ရန်ကုန်သင်္ကြန်နဲ့ဝေးခဲ့တာ အတော်ကြာခဲ့ပြီ။ ကြာဆို ထွက်လာတဲ့ နစ်ကတည်းကဘဲ။ အဲဒီနစ်က သင်္ကြန်တွင်းကြီး စလုံးကို စလာဘူးခဲ့တယ။် အဲဒီကတည်းက လွဲခဲ့တာ ကြာခဲ့ပြီ။ ဒီနစ် ချိန်ပြီး ပြန်လိုက်တယ်။ သယ်ချင်းတွေ ကို ဖုံးဆက်တော့ တစ်ယောက်ပြီး တစ်ယောက် က ငြင်းကြတယ်။ အသက်ကြီးပါပြီကွာ။ ဘုရားတရားလုပ်သင့်နေပါပြီတို့ ဘာတို့ညာတို့ နဲ့ နောက်ဆုံးတော့လည်း ကိုယ့်လိုဘဲ အသက်ကြီးပေမဲ့ မကြီးသေးဘူး ငယ်ပါသေးတယ်လို့ထင်နေတဲ့ အုပ်စုကလည်း ရှိနေသေးတာဘဲ။ ချိတ်ဆက်မိသွားတယ်။
မနက် ကားနဲ့ လျောက်ကြည့်တယ။် သူ့ဘာသာ တော့စည်ကားတယ်လို့တော့ထင်တာပါဘဲ။ အမြင်ပေါ်မူတည်တယ်။ ခြောက်တဲ့ နေရာသွားရင်တော့လည်း မစည်ဘူးလို့ ပြောလို့ ရသလို အင်းယားလမ်း သွားရင်တော့မစည်ဘူးလို့ ဘယ်သူပြောနိုင်မလဲ။
မနက် ကားနဲ့ လျောက်ကြည့်တယ။် သူ့ဘာသာ တော့စည်ကားတယ်လို့တော့ထင်တာပါဘဲ။ အမြင်ပေါ်မူတည်တယ်။ ခြောက်တဲ့ နေရာသွားရင်တော့လည်း မစည်ဘူးလို့ ပြောလို့ ရသလို အင်းယားလမ်း သွားရင်တော့မစည်ဘူးလို့ ဘယ်သူပြောနိုင်မလဲ။




ဓါတ်ပုံတွေ ကတော့ နေရာအစုံဘဲ။ စိတ်ကူးပေါက်တဲ့ နေရာရိုက်လာတာ ဆိုတော့ မှတ်မိတာလည်းရှိ။ မမှတ်မိတာလည်းရှိ။


သွားရင်းလာရင်း မုန့်လုံးရေပေါ်စားခဲ့ရသေးတယ်။ ဝမ်းသာလိုက်တာ။ စားချင်နေတာကတော့ အများကြီး။ စားပြီးရင်းစားချင်နေတာပါဘဲ။

ရေကျော်ထဲက မြောင်းကြီးနဲ့ မီးရထားလမ်း။ ဘေးကလူတွေ က အော်ကြတယ်။ ပြူတ်ကျမှာစိုးလို့။ ကိုယ်အရင်တုံးက ဒီလိုမျိုးမှာ ပြေးနေကျ ဆိုတာ သူတို့မှ မသိတာဘဲ။စိတ်ပူနိုင်ပါတယ်။ ပြူတ်ကျရင် ဆယ်မရဘူး လို့လည်း ဘေးကနေ အားပေး နေကြသေးတယ်။

အင်းယားလမ်းက ရေကစားတဲ့နေရာရောက်သွားတယ်။ အတော်စည်တယ်။ လူကြိတ်ကြိတ်တိုးဘဲ။ သူငယ်ချင်းကားကို ယုဒသန်ရှေ့နားလောက် ရပ်ပြီး လမ်းလျောက်ကြတယ်။ ရေဝယ်သောက်တယ်။ ဘယာကြော်သေးသေးလေးတွေ စားတယ်။ လျောက်ရင်းနဲ့ ရေလုံးတွေ က များလာတယ်။ အရင်ဆုံးကိုယ့်ဦးထုပ်ပျောက်သွားတယ်။ ခဏနေတော့ပုဝါ ပျောက်သွားတယ်။ တော်ကြာနေတော့ လက်ပတ်နာရီ မရှိတော့ဘူး။ ပြူတ်ကျခဲ့တယ်လို့ ခန့်မှန်းကြည့်တယ်။ ရေစိုခံပလက်စတစ်အိတ်တွေ အရောင်းသွက်တယ်။ တကယ်လဲ ရေလုံတယ်။ တယ်လီဖုံးတွေ ရေစိုခံမှာစိုးလို့ ဝယ်ထည့်ကြတယ်။ အဲဒီအိတ်ကလေးတွေ ကယ်လို့ဖုံ့းတွေ အပျက်နည်းသွားတယ်။ မဟုတ်လို့ကတော့ ဒီရေလုံးတွေ နဲ့ ရေကန်ထဲ ကို ဖုံးချလိုက်သလိုဘဲနေမယ်။





















ညနေစောင်းလာသလိုပွဲလည်းပို စည်လာတယ်။ ပွဲမသိမ်းခင် နောက်တစ်ပွဲဆက်ကြတယ်။ ရွေလီ အကင်ဆိုင်။ စီဒိုးနား နားကို သွားကြတယ်။ ရောက်တဲ့သူက ရောက်နင့်လို့စတဲ့သူက စနှင့်နေကြပြီ။ ပွဲကောင်းတယ်။
ကာရာအိုကေ ဆက်သွားချင်တဲ့သူက ရှိသေးတယ်။ ညီမလေးများမရှိဘူးဆိုပြီး မသွားချင်ပါဘူးဆိုတဲ့ အစ်ကိုများက ကန့်ကွက်တာနဲ့ သွားမဆိုရလို့ မကျေမနပ်ဖြစ်တဲ့သူက ရှိသေးတယ်။

အဲဒီညက မီးပျက်တယ်။ ပိုက်ဆံတွေ ရေစိုကုန်လို့ တစ်ရွက်ချင်း ဖြန့် အခြောက်ခံ. မိုးလင်းမှ ပြန်ကောက်ခဲ့ရတယ်။

