ရန်ကုန်ကို ပြီးခဲ့တဲ့ ရက်ပိုင်းက ရောက်ခဲ့တယ်။ ရန်ကုန်ပြန်မယ်ဆိုတော့ ဘာတွေ ရှိသလဲရှာတော့ ဒါတွေထွက်လာတယ။် ကိုယ့်အမျိုးက သူ့အမျိုး. သူ့အမျိုးက ကိုယ့်အမျိုးဆိုပေမဲ့ ကိုယ်ပြန်ရင်တော့ ကိုယ့်အမျိုးအတွက်ကပိုများပါတယ်။ ပိုက်ဆံအိတ်. မိတ်ကပ်. ဖိနပ်။ဘာညာကွိက သေတ္တာ နစ်လုံး ကီလိုသုံးဆယ်က ဘယ်လိုပြည့်သွားသလဲတောင် မသိတော့ဘုး. ကုန်သည်ကြီးဖြစ်နေပါတယ်။ ပါတိတ်ဘယ်ဈေးလဲသိချင်ရင်တော့ ပန်ပန်ကိုသာသွားမေးပါ။














စန်တိုစာက ဖိနပ်ကိုလည်းပါအောင်သယ်ရပါသေးတယ။် အားလုံးမှားပါတယ။် ကိုယ်ဝယ်တာ အညိုရောင်ပါ။ အသက်ကြီးပြီဆိုပြီး။ ဒါပေမဲ့ ဘာအတွက် ရည်ရွယ်သလဲဆိုတော့ သင်္ကြန်အတွက် ရည်ရွယ်ပါတယ်။

လေဆိပ်မှာသတိပြူမိတာတော့ကိုယ်တို့ ခရီးစဉ်က လူအများစု ကွန်ပြူတာ လက်ပတော့တွေ အတော်ပါ တယ်။ တကယ်ဘဲ အသုံးလိုလို့လား ဆိုတာ တော့စိတ်ဝင်စားမိတယ။်

လေဆိပ်မှာသတိပြူမိတာတော့ကိုယ်တို့ ခရီးစဉ်က လူအများစု ကွန်ပြူတာ လက်ပတော့တွေ အတော်ပါ တယ်။ တကယ်ဘဲ အသုံးလိုလို့လား ဆိုတာ တော့စိတ်ဝင်စားမိတယ။်
လမ်းခရီးမှာ ယောက်ကျားလေး အများစုက ဘီယာလို့ မှာကြတယ။် မှာလွန်းအားကြီးတော့ တစ်မျိုးဖြစ်မိတယ်။ စိတ်ထဲမှာ ရှိတာကိုပြောရရင်တော့ မေးသမျှလူက ဘီယာလို့ဘဲပြန်ဖြေကြတော့ လေယဉ်မယ်လေးတွေ တော့ဘယ်လိုနေမလဲမသိဘုး ကိုယ့်အနေနဲ့တော့သိတ်မကြိုက်ချင်ဘူး။ အိမ်မှာ မသောက်နိုင်ကြ ဘုးလားလို့ စဉ်းစားမိတယ်။ kmsl ကိုတော့မမေးကြည့်ရသေးဘူး။ သူဘာမှာလေ့ ရှိသလဲဆိုတာကို။ တစ်ယောက်က အတော်မူးနေပြီး ပြသာနာရှာနေတယ်။ မဖြစ်သင့်ဘုး။
လေယဉ်ပေါါ်မှာ အိမ်သာတံခါးကို ဆွဲဖွင့်ကာနီးကျရင် vacant နဲ့ occupied ရှိတာမှာ vacant လို့ ပြထားရင်တောင် စိတ်မချရဘူး။ အတွေ့အကြုံရှိသူမို့ တံခါးကို ခေါက်ပြီး အသာကလေး ဖွင့်တာတော့ အထဲမှာ လူ…လူ………………..ကလူ ကလူ ဆိုပြီး အမြန်ပြန်ပိတ်လိုက်ရတယ်။ အစကတည်းက မျက်စိကလေးကို မှေးထားတော့ သိတ်တော့လန့်မသွားမိဘူး။
ရန်ကုန်ရောက်ခါနီးတော့ စိတ်လုပ်ရှားမိသေးတယ်။ လမ်းခရီးကတော့အဆင်ပြေတယ်။ နေသာတယ်။ မိုး မရွာ ဘူး။


ပိတောက်တွေ ပွင့်နေတုံးဘဲ။

ခရီးရောက်မဆိုက် အထုတ်မချဘဲ လျောက်ကြည့်တယ။် နေစောင်းနေပြီဆိုတော့ပါဝင်တော့ မဆင်နွဲနိုင်တော့ဘုး။ ကိုယ်တို့လူမျိုးကတော့ပျော်နေတာပါဘဲ။ ကတဲ့သူက က. ရောင်းတဲ့သူက ရောင်း.။ စားတဲ့သူက စား။ မှောက်တဲ့သူက မှောက်။
46 comments:
ဒီတစ်ခါ မီးမီး ပထမပါကွယ်
မမ ခရီးပန်းလာသလား
ပျော်ခဲ့လား
တော်တော် ပျော်ခဲ့လား မမ။
အစားအသောက်ပုံလေးတွေတော့ ပါအောင်တင်ပေးနော်။
အမ kom.. welcome back !!! btw, ရန်ကုန်မှာ ကြုံတုန်းလေး တရားစခန်း မ၀င်ခဲ့ဘူးလား.. ဟီ..
စပိုစ့်ရှပ်လေးတွေကြိုက်တယ်..
တစ်ထည်ပေး
အနီအစင်းလေးနဲ့
အပြာစင်းလေး
ယူချင်တယ်
မမကွန်နဲ့ ပို့စ်အသစ်လေးကို လာကြိုပါတယ်
ပျော်ခဲ့တယ်ပေါ့ ဂျီးဒေါ်.. အားကျပါ့..
သားသားတွက်ရန်ကုန်ပြန် ဘာပါတုန်း?
ကြည့်နေရင်းနဲ့ တက်လာတဲ ကွန်မင့်တွေ အားကျပါတယ် အမရေ… ပို့အသစ်များ စောင့်မျှော်လျှက်……
နာမကြီး လစ်သွားတာကိုး ပျောက်နေတယ်မှတ်တယ် အဟားဟား ကီလို ၃၀ ဘယ်ရမလဲ ၅၀ တောင်မှ မဆန့်လောက်ဘူး တင်ပါဦး ရန်ကုန်က အကြောင်းတွေ
လေးစားလျက်
တောင်ပေါ်သား
သင်္ကြန်အလည်ပြန်တယ်ပေါ့... ဘာတွေလုပ်ခဲ့လဲ ရေးပါဦး
အစ်မပျောက်နေတာ ကြာလို့ လည်လည်ပြန်သွားတာကိုး။
စပို့ရှပ်တွေ အညားကြီးပဲနော် ... ကိုယ်ပြန်တုံးကလဲ လက်ဆောင်အတွက် သစ်တာ အကြီးတစ်လုံး ...
စားစရာလေးများပါရင် တင်ပေးပါဦး။ သရေကျချင်လို့ပါ။
ပျောက်နေတယ်ထင်နေတာ ရန်ကုန်ပြန်နေတာကိုး။ ပျော်လာတယ်ပေါ့။ ညီမလည်း ခဏပြန်ဦးမယ်
ပျောက်နေတာကြာပြီ .. ခုမှပဲ ပြန်တွေ့တော့တယ် .. အတော်ပျော်ခဲ့တယ်ပေါ့ မကြီး :)
အော်။ အစ်မကြီးက မဟာသင်္ကြန်ကို ပြန်လည်ဆင်နွှဲတာကိုး။ :D
အကြာကြီး ပြန်သွားတယ် လူဇိုး။ ဒီကလူတွေရဲ့ မျက်နှာတောင် မထောက်။
ဝဲကမ်းဘက်ပေါ့၊ဘယ်လိုဖြစ်လို့ သင်ဉ္စာအေးကိုကြိမ်းမောင်းနေတာလဲ
အမပါတိတ်တွေဘယ်ကသွားဝယ်လဲ။ အမေကလေ ဒီကဒါးကြီးပါတိတ်ထည့်ပေးတော့ မစစ်ဘူးတဲ့။ ဒါးကြီးပါတိတ်အစစ်က နံသာဖြူနံ့မွှေးတယ်ဆိုပဲ။ ဟုတ်လားတော့မသိဘူး။ ဒီကပို့တဲ့ဟာက မမွှေးလို့မစစ်ဘူးတဲ့။ ဘယ်သိမလဲ။ သူများက Pennisula က၀ယ်ပေးတာ။
မမဂွိစ် လည်လည်ပြန်သွားတာကိုး။ လက်ဆောင်တွေက တပွေ့တပိုက်ကြီးပေါ့။ ဟိ ဟိ ဖိနပ်က အရောင်မှားသွားတယ်။ ဘာစားစရာတွေ ပါလာလဲ ရှိသေးရင် ပေးပါ။
စိတ်သွားတိုင်း ကိုယ်ပါနိုင်သူတွေ ပျော်ကြပါ (နာလိုဘူး တကယ်)
Daw Daw KOM
Welcome back! One day 3 posts naw! (to be more than TZA).
ဒါကြောင့် မမကို အင်းယားကန်ဘောင်မှာ အချစ်နဲ့ တွဲပျော်နေတာ တွေ့လိုက်ရတာကိုး..လူမှားတယ် အောက်မေ့နေတာ..
အစကတည်းက မျက်လုံးလေးမှေးထားလို့ သိပ်မလန့်လိုက်ပါဘူးဆိုလို့ အားရပါးရ ရီမိတယ်..
မမ ပြန်လာပြီ...
အင်္ကျီတွေကလည်း အများကြီးပဲ။
မမ သင်္ကြန်မှာတရားစခန်းဝင်ခဲ့သေးလား။
နှစ်သစ်မှာ ပျော်ရွှင်ပါစေ။
အတော်ဆိုးတဲ့ သူတွေပဲ။ လေယာဉ်ပေါ်မှာ ဘီယာသောက်တယ်တဲ့။ သိက္ခာကျမှာချင်း အတူတူ ငါ့လို ၀ိုင်မှာသောက်တာ မဟုတ်ဘူး။
လေယာဉ်ပေါ်မှာ Electronic device တွေ ပိတ်ထားဆိုတာတောင် camera ဖွင့်ပြီး ရိုက်ဖြစ်အောင်ရိုက်ခဲ့သေးတာပဲ.....
ရန်ကုန်မှာ ပျော်ခဲ့မယ်လို့  မျှော်လင့်ပါတယ် မမရေ....
ရန်ကုန်သင်္ကြန် ဓာတ်ပုံလေးတွေ လာငေးပါတယ် အစ်မ...
ထင်သားပဲ ဗမာပြည် ပြန်လည်နေတယ်ဆိုတာ...
စိမ်ခေါ်ရင်တိမ်ပေါ်ထိလိုက်မဟေ့... လို့ပဲ ပြောလိုက်ချင်ပါတော့တယ်။ လာထား၊ ရေးရင်း ရေးရင်း ကိုယ်ဘာရေးနေမှန်း မေ့သွားတဲ့အထိ အရှည်ပြိုင်ကြမယ်။
မမဗျာ ဖောက်သည်သွင်းဖို့ ကျနေတာပဲ။ ပစ္စည်းတွေ သယ်လိုက်တာ။
လူကြုံမှာကြမှာ ကြောက်လို့နဲ့ တူတယ်။ တိတ်တိတ်လေး ပြန်သွားတယ် အမကြီး။
မမရယ်... လွမ်းလိုက်ရတာ...
ပြောပြောက စောသွားတာမဟုတ်ဖူး...
အခုတော့ ဒီမှာ မမ ဘာဖြစ်နေတာပါလိမ့်လို့ စိတ်ပူနေရတာ...
မုန့်တွေပါလာရင် ကျွေးပါအုံးမမရေ..
သရက်သီးကိတိစ....
မမပြန်လာတာ ကျနော့အိမ်တောင်မ၀င်ဘူး..
ကိုဘတို့ ကိုစတိဖ်တို့လောက် ကျနော့ကိုမခင်ပါဘူးလေ..
ကျနော့မှာတော့ မမ မရှိတုန်း..ကြမ်းတိုက်ရ..
ဖုန်သုတ်ရ...
သီချင်းဆိုရ...
အမူးသမားလို့ မပြောခံရ..နဲ့
ရပါတယ်..
ရပါတယ်..
(မျက်ရည်လည်ရွှဲနဲ့ ပြန်သွားတယ်)
Xထုံ
တို့က သူများတွေလို အိမ်မရှိတဲ့ ခြေသလုံးအိမ်တိုင် သမားဆိုတော့ ဘယ်တော့များကိုယ့်နံမည်ခေါ်မလဲလို့ သူများအိမ်တွေမှာ လိုက်ကြည့်နေရတာပါ ပေါက်ရယ်..
ဟီး..ရွှတ် ဝမ်းနည်းထှာ...
ဝယ်သွားတာ အများကြီးပဲ..ဒါကြောင့် ရန်ကုန် မပြန်ဖြစ်တာ..ဘတ်ဂျတ် မလောက်လို့ :)
အင်းးး kmsl ပြန်တော့ ပိုက်ဆံအိတ်တွေ၊ ဒေါက်ဖိနပ်တွေချည်း သယ်သွားသလို မမ ပြန်တော့လဲ ယောကျာင်္းတီရှပ်တွေ အသယ်များပါလား။ အမျိုးတွေ.. အမျိုးတွေ..။
သက်ပြင်း ခပ်ကြီးကြီး ချသွားသည်။
ချစ်တဲ့ - လှထုံ
မမလေယာဉ်ပေါ်မှာ ကလူကလူ လုပ်တာ ရီလိုက်ရတာ။ ဒါမှ တို့မမကွ။ welcome back!
confused.com
လူအများစု ကွန်ပြူတာ လက်ပတော့တွေ အတော်ပါ တယ်။
in-flgiht wifi access available?
လမ်းခရီးမှာ ယောက်ကျားလေး အများစုက ဘီယာလို့ မှာကြတယ။် မှာလွန်းအားကြီးတော့ တစ်မျိုးဖြစ်မိတယ်။
Why did they want it?
သူဘာမှာလေ့ ရှိသလဲဆိုတာကို။ တစ်ယောက်က အတော်မူးနေပြီး ပြသာနာရှာနေတယ်။
It is absolutely unacceptable.
အတွေ့အကြုံရှိသူမို့ တံခါးကို ခေါက်ပြီး အသာကလေး ဖွင့်တာတော့ အထဲမှာ လူ…လူ………………..ကလူ ကလူ ဆိုပြီး
Door lock not working?
Welcome Back..
ဟာ ပျော်စရာကြီး ရန်ကုန်ပြန်ပြီး သင်္ကြန် ပျော်လာတယ်ပေါ့ ဟိဟိ အားကျလိုက်တာနော်
လက်ဆောင်လဲဝယ်ရသေးတယ်.ဒဒစ်စကောင့်ချတဲ့ စပို့ရှပ်ကို ၀ယ်ပေးမိလို့ ဒစ်စကောင့်ကြီးပေးတယ်လို့ အတင်းပြောခံရတယ်။ ချထားတာတောင် စလုံး၄၅ပါ။
ရန်ကုန်ပြန်ချင်တယ် ....း((((((((((
"ပါတိတ်ဘယ်ဈေးလဲသိချင်ရင်တော့ ပန်ပန်ကိုသာသွားမေးပါ။"
မပန်ကပါတိတ်လည်း ရောင်းသလား
welcome back .. မKOM :P
ဟီးဟီး... ပါတိတ်ဈေးကိုတော့ ဒီနေရာမှာ မပြောတော့ပါဘူး..
သယ်သွားရတာ အချိန်မစီးဘူးလား...
ရန်ကုန်ပြန် ဘာပါလဲ. ဆိုးဆေးမပါတဲ့ လက်ဖက်လေးဘာလေး မပါဘူးလား
Hey ma ma ...nice posts. set yay par oo.
EE
Seriously လာလာလည်တာကျေးဇူးပါ။
Wai
လာလာဖတ်ပေးတာလည်းကျေးဇူးပါဘဲ။
စင်စင်
ငြိမ်နေသလိုဘဲ အခုတစ်လော
Anonymous
အများကြီးဘဲ။ :D
မျီို
ကျေးဇုး
Anonymous
တို့ဒစ်စကောင့်ရှပ်ကတော့ငါးကျပ် တစ်ဆယ်ပါ
Su
ကိုလည်းကျေးဇူးတင်ပါတယ။်
အားလုံးကိုကျေးဇူး. အများကြီး..
နောက်ဆုံးနေရာ လာဦးတယ်
Post a Comment