Wednesday, June 3, 2009

Yangon 17




ပိုက်ဆံတစ်သိန်းမကဘူးဆို တာကို သက်သေပြတာပါ။ နစ်သိန်းနစ်ခါ လေးသိန်းမဟုတ်ပါဘူး. နစ်သိန်းကို နစ်ပုံရိုက်ထားတာပါ။ ပွားလိုက်တယ်ခေါ်မှာပေါ့။ အဲဒီအချိန်က စိတ်ကူးပေါက်သလိုရိုက်နေတာဘဲ .မမှတ်မိ တော့ဘူး. တစ်ရက်ထဲဘဲလား ။ ရက်လွဲသလားဆိုတာ မပြောနိုင်တော့ဘူး. မင်းသမီးက အကျီတစ်ထည်ကို ရုပ်ရှင်ထဲမှာ နစ်ခါ ဝတ်လို့မရသလိုဘဲ မှတ်မိနေကြတော့ လဲခက်တယ။်

ဒီနေ့ပုံတွေကို ပြန်ကြည့်တော့ လမ်းပေါ်မှာများနေတယ။် မိုးလင်းတာနဲ့ အမျိုးက ဖုံးဆက်ပြီ. စောင့် နေတယ်ကွယ် ဆိုတာနဲ့ဘဲ ကမန်း ကတန်း ထပြီး အမျိုး အိမ်သွားပြီး ဂါရဝပြူပါတယ။် တစ်ခါ တစ်လေ မှ ရန်ကုန်ပြန်မိတဲ့ ဒုက္ခပေါ့။ ခဏ ခဏပြန်ရင် တော့ လည်း ရိုးသွားမယ် လို့ယူဆ မိတယ်။ အဲဒီနားမှာပါ အမျိုးအိမ်က. မှတ်မိဦးမလား အဲဒီနေရာ. မေ့သွားပြီ ဆိုရင်တော့လဲ ရှိပါစေ.အမျိုအိမ်ရောက်တော့ အဲသလို ဧည့်ခံ့ပါယ။် မုန့်ဟင်းခါးလဲကျွေးတယ။်




















သွားရင်းလာရင် နဲ့ ဟိုရိုက်ဒီရိုက်ဘဲ။ အိမ်တစ်အိမ်ရှေ့မှာ စိန်ပန်းနီထင်တာဘဲ မပြောတတ်ဘူး ဘာပင်လဲ. မသိဘူးဒါပေမဲ့တပင်လုံးနီနေတယ် လှတယ်။



































တစ်ချို့ပုံတွေ ကတော့ဖြတ်ညှပ်ကပ်ပါတယ်။ အစဉ်လိုက်ဟုတ်ချင်မှ ဟုတ်မယ်. အနုပညာသုံးတဲ့သဘောပါ။ ညာတာမဟုတ်ပါဘူး။ ဇွန်ပန်းကလေးနဲ့ စပယ်ပန်း တွေကို ဖြတ်ညျပ်ကပ်ထားပါတယ။်
























ရန်ကုန်ကို မစည်ဘူးမပြောပါနဲ့လေ. ရန်ကုန်သူမခံနိုင်ပါဘူး။ သကြနင်္ပြီးလို့ပြန်အသက်ဝင်လာပါပြီ။ ရွေဂု့တင် မိးပွိုင့်ပါ။ မော်တော်ကားတွေ သဘောကျတယ်လို့ပြောပြီးသားပါ။ တစိမ့်စိမ့်ထိုင်ကြည့်ရင်းနဲ့ဘာဖြစ်လို့ မီးတွေလင်းနေပါလိ့မ့်လို့စဥင်္းစားနေမိတယ်။ ငါများ လိမ်ဆင်ကြီးရိုက်မိသလား။ ညနေများစောင်းသွားလို့ ကကားတွေများမီးဖွင့်မောင်းကြသလား. ကောင်းကင် ကိုမော့ကြည့်တော့လည်း တိမ်တွေနဲ့။ ဘယ်လိုဖြစ်ပါလိမ့်။ ပြီးတော့မှ ကုန်းဆင်းမို့လို့ကားတွေ ဘရိတ်နင်းထားကြယ်ထင်တယ။် အော်။ ကားမမြင်ဘူးတာ ကြာတော့အဲသလိုတောင်ဖြစ်ကုန်ပြီ။ ဘေ့စစ်တောင် မရှိတော့ဘူး။




Tuesday, June 2, 2009

ugly lunch









ရန်ကုန်မှာ အစ်မစားတယ်စားတယ် ဆိုပြီးတော့သာ ပြောနေကြတာ။ ဒီမှာ အငတ်ဘေးသင့် နေတာ ကိုတော့မသိကြဘူး။ မြင်တဲ့အတိုင်းဘဲ ဆန်ကလဲညံ့သေးတယ်။ ကြက်ဥကြော်ရယ်။ ပါပလာကြော်ရယ်။ ကြက်သားကလဲ အီး။။…………အမြင်လဲမလှဘူး။ အဆီ ဖယ်စားရသေးတယ်။ ရွေးချယ်စရာလည်းသိတ်မ ရျှိဘူး ။ချက်ပြီးယူသွားရင် ဒီထက် ဆိုးမယ်။

Monday, June 1, 2009

Yangon 16

အစ်မရယ်. ရေးနိုင်လိုက်တာ ဆိုပြီးတော့တော့ လာမတားပါနဲ့တော့ ။ ပြီးဆုံးဘို့အတွက် ကိုယ့်မှာ တာဝန်ရှိပါတယ။်

ဒီဆိုင်ကလေးနဲ့ ဒီသရက်သီးမြင်ရင် ဟိုဇတ်လမ်း ကလေးကို သတိရလိုက်ပါ။ သရက်သီးက ကိုယ့်အမျိုးအိမ်က ပေးလိုက်တာပါ။ အဲဒီမှာ အဲသလိုဖြစ်သွားတာပါဘဲ။














နေ့လည်လမ်းမှာ လမ်းဘေးမှာအထမ်းသည် ရွေရင်အေး ထမ်းလာတာ တွေ့လို့ရပ်ခိုင်းပြိး ဖင်ထိုင်ခုံလေးချ ထိုင်စားပါတယ။် စကော့ဈေး ပိတ်သွားလို့ကိုယ်မစားလိုက်ရဘူးလေ. မိန်းကလေးတွေ စကော့ဈေးရောက်ရင် ရွေရင်အေးကျောက်ကျော မစားချင်တဲ့သူရှားပါလိမ့်မယ။် ကိုယ်လဲ ရောက်ရဲ့သားနဲ့ ဆိုင်ပိတ်သွားလို့ တောက်တစ်ခေါက်ခေါက်ဖြစ်နေတာ ကဲ ဘာဘဲဖြစ်ဖြစ်ကွာ စားမယ် ဆြိုီပီ့..



သိုသော်ငြားလည်း စားပြီးသကာလ သူက ကိုယ်စားတဲ့ပန်းကန်ကို ရေဇလုံကလေးထဲ နစ်ပြီး ရေကျင်းလိုက်တာမြင်တော့ ကိုယ်ရင်ခံ သွားတယ။် မေ့....လိုက်ပါ..အချစ်ကလေး ..မေ့လိုက်ပါ ..ဆိုပြီး ဝိုင်ဝိုင်းသီချင်းကလေးသာ ဆိုပြီး မေ့ပလိုက်ပါတော့တယ်။ ဆပ်ပြာရည်ကလေးပါမှာပါလေ. ကိုယ်မမြင်လိုက်တာ ဖြစ်ပါလိမ့်မယ်။ အဲဒီအချိန်မှာ အားလု့းံကိုမေ့ထားလိုက်ပါတယ်။ ကိုကိုကာလသားများ ညီမလေးချောချောများကို မြင်ရင် အားလုံးကို မေ့ပလိုက်သလိုဘဲ..........။ နျစ့်ပွဲ ဆိုတာ ကိုတော့ ပြောစရာမလိုဘူး။ .တစ်ပွဲသုံးရာပါ. နဲနဲလေးမို့ . ကိုယ့်အပြစ်မရှိ. thondrae ဆိုရင်ငါးပွဲစားမှာပါ။

ရွေရုံတိုင်မီးပွိုင့်က ဆင်းလာတဲ့လမ်းတလျောက်..



သွားရင်းလာရင်း မိုးချိုပ်သွားပြန်ပြီ။ ကိုယ်ကြားထဲမှာ ပျောက်သွားတယ်ဆိုရင် အဲဒါ အင်တာနက် ဆိုင်သွားတာပါ။ ဘလော့မရေးဘို့တော့ကိုယ့်ကိုယ်ကို ဆုံ့းမထား ပါတယ်။ ကျော်တာလဲမ လုပ်တတ်ပါဘူး။ ဘလော့မရေးရင် ဘာလုပ်သလဲဆိုတော့ လုပ်လို့ရတာ တွေလုပ်ပါတယ။် ဆက်မမေးပါနဲ့ တော့။ အဲ သလောက်တောင်ကြာသလား မေးရင်ကြာပါတယ။် တစ်ခါတစ်လေ ငါရန်ကုန်လာတာ အင်တာနက်ထဲ နေဘို့မဟုတ်ဘူး လေယဉ့်ပျံလက်မှတ် ဆုံးလိမ့်မယ။် အဲသလောက် အင်တာနက်ထဲနေချင်ရင် အစကတည်းက လေယဉ့်ပျံဘိုး အကုန်မခံသင့်ဘူးလို့ကိုယ့်ကိုယ်ကို မနည်း နားချရပါတယ်။ တစ်နာရီ ၄၀၀ ကျပ် ဆိုတာကို မနည်းရှင်းရပါတယ။်

သမတရုံနားက ဘုရားရှိခိုးကျောင်းပါ။




အဲဒီဘေးမှာ ဟော်တယ်ရှိပါတယ်။အဲဒီဟော်တယ်မှာ ကျော်ရဲအောင် အလုပ်လုပ်ပါတယ။် အတော်ခင်ပါတယ်။ ဒင်နာကျွေး ချင်တယ်ဆိုပြီးဖိတ်နေလို့ မနည်းထွက်ပြေးနေရပါတယ။် ကိုယ်က ဒင်နာ စားချင်တာ မဟုတ်ပါဘူးပေါက်တတ်ကရတွေ ကိုစားချင်တာပါ။


















အဲဒါနဲ့ အဲဒီဘေးက ၂၄ နာရီဖွင့်တယ်ဆိုတဲ့ ဆိုင်ကိုရောက်သွားပါတယ။် ကိုယ်က လမ်းဘေးက ခေါက်ဆွဲသုပ်ကိုစားချင်တာပါ။ သူက အတင်းဘဲ ဧည့်ခံချင်တယ်ဆိုလို့ အဲဒီဆိုင်ကိုပါသွားတယ။် ရန်ကုန်မြို့ရဲ့ဈေးကြီးတဲ့ အထဲက တစ်ဆိုင်ပါ။ စိတ်ညစ်တာက စလုံးက အစားအစာ မျိုးကို ရောင်းတာပါဘဲ။ အတော်ကို ဆင်ပါတယ။် စလုံးက လာတဲ့သူကို အဲသလိုမျိုးကျွေးတာကတော့ မကောင်းပေမဲ့ ဒါက သူက ကိုယ့်ကို သေချာဧည့်ခံတာဆိုတော့လည်းဂွကျတယ။် စားပါ စားပါ .အိမ်မှာ အပေါဆုံးက ပိုက်ဆံပါလို့ သူက ကိုယ့်ကိုအားပေးတော့မှ ကိုယ်စားဝံ့ပါတယ။်

အဲဒါနဲ့မနည်းရွေးချယ်ပြီးနောက်ဆုံးသကာလ. ကိုကာကိုလာ တစ်ယောက်တစ်ဗျူးနဲ့ အာလူးကြော်ဆိုပြိး light ဘဲမှာစားပါတယ် ရှင်းတော့ ဘယ်လောက်လဲဆိုတာတော့ မပြောလိုတော့ပါဘူး။ ဆိုင်လေးက အတော်ကောင်းပါတယ်။ ကိုယ်အတော်သဘောကျတယ်။ အေးအေးဆေးဆေးထိုင်လို့လဲရတယ် စကားလဲပြောလို့ရတယ။် မီးခပ်မှိန်မှီန်ထွန်းလို့.ကိုယ်ကြိုက်တတ်တဲ့ ဆူညံဆူသြ့သီချင်းမျိုးကို ဖွင့်လို့ ဝါသနာပါရင် ကလို့ရတဲ့ နေရာလဲရှိပါတယ်။





ကျော်ရဲအောင် က ကိုယ်ဘလော့ရေးတယ်ဆိုတော့

သူတို့ဟော်တယ်က နိုက်ကလပ်ထဲကို အတွေ့ အကြုံရအောင် လိုကိ်ကြည့်ပါလား လို့ ဖိတ်ခေါ် ပါသေးတယ။် ကိုယ်က အဲ....အဲဒါတော့ မသွားခဲ့ပါဘူး။ ရိုးတယ်လို့မထင်ပါနဲ့ age က ခွင့်မြ့ပုတော့လ.ို


မိုးချူပ်ပြီဆိုပြီးအိမ်တန်းပြန်ပြီထင်နေသေးလား. မပြန်သေးပါဘူး တူ နဲတူမ နဲ့ကိုလွမ်းလို့ သွားကြည့် ရပါသေး တယ။် သန်းခေါင်မှဘဲ မိန်းကလေး အိမ်ပြန်ပါတယ်။






















(လေအောင့်နေတဲ့ကြားထဲ ကဆေးသောက်ပြီး ရေးပါတယ်။ ပရိတ်သတ်အတွက် က နဲနဲပါ. ကိုယ်ကိုတိုင်ကိုယ်ကရေးချင်နေတာပါ)