Saturday, January 9, 2010

vit


ဗစ်အချစ်က အားကစားလုပ်ပါလား ဆိုတယ်.။ အင်း အခုကတော့ လမ်းကလျောက်ရ လွန်းလို့ အိမ်ပြန်လာရင် ကိုယ်တွေလက်တွေကိုနာလို့ အားကစားအသံ များတော့ မကြားချင် ပါ။ ရန်ကုန်ပြန်တုံးက အားတုံးက သွားကစားဖြစ်လိုက်သေးတယ်။ အသက်က စကားပြောတော့ ဝလာတာပေါ့။ ငယ်ငယ်တုံးကလို များပြန်ပိန်မလား. စဉ်းစားပြီး သွား ကစားလိုက် သေးတယ်။ တစ်ပါတ်ဘဲခံတယ.်

တိုက်ခန်းလေးတစ်ခုမှာ ဆရာမရယ်။ လက်ထောက်သုံးယောက်ရယ်ရှိတယ်။ တစ်နေ့လုံး မနက် ရ နာရီကနေ ညနေ ရနာရီအတွင်း ကြိုက်တဲ့အချိန်ကစား အကြမ်းဖျင်း တစ်နာရီနဲ့ နစ်နာရီ။ တစ်လလုံးအတွက်ဆိုရင် တစ်သာင်းခွဲ။ နစ်ပါတ်ဆိုရင်လဲဘယ် လောက်လဲ မသိဘူး.မေ့သွားပြီ။ အဲဒါနဲ့ တစ်လ စာပေးပြီး အသင်းဝင်လိုက်တယ်။တစ်သက်လုံးတစ်ခါမှ မကစားဘူးဘူး. အလတ်မနဲ့အဖော်စပ်ပြီးသွားကြတာ။ သူက .အားရင်သွားတယ်။

တယ်ပင်ပန်းတာဘဲ. ကစားရတာဆိုတာ။ စစချင်း သွေးပူလေ့ကျင့်ခန်းပြီးရင် အမြန်လျောက်အနှေးလျှေက်လို့ရတဲ့ စက်ပေါ်တက်ပြီးလမ်းလျောက်သလို လေ့ကျင့်ခန်း အဲဒါအမောဆုံးဘဲ ဘာဖြစ်လို့လဲမသိ။ ငါးမိနစ်လျောက်ပြီးရင်ကို မောနေတော့တယ်။ ဆယ်မိနစ်ဆိုရင် ဟောဟဲဆိုက်တယ်။ နောက်ဆုံးဆရာမကိုတောင်းပန်ရတယ်။ ဖြည်းဖြည်းဘဲ သင်ပါ။ ကျောင်းသားထွက်ပြေးသွားမှာ စိုးလို့ပါဆိုမှ ဆရာမနဲ့အပေးအယူတဲ့တယ်။

ပြီးရင် စက်ဘီးစီးတဲ့ လေ့ကျင့်ခန်း အဲဒါကတော့ ငယ်ငယ်က စက်ဘီးစီးခဲ့ လို့လားမသိဘူး.အေးအေးဆေးဆေးဘဲ စီးနိုင်တယ်။ ပြီးရင် ခါးလှူပ်တဲ့ လေ့ကျင်ခ့န်း ပေါင်ချိန်စက်ကလေးပေါ်တက်ပြီးရင် ခါးကို ဘယ်ဘက် လှုပ်လိုက် ညာဘက်လှုပ်လိုက်နဲ့ အကြမ်းဖျင်းတစ်ခု ဆီကို ငါးမိနစ် ဆယ်မိနစ် လုပ်ရတယ်။

ြ့ပီးရင် အိပ်ထမတင်လေ့ကျင့်ခန်း မထနိုင်လို့ဘေးကနေ လက်ထောက် ဆရာမ ကလေးများက တွန်းပြီးတင်တင်ပေးရတယ။် သူလဲအီတာဘဲ ပြိးရင် ဘိုက်ကြောတွေ ကိုနာနေတာဘဲ လမ်းလျောက်ရင် ကုန်းကုန်တောင်ဖြစ်တယ်။ ဆေးကို abuse လုပ်တဲ့နေရာမှာ နစ်ယောက်မရှိသူမို့လို့ လေ့ကျင့်ခန်းမလုပ်ခင်ဘိုင်အိုဂျက်ဆစ် ဆေးပြား အကြီးကြီးကို သောက်ပြိးမှ လုပ်တယ်။ အဲဒီလိုဆိုတော့ခံနိုင်တာပေါ့။

ဘာတွေ abuse လုပ်ဘူးလဲဆိုတော့ မရိုမသေ စာမေးပွဲရှိရင် စာမေးပွဲနဲ့တိုက်မှာ စိုးလို့ ရာသီကို ဟိုရွေ့ဒီရွေ့ဖြစ်အောင်လုပ်တယ်။ ( ဖိုးသကြန်က ရာသီဆိုတာ နွေလားဆောင်းလား မိုးလားဆိုပြီး လာမေးနေဦးမှာ စိတ်ပူမိသေးတယ။် ) ဘယ်လိုရွေ့သလဲသိလား။ တားဆေးတွေ သောက်ပြီးရွေ့တာ။ အိမ်ထောင်မကျသေးဘူး အပျိုဘဝပါ။ နောက်တစ်ခုက ဟိုတုံးက ဆေးတစ်မျိုးပေါ်တယ။် ဆေးနာမည်တောင်မေ့နေပြီ။အဲဒါသောက်ရင်လုံးဝ မအိပ်တော့ဘူး။ အဲဒါသောက်ပြီး စာကျက်တယ်။ ပြီးတော့အိပ်လို့မရတော့ အိပ်ဆေးသောက်ပြီးပြန်အိပ်တယ်။ မနက် မိုးလင်းတာနဲ့ မျက်စိပွင့်သွားတာနဲ့အဲဒီဆေးကို ကာဖိနဲ့အတူ ပါးစပ်ထဲပစ်ထဲ့လိုက်တယ်။ ခဏနေရင်လန်းဆန်းသွားတာဘဲ အဲဒါဆိုစာဆက်ကျက်တယ။် အဲသလိုအလုပ်ကောင်းလို့ ကိုယ့်သူငယ်ချင်းတစ်ယောက် ကြောင်တောင်တောင်ဖြစ်သွားသေးတယ်။ စာေးမးပွဲခန်းထဲမှာ ဘာမှ စဉ်းစားလို့ မရတော့ဘူးဆိုတယ်။

အိပ်ထမတင်ပြီးရင် တုတ်တစ်ချောင်း ခပ်လေးလေးတစ်ခုကို ပခုံးပေါ်ထမ်းပြီးခါးကို ဟိုလျှည့်ဒီလှည့်လုပ်ရတယ်။ ခါးက အဆီတွေ ကျစေချင်လို့ပေါ့။ နောက်တစ်ခုက ငါးကီလို လားမသိ.အဲဒီအလေးကို လက်တစ်ဘက်က နေ ကိုင်ပြီးခါးကိုဟိုဘက် စောင်းလိုက် ဒီဘက်စောငးလိုက်လုပ်ရတယ်။ မိန်းကလေးတွေ အနေခက်မှာဆိုလို့သင်တန်းခန်းထဲကို ယောာက်ကျားလေး ပေးမဝင်ဘူး။

လုပ်ရင်းနဲ့ကြံကြံဖန်ဖန်စဉ်းစားသေးတယ။် လှတာကနောက် အခု ကျတော့ အင်း အားလုံး ပင်ပန်းတကြီးလုပ်နေလိုက်ကြရတာ ငါန့ယ်။ ဘယ်လိုဝတ် ပါလိမ့်လို့ တောင် စဉ်းစားမိသေးတယ်။ တော်ပါသေးရဲ့ ငရဲမဟုတ်လို့။ ပင်ပန်းလိုက်တာ ချွေးပေါက်ပေါက်ကျတယ်။

လုပ်ြီ့ပီးတစ်ပါတ် ကိုယ့်အစ်မက ကိုယ်ရေစစ်သွားပြီး ကိုယ်ကပိုဝလာတယ်။ ကိုယ်က ပိုစားတာလဲပါတာပေါ့လေ။ ကိုယ်က ခိုလုပ်တာလဲပါတယ်။ နောက် စိတ်ငြစ်လာတာနဲ့ ကိုယ့် ဆက်မသွားတော့ဘူး ။ အမလတ်ကို ကိုယ့်ကဒ်ပြားပေးလိုကတယ်။ နင်ဘဲ နင့်ဆရာမနဲ့ညှိပြိး ဆက်လုပ်တော့လို့ ။ ဆရာမကို လည်းတောင်းပန်ခိုင်းလိုက်တယ် ။ ဆရာမကတော်ပါတယ်။ ကျောင်းသားက ငပျင်းမို့လို့ခွင့်လွတ်ပါလို့။

ကိုယ့်တူမကတော့သွားကတာပိန်သွားတယ်ဗျာ။ အက သင်တန်းလဲရှိတယ်။ တစ်လ သွားတာ အဲဒီမှာကော်နီတူမတို ဘာတို့ညာတို့နဲ့ အတူဆိုဘဲ။

18 comments:

ဝက်ဝံလေး said...

မာမီ နေကောင်းလား

ဝက်ဝံလေး said...

အဟေးးးအဟေးးး တို့ ၁ ကွ အပေါ်မှာမပြောလိုက်ရလို့လာပြောတာ ဟားဟားးးးးးးးးးးးးး

ThuHninSee said...

အဲ..ကြီးဒေါ်နော်.ပေါက်ကရတွေ ပါလာပြီ။

သံလွင် HeRo said...

workout လုပ်ရမှာ ပျင်းနေတာနဲ့
ကျနော်လည်း ဗိုက်အတော်ထွက်လာပြီး(

သူကြီးမင်း (တုံးဖလား) said...

မမကွန်...
ဗိုက်တကယ်ထွက်နေပြီလား။
လေ့ကျင့်ခန်းများများလုပ်လေ။

ပျင်းရင် ၀လာတတ်တယ်။

နေ၀သန် said...

ဖိုးသင်္ကြန်က အဲလိုမေးတယ်ပေါ့.. ကျွန်တော်လည်းမသိဘူး... အနော့လည်းပြောပြ... ဟိဟိ

ဇွန်မိုးစက် said...

ဇွန်လည်း ပြေးမယ်ပြေးမယ်နဲ့ ပြန်မပြေးဖြစ်တော့ဘူး။ ဗိုက်ဆီချချင်နေတာ CC မှာပဲ သွားအပ်ပြီး တစ်ပတ် ၃ ရက်လောက် ကစားဖြစ်မလား စိတ်သာကူးနေတာ အကောင်အထည်မဖော်သေးဖြစ်ဘူး။း(

Rita said...

ဒီမှာလား ဟိုမှာလားဟင်။
ဟိုမှာလို့ ထင်တယ်။

Vista said...

အားကစားလုပ်ပါဆို မမကွန်နှယ်
အားလိုက် ကလိုက် စားလိုက် သွားလုပ်တာကိုး
ဟိဟိ ...
အနော်လည်းကစားတယ် Weight gain :P .. Weight loss မဟုတ်ဘူး..

Vista said...

vit = ဗစ် တဲ့ 
သြော် ..မမကွန် မမကွန်

Sonata Cantata said...

ပြန်တုန်းက အဲ့သင်တန်းမျိုးမရောက်ခဲ့ရဘူး
ပါးစပ်ကြီးပဲ လှုပ်ခဲ့ရတယ်
စားလိုက် ပြောလိုက်း)

Steve Evergreen said...

အိမ်နားက Gym မှာ member လုပ် ပြီး ညနေပိုင်း တွေသွားဘူးတယ်။ အဲဒီမှာ လာနေကျ ကောင်မလေးတွေက ဘေးမှာ လုပ်နေတာ မမောသေးဘူး ကိုယ်က တော်တော် ဟိုက်နေပြီ။

သူတို့က teenager တွေ။
ကိုယ့်ကို ရီသလို သူတို့ဘာသာ ရီသလို

သူတို့မရှိတဲ့အချိန်သွားတော့လဲ တကဲ့ ဝါသနာရှင် ဝိတ်တာကြီးတွေ မြင်ရတာ စိတ်ဓာက် ကျချင်စရာ

ိုဒါနဲ့ဘဲ မသွားတော့ဘူး။

ကိုယ့်ဘာသာကိုယ်ဘဲ အလွတ် ပြေးတော့တယ်။ အခုတော့ နှင်းတွေနဲ့ဆိုတော့ အိမ်ထဲမှာပဲ......

ရွှေရတုမှတ်တမ်း said...

ဪ....ဂျီးတော်..ဂျီးတော်...
ရွာမှာအေးအေးမနေပဲ..ကိုယ့်ဒုက္ခကိုယ်ရှာရတယ်လို့

Unknown said...

Dear sister, I'd like to know where the gym is. Please reply me.

ဖိုးသင်္ကြန် said...

ခုတော့ ကျွန်တော်သိပြီ

Bino said...

Shall We Dance?

BINO

rose of sharon said...

ကျမလဲလေ့ကျင့်ခန်းလုပ်ရမှာ အရမ်းပျင်းတာ.... ဇွဲမရှိတာလဲပါတယ်...

ခရေဖြူ said...

မမတို့ကတော့ မနိုင်ပါလား ဆေးကစားလွန်:ရင် ဆေးယဉ်သွားတတ်တယ် ဆေးသောက်လဲ effect မဖြစ်တော့ဘူး

စကားမစပ် anonymous မရတော့ပါလား