Thursday, January 10, 2013

10th Jan 2013




























ဘာမှ ပြောစရာမရှိပါ။ လူများစွာ စကားပြောကြသည်။ ပြောသူများရွေ့နားထောင်သူရှားနေသည် နားထောင်လျင် ကျေးဇူးတင်ကြရသည်. ဘယ်သူလေးများ Like သွားမလဲ comment ပေးသွားမလဲထိုင်စောင့်နေသူရှိသည် ဖဘ မှ အသံ ( ခဥမကတော့အသံပိတ်ထားသောကြောင့်ဖဘအသံကို မှတ်တောင်မမှတ်မိ ) တောင်ကနဲကြားလျှင် တစ်ရေးနိုးပင် ဖြစ်စေ မနိုးပင်ဖြစ်စေ လက်ကလှမ်းဆွဲယူကာ ကြည့်သူရှိသည်. ခဥမကတော့မဆိုး. သမာဓိခိုင်သည်.။ မ  Like သွားလည်းစိတ်မဆိုး.။ လူငါးထောင်သူငယ်ချင်းထားသည်မှာအလကားမဟုတ်. ငါးထောင်ထားလျှင် ဆယ်ယောက်လောက်ကတော့ Like မည်ဖြစ်ရာ နေသေးသပ စင်ပေါ်ကဖြစ်သည်။

ကိုယ့်ရုပ်ကြီးကိုယ်သိတ်လှသည် ထင်သည် ကြည့်မဝ။ July ဆီပို့သည် အမလေး လန့်လိုက်တာ မာမီရယ် ဆိုသော် အမြင်မှန်ရသည်။ သူသည် အားနာတတ်သူမဟုတ်. ယခုမှ အမှန်ကို သိရလေခြင်း ယူကြုံးမရဖြစ်သည်ဗစ်တာဖန်း ဓါတ်ပုံတွေ ပြန်ပို့ပေးပါ. အရီးလှသည် လှသည် ဆိုသောကြောင့်ကျေနပ်နေရာ ယခုမှ မြောက်ပင့်ကာ ဒေးကာနက်၈ျီလုပ်သွားမှန်းသိရသည်.။ သူ့သားသည် ခဥမကဲ့သို့ပင် မပြုံးတတ်ချေ. ခဥမက လောကကြီးတွင် ပျော်စရာရှာမတွေ့တော့သူဖြစ်ပြီးသူ့သားကတော့ပျော်စရာတွေ ကို မသိသေးသူဖြစ်သည်လောကကြီးထဲသို့မျက်စေ့သူငယ်နာူးသူငယ်ဖြင့်ဝင်လာသူဖြစ်သည် အဖေ့အားကိုးဖြစ်သာ ခပ်တည်တည်နေနေရရှာသည်။ စင်စင် ကလေးကတော့မိန်းကလေးမှ ဟုတ်ပါလေစ. ကြီးလာလျင် မင်းသမီးဖြစ်နိုင်သည် ဒီလောက် သူ့ဘာသာသူ သဘောကျနေလေရာ ဖြစ်နိုင်လေ၏။




























ပျင်းစရာကောင်းလှသည် မောင် . ရန်ကုန်သွားသည်. ဆက်သွယ်ကြပါ ဆိုရာ မည်သုမျ မဆက်သွယ်. ဆက်သွယ်လျင်လည်းလက်ခံမည်မသေချာချေ. ဤမျှလောက် ရိုက်ပေါက် ခဥမကို ခင်မင်သူပေါေ၇ွ့ အထီးကျန်သည်မှ မထူးဆန်း အထီးကျန်လွန်သေယကြောင့်အမ မကျန်တတ်တတော့ . လူအများနင့်ပင်မနေတတ်တော့ချေ.။ အထီးကျန်မှူတွှု နေသားကျ ပျော်ဝင်နေသည် သိတ်နုသော စာများကို မဖတ်တော့ ကြမ်းတမ်းသော စာများကို လျှစ်လူရှူ၏။ ကြောက်မက်ဖွယ်ရာများကို Hide သည်။































မောင်ရန်ကုန်သွားရာ ပြောလျင် ယုံမည်မဟုတ် မောင်သည်ကာရာအိုကေ သွားတတ်သည် အနိပ်ခန်းသွားတတ်သည် ကောင်မလေးများနင့်တော့ လိုက်မအိပ်. (ယုံကြပါ။ )။ ဤသို့ဖြစ်လေရာ သွားလေရာတွှုသူသည် ကောင်မလေးများကို လက်ဆောင်ပေးချင်သည်. ။ ရုပ်ချောသောလည်းအပြောမကောင်းလျင် စော်မကြည်။ ရုပ်ဆိုးသော သူ့သူငယ်ချင်းသည် ကားအကောင်းစားကြီးဝယ်ကာ အပြောကောင်းလေရာ နိုက်ကလပ်သွားလျင် မောင့်ကို ရုပ်မြင်ပြီး ကပ်သော ကောင်မလေးများသည် ခဏနေလျင် စိတ်ပျက်ကာ သူများလက်ထဲသို့ရောက်၏။ အပြောလည်းမကောင်း. ကပ်စီးလည်း နည်းလျှင် မည်သူလိုက်ချင်မည်နည်း နိုက်ကလပ် အစပိုင်းတွင် ကောင်မလေးချောချောတစ်ယာက်နင့်သူ စကားပြောသည် ပြီးသော်ကောင်မလေးကို သူ နစ်ထောင်ပေးသည် ဆိုသည် နဲနဲမူးသွားသည်သိတ်မမှတ်မိဆိုကာ ဆင်ဆာဖြတ်သွားသည်။ ပြီးသော ထိုနစ်ထောင်သည် သူ့အိပ်ကပ်ထဲကသို့ပြန်ရောက်နေသည် ဆို၏. နည်းသွားတယ်ထင်ကား စိတ်မကောင်း. ပြန်သွားရှာသေးသည် ထင်၏. မတွေ့ထင်တာပါဘဲ။

























ကာရာအိုကေမျာနိုက်ကပ်များမပြောင်းသောလည်းကောင်မလေးများပြောင်သွားသညနစ်ပေါင်းအတော်ကြာသူသဘောကျသော ကောင်မလေးကိုသွားတွေ့သေးသည် အသက်ကြီးကာ ရုပ်ဆိုးသွားသည်ဟု စိတ်မေကောင်း. မိန်းမများအိုတာ သိတ်မြန်တာဘဲ ဟု ဆိုသည်။ လိုရင်းပြန်ကောက်သော နည်းနည်းပေးလျက်တော့ကောင်မလေးများသဘောကျနိုင်သည်ပေါ့ အနိပ်လည်းသွားတတ်သေည ယောာ်ကျားလေးလက်ကို မကြိုက် ဟင် လက်ကြမ်းကြီးတွေ ဆိုကာ မိန်းကလေးလက်က မှ လက်နုနုလေးတွေ ခံစားမှူ နူးညံ့သည် ဆိုကာ ကောင်မလေးတွေ နိပ်သော ဆိုင်ကိုမှသွားသည် တစ်ယောက်ထည်းသွားလျှင်လည်းကြောင်တောင်တောင်နဲ့ဆိုကာ အဖော်ရှာရရှာသည် သူမှ ကောင်မလေးတွေ ကို မထိန်းတတ်တာလေ.




























ထိန်းတတ်သေူပါမှ ပွဲစည်သည်ပေါ့ အနိပ်သည် စွဲ၏. သို့သော်နေ့စဉ်ရက်ဆက်မသွားနိင်. ကိုယ်လက်တွေ နာသည်။ သွားလျှင် ဘောက်ဆူးပေးရသည် ဘောက်ဆူးမပေးချင်သော မောင်သည်ခင်ထံမှာဝယ်ထားသော နစ်ကျပ်တန်များကို တောင်းသည် ခင်သည နစ်ကျပ်တန်များဝယ်သောလည်း ရံဖန်ရံခန် ငါးကျပ်တန် တစ်ဆယ်တန်များဝယ်တတ်သော်လည်း မောင်နမျောမှာ စိုးသောကြောင့း်နစ်ကျပ်ဟု ညာပြောာတတ်သည် မောင်သည နစ်ကျပ်တန်ဟုထင်ကာ ပေါပေါပဲပဲ လျောက်ပေးပြစ်လေရာယခုအခါ ခင်သည် announce လုပ်ရလေ၏။ declare လုပ်ရသည် ဒါက နစ်ကျပ်နော်ဒါက ငါးကျပ်နော်ဒါက တစ်ဆယ်နော် အစရှိသဖြင့်ပြောရသည် ဒါဆို သူဆုံးဖြတ်နိုင်သည်ပေါ့.




























ခင်ဝယ်ထားသော ပေါက်တတ်ကရများကို တော်တော်များများပေးလိုက်သည် လည်ဆွဲ. နားကပ်. နှူတ်ခမ်းနီ မိတ်ကပ်. အကျီများ. )အတော်များသည်။ ပိုက်ဆံအိတ်လည်းပါသည် ကိုယ်လဲ မသုံးနိင်တာ မျှပေးရမည်ပေါ့ ။ မောင်အိမ်ပြန်လာရင် ပြီးတာ ဘဲ ဆိုကာ ပေးလေသည်. ဒါတ်ပုံရိုက်ချိန်တော့မရ. မောင်သည်စိတ်ကူးမယဉ်တတ် ဘတ် ဘတ် နင့်ခင့်နှူတ်ခမ်းနီများကို လက်တစ်ခုပ နစ်ခုပ်ယူကာ သူ့အိတ်ထဲထည့်သည် ဘာတွေါာပါသွားလဲပင်မသိ ခင်သာ ဆိုရင်တော့ဟိုအရောင် ခင်ယးမည်ဟိုဟာ ကို ဟိုဟာမတွေ ကိုပေးဟု အရောင်မရွေးလိုက်ရချေ။ ယခုရိုက်ထားသည်များမှ သူယူသွားသည်ထဲမှကျန်သော အချို့ဖြစ်သည်။

ဈေးပေါသောလည်း စကာပူကြီးများကတောင်သယ်လာတာ မဟုတ်လား တန်ဘိုးအသင့်အတင့်ရှိမည်ပေါ့ အမေရိကားမှ ညီမလာသော်ခဥမသည် ငါ့များနတ်ခမ်နီးတစ်တောင့်လောက်ပေးရင်ကောင်းမှာဘဲ တောင့်တဘူးသည် ခင်ဦးမေတွေင် နနှူတ်ခမ်နးနိများစွားသုံ့မကေုန်အောင်ရှိသော်လည်းအမေရိကားက လာသော နှူတ်ခမ်နိးကို ဆိုးကြည့်ချင်လှသည်။ သို့ဆိုလျှင် အနိပ်ခန်းက ညီမလေးတွေ ကိုလှည့်စားရွေ့ရသည်ပေါ့ ဘောက်ဆူးပေးလျှင် မောင် ကပိုက်ဆံပိုကုန်သည် ဆိုသည် ဒါမျိုးလေးတွေ က မဆိုးဘူး ဟု တွက်ချက်သည် ဆိုးပေစွ..။

 
























ကီလိုနစ်ဆယ်ကို နစ်ယောက်သားကြောက်ကြောက်နင်ချိန်ကြရာ ဆယ်ငါးကီလိုခန့်ရသော ရပ်လိုက်ကြသည် တော်ကြာနေပေါင်ပိုတွေေ ပးနေရဦးမည်. ပေးရသောရာဇဝင်လည်းများလှပြီ တစ်ကီလို ဆယ့်တစ်ကျင်္ပဖြစ်ရာ ငါးကီလိုဆိုလျင် အတော်ထိသည် မောင့်ကို အောက်လိုက်မပို့ဟု ဆိုသည် ကို မျက်စေ့အောက်က အပျောက်မခုံနိင် . hand cary လိုက်ဆွဲပေးဆိုက်တက္ကစီနားတွင် အာဘွားပေးသွားသည်။ ပါးကို ဖြစ်သည် အို. ခင်တို့မောင်နစ်မလိုနေကြတာပါဆိုလျင် မောင်က မကြိုက်. ဒါဆို ဘယ်လိုနေကြသတုံးဆိုသော် ပွင့်လင်းရာသီမရောက်သေးရွေ့ ဆင်ဆာဖြတ်လိုက်ရသည်။ လိုက်ပို့ချင်သောလည်း လေဆိပ်ရောက်တာနငင့် ချက်ကင်ဝယင်မည် ဖြစ်ရာ မလိုအပ်ချေ.

  လေဆိပ်တွင် ချိန်သော ၁၃ ကီလိုသာသာ သာရှိသောကြောင့် ဟန်းကယ်ရီကိုတောင် ဘရက်ဒပင်္စကဲ့သို့ ဆွဲရန် မလိုတော့ဘဲ ဟန်းကယ်ရီကိုပါ လက်ဂျေ်လုပ်လိုက်လေရာ free man ဖြစ်သွားလေသည်။ အရက်ပုလင်းဝယ်ပါဦးလားဆိုသော်ဟာ အကျင့်ပါတယ်ဆိုသည် . လူတွေ ကို အကျင့်မလုပ်ရဘူးဆိုသည်။ အမြဲတမန်း သူပြန်လာတိုင်း အရက်သောက်ရတယ်ဟု သူငယ်ချင်းများက မသတ်မှတ်ရန်သူလိုလားသည် ဝယ်လိုက် မဝယ်လိုက်လုပ်သည် အမြဲပါနေ့ကျ မပါဘျသ် မကြည်ကြ. ပါလိုက် မပါလိုက်လုပ်သော သိတ်ပြောရွေ့မရတော့ ။ မောင်သည် တွက်သည် သိတ်တွက်သည်.။

Monday, January 7, 2013

2009 Thingyan

2009 သကြန်ဖြစ်သည် အင်းလျားလမ်းဖြစ်သည် သကြန်နင့်မကြုံတာ ဆယ်နစ်ရှိပြီ ဖြစ်သော သကြန်လည်းဖြစ်သည် ပထမဆုံးအတွေ့အကြုံမို့လို့အပျိုပေါက်ကလေးများကဲ့သို့စိတ်လှူပ်ရှားသည်.။ MBA မဏတ်တွင် သုံးရက်လုံးဝင်လိုက်ထွက်လိုက်ဖြစ်သည်.။ အမျိုးနင့်တွေ့သည် ကို tk အနောက်မှာ အရက်သောက်နေသည်ကို မသိသောအချိန်လည်းဖြစ်သည် လွန်စွာပျော်ခဲ့သောသကြန်ဖြစ်သည် အင်းလျားလမ်းရေမြုတ်သော သကြ့်ဖြစ်သည်. တွေးရုံနင့်စိတ်လှုပ်ရှားသည်။ အပျော်များကူးစက်သည်။ အင်းလျားလမ်းတစ်လျောက်လျောက်သည် ကမာအေးရောက်သည် မနု့်များစားရသည်. 

http://khinoomay77.blogspot.sg/2009/05/yangon-3.html blog တွင်ရေးပြီးသားဖြစသ်ည သို့သော်လည်း အနောက်ရောက်သွားလျင် လူမသိသောကြောင့်ရှေ့တန်းပြန်ရောက်ရန် နဲနဲ လူပ်ပေးရသည်.။ ပုံများကို နာမည်လိုက်ထိုးသည် စိတ်ပုတ်သောကြောင့်ဖြစ်သည် ရှယ်လို့ရရဲ့သားနင့်မရှယ်ဘဲ ကူးယူသွားကာ သူတို့ရိုက်ကူးကကဲ့သို့တင်ကာ အလွန်တရာလိုက်လံအသိပေးနိုင်မှ မသိလိုက်လို့ပါဟု ဆိုကာ ခရက်ဒစ်သေးသေးလေးပေးသူလဲ ရှိသည် မသိချင်ယောင်ဆောင်နေသူလဲရှိသည် တယ်လီဖုးန်ဖြင့်ရှယ်မရသောကြောင် သိတ်နစ်သက်လွန်းသောကြောင့် ဒေါင်းလုပ်လုပ်ကာကိုယ့်ဘာသာကိုယ်ရှယ်သူများလည်းရှိသည် နိဒါတ်ပုံလူသိများတာ ဝမ်းသာစမ်းပါ ဟု လာနစ်သိမ့်သူများလည်းရှိသည်. မနစ်သိမ့်နိုင် . လိုက် ရန်မဖြစ်လိုသောကြောင့်အကြီးကြီးရေးသည် ဒီထက် ပိုနာမည်ကြီးကြီးရေးရန် အစီအစဥင်္ရှိသည် ရိုက်တော့ကိုယ် . သူများက ကူးယူကာ ထိုသူထံမှာ လူအရောက်တစ်သောင်းလောက်က ရှယ်သွားလျင်သင်ဝမ်းသာနိုင်ပါလားကျွန်နုပ်တော့ဝမ်းမသာနိုင်ပါ. ။ ဆော့ဖဝဲများ ခိုးကူးတတ် ရုပ်ရှင်များ ကြည့်တတ်ပါသည် . 

သို့သောလည်းကိုယ့်ဒါတ်ပုံသူများခပ်တည်တည်နင့်ယူသွားလျှင်တော့အသည်းနာတတ်ပါသည် မနာရန် ဘာလုပ်ရမည်နည်း အကြီးကြီးရေးရမည်ပေါ့ကာကွယ်ရမည်။ တို့ပုံတို့ကာကွယ်မည်. ။အကျိုးရှိပါသည်. ။






























Thursday, January 3, 2013

2th Jan

အိပ်ရခါနီးပြီ . မြန်မြန်အိပ်ပါ. ပြောစရာ၇ှိမြန်မြန်ပြောပါ. ရေးစရာရှိမြန်မြန်ရေးပါ။ လူပ်စရာရှိ မြန်မြန်လုပ်ပါ .အလကားနေ သော့ခလောက်မဆွဲကြည့်နဲ့တော့ . နာရီ သော့အလမ်းကိုလဲ တစ်ခါဘဲ ဆွဲတင်ပါ။ တယ်လီဖုံးကိုတော့အလန်းပေးဘို့မမေ့ပါစေနဲ့ မိုးမလင်းရင်ခက်မယ်။ 


















count down ညက မဒေါင်းလိုက်ရဘူး အိပ်ပျော်သွားတယ်။ ပျော်နေတဲ့အပျော် ပျက်သွားတယ် စိတ်မဆိုးပါဘူး ကိုယ့်ကံဘဲ။ ကျန်းမာပျော်ရွင် မေတ္တာဝင်ရင်ပြီးတာဘဲ.
သွားကိုက်တယ်။ ဆရာဝန်သွားပြတတယ် စက်ကြီးထဲ ဒါတ်မှန်ရိုက်တယ် ကြောက်စရာကြီး ပါးစပ်က တစ်ခုခုကိုကိုက်ထားရတာ. ပလက်စတစ်တောင်းပြီးကိုက်တယ် သူတို့လဲပြင်ထားပါတယ် လူတိုင်းထည့်နေတဲ့ အဲလေ လူတိုင်းကိုက်နေတဲ့စက်ကြီး သွားဆရာဝန်ဆီပြရတာမလွယ်ဘူး လူနာ၈ျီးဂျက်များတယ်။

ဒါတ်မှန်စက်ကြီးကကောင်းတယ်ပါးစပ်နဲ့ကိုက်. အရင်ဘဝက နွားများမြင်းများ သိုင်းကြိုးချည်ခဲ့မိလား ကိုက်ထား ကိုက်ထားအတော်ကြတာဘဲ မျက်စိမှိတ်ထားမျက်စိတ်မျှီတတ်ာထားအတော်ကြတာတယ် မတ်တတ်မတတ်တတ် အတော်ကြာ တယ် အသက်ပိုကြီးတဲ့သူတွေ ရပ်နိုင်ပါ့မလား။ 




















စက်ကြီးက လည်နေတယ် ခေါင်းဘေးမှာ ခေါင်း ကိုလည်စကာနဲ့ထိန်းထားတယ် စိတ်ပူတယ် မျက်စိဖွင့်လိုက်ရင် လေဆာတွေများမျက်စိထဲဝင်သွားမလား။ လည်နေတဲ့စက်ကြီးကများမျက်နာကိုလာရိုက်မိမလား။ ဘေးက ညှပ်ထားတဲ့ စက်က အရှိန်လွန်ပြီး ရုပ်ရှင်ထဲကလို ခေါင်းကိုညှပ်လိုက်မိရင် ဘယ့်နယ်လုပ်မလဲ မျက်စိလဲမဖွင့်ရဲ အသက်ကို စက်ထဲ အက်ထားသလို.. ဒီလိုဘဲလား သူများတွေ ခံစားချက်. .

ရိုင်္ကပြီး ကွန်ပြူတာနဲ့ ကြည့်သိတ်ကောင်းတယ် ဖလင်ဘယ်မှာလဲ မလိုဘူး ဆရာယန်ဆီပြန်သွားတွေ့ရင် ဖလင်ကြီးဆရာဝန်ဆီ ပြန်ရောက်နေလိမ့်မယ် ဖလင်မလိုဘူ ကွန်ပြူတာနဲ့ sent လိုက်ပြီ. ဟယ်တော့ အဆင့်မြင့်လိုက်တာ. ဖလပ်ဆို ဓါတ်ပုံရိုက်ပြီးသွား မြန်လိုက်တဲ့လက်.

ဆရာဝန်က ကုပေးလိုက်တယ် သက်သာသွားမှာပါ.ဘာမှ မဟုတ်ဘူး. နောက်နေ့သူများတွေ ကို ပိုကြင်နာမယ်နော် လူနာလုပ်ရတာကြောက်စရာကြီး အားပေးကြပါ. ရှင်းပြပါ။