Tuesday, December 30, 2008

Old.. B.. friend /1

မနေ့က kmsl ကပြသာနာရှာနေတယ်။ ရည်းစားဟောင်းတွေ အကြောင်း ပြောပြပါ ဆို ပြီးတော့။ ဒါမျိုး ဆိုရင် ဘယ်တော့မှ သတိမလွတ်တဲ့ ကိုယ်က ဘယ်မှာ ရည်းစားဟောင်းရှိလို့ လဲ လို့ ပြောဘို့ နောက်မကျမိဘူး။ ဒါပေမဲံ့ ကိုယ် တို့ လက်ထပ်ပြီးစီးကြောင်း သတင်းပါတဲ့ ညကဆိုရင် စိတ်ထိခိုက်လို့ အရက် သောက်ကြတဲ့သူတွေ မနည်းဘူးလို့လဲ သတိတရနဲ့ ထပ်ပြောလိုက်မိသေးတယ။် အဲဒီတော့ သူက… အဲဒီကောင်တွေက တစ်ရက်ဘဲ. .သောက.်...ကြရတာ …လို့ ဆိုပါတယ။်

HUNGRY




ဗိုက်ဆာလို့
ဟိုနေ့က မြနဒ္ဒာ မှာ …..

Sunday, December 28, 2008

we are human being....

လူ့မနော…

Myanmar song

You tube မှာ Myanmar song လို့ ရိုက်ပြီးရှာ ရင် ထိပ်ဆုံးက တက်တက် လာတဲ့ သီချင်းပါ။ အေဝမ်းစိုးမြင့် ရေးပြီး ချိုပြုံး ကဆိုပါတယ်./စကားမစပ် ချိုပြုံး ငယ်ငယ် ကသိတ် ချော ပါ တယ်။ သားသမီး လေးယောက်ရ ပြီး မှ ရုပ်ရှင် နယ် ထဲဝင်တာပါ။

မျိုးကျော့မြိုင်လဲ ဝင်ယောင် :P ပါတယ် ။ မျိုးကျော့မြိုင် ကို ရုပ်ဆိုးတယ် လို့ မြင်တဲ့သူတွေ က မြင်ကြပေမဲ့ ကြိုက်တဲ့သူတွေ ကလဲ အတော်ကြိုက်ကြတယ်။

သီချင်းခေါင်းစဉ်က (အလှကမ္ဘာမြေ) တဲ့။ နားထောင်လို့ကောင်းပြီး မြူးကြွတဲ့ သီချင်းလေး ပါဘဲ။ ကြည့်ချိန် သုံ့းမိနစ်. ။ Rate : five star နီးပါး ရပါတယ။် 41 rating ရှိပြီး...Views: 142,397 ရှိပါတယ်။



http://www.youtube.com/watch?v=CjN4_loD1vU

Friday, December 26, 2008

Bottleneck

Strait times သတင်းစာ ဖတ်တယ်။
Bottleneck လို့ တစ်နေရာမှာ တွေ့တယ်။
ကိုကိုရေ.. ဟောဒီမှာ အင်္ဂလိပ်စကားက ငါတို့မြန်မာစကားအတိုင်းဘဲဗျ. ။

လည်ပင်းညောင်ရေအိုး ဖြစ်နြေ့ပီလို့ဆိုဘဲ….. လို့ ဆိုတဲ့အခါ.. ကိုယ့်ကို အရမ်း စိတ်ကုန်တဲ့ မျက်နှာထားနဲ့ ကြည့်တယ်။

ကဲ… သေချာသိသူများ ဝင် မဖြေပါနဲ့။ တကယ်ပြောတာ….

တစ်ခါမှ မကြားဘူးတဲ့သူ... ဝိုးတိုးဝါးတား.သိတဲ့သူ.......ဖြေပါ. /
.
အင်တာနက် ကို ရှာမကြည့်ရ.။
စာအုပ်မဖွင့်ရ..။
သူများကို မမေးရ..စည်းကမ်းလိုက်နာပါ..။.

ကိုယ့်လို လူမျိုးဘယ် နှစ်ယောက် ရှိသလဲလို့…

Lovely cloud





အိမ်အပြန်လမ်းမှာ တိမ်တွေကိုတွေ့တယ် ။
လေထဲမှာပြေးနေတယ်။ လှလိုက်တာ။

zaw win htut ရဲ့သီချင်း တစ်ပိုင်းတစ ကိုကြား ယောင် မိတယ်။







တိမ်ပြာပြာနေ့ တစ်နေ့ Sunday မှာကွယ်

မင်္ဂလာဆောင်ပွဲကလေး ကျင်းပ..နေတယ်။
ပျော်ရွင်စရာလေးပေါ့ …ချစ်တဲ့သူ…ရေ။

သူများကို အားကျမိတယ် အချစ်ကလေး..ရဲ့၊
ဘယ်လိုလ..ဲပြော
သူများကို အားကျမိတယ် အချစ်ကလေး..ရယ်
ဘယ်လိုလဲ…ပြော။

သူများကို အားကျမိတယ် အချစ်ကလေးရယ်
ဘယ်လိုလဲပြော..............

ရာသီတွေ အမြဲတမ်း ပြောင်းလဲတယ်။
ကြင်နာသူ အသည်းကလေး မစိမ်းနဲ့…နော် ကွယ်။
မင်္ဂလာဆောင်ပွဲကလေး..ကျင်းပ ချင်ပါတယ်။

သူများလို လက်ထပ်ကြမယ် အချစ်ကလေး
ရေ..ဘယ်လိုလဲပြော။

သူများလို လက်ထပ်ကြမယ် အချစ်ကလေး
ရယ် …ဘယ်လိုလဲပြော.............................

အမြဲတမ်းငြိမ်းငြိမ်း ချမ်းချမ်းမခွဲတမ်းဘဲ
အမြဲတမ်းငြိမ်းငြိမ်း ချမ်းချမ်းမခွဲတမ်းဘဲ
အမြဲတမ်းငြိမ်းငြိမ်း ချမ်းချမ်းမခွဲတမ်းဘဲ
အမြဲတမ်းကြင်နာချင်တယ် ..အချစ်ဆုံးလေ.း......

သီချင်းစာသားမရလို့ ကာကာက ဆိုပြတယ်။ link လဲပေးတယ်။
နားထောင်ချင်ရင်တော့ ...http://www.myanmarmp3.net/album.aspx?AlbumID=334

Thursday, December 25, 2008

Love

အချစ်ဆိုတာ…..
စွဲလမ်းခြင်း

Boyz

happy birthday ကို Boyz
wishing you all the best!


iCON Pictures, Images and Photos

happy birthday Pictures, Images and Photos

Merry Christmas and Happy New Year

Tuesday, December 23, 2008

bugis





ပြီးခဲ့တဲ့ရက်က ဘူဂစ် shopping ကို ရောက်တယ်။ ယောင်လည် ယောင်လည်နဲ့ ဟိုကြည့် ဒီကြည့်. ကြည့် ဖိနပ်တွေ သွားစွပ်ကြည့်ပြီးမှ ဝယ်ဘို့ စိတ်ကူးဘို့ မသင့်ဘူး။ မသင့်ဘူးဆို စီးနေတဲ့ ဖိနပ်ရယ်။ ဝယ်ထားတဲ့ ဖိနပ်တွေ ရယ် ဘဲ ကုန်အောင်စီးပါဦးလေ လို့ ကိုယ့်ကိုကိုယ် ဆုံ့းမပြီး သကာလ ပိုက်ဆံအိတ် တန်းတွေ ဘက် ရောက်လာပြန်တယ်။ ဟိုကြည့်ဒီကြည့်။ စလုံး ၃၀ အထက် ဘဲ ။ ဈေးပေါတာ ဆိုလို့ အကြွေထည့်တဲ့အိတ်ဘဲ သုံးကျပ် နဲ့ရမယ်။

ဝယ်တာတော့ဝယ်နေကြတာဘဲ။ မဝယ်တာ ကိုယ်တစ်ယောက်ဘဲ ရှိမယ်ထင်တယ် လို့စဉ်းစားတယ။် အမြဲတော့စဉ်းစားနေတာဘဲ။ လူကို ကြည့်ရင် တော့ အထင်ကြီး နိုင်တယ။် ပညာရှိ ရုပ်နဲ့ အမြဲ စဉ်းစား နေလို့။ခက်တာက စဉ်းစားတာတွေက တလွဲ တွေချည့်ဘဲ ဖြစ်ဖြစ်သွားတာ ခက်တယ်။

Shopping mall အပြင်ဘက်ထွက် လိုက်တော့ ဈေးတန်းရှိတယ်။ အတော်ကို စည်တယ။် အဲဒီဈေးကို စလုံးမှာ ဆယ်နှစ်ကျော်နေပြီး မသိတဲ့သူက ရှိသေးတယ်။ ဘယ်မှာလဲ မေးရင် တော့ အတော် ဖြေရ ခက်တယ။် အဲဒီဈေးမှာ လူငယ်တွေ လူကြီးတွေ တိုးရစ်တွေ နိုင်ငံခြားသားတွေ လာတယ်။ ကိုယ်သွားမွှေတတ် တာက တော့လက်ပတ်နာရီ အဓိကဘဲ။ ဘာမှန်းမသိ နာရီ လေးတွေ ကို သဘောကျတတ်တယ်။ ထူးထူးဆန်းဆန်း ဒီဇိုင်းမျိုးစုံ ရှိတယ်။

စီးတဲ့ရေ ဆည်တဲ့ကန်သင်း မဖြစ်တဲ့အထဲမှာ ဒါလဲပါတယ။် ဘယ်ဘက် အစွန် ဆုံးက ပလတ်စတစ် စွပ်ထားတဲ့နာရီကတော့ ဒီနေ့ဘဲ ခင်တဲ့ တစ်ယောက်ကို လက်ဆောင် ပေးလိုက်ပြီ။ အမှန်ကတော့ ကိုယ်ကြိုက်တယ်။ သူ့ကို ခင်တာနဲ့ဘဲ ပေးလိုက်တယ်။ ဈေး ဘယ်လောက်လဲ သိချင်မယ်ထင်တယ။် စလုံးသားတွေ ကတော့သိလိမ့်မယ်။ သစ္စာဖောက်ပြီွး ဝင်မဖြေပါနဲ့။ ဒါဘဲ။

Monday, December 22, 2008

Malay ..side dish



ထမင်းဝိုင်းမှာ တခါတလေ မလေး ငပိရည် ကို တွေ့ရတယ်။ ဘယ်လို ခေါ်လဲ တော့မသိဘူး။ ငပိရည်နဲ့ တူတယ်။ ငန်လဲငန်တယ်။ အဲဒီ မလေး ငါးပိရည် ကို သံပုရာ သီး အကွင်းလိုက် လှီး။ ကြက်သွန်နီဥကြီး အကွင်းလိုက်လှီး ငရုတ်သီး အနီတောင့် အစိမ်းတောင့်ကို လှီး။ ပြီးရင် ရောနယ်။ ချဉ်ချဉ်စပ်စပ် ကောင်းမှကောင်း။ တစ်စုံတစ်ယောက် က အိမ်က လုပ်လာပြီးရင် ထမင်းစားပွဲပေါ်တင်သွားတယ်။ စားချင်တဲ့သူက ကိုယ့်ထမင်းထုပ် ထဲကို ကြိုက်သလောက် ထည့်သွား။ အများးကြီး လုပ်လာပြီး အများကို ကျွေးတတ်ပါတယ်။ သိတ်စားလို့ကောင်းတယ်။ ထမင်း တစ်ထုတ် ဆိုရင်ခဏ ကလေး ဘဲ။

အဲဒီ ငါးပိရည် ကလေးများတွေ့ရင် အားရပါးရ ဆမ်းပြီး ကြက်သွန်နီလဲ ကိုက်။ ငရုတ်သီးကလည်း စပ်။ ကောင်းမှ ကောင်း။ ဟင်းရွက်နဲ့ငါး ဟင်းကတော့ အရံပါ။ လူလစ်တုံး ခိုးရိုက်တာ ဆိုတော့ နဲနဲ ဝါးသွားတယ်။ ကိစ္စ မရျှိပါဘူးလေ။ အခု ဝါးတားတား ရိုက်တာတွေ ခေတ်စားနေတယ်။ ဒီနေ့တော့ဒီလောက်ဘဲ။

Sunday, December 21, 2008

khin htwe ye


ကိုယ့်အကြောင်း ကိုယ် သိ လို့ မပြ ပါရစေနဲ့ ဆိုတာကို အ တင်း ကြည့် ချင် တယ်ဆိုတော့ လည်း…
.
ကမန်းကတန်း ပန်းကန်တွေဘာတွေ ဆေး။ အရေးထဲ အကြော်ထုတ် ကပျောက်နေလို့ ရှာရသေး..

ဘဲဥ (အမှန်ကတော့ ကြက်ဥ ပါ။ စလုံးသားတွေ ကတော့သိပါတယ်။) ကိုလဲ ..

ခင်လွန်းလို့ ကျွေးတာပါ။ ရှက်ရှက်နဲ့..

တပန်းကန် မကုန်ရင်တော့အသိဘဲ။

Here one piece. There one piece

ဟိုတစ်စ ဒီတစ်စ
ရင်ထဲဘလာဖြစ်နေတယ်။ ဘာရေးရမလဲဆိုတာ တွေးမိတာတွေ အများကြီးဘဲ။ ရေးထားတာတွေလဲ ရှိပါရဲ့။ ပြန်ဖတ်ကြည့်တော့လည်း စိတ်တိုင်း မကျသလို. ကိုယ်ရေးတာတွေဟာ ကောင်းတာလဲ ရှိ ။ ဆိုးတာလဲရှိ။ ကောင်းတဲ့အခါ ကြတော့ နှစ်သက် ကြသလို မကောင်းတဲ့ အခါကြတော့လဲ စိတ်ပျက်တာလဲ ရှိပေမပေါ့။ ပညာတတ် များဆိုတော့ကာ ယဉ်ကျေးကြပါတယ။် ဘာမှ မပြောပါဘူ။ ဒါပေမဲ့လည်းကိုယ့်ဘာသာ ကိုယ် အားနာမိတယ်။ ဘာမှန်းမသိ guilty ဖြစ်မိတယ်။ သူတို့ အချိန်ပေးပြီး ကိုယ့်ဆီလာတာကို စိတ်မကောင်းဖြစ်မိတယ်။


ဒါပေမဲ့ ကိုယ် ဘလော့ရေးတာ ဝါသနာ ပါလို့ရေးတာပါ။ professional လို မရေးပါဘူး။ အမြဲတမ်း ကောင်းနေစေရမယ် လို့ကိုယ်အာမခံနိုင်ပါဘူး။ ပေါ့ပေါ့ပါးပါးလေးတွေ ရေးတဲ့ အခါ. သိတ် မရယ်ရတဲ့အခါ ဘာကိုမှန်းမသိ စိတ်မကောင်းဖြစ်မိတယ်။ ဒါပေမဲ့လည်း အရှိကို အရှိအတိုင်းဘဲပေါ့။

Saturday, December 20, 2008

making story




ပျင်းနေလို့ သူ့ဖာသာ သူနေတဲ့ မြေကြီး ပေါါ်က ပိန်းပန်း ကလေးကို ဓါတ်ပုံ သွား ရိုက် တယ်။ မှောင်နေတာနဲ့ ဓါတ်မီး ထိုးပြီး သေချာ ချိန်ရိုက်တယ်။ စိတ်ကြိုက်မရပေမဲ့ ၂ ခါ ရိုက်ဘို့ အခြေအနေ မရခဲ့ဘူး။

Friday, December 19, 2008

gout


ဂေါက်

ဘာမှ မဟုတ်ဘူး။
ဘာမှ မစဉ်းစားနဲ့၊
ဘာအဓိပါယ်မှ မရှိဘူး။
ဘာလုပ်ရမှန်းမသိလို့.။

David Copperfield
























km ပို့တဲ့မေးလ်ပါ။

Wednesday, December 17, 2008

mail from TZ



Tuesday, December 16, 2008

BIRTHDAY

TODAY IS MY BIRTHDAY 
စိတ်ချမ်းသာကိုယ်ကျန်းမာပြီး  ရှေ့ဆက်ရမဲ ဘဝခရီး ချမ်းမြေ့ပါစေ လို့ ဆုတောင်းပါတယ်။

Monday, December 15, 2008

Blog reader/writer

ရေးသူ/ ဖတ်သူ

မေးခွန်း။ ဘာဖြစ်လို့ ဖတ်သူများက ဖတ်ရုံ့ဖတ်ပြီး ကွန်မက်မှာဖြစ်စေ။ စီဘောက်မှာဖြစ်စေ ဘာမျှ မရေးသွားတာလဲ?

စာဖတ်သူ မှအဖြေ။
မှတ်ချက် ရေးရတာ အချိန်ကုန်တယ် ။ ဘလော့တခုပြီးတစ်ခု။ ဝင်းဒိုး တစ်ခုပြီး တစ် ခု ဖွင့်သွား။ ပြီးရင်ဖတ်။ ဖတ်ပြီးရင်ပြန်ပိတ။် များများ လည်းဖတ်နိုင်တယ်/ အချိန် လည်း မကုန် ဘူး။ ;etc..

ရေးသူခံစားချက်
မှန်ပါတယ်။ သို့သော်ငြားလည်း အထူးသဖြင့် နာမည်ကြီး ဘလော့ မျိုးမှာ ဝင် လာ ကြည့် သွားကြတဲ့သူတွေ မနည်းဘူး။ တကယ်တန်း ရေးခဲ့တာ က ၁၀ ယောက် မပြည့်ဘူး။ အဲဒါ တော့ အတော် ခံစားရတယ်။ ရေးသူများကတော့ ဘယ်သူဖတ်ဖတ် မဖတ်ဖတ် ရေး မှာ ဘဲ။ အမှန် က ကိုယ့်ကို ဖတ်ချင် လို့ ဘဲ ရောက်လာလာ.။ မဖတ်ချင်ဘဲနဲ့ ဘဲ ရောက်လာလာ။ ရောက်ခဲ့ကြောင်း visited လေး တစ်ကြောင်းဘဲ ထားခဲ့ထားခဲ့ ကျေနပ်ပါတယ်။ လူ့သဘာဝ အရ အသိအမှတ် ပြူခံလိုစိတ် ကလေး ရှိကြပါတယ်။

ရေးသူမှာ အချိန်အများကြီး ပေးထားရတာပါ။ စာတပုဒ်ဖြစ်အောင် တွေးရပါတယ။် ရေးရပါတယ။် ရေးပြီးရင်း ရေးရင်း ချောရပါတယ။် ဓါတ်ပုံ လေးများ ထည့်မိရင် ပိုလို့တောင် အချိန် ပေးရပါသေးတယ။် ရိုက်ရပါတယ။် ပုံကောင်းလေးတွေ ထွက်အောင် တော်တော် ရိုက်ရပါတယ။် ရိုက်ရုံနဲ့မပြီး ကွန်ပြူတာထဲကို ထည့်ရပါတယ်။ ထည့်ရုံနဲ့ မပြီး။ ဘလော့ post ထဲကိုတင်ရပါတယ်။ နေရာ အထားအသို ချရပါတယ်။ မကျေနပ်ရင် ပြန်ဖျက် ပြန်ထည့် ရပါတယ်။ အန်မတန် ကို အချိန်ပေးရပါတယ။်
စာတစ်လုံးအတွက် အချိန်တွေ အများကြီးကို လဲလှယ်ရပါတယ။် ရင်ထဲရှိတာ ရေးကြပါတယ်။ လာဖတ်သူရှိတာ ကျေးဇူးတင်ပါတယ။် ကြိုက်သလား မကြိုက်သလား ဆိုတာကိုလည်း ရေးပြီးတိုင်း သိချင်ကြမှာ ရေးသူတွေ ရဲ့ခံစားချက်လို့ထင်ပါတယ။် အမြဲ မနှူတ်ဆက်နိုင် တောင် ရံဖန်ရံခါ နှူတ်ဆက်သူများ ရှိရင်ဝမ်းသာမိမှာပါ။ ကျေးဇူးတင်ပါတယ်။
မှတ်ချက်
Megumi ရဲ့စာ ကို ဖတ်ပြီးခံစားပါတယ်။

Sunday, December 14, 2008

wonderful moon


သောကြာနေ့ည (12/12/2008) က လကသာတယ်။ ထုံးစံအတိုင်း အိမ်ပြန် နောက်ကျတယ်။ ကောင်းကင် ကို ဘာရယ် မဟုတ် မော့ကြည့်တော့ လ က သာလိုက် တာ။ လင်း ထိန် နေ တာဘဲ။

ဘာရယ်မဟုတ် စဉ်းစားမိတယ်။ နိုင်ငံခြား နေတာ လ တောင် မမြင်ဘူး တာကြာပါရောလား လို့ စဉ်းစား တယ။် ဟိုတုံးကတော့ အိမ်ရှေ့က ထိုင်ခုံလေးမှာ ပက်လက်လှန်အိပ်ရင်း လမင်းကြီး ကို ကြည့်ပြီး အိပ်ရင်း အစ်မနဲ့ စကား တွေ အကြာကြီး ပြောခဲ့ဘူးတယ်။လမင်းကြီး ကို မော့ကြည့်ပြီး သတိရသွားတဲ့စိတ်နဲ့ တယ်လီဖုံးကင်မရာ ကို ထုတ်ပြီး ရိုက် လိုက်မိတယ်။ များသောအားဖြင့် ကိုယ့်လမ်း ကိုယ်သွားနေကြတာ ဆိုတော့ သွားရင်းလာရင်း အရှိန်ဖျက်ပြီး ဘာရပ်လုပ်တာလဲ ဆိုတဲ့အကြည့်ကြောင့် သေချာပုံ ကောင်းတော့ မရခဲ့ဘူး။

အမှတ်တရဘဲလေ ဆိုပြီး ကိုယ်လဲ ရိုက်လာခဲ့တာဘဲ။ J က ပြော တော့မှ ဒီလဟာ သာမာန် အချိန်ထက် ၁၄ ရာခိုင်နှူန်း ကြီးပြီး ၃၀ ဆ ပိုလင်းတယ် ဆိုတော့မှ အံ သြသွားတယ်။ သြော် ဒါကြောင့် ဒီလောက် ထင်ရှား လင်းထိနနေတာကိုးလို့ သိသွားရတယ။် လက အရမ်းလင်းတော့ အချစ်ကို လွမ်းတာပေါ့ဆိုတာတော့ အထူးပြောစရာလိုမယ် မထင်ဘူး။


ဒီပိုစ်က အခု ၂၀၀ မြောက်ဖြစ်သွားတယ်။ မွးနေ့ နဲ့ချိန်လို့ မရလိုက်ဘူး။ မရေးဘဲ မနေနိုင်တာကလွဲ..လို့ ကိုကို.. အချစ်ရေ့ ..အချစ်ရေ့..လို့ ဆိုပြီး ကော်နီသီချင်းလေး ကို ဆိုနေဘို့ဘဲ ရှိတယ်။ မတ်လက စတာ ၁၀ လအတွင်း ပိုစ်၂၀၀ ဆိုတော့တစ်လ ကို ၂၀ နှူန်းနဲ့ တင်နေတဲ့သဘောရှိတယ်။ စာကို အဲလို ကြိုးစားရင်ကိုယ်ဘွဲ့လွန် ၂ ခါ လောက် ထပ်ရပြီးလောက်ြ့ပီ။ ဒါကိုလည်း အချစ်လာမဖတ်ပါစေနဲ့ လို့ဆုတောင်းတယ်။ အသိ ခေါက်ခက် အဝင်နက် ဘုန်းကြီးစာချ ဆိုတာ ကိုယ်တို့(ကိုယ်တို့ ဆိုတာ အဖော်တွေရှိတယ် လို့ ဆိုလိုပါတယ်) လို လူမျိုးတွေ အတွက် ဖြစ်နေတယ။် ပိုစ် ၂၀၀ ဆိုပြီး congratulate လာမလုပ်ကြပါနဲ့။ လူမိုက်အားပေး ဖြစ်သွားမယ်။

ရေးရင်းနဲ့ TZA နဲ့ရေးတာ တူလာသလိုဘဲ။ မတတ်နိုင်ဘူး ။ သှူု့စာကို ကြိုက်တော့ (စာကို ကြိုက်တော့ ဟု လေးလေးနက်နက်ဖတ်ပါ) ခဏခဏ သွား ဖတ်မိ တော့ အဲလို ဖြစ်သွားတယ်ထင်တာဘဲ. ။ တံငါနားနီးတံငါ. မုဆိုးနားနီး မုဆိုးပေါ့.။ ဒါပေမဲ့ ဗာလာနံ နား နီး လို့တော့ မဖြစ်ဘူး။

PS
အမှား၂ ခါပြင်ရတယ်။
ရက်စွဲမှားနေတယ်လို့ ဗေဒါရီက ပြောတော့ တစ်ခါ။
၁၄ ဆ ကြီးတာ မဟုတ်ပါဘူး ။ ၁၄ ရာခိုင်နှုန်းကြီးတဲ့လမင်းကြီးပါလို့ ShwnMi က ပြင်ပေးတာ က တစ်ခါ။ ကျေးဇူး။
ပုံ။ မှားပြီးရင်းမှားရင်းက ဖိုးဖိုးကြပ်

Saturday, December 13, 2008

darling





















အိမ်က စာတိုက်ပုံးကို သိတ်မဖွင့်ဖြစ်ဘူး ။ bill ကလွဲရင်လဲ သိတ်လာစရာမရှိပါဘူး။ အိမ်မှာ လာထိုးထည့်သွားတဲ့ ကြော်ငြာတွေ လည်း မဖတ်ဖြစ်ဘူး။ ခေါင်းစဉ်လောက် ကြည့်ပြီး လွတ်ပစ်လိုက်တာ များပါတယ်။

အခုတစ်ခု လဲ လွတ်ပစ်ခါနီး ခေါင်းစဉ်ဖတ်မိပြီး မျက်လုံးပြူးသွားတယ် ။ သူရေးထားတာ က လူကြီးမင်း ၏ အိမ် ကို လာရောက် ကြည့်ရှုသော်ငြားလည်း မည်သူမျ မရှိပါရွေ့ ယခု စာ ကို ထားခဲ့ရပါသည်။ မိမိနေအိမ် တွင် တီဗွီ ရှိပါက နစ်စဉ်ကြေး ၁၁၀ လာပေးပါရန်. ၁၄ ရက် အတွင်း မလာပါက ဒဏ်ကြေး ၂၀၀ နင့် တကွ ပေးရပါမည်။ လို့ ဆိုပါတယ်။ ပေးဘို့ ကတော့ စိတ် ကူး ရှိပြီးသား ပါ။ ဟိုဘက် လှည့်ဒီဘက် လှည့်နဲ့ ကြာနေတယ်။ အကျယ် မချဲ့လို တော့ပါဘူး။ ပေးခဲ့တယ် ။ ရူးချင်ယောင် ဆောင်နေလို့ရရင် ကောင်းသား။ စိတ်ကူး မိတာ ပြောတာပါ။

သွားရင်းလာရင်းနဲ့ ဘွတ်ကစ်ဘက်တော့မှာ show ကြည့်ခဲ့တယ်။ တယ်လီဖုံးနဲ့ ရိုက်လာတယ်။ စက္ကန့် ၅၀ ရှိပါတယ်။ သွားရင်းလာရင်းနဲ့လည်း ဟမ်ဘက်ဂါ ဝင်စားလာတယ်။ MRT တစ်ခုပြီးတစ်ခု တက်လိုက် ဆင်းလိုက် သွားရင်းလာရင်းနဲ့ ချွှာခူးကန် မှာလဲ ယောင်လည် ယောင်လည်နဲ့ ပိုက်ဆံအိတ် တစ်လုံး ဝယ်လာတယ်။ သိတ် မကြီးဘူး။ ခပ်သေးသေးဘဲ။ လွယ်လို့ ခက်တယ်။ လက်က ကိုင်ရင် ပိုလှတယ်။ ကိုယ့် အတွက် မဟုတ်. ။ဘယ်သူအတွက်မှန်းမသိပါဘူး။ လှတယ် ထင်လို့ဝယ်လာတာဘဲ။ သွား ရင်း လာ ရင်းနဲ့ ပင်နီဆူလာ သွားဦးမလားလို့ ။ စိတ်ထဲ မရွှုင်တာနဲ့ အိမ်ဘဲ ပြန် လာ လိုက်တော့တယ်။ ဒီလို အချိန်မျိုးမှာ အပြင်မှာ နေရတာ တယ်ပြီး ဂယောက် ဂယက်ဖြစ် တာ ဘဲ။ လွမ်းသလိုလို .. ဆွေးသလိုလို..။

ZoukOut 2008



SingTel presents
ZoukOut 2008!
SATURDAY 13
DECEMBER 2008
SILOSO BEACH @ SENTOSA, SINGAPORE

Friday, December 12, 2008

mk




Mk က သူ့ပုံလေးသုံးပေးပါဆိုလို့

Wednesday, December 10, 2008

Explanation


ဂယောက်ဂယက်ဖြစ်လို့ ဆံပင်ညှပ်ဆိုင် ရောက်သွားတယ်။ ပိုက်ပိုက်ကုန်ခဲ့သည်။
ပုံ
(လင်မွန်ဘာလီ)

လင်မွန်ဘာလီ= လင်ယောကျာ်း ကိုချစ်မြတ်နိုးလွန်းသဖြင့် မွှန်ထူကာ ကယောက်ကယက် ဖြစ်ခြင်းကို ဝင်္ကဝု တ္တိအလင်္ကာဖြင့် ပြောဆိုခြင်းဖြစ်သည်။


(ဇနီးမယားကို အချစ်ပိုခြင်း ကိုကား အများပြည်သူ အား တင်ပြရန်မသင့်ရွေ့ သိလိုသူများ မေးလ် ဖြင့် စုံစမ်း ပါရန်.။ )

Tuesday, December 9, 2008

restless


ဂယောက်ဂယက်ဖြစ်လို့ ဆံပင်ညှပ်ဆိုင် ရောက်သွားတယ်။ ပိုက်ပိုက်ကုန်ခဲ့သည်။

(လင်မွန်ဘာလီ)

Monday, December 8, 2008

back to home

















































ရင်ထဲ ဟာနေတယ်။ အချစ် ရန်ကုန်သွားတယ်။ ခဏတဖြူတ်ပေါ့။ ဘာဖြစ်လို့ မ လိုက် သွား ဘူးလဲ ဆိုတြာေ့ပာပြီး ပြီ မို့လို့ အကျယ် မရှင်းလိုတော့ပါ။ အဲဒီညက အိပ်လို့မရ.ပါ။

ရန်ကုန်ပြန်ရင် ကီလို ၃၀ ရတယ် ဆိုတော့ကိုယ်တို့ကဝေ့ပုံ ကျ ချထားပြီးသာ့းပါ။ ၂ အိတ် မှာ တအိတ်ကို အကြမ်းဖျင်း ကီလို ၁၅။ သူအဝတ်အစားနဲ့ သူ့မီတ်ဆွေ များအတွက် က တစ်အိတ်။ ကိုယ့်အမျိုး တွေ အတွက်က တစ်အိတ်စာ ရပါတယ။် ဝယ်ထားတာတွေက များ နေ လို့ကိုယ့်မှာ အတော် ခေါင်းကိုက်ပါတယ်။ မပါမဖြစ်ပါရမဲ့ ပစ္စည်းတွေကို ဦး စား ပေး ပြီးထည့် ရပါတယ။် အထုတ်တစ်ထုတ်စီထဲမှာ ဘယ်သူ့အတွက်လဲဆိုပြီး စာ ရွက်တ ရွက်စီ ထည့်တယ်။ ဒါက ဘိုမ အတွက်. ဒါက အကြီးဆုံးအတွက်ဆိုပြီး တခါထည်း ခွဲ ထည့်ပေး လိုက်တယ်။ ဟိုရောက်မှ အဝေမတည့်တာတွေဖြစ်တတ်လို့။ မှား ပေး ပြီး ရင် လဲပြန် တောင်း ရခက်တယ်လေ။

လေဆိပ်ကို အစောကြီးသွားကြတယ်။ ကားဆရာ က ထုံးစံ အတိုင်းပါတ်မောင်းလို့ သူ စိတ် တို သေး တယ်။ ကိုယ်ကတော့ သူဋ္ဌေး ကတော်ဆိုတော့ အေးအေးဆေးဆေးပါ။ သူ့ ကိုတောင် စိတ်လျှော့စိတ်လျှော့ ဆိုပြီး ဖြောင်းဖျ လိုက်သေးတယ်။ သူလဲ စိတ်ဆိုးတော့ အဆင်းမှာ ကားဆရာကို ခင်ဗျား ဒီလမ်းက ဘာဖြစ်လို့လာတာလဲဗျာ ။ ဟိုဘက်လမ်းက လာရင်ပိုနီးတာပေါ့လို့ ပြောပြီး ဆင်းသွားပြီး ကားနောက်ခန်းက အထုတ်တွေကို အောက် သွားချ တဲ့ အချိန် ကားဆရာက ကိုယ့်ကို ပိုက်ဆံပြန်အမ်းပါတယ်။ သူလဲ အယောင်ယောင် အမှားမှားနဲ့ ကိုယ်က ဆယ်တန် ပြန် ပေးရမဲ့အစား ငါးဆယ် တန် ပြန်ပေးတော့ ကိုယ်ကလဲ K. MAUNG သမီးဘဲလေ. မယူပါဘူး ။ ပြန်ပေးလိုက်တယ်။

တခါထည်း CHECK IN ဝင်ပါတယ်။ လူသိတ်မများသေးဘုး ။ EXCESS 10 KILO ဆိုတော့သူအံသြသွားတယ်။ သူ့လတ်မှတ် က ၂၀ ကီလိုဘဲ ရပါတယ်တဲ့ ။အခု က ၃၀ ကီလိုဖြစ်နေလို့ပါ ။ ဆိုတော့ ပို အံသြသွားတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်တို့ ဒီလက်မှတ်ကို ရုပ်ရှင်ရုံလတ်မှတ်လိုဘဲ ဒီစီ စတော်လ် ကဝယ်ထားတာပါ။ ပုံ မှန်လတ်မှတ် က စလုံး ငါးရာ အောက်ဘဲရှိတာကို PEAK SEASON မို့လို့လားမသိ။ အဲဒီ ၅၀၀ အောက် လတ်မှတ် တွေ အားလုံးကုန်ပြီ ဆိုလို့ ၇၅၀ တန် ကို ဝယ်ထားရတာပါ။

ဒါတောင် မနည်းကံကောင်းလို့ရယ်။ ဒါကို မရလိုက်ရင် ၁၆၀၀ တန် ဘဲ ကျန်ပါတော့တယ်. လေယာဉ်လက်မှတ် ဝယ်တုံးက ကိုယ်တို့ အသိဆိုင် က အ ရောင်း တာ ဝန် ခံ က လည်း မ ရှင်းပြလိုက်သလို သူကလဲ အလုပ်တွေများလွန်းလို့သေချာ မစစ်ဖြစ်သလို ကိုယ်ကလဲ ဘလော့လုပ်တာကနဲနဲ ။ချက်တာ ကများများဆိုတော့ အာရုံတွေများပြီး EXCESS ပေး လိုက်ရပါတယ။် ဒါပေမဲ့ နဲနဲ လျှော့ပေးပါတယ်။ လေဆိပ်ရောက်မှလဲ ပြန်ထုတ်ပြန်ထည့် လွယ် တာ မဟုတ်။ ပြီးတော့လဲ အပြင်လူ ပစ္စည်းမပါ။ ကိုယ့် အမျိုးပစ္စည်းတွေ ချည်းဘဲ ဆိုတော့ကာ ရှိပါစေတော့လို့ဆိုပြီး...

သူခံရတာ ဒါတင် မကသေး. လေဆိပ် အထဲမှာ သူ့သူငယ်ချင်းများ အတွက် (လို့ ဆိုပါတယ။် ) ပုလင်းဝယ်တော့လည်း ပြီးခဲ့တဲ့ ခြောက် လထက် စာရင် ပိုလို့ အတော်ဈေးကြီးသွားတယ်လို့ကိုယ်ကို ဖုံးဆက်ပြောပါသေးတယ။် သူ့ သူ ငယ်ချင်း များ က လည်း ချီဗားစ် ကို စတိုးဆိုင် ကဝယ် သောက်တာထက် သူကိုယ်တိုင် လေဆိပ်က ဝယ်လာတာ ပိုကောင်းတယ် လို့သူ့ကို FEEDBACK ပေးထားလို့သူကလဲ ဝယ်ပေး ချင် နေတယ်ဆိုတော့ ဈေးပိုကြီးလဲ ပိုကြီးတဲ့အလျှောက်ပေါ့လေ။

ရန်ကုန်လေဆိပ်အဝင် အတွေ့အကြုံကိုတော့ကိုယ်မသိရသေးပါဘူး. ။ မလိုက်ရလို့ ဆန္ဒပြ တဲ့ အနေနဲ့ တယ်လီဖုံးကို ကိစ္စ မရှိဘဲ မဆက်ဘူးလို့ နိုင်တဲ့နည်းနဲ့ တုံ့ပြန်ဘို့ စိတ်ကူး ထား ပါ တယ်။ (သူကတော့ဝမ်းသာနေမလားမသိ) ……..စလုံးမှာ STRESS များလွန်းလို့ ရန်ကုန်ကို SWITCH OFF လုပ်ချင်တယ်။ စလုံးနဲ့ပက်သက်တာ ဘာသံမှ မကြားချင်ဘူးလို့ ကိုယ့်ကို HITS ပေးသွားပါတယ်။

Sunday, December 7, 2008

flying thoughts.................

ပန်းကလေးတွေ လမ်းဘေး မှာ ပွင်.နေတယ်။ နေရောင် အောက် မှာ လန်းဆန်းလို. နဲနဲ မှ ညိုးနွမ်းပုံ မပြ။ သူတို့လို စိတ်ဓါတ်မျိုးလေး ရှိချင်စမ်းပါဘိ။

Friday, December 5, 2008

mail from TZ

ွှTZ ဆီကရတဲ့ မေးလ်ပါ။ ကြာတော့ကြာနေပြီ. ရယ်ရတုံ့းဘဲ။


my family

မိုင်ဖယ်မလီ
တို.မိဘ လဲ တို.ကို လွတ်လပ်ခွင်.ပေးတယ်။ ကြိုက်တာလုပ် ဥပဒေဘောင်ထဲ ကဖြစ်ရင် ပြီးရော. အဲဒီတော. တို.လဲ သိတ် မှီခိုချင်စိတ် မရှိဘူး။ စာကျက်ချင် ကျက် မကျက်ချင်နေ. ရုပ်ရှင် ကို ခုစ်နှစ်တန်း ကတည်း ကသူငယ်ချင်းများနဲ.ကြည်.တတ်တယ်။ ကျိုက်ထီးရိုး ကို သူငယ်ချင်း မိန်းကလေး များနဲ. စတက်ဘူးတယ်။ ပျော်လိုက်တာ။

အစ်မနှစ်ယောက် ကတော. မလွတ်လပ်ဘူး ဗျာ။ ကျောင်းတက် ရင် အမေ က အစ်မအကြီးဆုံးနဲ့ အတူ လိုက်တတ်တယ်။ သူမလိုက်နိုင်ရင် အလတ် မက လိုက်ရတယ်။ အလတ် မ မလိုက်နိုင်ရင် ကျှန်နုပ် လိုက်ရပါသဗျာ။ ရန်ကုန်တက္ကသိုသ် အခန်းက tutorial တွေ မှာ အပို ငုတ်တုတ် ထိုင်နေ တာ ကျွိုန်ုပ် ပါ ခင်ဗျာ.။ တစ်မျိုး စီ ချစ်ကြ သကိုး။။ ကိုယ်.ကို မချစ်လို.ပစ်ထားတာ များလို.တောင်ထင်ခဲ.ဘူးရဲ.။ အကြီး ဆုံး ကို အသည်းပိုကြလို.။

အဖေက အကြီးဆုံးကို ခေါ်တာ ပေါက်ဖော်တဲ.။ တရုတ်မကလေး လိုဘဲ ဖြူဖြူဖွေးဖွေး ချစ်စရာ. ချောမှ ချော.။ အလတ်မ ကိုတော.ဘိုမ တဲ. ။ ဘိုမလေးလိုဘဲ. အသားဖြူဖြူ ဆံပင်လေး ကောက် ကောက် လှ မှ လှ.။ တို.ကိုတော. အိမ်နံမည် မရှိဘူး။ မချစ်လို.ထင်မိတယ်။ သမီးသုံးယောက် မြောက် ဆိုတော. ဒီလောက်တော.ရှီမှားပေါ.။ အငယ်ဆုံးမောင် လေးကို တော. နောက် မှ တိုးလို. နောက် တိုးတဲ.့။

ချစ်လိုက်ကြတာ နောက်တိုးကို .ပုဆိုး ဆို လဲပြီးရင် ချွတ်ချခဲ.တာ ပြန် မကောက်ဘူး။ အစ် မတွေ ကလည်း လိုလိုလား လား ပြန်ကောက်တယ်။ သူကလဲ ဆိုးပါ. ။ သန်းးကောင် သန်းလွဲ. ပြန်မလာ။ အဖေ က သမီး လိုက်ရှာစမ်း ဆိုရင် မငြင်းဝံ ဘူး။ ည သန်းကောင် လဘက်ရည် ဆိုင် တစ်ကာ လိုက်မေးရတယ်။ ကို တိုး တစ်ကောင် များမြင်မိလား ဘယ်ဆိုင်မှာလဲ ဆိုပြီး. အဖေတှိုများ သမီးကို မနှမြောဘူး. ညသန်ူးကောင် သှူှူှု သား ဘဲ စိတ်ပူတယ်။

အဲဒီကောင် မိန်းမရတော.ခေါင်းပေါ့သွားလိုက်တာ. ပြန်မလာ သူ့မိန်းမစိတ်ပူလိမ်.မယ်။ သူ့မိန်းမ က လိုက်ရှာ ရှာတယ်။ တယ် လီဖဲူးနု အစ် မ ..ကိုတိုး ပြန် မလာသေးဘုး စိတ်ပူလို. ဆိုရင် ဟာ မပူနဲ.မ ပူနဲ. အချိန် တန် ပြန် လာ လိမ်.မ.် ဆိုပြီး တို.တော.ပြန်အိပ်တာဘဲ. ။

Thursday, December 4, 2008

HAROLD SHIPMAN

၁၉၄၆ ခုမှာ အင်္ဂလန် မှာမွေးပြီး အသက် ၅ရ အရွယ် (၂၀၀၄) မှာ ထောင်ထဲမှာ တသက်တကျွန်း ကျခံ ရာကနေ ကိုယ့်ကိုယ် ကို ကြိုးဆွဲချပြီး သတ်သေသွားခဲ့ပါတယ်။ အင်္ဂလန် နိုင်ငံသမိုင်းမှာ SERIAL KILLEAR လို့ခေါ်ခဲ့ကြတယ်။ ၈၀% သော သူ၏ အသတ်ခံရသူများ မှာ အသက်ကြီးသူ များ အမျိုးသမီးများ ဖြစ်ကြတယ်။ အသက် အငယ်ဆုံး အသတ်ခံရသူက တော့ အသက် ၄၁ နှစ်ဖြစ်တယ်။

ငယ်စဉ်ဘဝကတည်းက ထူးချွန်ခဲ့ပြီး ထက်မြက်ခဲ့တဲ့ ကလေး တစ်ယောက်ဖြစ်ခဲ့ တယ်။ အသက် ၁ရ မှာ မိခင် က အသက် ၄၃ . အဲဒီမှာ အဆုတ်ကင်ဆာနဲ့ ဆုံးခဲ့တယ်။ အဲဒီအချိန်ကတည်းက သူက ကင်ဆာအတွက် သုံးခဲ့တဲ့ အကိုက်အခဲ ဆေးတွေ ပက်သဒင်း မော်ဖင်းနဲ့ နီးစပ်ခဲ့တယ်။ အဲဒီနောက် သူဟာ LEEDS SCHOOL OF MEDICINE ကို တက်ရောက်ပြီး ကျောင်းမပြီးခင် လက်ထပ်ခဲ့ပြီး ကလေး ၄ ယောက်ရခဲ့တယ်။

၁၉၇၀ မှာ ဆေးပညာဘွဲ့ရတယ်။ အဲဒီနောက် PONTEFRACT GENERAL INFIRMARY IN PONTEFRACT, WEST RIDING OF YORKSHIRE. မှာ အလုပ်လုပ်တယ်။ ၁၉၇၅ မှာ ဆေးခန်းကို စပြီး TODMORDEN, WEST YORKSHIRE ဖွင့်ခဲ့တယ်။ ပြီးတော့သူဟာ PETHIDINE စွဲတယ် ဆိုတဲ့ အမှူနဲ့ ပြန်လည်ထူထောင်ရေးစခန်း ကို ရောက်တယ်။ နောက်ပိုင်းတော့ ကင်းရှင်းပြီး ဆေးခန်းကိုဘဲ DONNEYBROOK MEDICAL CENTRE IN HYDE, GREATER MANCHESTER ဖွင့်ခဲ့ပြီး အောင်မြင်တဲ့ဘဝကိုရောက်ခဲ့တယ်။ GRANADA TELEVISION DOCUMENTARY WORLD IN ACTION မှာတောင် စိတ်ရောဂါ ရှိသူများကို လူ့အသိုင်းအဝိုင်းမှာ ဘယ်လို ကုသကြမလဲ ဆိုပြီးတော့ကို အင်တာဗျူ်း လုပ်ခဲ့ပါသေးတယ။်

၁၉၉၈ မှာတော့ BROOKE SURGERY IN HYDE က ဆရာဝန် တစ်ဦးက FUNERAL PARLOUR က တစုံတစ်ဦးရဲ့ တပ်လှန့်ချက် အရ.SHIPMAN ရဲ့ ဆေးခန်း မှာ လူနာ အသေအပျောက် များတာကို စပြီး သတိပြူမိခဲ့တယ်။ သေဆုံးကြောင်းမှာ ဆရာဝန် နောက်တစ်ဦးရဲ့ လက်မှတ်ကို သူ့အနေနဲ့ထိုးပေးရတာ များလွန်းတယ် လို့ သံသယဖြစ်မိခဲ့တယ်။ ဖြစ်နိုင်တာကတော့ SHIPMAN ရဲ့ ညံ့ဖျင်းမှူကြောင့်ဘဲလား. ဒါမှ မဟုတ် သူကဘဲ လူတွေ ကို သတ်နေတာလား ဆိုတဲ့ အတွေးတွေ ဝင်လာစေခဲ့တယ်။

သက်ဆိုင်ရာရဲကိုအကြောင်းကြားခဲ့ပေမဲ့ သက်သေ အထောက် အထားမရှီလို့ ဘာမှ လုပ်ခဲ့လို့မရခဲ့ဘူး။ သူ့ရဲ့ နောက်ဆုံးသားကောင်ကတော့ FORMER MAYOR OF HYDE ဘဲဖြစ်တယ်။ လူနာကို နောက်ဆုံး မြင်ခဲ့ရတဲ့သူက SHIPMAN ဖြစ်ခဲ့ပြီး။ သေဆုံးကြောင်းလက်မှတ်ကိုလည်း သူဘဲ ထိုးပေးခဲ့ပြီး သေဆုံးရခြင်း အကြောင်းရင်းကို တော့ အသက်ကြီးလို့ဆိုတဲ့ အကြောင်းပြချက်ကို ရေးသွင်းခဲ့ပါတယ်။ လူနာရဲ့ ပိုင်ဆိုင်မှူ £386,000 ကိုလည်း SHIPMAN ကိုပေးခဲ့တယ်ဆိုတဲ့ WILL ကြောင့်လူနာမိသားစုကနေ ဒီအကြောင်းရောကို တင်ပြလာခဲ့ရာက စပြီး ခြေရာကောက်ခဲ့ရတယ်။ သေ ဆုံး သူ ကိုပြန် လည် တူး ဖော် စစ်ဆေးရာမှာ DIAMORPHINE (ဟီးရိုးအင်း) တွေ ကိုတွေ့ရာကနေ SHIPMAN ကို ၁၉၉၈ မှာဖမ်းဆီးခဲ့တယ်။ SHIPMAN ရဲ့ကိုယ်ပိုင် TYPE WRITER ကနေ သေတမ်းစာ ကို ရေးခဲ့တယ် ဆိုတာကိုလည်း တွေ့ရှိခဲ့တယ်။

အဲဒီနောက်ပိုင်းတော့သဲလွန်စတွေ ကနေ ၁၅ မှူကို ထပ်မံဖော်ထုတ် တွှေ့ရှိခဲ့တယ်။ SHIPMAN ဟာ လူသေစေနိုင်လောက်တဲ့ ဟီးရိုးအင်းတွေ ကို အသုံးပြူပြီး သတ်ခဲ့ပြီး သေဆုံးရခြင်းအကြောင်းရင်းကို လူနာရဲ့ ကျန်းမာရေးအခြေခံ မကောင်းခြင်းအပေါ် လွဲချခဲ့တယ်။

၁၉၉၅ မှာ အမှူစတင်စစ်ဆေးခဲ့တယ်။ အားလုံးသော သူများဟာ ၁၉၉၅ နဲ့ ၁၉၉၈ အတွင်းမှာ အသတ်ခဲခဲ့ကြရတယ်။ သု့ကို တသက်တကျွှန်းချခဲ့တယ်။ ဘယ်တော့မှ မလွတ်ပေးဘို့လည်း တရားသူကြိးများက မှတ်ချက်ထားခဲ့ကြတယ်။ ဆေးကောင်စီ ကလည်း ဆရာဝန် မှတ်ပုံတင် ကိုပယ်ဖျက်ခဲ့တယ်။ SHIPMAN ကလည်း တောက်လျှေက် အပြစ် မရှိပါဘူးလို့ဘဲငြင်းဆိုခဲ့တယ်။ ဒါပေမဲ့လည်း သူ့အမှူမှာ ရှုံ့နိမ့်ခဲ့တယ်။ နောက်ဆုံးမှာ တရားရုံးက SHIPMAN သည် လူ ၂၅၀ ခန့်ကို သတ်ခဲ့တယ် လို့ ဆုံးဖြတ်ခဲ့ကြတယ်။ SHIPMAN က လူသတ်မှူကို ကျူးလွန် ရာမှာ ဆေးကို RECREATIONALLY သုံးတယ် လို့ သုံးသပ်ခဲ့ကြတယ်။

နောက်ဆုံး SHIPMAN က သူ့မွေးနေ့ ၅၈ မရောက်ခင် EVE မှာ ထောင်ထဲ CELL ထဲမှာဘဲ သူ့ကိုသူ ကြိုးဆွဲချ သတ်သေသွားခဲ့တယ်။ SHIPMAN ဘာကြောင့်သတ်သေချင်ရတာလည်း ဆိုတဲ့ အကြောင်း ကိုလည်း ရှူတ်ထွေးခဲ့ကြတယ။် သူအသက် ၆၀ မပြည့်ခင် သေဆုံးခဲ့ရင် ဇနီးက ပင်စင် ( NATIONAL HEALTH SERVICE (NHS) PENSION) အမြောက် အများ ကိုခံစား နိုင်မယ် ဆိုတဲ့ အချက် ရယ်။ ဒါမှ မဟုတ် SERIAL KILLEAR များဟာကိုယ်ကိုကိုယ် သတ်သေ တယ် ဆိုတာ မဆန်းတဲ့ အချက်ရယ်. ဘာကြောင့်လဲဆိုတာလဲ အဖြေရှာလို့မရခဲ့ကြဘူး။

သူဘယ်အချိန်ကတည်းက လူသတ်မှူကျူးလွန်နေခဲ့တယ် ဆိုတာလည်း မသိနိုင်ခဲ့ကြဘူး။ ဖြစ်နိုင်တာ ၁၉၇၅ ကတည်းကလို့လဲယူဆခဲ့ကြတယ်။ £10,000 ခန့် လက် ဝတ် ရတနာ များကို လည်း SHIPMAN ရဲ့GARAGE ကနေ ရှာဖွေ တွေ့ ရှိခဲ့တယ်. ။ အချို့ သော ရတနာ များ ကိုတော့ဇနီးဖြစ်သူက သူမ ဟာ မဟုတ်ကြောင်း ပြောဆို ခဲ့တယ် ။ အဲဒီထဲက လက်စွပ် တကွင်းကိုသာ သေဆုံးသူမီသားစုတစုက သူတို့ ပိုင်ဆိုင်ကြောင်း သက်သေြ့ပနိုင်တဲ့ အ တွက်ပြန်ပေးခဲ့တယ်။ ကျန်တာတွေကတော့ လေလံတင်ခဲ့တယ်။

သူဘယ်အချိန်ကတည်းက လူသတ်မှူကျူးလွန်နေခဲ့တယ် ဆိုတာလည်း မသိနိုင်ခဲ့ကြဘူး။ ဖြစ်နိုင်တာ ၁၉၇၅ ကတည်းကလို့လဲယူဆခဲ့ကြတယ်။ ဘာကြောင့်လဲဆိုတာလဲ မ သိ ခဲ့ ကြူဘူ.။ . ဘာကြောင့်ဖြစ်နိုင်တယ်ထင်တယ်လို့ဘဲ တွေးခေါ်နိုင်ခဲ့ကြတယ်။ အဲဒီအ ချိန်က ပြခဲ့တဲ့ မှူခင်းစီးရီးတွေကြောင့်ဘဲလား။ လူသတ်ရခြင်းကို ပျော်မွေ့လို့ဘဲလား. ။ အ ထီး ကျန်လူကြီးတွေရဲ့ဘဝကို အဆုံးသတ်ပေးတာဘဲလား။ .စဉ်းစား မရ ဘဲကျန်ခဲ့ကြတယ်။

REFERENCE:
HTTP://EN.WIKIPEDIA.ORG/WIKI/HAROLD_SHIPMAN

Tuesday, December 2, 2008

FACTOR 10

၁။ ဘလော့စွဲတယ်။

၂။ ကျောင်းစာ မဖတ်ဘူး။

၃။ ညဘက်မအိပ်ဘူး။

၎။ ယောက်ကျားကို ထမင်းမှန်မှန် ချက်မကျွေးဘူး.။ ခြေသလုံးလဲ မနှိပ်ပေးဘူး။

၅။ အစ်မတွေ နဲ့ ယောကခမ ကို ဖုံးမှန်မှန် မဆက်ဘူး။

၆။ အားနာတတ်လိုံ့ သူများအမှားတွေ ပြောရင် မသိချင်ယောင်ဆောင်နေတတ်တယ်.။

၈။ သူများကို အချွန်နဲ့မတတ်တယ်။

ရ။ ရင်ထဲ မှာ ဝေဖန်ရေး အမြဲရှိတယ်။

၉။ စကားမပြောချင်လို့ တယ်လီဖုံးလာရင် မကိုင်ဘူး။ ဂျီတော့ကိုပိတ်ထားတယ်။

၁၀။ စာလုံးပေါင်းတွေ ကို အခုထက်ထိ မှန်အောင်ရိုက်ဘို့ စိတ် မကူးသေးဘူး။

ရည်ညွန်းချက်
ZEROTRASH
လင်း