံး ၁၂ ကျပ် . မိုးရွာရင် ၆ ကျပ် ဆိုတုံး က ဝယ် ထား တာ အခု မိုးရွာရွာ နေ ပူ ပူ ဆို ၁၀ ကျပ် လို. ဆိုပါတယ်။

ခါတိုင်းဆို ဘော ပန် တွေ ဝယ် လာ ပြီး ကလေး တွေ ကို ဝေပေးလိုက်တတ် တယ်။ ဟိုနေ့ က ကိုယ့်ချာ တိတ်တယောက် က ငှား. တော. ငှားလိုက်တယ်။ ပြီး တော. ပြန် တောင်းလာခဲ.တယ်။ ဟို တုံး ကဆို ရင် ကဲကဲ ပြန် မပေးနဲ.။ ယူလိုက်တော့ လို.ပြောလိုက်တာ။

မလေးရှား မှာ ဘတ်စကားစီးတော့ တစ်ခါ တစ်လေ ဝေးဝေး စီးရင် မလေး တစ်ကျပ် ပြား ၆၀ ပေးရတယ်။ ခါတိုင်းတော့ နှစ်ကျပ် တန်ဘဲ ပေးလိုက်တော့တာဘဲ. သူဋ္ဌေး ပါဆို နေ မှ။ အကြွေ ရှာ မှ ရှာ မနေ လိုဘဲ.။ အလုပ်ရှူပ်တယ်ဆိုပြီး။ အခုတစ်လော အကြွေ ရှာပြီး ပေးတယ် ဆရာ. အတိ အကျဘဲ.။ စလုံး taxi ကတော. မစီးတာ ကြာပါပြီ. ။ဧည့် သည် လာ မှ ဘဲ စီးတော့တယ်။

ရန်ကုန် မှာ တုံး ကဆို ရင် ပိုက်ဆံ က သိတ်သုံးလို့ ကောင်းတာဘဲ။ ပိုက် ဆံ တွေ က လေ ထဲ ကလာတာလေ။ ဘယ်က လေ လဲဆိုတော့kmsl ဆီ ကပေါ.။

အခု အလုပ် လုပ်တော. ပိုက် ဆံ ကသုံး လို့ မကောင်းတော့ဘူး။ ငါ ဒီလောက် လုပ် မှ ဒီလောက် ရတာ။ ဒီလို သုံးနေရင် ကုလား ခတ်တဲ့ ရေ. ကု လား ခြေထောက် ဆေး သလို ဖြစ်နေ မှာ ပေါ့. ။ဘာ လို့ လုပ်နေ ဦး မလဲ ။ သုံးလဲ မသုံးနဲ့. ရှာ လဲ မရှာနဲ့. သက် သက် သာ သာ လေးဘဲ ထိုင်နေ မှာပေါ့ လို. ကိုယ့်ဖာ သာ စဉ်းစားပြီး မသုံးစရိတ် ကျ သွားတယ်။ မိတ်ဆွေ တို့ထဲ မှာ အသုံး များတဲ. ဇနီး များရှိ ရင် ဘယ်လောက်ဘဲ ရရ သှူု့ဆီ ကပိုက် ဆံ ကိုမမျှော်ဘဲ အလုပ် ထဲ ညြာ့ပီး ဝင် ခိုင်း လိုက်ပါ. သု့ဆီ ကမရတာ တောင် သှူု့  အသုူံး စရိတ် ကျ သွားတာ ကို ဝမ်းမြောက်ဖွယ် တွေ့ရ ပါလိမ့်မယ်။


အဲဒါနဲ. မောင်လေးလို ခင် ရတဲ. သူငယ် ချင်းနဲ့တွေ့ လို. ကပ်စီးနည်းနေတဲ. အကြောင်းပြော ပြတယ် ကျွှန် တော်လဲ ကပ် စီးနည်းနေ တယ် အစ်မလို. သူ ကဆိုပါတယ်။ နင် ကပ် စီးနည်း တာ ငါ့ ကို မမှီ ပါဘူးဟယ် ဆိုတော. မှီတယ် ကျွှန်တော် ကတောင် သာသေးတယ် တဲ.။ကဲ ပြောစမ်းဆို တောူ့ သူ့အိတ် ကို နှိုက် ပြီး ဟော ဒီ မှာ တွေ့လား ကျွန် တော.်ဘော ပန် မှာ နာမည် ကို စကူ sticker နှဲု ကပ်ထားတယ်။ ဘယ် သူ မှ မယူ နိုင် တော့ဘူး ပြန် ချ ထားခဲ့ရတယ် လို. သူ ကဆို ပါတယ်။ ပြီး တော. ဟီးဟီး... ကျွှန် တော့ ဆီ မှာ တော့ သူ များ ဘော ပန် ပါလာ တယ်အစ်မ...ဆို ပြီး နောက် တစ်ချောင်း ထုတ်ပြလို့.... တို. အရှုံး ပေးလိုက် ရတယ်။

Thursday, August 28, 2008

koyinnyein

Link: ကိုရင်ညိန်း အငြိမ်.အတွက် မင်း သမီးရှာဖွေခြင်း
(http://koyinnyein.blogspot.com/)

မျက်စိထဲတော. ခင်မင်းရင်းစွဲ ရှိတဲ့ SMNTL ကို မြင်တာဘဲ. သူကနာမည်လည်းရှိတယ်။ Criteria တော်တော် များများ တွေနဲ.ပြည်.စုံတယ်။ မေမိုးက နဲနဲ ပုတယ်။ မဇနိကတော. ကိုဇနိ ကခွင်.ပြူမယ် မထင်ဘူ.း မိုးချိုသင်းနဲ.လဲ မဖြစ်ဘူး။ ပန်းခရမ်းပြာ လေး ကော ဘယ်လို နေမလဲ. အင်္ဂလန်က ဒေါက်တာ နုသွဲ့ ကတော. နဲနဲ ရှက်တတ်တယ်။

shawm mi ကတော. စာများတယ် အကြောင်းပြ နေတယ်။ သက်ဝေ တို. မနုစံတို.ကျတောလည်း ယောက် ကျာ်း ကြောက်ရတယ်။ မြရွက် ဝေ က့ ပွဲဆက် များနေ လို. မလုပ် ပါရစေနဲ.တဲ။ green girl တို. မြတ်နိုး . rainbow တို. ကို တော. သွားပြောကြည်.လေ. လူ နိုင်တော.ခေါ်သွား ။ မဟုတ်ရင် မအားဘုး ဆို ပြီးး မူနေ ကြ ဦးမယ်။ ဝေလေးနဲ. မုဒိတာ ကတော. ရည်းစားလေး သုံးယောက် ပြည်.အောင် ထားပါရစေဦးတဲ.။ လုလုကို သွားပြီး တီးခေါက်တော. အစ်မရယ် မအားပါဘူး။ တစ်နေ. တစ်နေ့ မီးဖိုထဲ ကကို မထွက်ရပါဘူး ဆိုတာနဲ.ဘဲ ပြန်ခဲ.ရတယ်။

အား။ …melody maung ကလေး ။ အခုရက် ပိုင်းလေး ကမှ သူများ က ရက် ချိတ် သွားတယ်။ အော် ပန်းနွယ် တယောက် လဲ ကျန်သေးတယ်။ ချဥိးကပ်က်ြည်. ။ ပန်ဒိုရာ မမ ကတော. အခု တလော ပန်းချီဘဲ ဆွဲ ချင်နေ တယ်တဲ.။ ပူတင်းလဲ ဖုတ်ရသေးတယ်။ pink gold တယောက် ကို ဘယ် လို သဘော ရသလဲ. ။ သူကတော.နဲနဲစိတ်ဆတ်တယ်။ ချော.ပြောပေါ့..။

Saund ကတော. သံဓိတ်ဒန် မပြည်.သေးလို. အပြင် မထွက် သေးဘုးတဲ.။ sonata-cantata ကတော. မမ .က ဥပုဒ်နဲ.မို.လို. မလုပ်ပါရစေနဲ.။ ဆိုဘဲ. ဝါဝါခိုင်မင်း ကတော. ကလေး နဲ. ဘလော.နဲ. မအားပါဘူး မမရယ်တဲ. ။ K ကို စိတ်ဝင် စားလား လို. သွားမေး ပြန်တော.လဲ မမ ကလဲ ကလေးကလား..တည်တည် ကြည်ကြည် နေစမ်းပါတဲ့။ ကဲ ဘယ် နဲ.လုပ် ကြမလဲ ရွာစား။

အော်မေ.လို… Dream လေး တစ်ယောက်တော. ကျန်သေးတယ်။ မီးမီး စိတ်ဝင်စားပါတယ်တဲ. ။ ဂျပန်မလေး megumi21 လဲရှိသေးတယ်.။ . Eitar ကတော. ရုးချင်ယောင် ဆောင်နေတယ်။ မုဒိတာ က စာရင်းပေးပြီးပြီ လို. ဘုတ်အုတ်ကြီး အရ သိရတယ်။ နှင်းပွင်.ဖြူလေး ကတော. Rap အပိုင်း ကို တာဝန် ယုပေးပါမယ် ဆိုဘဲ.။

ယုဝရီကတော. ဆေးခန်း မဖျက် နိုင်ဘူး မမ လို အဖြေပေးတယ်.။ အသံ သွင်း ဘို. အကူ အညီ လိုရင်တော့ခေါ်လိုက်တဲ့.။ စဉ်းစားပေါ.။ တို.လဲကြိုစားပြီး ဝိုင်းရှာ ပေးတာဘဲ။ mabaydar: ကတော. တရားဝင် ငြင်း ပြီး သွား ပြီ။ သူက ရူပ်ရှင်တို့ ဗွီဒီယိုတို့ မှ စိုင်း စိုင်းနဲ. တွဲ ရမှာတဲ.။ သြော်မေ.လို. ကိုစိုးထက် ကိုတော. ပြောပြီးပြီး announcer လုပ်ရမယလို့်။ သူက အိုက် တင် ခံပြီး ငြင်းချင်နေသေးတယ်။ ပြွဲ့ပီး ရင် dinner ကျရင် မီး သမီးဘေး နေရာပေးပါ့မယ်ဆိုမှဘဲ ခေါင်းငြိမ့်တော့တယ်။ မမ က တော့... အသက်နှဲု့ပြူတ်သွားတယ်။ စိတ်မကောင်းဘူး .။.


(အမျက်ထွက်ပါက. အားလုံးကိုတောင်းပန်ပါသည်. ချစ်ရွှေု့ ဖြစ်ပါကြောင်း။ နစ်နာစေရန် မ့ရည်ရွယ်ပါ. သော်တာဆွေ ဝထုထဲ ကလို ချစ်သူ တွေကို လကမာ ပေါ်ခေါ်သွားခြင်းဖြစ်ပါကြောင်း)

Wednesday, August 27, 2008

me

Wake up early
Run to work
So many jam
Work as nonstop
Rush for lunch
Rest for few
Continue job
Want to see me after five by boss
Buy something to eat
Back to home
Anger by husband
Talk for peace
Do the homework
Want to do blogging
Sleep lately
This is me
-----------------
မနက်ကို စောစောထ
ရုံ့းရောက်ဘို့ အတော်ရုံးကန်ရ.
လမ်းမှာ အခက်အခဲ မျိုးစုံ ကို ကျော်ဖြတ်
တနေ့လုံး ကြိုးစားပန်းစားလုပ်
နေ့လည်စာ ထမင်း ကို အမြန်ဆုံးစား
ကမန်ူးကတန်းလေးအိပ်
ပြန်လုပ်လိုက်ဦး အလုပ်
ညနေကို နောက်ကျမှ တွေ့ချင်တာ က အထက် အရာရှိများထုံးစံ
အဲဒီတော့ ထမင်းဘယ်လိုချက်ချိန်ရမှာလဲ.
ကြက်သား ကြော်ကလေးဝယ်
တုံရမ်းsoup လေးနဲ့ မျှောချ
ကံကောင်းလို့ ယောက်ကျားက စိတ်မဆိုး
ညဘက် အိမ်စာလေးလုပ်လိုက်ဦး
ဘလော့ကလေးကလဲလည်ချင်
ဗျာများတာ KOM ပါရှင်။

Sunday, August 24, 2008

who are they!





















Regent Street (From SMNTL post) , Degolar, ကိုစိုးထက်။ Mt KK, Sabah..(From naing O.T) ။ မေမိုး။ နားခိုရာ.။ ရှုရှ.။ wesheme. ယုဝရီ.။ yzk's baby

applied from.....http://naynaynaing.blogspot.com/
reference: http://labs.wanokoto.jp/olds

Wednesday, August 20, 2008

me and VZO

မိမိနှင့် VZO

Vzo ကို သိခဲ.တာတော. ကြာပါပြီ.။ NTU မှာ PHD တက်ခဲ.တဲ.ညီမလေး တစ်ယောက် က စပြီး မိတ်ဆက်ပေးခဲ့တာ။ အစ်မရန် ကုန် ကို ပြောပါလား။ အမျိုးတွေ ကို မြင်ရတာပေါ. ။ ဆိုလို.စိတ်ဝင်စားပြီး account လုပ်ခဲ.တယ်။ အဲဒီညီမ က ကျောင်းသား ဆိုတော. ဟိုစပ်စပ် ဒီစပ်စပ်. တပည်.တွေ ကလဲ များတော. သူ.မှာ လက်မလည်ဘူး။ ဘိုင်ကျလို. ဆိုပြီး NTU web ကနေ အရောင်း အဝယ်ထဲး ကလည်း. ကြော်ငြာတွေဖတ်. သူလဲဝယ် သူလဲ ရောင်း။ စုံနေတာပါဘဲ. ရေခဲသေတာတို. စားပွဲ တို.မပြောနဲ. Flobby disk တောင် ရောင်းဝယ်ကြတယ် အစ်မရဲ့ ဆိုလို. အံသြခဲရ သေးတယ်။ ပြောရင်းနဲ.လွမ်းလာလို.ပါ. ။

Vzo account ဖွင်.တော.ထုံးစံအတိုင်း ပေါ. ။ အသက် တို. .။ Married တို. ။ နေထိုင်ရာ အရပ် စလုံးတို. ဖြည်.ရတာပေါ.။ အမှန် အတိုင်းဖြည်.ပါတယ်။ ရန် ကုန် က အစ် မတွေ ကို လည်း. ဂျီကျ။ အင်တာနက်ဆိုင် ကို အတင်းခေါ် ပြော.။ အဲဒီ တုံး က အတော် ပြောလို့ ရသေးတယ်.။ လိုင်း တွေ အဲဒီလောက် မခက် သေးဘုး။

လိုင်းစမ်းတော.လဲ Online မှာ မြန်မာ နာမည် ကို ရှာ မသိဘဲနဲ.ခေါ်.။ လိုင်းစမ်းချင် လို. ခဏ ပြောပေးပါဆိုရင် မြန်မာ လူ မျိုး တွေဘဲ. မရိုင်းတတ်ပါဘူး။ လက်ခံ ပြောပေးပါတယ်။ ရန်ကုန် ကဆို လို. ခေါ်မိတာ မေးကြည်.တော. စစ်တပ် ကအရာရှိပါတဲ.။ ရုရှ ကပြောနေ ပါတယ် လို. ပြန် ဖြေတော. တို.ကို နောက်တယ် ဆိုပြီး စကားများရသေးတယ်။ တို.အနေနဲ.က လဲ သိတာ အင်ဂျင်နီယာ တွေ ရုရှ မှာ ပညာသင်ရှိတာ သိတယ်။ စစ်ဘက် ဆိုင် ရာ အရာရှိတွေ ရှိတာ တကယ် မသိဘူး။ အဲဒီတော. နောက်တယ် ထင်တာပေါ. ဟိုဘက် ကလည်း သူ ကကောင်းကောင်း မွန်မွှန် အမှန် ဖြေတာ ညာတယ် ဆိုတော.လဲ မခံစား နိုင် ဘူးပေါ.။ ရုရှ ကဆိုပြီးဘာ ဖြစ်လို. ရန် ကုန် လို့ထည့်ထားသေးလဲလို.ရန်တွေ.တော. ကျွန်တော် ရန် ကုန် မှာ ကတည်း ကဖွင့်ထားလို့ပြန်ရှင်းပြပါတယ်။

ခက်တာ ကတော. တို.က vzo ကို kmsl နဲ့ ထုံးစံ အတိုင်း share သုံးတော့ online ကို အမြဲဖွင့်ထားရုံ မက ညဖက် သန်းကောင်တွေ မှာ ဘဲ ထုံးစံ အတိုင်း online ဖြစ်နေတော. . တစ်ရက်ဖွင်.ထားတုံး call လာတော.လက်ခံ လိုက်တယ်။ ဟိုဘက် ကို မြင်ရတယ်။ တို. Camera ကတော. အုတ်နံရ့ဘက် လှည်.ထားတော. တို.ကို တော. သူ က မမြင်ရဘူး။ speaker ကနေ အသံ ကြားရတယ်။ ဂျာမဏီ ကခေါ်နေ ပါတယ်။ ဆိုတော.သိတယ် မဟုတ်လား။ အနောက် နိုင်ငံ ကို အထင်ကြီးမိတော. Yes ပေါ. စာ ပြန် ရျိုက် လိုက်တယ်။ သူ က မိုက် ခွက်ကြီး ကို လှမ်းကိုင် ဆွဲပြီး ပြောတယ်။ Do you want to see me naked ? တဲ. ။

ဟိုက် ..oh my god ကိုယ်.နားကို က်ုယ် မယုံ နိုင် ဘူး ။ သူ က ထပ် ပြောတယ်။ do you want to see me? အံသြတယ် ဗျာ။ သေ သေချာ ချာ ကို ခွင်.တောင်းနေတာပါ. ။ ကဲ မဖြစ်သေးချေဘူး။ ကမန်းကတန်း စာပြန်ရိုက်လိုကတယ်။ no no..ဆိုပြီး တခါတည်. Log out လုပ်လိုက်တယ်။ မမှီဘူးခင်ဗျာ။ စာ ပေါ်လာ တယ်။ are you sure you do not want to see me ဆိုပြီး ..အဲဒီည က လန့်သွားလို. .

နောက်တစ်ခါ လာပြန်တာ က တစ်မျိုး။ call လာတော. လက်ခံ လိုက် မိပြန်ရော. ပျင်းတယ် လေ။ အဖော်ဆိုလို. နိုင် ငံခြား မှာ kmsl မျက် နှာ တစ်ကဘာ နဲ.နေ. နေရတာ မဟုတ်လား။ ကင် မရာ screen မှောင်မှောင်မဲမဲ ပေါ်လာတယ်။ ပြီးတော. ရေးရေးလေး မြင်ရတယ်။ ညသန်းကောင်မှာ ခြောက်ခြား စွာ တို.လဲ ဘာများပါလိမ်း မျက်စိ ကို ပြူးပြီး ကြည်.တယ်။ ရေးရေးလေး။ ဘာ မှန်း မသိ. သေချာြ့ပူးပြီး ထပ်ကြည့်တယ် . အမလေးဗျ။ သိသွားပြီ။ log out immediately…oh..အမလေးဗျာ.။ လာပြီး နှိပ်စက် နေကြပါတယ် ခင်ဗျ.။

နောက်ဆုံးတစ်ခေါက်ကတော. ညနေစောင်း တို.အိမ် က လူရှိတဲ.နေရာဘဲ မီးဖွင်. .သေဋ္ဌေး ဆိုတော. မီတာခ ချွေတာတယ်လေ။ မီးဖိုချောင် မှာ အလုပ် များနေတုံး အိမ်ရှေ့ computer ကနေ call လာတော့လွတ် သွားမှာ စိုးလို. ပြေးလာ computer ရှေ.ထိုင်လိုက် မိ။ အမှတ် တမဲ. အငိုက် မိသွားတာ က kmsl က camera ကို ရှေ့လှည့်ထားတာ သတိ မမှူလိုက် မိဘူ်း။ ရုတ်တရက် မြင်လိုက်ရတာ က ချာတိတ် နျစ်ကောင် ရန်ကုန်ကနေ computer ကို မမြင်ဘူးတဲ.အတိုင်း ကြည်.နေကြတာ။ အမှောင်ထဲ မှာ .တို.လဲ လန်ု့သွား .ဟို နှစ်ကောင်လည်း လန့်သွား။ ဟာကွာ သိလည်း မသိဘဲနဲ. အလုပ်ရှူပ်နေတုံး လို့ စဉ်းစား ပြီး ပြန် ပိတ်လိုက်တယ်။ ဒါတောင် ကြားလိုက်ရတယ်။ မမှီလိုက်ပြန်ဘူး။ ဟာ…အဖွားကြီး ကွတဲ့. ။ ရန်ကုန်သူ အကြွား ကို အိမ်နေဒီဇိုင်း နဲ. တွေ့လိုက်ရတော. သူ တို့လဲ လန့်သွားပုံ ရတယ်။ တို.လဲ စိတ်ထိခိုက်လို့ အဲဒီ ည က အိပ်ရာထည်း လဲ သွားသေးတယ်။

အဲဒီကတည်း က kmsl ကို account အသစ်ဖွင့်ပေးပြီး တို့လေ ကိုယ်. .account ကို မဝင်တာ နှစ်ချီနေရောပေါ့။

Monday, August 18, 2008

joke




မဇနိကတော.သူ.ကိုနောက်တယ်လို.ထင်မှာဘဲ.။ မဇနိစိတ်ဆိုးမှာတော.စိုးသား....

O-way: ဝါသနာကို မတားနဲ့ရှင့်

Sunday, August 17, 2008

Smart tel

Smart tel တယ်လီဖုံးကဒ်
သိပြီးသားသူတွေ လဲ ဖတ်သွား ။ မသိသေးတဲ.သူတွေ လည်. မှတ် သွားဘို. Peninsular plaza ကမြန် မာဆိုင်တွေ မှာ ရောင်းပါတယ်။ ရန်ကုန်ကို
တခါထည်းပြော တာ မိနစ် ၅၅ ရပါတယ်။ ခွဲပြော ရင် ရ မရတော. မစမ်းသပ် ဘူးပါ.။ စလုံး ၈ ကျပ် ပေးရပါတယ်။ kmsl ရဲ. Tel bill ကတော. သက်ပြင်းချ ရပါတယ်။ တို.လို တွေ.တဲ.သူ နဲ. တည်.အောင် ပေါင်း။ ရောက်တဲ.နေရာ ပျော်တတ် တဲ့ သူ မဟုတ်တော့ ရန် ကုန် ကို ဖုံးဆက် တာ ဖုံးခ အတော်ကုန်ပါတယ်.

သှူု့ဘာ သာ ဝယ်ရင် တော. ဖုံးကဒ် နဲနဲ လေး ဝယ် တတ်ပြီး တို့ ကဝယ် ပေးရင်တော့ မသိချင် ယောင် ဆောင်ပြီး ဆက်ပါတယ်။ အရေးကြီး တာလဲ မဟုတ်။ ဘာလုပ်နေကြတာလဲ.။ နေကောင်းကြလား။ ဒီနေ့.ဘာထူး သေးလဲ. မိုးရွာလား။ နေပူ လား လို. ပြော နေတာ တယ် အသည်းယားတာဘဲ။ တို့ကတော.ဆက်ခဲ တယ်။ တယ်လီဖုံး နှစ်ကဒ် ကို ပိုက်ဆံအိတ် တအိတ် ရတယ် လို့ equivalent လုပ်ပြီး ပိုက်ဆံ အိတ်ဘဲဝယ် နေ တာ အတော်များပါ.။

Thursday, August 14, 2008

Warehouse sale

ဒီနေ.ညနေ ကမှ တယ်လီဖုံ့း message တွေကိုစစ်ကြည်.မိတော.မှ exciting message ကို သတိပြူမိတယ်။ အသက်ကလေး ရလာတော့ SMS ကို သိတ်မသုံး ဖြစ်ကြတော.ဘူ.း မျက်စိမှုန်လာ ကြတော. Message ရိုက် ရ မှာ ခက် သလို ဖတ်ခိုင်း ရင်လဲ စိတ်ဆိုးတယ်။ မျက် မှန် အရင် ရှာရတာ ကိုး။ aging problem ပေါ.။ အဲဒီတော. ကိတ်စ ရှိရင် ဖုံး သာ ကောက် ဆက် လိုက်ကြတာ များပါတယ်။ တို.့်ချာတိတ်မ လေး တစ်ယောက် ကတော. မျက်မှန် မလိုဘူးဗျ။ အသက်နဲ.မဆိုင်ဘူး။ တို.်နဲ. စကား ပြောနေရင်း ကကို ငုံ့ မကြည်.ဘဲ sms ရိုက်တတ်တယ် ဗျား။ အံ ပါလေရော။

Warehouse sale
15- 17 th august 2008
205A, Kallang Bahru
10 am to 6pm

အဲဒီ sale က တို.တွေ တစ်နှစ် လုံး မျှော်ရတဲ့ sale ပါ.အဓိ ကတော. ယောက်ကျားလေး အကျီိ ဈေးချပါတယ်။ မမျှော်လင့်ထားတဲ. ဈေးနဲ. ရပါလိမ်.မယ်။ မိန်းကလေး ပစည်း ကတော. သိတ်ဆွဲ ဆောင် မှူမရှိပါဘူ။။ မသွား မဖြစ် သွားရပါလိမ်.မယ်။ စလုံးမှာ အနေကြာပြီး သား သူ များကတော. သိပါလိမ်.မယ်။ ခက်တာ ကဘယ်နေ. Sale ချမှာလဲ ဆိုတာ ကို မသိတာပါ. သတင်းစာ မှာ ပါရင်လဲ ကိုယ် မဖတ်မိ ဘို.ကများနေတော. အချင်းချင်း လက်တို့ထားရပါတယ်။ ဘာလို့ လက်တို့ ရတာလဲ ဆိုတော. တော်ကြာနေ ကိုယ် က ဈေူးချ မှ ဝယ် နိုင်တယ် ထင် မှာစိုးလို့ပါ။

တစ်ခါ သွားဘူးရင်တော. ဆိုင် က တယ်လီဖုံး နံပါတ်ကလေး ရေးခဲ.ဘို.စာ အုပ်ထား ပေးထားပါတယ်။ နောင်နှစ် အတွက် ဆိုရင် sms ပို့ပေးပါတယ်။ တကယ်တန်တာပါ။ စလုံးတွေလဲ ကားကြီး ကားငယ်နှဲုလာ။ တို.ရွှေ မြန်မာများလဲလာ.။ ဝက်ဝက်ကွဲ.. လုရပါတယ်။ စောစော သွားဘို.တော့ လိုအပ်ပါလိမ်.မယ်.. နောက်ကျရင်တော. ရွေးကျန်ဖြစ်ပြီး ကိုယ်နဲ. Size မတူတာတွေဘဲ ရလို့ တောက်ခေါက်ပြီး ပြန်လာပြီး နောက်နှစ်ကို မျှော်ရပါလိမ့်မယ်.။

cash ယူသွားရင် တန်းစီတာ မြန်နိုင်ပါတယ်။ တခါတလေ cash only cashier နဲ့တွေူရင် လိုင်း အကြာ့ကီး မစီရတော. အချိန်ကုန်သက်သာတာပေါ့. ဘယ် MRT နဲ.နီူးလဲ လို.တော.မမေးပါနဲ.။ တို.လဲ မေ့သွားပြီ။ သိသူများ ဖြည်.စွက်ပေးစေလိုပါတယ်။ ဘတ်စကားနံပါါတ်လဲ မေ့သွားပြီ။ ဟိုတုံး ကတော့ taxi စီးသွားတာဘဲ။ အခုတော့မစီးနိုင်တော့ဘူး။

မနှစ်က သွားတာ ပိုက်ဆံ အတော် ကုန် သွားပါတယ်။ တို.က မအားတာနဲ့ kmsl က သှူု့ဘာသာ သွားဝယ်ပါတယ်။ နောက်နှေု့ ကျတော့ တို့ က သွားချင်လို့ သူမပါဘဲ ထပ်သွားပြီး ထပ်ဝယ်တာ များသွားလို. အရမ်းစိတ်ဆိုးသေးတယ်။ ပြီးတော. တစ်နှစ်လုံး ရန် ကုန် သူဘဲ ပြန်နေတော့ သူဘဲ ထုတ်ဝတ် လိုက် ရန် ကုန် က သူတွေ ကို လက်ဆောင်ပေးလိုက်နဲ. ဒါတောင် အခုထိ မကုန်သေးဘူး။

အခုလဲ ကံက မကောင်းချင်ပြန်တော. Friday ကစတာ Sunday မှဘဲ သွားနိုင်တော.မယ်။ မအားဘူး။ ရွေးကျန်ဘဲ ရရ ..ရသလောက်လဲ တော. သွားကောက်ထားမှ။ ဒါမျှူိုး ဆိုတာ ကိုယ်ကလဲ အားမှ။ သတင်းကလဲ ရဦးမှ.။ စော စော သွားဘို့ ဝီရိယလဲ ရှိဦးမှ။ ပိုက် ပိုက် ကလဲ ရှိဦးမှ။ လက်ဆောင်ပေးချင်တဲ.စေတနာ မေတာ ကလဲ ရှိဦးမှ။

အဲဒီတော. Sunday မှာ ဟိုမော. ဒီမော.လုပ်နေတဲ. အစ်မကြီး တစ်ယောက် ကိုမြင်ရင်. တို. ပါဘဲ။ kmsl ကတော. အဒေါ် ကြီး ပါ လို. အမှားပြင်ပေးတတ်ပါတယ်။

(လက်ရေးသည်းခံကြပါဦးခင်ဗျား။ ဝါသနာဗီဇ ဆိုတာ ဖျောက်နျိင်ခဲ သား)။

Wednesday, August 13, 2008

omega

Wang jing.။......... ဟေး..ခင် ။။ဒီမှာ ကြည်.စမ်း။
ခင်။ ............ အို…. အိုမီဂါ နာရီပါလား။
Wang jing။ ............. အေး.။ ဟုတ်တယ်. အဲဒါ အစစ်လား အတုလား ပြောစမ်း။
ခင်။. ......... ဒါများ …အတုပေါ.။
Wang jing: ။.......... ဟာ။ ……အေး။ ဟုတ်တယ် ..ခင် ဘယ်လိုလုပ် သိလဲ.။
ခင်။ .......... ဒါလေးများ .....ဘယ် သူဝတ် သလဲ ပေါ် မူတည်ပြီး ဆုံးဖြတ်တာပေါ.။

Tuesday, August 12, 2008

gossip

အတင်းအဖျင်း သတင်း

မနေ့က နေ့လည်ကအိမ် ကနေထွက် သွားတာ ဒီနေ့ည မှ အိမ်ပြန်ရောက်ပါတယ်။ မောသလား မမေးနဲ့.။ မောတာပေါ့။ ပိုက်ဆံ ကို လူနဲ့ ရင်းပြီး ရှာ ရတာ ဒါကြောင့်ပင်ပန်းတယ် လို့ပြောတာ။

အချိန်နည်းရတဲ.အထည်း ဘလော.ကာ တွေကလည်း ရေးအားကောင်း ဖတ်စရာတွေလည်းကောင်း။ ဖတ်ပြီးသားသူတွေက လည်း. ကောင်းတာလေးတွေ တင်ပေးထားတော. အဲဒီနောက်ပါသွားတာ နဲ. ကိုယ်ဖတ်မယ် စိတ်ကူးထားတဲ. ဘလော.လဲ ယောင်ပြီးမေ့သွား ။ သူများရေးထား တာတွေ ကြည်.ပြီး ကိုယ်ရေးထားတာ ကြည့်တော.အားငယ် စရာ ဖျက် သာ ပစ်လိုက်ပါတော့တယ်။

ညီလင်းဆက် ရဲ.ဖိတ်ခေါ်ချက်ကလဲ စိတ်ဝင်စားစရာ။ ဒါပေမဲ. စိုင်းထီးဆိုင် သီချင်းလိုဘဲ အားငယ်… မင်းလေးနဲ.တွေ.ရမှာ အားငယ်။ တို.တွေ က အသက်ြ့ကီးပြီ ဆိုတော.ကိုယ်.ဘာ သာ လေးဘဲ နေရင် ကောင်းမလား စဉ်းစားြ့ပီး sign up လုပ်ဘို. စိတ်ကူးလေး ကို ဖယ်. ဒါ လူငယ် တွေ အတွက်ဘဲ ကောင်းပါတယ် လို. စဉ်းစား။

ကိုစိုးထက် ရဲ.ဖိတ်ခေါ်ချက် ၂ ခုမှာ တစ်ခု ကို ဘဲ ပိုစိတ် ဝင် စားတော. သူ မသိဘဲ သူ. ကို အားနာနေမိသေးတယ်။

Republic ကတော. စာကသာ ဒသသန ဆန်တာ လူ ကတော.ခပ် ပေါပေါရယ် ခင်စရာကောင်းတယ်။ သူဘဲ ဖတ်ပြီး ရယ်နေရတယ်။

နားခိုရာ ကလဲ ဒီနေ့ပေါက်ကွဲနေတယ်။ ပြီူးမှ စိတ်ထီန်းလိုက်ရတယ်။ အသက် မှန်မှန် ရှူထူတ်လုပ်ပြီးမှ တည်ငြိမ်သွားတော.တယ်။
ဘော်ဒါကြီး Boyz ကလဲ စိမ်းကားသွား။
မြတ်နိုးကလဲ သူ.ဆီ မလာလို.ဆိုပြီးစိတ်ကောက်.

ကိုandy နဲ. megumi ထဲ လဲ တို.ကဝင်ရှုပ်မိသေး။
ယုဝရီ ကလည်း တို.ကို သူ.အလှနဲ.ဖမ်းစားလို. shock ရသွားသေးတယ်။
ကိုဝင်းဇော်ကလည်း တို.ဆီကနေ မှန်မှန် ပညာလာယူသေးတယ် ဒီကလေး ကြီးပွါးမယ်။
ShwunMi_ရွှန်းမီ ကလည်.း မအားဘူး မအားဘုး ဆိုပြီး စိတ်လဲ မထိန်းနိုင်ဘူး။
ရဲဝင်သူက ၂၃ နှစ် ကလည်း တို.ကို ယောင်ပြီးလာခင်နေသေး. ခွိခွိ။

J ကတော. သံယောဇဉ်ဖြတ်သြွားပြီး ဟိုတုံးကတော. ခိုင်ထူး သီချင်းလိုဘဲ။ တနေ. ၁၀ နာရီ ဘလော.ထဲ နေတယ်ဆြို့ပြီး။
မြရွက်ဝေကတော. အဝေး ကနေဘဲ မမ ကိုချစ်နေမယ်တဲ.။
မောင်မောင်ကတော.ဘော်ဒါ အသစ်ပေါ.။

မိုးပြေးကလည်း တခါ လည်ရင် သုံးခါ ဂါရဝပြူရှာတယ်။
rainbow, nini, Prizewai ,ပန်းခရန်းပြာ, စိုင်းထွန်း။တို.ကတော. အသစ်ကလေးတွေပေါ.
လုလုကတော.အခုတလောသိတ်မအားဘုး။
ရန်ကုန် ကအုပ်စုကတော.အခုတလောငြိမ်နေကြတယ်။

We she me ကတော.မရောက်မဖြစ် ဆိုရင် ကို andy က ဘဝင် ကလဲ မြင်.တတ်တော.ပြောရတာခက်တယ်။

မေမိုးကလဲ သိတ်မရေးပေမဲ.ဖတ်အားကောင်း။ မဇနိကလည်း သူခိုးရွှေရ တပြပြ။ ကို ဇနိကိုလွမ်း လို. ချောင် မှာ များ သွား ခွေ နေမလား အောက်မေ.ပြီး သနားနေတာ အခုတော့ လွမ်းအောင်ရေးပြီး မြူးနေတာ ကို အခုမှ သိရလို. သနားမိတာ တောင် ပြန် ရုပ် သိမ်းချင်ပြီ။

Degolar မှာ လဲ c box မတွေ. နှူတ်ဆက် မယ်လို.ရှာ တာ။

အပြန် လမ်းမှာ စဥ်းစား လာ တာ သူကြီး ဆီ မသွားတော့ဘူး ရေးတာလဲ မဟုတ်ဘဲနဲ.လို.
အဲဒီလို တပါတ်တခါဘဲ လည်တော.မယ် လို. စဥုးစားတဲ .အထဲမှာ steven နဲ. byakga လဲပါတယ်။အရေးကောင်း အတွေးကောင်းရဲ.သားနဲ။ မရေးတဲ.အ တူတူ မသွားဘုးကွာ လို.စဉ်းစားနေတာ။

SMNTL လဲပါပါ.။ ဘယ်သူဘာပြောပြောပါဆို. ကဲ ဖိနပ် post ဆိုရင် ဘယ်သူဘာပြောပြော။ သူကိုယ်တိုင်ရေးတယ်ဆိုလဲ ကောင်းတာဘဲု။ သူမျှားဟာ ဆိုလဲ ဘာဖြစ်သလဲ. ဒီpost က အောင်မြင်တယ်။ လူတွေ စိတ်ဝင်စားကြတယ်။ ပိရိသတ် ကို ဖျော်ဖြေမှူ ပေးနိုင်တယ်။ အနုပညာ ဟာ တခါတလေ အမှန် တရားကြီးဘဲ မဟုတ်ဘူး။ သော်တာဆွေ စာအုပ် ကို သေချာဖတ်ကြည်. တခါတလေ လွဲတယ်။ ကသာ က ကလေး မ ကို သူအလွမ်းသည်တာ ဆိုရင် စာအုပ် တအုပ်နဲ.တအုပ် မတူဘူး။ ဒါပေမဲ. ပရီသသ် က ဖတ်နေတာဘဲ. နှစ်သက်နေတာဘဲ. သူမရေးတော။ဖတ်ရတဲ. သူ အဖို. တစုံ တခု ဆုံးရှုံတယ်။ ဟုတ်သည်ရှိ မဟုတ်သည်ရှိ။ SMNTL တင်း နစ် သွားကြည်.တယ် တို.။ ခရီးထွက် ဦးမယ်တို.။ တို.တွေ မှာ စိတ်ဝင်စား စရာဖြစ်နေတာဘဲ. ။

သြူ့ကီးလိုဘဲ ကျန်သူများ နောက် အပိုင်းတွင် ဝေဖန်ပါမည်။ သက်ဆိုင်သူများစိတ်ဆိုးပါကတောင်းပန်သည်.ချစ်ရွေ.ခေါ် ပါသည်.။

Sunday, August 10, 2008

Singapore National Day 09/08/2008




ဒီနေ. National day .ပွဲကြည်.ချင်ပေမဲ. အမျိုး ရန်ကုန် ကရောက်နေတော. ထုံးစံ အတိုင်း shopping ရောက်သွားရော။ ဒါပေမဲ.တို. မနက်ဖြန် အလုပ်ရှိတာ မို.လို.မရွင်ဘူး။ အလုပ် အားမှ ရွှုင်တာ။ အလုပ်ရှိရင် ယင်ကောင်နားရင်တောင် အထိမခံလိုဘူး။ အမျိုးက suntec city သွားချင်သေးလို. ပလိစိချောက်ချက် shuttle bus မရှိဘူးတို.။ လမ်းပိတ်ထားတယ်တို.။ လမ်းလျှောက်ရင် နာရီဝက် ကြာမယ်လို. လျှောက်ပြောပြီး bugis နဲ.ဘဲ ပြီးအောင် ချော.မော.ပြီး ထားလိုက်ရတယ်။


expo အာ.ဘယ်သွားနိုင်မလဲ. ။ အားမရှိဘူး။ အားမွေးရမယ်။ metro sale နောက်တစ်ခေါက်ပေါ.။ u 2000 က ၇၀% discount ဆိုလို. အမျိုး က အဲဒီမှာ အတော်ကြာ သွားတယ်။ တို.ကတော. တစ်ပါတ် ပါတ်ြ ကည်.လိုက်တယ်။ စကဒ် တထည် ၂၅ ကျပ။် အကျီင်္ တထည် ၂၅ ကျပ်. ဆိုတော.တို.ရဲ. Budget နဲ.မကိုက်လို. မဝယ်တော.ဘူး ။ စဉ်းစားလိုက်တယ်။ အို.. ငါ့မှ အကျီင်္်တွေ မှ အများကြီး။ ဆိုပြီး /

ကလေးတန်း တက်သွားတော. အတော်ခံစားရတယ်။ (wasting my time) တို.မှာ ကလေးမှ မရှိတာ.ခံစားလို.မရဘူး။ ဒါပေမဲ. သည်းခံရတာပေါ. ။ အမျိုး ကတစ်ခါ တစ်လေ လာတာဘဲ ဆိုပြီး ။ အပြန် kmsl က busgis ကနေ city hall အပေါ်ကိုတက်ခဲ.ပါ.။ သူဆင်းလာ လို. မရသေးဘူး။ လူကြပ်လို.ဆိုပြီး ဘာထူးသလဲနော.။ တို. အပေါ်တက်ရတာလဲ ကြပ်တာဘဲ။ peninsular လဲလူစည်တယ်ဆရာ။ ဟင်းသွားဝယ်တာ ထမင်းဆိုင် မှာ တိုးမပေါက်ဘူး။ မနည်းတောင်းပန်ပြီးဝယ်ခဲ.ရတယ်။

Saturday, August 9, 2008

Nature of women 2

မိန်းကလေး သဘာဝ (၂.)
ပိုက်ဆံ ကို လူနဲ.ရှာ ရတာ အန်မတန် ပင်ပန်းပါတယ။် သေငှေးလို. မဆိုနိုင်ဘူး ။ သှေေုငှးဆိုတာ လူ အလုပ် မလုပ်ဘဲ ပိုက်ဆံဝင်နေ မှ ချမ်းသာသူ လို.ခေါ်နိုင်ပါတယ်။ ပိုက်ဆံက ရှာရခက် သလောက် သုံးချင်စရာတွေ ကလဲ ပေါပါပေတယ်။ စိတ်မထိန်းနိုင်လို.ကတော.ကုန်ပါလေရော။ တကယ်ကုန်ပါ၏။ သုံးနေစဉ် မှာတော.ရှာရခက်တာ မေ့သွားတာ အမှန်ပါ။

တပါတ်လုံး အလုပ်လုပ် ပြီးခဲ.တဲ. အပတ် က shopping သွား orchard က isetan မှာ Scholl ဖိနပ်တွေ ဈေူးလျှော.နေတာတွေ.တော.စီတ်မထီန်းနိုင်ဘူး။ ကိုယ်.အကျင်.ကလဲ ခက်ပါ. ဒီဖိနပ်တရံထဲ ကို ဝယ်တာ လေးခါရှိပြီ. တခါစီး ၆ လ နှုံးနဲ။ အဲဒီတော. ကိုယ်စီးနေကျ ဖိနပ် က ပစည်း ပျောက်ခါနီးနေပြီး။ အသစ်အသစ်တွေ ကလဲထွက်နေတာ ကို. အဲဒီတော. ကဲ ကြူံ တူံး တရန်ဝယ် ။ဒေါက်ဖိနက် Scholl ကဲ ပုံမှန် စလုံး ၈၀ ကို ၄၀ နဲ.ချတယ်။ ပုံတုံးပေမဲ. စီးလို.ကောင်းတယ်။ ကဲ လာတရန်။ ဖိနပ် အမြင်. က ၁၃ ကျပ် ဈေးချ နေတာတွေ.တယ်။ အံသြသွားတယ်။ စဉ်းစားတော. ကဲ istean က ဖိနပ် ၁၃ ကျပ်နဲ.ရတာ မဝယ်ရင်တော. ငါမိုက်ရာကျမယ်။ ဝယ်ဦးမှ ဆိုပြီး ပိုက်ဆံ နှမျောစွာ ဝယ်လိုက်မိတယ်။ တကယ်အားလုံးကို စီးနိုင်တာလဲ မဟုတ်။

ဒါပေမဲ. စလုံးရဲ.ထူံးစံ တခုက ဈေးချတတ်တဲ .အချိန်ရှိပါတယ်။ အဲဒီအချိန်မှ လှိမ်.ဝယ်ြ့ပီး တနှစ်လုံးဝတ်ပေတော။ ယောက်ကျားလေး အကျီဆိုရင် တစ်နှစ်တစ်ခါလောက် warehouse sale ရှိတတ်ပါတယ်။ ပြေးပြီး သွား.ဝယ်ရတယ်။ ပြီးရင် ကိုယ်လဲဝတ် သူများလဲ လက်ဆောင်ပေး မဟုတ်လို.ကတော.ပုံမှန်ဈေးနဲ.သာ ဝယ်ရရင် အခက်။. ချမ်းသာရင်တော.လည်းကြိုက် သလို လုပ်ပါလေ။ ကိုယ်.သူငယ်ချင်းတစ်ယောက်ကတော. Warehouse မသွားပါဆိုဘဲ. မီးကမြှင့်တယ်။

ChuaChuKang မှာ Ella (ELLE မဟုတ်ပါ) ဆိုပြီး ဆိုင်တစ်ဆိုင် opening sale လုပ်တာ မျက်စိလည်ပြီးတွေ.သွားပြန်ရော။ အကျိတထည် ၁၀ ကျပ် ၁၅ ကျပ်. စက်းတထည် ၅ ကျပ်. ကဲ ၅ ကျပ်တန် စလုံးမှာ မမြင်ဘူးတာကြာပြီဆိုပြီး။ဝယ်ပြန်ရော။

ပြီးခဲ.တဲ.အပါတ်ကသွားချက်ကတော.အတော်များတယ်။ orchard ပြီးတော. မွတ်စတာဖာ ကို taxi နဲ.သွားတာ ၆ ကျပ်ခွဲ ကျတယ်။ မွတ်စတာ ဖာ မှာ တဆယ်တန်နာရီ့ရယ်။ တောက်တိုမယ်ရ အမှတ်တရပစည်းလေးတွေရယ် ဝယ်တယ်။ အပြန် taxi ကို လုငှားတာ ကံကောင်းလု.ိကား မတိုက်တယ်။ ကိုယ် ကအရှေ.ကို မဲနေတာ ကား က parking သွင်းချင်လို. ဘက်ဆုတ် လာတာ ကိုယ်.ကို မမြင်ဘူး။ ဘေးကသူ ကအော်ပြောတော.မှ ကိုယ်က အလန်.တကြားလှည်.ြ့ကည်.ပြီး ရှောင်လိုက်ရတယ်။ ဒါလဲ သူ ကကိုယ်.ကို မတွေ.သေးဘူး. ကံကောင်းလို.ပေါ.။မဟုတ်လို.ကတော. ဆေးရုံရောက်နေပြီ။ ပြောမနေတော.ပါဘူး။ ကိုယ်.ဘာသာဘဲ ကြေအေးလိုက်တော.တယ်။

ပြီးတော.bugis ကို taxi စီးပြန်တော. Taxi ဆရာကကိုယ်.ကိုဆူတယ်။ လမ်းမလျှောက်လို.ဆိုပြီး။ သွားရင်းနဲ.ဟာ ဈေးတန်းကြီးဆိုပြီးခုန်ဆင်းလိုက်တာ ကားခ က၃ကျပ်ခွဲ. ပြီးတော.အဟောင်းတန်းဖြစ်နေလို. Bugis MRT ရောက်အောင် မနည်းပြန် လမ်းလျှောက်ရတယ်။ မုန်းကလေးစား အားရှိသွားပြန်တော.လည်ပြန်ရော. Teenager တွေ သွားလေ.ရှိတဲ.နေရာသွားပြီး ဟိုမော.ဒီမော. ပြီး boon lay ရောက်သွားပြန်ရော။ boon lay မှာလည်း မော.နေလိုက်တာ Jonh little ကဆိုင်ပိတ်ပါပြီရှင် ဆိုမှဘဲ ပိတ်နေတဲ. တခါးအောက် ကနေ ငုံ.ပြီး ထွက်ခဲ.ရတယ်။ ညစာ စားနေရင် မ shop ရမှာစိုးလို. ဆိုင် မှာ မစားလိုက်ရဘူး။

kmsl ဘယ်ရောက်နေသလဲဟုတ်လား။ လဘက်ရည်ဆိုင်က စောင်.ပါရစေ. သူ က ကိုယ်.လောက် ကျန်းမာရေးမကောင်းလို.ပါတဲ့။

Wednesday, August 6, 2008

Singapore National Day


Singapore National Day နီး လာပါ ပြီူ. အဲဒီ အတွက် လေ.ကျင်.နေတယ် လို. ထင်ရတဲ. လေယာဉ်ပျံ ဖြတ်သွားတုံး ရိုက်လိုက်တာပါ. မြင်ချင်မှ လဲ မြင်ရမယ်.angle လေးတွေလှတယ်ထင်လို.ပါ.

Monday, August 4, 2008

nature of women

မိန်းကလေး သဘာဝ

မိန်းကလေးများ က ကိုယ်.ကို ကိုယ် အမြဲဘဲ ၁၆ နှစ် လို. ထင်လေ.ရှိကြပါတယ်။ မည် သို.ပင် အသက် ကြီး လာပေမဲ. ငါ ကြည်.ကောင်းတုံးလို. ထင်နေတုံးပါဘဲ.။ shopping သွားပြီ ဆိုရင် try လုပ်ပြီ ဆိုရင် ဆိုဒ် သေး က စပြီး ဆွဲပါတယ်။ ပြီးတော.မှ သာ အဖြစ် မှန် ကို လက် မခံချင် ဘဲ လက် ခံ လိုက်ရတာပါ.။ ငယ်စဉ်ကာ လကရွှေထီးဆောင်းခဲ.တာတွေကို လည်. စားမြှုံ့ပြန်လို.မပြီးနိုင်ပါဘူး။

အပြော ကောင်းရင်လဲ အမှန်တန် မှ နှစ်သက် ပါတယ်။ ခေါင်းနဲ့ အလုပ်လုပ်တာ မဟုတ်. နားနဲ့ ဆုံးဖြတ်တာပါ။ အကျှီ် တစ်ထည် ကို ကိုယ်ကြိုက် လို. ဝတ်ြ့ပီးပါပြီ။ ဘေးလူ က ဟယ် ဒီ အကီ်ျ က နင် နဲ.မလိုက်ဘူး ဆိုရင် ချက်ချင်းအကျီ ပြန် လဲတာပါ။

ဒါကြောင်.မှိုလဲ. ယောက် ကျားလေးတစ် ယောက် ကို ပြိုင်ပြီး ကြိုက်တာမျူိုးတွေ လုပ်လေ့ရှိပါတယ်။ ကိုယ် က မဆုံးဖြတ် နိုင် တော.လူကြိုက် များရင် ဒီလူဟာ ကောင်းလို.ဘဲ ဆိုပြီး ကြိုက်ချင်လေ့ ရှိပါတယ်။

ယောက် ကျားလေးများ အပြောကောင်းဘို.တော့ လိုပါတယ်။ ကိုယ်ငယ် စဉ်က အကိုကြီး တစ်ယောက် က ဒီကောင်မလေး အတော်ချောတယ်။ ကြီးလာရင် အတော်လှမှာ ဘဲ လို.ပြောသွားတာ ကို အမြဲ သတိရပါတယ်။

ကိုယ် တို.ငယ်စဉ်က ဆရာ တစ်ယောက် က မိန်းမ သိတ်ရှူပ် ပါတယ်။ ဆရာကဘဲ ရှူပ်သလား ။မိန်းမ တွေကဘဲ ရှုပ် ချင် သလားဆိုတာ တော.အခု အချိန် မှာ ပြန်တွေး မိပါတယ်။ ဆရာက ကိုယ့်သူငယ်ချင်းနဲ့ပက် သက် သူပါ. ကိုယ်တို.လဘက်ရည်ဆိုင် ထိုင်ကြတော. ကိုယ်ကို ကြည်.ပြီး သမီး ကစကား သိတ်ပြောလေ့ မရှိပေမဲ့ သမီးမျက်လုံးလေး တွေ ကစကားပြောနေတယ် လို.့ မှတ် ချက် ပေး သွားတာ ကို တသက်လုံး မမေ့နိုင်ပါဘူး။

ရှိပါသေးတယ်။ လက်ရှိအခြေအနေ ရောက် နေတာ တောင် စိတ်မလျှော.သေးပါဘူး။ ဟိုတလော က India လူမျူိုး အမျိုးသား တစ်ယောက် က ကိုယ်.ကို သေချာ ကြည်.ပြီး you are old but beautiful ဆိုလို့…ဝမ်းသာနေမိသေး..

Sunday, August 3, 2008

little girl's interest


Friday, August 1, 2008

Friday

Phhttp://www.blogger.com/img/gl.italic.gif<br />insert italic tagsotobucket

post 111