ဘိုတွေ ကမ်းခြေကြိုက်သည် မြန်မာလူမျိုးများလည်းကြိုက်ပါလိမ့်မည် သို့သော်သူ့တွင် ကမ်းခြေသို့မကြာခဏသွားသော မိတ်ဆွေသူငယ်ချင်း မရှိခဲ့ပါ.သူတို့သည် လူလတ်တန်းစားများဖြစ်ကြသည် မကြာခဏ ခရီးထွက်နိုင်သော သူများသုံးနိင်ဖြုံးနိုင်သူများ ခရီးထွက်လေ့ရှိသူများထည်းတွင်မပါပါ။
ယခုအချိန်တွင်တော့သူ့တွင် beach ကြိုက်သော နိုင်ငံခြားသားမိတ်ဆွေ များ မြန်မာပြည်သား မိတ်ဆွများ ရှိလာပြီဖြစ်သည် ပေါင်းသင်းဆက်ဆံရေးနယ်ပယ် အနည်းငယ် ကျယ်ပြန့်လာသည်ဖြစ်သည် သူ့မိတ်ဆွေ များမကြာခဏ beach သွားသည် ကြို အရင် ကနားမလည်နိုင်ချေ. အားရင် beach သွားနေတာဘဲ သူတို့လူမျိုးတွေ အတော် beach ကြိုက်တယ်ဟုသာ သုံးသပ်သည်။
ယခုတော့သူသည်လည်း beach ကြိုက်သူဖြစ်နေလေပြ.ီ။ bintang. အင်ဒိုနီးရှား. ပီနန် လန်ကာဝီ မလေးရှား. အစရှိသည်ကို သွားတတ်နေပြီဖြစ်သည် စကာပူတွင်တော့မသွားရသေး။ sentosa beach တော့ရှိသည် ပြီးမှ revison ပြန်ရဦးမည်။ east coast လည်းမရောက်ဘူးသေး။ marina bay ကို အရင်တုံးကတော့ရောက်ဘူးသည် ယခုမရောက်တတ်ကြာပြီ. စကာပူနားက ကျွန်းများလည်းမရောက်သေး ထုံးတို့ကာ မှတ်ထားရဦးမည်.
ချောင်းသာသည် လည်း လန်ကာဝီ ပီနန်များကဲ့သို့ပင် စည်ကားလာပြီထင်သည်။ ပြေငြိမ်း စိုးသူနင့်သွားပြီးကတည်းက (အဟမ်း) ထပ်မရောက်ဖြစ်သည် ထိုစဉ်က မစည်ကားသေး. ကမ်းခြေသည် ခပ်ညစ်ညစ်ဖြစ်သည် ဘာဟိုတယ် ညာဟိုတယ် များလည်း သိတ်မတွေ့. ကမ်းခြေသဲ့ကို ရှပ်တိုက်ကာ လျောက်ခဲ့သည်လောက်သာ မှတ်မိတော့သည်။
သွားမည် သွားမည် ရန်ကုန်သွားလျင် သွားမည် မြန်မာပြည်သွားလျင်သွားမည်. ချောင်းသာ စက်စဲ ငပလီ မောင်းမကန်. ......ချောင်းသာတော့ရောက်မည်ထင်၏. ရန်ကုန်နင့်အနီးဆုံး beach ဖြစ်လေရာ ရောက်မည် သေချာသည် ထင်သည်သာ။ ကားတွေ ကောင်းပါစေ. ရှိခိုး ဆုတောင်း အနရယ်ကင်းဘေးရှင်းပါစေ ဆုတောင်း ယခု ခရီးသွားနေသည်မှာ အတော်စိတ်ချသည် ကားပေါ်တက် ရောက်သည်သာ ဖြစ်သည်လမ်းခရီးတွင် အေးချမ်းသည်.ိစိတ်မပူ ရ. ရင်မပူရ. အဲကွန်းကား ကြီးနင့်ဇိန်ကျစွာနောက်မှီကို လှန်ချကာ စောင်ပါးလေးခြုံပြီးကွေးရသည်ကို အရသာ ဖြစ်သည်။ ခလေးများ ပုခက်နင့်သိပ်သ့ကဲ့သို့ပင်.
သို့သော်အပြန်ကားသည် အနည်ငယ်ကြီမ်းသည် မောင်းသည်မှာ မူးသည် လူပန်းရွေ့ဘဲ မူးသလား ခရီးပန်းရွေ့ဘဲ မုူးသလား ကားဆရာကြောင့်ဘဲမူးသလား မူးတော့မူးသည် ။ ဆေးသောက်ပြီးတော့မှ အနည်းငယ်သသက်သာသည်။ နောက်ဆိုလျင် ခရီးသွားလျင် အမူးပြေဆေးယူသွားရမည်ဖြစ်သည် အရက်သောက်တတ်လျင်တော့မူးသွားလျင် ဘာမှ သိမည်မဟုတ်. မသောက်တတ်တော့လည်းသောက်တတ်တာ သောက်ရသညပ်။
ကမ်းခြေသည် Luxary ဖြစ်သည် အချိန်အားရမည် လူအားရမည် ပိုက်ဆံရှိရမည်။ အတွဲရှိရမည်။ ခင်သည် အားလုံးပြည့်စုံသော်လည်းအတွဲမရှိ. မရှိသော်လည်း အားမငယ် တွေ့သောသူကို အတွဲလုပ်လိုက်သည်ပ။ ဒါဆိုလည်း ခင်ဗျား ခေါ်အိပ်လိုက်သေးလား ဆိုသူများကိုတော့ တော်ပါ. ဒါတော့မအိပ်ပေါင်. ဟု ဖြေလိုက်သည်ပေါ့။ အိပ်စရာလား တော်ကြာနေ အဆဲတော့မခံနိုင်။ ကိုယ့်ဘာသာ ကိုယ်အိပ်ရသည်ဘဲ။ အတွဲပါမှ အိပ်ရသည် မဟုတ်။
ကမ်းခြေတွင် ထိုင်ပြီးဝယ်လာသမျှ စားက ငေးမောမည်စိတ်ကူးသော်လည်း နေလုံးကြီးသည်ဝင်ဘို့သာစိတ်စောနေလေရာ အခက်တွေ့သည် သူဝင်သွါးသည် ကို နမျောစွာကြည့်ရသည်။ ကိုယ်လာသည်မျာ သူ့ကိုကြည့်ဘို့လာသူကို အကဲပို အမူပိုလေရော့လား.
ကမ်းခြေသည် ဆိုင်သိတ်များလှ ပီနန်ဘက်ကဆိုင်ပိုများသည် ကမ်းခြေကို ခြေဆင်းသော ဆိုင်များသည် ထင်သည် လန်ကာဝီကတော့ သိတ်မများလှ. ဆိုင်များရှိသော်လည်း ကမ်းခြေကို ခြေသိတ်မဆင်း.
ဘယ်မှ ထိုင်ရမည်ကို က စဉ်းစားစရာ. နောက်ဆုံးတာ့ပီဇာ ရမည် ဆိုသော ဆိုင်ကို ရွေးလိုက်သည်။ ဝယ်လာသည်များနမျောစရာဖြစ်သည်ပေါ့. ဆာတေး ဘာဂါ. ကြက်ကြော်. များစွာပါသော်လည်း ပီဇာနင့်လဲလိုက်သည် ။
ညသည် မှောင်ရီဝိုးတဝါး အရိပ်များဝိုးလာသော်လည်း ကြည့်ရနေဆဲဖြစ်သည်။ ကြည့်လေ ကြည့်လေ. နစ်သက်လေဖြစသ်ည ထိုနေရာတွင်အိမ်ဆောက်နေလျင်ကောင်းမလား. ချောင်းသာ တုံးက ဗိုလ်တွဲ့မဝယ်လိုက်ရသည်မှာ နာသည် ဒါကြောင့် ဟိုခေတ်ကတည်းက သော်တတာဆွေ တို့ သူငယ်ချင်း နိုင်ငံခြားပြန် စာရေးဆရာကြီး ဘိုဆန်ကာ ကမ်းခြေတွင် သွားဝယ်ခြင်းဖြစ်မည်။