Thursday, April 30, 2009

Yangon 2

ရန်ကုန်သင်္ကြန်နဲ့ဝေးခဲ့တာ အတော်ကြာခဲ့ပြီ။ ကြာဆို ထွက်လာတဲ့ နစ်ကတည်းကဘဲ။ အဲဒီနစ်က သင်္ကြန်တွင်းကြီး စလုံးကို စလာဘူးခဲ့တယ။် အဲဒီကတည်းက လွဲခဲ့တာ ကြာခဲ့ပြီ။ ဒီနစ် ချိန်ပြီး ပြန်လိုက်တယ်။ သယ်ချင်းတွေ ကို ဖုံးဆက်တော့ တစ်ယောက်ပြီး တစ်ယောက် က ငြင်းကြတယ်။ အသက်ကြီးပါပြီကွာ။ ဘုရားတရားလုပ်သင့်နေပါပြီတို့ ဘာတို့ညာတို့ နဲ့ နောက်ဆုံးတော့လည်း ကိုယ့်လိုဘဲ အသက်ကြီးပေမဲ့ မကြီးသေးဘူး ငယ်ပါသေးတယ်လို့ထင်နေတဲ့ အုပ်စုကလည်း ရှိနေသေးတာဘဲ။ ချိတ်ဆက်မိသွားတယ်။

မနက် ကားနဲ့ လျောက်ကြည့်တယ။် သူ့ဘာသာ တော့စည်ကားတယ်လို့တော့ထင်တာပါဘဲ။ အမြင်ပေါ်မူတည်တယ်။ ခြောက်တဲ့ နေရာသွားရင်တော့လည်း မစည်ဘူးလို့ ပြောလို့ ရသလို အင်းယားလမ်း သွားရင်တော့မစည်ဘူးလို့ ဘယ်သူပြောနိုင်မလဲ။




















ဓါတ်ပုံတွေ ကတော့ နေရာအစုံဘဲ။ စိတ်ကူးပေါက်တဲ့ နေရာရိုက်လာတာ ဆိုတော့ မှတ်မိတာလည်းရှိ။ မမှတ်မိတာလည်းရှိ။

















သွားရင်းလာရင်း မုန့်လုံးရေပေါ်စားခဲ့ရသေးတယ်။ ဝမ်းသာလိုက်တာ။ စားချင်နေတာကတော့ အများကြီး။ စားပြီးရင်းစားချင်နေတာပါဘဲ။













ရေကျော်ထဲက မြောင်းကြီးနဲ့ မီးရထားလမ်း။ ဘေးကလူတွေ က အော်ကြတယ်။ ပြူတ်ကျမှာစိုးလို့။ ကိုယ်အရင်တုံးက ဒီလိုမျိုးမှာ ပြေးနေကျ ဆိုတာ သူတို့မှ မသိတာဘဲ။စိတ်ပူနိုင်ပါတယ်။ ပြူတ်ကျရင် ဆယ်မရဘူး လို့လည်း ဘေးကနေ အားပေး နေကြသေးတယ်။














အင်းယားလမ်းက ရေကစားတဲ့နေရာရောက်သွားတယ်။ အတော်စည်တယ်။ လူကြိတ်ကြိတ်တိုးဘဲ။ သူငယ်ချင်းကားကို ယုဒသန်ရှေ့နားလောက် ရပ်ပြီး လမ်းလျောက်ကြတယ်။ ရေဝယ်သောက်တယ်။ ဘယာကြော်သေးသေးလေးတွေ စားတယ်။ လျောက်ရင်းနဲ့ ရေလုံးတွေ က များလာတယ်။ အရင်ဆုံးကိုယ့်ဦးထုပ်ပျောက်သွားတယ်။ ခဏနေတော့ပုဝါ ပျောက်သွားတယ်။ တော်ကြာနေတော့ လက်ပတ်နာရီ မရှိတော့ဘူး။ ပြူတ်ကျခဲ့တယ်လို့ ခန့်မှန်းကြည့်တယ်။ ရေစိုခံပလက်စတစ်အိတ်တွေ အရောင်းသွက်တယ်။ တကယ်လဲ ရေလုံတယ်။ တယ်လီဖုံးတွေ ရေစိုခံမှာစိုးလို့ ဝယ်ထည့်ကြတယ်။ အဲဒီအိတ်ကလေးတွေ ကယ်လို့ဖုံ့းတွေ အပျက်နည်းသွားတယ်။ မဟုတ်လို့ကတော့ ဒီရေလုံးတွေ နဲ့ ရေကန်ထဲ ကို ဖုံးချလိုက်သလိုဘဲနေမယ်။






































































ညနေစောင်းလာသလိုပွဲလည်းပို စည်လာတယ်။ ပွဲမသိမ်းခင် နောက်တစ်ပွဲဆက်ကြတယ်။ ရွေလီ အကင်ဆိုင်။ စီဒိုးနား နားကို သွားကြတယ်။ ရောက်တဲ့သူက ရောက်နင့်လို့စတဲ့သူက စနှင့်နေကြပြီ။ ပွဲကောင်းတယ်။
ကာရာအိုကေ ဆက်သွားချင်တဲ့သူက ရှိသေးတယ်။ ညီမလေးများမရှိဘူးဆိုပြီး မသွားချင်ပါဘူးဆိုတဲ့ အစ်ကိုများက ကန့်ကွက်တာနဲ့ သွားမဆိုရလို့ မကျေမနပ်ဖြစ်တဲ့သူက ရှိသေးတယ်။






အဲဒီညက မီးပျက်တယ်။ ပိုက်ဆံတွေ ရေစိုကုန်လို့ တစ်ရွက်ချင်း ဖြန့် အခြောက်ခံ. မိုးလင်းမှ ပြန်ကောက်ခဲ့ရတယ်။








Wednesday, April 29, 2009

Yangon 1

ရန်ကုန်ကို ပြီးခဲ့တဲ့ ရက်ပိုင်းက ရောက်ခဲ့တယ်။ ရန်ကုန်ပြန်မယ်ဆိုတော့ ဘာတွေ ရှိသလဲရှာတော့ ဒါတွေထွက်လာတယ။် ကိုယ့်အမျိုးက သူ့အမျိုး. သူ့အမျိုးက ကိုယ့်အမျိုးဆိုပေမဲ့ ကိုယ်ပြန်ရင်တော့ ကိုယ့်အမျိုးအတွက်ကပိုများပါတယ်။ ပိုက်ဆံအိတ်. မိတ်ကပ်. ဖိနပ်။ဘာညာကွိက သေတ္တာ နစ်လုံး ကီလိုသုံးဆယ်က ဘယ်လိုပြည့်သွားသလဲတောင် မသိတော့ဘုး. ကုန်သည်ကြီးဖြစ်နေပါတယ်။ ပါတိတ်ဘယ်ဈေးလဲသိချင်ရင်တော့ ပန်ပန်ကိုသာသွားမေးပါ။


























စန်တိုစာက ဖိနပ်ကိုလည်းပါအောင်သယ်ရပါသေးတယ။် အားလုံးမှားပါတယ။် ကိုယ်ဝယ်တာ အညိုရောင်ပါ။ အသက်ကြီးပြီဆိုပြီး။ ဒါပေမဲ့ ဘာအတွက် ရည်ရွယ်သလဲဆိုတော့ သင်္ကြန်အတွက် ရည်ရွယ်ပါတယ်။


လေဆိပ်မှာသတိပြူမိတာတော့ကိုယ်တို့ ခရီးစဉ်က လူအများစု ကွန်ပြူတာ လက်ပတော့တွေ အတော်ပါ တယ်။ တကယ်ဘဲ အသုံးလိုလို့လား ဆိုတာ တော့စိတ်ဝင်စားမိတယ။်

လမ်းခရီးမှာ ယောက်ကျားလေး အများစုက ဘီယာလို့ မှာကြတယ။် မှာလွန်းအားကြီးတော့ တစ်မျိုးဖြစ်မိတယ်။ စိတ်ထဲမှာ ရှိတာကိုပြောရရင်တော့ မေးသမျှလူက ဘီယာလို့ဘဲပြန်ဖြေကြတော့ လေယဉ်မယ်လေးတွေ တော့ဘယ်လိုနေမလဲမသိဘုး ကိုယ့်အနေနဲ့တော့သိတ်မကြိုက်ချင်ဘူး။ အိမ်မှာ မသောက်နိုင်ကြ ဘုးလားလို့ စဉ်းစားမိတယ်။ kmsl ကိုတော့မမေးကြည့်ရသေးဘူး။ သူဘာမှာလေ့ ရှိသလဲဆိုတာကို။ တစ်ယောက်က အတော်မူးနေပြီး ပြသာနာရှာနေတယ်။ မဖြစ်သင့်ဘုး။

လေယဉ်ပေါါ်မှာ အိမ်သာတံခါးကို ဆွဲဖွင့်ကာနီးကျရင် vacant နဲ့ occupied ရှိတာမှာ vacant လို့ ပြထားရင်တောင် စိတ်မချရဘူး။ အတွေ့အကြုံရှိသူမို့ တံခါးကို ခေါက်ပြီး အသာကလေး ဖွင့်တာတော့ အထဲမှာ လူ…လူ………………..ကလူ ကလူ ဆိုပြီး အမြန်ပြန်ပိတ်လိုက်ရတယ်။ အစကတည်းက မျက်စိကလေးကို မှေးထားတော့ သိတ်တော့လန့်မသွားမိဘူး။

ရန်ကုန်ရောက်ခါနီးတော့ စိတ်လုပ်ရှားမိသေးတယ်။ လမ်းခရီးကတော့အဆင်ပြေတယ်။ နေသာတယ်။ မိုး မရွာ ဘူး။















ပိတောက်တွေ ပွင့်နေတုံးဘဲ။








ခရီးရောက်မဆိုက် အထုတ်မချဘဲ လျောက်ကြည့်တယ။် နေစောင်းနေပြီဆိုတော့ပါဝင်တော့ မဆင်နွဲနိုင်တော့ဘုး။ ကိုယ်တို့လူမျိုးကတော့ပျော်နေတာပါဘဲ။ ကတဲ့သူက က. ရောင်းတဲ့သူက ရောင်း.။ စားတဲ့သူက စား။ မှောက်တဲ့သူက မှောက်။






























(TZA နင်တော့နာပြီသာမှတ်။ ညှင်းညှင်း ညှင်း)

Sunday, April 12, 2009

Tourists/ locals


အမျိုးက စန်တိုစာသွားချင်တယ်လို့တင်ပြတယ။် သက်ပြင်းကိုသာချလိုက်မိတယ။် ဧည့်သည်များက စန်တိုစာ ကို သွားချင်သလို အိမ်ရှင်များ ရဲ့ သက်ပြင်းကလည်း စန်တိုစာပါဘဲ။ သိတ်လှပါတယ် ။တိုးရစ် အက်ထရက်ရှင် အများကြီးဖြစ်ပါတယ။် တိုးရစ်တွေလည်း အများကြီးလာကြပါတယ။်
အိမ်ရျင် များကတော့ သိတ်စိတ်စိတ်ညစ်ပါတယ။် အကြိမ်ပေါင်းလည်းမ ရေနိုင်တော့ ပါဘူး။ ဘယ်တတ်နိုင်မှာလဲ။ သက်ပြင်းကလေး ကို တိတ်တစ်ခိုးချ။


မနက်မိုးလင်းပြီး တော်တော်နဲ့မသွားနိုင်ပါဘူး။ သွားမှ မသွားချင်တာ/ ဟိုဘက်လှည့်ဒီဘက်လှည့်နဲ့ အချိန်ဆွဲ. ဖုံးဆက်ခေါ်မှဘဲ ရောက်သွားပါတော့တယ။် ကိုယ့်ဘာသာ ဆိုဘယ်တော့မှ မစိးတဲ့ အငှားကားလည်း အဲဒီတော့မှ ဘဲ စီးမိတယ။် ၁၃ ကျပ် ကျပါတယ။် မဆိုးပါဘူး။ တစ်ခါတစ်လေ မှ ကားကလည်း စီးရလို့ထင်ပါတယ။် တယ်စီးလို့ကောင်းတာဘဲ။


ဒီတစ်ခေါက်ကောတာ့မရောက်တာ တော်တော်ကြာသွားပါပြီ။ ထွက်ပြေးနေတာ များပြီ။ ။ပကီုယ့်မိသားစုဝင်များ လာတုံးကတောင် မြေပုံ ဆွဲပေးလိုက်တာပါ။ လိုက်မပို့ဘူး။ အဲုဒါက အရင်းက ကိတ်စ မရှိဘူး။ အမျိုးကြတော့ မြေပုံ ဆွဲပေးလိုက်ရင်တစ်သက်လုံး ပြောစရာဖြစ်တော့မယ။် အဲဒါနဲ့ဘဲ ..


အရင်ဆုံး ဝင်ပေါက်ကိုရောက်တယ။် ဘယ်ကစရမလဲ စဉ်းစားတယ။် အဓိက ဆန္ဒရှိကြတာက မိုးကောင်းကင်ကား ကေဘယ်ကားစီးချင်ကြတယ။် တစ်စီလုံးမှန် အပြည့်က တစ်ဈေး.. မှန်တစ်ဝက်က တစ်ဈေ။။ နဲနဘဲ ကွာတယ။်ထင်ါပါတယ။် သိတ်မကွာဘူးထင်တာနဲ့ ရိုးရိုးကားဘဲ စီးခိုင်းလိုက်တယ။် မောင့်ဖေဘာ တောင်ကလေးကို ပါစီးချင်တယ်ဆိုလို့ မောင့်ဖေဘာ တောင် တက် တောင်ဆင်းအတွက်ပါ ပိုဝယ်လိုက်ရတယ။်



သဘောတွေ ကျနေကျတယ။ ရန်ကုန်မှာ ဒါမျိုးမရှိဘူးဆိုဘဲ။ သိတ်ကောင်းတယ။် အထူးအဆန်းဖြစ်နေကြတယ်။ ထူးဆန်းလားဆိုတော့ မေးနေရသေးလားတဲ့။ အပေါ်ကနေ အောက်ကိုကြည့်လိုက် ဓါတ်ပုံတွေ ရိုက်လိုက်ကြနဲ့ပေါ့ ။ပန်းတောက်ပန်းတွေ ပွင့်နေတာ ကိုလည်းမြင်ခဲ့ရတယ။်



အထဲမှာတော့ ဟိုကြည့်ဒီကြည့်နဲ့ပေါ့ အမှတ်တရဆိုင်ကနေ ဝယ်နိုင်တဲ့ ဖိနပ် တစ်ရံ့ ၁၀ ကျပ် ဝယ်လာခဲ့တယ။် အစ်မ ဘာအရောင်ဝယ်သလဲ မှန်းကြည့်။

ရေအောက်ကမ္ဘာ နဲ့ ဒေါလ်ဖင် လင်းပိုင် ရှိုးက တွဲရက်ရောင်းပါတယ။် ကိုယ့်အနေနဲ့ ဝင်ဘူးတာ ခဏခဏ မို့တစ်ကြောင်း ပိုက်ဆံ ပိုကုန်တာတစ်ကြောင်း အပြင်ကနေဘဲ ဘာကာ စားပြီးစောင့်ပါတယ။်မျောက်ကလေးတွေ ကိုတွေ့လို့ ရိုက်ခဲ့မိသေးတယ။် ထွက်ပြေးသွားကြတယ။် အနိးကပ် ရိုက်မလို့ ရှက်တယ်နဲ့တူတယ။်



လင်းပိုင် ရှိုးက သတ်သတ် လတ်မှတ် ဝယ်လို့မရပါဘူး ရေအောက် ကမ္ဘာ ကြည့်မှ ရမယ်လို့ဆိုတယ။် အဲဒါနဲ့လည်း မဝင်ရတော့ပါဘူး ။ သူတို့ကိုဘဲ လွတ်လိုက်ပြီး အပြင်ကဘဲ ဘတစ်ကားကို ခေါက်တုံ့ခေါက်ပြန်စီးပြီးစောင့်ပါတယ။် ဘက်စ်စကားက အလကားကျွန်းပတ် စီးလို့ရပါတယ။်




မာလီယွန်ကြီးဆီတက်ကြည့်ဘို့။ ကျန်တာတွေ လုပ်ဘို့။ ရေပန်း အလှကြည့် ဘို့ဒါတွေ အများကြီးရှိပါသေးတယ။်

သောင်ပြင်နားရော့က်သွားတယ်။ လှလိုက်တာ .ဘီချိမရောက်တာ ကြာပြီမို့လို့သွားတယ။် ဖိနပ်ကိုချွတ် သဲပြင် ပေါ်မှာ လျောက်။ ရေစပ်ကိုဆင်း . လှိုင်းပုတ်တာလေးကို ထိုင်ကြည့် ဝုန်းကနဲ ဝုန်းကနဲ အကျီအပိုများပါလာလို့က ရေထဲဆင်းမိမှာဘဲ။ အဲဒီနေ့ကမိုးကလေးက လည်း ညို အနေတော် ရာသီဥတုလေး ။


အမှန်က ကိုယ်မှားသွားတယ။် ကိုယ်ပါ ဝင်လိုက်သွားရမှာ ပိုက်ဆံလေး ၂၅ ကို မြင်မိတာနဲ့ လူစုကွဲသွားတယ။် ကိုယ်ကလဲ အဲဒီလောက် စောင့်ရမယ်လို့မထင်မိဘူး။ အဲသလောက်စောင့်ရမယ်မှန်းသိရင်တော့လည်း ဝင်လိုက်သွားပါတယ။် သူတို့တော့ အတော်ပျော်ကြပါတယ။်


အလကားရတဲ့ကောင်းကင် ရထားကိုလည်း လိုက်စီးဖြစ်သေးတယ်။ ကိုယ့်အနေနဲ့မဟုတ်ပါဘူး ။အမျိုးတွေ အတွက်ပါ။ vivo city ဘက်ရောက်သွားလို့ပြန်ခေါ်လာခဲ့ရတယ။် အပြန်ဝယ်ထားတဲ့ ကေဘယ်ကားလတ်မှတ် ကလေး ဆုံးမှာ စိုးလို့။




အပြန်မောင့်ဖေဘာ ဝင်တယ။် တောင်ပေါါ်မှာကော်ဖီသောက်ချင်တယ် ဆိုလို့ တစ်ခွက် ၆.၆၀ ကျပ်ပါ။ သောက်ချင်တယ်ဆိုရင်တော့လည်းသောက်ပေါ့းကိုယ့်စိတ်ထဲတော့ ကိုယ့်အိမ်မှာ အထုပ်လိုက်ရှိတဲ့ ကာဖီထုပ်တွေ ကို မြင် ယောင်မိပြီးစိတ်မကောင်းဘူး/ အပြန်လည်း အငှားကားဘဲ။ တစ်ခရီးထဲ့ကို အသွားကို ၁၃ ကျပ် ။အပြန်ကို ၂၀ ကျပါတယ။်



စာရင်းရှင်းတော့ တစ်ရာကျော် နျစ်ရာဝန်းကျင် ကျသင့်ပါတယ် ။ကိုယ် နဲနဲ ညစ်သွားတယ် ဆိုလို့ kmsl က တစ်ရာပြန်ပေးတယ။် အမျိုးက သူ့အမျိုးလဲ ကိုယ့်အမျိုး .ကိုယ့်အမျိုးလည်း သူ့အမျိုးလေ။