ညက အိမ်မက်မက်သည်.။တော်ပါသေးရဲ့အိမ်မက်မို့လို့ ကြောက်စရာကောင်းလှသည်။
ခင်သည် ဆရာတစ်ယောက်နင့်တွေ့သည် ။ ဆရာက ခင့်ကိုကြည့်ပြီး နေမကောင်းဘူးထင်တယ် ဟု ပြောသည် လက်ကလေးကိုဆွဲယူကြည့်သည် လက်ခွကြားများကို ကြည့်သည် . ဟင် အနာလေးနဲ့ပါလား ဆီးချိုရှိတယ်ထင်ယ်ဟုပြောသည်။
ထို့နောက်နိုင့်ငံခြားက ဆရာကြီးရောက်လာသည် သူတို့နစ်ယောက်ဘာလို့တစ်နေရာထည်းရှိသည်မသိ။ ထိုဆရာကြီးသည် ပါဝါရှိသည် ။superpower ဖြစ်သည် သူတစ်ခွန်းပြောလျင်လိုက်လုပ်ရသည်။ အငြင်းပွားစရာမရှိ. သူက ခဥမကိုသေချာကြည့်သည် ပြီးနောက် ခဥမတွင် connective tissue disorder နင့် ဆီးချိုရှိသည်ြေ့ပာသည်. ဆေးတွေ ရေးသည်။ ဟင် ဒါဆို ခဥမ ဆက်အလုပ်လုပ်လို့မရတော့ဘူးနော်ဆိုသော်အင်းပေါ့ဘယ်လုပ်လို့ရတော့မလဲ ပြောသည် ဒါဆို ပြန်ရတော့မှာပေါ့နော်ဆိုတော့အင်း ပြန်ရမှာပေါ့ ဆိုသည် .နောက်တနလာနေ့နောက်ဆုံးဘဲ ဆိုသည် အိုး.ဒုတ်ခပါဘဲ ငါ့မှာ ဆီးချိုရှိတာ ငါမယုံး ဒီရောဂါကြီးရှိတာ ငါမယုံ. မယုံလို့ရမလား ဆရာကြီးကပြောပြီးဘီဘဲ အငြင်းပွါားစရာမ၇ှိ. ဒီရောဂါ ရှိရင် အလုပ်မလုပ်ရတော့ဘူးလား ဟင်. စိတ်ညစ်သည် ယခုမှ ငယ်ငယ်လေး (ဂိ) ရှိသေးသည် အလုပ်မလုပ်ရလျှင် မည်သို့လုပ်မည်နည်း။ ပြန်လျှင် ဘာလုပ်ကိုင်ရမည်နည်း ဒုတ်ခပါဘဲ ကယ်သူမရှိတော့လား မရှိ. တစ်ခွန်းဆို တစ်ခွန်းဘဲဖြစ်သည် ခြောက်ခြားသည်။ မယုံ .မယုံ.
ဘာတွေ ဆက်ဖြစ်သေးသည် မသိတော့ခြောက်ခြားစွာ နိုးလာသည် တစ်ကယ်လားအိမ်မက်လား စဥင်္းစားမရ. ဇတ်လမ်းအစက လက်ချောင်းကြားထဲ့ အနာ. သေချာပြန်ကြည့်သူ့လက်တွင် ဘာအနာမှ မရှိ. ဒါဆို ဘာမှ မဖြစ်ဘူးပေါ့ အမလေး တော်ပါသေးရဲ့။ ခင်သည် အလုပ်လုပ်ချင်သူဖြစ်သည် အိမ်ထဲတွင် မနေလို အိမ်ရှင်မ မလုပ်လို အိမ်အလုပ်များ မလုပ်လို အိမ်အလုပ်လုပ်သည် ကိုမပျော်.။ တော်ပါသေးရဲ့ ခင်မှာ ဘာမှ ရောဂါကြီးမရှိ.။ သက်ပြင်းချသည်။ လူနာရောဂါဆိုးသောကာင်မလေးတစ်ယောက်ကို ကြည့်ကာ စွဲလမ်းပြီးမက်ခြင်းဖြစ်မည်။ အော် ခက်ပေစွ.
Tuesday, January 15, 2013
Sunday, January 13, 2013
Jan 13
အိုပယ်ဆိုသည်မှာအလကားမဟုတ်.။ အပယ်မခံချင်လျင် ကြိုးစားရမည်. ဘယ်သို့ကြိုးစားမည်နည်း တတ်နိုင်သလောက်ကြိုးစားရမည်။
ယခုတစ်လော သိတ်မဝယ်ဖြစ်. ဝယ်ထားတာတွေ သယ်ရဦးမည်။ သည်လို့မနိုင်
ကုန်သည်ကြီးသယ်မည်။ အစ်မနစ်ယောက်ထံပေါ့သောပိုက်ဆံအိတ်ထည့်ပေးလိုက်သည် အစ်မသည်
ပိုက်ဆံအိတ်ကိုင်ကာ ချစ်သောညီမလေးကို ဓါတ်ပုံရိုက်ကာ ပြသည် ရန်ကုန်သည်
အဆင့်မြင့်နေချေဘီ. ညီမထံပြချင်သော ပုံများကို ပြသည် ညီမသည် အစ်မထံမဆက်သွယ်. အစ်မသည် ဘလော့သို့လာအကဲခတ်သည်။
မှန်မှန်ဖတ်၏။ ညီမ ဘာလုပ်သည် ကို ကြည့်သည်။ ညီမသည် တစ်ကြောင်းနစ်ကြောင်းသာ
စာရေး၏. ဖဘတွင်ရေးနေရတာ များသောကြောင့်အစ်မထံစာမရေးနိုင်။
နစ်ခုပေါင်း လျော့ပြန်ဘီ နေဦး။ ရန်ကုန်တွင် deodorant မျှားရှိသော်လည်း အနံ့များသည် နေနေကြလျင် မသိသာ။ သောက်ကြီးသောက်ကျယ်ခဥမသည် ရေမွေးကြိုက်သော်လည်း deodorant မှ အနံ့ကိုမကြိုက် တစ်ချို့က အနံ့ကလေးနင့်မှ ကြိုက်သည်. တစ်ရှူးစကူ လက်သုတ် စ့က္ကူလေးများသည် အနံ့ကလေးများသင်းနေသည် စလုံးမှ တစ်ရှူးစက္ကူအများစုသည် အနံ့မပါ. ဘာဖြစ်လို့ကိုယ်တို့ မြို့သည် အနံ့ကြိုက်ကြသနည်း သို့မဟုတ် ထုတ်သသူများက ကြိုက်ရွေ့လိုက်ထုတ်သလား. ။အဲလေ ထုတ်သူများထုတ်သည်ကို လိုက်သုံးရလေသည်လား ပြီးးခဲ့သောနစ်က ခဥမပြန်ရာ deodorant တမင်ထားခဲ့သည် ဝိတ်လျော့ခြင်းဖြစ်သည် ရန်ကုန်မှာအားလုံးဝယယ်လို့ရတာဘဲဆိုကာ ထားသည် သို့သော်တဆိုင်ပြီးတစ်ဆိုင် အနံ့မပါသော deodoarnt ကိုရှာရသည်မှာအတော်အချိန်ကြာသွားသည် အချို့လူများသည် ကံကောင်းသည် ကိုယ်နံမရှိ. ။ ကိုယ်သင်းနံဆိုသည်မှာအလကားဖြစ်သည်ခဥမတော့မကြိုက် ။ မနံအောင် ထားချင်သည်။ ဟိုတုံးကတော့ ထုံးရည်ကြည်လေးတွေ သုံးရသည် ယခုသော်ဒါမျိုးသုံးသည် အချို့လူများက တော့သုံးစရာမလို ကိုယ်နံ့မရှိ.။ မသုံးလို့မဖြစ်. တစ်ချိုသောသူများသည် အားရပါးရပြောတတ်ကြသည်. တစ်ချို့သည် ကိုယ်နံ့ဆိုးသည် အလုပ်ကများချွေးကထွက်.. နံကနံ ဘေးလူများစိတ်ညစ်ကြသည်.
နောက်ဆုံးတာ့မဝယ်ဖြစ်. ။ ရှိသေးတာဘဲ ဆိုကာ ပြန်လာသည် ယခုတစ်လော လိုမှဝယ်ချင်စိတ်များဖြစ်ပေါ်နေသည် ဝင်္ယပြီးဘယ်နားချမိမှန်းမသိ. ဝယ်ထားသည်ကုတော့သေချာသည် ရှာမတွေ့။ ခေါင်းလျော်ရည်သွားကြည့်ပြန်သည်. နစ်ဘူးဆို မနည်းဘူး ကုန်မည် ခေါင်းလျှော်ရည်တစ်ဘူး။ ကွန်ဒီရှင်နာတစ်ဘူး နစ်ဘူးမဝယ်ရက်သေးဘူးရှိတာလေးကပ်သုံးလိုက်ဦးမယ် ပြန်ပြန်သည်။ မိက်ကပ်နားရောက်သည် ဈေးများရှူပ်ထွေးနေသည်. မသိ. မေးရန်ရှာ. အလုပ်များနေပုံရသူက စကန်မှာသွားကဒ်ကြည့်လိုက်လေဈေးသိရမှာပေါ့ဆိုသည်. ခဥမသည် ကိုယ့်အလျည့်ကြရင်သာ သူများကို အဲလိုပြောလေသ်ာလည်း ကိုယ့်ကို အဲသလိုပြောလျင်မကြိုက် အတန်းရှင်းလိုချင်သည်. သူက ဈေးမပြောပြလျင် မဝယ်ရုံပေါ့။ ။ ပိုက်ဆံကုန်တော်သက်သာသေးငါ့မှာမိတ်ကပ်ဘူးတွေ့ံ့ပုံလို့ဆိုကာ ပြန်လာသည်. ခဥမသည် အနုပ်စုပ်ဂုတ်စုတ်ဖြစ်ရာ ဆိုင်ဝင်လျင် ဆိုင်၇ှင်များက သိတ်အထင်မကြီးကြပေ. မကြီးသော်လည်း ဆက်ဆံေ၇းကောင်းလျင်မဆိုးဝယ်ဖြစ်သည်.ဆက်ဆံရေးမကောင်းလျင်တော့နောက်နေ့သူမရှိမှာဘဲ နောက်လူနဲ့ဝယ်တော့မည်စိတ်ကူးသည်။ လူအမျိုးမျိုးစိတ်အထွေထွေပေါ့။
မဲမဲမြင်လျင် ရိုက်ချင်သောစိတ်သည်မကောင်း သူများမသိသေး. မမြင်သေးသည်ကို
ငါရိုက်သည် ငါ့ကိုဝိုင်းဖတ်လိ့မ့်ည်. ဝိုင်း LIke လုပ်မည်ဆိုသော
စိတ်ဓါတ်ဖြစ်.ေ လာဘ မောဟဖြစ်စေသည် သို့သော်လည်းမထိန်းနိုင်.
ထိန်းသိမ်းသင့်သေလာက်တော့ထိမ်းသိမ်းပါမည်။
ယနေ့အတွက်လည်းသုတ်ချေတင်ပြန်လာသည် အလုပ်နင့်ဖိထားလျင် လူပြားသည် မနက်ဖြန်အလုပ်တက်ရမည် မန်းဒေးသည် များသောအားဖြင့်ပင်ပန်း၏. ။ စနေတနဂန်နွေ နားကြသူများရာ ရနိုင်သလောက်လုပ်ရွေ့စုထားသောအမျုများကှိုရှင်းရသည်. ကိုယ်ကိုယ်တိုင်လျင် သိတ်ဇတ်ရည်မလည်.လည်အောင်လုပ်ရသည်မှာအချိန်ကြာသည် လူတွေ ကစကားပြောချင်ကြသည် ကိုယ်က အချိန်မပေးနိုင်။ လူများများလှသည် တစ်ဦးတည်းကို အချိန်များရွေ့မရ. မျှကာ ပေးရသည်.။ ကြီးကြပ်ရသည်. လုပ်စရာများရှိသည် သို့ဖြစ်လေရာ အလုပ်တန်း၇ှင်းမများသောကြောင့်သိတ်လျောက်မလည်. သိတ်ဝယ်ချင်ချမ်းခြင်စိတ်မရှိ. ရွင်ပြမှ ဝယ်နိုင်သည်။ လန်းဆန်းမှ မြူးနိုင်သည် ယနေ့သည် မြူးရန်အကြောင်းမရှိ.
သို့သော်လည်းတစ်ချက်တော့လှည့်ပတ်လာသေးသည် ခါးပတ်ကလေးများ လူကြည့်များသည် ဘာပြုလို့လဲ ခဥမတွေက်တော့ဝတ်စရာအကြောင်းမရှိ. အမယ်ကြီးနင့်ထီးဖြစ်သည်။ အကွက်လေးများလေးခေတ်စားသည် လွန်ဲခဲ့သောဆယ်နစ်က ဘော့စ်အကျီလေးလည်းအကွက်ကလေးဖြစ်သည်။
ချီုသောအရာများကို တတ်နိုင်သလောက်မစားပါဟု ဆုံးဖြတ်သထားသည်။
မိုးသည်းကြီးမည်းကြီးရွာသည် တွေ့မလားဆိုသူကို မတွေ့နိုင်ဟု အကြောင်းပြန်လိုက်သည် အိမ်ရောက်ပြီးမှတော့ပြန်ထွက်ဘို့ အင်အားမရှိတော့. မနက်ဖြစန်အလုပ်လုပ်ရမည်လေ. လုပ်ဘာဖြစ်လဲ နာတို့လဲ လုပ်ရတာဘဲ ဆိုသော်လည်းနာတို့သည် ငယ်သူများဖြစ်သည် အင်နာဂျီသိတ်မလို ခဥမအတွက်က အင်နာဂျီကိုsave ထားရသည် အလုပ်သဘာဝအရလည်းစိတ် လူပင်ပန်းသည်. ငြိမ်ငြိမ်လေးနေလေသက်သာလေဖြစ်သည်။ ဝင်လိုက်ထွက်လုကိ တက်လိုက်ဆင်းလိုက်သည် ခလေးများတွက် ဖြစ်သည် ခလေးများဆိုသေည်လည်းခလေးများပင်မလွယ် ဘဝသည်မောကြသည်။
အကောင်းစားတွေ မဟုတ်သောလေး ဈေးတော့မနည်း ငါးကျပ်ပေး အကြွေပြန်ရသည် ကြက်သာ ငါး ကြက်ဥ ခေါက်ဆွဲ ထမင်း စိတ်ကူးပေါက်ရာလက်ညိုးထိုးသည်ထမင်း သုံးနပ်မစားရသေး မနေ့က ထမင်းမချက်ချင်သောကြောင့် မနာနက ပေါင်မုန့်နင့် နွားနို့သောကပြီး ညခေါက်ဆွဲပြုတ် မနက် ဝန်တန်းမီး ဖြစ်သည်။
စားစရာများကြည့်ရင်းကြောက်သည်.မျက်စေ့မှိတ်ကာ အသားနွင်သည် အသားနွင်. အရေခွံများ အရိုးများကို လွတ်ပစ်ပြီးမှ စားသည် မစားချင်သောလည်းစားရမည်။ ခဥမတို့မိသားစုသည် အသားငါးများကို ခပ်သေးသေးစားကြသည် ငါးခူဆိုအကောင်ကြီးမစား. ငါးခူစင်းကောလုပ်သည်. အားလူထဲအသားစင်းကောလေးများထည့်ကာအာလူး ကိတ်တလိတ်လုပ်သည် ငါးကိုခပ်သေးသေးဝယ်သည် ငါးကြင်း. ငါးရံ့သေးသေးတုံးသည်. ကြီးကြီါ်များမြင်လျင် စားမရ.။ ဂျုးက သူလဲ ဒီလိုဘဲ ဟု စာတပုဒ်တွင်ရေးတာ ဖတ်ဘူးသည်။ ယနေ့ ဂျုးကိုတွေ့လိုက်သောကြောင့်သတိရသွားခြင်းဖြစ်သည် သူ၏စာအုပ်သည် သူမတို့ခေတ်တွင် နာမည်ြီကီးသည်ူသူမကိုယ်တိုင်ပင် အလွတ်ရမတတ်ဖြစ်သည် အခေါက်ပေါင်းများစွာဖတ်သည် အကောင်အထည်ဖော်သူများရှိသည်။
ညစာမှာ chicken rice နင့် spring roll ဖြစ်သည် စုစုပေါင်း စလုံးသျုံကျပ်ခွဲ ဖြစ်သည် chicken rice က နစ်ကျပ်ဖြစ်ပြီးကော်ပြန့်လိပ်ကျော်က တစ်ကျပ်ပြားနစ်ဆယ်ဖြစ်တာတော့မတရာဘူးထင်သသည် မတရားလဲနေ.။ ဝယ်စရာ၇ှိတာတော့ဝယ်ရမည်ပ။ စားချင်သည်က ပီဇာဖြစ်သည် လမ်းမကြုံ မိုးတွေက heavy ဖြစ်သည်။
မကျေနပ်သောကြောင့်ခရိုဆန့်တစ်ခု နောက်ထပ်မုန့်တစ်ခုဝယ်ထားသည် အိမ်ပေါ်ရောက်ပြီးပြန်မဆင်းခင်ျတော့ဘိုက်ဆာလျင် ခက်မည် မဆာရန်စီမံထားရမည်. ။
KFC ဘရိတ်ဖတ်စ်လဲဝယ်ထားသေးသည် ကော်ဖီကိုတော့သူများကိုပေးလိုက်သည် သူက can ကော်ဖီသောက်သည် သွားဆရာဝန်က ကန်ကော်ဖီ သိတ်မကောင်းကြောင်းသွားကို ထိခိုက်နိုင်ကြောင်း. ပြောသောလည်း တက်ကြွနရန်လိုအပ်သောသူ့အတွက်လိုအပ်သည် လျော့တော့လျော့နေသည်။
ဘုရားဘုရား သူအောက်ဆင်းသည်မှာ မုန့်ထွက်ဝယ်သလားအောက်မေ့ရသည် မုန့်တွေခညျ်းပါလာသည် မကုန်နိုင်သေး ဖြည်းဖြည်းစားတာပေါ့
ကိတ်မုန့်လဲဝယ်ထားသေးသည် ။ မစားရသေး.။
ဖုန်းဆက်သောအခါ ဖုံးပြောင်းသွားသည် ကို မသိရသောသူ။ မိန်းမလစ်တုံး တွေ့ချင်ပါသည်ဆိုသူ.။ ဖုံးဆက်ချင်သည်ဟုအားလျှင် ခေါ်ပါရန် ပြန်ခေါ်ပါမည်ပြောသောလည်းမအားသောသူ။ ဖုံးနံပါတ်ပေးပါဆိုကာခဥမ ဖုံးနံပါတ်ကိုယူသွားရွေ့သူ့ဖုံးနံပါတ်ကို မပေးသောသူ. ။ ခဥမဖုံးဆက်သောအခါယူကျုကု ကလိနေသောသူ. ။ နံပါတ်သိရဲ့နင့်ယခု မဆက်သွယ်တော့သူ။ အားလုံးသောသူ. ။ ခင် mention လုပ်သောအခါသူတို့စိတ်နာကြမည်ထင်သည်။ အသစ်ကလေးများကတော့စိတ်ဝင်စားနေကြသည်။ ကျေးဇူးတင်ပါသည် တော်ပါပြီမေ။
Labels:
diary
Saturday, January 12, 2013
Friday night
ခင်သည် အိမ်သို့သုတ်ခြေတင်ကာ ပြန်လာသည်. ။ ထွေထွေထူးထူးတော့မရှိ. အိမ်မှာမနေရတာကြာသောကြောင့်ဖြစ်သည် မိုးလင်းထွက် ညမှ ပြန်ဝင် မင်းသမီးလေးဖြစ်နေသည်။ ( ကိုပေါ မဲ့သွားသည်.)။
တက္ကစီတက်စီး လမ်းလျောက်ဘတစ်ကားစီးလမ်းလျောက် ဘတစ်စကားစီး ရထားစီးပြီး အိမ်မပြန်သေးဘဲ လျောက်လည်ပြန်သည်။ .
ထွေထွေထူးထူးတော့မရှိ လောကကြီးပျင်းစရာကောင်းလှသည်
ဖုံးဆက်ရန်စဉ်းစားသော်လည်း လူရှာမရ.။ မအားသူများ များသည် ခင်သည်လည်း
အားသည်မဟုတ်.။ သူမအား ကိုယ်မအား ကိုယ်အားသူမအား သူအား ကိုယ်မအား
လောကကြီးတွင် နေရခက်လှသည် ထို့ကြောင့် အိမ်ထောင်ပြုကြခြင်းဖြစ်ရာသည်
သို့ဆိုလျှင် တစ်အိမ်ထည်းနေသည် ဆိုတော့မဆိုးလှ နဲနဲတော့ တွေ့ကြနိုင်သေးသည်
ကလေးရှိလျှင်တော့သာယာသည်ပေါ့။ မရှိတော့လည်း အားသည်ဘဲပေါ့။
ဘာဂါသွားစားသည်. တစ်ယောက်ထည်းစားဘာဖြစ်လဲ ဘာမှ မဖြစ်ပေါင်. ဆန်ပေးဆီရသည်တစ်ဆယ်ပေးလျင် အကြွေပြန်ရသည် ။မနက်ဖြန်အတွက်ပါဝယ်ခဲ့ဦးမလို့
ကောင်မလေးငယ်ငယ်ချောချောလေး လာရာကောင်လေးပါသည် ငယ်မှ
ချောမှတော့ကောင်လေးပါသည် ပေါ့. ခင်တို့လား. .အဖွားကြီးခင်အတွက်
ကောင်လေးများရှိသော်လည်း အဖွားခင်သည် ရှောင်ပြေးရလေသည်။ မပြေးနဲ့ခင်
မပြေးနဲ့ခင်ဟု ကော်ကော်ကျိုးက လိုက်ဆွဲသော်လည်း ခင်သည်ပြေးလေသည် ခင်ကမွေး
ခင့်သားလောက်ရှိရာ မည်သို့လုပ်မည်နည်း ။ ကောင်လေးများကိုသာ
သဘောကျရာခက်လေသည်။ လုပပ်ငန်းရှင်ကြီးလုပ်မည် စိတ်ကူးသည် ကောင်းလေးများကို
လက်ထောက်ခန့်မည်. လောလောဆယ် ခင် .အိုကေနေသည် ခင့်တပည့်သည်ကောင်လေးဖြစ်သည်
ဘာမှမတတ်သေးသောသူဖြစ်ရာ ခင် စီမံသမျ ခံရ၏. ခင်ဗိုလ်ကျသမျှ ခံရသည် သူမှ
မတတ်သေးဘဲကိုး တတ်သောသူများက ခပ်ခွာခွာနေကြသည် ကိစ္စမရှိ
တပည့်တစ်ယောက်ရလျှင် အိုကေသည်။ ခင်သည် ပါးစပ်လှုပ်ရုံသာ ဖြစ်ပြီး
ခင့်တပည့်သည် လက်လှူပ်ရသည်။ ဆူပူလို့လည်း ရသေးသည်။ ဒါကြောင့်ခင်
အလုပ်လုပ်နေခြ်းဖြစ်သည် အိမ်မှာဆို ပျင်းစရာ..ိ
လျောက်ကြည့်သည်ဝယ်နိုင်သည်မှာ မျက်နာသုတ်ပါဝါ ဖြစ်သည်။
ခုနစ်ကျပ်ဖြစ်ဆိုသော်သုံးထည်ခန့်ဝယ်နိုင်သည်။ တီရှပ်လည်းတွေ့ဥည်
စေျးချထားရာ သုံးထည်ခန့်ဝယ်နိုင်သည်။ ဘလာစီယာကတော့ဈေးကြီးသည် .
ပုံကောင်းရန်လိုအပ်သော်လည်း နေပါစေဦးလေ ဆိုကာ ထားသည် ငယ်စဥင်္က ဘာလာစီယာ
လှလှကလေးများအနက်ရောက်ကလေးများ
ခင်သည် ယခုတစ်လော မဲမဲမြင်ရာ လိုက်ရိုက်နေသည် ခင်.သည် ရန်ကုန်ကို
ဘယ်တော့ပြန်ဖြစ်မည် မသိ. စကာပူတွင် ဘယ်လောက်ကြာအောင် ထပ်နေဦးမလဲ
မသိ.လောကကြီးသည် မသိတာများလှရာ ရောက်နေဆဲ့ကာလ ကိုခံစား နေသည် တန်ဘိုးထားသည်
နောင် တစ်ချိန်ကြုံချင်မှ ကြုံတော့မည်.။ ကြုံတုံးသာ ရေးနိုင်သည်
မကြုံလျင် ရေးနိုင်မည် မဟုတ် ဆရာ စိုးမင်း
ရန်ကုန်ပြောင်းရသည့်အတွက်ဝမ်းသာ
တီရှပ်များမြင်သော်ဆရာတစ်ယောကို သတိရသည် စိတ်ကူးနဲ့ဝယ်ယူ
ကန်တော့လိုက်ပါတယ် ဆရာ လက်ခံတော်မူပါ။ ဖိနပ်များလည်းသွားမစွပ်ဖြစ်
ပင်ပန်းနေသည် နောက်နေ့မှပေါ့ ဆန်းဒေးလာဝယ်ရသေးတာဘဲ ဈေးဝယ်တာကလည်း
မုဒ်ကောင်းမှ ဖြစ်သည မုဒ်မကောင်းလျင် ဝယ်ချင်စိတ်မရှိ.
အိပ်ယာခင်များလည်းဈေးချသ်ည စေျးခချတိုင်းဝယ်ရစတန်းဆိုလျင် ခဥမအိတ်ကလေး
ပါးသွားနိုင်သည် အခုတောင်တစ်စမ်းစမ်းနဲ့ဖြစ်သည် ဘယ်လောက်ကျန်သေးလဲ
ဖြစ်ညှစ် ကြည့်တာ Internet banking ကဝင်လို့မရ.။ ခင့်သေငျေးပါဆှိုလျင်
ကိုကေ ကထောက်ခံမည် ဟု ထင်သော်လည်းခ င်သည် ပိုက်ဆံမရှိရှာချေ။ အော် လောက
လောက . . လောဘ များနင့်သာ ရှင်သန်နေရော့သလာူ အေးချမ်းအောင်
ကြံဆောင်ရပေမည်။ မပူချင်လျှင် မသုံးနဲ့ပေါ့ သုံးလျင်တော့ ခြောက်ဆယ်မှ
လစ်ဘို့ဖြစ်သည်. အလုပ်လုပ်မှ စားရမည် ဖြစ်ရာမလုပ်နိုင်လျှင်
လစ်ဘို့သာရှိသည် မလစ်ချင်လျှင်စုရမည် အော်. ဒုတ်ခ ဒုတ်ခ.ဒီလိုယောကျာ်းရ
ကံကောင်းတာပေါ့ ဆိုသော် အင်းဟု သက်ပြင်းရှည်ဆွဲ့ာ ချရသည်။
ဒါပေမဲ့လဲကိုယ်တန်ုဘိုးထားပုံခြင်း သူတန်ဘိုးထားပုံခြင်းကွာပေဦး မည် ခင့်သူငယ်ချင်းတစ်ယောက်သည်စာမရေးသော်လည်းဖ
ဘတွင် ဒါတ်ပုံမှန်မှန်တင်သူဖြစ်သည တစ်နေ့လျင် ပုံ လေးဆယ်ခန့် တင်တတ်သည်
တစ်နေ့စာ အယ်လဘန်သဘောမျိုးဖြစ်သည်. အယ်လဘန်တစ်ခုလုံး LIke လုပ်လိုက်သည်.
ပုံများကို ကြည့်ချင်သည့်အခါ ကြည့်သည် မကြည့်ချင်သည့်အခါ မကြည့် .
ဒါတ်ပုံဆိုသည်မှာ နဲနဲအဝေးမှ သူများက ရိုက်ပေးလှင်
ပိုကြည့်ကောင်းသည်ကိုယ့်ဘာသာလက်ကြီးဆန့်ထုတ်ရိုက်လှင်
ပုံကောင်းထွက်ဲခဲသာ့  ရံဖန်ရခါလန့်လန့်သွားသည် ၈ျုလိုင်ပြောသလိုပင် ကိုယ်က
လှသည် ထင်သော်လည်း ကြည့်သူအများ လန့်ကြသည်.
ထို့အတွက်ကြောင့ိုကိုယ့်ဘာသာကိုယ်ရိုက်သောပုံများကို ဆင်ခြင်တင်ရန်
အကြံပြုသည် ငယ်သောသူများကတော့ဘယ်လိုရိုက်ရိုက်ရပေသည် ။ ခင်တို့သာ
ဆင်ခြင်ရာ၏။
ဟုတ်သည် ဟိုတယ်လီဖုံးလေးသည် မြို့မိမြို့ဘ မေတ္တာရသော Don Steve Evergreen ပြောသကဲ့သို့ပင်
အချိန်အလန်ကို အသံထွက်ပြောသည် time is *8:05 pm ဆိုလား ကြားလိုက်သည်
ခင်နင့်တော့မဖြစ်. ခင်ကတော့ ထိုအသံလောက်ဆိုလျင် တုတ်တုတ်လှုပ်မည် မထင်
လန့်ဖြန့်စရာ alarm ကြီးက သာခင့် အားကိုးရာဖြစ်သည် ရုံးနောက်ကျလျှင် MC
ပြေးယူလို့မရ. နောက်ကျဘူးသည် ဘော့စ်ဆီဖုံးဆက်က oversleep ဖြစ်သွာကြောင်း
MC သွား.ယူမယ်နောက်ဟု ပတ်ချွဲနက်ချွဲလုပ်ရာ .ယူစရာမလို ရောက်အောင်သာ လာဟု
ခွင့်လွတ်သော်ခင်ပက်လက်လန်၏။
အကျီလေးများတွေ့သညှ်လှသော်လည်း ခင်ဝတ်လျှင် သက်ပြင်းချ၏။
အလုပ်သဘောအရလည်း တည်ကြည်ရလေရာ အသက်ကိုလည်းအားနာရ၏ အလုပ်ကိုလည်းအားနာရသည်။
သို့ဖြစ်လေရာ ခင်သည် ရှေ့းရိုးရာ အဖွားကြီးဖြစ်နေသည် သို့သော်လည်း
အားငယ်စရာမရှိ ခင်တို့ သည်အေးချမ်းသူများဖြစ်သည် ခင့်အထက်အရာရှိ သည်
လွန်ခဲ့သော ဆယ်နစ်က အကျီကိုဝဝတ်နေဆဲဖြစ်သသည်
ဟောင်းသောလည်းကောင်းနေဆဲဖြစ်သည်
ခင်နဲနဲရွဲနေသည် ယခုအပတ်ပင်ပန်းသည် ဖျားလည်းဖျားသည်လွမ်းဖျားဖြစ်နိုင်သည် ဆေးသောက်သော်ကောင်းသွား၏. မျက်စိယောင်ရာမျက်စေ့ဆရာဝန်သွား
ခင်သည် စိတ်ကူးယဉ်သည်ေ မာင်စိတ်ညစ်ကာ မင်းစိတ်ကူးယဉ်တာတွေ ရပ်ကွာဟု ပြောယူရသည်။
စကာပူမြို့ောတ်ကြီးသည်
ခန့်ငြား အဆင်္င့မြင့်လှသည် ရထားလာတော့မည်ကို ပြနေသည် နစ်မိနစ်တစ်ခါ
လေးမိနစ်တစ်ခါရထားလာသည။် လူများသော်လည်းအိမ်အမြန်ရောက် သည်။
အဲကွန်းပါသည်။ အချိန်ကုန်သော်လည်းပင်ပန်းသည် မထင်ရ. အင်တာနက်ကောင်းသည
လူတိုင် ဟန်းဖုံးကိုယ်စီ I touch ကြသည် အချင်းချင်းစကားမှ ပြောပါလေစ
တစ်ယောက်ထည်းဆိုလျင် touch နေကြလေသည် နားကြပ်ကလေးများကိုယ်စိဖြင့်သီ ချင်းနားထောင်ကြသည်
. ညီမအိမ်သွားလည်ရာ မမခင် မမခင် (ဂိ) ဆိုကာ သူ အိုင်ဖုံးမှ ယူကျူမှ
သီချင်းများ ဘယ်ကမှန်းမသိသောအိုင်ဖုံးထဲ မှ သီချင်းများကို ခလုပ်နိပ်ကာ
တီဗွီ ထံသို့ရောက်စေေ၇ွ့ Home theater မှ အသံထွက်ပြသော် ခင်သည် အံသြစွာ
ဖြစ်သည်. ခင့်ညီမသည်ခင့်ထက်တော်သည် သွက်သည် လက်ခ် မြင်သည် .အားကျရလေသည်
ခင်တို့ကတော့လှေထိုးကြီးရိုးရိုး ဖြစ်၏
ရုပ်ရှင်မကြည့်တာကြာဘီ ကြည့်ရဦးမည်။ အချစ်ကားတော့မကြည့်တော့ အချစ်သည်အဝေးမှာ ကျန်ခဲ့ပြီဖြစ်သည်။
ခင်ကတော့စိတ်ကူးယဉ်မြဲယဉ်ဆဲဖြစ်
Labels:
diary
Subscribe to:
Posts (Atom)
