မိုးလင်းအားကြီးမှ ထပြီးတော့မုန့်ကလေးတွေကို စားလိုက်သေးတယ။် စကော့ဈေးက ဝယ်လာတဲ့မုန့်တွေ ကိုပေါ့။



ဖြစ်သလို ဟိုကျန်ဒီကျန်လေးတွေ စားလိုက်ရတာက..မန်ကျည်းရွက်သုပ်. ဘဲဥချဉ်ရည် . သီးစုံချဉ်ရည်. ငပိ ရည် ။ ပုဇွန်ခြောက်သုပ်။ မန်ကျည်းရွက်သုပ်ကလေးအတော်ကောင်းတယ်။



သွားရင်းလာရင်းနဲ့ ကြေးနန်းရုံးကြီးရှေ့ရောက်တယ်။ အဲဒီလို အဆောက်အဦးကြီးတွေ ကို သိတ်သဘော ကျတယ်။ ကြည့်လို့မဝဘူး။

အနော်ရထာတစ်လျောက်လျောက်ရင်းနဲ့တွေ့ခဲ့တာတွေ ကတော့ ဘိန်းမုန့် ...တာဝန် ကျေအောင် ဝယ်စားရပြန်တယ် ၂၀၀ကျပ်ပါ။ အဖြူက ဆိမ့်တယ် အညိုကတော့ထန်းညက်နဲ့လုပ်တယ်ထင်တာဘဲ . တစ်ခုတစ်မျိုးစားကောင်းတယ်
အသုပ်စုံ. အသုပ်စုံကလေးစားချင်လိုက်တာ. သို့သော်ငြားလည်းကိုယ် အဲံဒီနေ့က eပန်းနေပြီဆို တော့ကာ မစားရဲဘူး ဖြစ်နေတယ်။ စားတာကလည်းများတယ်လေ.lomotil တကဒ်ကိုအိတ်ထဲထည့်ပြီး ရောက်တဲ့နေရာစားနေတာပါ။


ထန်းသီးကို ဗန်းနဲ့ ရွက်ရောင်းတဲ့ အသည်ဆီကနေ ဝယ်လိုက်တယ်။ တထုပ်ကို ၂၀၀ကျပ်.။ သုံးထုပ်ကို ၅၀၀ ပါ။ ဒီတော့ကာ ၁၀၀၀ ဘိုး ဆိုတော့ ၆ ထုပ်ရပါတယ်။ အဲဒီထဲက ကိုယ်တထိုင်တည်းစားတာ လေးထုပ်ကုန်ပါတယ်။


မှတ်ချက် စာားစရာတေါချည်းဘဲဆိုတော့ အားနာမိတယ်
32 comments:
:)
Thanks for let me know in well advance.
;)
I am talking to your PC.
စားစရာတွေချည်းပဲမို့ အားနာတယ် ဆိုတော့ အားနာခံပြီး သွားရည်ကျသွားတယ်။
တိတ်တိတ်ကလေး နောက်ဖေးမှာ သားလုပ်နေတာ ရေခဲခြစ် မဟုတ်ဘူးကိုးးး
ရန်ကုန်ကိုးဆိုတော့ ရန်ကုန် ဇာတ်သိမ်း မဟုတ်သေးဘူးပေါ့..
စောင့်ပြီးဖတ်နေတာ မကြီး။
ဂလုဂလု ဂလု
ဂလုဂလု ဂလု
ဂလုဂလု ဂလု..... :)
ထန်းသီးတွေ အထောကြီးပဲ..
အနော်.. စားချင်တယ်
အဖွား..
“ကြေးနန်းရုံး” ကိုဘာသွားလုပ်လဲသိတယ် နော.
MPT ကဒ် Top-Up သွားလုပ်တယ်ပေါ့...
“ပန်းဆိုးတန်း” Control Station, Exit (Z) က နေထွက်ရတာဟုတ်.
“အသုပ်” တော့ အားကြီးကြိုက် .ဘာမှမရှိရင် လက်သုပ်ပုဝါ ပါးစပ်ထဲ ပစ်ထဲ့ပလိုက်တာ.
“အသီး” လုံးဝ(လုံးဝ) မစားပါ (မီးသီး, လက်သီး)
လာငေးသွားတယ် တောင်ပေါ်ရှမ်းဆိုတော့
မစားဖူးပါ ရိုးပါတယ်
ငေးပြီးဘာလည်းဆိုတာအဖြေရှာမရဖြစ်သွားပါတယ်
ပုံလေးကြည့်ပြီး သရေလည်းမကျဘူးဖြစ်သွားတယ်
ထန်းသီးကြိုက်တယ်ဗျ
မမ တကယ် စုံပလုံစိအောင် စားခဲ့တာပဲ၊ ရန်ကုန်ပြန်ရင် မမဆီက စာရင်းကူးသွားရမယ်
.. အင်း.. ဆေးလဲ ယူသွားရမယ်၊ အရင် တခေါက် ရောက်ရောက်ချင်း ရှောက်သီးသုပ်စားလိုက်တာ ကျန်တဲ့ တစ်ပါတ် ကြက်သားပြုတ်ကြော်နဲ့ စခန်းသွားလိုက်ရတယ်.. :(
မန်ကျည်းရွက်သုတ်လေး လုပ်စားချင်တယ် မမရာ။
ဒါနဲ့ တာဝန်ကျေအောင်စားရတယ်ဆိုတော့ ဘယ်လိုများပါလိမ့်။ ကိုယ့်ဖာသာ စားတာသောက်တာ တာဝန်ကျေဖို့များ လိုသလား။ ဒီလိုတာဝန်များ ကျေချင်ပါဘိ။
မခင်ဦးမေရယ် အပေါ်ကထည့်သလောက်၊အောက်ကအရည်
စက်လက်ထွက်နေပုံပဲ
အပေါ်ဆုံးက အုန်းသီးတွေနဲ့ မုန့်တွေရယ်..
ထန်းသီးရယ်စားချင်တယ်..
ထန်းသီးမုန့်ရော မစားခဲ့ဘူးလား..
မုန့်တိုဇံလဲ မပါဘူး
Xထုံ
(ညက ဆူညံပွက်လောရိုက်ခဲ့တဲ့အတွက်
ဆောတီးပါ မမ)
e ပဲပန်းပန်း ၊ တာဝန်ကျေအောင် အားလုံးစားခဲ့သင့်တာပေါ့ ။
အမ။ မုန့်တွန်ဇံနဲ့ ထန်းသီးမုန့်ကို နောက် ပို့စ်အတွက်များ ခွဲချန်ထားခဲ့တာလားဟင်။ ဘလော့လာလည်တဲ့သူတွေ သွားရည်ကျအောင် မမ တာဝန်ကျေခဲ့တာ မဟုတ်လား။ (e ပန်းတာကတော့) စားချင်တာ အလျဉ်မပြတ် စားလို့ရအောင် လမ်းကြောင်းရှင်းတယ်နဲ့ တူပါတယ်။ :P
မီးမီးလဲ ဒီလိုတာဝန်မျိုး ကျေချင်စမ်းပါဘိတော်...
ထန်းသီး စားချင်တယ် မမရယ်... တကယ်ပြောတာပါ။
(သက်ပြင်း အကြီးကြီးချ၍ ပြန်သွားသည်..)
မမ kom
ထန်းသီး စားချင်တယ်။
ရက်စက်ပအမ။
မုန့်စိမ်းပေါင်းနဲ့ မုန့်လိပ်ပြာအရမ်းစားချင်တာပဲ။
မန်ကျည်းရွက်သုပ်လေး စားချင်တယ်။ လွမ်းနေတာ ကြာလှပြီ။ ဘယ်တော့များမှ စားရမလဲ မသိဘူးး(
ဟယ်.... ထန်းသီး ၄ ထုပ်ကုန်အောင် စားတယ်လား ။ ဒိုးစလံ တင်းစလံ... အလေးပြုသွားပါတယ် ။
အပေါ်ဆုံး စကော့ဈေးကမုန့်တွေ မုန့်လိပ်ပြာ၊ အညာသားကျောကုန်း၊ ရွှေထမင်း။
အောက်က ထမင်းဝိုင်းကတော့ အကုန်စားချင်တယ်..
မန်ကျည်းရွက်သုပ်၊ ပုစွန်ခြောက်သုပ်၊ ငါးပိရည်၊ ချဉ်ရည်ဟင်း။
သားရည်တွေခနခန ကျရလွန်းလို့ ရန်ကုန်တွေကို ဆက်ခိုင်းရကောင်းမလား ဖြတ်ခိုင်းရကောင်းမလား။
ဟီးး ပန်းတော့မှာပေါ့ အမရ စားတာက နဲတာမှ မဟုတ်တာ.. သတိထားဦးနော့်...း)
လေးစားလျက်
တောင်ပေါ်သား
မန်ကျည်းရွက်သုပ်စားချင်တယ်။
မစားရ၀ခမန်းတွေ တော်တော်များနေပြီဗျို့
စားချင်လိုက်တာ မမရယ်၊ပြန်များ ပြန်လို့ ကတော့ မမ ဆီက စာရင်း ယူသွားပီး ပန်းချင်လဲပန်း စားပလိုက်ဦးမယ်
မတရားမှုတွေလွှမ်းမိုးနေတဲ့ ဗမာပြည်တော့ဘယ်လောက်ပဲချစ်ချစ် ဘယ်လိုပဲ အစာ နဲ့ မျှားပါစေ။ တောင့်ခံထားမယ်။ မပြန်သေးဘူး.။ အခုလဲ ဒေါ်စုကိုထောင်ချကြမလို့တဲ့လေ။ ၂၀၁၀ အမှီနေမှာပေါ့
အားကျမခံ အိမ်ကို မန်ကျည်းရွက်မှာထားတယ်… ထန်းသီးတွေ အဲလောက်စားတော့ lomotil နိုင်ရဲ့လား မမရယ်…
အောက်တိုဘာ ပြန်ရင်တော့ ....
စားမှာပဲ စားမှာပဲ..ဗိုက်ပေါက်အောင်စားမယ်
strike said...
မခင်ဦးမေရယ် အပေါ်ကထည့်သလောက်၊အောက်ကအရည်
စက်လက်ထွက်နေပုံပဲ
အောင်မယ်လေ: Strike ရယ်။။ ကွင်းကွင်းကွက်ကွက် ပါပဲလား.
Strike ကတချိန်လုံးအောက်ပိုင်းရောအထက်ပိုင်းရော စဉ်းစားနေပုံဘဲ..ကြောက်စရာ
မြန်မာစားစရာတွေကို ကြည့်ပြီး သွားရေယိုသွားတယ်။
Post a Comment